Friday, August 9, 2013

မြန်မာ့တိုင်းရင်းသားဘာသာစကားများ ကယားဘာသာစကား

Leave a Comment


မြန်မာ့တိုင်းရင်းသားဘာသာစကားများ ကယားဘာသာစကား
****************************************
မြန်မာနိုင်ငံသည် ပြည်နယ် နှင့် တိုင်း (၁၄) ခုဖြင့်ဖွဲ့စည်းထားသည့်
မြန်မာနိုင်ငံတော်ကြီးထဲတွင် ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း စသည့်တိုင်းရင်းသား
လူမျိုးများနှင့် အတူတကွ စုပေါင်းနေထိုင်လျှက်ရှိကြပါတယ်။ ထိုတိုင်းရင်းသား လူမျိုးများတွင် ကိုယ်
ပိုင်ဘာသာစကား အသီးသီးရှိကြသည်။ ယင်းဘာသာ စကားများကို ကျွန်တော် ပြည်သတင်း သည်
မိမိနားလည်သလောက် လေ့လာမိသလောက်လေးတွေကို ရိုးသားကြိုးစားစွာတင်ပြပေးချင်ခဲ့မိပါတယ်။
ထို့ကြောင့် ယခုလို တိုင်းရင်းသားဘာသာစကားများကို လေ့လာ မိသလောက်လေး တင်ပြပေးခွင့်ရတာကို
ကြေနပ်အားရ ၀မ်းသာမိပါတယ်လို့ ပြောကြားစေလိုပါတယ်.....(ပြည်သတင်း).....

ကယားဘာသာစကား
**************
ကယားဘာသာစကားကို ပြောဆိုကြသည့် ကယားတိုင်းရင်းသားအများစုသည် ကယားပြည်နယ်တွင်နေထိုင်ကြပါသည်။ ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပါသည်။ ကယားပြည်နယ်ကို မြောက်ဘက်တွင်
ရှမ်းပြည်နယ်၊အနောက်ဘက် နှင့် တောင်ဘက်တွင် ကရင်ပြည်နယ်၊အရှေ့ဘက်တွင် ယိုးဒယား နိုင်ငံတို့ဖြင့် ၀ိုင်းရံထားသည်။ကယားပြည်နယ် ၏အကျယ်အ၀န်းမှာ စတုရန်းမိုင် (၄၅၂၉.၅၆) ဖြစ်၏။ ကယားပြည်နယ်တွင် ကယား၊ဂေခို၊ဂေဘား၊
ကယမ်း၊ပရဲ့၊မနုမနော်၊ယင်းဘော်၊ယင်းတလဲ၊ စသည့်လူမျိုးစုများရှိပြီး ၄င်းတို့ဘာသာစကား အသီးသီးကိုပြောဆိုကြသည်။ မျိုးကွဲတစ်ခု နှင့် တစ်ခုဟာနီးစပ်မှု့ရှိပြီး လူမျိုးတစ်စု၏ စကားကိုအခြားတစ်စုက အနည်း နှင့် အများနားလည်နိုင်ပါတယ်။
ကျွန်တော်လေ့လာမိသလောက်လေးတင်ပြရရင် အချို့သောဘာသာစကားတွင် ရောမအက္ခရာကို အခြေခံသော စာအရေးအသားစနစ်များရှိနေပြီး အချို့မှာတော့ မရှိကြသေးပါ။ မြန်မာရေးရာ စာအုပ်မှကောက်နုတ်ဖော်ပြသည်။ “(ပြည်သတင်း)”

0 comments:

Post a Comment

Facebook Like Page