Thursday, October 31, 2013

အဖေ့ချွေးဖိုး

Leave a Comment
အဖေ့ချွေးဖိုး
Read More...

Cooee locker ဖုန်းကလေးတွေ လန်းစေရမယ် ၁၁မျိုးပါတယ်

Leave a Comment
https://db.tt/Y6REGWSH
Cooee locker ဖုန်းကလေးတွေ လန်းစေရမယ် ၁၁မျိုးပါတယ်
Read More...

ကိုယ့်ဖုန်း ဘယ်သူလာလော့ဖွင့်သွားလဲကို front camera က ဖွင့်သူ မသိလိုက်ဘဲ shoot ပေးမဲ့ phone spy apk

Leave a Comment
https://db.tt/eOeez7Lo

ကိုယ့်ဖုန်း ဘယ်သူလာလော့ဖွင့်သွားလဲကို front camera က ဖွင့်သူ မသိလိုက်ဘဲ shoot ပေးမဲ့ phone spy apk
Read More...

beats audio လေးကိုinstallလုပ်မယ်ဆိုရင်သတိထားကျပါဖြစ်နိုင်ရင်မတင်စေချင်ဘူးဖုန်းတိုင်နဲ့မကိုက်ညီဘူး

Leave a Comment
beats audio လေးကိုinstallလုပ်မယ်ဆိုရင်သတိထားကျပါဖြစ်နိုင်ရင်မတင်စေချင်ဘူးဖုန်းတိုင်နဲ့မကိုက်ညီဘူး
Read More...

ရှင်းလင်းရေး Apk ပါ background က run နေတာတွေကို ရှင်းပေးပါ့မယ် အမှိုက်တွေကို ရှင်းလင်းပါ့မယ်

Leave a Comment
https://db.tt/buDohakv

ရှင်းလင်းရေး Apk ပါ background က run နေတာတွေကို ရှင်းပေးပါ့မယ် အမှိုက်တွေကို ရှင်းလင်းပါ့မယ်
Read More...

Camera360 Ultimate v4.7.8

Leave a Comment
Camera360 Ultimate v4.7.8

http://d-h.st/YLX
Read More...

Android မှာ ဒေါင်းချင်တာအားလုံးဒေါင်းနိုင်မယ့် FVD - Free Video Downloader 4.0.2 APK အခုတင်ပေးလိုက်တဲ့ Android User တွေအတွက် Downloader ကတော့ အတော်လေးကိုကောင်းမွန်ပါ တယ်ဗျာ။ ဒီကောင်လေးရဲ့နာမည်ကတော့ Free Video Downloader ဆိုပေမယ့် Video တွေတင်မကပါဘူး။ အခြားသော Zip , Rar , exe , PDF , Video , APK အပြင်အခြားသော File တွေတော်တော်များများကိုဒေါင်း ယူနိုင်ပါတယ်။ ဒါ့အပြင်အရမ်းကောင်းတဲ့တစ်ချက်ကတော့ Resume Download ရပါတယ်ဗျာ။ ဒေါင်းလုပ် Speed ကလည်းမြန်တယ်ဗျ။

Leave a Comment
Android မှာ ဒေါင်းချင်တာအားလုံးဒေါင်းနိုင်မယ့် FVD - Free Video Downloader 4.0.2 APK
အခုတင်ပေးလိုက်တဲ့ Android User တွေအတွက် Downloader ကတော့ အတော်လေးကိုကောင်းမွန်ပါ တယ်ဗျာ။ ဒီကောင်လေးရဲ့နာမည်ကတော့ Free Video Downloader ဆိုပေမယ့် Video တွေတင်မကပါဘူး။ အခြားသော Zip , Rar , exe , PDF , Video , APK အပြင်အခြားသော File တွေတော်တော်များများကိုဒေါင်း ယူနိုင်ပါတယ်။ ဒါ့အပြင်အရမ်းကောင်းတဲ့တစ်ချက်ကတော့ Resume Download ရပါတယ်ဗျာ။ ဒေါင်းလုပ် Speed ကလည်းမြန်တယ်ဗျ။ Facebook , Twitter , Youtube ,နဲ့အခြားသောဆိုဒ်များမှ Video တွေကိုလည်း လွယ်ကူစွာဒေါင်းယူနိုင်ပါတယ်နော်။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင်။
http://www.pyaephyo.com/2013/10/android-fvd-free-video-downloader-402.html
Read More...

Viber offline apk လေးပါရှင့်(အမရာ ဇူးဇူး)

Leave a Comment
https://copy.com/aw1rw

Viber offline apk လေးပါရှင့်(အမရာ ဇူးဇူး)
Read More...

မြန်မာသံစဉ်များးး Myanmar ringtone collection apk

Leave a Comment
https://copy.com/8MnQL
မြန်မာသံစဉ်များးး
Myanmar ringtone collection apk
Read More...

ဆိုင်ကယ်မောင်း ဂိမ်းဆော့ချင်သူများအတွက် Dead moto ပါ

Leave a Comment


https://db.tt/A0sYNwM7


ဆိုင်ကယ်မောင်း ဂိမ်းဆော့ချင်သူများအတွက် Dead moto ပါ
ကွေ့ရင် screen ကို စောင်း၍ကွေ့ပါ
Read More...

ကားအကြောင်းလေ့လာနေသူများအတွက် အသုံးဝင်တဲ့ apk ပါ

Leave a Comment
https://www.dropbox.com/s/n0n4g1q55ehqw33/MMCarsDB.apk?m

ကားအကြောင်းလေ့လာနေသူများအတွက် အသုံးဝင်တဲ့ apk ပါ
Read More...

audio manager လေးပါ video photo fileတွေ ဖွက်ထားလို့ရပါတယ်

Leave a Comment
https://copy.com/pF8lV
audio manager လေးပါ video photo fileတွေ ဖွက်ထားလို့ရပါတယ်
Read More...

သီတင်းကျွတ် မင်္ဂလာ အခါသမယပါ။ Felix Myanmar မှ MmYear100 3.0 ကို ဒီနေ့မှာ စပြီး ရယူနိုင်ပါပြီ။ Google Play က လင့်မှာ Download လုပ်နိုင်ပါပြီ။ သုံးကြည့်ပြီး ကြိုက်ရင် "Like" လုပ်ခဲ့ပါ။ အခြားသူငယ်ချင်းတွေကို အသိပေးချင်ရင်တော့ "Share" လုပ်ပေးပါ။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ကျေးဇူးတင်ပါတယ်။

Leave a Comment

သီတင်းကျွတ် မင်္ဂလာ အခါသမယပါ။ Felix Myanmar မှ MmYear100 3.0 ကို ဒီနေ့မှာ စပြီး ရယူနိုင်ပါပြီ။ Google Play က လင့်မှာ Download လုပ်နိုင်ပါပြီ။ သုံးကြည့်ပြီး ကြိုက်ရင် "Like" လုပ်ခဲ့ပါ။ အခြားသူငယ်ချင်းတွေကို အသိပေးချင်ရင်တော့ "Share" လုပ်ပေးပါ။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ကျေးဇူးတင်ပါတယ်။

Download:
https://play.google.com/store/apps/details?id=com.mmyear100
— with Bobo W Naing and 3 others.
Read More...

ပြည်မြို့ ကိုးသောင်းတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့

Leave a Comment


ကိုးသောင်း ဆိုင်ကယ်တိုက်မှုဖြစ်ပွား

31.10.2013 ညနေ (6) နာရီ ခန့်တွင် အသက် 20 ၀န်းကျင်ခန့် အမျိုးသားတစ်ဦးသည် အနောက်မှ အရှေ့သို့ ဦးတည်မောင်းနှင်လာသော 110 ဆိုင်ကယ် (တရုတ်အမျိုးအစား) သည် အရှိန်ပြင်းထန်စွာ မောင်းနှင်လာပြီး အသက် (20) ကျော် အမျိုးသားတစ်ဦး အနောက်မှ အရှေ့သို့ လမ်းမှန်အတိုင်း ပုံမှန်မောင်းနှင်နေသော VIVA (အမျိုးစား) ဆိုင်ကယ်အား အရှိန်မထိမ်းနိုင်ဘဲ VIVA (အမျိုးအစား) ဆိုင်ကယ်၏ အနောက်ကို ပြင်းထန်စွာဝင်တိုက်ခဲ့ပါသည်။

အဆိုပါဖြစ်စဉ်တွင် အရှိန်ပြင်းထန်စွာမောင်းနှင်လာသော 110 ဆိုင်ကယ် ပိုင်ရှင်သည် မေးပြုတ်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ အတိုက်ခံရသော VIVA ဆိုင်ကယ် ပိုင်ရှင်မှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပါသည်။

ထိုသို့ဖြစ်ပွားစဉ် တာဝန်သိပြည်သူများ၏ အကူညီဖြင့် ယာဉ်ထိန်းရဲ နှင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားပြီး ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးစလုံးအား ၀ိုင်းဝန်းကူညီပေးခဲ့ကြပါသည်။ ယာဉ်ထိန်းအရာရှိမှာ (တပ်ကြပ်ကြီး ကျော်နိုင်ထွန်း) ချက်ခြင်းဆိုသလိုရောက်လာပြီး ဒဏ်ရာရရှိသူအနေအထားကိုကြည့်ပြီး တာဝန်အရ လုပ်ဆောင်ရမည့် လည်းကောင်း၏ တာဝန်များကို မြန်မြန်ဆန်ဆန်ပြုလုပ်ကာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ယခုလို ၀န်ထမ်းနှင့် ပြည်သူ လက်တွဲကူညီမှုအရရော တာဝန်အရရော လူမှုရေးစိတ်ဓါတ်အရပါ စိတ်ရင်းမှန်ကန် ဖြူစင်မှုတွေကိုပါ လေးစားမိပါတယ် ပြည်မြို့မှာ ယာဉ်အန္တရယ် အသိပညာပေးမှုများ အားနည်းနေပါသေးတယ် ယာဉ်မောင်းသူများမှလည်း မိမိမောင်းနှင်လာသော ယာဉ်များကို မောင်းနှင်နေစဉ် စည်းကမ်းလိုက်နာစွာမောင်နှင်နိုင်မှ စည်းကမ်းအရှိဆုံးမြို့တစ်မြို့ဖြစ်အောင်အားလုံးကြိုးစားနိုင်ကြစေရန် နှင့် ယာဉ်မောင်းနေစဉ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို မိမိကိုယ်တိုင်းနည်းစနစ်ကျကျသိရှိနားလညနိုင်ပြီး ယာဉ်မောင်းနေချိန် (သင့်အား သင့်မိသားစုမှ သင့်အိမ်အပြန်ကို စောင့်မျှော်နေပါသည်)ဆိုတာလေးကို တွေးထားသင့်ပါတယ်..။ ။ပြည်သတင်း....


ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ပြည်မြို့သူ/သား များ နှင့် ပြည်မြို့ပေါ်ရှိ ဌာနဆိုင်ရာများသို့ ရင်ဖွင့်ပေးစာ(ပြည်သတင်းလူငယ်)....

Leave a Comment


ပြည်မြို့သူ/သား များ နှင့် ပြည်မြို့ပေါ်ရှိ ဌာနဆိုင်ရာများသို့ ရင်ဖွင့်ပေးစာ(ပြည်သတင်းလူငယ်)....

ကျွန်တော်တို့ ပြည်မြို့မှာ ဆင်းရဲနွမ်းပါးသူများစွာရှိပါသည်။ တနေ့တာလုပ်အားခလေးအနည်းငယ်ဖြင့် မိမိ မိသားစု ထမင်းလေးနပ်မှန်အောင်မနည်းရှာစားနေကြသူ ဘ၀အမျိုးမျိုးရှိနေခဲ့ရာ အဆိုပါ
ကိစ္စများစွာလည်းရှိနေသည်ကို နားနှင့်မဆန့်အောင် မျက်စိကန်းမတက် ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ် သို့သော်လည်း ယခုလို ဆင်းရဲနွမ်းပါးသူ မုဆိုးမ မိသားစု၏ ဘ၀ကိုလည်း သူမတို့မသိအောင် ကျွန်တော်ကိုယ်တိုင် စုံစမ်း
ပြီးမှ ဒီသတင်းကို တင်ပြခဲ့ပါတယ် ရထားတဲ့(အာဏာ)လေးတွေကို ပြီးစလွယ်သုံးတတ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းက အချို့သော ၀န်ထမ်းတွေဟာ အထက်ကငါတို့လူကြီးမသိဘူး သိလည်းဒီလိုရှိတယ် ဟိုလိုရှိတယ်နဲ့ အောက်
ခြေကဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ၀န်ထမ်းအချင်းချင်းလိမ်လည်လီဆယ်ပြီးပြော ကြီးနေတဲ့ကိစ္စပြဿနာတွေကို ငယ်သွားအောင်မလုပ် ငယ်နေတဲ့ကိစ္စပြဿနာလေးတွေကို ပျောက်ကွယ်သွားအောင်မလုပ်တတ်တဲ့ဝန်ထမ်းတချို့ရဲ့
မစဉ်းစားမဆင်ချင်မှုတွေကြောင့် (ဌာန)ဆိုတဲ့ နာမည်တွေပျက်သွားခဲ့ကြတယ် ဒါဟာ ဌာနဆိုင်ရာရဲ့ အုပ်ချုပ်သူအကြီးအကဲနဲ့တော့မဆိုင်ဘူးလို့တွေးမိတယ် ၀န်ထမ်းတစ်ဦးချင်းစီရဲ့ စိတ်နဲ့ပဲဆိုင်တယ်လို့ကိုယ်ပိုင်အတွေးနဲ့ တွေးခဲ့ပါတယ်
သားသမီးမကောင်းတော့ မိဘခေါင်း ဆိုသလိုပါ ကျွန်တော် မတင်တင်နွဲ့ကို လုံးဝ(လုံးဝ)အမှန်တကယ်မသိပါဘူး ဒီသတင်းနဲ့ပတ်သတ်ပြီး သူတရားရုံးမှာ ကျွန်တော်တို့မြို့နယ်စည်ပင်က ကိုဖြိုးဝေအောင်က ရေမြောင်းပိတ်ဆို့မှု့နဲ့ မတင်
တင်နွဲ့ကို မြို့နယ်တရားရုံးမှာ တရားသူကြီး ဒေါ်သီရိတင် ဆီမှာ တရားရင်ဆိုင်ဖြေရှင်းခိုင်းစေခဲ့ပါတယ် အဲဒိရင်ဆိုင်ရတဲ့နေ့မှာလည်း သူ့ကအပြစ်မရှိဘူး ၀န်ခံမိလို့ သူ့အတွက်အာမခံ(၂)ယောက်ကိုအာမခံခိုင်းစေခဲ့ပါတယ် အဲဒိလိုအာမခံ
(၂)ဦးရှာခိုင်းရော ထိတ်ထိတ်ပြာပြာနဲ့ ငိုပြီးပြောတယ် သူ့မှာ အာမခံပေးမဲ့အသိမိတ်ဆွေမရှိဘူး အရမ်းကြောက်နေတယ် တရားရုံးဆိုတာကို ပထမတစ်ကြိမ် ဒီကိစ္စကိုပဲ ဒီလူတွေနဲ့ ရှင်းခဲ့ရတယ် ဒဏ်ငွေအရိုက်ခံခဲ့ရတယ် အတော်ကြောက်နေ
တဲ့ပုံပါ ကျွန်တော်တို့ပြည်မြို့ ဟာချစ်စရာကောင်းတဲ့ ဆင်းရဲနွမ်းပါးတဲ့မြို့တစ်မြို့ပါ ဒါပေမဲ့ ပြည်သူနဲ့ ဌာနဆိုင်ရာတွေခြား နိုင်ငံရေးအသိုင်းအ၀ိုင်းပါတီဆိုဒ်ဆုံအောင် ကျွန်တော်ပြောဆိုဆက်ဆံခဲ့တယ် ကျွန်တော်ရှေ့မှာ ပြည်မြို့သူတစ်ယောက်
ဒုက္ခပင်လယ်ဝေနေတယ် ကျွန်တော်မတင်တင်နွဲ့ အတွက် အာမခံရှာပေးနိုင်ခဲ့တယ် ကျွန်တော်ကိုယ်တိုင် အာမခံပေးတယ် စဉ်းစားစေချင်ပါတယ် သူ့သာတရားရင်မဆိုင်ရဲတော့လို့ထွက်ပြေးသွားခဲ့ရင် နံပါတ်(၁) ကျွန်တော့အိမ်တစ်လုံးဆုံးပြီ
အခက်မသင့်ရင် ကျွန်တော်ပါ ထောင်နန်းဆန်ရမှာပါ ကျွန်တော်တို့ ပြည်ခရိုင်အတွင်းမှာနေတဲ့သူအားလုံး ကျွန်တော့ရဲ့ မိသားစုပဲ ဆွေမျိုးတွေပဲ တစ်ယောက်အခက်အခဲ တစ်ယောက်ဖြေရှင်းသွားမယ်ဆိုရင် ရန်ကုန်/မန္တလေးတို့လို မြို့ကြီး
တွေဖြစ်သွားနိုင်ပါတယ် ဒီနေ့က 31.10.2013 ရက်နေ့ပါ လွန်ခဲ့တဲ့(၅)ရက်က ကျွန်တော့မိသားစုထဲက တစ်ဦး ပြည်မြို့ ဆံတော်ရပ်ကွက်ထဲက မျိုးသုခ ဆေးရုံမှာ ဆေးကုသမှုတွေပြုလုပ်ခဲ့ရပါတယ် ဆေးရုံစောင့်ရ အိမ်ကိစ္စတွေဖြေရှင်းရနဲ့
ကျွန်တော်အရမ်းဝါသနာပါတဲ့ သတင်းတွေတောင် လွတ်သွားခဲ့ရပါတယ် အဲကြားထဲမှာ ပြဿနာတွေတန်းစီပြီးရောက်နေတာတွေရှိခဲ့ပါတယ် သတင်းတွေသာမတင်ဖြစ်တာပါ ဖြေရှင်းကူညီပေးမှုတွေကြောင့်တချို့တစ်ဝက်တော့ အောင်မြင်ခဲ့
ပါတယ် ဒီနေ့မနက် 31.10.2013 ရက်နေ့မနက်မှာ ကျွန်တော့မိသားစုထဲက တစ်ဦးဆေးရုံမှသက်သာစွာ ဆင်းခဲ့နိုင်ခဲ့ပါတယ် တစ်မနက်လုံးဖြေရှင်းမှုတွေပြီးပြီးချင်း သတင်းတွေမှီသလောက်စရေးပြီးတင်ခဲ့ပါတယ် သာယာလှပပြီး တိုးတက်
စေချင်တဲ့ ကျွန်တော်တို့ပြည်မြို့ရဲ့ အလှတွေကို မိမိကြောင့် နာမည်မပျက်စေချင်ဘူး အခုလည်း ကျွန်တော်တို့ ပြည်မြို့နယ် စည်ပင်မှ မကြာသေးသောကာလက ပြောင်းလာခဲ့သော မြို့နယ်စင်ပင်မှလူကြီးမင်းကိုလည်းလေးစားရိုသေပါတယ်
ပထမမြို့နယ်စည်ပင်က လူကြီးမင်းကတော့ ကျွန်တော်စုံစမ်းသိရှိထားရသလောက်ပြောချင်ပါတယ် ဘုရားတရားအရမ်းလုပ်တဲ့လူပါ သတ်သတ်လွတ်တောင်စားတဲ့သူပါ ကျွန်တော် ပြည်သတင်းဆိုဒ်က တင်သမျှသတင်းတွေဟာ မြို့နယ်စည်
ပင်နဲ့ဆိုင်လာခဲ့ပြီဆိုရင်အလွန်ဆုံး(၅)ရက်ပါပဲ လမ်းကိစ္စတွေ သစ်ပင်ကိစ္စတွေဆို သိပ်မကြာဘူး လျှင်မြန်စွာဆောင်ရွက်နိုင်တာတွေအကုန်လုံး ဆောင်ရွက်နိုင်ခဲ့ပါတယ် ကျွန်တော်တို့ ပြည်သတင်းဆိုဒ်မှ ကျွန်တော်ပြည်သတင်းလူငယ် နဲ့
ပြည့်ဖြိုးတို့ နှစ်ဦးထဲ တည်ထောင်ရေးသားနေခြင်းပါ အခုလည်း ပြည်မြို့ပေါ်ရှိ ရိုးသားကြိုးစားစွာ ပြည်သူ့အပေါ် နားလည်မှုတွေနဲ့ လုပ်ငန်းဝင်ချိန်တိုင်းမှာ စိတ်ရှည်စွာ ပြည်မြို့သူ/သားများရဲ့ အပြုံးကိုရရှိထားတဲ့ ကျွန်တော်တို့ နှစ်ဦးကိုယ်
တိုင် အချိန်ပေးလေ့လာထားတဲ့ ယာဉ်ထိန်းရဲ(မော်တော်ပီကယ်)တစ်ဦးကို ဂုဏ်ပြုဖော်ဆောင်ပေးဖို့ ရှိပါတယ် သူ့ကိုကျွန်တော်တို့ကိုယ်တိုင်(၃)လကျော်ကြာလေ့လာတွေ့ရှိခဲ့တာပါ ဒါတွေကိုလည်းဖော်ပြပေးသွားအုံးမှာပါ ပြည်မြို့နယ်စည်ပင်
မှ လူကြီးများကိုလည်း ပြည်မြို့ပေါ်လမ်းများပြုပြင်နေမှုကိုလည်းသွားရောက်မေးမြန်းဖို့ရှိနေပါသေးတယ် ဌာနဆိုင်ရာတွေကြိုးစာအားထုတ်မှုကိုလည်း ကျွန်တော်တို့ရေးသားတင်ပြမယ် ဌာနဆိုင်ရာတွေရဲ့ မဟုတ်မမှန်ပြုလုပ်ထားတဲ့အကြောင်
တွေရှိလည်းရေးသားတင်ပြမယ် မကောင်းတာတွေပဲတင်ပြပြီး ကောင်းသောလုပ်ဆောင်ချက်တွေပပျောက်သွားမှုမရှိအောင်လည်း ဖော်ထုတ်ပေးမယ် ဖြစ်နိုင်ရင် ပြည်မြို့သူ/သားတွေနဲ့ ဌာနဆိုင်ရာ မှလူကြီးများ ခြားမှာ ပွင့်လင်းမြင်သာမှုတွေ
ရှိအောင် တင်ပြမယ် ပြည်မြို့သူ/သားများ လိုအပ်တဲ့အခက်အခဲတွေ တင်ပြမယ် ဌာနဆိုင်ရာတွေရဲ့ ပြန်လည်လုပ်ဆောင်ပေးမှုတွေကိုလည်းတင်ပြမယ် တစ်ခုပဲတောင်းဆိုချင်ပါတယ် ကျွန်တော်တို့ ပြည်သတင်းဆိုဒ်က (၂)ဦးထဲရေးသား သ
တင်းလိုက် တင်ပြပေးနေမှုတွေ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိစေအောင် ဖြစ်နိုင်ရင် ပြည်ခရိုင်အတွင်း မှ အပ်ကျသွားတာတောင် သိရအောင် သတင်းပေးမှုတွေလိုပါတယ် ကျွန်တော်တို့ ပြည်သူအချင်းချင်းရော ဌာနဆိုင်ရာမှ လူကြီးမင်း
များမှလည်း မိမိတို့လုပ်ဆောင်ပေးသည့် လုပ်ဆောင်ချက်လေးတွေကို ပြောလို့ရသလောက်ပြောပြစေချင်ပါတယ် သတင်းများပေးပို့စေချင်ပါတယ် ဌာနဆိုင်ရာတွေမှာ အချို့သောသတင်းတွေပေးလို့မရတာတွေရှိတာလည်းနားလည်သိရှိထား
ပြီးသားပါ ဒီလိုသတင်းမျိုးကိုလည်းပြည်သူအတွက်အကျိုးရှိမယ် ပြည်သူသိချင်နေတယ်ဆို ရအောင်ယူမယ် ပြီးတော့ ကျွန်တော်တို့ပြည်မြို့ကိုဒိထက် တိုးတက်ပြောင်းလဲချင်လာပါပြီ ပြည်သူနဲ့ဌာနဆိုင်ရာတွေ လက်တွဲပေးပါ သတင်းများပေး
ပို့စေချင်လို့ပဲဖြစ်ဖြစ် ဝေဖန်အကြံပြုချင်လို့ပဲဖြစ်ဖြစ် ဒုက္ခတစ်စုံတစ်ရာရှိနေလို့ အကြံညာဏ်များတောင်းခံချင်ပါတယ်ဆိုရင် ကျွန်တော် ပြည်သတင်းလူငယ်(09401616323)....နှင့်....ကိုပြည့်ဖြိုး..(နည်းပညာ)..(0943047862)တို့ကိုဆက်သွယ်
နိုင်ပါတယ် ကျွန်တော်တို့နားမလည်သော မသိသောမိမိတို့ကိစ္စများကို ဆက်စပ်ရာလူများ နှင့် ချိန်ဆက်ပေးနိုင်ပါတယ်။ ။ပြည်မြို့ကြီးသာယာလှပ တိုးတက်စေချင်သူ....။ ။ပြည်သတင်း.....

ပြည်သတင်းလူငယ်(09401616323)....နှင့်....ကိုပြည့်ဖြိုး..(နည်းပညာ)..(0943047862)



 ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

Read More...

Wednesday, October 30, 2013

ပျူမြို့တော်ဟောင်းများ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးစည်းရုံးလှုံ့ဆော် ဆိုင်းဘုတ်

Leave a Comment




ပျူမြို့တော်ဟောင်းများ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးစည်းရုံးလှုံ့ဆော် ဆိုင်းဘုတ်များကို Mingalar garden Hotel , Sweet Golden Land Hotel, ဗိုလ် ပဲကြော်, OK နို့ဆီနို့စိမ်း, Lucky Dragon hotel တို့၏ စေတနာအတွက် များစွာ ဂုဏ်ယူမိပါကြောင်း.....

Sriksetra Heritage Trust - Thayakhittaya Pyay
Read More...

အလွယ်တကူလုပ်ဖြစ်တဲ့ ပရဟိတလုပ်ငန်းလေးတွေ

Leave a Comment

ကျွန်တော်ဒီနေ့ ထီထိုးခဲ့ပါတယ်..
ထီပေါက်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်ထက်
ထီရောင်းတဲ့အစ်ကိုတွေကို ကူညီအားပေးမယ်ဆိုတဲ့အသိနဲ့ပါ
ခြေထောက်နှစ်ချောင်းလုံးမစွမ်းမသန်ဖြစ်နေတဲ့ အစ်ကို(၄)ယောက်
ကျွန်တော်တို့ လမ်း(၆၀)ထဲကို ၀ှီးချယ်လေးတွေနဲ့ ထီလိုက်ရောင်းပါတယ်..
ကျွန်တော်အားပေးခဲ့ပါတယ်..ကျွန်တော်သူငယ်ချင်းများလဲ ဒါမျိုးများ
ကြုံရင်အားပေးလိုက်ကြပါဦးနော်...သူတို့ကို ကျွန်တော်တို့ အားပေးနေဖို့လိုပါတယ်..
အလွယ်တကူလုပ်ဖြစ်တဲ့ ပရဟိတလုပ်ငန်းလေးတွေပေါ့ဗျာ...

Kophyo Monposted toမန္တလေး သတင်း ပုံရိပ်များ
Read More...

ဆေးကုမ္ပဏီဝန်ထမ်းများသိစေရန်...

Leave a Comment
(28.10.13) နေ့ ည 7:00 PM ခန့်တွင် ရွှေတောင် နှင့် အင်းမ ကြား နယ်ခြားမှတ်တိုင်တွင် လုယက်မှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ Fair Deal co.ltd မှ အမျိုးသားဝန်ထမ်း နှစ်ဦးသည် ကြို့ပင်ကောက်ဘက်မှ ပြန်လာရာ အပြန်လမ်း မှတ်တိုင်နားတွင် လူသုံးဦးသည် ဆိုင်ကယ်တားဆီးပီး လုယက်ခဲ့ပါသည်။

သို့သော် အမျိုးသားဝန်ထမ်းနှစ်ဦးမှ ပြန်လည်ခုခံ သတ်ပုတ် နိုင်ခဲ့သည့်အတွက်
ထို လူသုံးဦးသည် ထွက်ပြေးခဲ့ကြောင်းသိရှိရပါသည်။ သို့ဖြစ်ပါသောကြောင့် Trip collection အသွားအပြန်ခရီးစဉ်များအား Bus ကားများဖြင့်သာ သွားကြပါရန် အသိပေးအပ်ပါသည်။

ဆေးကုမ္ပဏီ ဝန်ထမ်းများ ပရဟိတ ကွန်ယက် - ပြည်
Admin- P P P
Read More...

ယာဉ်ပေါ်မှ ပြုတ်ကျ သေဆုံး

Leave a Comment
နတ်တလင်း အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် တာပွန်လေးဒေါင့်ကွင်း ရပ်ကွက်နေ ကျော်ထွန်း (၃၃နှစ်) သည် အောက်တိုဘာ ၂၄ ရက်တွင် ပြည်ြမို့ မှ ယာဉ်မောင်း မင်းဇော် ( ၄၀ နှစ်) မောင်းသော ဟိုင်းလတ် အ၀ါရောင် ၃ဂ/---- ပြည် - ကြို့  ပင်ကောက် လူစီးကားဖြင့် ပြန်လာရာ နံနက် ၁၁ နာရီခွဲ အချိန် ရွှေတာင်မြို့  အ၀င် ဘယ်ဘက်နေရာအရောက်တွင် ယာဉ်ပေါ်မှ ပြုတ်ကျပြီး ဦးခေါင်းနောက်စေ့၌ ဒဏ်ရာပြင်းထန်စွာရ၍ သေဆုံးသွားသဖြင့် ယာဉ်မောင်း မင်းဇော်အား ရွှေတောင်မြို့ရဲစခန်းမှ ဒုရဲအုပ် သန်းလင်းအောင်က အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)
Pyay City
Read More...

သဲကုန်း၌ ကျန်းမာရေး ကွင်းဆင်းဆောင်ရွက်

Leave a Comment
သဲကုန်း အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ညောင်ကုန်းအုပ်စု စြံပကျေးရွာ အလကကျောင်း ၌ အောက်တိုဘာ ၂၄ ရက် နနံ က် ၈ နာရီက အသိပညာပေး ဟောပြောပွဲနှင့် ပြည်သူဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန် ပြည်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ တင့်ရွှန်း ဦး ဆောင်သော အထူးကု ဆရာဝန် ၄၀ တို့က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ မှုခင်းကျဆင်းရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် တာဝန်ရှိသူများက ဟောပြောဆွေးနွေး ခြဲ့ပီး ဒေါက်တာတင့်ရွှန်း ဦးဆောင်သော အထူးကုဆရာဝန်များအဖွဲ့သည် သဲကုန်းမြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ပြည်သူ ၆၉၅ ဦးကို အခမဲ့ ကွင်းဆင်း ဆေးကုသပေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့ များက ၀ိုင်းဝန်း ကူညီပေးခဲ့ကြောင်း သိရသည်။

MAL30102013
Pyay City
Read More...

နတ်တလင်းမြို့နယ်တွင်းရှိ ကျေးရွာ သုံး ရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးရရှိ

Leave a Comment
နတ်တလင်း အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) နတ်တလင်းမြို့နယ်အတွင်းရှိ ချောက်ခမ်းကျေးရွာ၊ ရေကြည်ကျေးရွာနှင့် ချောင်းခွ ကျေးရွာများတွင် အောက်တိုဘာ ၁၀ ရက်မှစ၍ ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးရရှိပြီ ဖြစ်ကြောင်း အဆိုပါကျေးရွာများ အတွက်ဖွဲ့စည်းထားသော မီးလင်းရေးကော်မတီမှ သတင်းရရှိသည်။ အဆိုပါကျေးရွာများ မီးလင်းရေးအတွက် ရပ်မိရပ်ဖများပါဝင်သော ကျေးရွာမီးလင်းရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ မတည်အလှူရှင် ထည့်ဝင်ငွေ၊ ကျေးရွာပြည်သူများ ထည့်ဝင်ငွေများဖြင့် စနစ်တကျ ကြီးကြပ်ဆောင်ရွက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ကူညီပံ့ပိုးမှုများကြောင့် ယခုကဲ့သို့ အချိန်တိုကာလအတွင်း ကျေးရွာများမီးလင်းခဲ့ခြင်း ဖြစ်ကြောင်း မီးလင်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက် အရသိရသည်။ အဆိုပါ ကျေးရွာများသည် နတ်တလင်းမြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာနှင့် လျှပ်စစ်မီးရရှိသော တာပွန်မြို့၏ အနောက်ဘက် ၁ ဒသမ ၅ မိုင်ခန့်အကွာတွင်တည် ရှိခဲ့သော်လည်း ယခင်က လျှပ်စစ်မီး ရရှိခဲ့ခြင်းမရှိပေ။ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အလေးပေး ဆောင်ရွက်နေသော ယခုကဲ့သို့ အချိန်အခါတွင် ကျေးရွာပြည်သူများ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ကူညီပံ့ပိုးမှုများကြောင့် တာပွန်မြို့မှတစ်ဆင့် ၁ ဒသမ ၅ မိုင်အရှည် 11 KV ဓာတ်အားလိုင်းတိုးချဲ့ခဲ့ပြီး ကျေးရွာတစ်ရွာလျှင် 100 KVA ဓာတ်အားခွဲရုံတစ်ရုံစီဖြင့် ဓာတ်အားခွဲရုံ သုံးရုံ တည်ဆောက်ကာ အဆိုပါကျေးရွာများရှိ အိမ်ထောင်စု ၇၃၂ စု လူဦးရေ ၂၄၅၇ တို့အတွက် ကျပ်သိန်း ပေါင်း ၁၁၇၀ အကုန်အကျခံကာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

(၀ဏ္ဏထွန်း)
Pyay City
Read More...

ပြည်မြို့ အရှင်ဥာဏိဿရ ဆရာတော်ဘုရားကြီး၏ အထူးဓမ္မသဘင် တရားပွဲကြီးကျင်းပမည်

Leave a Comment

သရေခေတ္တရာ သီတဂူ အထောက်အကူပြုအဖွဲ့မှ ကြီးမှူးကျင်းပသော
ဒုတိယအကြိမ်မြောက် သဲကုန်းဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ ဆရာတော်ဘုရားကြီး၏ အထူးဓမ္မသဘင် တရားပွဲကြီးကို ပြည်မြို့ အ.ထ.က (၁) ကျောင်း၊ အားကစားကွင်းတွင် (၃.၁၁.၂၀၁၃) မှ (၄.၁၁.၂၀၁၃) ထိ (၂) ရက်တိုင်တိုင် ည (၇) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တရားတော်များ နားယူနိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်အပ်ပါသည်။

လေးစားစွာဖြင့်

ဆက်သွယ်ရန် -

ဦးကျော်မိုးခိုင် - 09 5310 587

ဦးမိုးနိုင် - 09 5310 135

ဦးဝင်းသန်း - 09 5312 363

Read More...

အမှိုက်သိမ်းယာဉ်များ မောင်းနှုန်းမြန်နေသဖြင့် အမှိုက်စွန့်ပစ်သူများ အဆင်မပြေ

Leave a Comment

ပြည်မြို့ရှိ ရပ်ကွက်များတွင် အမှိုက်များလိုက်သိမ်းသော စည်ပင်သာယာ အမှိုက်သိမ်းကားသည် ပြည်သူများ၏ စွန့်ပစ်ပစ္စည်း အမှိုက်များကို သိမ်းစည်းရာတွင် အဆိုပါအမှိုက်သိမ်းယာဉ်များ မောင်းနှုန်းမှာ မြန်ဆန်နေသဖြင့် အပြေးအလွှား အမှိုက်ပစ်နေရသည်ကို မြင်တွေ့ရပါသည်။

အမှိုက်ပစ်သူများထဲတွင် အချို့မှာ ကလေးများ၊ သက်ကြီးရွယ်အိုများလည်းပါဝင်နေသည့်အတွက် အမှိုက်စွန့်ပစ်ရာတွင် အမှိုက်သိမ်းကား အမှီ အပြေးအလွှားဖြင့် စွန့်ပစ်နေရပါသည်။

သို့ဖြစ်ပါသဖြင့် အမှိုက်သိမ်းယာဉ်၏ အမြန်နှုန်းကို ယခုထက်လျှော့ချမောင်းနှင်ပေးပါက အားလုံးအတွက် အဆင်ပြေမည်ဖြစ်ကြောင်းကို အပြုသဘောဆောင် တင်ပြအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)
Read More...

ပဲခူးတိုင်းဒေသကြီး၊ မင်းလှ အထက မြတ်ဆရာ ပူဇော်မည်

Leave a Comment
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့ အထက ကျောင်းသားဟောင်းများ၏ (၂၈)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ၁၇-၁၁-၂၀၁၃ (၁၃၇၅ ခုနှစ်၊တန်ဆောင်မုန်းလပြည့်နေ့) နံနက် ၈ နာရီတွင် မြို့တွင်းအထက သပြေခန်းမ၌ ကျင်းပမည်ဖြစ်ရာ ကန်တော့ခံဆရာ/ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားဟောင်းများ မပျက်မကွက်ကြရောက်ကြပါရန် အလှူငွေနှင့် ကန်တော့ပစ္စည်း ပါဆယ်ထုပ်များကို အကန့်အသတ်မရှိယူဆောင်လာပြီး အောက်ပါပုဂ္ဂိုလ်များထံ လှူဒါန်းကြပါရန် ဖိတ်ကြားအပ်ပါသည်။
ရန်ကုန်မြို့တွင် (၁) ဦးတင်အောင် ၀၉-၅၅၀၄၇၀၃၊ (၂)ဒုဗိုလ်မှူးကြီးမျိုးညွန့်(ငြိမ်း)
၀၉-၂၅၀၀၈၄၉၉၂၊ (၃)ဦးမြင့်ဆွေ ၀၉-၄၅၀၀၂၄၆၄၈၊ (၄)ဦးသန်းစိုး
၀၉-၅၁၉၂၇၉၁၊ (၅)ဦးတင်မောင်ဦး ၀၁-၅၃၉၉၁၇၊ (၆)ဒေါ်မြင့်မြင့်မူ
၀၉-၄၃၀၁၈၃၆၂၊ (၇)ဒေါ်စန်းစန်းဝင်း ၀၉-၅၀၇၄၆၇၈၊
(၈)ဒေါက်တာ သန်းအောင်စိုး-၀၉-၅၀၂၅၈၅၂
မင်းလှမြို့တွင် (၁) ဦးကြင်စိုး ၀၅၃-၃၀၁၅၉၊ (၂)ဒေါက်တာဦးသန်းလွင် ၀၅၃-၃၀၀၉၇၊
(၃) ဒေါက်တာဦးသိန်းမော်၊ ဒေါက်တာယဉ်မေလွင် ၀၅၃-၃၀၁၁၃၊
(၄) ဒေါ်တင်နွဲ့ ၀၅၃-၃၀၁၀၆၊ (၅)ဒေါ်စန်းမော်ချို ၀၅၃-၃၀၆၁၆၊
(၆) ဦးသန်းစိုး ၀၅၃-၃၀၅၃၅
မန္တလေးမြို့တွင် ဗိုလ်မှူးအောင်စိုး(ငြိမ်း) ၀၉-၂၀၀၁၈၀၀

Pyay City
Read More...

မီးဘေး ကြိုတင်ကာကွယ်ရေး ဟောပြော သရုပ်ပြ

Leave a Comment

ပြည် အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၂)မှ ၀န်ထမ်းများ အား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြအခမ်းအနားကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် အဆိုပါအလုပ်ရုံ၌ကျင်းပသည်။ အခမ်းအနားတွင် ဆည်မြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းလတ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ခရိုင် မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးဝင်းညွန့်က သဘာဝမီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် မီးငြိမ်းသတ်ရန်နည်းလမ်းများကို ဆွေးနွေးဟောပြောခဲ့သည်။ ယင်းနောက် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ပြည်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၂) မှ တာဝန်ရှိသူများ ပူးပေါင်း၍ မီးသတ်ဆေးဘူးများဖြင့် လည်းကောင်း၊ မီးသတ်စက်ယာဉ်များဖြင့်လည်းကောင်း မီးငြိမ်းသတ်မှု တို့ကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

KM29102013
Pyay City
Read More...

သရခေတ္တရာရှေးဟောင်းနယ်မြေရှိ လုလင်ကျော် မြို့ရိုးပေါက်

Leave a Comment
သရခေတ္တရာရှေးဟောင်းနယ်မြေရှိ လုလင်ကျော် မြို့ရိုးပေါက်

ဦးကျော်မျိုးဝင်း fb မှကူးယူရရှိသော
သရခေတ္တရာရှေးဟောင်းနယ်မြေရှိ
လုလင်ကျော် မြို့ရိုးပေါက်ပါ။

Sriksetra Heritage Trust - Thayakhittaya Pyay
Read More...

လုံးတီးဆန်စက် အမြန်ရောင်းလိုသည်။၊

Leave a Comment
လုံးတီးဆန်စက် အမြန်ရောင်းလိုသည်။၊

တစ်နာရီ စပါးတင်း ၃၀၀ ကျ

ပဲခူးတိုင်းအနာက်ပိုင်း ဇီးကုန်းမြို့

ဆက်သွယ်ရန်...

0931612802...0943183532..053 -34059

ပြည်မြို့အိမ်ခြံမြေရောင်းဝယ်ရေးဝန်ဆောင်မှု

(date post..26.Oct.2013)
Read More...

ဗိဿနိုး၊ သရေခေတ္တရာ၊ ပျူမြို့ဟောင်းများကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ရေး ဆောင်ရွက်

Leave a Comment
နေပြည်တော် အောက်တိုဘာ ၂၆

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၊ ICOMOS မှ ကျွမ်းကျင်ပညာရှင် Dr. Susan နှင့် တာဝန်ရှိသူများသည် ဗိဿနိုး၊ သရေခေတ္တရာပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ရေးအတွက် ယနေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းသည် မကွေးတိုင်းဒေသကြီး မကွေးလေဆိပ်တွင် ကြိုတင်ရောက်ရှိနေသည့် ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်နှင့် ICOMOS မှကျွမ်းကျင်ပညာရှင် Dr. Susan တို့နှင့်အတူ ဗိဿနိုးမြို့ဟောင်းနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ ကြွင်းကျန်တည်ရှိနေသည့် ရှေးဟောင်းအဆောက်အအုံများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်) သင်တန်းခန်းမ၌ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြိုင်က ဗိဿနိုး နှင့်သရေခေတ္တရာ ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ထားရှိမှုကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ICOMOS မှ ကျွမ်းကျင်ပညာရှင်တို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ ထို့နောက် ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန်အတွက် လိုအပ်ချက်များကို ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ဖြည့်စွက်ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့်အဖွဲ့ဝင်များသည် သရေခေတ္တရာ ရှေးဟောင်း သုတေသနပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပျူမြို့ဟောင်းမှ တူးဖော်ရရှိသည့် ပျူခေတ်လက်ရာ ပစ္စည်းများကိုလည်းကောင်း၊ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ နန်းတော်ရာ တူးဖော်နေမှု၊ ရဟန္တာကန်၊ ဘောဘောကြီးဘုရား၊ ဘဲဘဲဘုရား၊ ဗိဿနိုး မိဖုရားသင်္ချိုင်း၊ မကျီးကျကုန်း၊ အမှတ်(၅၃) ကုန်းနှင့် ပျူအရိုးအိုး ၃ဝ၈ လုံးတူးဖော်တွေ့ရှိ၍ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဗိဿနိုး၊ သရေခေတ္တရာနှင့်ဟန်လင်း ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့အမွေအနှစ်အဖွဲ့၏ တာဝန်ပေးချက် ICOMOS မှ ကျွမ်းကျင်ပညာရှင်က လာရောက်စစ်ဆေးလျက်ရှိပြီး ၂ဝ၁၄ခုနှစ် ဇန်နဝါရီလတွင် ဟန်လင်းမြို့ဟောင်းအား စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

KM27102013
Pyay City
Read More...

ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော်အပူဇော်ခံပွဲ

Leave a Comment
အဝေးရောက်နေကြတဲ့ ပြည်မြို့ သူမြို့သားများ အပါအဝင် မြန်မာနိုင်ငံ အနယ်အနယ် အရပ်ရပ်ရှိ ဘုရားဖူးခရီးသွား မိဘပြည်သူအပေါင်းတို့အား အသရေမချို့တဲ့ ကျွန်တော်တို့ ခေတ္တရာပြည်မြို့လေးရဲ့ ကျက်သရေဂုဏ်ဆောင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အလည်တစ်ခေါက် လာရောက်ပူဇော်ဆင်နွှဲကြဖို့ ဖိတ်ခေါ်အပ်ပါတယ်. ......
Read More...

မြေကွက်ရောင်းမည်။

Leave a Comment

ပြည်မြို့။ကျောင်းကြီးအိုးတန်းရပ်ကွက်

ရုံးလမ်းနှင့်ဈေးလမ်းထောင့်(ဘိုးဘွားပိုင်မြေ)

.113ဧက။မြေ၂ကွက် ရောင်းဈေး ကျပ်သိန်းငါးထောင်

ph: 05327764/ 095157936/ 095310356/ 09423658037
Read More...

တိုက်ခန်းငှါးမည်

Leave a Comment
တိုက်ခန်းငှါးမည်

ထွန်း သီရိ ရုပ် ရှင် ရုံ ရှေ့ ၊ ကန်လမ်း

ဆက်သွယ်ရန်၊ Ph - 09423674277
Read More...

တိုက်နှင့်ခြံတွဲလျှက်ရောင်းမည်

Leave a Comment
တိုက်နှင့်ခြံတွဲလျှက်ရောင်းမည်

ပြည်မြို့ရိုးမဘဏ်ဘေးလမ်း

သိမ်လမ်း ဈေးထောင့်

အကျယ် ပေ ၇၀ ပေ ၆၀

ဂရံ သက်တမ်းတိုးပြီး ကျပ်သိန်း၃၀၀၀

မြသဉ္ဇာ တည်းခိုခန်း လုပ်ငန်းလိုင်စင်ပါပေးမည်

ဆက်သွယ်ရန်ဖုံး ၀၉၄၂၃၆၆၆၉၉၉
Read More...

Saturday, October 26, 2013

ILO မှ (၁)ရက်တာ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့

Leave a Comment



ILO မှ (၁)ရက်တာ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့
*****************************

ှုILO(International Lavour Orgnization) မှသင်တန်းရေးရာတာဝန်ခံ ဦးသန်းထွဋ်လွင်(ခ) ကိုပေါက် နှင့်အဖွဲ.၀င်(၄)ယောက်သည် ၂၅.၁၀.၂၀၁၃ နေ.မနက်(၉း၀၀)အချိန်ခန့်က ပြည်မြို့ မြို့သစ် မဂ္ဂင်တောရဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံတော်ကြီးတွင် တက်ရောက်သူ(၆၀)ကျော်ကို နေ့လည်စာများတည်ခင်း၍
အဓမ္မစေခိုင်းမူပပျောက်ရေး၊ကလေးစစ်သားစည်းရုံမခံရရေး
အလုပ်သမားဧ။်အခြေခံသဘောတရားများ၊အလုပ်သမားဥပဒေနှင့် အခွင့်အရေး၊လယ်ယာမြေသိမ်းဆည်းမခံရရေးတိုကို အဓိကထားဆွေးနွေးသင်ကြားပို့ချသွားကြောင်းသတင်းရရှိခဲ့ပါသည် အဆိုပါ ဆွေးနွေးပွဲကို မနက်(၉း၀၀)နာရီအချိန် မှ ညနေ(၄း၀၀)အချိန်ထိဆွေးနွေးသွားခဲ့ပြီး တက်ရောက်ဆွေးနွေးသူများအား နေ့လည်စာ၊စာအုပ်အစုံ၊လွယ်အိတ်(၁)လုံးတို့ကိုပါ ပေးဝေသွားကြောင်းသိရသည်။ အဆိုပါကိစ္စ နှင့်ပက်သတ်၍ ပြည်သတင်းမှ မေးမြန်းခဲ့ရာတွင် ရန်ကုန်သို့သာ တိုက်ရိုက် (အီးမေလ်း နှင့်ပဲဖြစ်ဖြစ် ဖုန်းနဲ့ပဲဖြစ်ဖြစ်)မေးမြန်းပေးပါရန် နှင့် ဓါတ်ပုံ မှတ်တမ်းသာရိုက်ခွင့်ပြုနိုင်ပါတယ်ဟု အဆိုပါဆွေးနွေးပွဲတာဝန်ရှိသူ တစ်ဦး မှ ပြန်လည်ဖြေကြားခဲ့သည်။ ။ပြည်သတင်း..
Read More...

င်ပေါက်ခေါင်းမြို.နယ်တွင် မိုးေ၇ ချိန် ၂.၆၆ လက္မ ရွာသွန်းမူ၂၆ရက် အောက်တိုဘာ၂၀၁၃ နေ. ၇း၃၀ အချိန်တွင် ၀င်ရောက် ရေများ ပြန်လည်စီးဆင်းသွားခဲ.

Leave a Comment

မိုးရေချိန်၂.၆၆လက္မ၇ွာသွန်းမူကြောင့် ရပ်ကွက်(၃) ခု ရေ၀င်ရောက်မူဖြစ်ပေါ်
၂၅.၁၀.၂၀၁၃ နေ. ညနေ (၆)နာရီအချိန်တွင်ပေါက်ခေါင်းမြို.နယ်တွင် မိုးေ၇
ချိန် ၂.၆၆ လက္မ ရွာသွန်းမူကြောင့် ဘန်.ပြင်ကျေးရွာအုပ်စု၊ကြိုးကြားကျေးရွာ
အနီးရှိ စပါးစိုက်ပျိုးရေအသုံးပြု.သည်. ကြိုးကြာကန် ကျိုးပေါက်သဖြင့် ပေါက်
ခေါင်းမြို.ပေါ်ရှိ မြေနိမ်.ပိုင်းဖြစ်သည်. အမှတ်(၃)ရပ်ကွက်တွင် အိမ်ခြေ(၃၀၀)၊
အမှတ်(၄)ရပ်ကွက်တွင် အိမ်ခြေ(၂၅၀)၊အမှတ်(၅)ရပ်ကွက်တွင် အိမ်ခြေ
(၁၀၀) နှင့် စုပေါင်းရုံး(၁၀)ရုံးသို.ေ၇များ(၃)ပေခန်.၀င်ရောက်ခဲ.ပြီး တဖြည်း
ဖြည်းပြန်ဆင်းရာ၂၆ရက် အောက်တိုဘာ၂၀၁၃ နေ. ၇း၃၀ အချိန်တွင် ၀င်ရောက်
ရေများ ပြန်လည်စီးဆင်းသွားခဲ.ပါသည်။
လက်ရှိအခြေအနေတွင် အနိမ်.ဆုံးနေရာများတွင် (၂)ပေခန်.ရေများကျန်ရှိပြီး
ရေ၀င်ရောက်မူကြောင့် လူနေအိမ်ခြေများ၊ ရုံးများ၊သီးနှံများနှင့်တိရိစ္ဆာန်များ
ပျက်စီးဆုံးရှုံးမူ မရှိပါကြောင်း သတင်းရရှိပါသည်။
ပေါက်ခေါင်းသတင်း မှ ကူးယူဖော်ပြသည်။ ။ပြည်သတင်း...

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

လက်လုပ်မိုင်း(ဗုံး) နှင့်အန္တရာယ် ရှိနိုင်သော မြို.တွင်း နေရာဒေသများ

Leave a Comment


လက်လုပ်မိုင်း(ဗုံး) နှင့်အန္တရာယ် ရှိနိုင်သော မြို.တွင်း နေရာဒေသများ
********************************************

· လူစည်ကားရာ ဈေးများ
· ယာဉ်ရပ်နားရာ နေရာများ
· လမ်းဘေး အမှိုက်ပုံများ
. ခြုံနွယ်ထူထပ်သော လမ်းဘေးများ
· ရုပ်ရှင်ရုံ နှင့် ဟိုတယ်အ၀င်လမ်းများ
· ခရီသည်တင်ယာဉ်လူတင်လူချရာနေရာများ
· အဝေးပြေးကားကွင်းများ
. မီးရထားဘူတာရုံ
. လေဆိပ်
· အများသုံးအိမ်သာများ
· မီးလောင်လွယ်သည့် သိုလှောင်ရုံးအနီးဒေသများ
. ကုန်တိုက်များ
. လူကူးဂုံးကျော်တံတားများ

(အထက်ဖော်ပြပါ နေရာတွေကိုအထူးသတိပြုသင့်ပါတယ်)

ထင်ရှားနိုင်သည့် အမှတ်အသားများ

ပလပ်စတစ်အိတ်အမဲ/လုံးထွေးထားသည့်ပီနံအိတ်အပြဲအစုတ်

. လက်ကိုင်အိတ်/လွယ်အိတ်/မျက်မှန်ထည့်သည့်ဗူးခွံ/စက္ကူဖြင့်ထုပ်ပိုးပြီးတိတ်ဖြင့်ပတ်ထားသည့်အထုပ်များ

. သာမာန်စွန်ပစ်ပစ္စည်းမဟုတ်သည့် ရေဒီယီု/ကက်ဆက်/ဖုန်း/စားပွဲတင်နာရီ များ/ခရီးဆောင်အိတ်များ/ပုံမှန်မဟုတ်သည့်အမှိုက်သရိုက်အစုအပုံများ

.၀ါယာကြိုးအစများ/ဓါတ်ခဲမှ အခွံပလပ်စတစ်အစများ/ပုံမှန်မဟုတ်သည့် သစ်ရွက်စုပုံသဏ္ဍာန်များ/ သံဗူးများ/တိတ်အ၀ါအစအနများ/သံပိုက်လုံးများ/ယမ်းဟုယူဆရသောအမှုန်.များ/ပုံပျက်နေသည့် မြေသဏ္ဍာန်များ

( အထက်ဖော်ပြပါ အနေအထားတို.ကို တွေ.ရှိတတ်ပါသည်)

အထူးသတိပြုရန်

( မိမိ မမြင်ဖူးသော(သို.) မသင်္ကာသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ရှားရန် နှင့် တာဝန်ရှိသူများသို. သတင်းပေးရန်အထူးအရေးကြီးပါသည် )

ကံကောင်းသည့် အချက်မှာ ဒေသန္တရ လက်လုပ်မိုင်း များသာများပြီး စနစ်တကျထုတ်လုပ်ထားသည့် မိုင်း(ချိန်ကိုက်မိုင်း) ဖျက်အားပြင်း မိုင်း များ မဟုတ်ခြင်းပင်ဖြစ်သည်။

အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းများ၊ မသင်္ကာဖွယ်ရာလူများ၊

သံသယဖြစ်ဖွယ်ရာပစ္စည်းများ တွေ့ရှိပါက

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၁-၂၃၀၂၁၉၉၊

နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၆၇-၅၅၀၃၃၃၊

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Hot Line ဖုန်း ၀၂-၆၁၄၄၄၊

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးဖုန်း ၀၅၂-၂၃၉၉၉ သို့

ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

Credit -သထုံခရိုင်ရဲတပ်ဖွဲ့ ....

......... ပြည်သတင်း.....

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ပြည်မြို့ မှ သတင်းမီဒီယာများ သတင်းသွားယူရာတွင် တာဝန်ရှိသူတို့ မှ တားမြစ်ပိတ်ပင်မှုဖြစ်ပွားခဲ့

Leave a Comment


ပြည်မြို့ မှ သတင်းမီဒီယာများ သတင်းသွားယူရာတွင် တာဝန်ရှိသူတို့ မှ တားမြစ်ပိတ်ပင်မှုဖြစ်ပွားခဲ့
**********************************************

ပဲခူးတိုင်းဒေသကြီးပြည်မြို့တွင်၂၆.၁၀.၂၀၁၃ရက်နေ့မွန်းလွဲ၃နာရီအချိန်တွင်ပြည်ခရိုင်အုပ်ချုပ်ရေးမူးရုံး၌ကျင်းပခဲ့သောပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီဝင်ပြည်တောင်စုဒုဝန်ကြီးများမှပြည်မြို့ရှိဌာဆိုင်ရာများမြို့မိမြို့ဖများအားလုပ်ငန်းတွေ့ဆုံရှင်းလင်းပွဲပြုလုပ်ခဲ့ရာအဆိုပါလုပ်ငန်းတွေ့ဆုံရှင်းလင်းပွဲသို့သွားရောက်သတင်းရယူခဲ့သောသတင်းသမားများအားပြည်ခရိုင်အုပ်ချုပ်ရေးမူးရုံးမှဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့်ခရိုင်ဒုဦးစီးမှူးတို့မှမောင်းထုတ်ခဲ့မှုမှာသတင်းသမားများ၏သိက္ခာကိုစော်ကားခြင်း၊သတင်းအမှောင်ခြခြင်းတို့အပြင်လူကြားထဲတွင်သတင်းထောက်(မီဒီယာ)များအရှက်ရခဲ့ရသည့်အတွက်နိုင်ငံတော်သမ္မတကြီးထံလိပ်မူ၍တိုင်စာပေးပို့သွားပါမည်။ ဟု အဆိုပါပွဲသို့ သွားရောက်ခဲ့သူ မီဒီယာတစ်ဦးဖြစ်သူ ဦးကျော်ကျော် မှ ၄င်း၏ ဖေ့ဘုတ်စာမျက်နှာမှာဖော်ပြထားခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။....။ပြည်သတင်း....
Read More...

အရှိန်ပြင်းစွာမောင်းနှင်လာသော မော်တော်ဆိုင်ကယ်တစ်စီး ယာဉ်အမှတ်(၃ယ/၉၀၀၁၅) တိမ်းမှောက်သွားခဲ့ပြီး အနီးရှိ ဆိုင်ကယ်တစ်စီးအား ၀င်ရောက်ချိတ်မိ

Leave a Comment

၂၅.၁၀.၂၀၁၃ ရက်နေ့ နေ့လည်(၁၂း၃၅)မိနစ်အချိန်ခန့် မြို့သစ်လမ်းမကြီး ရွှေလင်ဗန်းစေတီတော်မြတ်အနီးတွင် မြောက်ဘက် မှ တောင်ဘက်သို့ အရှိန်ပြင်းစွာမောင်းနှင်လာသော မော်တော်ဆိုင်ကယ်တစ်စီး ယာဉ်အမှတ်(၃ယ/၉၀၀၁၅) သည်တစ်ဦးထဲ မိမိမောင်းနှင်လာသော အဆိုပါဆိုင်ကယ်သည် အထက်ဖော်ပြပါ နေရာတွင် တိမ်းမှောက်သွားခဲ့ပြီး အနီးရှိ ဆိုင်ကယ်တစ်စီးအား ၀င်ရောက်ချိတ်မိသွားကြောင်းသတင်းရရှိခဲ့ပါသည်။   ။ပြည်သတင်း....

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364



Read More...

Friday, October 25, 2013

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့နယ် ထမ္မကောက်အုပ်စု အုပ်ချုပ်ရေးမှုး(ဖလား)ကွင်းဖွင့်ဘောလုံးပြိုင်ပွဲကျင်းပခဲ့

Leave a Comment


ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့နယ် ထမ္မကောက်အုပ်စု အုပ်ချုပ်ရေးမှုး(ဖလား)ကွင်းဖွင့်ဘောလုံးပြိုင်ပွဲကျင်းပခဲ့
*********************************************

အဆိုပါပြိုင်ပွဲကို (၂၅.၁၀.၂၀၁၃)ရက်နေ့ မှာ ကျင်းပပြုလုပ်သွားကြောင်းသတင်းရရှိခဲ့ပါသည် အဆိုပါထမ္မကောက်အုပ်စု အုပ်ချုပ်ရေးမှုး(ဖလား)ကွင်းဖွင့်ပွဲကြီးကို အခမ်းအနားအစီအစဉ်(၇)ခုဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ထမ္မကောက်အုပ်စု အုပ်ချုပ်ရေးမှုး(ဖလား) ဘောလုံးပြိုင်ပွဲ၏ ရည်ရွယ်ချက်ကတော့ ...

ထမ္မကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးကွင်းဖွင့်ဖလား ၂၀၁၃/၂၀၁၄ မိုးရာသီဘောလုံးပြိုင်ပွဲများအားဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ စစ်မှန်သော အားကစားစိတ်ဓါတ်ဖြင့် လူငယ်လူရွယ်များ တစ်ဦး နှင့် တစ်ဦး မိုမိုရင်း နှင်းကျွမ်းဝင်စေရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စနစ်တကျ အဆိုပါလူငယ်လူရွယ်များမှ ၀ိုင်းဝန်းပူးပေါင်းပါဝင်ကူညီနိုင်ရေး မြန်မာ့အားကစားတစ်ခုဖြစ်သော ဘောလုံးပညာရှင်များမွေးထုတ်ပေးနိုင်ရေးတို့ကိုရည်ရွယ်၍ ကျင်းပပြုလုပ်သွားသည်ဟု သတင်ရရှိခဲ့ပါသည်။ မှတ်ချက်..အဆိုပါသတင်းကို ပေးပို့ပေးပါသော ထမ္မကောက်အုပ်စုနေ ကိုစည်သူ အားပြည်သတင်းမှ ကျေးဇူးအထူးပင်တင်မိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။ ။ပြည်သတင်း....
Read More...

ပြည်မြို့က BURMA-၀င်းမောင်(ဘောလုံး)သမားဟာင်းကြီးကို ပြစ်မထားသင့်ပါ

Leave a Comment


                                 ပြည်မြို့က BURMA-၀င်းမောင်(ဘောလုံး)သမားဟာင်းကြီးကို ပြစ်မထားသင့်ပါ
**********************************************
မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက်ရွှေခေတ်ဘောလုံးသမားများ၏အကြံဥာဏ်ရယူသင့်
သည်ဟုရွှေခေတ်ရှေ့တန်းကစားသမားတစ်ဦးဖြစ်ခဲ့ဖူးသူ-ဦးဝင်းမောင်မှဆိုပါသည်။
သူသည်-အခုတွင်ပြည်မြို့-အောင်ဆန်းပြည်သာယာကွပ်သစ်တွင်-တပ်ကရသည့်ပင်စင်လေးနင့် နောက်တပ်လူငယ်အားကစား-များကိုဘောလုံးပညာသင်ပေးရင်းနေထိုင်နေခဲပါသည်။
ရွှေခေတ်မြန်မာ့နိုင်ငံလက်ရွေးစင်ဘောလုံးအသင်း၏ရှေ့တန်းကစားသမားတစ်ဦးဖြစ်သူဗိုလ်ကြီးဝင်း
မောင်(အငြိမ်းစား)ကမြန်မာဘောလုံးလောကတိုးတက်ရေးအတွက်ရွှေခေတ်ဘောလုံးသမားများ၏အ
ကြံဥာဏ်ရယူသင့်သည်ဟုသတင်းဌါနမှတဆင့်ပြောကြားခဲ့သည်။

“ရွှေခေတ်ဘောလုံးသမားတွေထဲကအသက်ရှင်ရက်ကျန်ခဲ့တဲ့လူတွေကိုဆက်သွယ်ရမယ်။လိုအပ်
ချက်တွေဖြည့်ဆည်းဖို့အကြံဥာဏ်တောင်းရမယ်။နိုင်ငံတကာပွဲကစားမယ်ဆိုရင်အသင်းအဆင့်မှီမမှီ
အောင်မြင်မှုရနိုင်မရနိုင်ဒီလူတွေနဲ့ခန့်မှန်းခိုင်းပြီးပြင်ဆင်သင့်တာကိုအကြံဥာဏ်တောင်းရမယ်။”ဟု၎င်းကဆိုသည်။

ဦးဝင်းမောင်သည်မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ၁၉၆၉၊၁၉၇၁၊၁၉၇၃၊ကျွန်းဆွယ်ပြိုင်ပွဲရွှေတံဆိပ်ဆုသုံးကြိမ်၊၁၉၇၀ခုနှစ်အာရှဖလားပြိုင်ပွဲတွင်ေ၇ွတံဆိပ်ဆု၊၁၉၇၀ခုနှစ်တွင်မာဒေးကားပြိုင်ပွဲငွေတံဆိပ်ဆု၊၁၉၇၁ခုနှစ်မာဒေးကားပြိုင်ပွဲရွေတံဆိပ်ဆု၊၁၉၇၃ခုနှစ်မာဒေးကားပြိုင်ပွဲကြေးတံဆိပ်ဆု၊၁၉၇၉ခုနှစ်ကိုးရီးယားဖလားပြိုင်ပွဲရွေတံဆိပ်ဆုများ၇၇ှိခဲ့သည်။

ထိုအပြင်၁၉၇၁၊၁၉၇၃၊၁၉၇၄၊၁၉၇၅ခုနှစ်ဂျကာတာပြိုင်ပွဲရွေတံဆိပ်ဆုသုံးကြိမ်၊၁၉၇၂ခုနှစ်အာ၇ှ(၂)ဇုံအိုလံပစ်ခြေစစ်ပွဲရွှေတံဆိပ်ဆု၊၁၉၇၂ခုနှစ်မြူးနစ်အိုလံပစ်ပြိုင်ပွဲအသန့်ရှင်းဆုံးဆု၊၁၉၇၂၊၁၉၇၃မြောက်ကိုရီးယားသမ္မတဖလားပြိုင်ပွဲရွေတံဆိပ်ဆုနှစ်ကြိမ်၊၁၉၇၃ခုနှစ်ထိုင်းဘုရင့်ဖလားပြိုင်ပွဲအသန့်ရှင်းဆုံးဆုများရရှိခဲ့ကြောင်းသိရပါသည်။

၎င်းအပြင်မြန်မာလူငယ်အသင်းနှင့်လည်းရွှေတံဆိပ်နှစ်ခု၇၇ှိခဲ့ပြီးစုစုပေါင်းနီုင်ငံတကာပြိုင်ပွဲများ၌ဆုတံဆိပ်(၁၉)ခုရ၇ှိခဲ့သည့်ကမ္ဘာကျော်ဘော်လုံးသမားပီလီနှင့်အသက်တူရွှေခေတ်ကဂိုးအများဆုံးသွင်း
သောခေါင်းတိုက်အကောင်းဆုံးရှေ့တန်းအလယ်လူတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်းသိရပါသည်။

မြန်မာဘောလုံးအသင်းတိုးတက်ရေးအတွက်အသက်ရှင်ကျန်ရှိသောလက်ရွေးစင်ဘောလုံးသမားများ
ဟောင်းကြီးများဖြစ်သည့်ရဲညွန့်၊တင်ကြည်၊စပ်သီး၊အေးမောင်ကြီး၊စံအေး၊မျိုးဝင်းညွန့်၊ကျော်သောင်း၊တင်အေး၊တင်အောင်၊မြင့်ကြူး၊ဘပု၊ခင်မောင်လေးထားဝယ်စိန်ဝင်း၊ဗဟာဒူး၊ဦးအောင်ရှိန်(နည်းပြ)တို့ထံမှအကြံ ဥာဏ် တောင်းခံသင့်ကြောင်း၎င်းမှပြောသည်။

“ဒီလူတွေကိုနည်းပြခိုင်းဘို့မဟုတ်ဘူး။ဒီလူတွေကိုအစောကြီးကတည်းကသုံးသပ်ခိုင်းဖို့ခေါ်ထားသင့်တယ်။လိုအပ်ချက်တွေကိုအကြံပေးဖို့အနီးကပ်ခေါ်ထားရမှာ။ဒီလူတွေဘယ်လောက်ကစားခဲ့တယ်ဆိုတာနဲ့အားကစားပညာရှင်တွေဖြစ်တယ်ဆိုတာမှတ်တမ်းတွေရှိတယ်။လိုအပ်ရင်ခေါ်သုံးရမယ်။”ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဧပြီလ(၅)ရက်နေ့တွင်ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းမိုးလုံလေလုံခန်းမတွင်နိုင်ငံဂုဏ်ဆောင်အားကစားသမားများဂုဏ်ပြုပွဲပြုလုပ်ခဲ့ပြီးဦးဝင်းမောင်မှာဂုဏ်ပြုငွေနှစ်သိန်းရရှိခဲ့ကြောင်းသိရပါသည်။

အဆိုပါပွဲတွင်အားကစားဒုဝန်ကြီးဦးသောင်းထိုက်ကမြန်မာလက်ရွေးစင်ဘောလုံးအသင်းကိုလာရောက်လေ့လာနိုင်သည်ဟုပြောခဲ့သော်လည်းကုန်ကျစရိတ်မတတ်နိုင်ကြောင်း၎င်းကပြောပါသည်။

“ကိုယ့်စားရိတ်နဲ့ကိုယ်သွားရမှာ။ချမ်းသာတဲ့လူတွေမဟုတ်ဘူး။ဝန်ကြီးကလေ့လာနိုင်ပါတယ်လို့လက်အုပ်လေးချီပြီးပြောတယ်။ဦးတို့ကအသက်ကြီးတဲ့လူတွေမလို့။မြန်မာပြည်ဘောလုံးလောကတိုးတက်
ရေးအတွက်အားလုံးမှာတာဝန်ရှိပါတယ်။”ဟုဆက်လက်ပြောကြားသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏နည်းပြများရွေးချယ်ခန့်ထားရာတွင်ရွှေခေတ်လက်ရွေးစင်ဘောလုံးသမားများထံမှအကြံဥာဏ်ရယူသင့်ကြောင်းနှင့်၎င်းတို့ကိုနည်းပြများကြီးကြပ်ကွပ်ကဲသည့်တာဝန်ု
ပေးသင့်ကြောင်းဦးဝင်းမောင်ကပြောပါသည်။

“လေ့ကျင့်မှုလိုအပ်ချက်ကိုအကြံဥာဏ်ပေးချင်တယ်။ကစားတဲ့နေရာမှာလိုအပ်ချက်တွေရှိမယ်။ဒါတွေကိုဖြည့်စည်းပေးဖို့ကြံ့ခိုင်မှုသက်လုံနည်းပညာပိုင်းတိုက်စစ်ဆင်ရာတွင်ဂိုးသွင်းနိုင်မှုနည်းပရိယာယ်ဒီဟာတွေအားလုံးတစ်ကယ်ကမ္ဘာအဆင့်အိုလံပစ်အဆင့်သွားခဲတဲ့လူတွေသာနားလည်နိုင်မယ်။”ဟု၎င်းကပြောကြားခဲ့သည်။

နိုင်ငံခြားနည်းပြများဌါး၇မ်းခြင်း၊ဘောလုံးသင်တန်းများပို့ချပေးခြင်းနှင့်ပြည်တွင်းကလပ်အသင်းပြိုင်ပွဲ
များကျင်းပပေးခြင်းများပြုလုပ်နေသော်လည်းအောက်ခြေအဆင့်ဘောလုံးသမားများမွေးထုတ်နိုင်ခြင်းမရှိတော့ကြောင်း၎င်းကပြောသည်။

“ပြည်နယ်နဲ့တိုင်းမှာထူးချွန်တဲ့ဘောလုံးသမားတွေမထွက်တော့ဘူး။ပြိုင်ပွဲတွေမှာကြေးပေးပြီးအသင်း
တွေလုပ်ကစားတယ်။အမှန်တစ်ကယ်ကျေးရွာကနေပြီးမြို့နယ်၊ခရိုင်၊တိုင်းအဆင့်ဘောလုံးသမားတွေ
မွေးထုတ်ပေးရမယ်။ကျောင်းသားပွဲတွေလည်းလုပ်ပေးရမယ်။အခုမြို့ကြီးတွေမှာတောင်အဖြစ်လဲလုပ်
ကြတယ်။”၄င်းကဆက်လက်ပြောကြားခဲ့သည်။
ဦးဝင်းမောင်သည်ယခုအခါအသက်(၇၅)နှစ်ရှိပြီဖြစ်ပြီးကပစ(၅)စစ်တပ်ဘောလုံးအသင်း၏ နည်းပြအဖြစ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့်မြန်မာဘောလုံးအသင်းတိုးတက်ရေးအတွက်လုပ်ဆောင်လိုကြောင်း၎င်း၏ဆန္ဒကိုထုတ်ဖော်ပြောကြားလိုက်သည်။   ။ပြည်သတင်း  ...မှတ်ချက် အဆိုပါသတင်းကို သွားရောက်ယူပေးခဲ့သော ကိုသန်းထိုက်အောင်(ခ)ကိုဗရှီး အားပြည်သတင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။...
Read More...

ရွှေတောင်မြို့နယ် ယင်းမှုကုန်းကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုပဲခူးတိုင်းဒေသကြီးနယ်စပ် လုံခြုံရေးဒုဝန်ကြီး ဦးသက်ထွန်း အလှုငွေ(၁၅)သိန်းကျပ်ကိုသွားရောက်လှုဒါန်း

Leave a Comment


ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေတောင်မြို့နယ် ယင်းမှုကုန်းကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှု့ကြောင့် အိုးမဲ့အိမ်မဲ့ဒုက္ခသည်(၃၀)ခန့်ရှိသောမိသားစုများထံသို့ ပဲခူးတိုင်းဒေသကြီးနယ်စပ် လုံခြုံရေးဒုဝန်ကြီး ဦးသက်ထွန်း နှင့်တကွ၊
ဒကစမှုး၊ခရိုင်အုပ်ချုပ်ရေးမှုး၊မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိဌာနဆိုင်ရာ ၀န်ထမ်းများမှ သွားရောက်၍ ဒုက္ခရောက်ပြည်သူများကို အလှုငွေ(၁၅)သိန်းကျပ်ကိုသွားရောက်လှုဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ။ပြည်သတင်း..

အဆိုပါသတင်းမှာ(၁၀.၁၀.၂၀၁၃)ရက်နေ့မှာလာရောက်လှုဒါန်းသွားတာဖြစ်ပြီး သတင်းပေးပို့နေမှုကြာနေခြင်းဖြစ်ပါသဖြင့် ယနေ့ 26.10.2013ရက်နေ့မှတင်ပြအပ်ပါသည်။ ။ပြည်သတင်း...
Read More...

အသစ်စက်စက် ဆိုင်ကယ်တစ်စီးသည် မြောင်းကြီးထဲသို့ ထိုးကျသွား

Leave a Comment


(၂၂.၁၀.၂၀၁၃)ရက်နေ့ မနက်ပိုင်းတွင်ပြည်ခရိုင် မှော်ဇာလမ်းထိပ် မြို့ရိုးအနီးတွင် လိုင်စင်မပါ အသစ်စက်စက် ဆိုင်ကယ်တစ်စီးသည် အဆိုပါမြောင်းကြီးထဲသို့ ထိုးကျသွားကြောင်းသတင်းရရှိခဲ့ပါသည် ဆိုင်ကယ်၏ အရှေ့ပိုင်း မီးခွက်များ နှင့် ကာဘာများအရှေ့ပိုင်းအားလုံး ကြေမွ ပျက်စီးသွားခဲ့ပြီး မောင်းနှင်လာသူကို တော့ ပြည်သူ့ဆေးရုံးကြီး(ပြည်)သို့ သယ်ယူပို့ဆောင်ထားကြောင်းသတင်းရရှိခဲ့ပါသည်။. ပြည်သတင်း...
 
Read More...

မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)တွင် အမျိုးသားများအပြင် အမျိုးသမီးများပါဝင်ကူညီလာ

Leave a Comment


မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)တွင် အမျိုးသားများအပြင် အမျိုးသမီးများပါဝင်ကူညီလာ
*****************************************

ရုပ်ရှင်သရုပ်ဆောင်၊ဒါရိုက်တာ၊အကယ်ဒမီကျော်သူ ဦးစီးသော နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပေးအပ်လှုဒါန်းခဲ့သောမော်တော်ယဉ်ကြီးများဖြင့် ပြည်မြို့နယ် အနီးတစ်ဝိုက်ရှိ မိဘပြည်သူများ၏ အပှုမီးများကို ငြိမ်းအေးစေရန်
အတွက် နွေးထွေးပျူငှာစွာဖြင့် ရေဘေးသင့်ပြည်သူများ၊လေဘေးသင့်ပြည်သူများ၊မီးဘေးသင့်ပြည်သူများ၊ ကျန်းမာရေးအတွက် သုခကုသိုလ်ဖြစ် ဆေးခန်းနှင့် နာရေးကိစ္စများကို မေတ္တာရှေ့ထားဗြဟ္မစိုရ်တရား(၄)ပါးနှင့်အညီ
စေတနာ အနစ်နာ ၀ါသနာ အကြင်နာ ဂရုနာများစွာဖြင့် အခမဲ့ ကူညီဆောင်ရွက်ပေးနေသည့် မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) အနေဖြင့် လက်ရှိဆောင်ရွက်ပေးနေသော နာရေးကိစ္စများနှင့်ပက်သတ်၍ အသက်အရွယ်အပိုင်း
အခြားမရွေး၊ဘာသာမရွေး နာရေးကိစ္စများကို ယာဉ်အမှတ် (၇ခ/၃၄၆၀) ရွှေကနုတ်ကားကားကြီးဖြင့် ကူညီလာမှုကို (၄.၁၁.၂၀၁၃)ရက်နေ့အထိ ဆက်လက်ကူညီမှုများပေးသွားမှာဖြစ်ပြီး ထိုနောက်ပိုင်းတွင် အသက်(၆၀) နှင့် အထက် သက်ကြီး
ရွယ်အို ဘိုးဘွားများ၊၀ါတော်(၃၀) နှင့်အထက် ရဟန်းသံဃာ သီလရှင်ဆရာကြီးများ၊အထူးသဖြင့် နိုင်ငံ့ဂုဏ်ဆောင် တတ်သိပညာရှင်များ၊နေ့ချင်းသဂြိုလ်မည့်နာရေးများကို အထက်ဖော်ပြပါ ရွှေကနုတ်ကားကြီးဖြင့် (၄.၁၁.၂၀၁၃)ရက်နေ့
နောက်ပိုင်းကာလတွင် မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) မှ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ထိုနောက်ပိုင်းကျန်ရှိသောနာရေးကိစ္စများကိုတော့ ဒီကနေ့(၂၅.၁၀.၂၀၁၃)ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ထပ်မံလူဒါန်း
ထားသည့်ယာဉ်အမှတ် (၇ခ/၈၆၆၄) (ဇူး..အမျိုးအစား)အထူးမော်တော်ယာဉ်ကြီးဖြင့် အခမဲ့ နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်လို့သိရှိခဲ့ရသည်။

ထို့အပြင် မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) မှ နေ့စဉ် နေ့လည်(၂)နာရီ သဂြိုလ်မည့် နာရေးကိစ္စများကို နာရေးရှင်မိသားစုများ နာရေးလိုက်ပါပို့ဆောင်ပေးသူများ သက်သောင့်သက်သာ နာရေးလိုက်ပါ ပို့ဆောင်ပေးနိုင်ရန်စိတ်ရည်၍
အာရှ(EXPRESS)စီးခရီးသွားသူမိဘပြည်သူများ၏ ကျေးဇူးကို မေတ္တာရှေ့ထားစွာဖြင့်(အာရှ..EXPRESS)မှန်လုံအဲကွန်းတစ်စီးကို နေ့စဉ် နေ့လည်(၂)နာရီသဂြိုလ်မည့် နာရေးကိစ္စများကို အခမဲ့ ကား(၁)စီးကို အာရှခရီးသွားလုပ်ငန်းမိသားစုမှ
ကူညီပို့ဆောင်ပေးလျှက်ရှိပါသည်။ ထို့အပြင် အပတ်စဉ် တနင်္ဂနွေနေ့ နေ့တိုင်းတွင်ရှိသော နာရေးကိစ္စများကို မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)၏ အမျိုးသမီးလုပ်အားပေးများဖြင့် ကူညီပေးလျှက်ရှိခဲ့ပါသည် အဆိုပါ မိုးမေတ္တာနာရေးကူ
ညီမှုအသင်းတွင် အမျိုးသားများသာမကပဲ အမျိုးသမီးများမှလည်း ပြည်သူတို့၏နာရေးကိစ္စများကို အပတ်စဉ် တနင်္ဂနွေနေ့ နေ့တိုင်းတွင်ရှိသော နာရေးကိစ္စများကို မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)၏ မိမိတို့ အမျိုးသမီးများကိုယ်တိုင်
ကိုယ်ကျကူညီဆောင်ရွက်ပေးနေမှုများလည်းရှိခဲ့ပါသည်။ ဟု မိုးမေတ္တာနာရေးကူညီမှု့အသင်း(ပြည်) မှ အတွင်းရေးမှုး ဦးညီညီအောင် မှ ပြည်သတင်းသို့ပြောကြားခဲ့ပါသည်။ ။ပြည်သတင်း...

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ခရီးသွားရင်စရိတ်ပျက်သွားမှာဆိုးလို့ ကြိုတင်ဆောင်ယူသွားနိုင်ရန်တင်ပြအပ်ပါသည်။... ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ 2013 - 2014 မော်တော်ဆိုင်ကယ်ဘီးခွန်များ ကောက်ခံ

Leave a Comment


ခရီးသွားရင်စရိတ်ပျက်သွားမှာဆိုးလို့ ကြိုတင်ဆောင်ယူသွားနိုင်ရန်တင်ပြအပ်ပါသည်။...

ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ 2013 - 2014 မော်တော်ဆိုင်ကယ်ဘီးခွန်များ ကောက်ခံ

ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ 2013 - 2014 မော်တော်ဆိုင်ကယ်ဘီးခွန်များကို တစ်စီးလျှင် 2000 နှုန်း မြို့အ၀င်ဂိတ်တွင် ကောက်ခံလျှက်ရှိကြောင်း သတင်းရရှိပါသည်။

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ဝန်ထမ်းအလိုရှိပါသည်

Leave a Comment

ဝန်ထမ်းအလိုရှိပါသည်

Pro Computer & Mobile မှ အမျိုးသား/အမျိုးသမီး ၀န်ထမ်း အလိုရှိသည်။

အလုပ်လျှောက်လိုသူများ
ဆိုင်သို့ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သည်။

Pro Computer & Mobile

Ph - 09-428123000 / 09-423723000

Email - promobilepyay@gmail.com

https://www.facebook.com/ProComputerMobile

အခန်း(၅)၊ မီးသတ်တိုက်ခန်း၊ ထွန်းသီရိရုံရှေ့၊

ကန်လမ်း၊ ကျောင်းကြီးရပ်၊ ပြည်မြို့။


ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

Read More...

Thursday, October 24, 2013

ရွှေကိုရှာသူ...........(Maung Maung Myo)

Leave a Comment

ရွှေကိုရှာသူ
=========


ညနေဆိုအချိန်ပြည့်
သိမ်သိမ်မွေ့သူ့အထာ
အနုပညာရမက်သွေးလွှမ်း
အသက်သွေးစခန်း
ရတက်မအေးလွမ်းရသူ....

နုနုငယ်လှငယ်လေး
ငါ့နှယ်မအေးအပူသဏ္ဍန်
လူမဆန်လို့ပြောချင်သလား
မူမမှန်တော့သူ့နေထား။

သူ့အသံနဲ့ရုပ်အခံ
အဟုတ်မှန်မမှား
ကျုပ်ဥာဏ်များလို့
နှုတ်အခံမှားမိတာတွေဟာ
အပြုတ်နှံသွားစေလား။

မခွဲရက်ပါဘူးလို့
အသဲသက်ပါပုံကာအပ်ပေမယ့်
စွဲတသက်သာသူကမယုံတော့
ပွဲပျက်ကာရူး။

အကုန်လှဘိသူမှာက
ဂုဏ်အလှရှိသူကိုသာမျှော်တာ ကြောင့်
လူဘဝသိချိန်ပူတာရယ်မှာ
သူကသိဘူး။

နေ့စဉ်သာတွေ့ချင်ပါလည်း
ငွေးကြေးခမျာမပြည့်စုံတာကြောင့်
တွေ့ဆုံဖို့လွယ်ကူပေါင်
ငွေဖြူဖြူရှိဘူး
လေတလူတလူလွင့်ခဲ့ပါတယ်
မေသူသူသိနိုင်ဘူး။

အပေတေလူဒီလူကို
ရွှေလိုလူမောင့်သက်ထားက
နေလိုပူစောင့်မျှော်လှည့်ပါ့
မောင့်သက်ရွှေထား။

နောက်ရက်တွေများတော့
စောင့်လျက်မနေမနား
အောင့်သက်အနေထားနဲ့
လျှောက်လျက်လေပွားပြီး
မျောက်လက်တွေများလို
အပန်းပြေပျောက်စေဖို့
စမ်းရောက်နောက်အောင်ကို
လမ်းတွေလျှောက်ကာဖြင့်
အနမ်းတွေတောက်လို့ရယ်
ဂရမ်းရွှေတတောင့်ကိုသတိရမိတယ။်(Maung Maung Myo)
Read More...

တရားဝင်အသင်းအဖွဲ့ ဖွဲ့စည်းမိန့်မရရှိဘဲ ဆွေးနွေးဟောပြောပွဲများမပြုလုပ်ရန် အသိပေးအကြောင်းကြားခြင်း

Leave a Comment


မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်အုပ်ချုပ်ရေးမှုးရုံး(ပြည်မြို့)
စာအမှတ်၊၅/၃-၁၆/ဦး ၆(၂၆၀၅) ...၂၄.၁၀.၂၀၁၃ ခုနှစ်ရက်စွဲ..

သို့/
ဦးမြင့်နိုင်ထွန်း
အမှတ်(၂၃/၂ ဃ)ကနောင်မင်းသားကြီးလမ်း
ကြံတောကုန်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့

အကြောင်းအရာ။   ။တရားဝင်အသင်းအဖွဲ့ ဖွဲ့စည်းမိန့်မရရှိဘဲ ဆွေးနွေးဟောပြောပွဲများမပြုလုပ်ရန် အသိပေးအကြောင်းကြားခြင်း။

၁။ပြည်မြို့ရွာဘဲရပ်ကွက်နေ ဦးမြင့်နိုင်ထွန်းသည် တရားဝင်အသင်းအဖွဲ့ ဖွဲ့စည်းမိန့်မရရှိသေးဘဲ လူစုလူဝေးဖြင့် တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့ အမည်ခံ၍ ပြည်မြို့နယ်အတွင်း ကျေးရွာအုပ်စုများ၌ စုဝေးဟောပြောခြင်း၊
လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နှင့် အခြားအကြောင်းအရာများဟောပြောခြင်းတို့ကို ပြုလုပ်နေပါကြောင်း ဓါတ်ပုံမှတ်တမ်း၊လူသက်သေတို့အရ စိစစ်တွေ့ရှိရပါသည်။

၂။ထိုသို့ခွင့်ပြုချက်မရရှိဘဲ လူစုလူဝေးဖြင့်(၅.၅.၂၀၁၃)ရက်နေ့တွင် ပေါင်းတလည်မြို့ အနောက်ပိုင်းရပ်ကွက် ဦးစိုးအောင်နေအိမ်၌ တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့ ဗွီနိုင်းများချိတ်ဆွဲ၍ ဟောပြောခဲ့မှုကြောင့်  ၄င်းရပ်ကွက်နေ
ဦးအေးမောင်(ခ)ဦးဖိုးလုံး မှ (ရေးတာကစာ၊လုပ်တာက ဥပဒေမဲ့)ဟူသော စာသားပါအကြောင်းအရာဖြင့် ၂၀၁၃ ခုနှစ် ဇူလှိုင်လ (၅)ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားစာပေးပို့ခဲ့ပါသည်။ ၄င်းတိုင်ကြားစာအရ မြို့နယ်အုပ်ချုပ်ရေးမှုးရုံး
မှ ခေါ်ယူစစ်ဆေးခဲ့ပြီး သုံးသပ်အကြံပြုချက်များနှင့်အညီ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးမှအဆိုပါတင်ပြချက်အပေါ် သုံးသပ်အကြံပြုချက်အတိုင်း ဆောင်ရွက်ရန်ညွှန်ကြားခဲ့သည့်အတွက်
ပြည်မြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ ၂၀၁၃ ခုနှစ် စက်တင်ဘာ(၆)ရက်နေ့တွင် ဦးမြင့်နိုင်ထွန်းဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့ အားခေါ်ယူတွေ့ဆုံခဲ့ပြီး အသင်းအဖွဲ့တရားဝင်ဖွဲ့စည်းခွင့်ရရှိစေရေး တင်ပြရန်ရှင်းလင်းခဲ့ပါသည်။

၃။ဦးမြင့်နိုင်ထွန်း ဦးဆောင်သောအဖွဲ့သည် ၂၀၁၃ ခုနှစ် ဇူလှိုင်လ(၁၈)ရက်နေ့တွင် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်လျှောက်အား ဤရုံးသို့လျှောက်ထားလာပါသည်။ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေတွင် ဖွဲ့စည်းခွင့်လျှောက်ထားလာပါက မြို့
နယ်အုပ်ချုပ်ရေးမှုးမှ  အချက်အလက်ပေါင်း(၇)ချက်၊အပိုဒ်ခွဲငယ်ပေါင်း(၆)ခုတို့ဖြင့် စိစစ်ပြီးပြည့်စုံပါက မိမိ၏အစီရင်ခံစာ နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှုးထံတင်ပြရပါသည်။ ခရိုင်အုပ်ချုပ်ရေးမှုးမှ စိစစ်ပြီး ပြည့်စုံပါက မိမိ၏အစီရင်ခံစာနှင့်အတူ
တိုင်းဒေသကြီးအုပ်ချုပ်ရေးမှုးထံ ဆက်လက်တင်ပြရပါမည်။ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှုး မှ စိစစ်ပြီး ပြည့်စုံမှန်ကန်မှု့ရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်ရယူပြီး  အမှုတွဲအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြ
ရမည်ဖြစ်ပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ လိုအပ်သည်များပြန်လည်စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေး နှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့ သို့တင်ပြအဆုံးအဖြတ်ရယူရမည်ဖြစ်ပါသည်။

၎။အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအခန်း(၂)၊ပုဒ်မ(၃)၊ပုဒ်မခွဲ(ဂ)တွင် “ခွင့်ပြုချက်မရရှိသော အသင်းအဖွဲ့များကိုဖွဲ့စည်းခြင်း(သို့မဟုတ်)ဆက်လက်ရပ်တည်လှုပ်ရှားခြင်း မပြုရ” ဟုပြဌာန်းထားပြီး ယင်းဥပဒေ အခန်း(၄)၊ပုဒ်မ(၆)တွင် မည်သူမ
ဆို ပုဒ်မ(၃)၊ပုဒ်မ ခွဲ (ဂ)ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထောင်ဒဏ်(၅)နှစ်ကျခံစေရမည်ဟု” ပြဌာန်းထားပါသည်။ထို့အပြင် ပုဒ်မ(၇)တွင်”မည်သူမဆို ပုဒ်မ(၃)၊ပုဒ်မခွဲ(ဂ)အရ ဖွဲ့စည်းခွင့်ကိုဖြစ်စေ၊ဆက်လက်
ရပ်တည်ခွင့်ကိုဖြစ်စေ၊မရရှိသောအသင်းအဖွဲ့(သို့မဟုတ်)ပုဒ်မ(၅)အရ ဖွဲ့စည်းခွင့်မရှိသော အသင်းအဖွဲ့တစ်ခုခုတွင် ပါဝင်ကြောင်း အသင်းအဖွဲ့ ကိုအားပေးကူညီကြောင်း၊(သို့မဟုတ်)ထိုအသင်းအဖွဲ့၏ အဆောင်အယောင်ကို အသုံးပြုကြောင်း
 ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်(၃)နှစ်ကျခံစေရမည်” ပြဌာန်းထားပါသည်။

၅။ဦးမြင့်နိုင်ထွန်း ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေး အထောက်အကူပြုအဖွဲ့သည် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ လျှောက်ထားခဲ့သည်မှာ မှန်ကန်သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ စိစစ်ရမည့်ကိစ္စရပ်များအား စိစစ်နေဆဲကာလ
ဖြစ်သည့်အတွက် တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့ အမည်ခံ၍လူစုလူဝေးဖြင့် မည်သည့်လှုပ်ရှားမှုကိုမျှ ပြုလုပ်ခွင့်မရှိပါ။မြို့နယ်အုပ်ချုပ်ရေးမှူးမှ(၁၃.၉.၂၀၁၃)ရက်နေ့တွင် မြို့နယ်တရား
ဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ
အစည်းအဝေး၌ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများအား တရားဝင်ဖွဲ့စည်းမိန့်မရရှိသေးသည့် မည်သည့်အသင်းအဖွဲ့မျှ လှုပ်ရှားဆောင်ရွက်ခြင်းမပြုရန်နှင့်ခွင့်ပြုချက်မရှိဘဲ အသင်းအဖွဲ့အမည်ခံပြီး လှုပ်ရှားဆောင်ရွက်ပါက အထက်ပါဥပဒေ
ပုဒ်မများနှင့်အညီ တရားဆွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။အဆိုပါပြောကြားချက်သည် မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် မိမိလက်အောက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေနှင့်အညီ
အပ်နှင်းသည့်လုပ်ပိုင်ခွင့် နှင့်တာဝန်အရ ညွှန်ကြားခဲ့ခြင်း ဖြစ်ပါသည်။ဦးမြင့်နိုင်ထွန်းဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့သည် တရားဝင်ဖွဲ့စည်းမိန့်မရသေးသည့် အသင်းအဖွဲ့ဖြစ်သည့်အတွက် ၄င်းအဖွဲ့တွင်ပါဝင်နေသော
ပါဝင်နေသော  အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရာအိမ်မှူး၊ဆယ်အိမ်မှူးများအား နှုတ်ထွက်စေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဦးမြင့်နိုင်ထွန်း ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့သည် တရားဝင်ခွင့်ပြုချက်မရသေးသည့်အတွက်
 အုပ်ချုပ်ရေးယန္တရားမှ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ ၄င်းအသင်းအဖွဲ့တွင်ပါဝင်နေပါက တရားဝင်အဖွဲ့အစည်းဖြစ်နေသယောင် ပြည်သူများမှ ထင်မြင်ယူဆနိုင်ပါသည်။နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကိုတထောင့်တစ်နေရာ မှပါဝင်နေသော အုပ်ချုပ်ရေးမှူးများ၏
လုပ်ငန်းဆောင်ရွက်မှုတို့ကို အဟန့်အတားဖြစ်နေသည်ဟု ဦးမြင့်နိုင်ထွန်း ဦးဆောင်သည့်အဖွဲ့နှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် အခြေအနေများကို သုံးသပ်ရရှိသဖြင့် နှုတ်ထွက်စေခဲ့ခြင်းဖြစ်ပါသည်။
၆။သို့ဖြစ်ပါ၍ ဦးမြင့်နိုင်ထွန်း ဦးဆောင်သော တရားဥပဒေစိုးမိုးရေးအထောက်အကူပြုအဖွဲ့သည် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့်ကြီးကြပ်မှုဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရသေးမှီကာလအတွင်း မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရန်နှင့်
လိုက်နာခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေပါက အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရသော်လည်းကောင်း၊တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းစာအရသိရှိရပါသည်။   ။ပြည်သတင်း...


Read More...

Facebook Like Page