Saturday, November 30, 2013

၁၃၇၅ ခုနှစ် စာဆိုတော်နေ့အခမ်းအနား နှင့် စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဖိတ်ကြားလွှာ

Leave a Comment

၁၃၇၅ ခုနှစ် စာဆိုတော်နေ့အခမ်းအနား နှင့် စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဖိတ်ကြားလွှာ
******************************************************************

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပမည့် ၁၃၇၅ ခုနှစ်
စာဆိုတော်နေ့အခမ်းအနား နှင့် အခြေခံပညာအထက်တန်း(မြို့နယ်အဆင့်)စာဆိုတော်နေ့ အထိမ်းအမှတ်
စာစီစာကုံးပြိုင်ပွဲအား အောက်ပါအစီစဉ်အတိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စာသူအားလုံး
မပျက်မကွက်တက်ရောက်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အဆိုပါအခမ်းအနားကို (၃.၁၂.၂၀၁၃)..၁၃၇၅..ခုနှစ်၊နတ်တော်လဆန်း(၁)ရက်(အင်္ဂါနေ့)
နံနက်(၈း၀၀)ရီအချိန် မှ နံနက်(၁၁း၀၀)နာရီအချိန်အထိကို ပြည်မြို့၊အမှတ်(၁)အ.ထ.က၊ ကျောင်းအတွင်းရှိ
(သီရိရတနာခန်းမကြီး)တွင်ကျင်းပပြုလုပ်သွားမည်ဟု အလုပ်အမှုဆောင်အဖွဲ့ ပြည်မြို့နယ်စာရေးဆရာများ
အသင်းထံမှ သတင်းရရှိခဲ့ပါသည်။....

ပြည်သတင်း
https://www.facebook.com/pyaynews


Read More...

၃၀.၁၁.၂၀၁၃ ရက်နေ့ တွင် ညနေပိုင်းအချိန် ပြည်မြို့တွင် တစ်နေ့တည်း နှင့် ယဉ်တိုက်မှု(၃)ခုဖြစ်

Leave a Comment


ဒီကနေ့ပြည်မြို့တွင် တစ်နေ့တည်း နှင့် ယဉ်တိုက်မှု(၃)ခုဖြစ်
**************************************

၃၀.၁၁.၂၀၁၃ ရက်နေ့ တွင် ညနေပိုင်းအချိန် ဗိုလ်ချုပ်လမ်းမကြီး ခေတ္တရာမြို့တော် ခန်းမကြီးနားမရောက်မှီ ဥယျာဉ်မူးဘုရား နှင့် ရတနာ
မာန်အောင်လမ်းအတွင်းရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် စက်ဘီး နှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တိုက်သွားသောဆိုင်ကယ်မှာ
ထွက်ပြေးတိမ်းရှောင် လွတ်မြောက်သွားပါသဖြင့် အဆိုပါသတင်းကို တိကျသေချာခိုင်လုံစွာမဖော်ပြ နိုင်ခဲ့ပါ ထို့နောက် ပြည်မှ
ပေါင်းတလည် ဘက်သို့မောင်းနှင်လာသော လိုင်းကား(ပြည်/ပေါင်းတလည်)လူစီးမော်တော်ယဉ်တစ်စီးသည် ပြည်ပေါင်းတလည်လမ်းနှင့်
မှော်ဇာလမ်းဆုံထိပ်အကျော်တွင်လမ်းဘေးသို့ထိုးကျသွားသဖြင့်
ကရိန်းကားတစ်စီးဖြင့် ပြန်လည်ပြီးကားလမ်းမပေါ်သို့ ဆွဲတင်ခဲ့ကြောင်းထပ်မံသတင်းရရှိခဲ့ပါသည် အဆိုပါသတင်းပေးမှုများကိုကျေးဇူးအထူး
တင်မိပါကြောင်းနှင့် သတင်းလိုက်နောက်ကျသွားခြင်းကြောင့် သတင်းချစ်သူ မိဘပြည်သူများထံသို့ တိကျသေချာခိုင်မာသော သတင်း(၂)
ပုဒ်အားမဖော်ပြနိုင်ခဲ့ပါ ထို့နောက် ဒီကနေ့ ည(၇း၃၀)မိနစ်အချိန်ခန့်မှာ အောင်လံ ဘက်မှ ပြည်ဘက်သို့အလာ ရဲသင်တန်းကျောင်းဆင်း
ရဲသင်တန်းကျောင်းဆင်းရဲသားများအား သယ်ဆောင်လာသော မော်တော်ယဉ်တစ်စီးသည် မော်တော်ဆိုင်ကယ်တစ်စီး နှင့် စက်ဘီးတစ်စီး
အား ၀င်ရောက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။

 အဆိုပါသတင်း နှင့်ပက်သတ်ပြီး ပြည်ယဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား ပြည်သတင်းမှ မေးမြန်းခဲ့ရာ ယခုလိုပြန်လည်ဖြေကြား
ခဲ့ပါသည်။....                အချိန်က(၇း၃၀)မိနစ်အချိန်ကပါ အရှေ့ဘက် အောင်လံဘက်ကလာတဲ့ ရဲသင်တန်းကျောင်းဆင်းတွေကိုသယ်ဆောင်
လာတဲ့မော်တော်ယဉ်ပါ နာရီစဉ် မီးပွိုင့်မှ ရပ်မျဉ်းအကျော်မှာ ရပ်နေတဲ့အမျိုးသမီးတစ်ဦး၏ ဆိုင်ကယ်ကို ရှောင်တိမ်းလိုက်ရာမှ ကျယ်လောင်
စွာထွက်ပေါ်လာတဲ့အသံ(ဘရိတ်ရူးပေါက်သံဟု အနားဝန်းကျင်မှ ပြောကြားခဲ့)ကြောင့် ဆိုင်ကယ်ကိုတိုက်မိမှာဆိုးလို့ ရှောင်တိမ်းရာမှ လမ်း
ဘေးရှိ စက်ဘီးတစ်စီးကိုပါ ကားဘီးနဲ့ကျိတ်မိခဲ့တာပါ မော်တော်ဆိုင်ကယ်အမျိုးသမီးကတော့ မော်တော်ဆိုင်ကယ်ရဲ့ နောက်ဖင်ပိုင်းနှင့်ကား
ချိတ်မိပြီး မော်တော်ဆိုင်ကယ်အနောက်ချမ်း ပျက်စီးသွားပါတယ် အမျိုးသမီးကတော့ ဖင်ထိုင်လျှက်လဲကျသွားခဲ့ပါတယ် အဲနောက်အမျိုး
သမီးကို အနီးနားရှိပြည်သူများနှင့် ကျွန်တော်တို့ပူးပေါင်းပြီး ပြည်မြို့ ပြည်သူဆေးရုံကြိးကို ပို့ဆောင်ခဲ့ပါတယ် အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာ
ရရှိခဲ့ပါတယ်  ဆိုင်ကယ်နဲ့ကားနဲ့ချိတ်မိနေလို့ ၀ိုင်းဝန်းပူးပေါင်းမှုတွေနဲ့ ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ် အမျိုးသမီးနဲ့ ကားနဲ့က
(၁ ပေခွဲ)လောက်အကွာမှာဖင်ထိုင်လျှက်ကျသွားတာပါ ဟု ပြည်ယဉ်ထိမ်းရဲတပ်ဖွဲ့ဝင်တစ်ဦး မှ ပြည်သတင်းသို့ ပြန်လည်ဖြေကြားခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ် နှင့် ပက်သတ်ပြီး ပြည်အမှတ်(၂)မြို့မ ရဲစခန်းသို့ ထိုနေည(၈း၀၀)အချိန်တွင်(ပ..နံပါတ်) နှင့် အမှုဖြစ်စဉ်အကျဉ်းအား သွားရောက်တောင်းခံခဲ့ရာ အဆိုပါ
စခန်းမှ တာဝန်ရှိသူတစ်ဦးက ကျွန်တော်တို့ အခုမှ သွားတုန်းလာတုန်းပဲရှိသေးပါတယ် ကျွန်တော်တို့ဆီကို ဘာမှရောက်မလာသေးဘူးဟု
ကျွန်တော်တို့လည်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတုန်းပါပဲဟု တာ
ဝန်ရှိသူတစ်ဦးမှ ပြန်လည်ပြောကြားခဲ့ပါသည်။

အဆိုပါယဉ်တိုက်မှုမှာ ပြည်မြို့ အမှတ်(၂)ရဲစခန်းအနီးရှိ မီးပွိုင့်အနီးတွင် အဆိုပါယဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဒီကနေ့(၃၀.၁၁.၂၀၁၃)ရက်နေ့
ညနေပိုင်းအချိန်မှ စပြီး ညပိုင်အချိန်အထိ ပြည်မြို့အတွင် ယဉ်တိုက်မှု(မတော်တဆမှု)များဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်..


 ပြည်သတင်း
https://www.facebook.com/pyaynews







Read More...

ငါးရက်ကြာ ပျောက်သွားသော ကျောင်းသား အလောင်း မြစ်အတွင်း၌တွေ့

Leave a Comment

ပြည်မြို့တွင် နေအိမ်မှ ငါးရက်အကြာ ပျောက်ဆုံးသွားသော ကျောင်းသားတစ်ဦးကို နိုဝင်ဘာ ၂၅ ရက် ည ၁၂ နာရီခန့်တွင် ကြံခင်းမြို့နယ်၊ ဆိပ်သာမြို့ရဲကင်းအနီး ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်း၌ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။
သေဆုံးသူမှာ ပြည် အထက (၅)မှ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ညနေက ကျောင်းမှပြန်လာကာ ညနေ ၄ နာရီခန့်တွင် မိခင်ဖြစ်သူအား မုန့်သွားဝယ်မည်ဟုခွင့်တောင်းကာ ဆိုင်ကယ်ဖြင့် အပြင်ထွက်သွားခဲ့ရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မိဘများထံမှ သိရသည်။

မိဘများက လိုက်လံရှာဖွေရင်း လူပျောက်တိုင်ကြားခဲ့ရာ န၀ဒေးတံတား ကားလမ်းပေါ် တံတားတိုင်အမှတ်(၉)နေရာတွင် ၎င်းလူငယ်စီးသွားသော ဆိုင်ကယ်နှင့် ဖိနပ်ကို စတင်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
 
ကလေးက ကျောင်းကပြန်လာပြီး သူ့အမေကိုပြောတယ်။ ကျောင်းမှာ မြန်မာစာကနေ အင်္ဂလိပ်စာပြောင်းတဲ့အချိန်၊ သူက ပန်းချီဆွဲနေတုန်း ဆရာမရောက်လာပြီး သိမ်းတယ်။ သူကလိုက်တောင်းပန်ပြီး တောင်းပေမယ့် နင့်မိဘတွေခေါ်ခဲ့လို့ ဆရာမကပြောလိုက်တယ်လို့ ဆိုတယ်။ သူ့ အမေက နင့်အဖေလည်း ခရီးသွားရာကပြန်ရောက်နေပြီ။ နင့်အဖေကိုခေါ်သွားလို့ ပြန်ပြောခဲ့တယ်။ အဲဒါနဲ့ သူ့ညီမလေးနဲ့တောင် ဆော့နေသေးတယ်။ ခဏကြာမှာ သူ့အမေဆီခွင့်တောင်းပြီး မုန့်ဝယ်ထွက်သွားရာကနေ ပျောက်သွားတာ””ဟု ကျောင်းသား၏ ဖခင်ဖြစ်သူက ပြောသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး အထက(၅)ပြည်မြိ့ရှိ သက်ဆိုင်ရာဆရာမများအား သွားရောက်မေးမြန်းခဲ့ရာ ယင်းကျောင်းသားမှာ ကျောင်းတွင်းပြဿနာမရှိဖူးကြောင်း ဖြေကြားသည်။ အင်္ဂလိပ်စာဆရာမက““အဲဒီကလေးရဲ့ မိဘတွေကို ခေါ်ခိုင်းတာမျိုးမရှိပါဘူး။ ပန်းချီဆွဲနေတာလည်းမတွေ့ဘူး။ ရည်းစားစာရေးတာတော့တွေ့ပေမယ့် စာသင်ချိန်ဖြစ်နေတဲ့အတွက် ဖမ်းဆီးတာမျိုးမလုပ်ဘဲ စာဆက်သင်ခဲ့ပါတယ်”” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောင်းသား၏ ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာမတွေ့ရကြောင်း၊ တံတားပေါ်မှခုန်ချသည်ဟု ယူဆရပြီး ကြံခင်းမြို့နယ်ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၃ အရ အမှုဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း န၀ဒေးတံတားရဲကင်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

7 Daily
Pyay City
ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

Friday, November 29, 2013

ခြံရောင်းရန် ရှိသည်

Leave a Comment
တည်နေရာ။ ။ပြည်မြို့နယ် မှောဇာအုပ်စု ဈေးရပ်ကွက် ကားလမ်းဘေး
ပေ ၆၀ - ပေ ၈၀ ခြံရောင်းရန် ရှိသည်

တည်နေရာ။ ပြည်မြို့နယ် မှော်ဇာအုပ်စု ဈေးရပ်ကွက် ပေ ၁၂၀ - ပေ ၁၀၀ ရောင်းရန် ရှိသည်။ ကားလမ်းဘေး။

တည်နေရာ။ ပြည်မြို့နယ် မှော်ဇာအုပ်စု ဈေးရပ်ကွက်
ပေ ၈၀ ပေ ၁၀၀ ခြံရောင်းရန် ရှိသည်။ ကားလမ်းဘေး။

တည်နေရာ။ ။ပြည်မြို့နယ် မှောဇာအုပ်စု တောင် လုံးညိုကျေးရွာ
မြေအမျိုးအစား xမြေ ၃.၅၀ခြံရောင်းရန် ရှိသည်။

ဆက်သွယ်ရန် - ဖုန်း-၀၉-၃၁၂၁၇၈၅၆


ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

ရောင်းမည်

Leave a Comment
ရောင်းမည်

ကြိုးဖုန်းတစ်လုံး 053-25xxx ADSL (1 M) ပါပြီး

ဈေးနှုန်း - ၈.၅ သိန်း

ဆက်သွယ်ရန် - 095310003

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

ရောင်းမည်

Leave a Comment
ရောင်းမည်

iPhone 5 ၊ အဖြူအသန့် 32G ၊ ပစ္စည်းစုံ ၆ သိန်း (ညှိနှိုင်း)

ဆက်သွယ်ရန် - 095 376 326

ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

သရေခေတ္တရာမြို့ဟောင်းမှ ဘုရားထောင်ဘုရား

Leave a Comment





ဘုရားထောင်ဘုရား

သရေခေတ္တရာ ပျူခေတ် (အေဒီ ၄ - ရာစုမှ ၉ - ရာစုအတွင်း) တည်ထားခဲ့သော ဘုရားတစ်ဆူဖြစ်သည်။

ပုဂံဘုရားအချို့တွင် တည်ဆောက်ထားသကဲ့သို့ ကုလားကျောင်းခံ တည်ဆောက်ထားသော စေတီတစ်ဆူဖြစ်သည်။ အနားတစ်ဘက်တွင် (၃၈) ပေစီရှည်လျားသည်။ ဥာဏ်တော်အမြင့်မှာ (၁၈) ပေခန့်ရှိသည်။ အောက်ခံကုလားကျောင်း၏ မျက်နှာ (၄) ဘက်တွင် မုခ်ပေါက်များရှိသော်လည်း ယင်းမုခ်ပေါက်များကို အုတ်များဖြင့် စီပိတ်ထားသည်။

စေတီအားတည်ထားကိုးကွယ်ခဲ့သော ဒါယကာနှင့် တည်ထားခဲ့သောနှစ်ကို အတိအကျ မသိရပေ။ ၁၉၅၈ ခုနှစ်မှစတင်ပြီး ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဇယားဝင်အဆောက်အအုံအဖြစ်သတ်မှတ် ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိပါသည်။

သရေခေတ္တရာ ပျူယဉ်ကျေးမှု အမွေအနှစ်နယ်မြေ

သရေခေတ္တရာ ပြည်မြို့။

ပြည်သတင်း
https://www.facebook.com/pyaynews
— in Pyay.
Read More...

သရေခေတ္တရာမြို့ဟောင်းမြေပုံ

Leave a Comment
သရေခေတ္တရာမြို့ဟောင်းမြေပုံ

သရေခေတ္တရာ ပြည်မြို့။

ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

Thursday, November 28, 2013

ပြည်မြို့၊ လေးဆူ ဓာတ်ပျော် ရွှေဆံတော် စေတီတော် တောင်တော်တည်တံ့ရေး ထိန်းသိမ်းမှု ဆောင်ရွက်မည်

Leave a Comment

ပြည် နိုဝင်ဘာ ၂၇

သြ၀ါဒါစရိယ ဆရာတော်ကြီးများ၏ သြ၀ါဒကိုခံယူလျက် လေးဆူ ဓာတ်ပျော်ရွှေဆံတော်စေတီတော် မြတ်ကြီးကိန်းဝပ်ရာ သုဒဿန တောင်တော် မြေသားတည်ငြိမ်ရန် ထိန်းခြင်း၊ ရင်ပြင်တော်တိုးချဲ့ခြင်း၊ ကျားပျံမကောက် ဓမ္မာရုံအသစ် ပြန်လည်တည်ဆောက်ခြင်းတို့ကို စေတီတော်ဂေါပကအဖွဲ့က ဦးစီးလုပ်ဆောင် လျက်ရှိသည်။ ရတနာပုံထီးဘုရား အောင်ခြေ ပတ်လည်၊ မြတ်စွယ်တော်တိုက်နှင့် စေတီတော်အကြားတို့တွင် အက်ကြောင်းပေါ်လာသဖြင့် တောင်တော်မြေသားတည်ငြိမ်ရန် ထိန်းခြင်း လုပ်ငန်းကို စတင်လုပ်ဆောင်မည်ဖြစ်ပြီး ရွှေတောင်ကုမ္ပဏီမှ တောင်တော်မြေသား ထိန်းသိမ်းခြင်းနှင့် ရင်ပြင်တော်တိုးချဲ့ခြင်း၊ အက်ကြောင်းပေါ်သောနေရာနှင့် ရင်ပြင်တော်တိုးချဲ့မည့်နေရာတို့၌ စိန်လွန် ကျင်းများတူးဖော်ပြီး မြေသားနမူနာများ၊ ကျောက်သားနမူနာများ၏ ဂုဏ်သတ္တိများကို စမ်းသပ်ရန် လုပ်ဆောင်နေပြီဖြစ်သည်။ တောင်တော်မြေသား တည်ငြိမ် ရန်ထိန်းခြင်း၊ ရင်ပြင်တော်တိုးချဲ့ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ပြီးမှ ရင်ပြင်တော်တိုးချဲ့သည့်နေရာ၌ Bored Pile များဖြင့် သုံထပ်ဓမ္မာရုံ တည်ဆောက်မည်ဖြစ်ပါ၍ အလှူရှင်များ ရွှေဆံတော်တွင် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

MAL282013
Pyay City
ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

ဖောကားတစ်စီး တံတားဖြင့် ၀င်တိုက်မိ

Leave a Comment


ဝက်ထီးကန်မြို့တွင် (ကြံ) ကုန်တိုက်နေသော ဖောကားတစ်စီး
မြို့အဝင်ရှိ တံတားဖြင့် မတော်တဆ ဝင်တိုက်မိ

ဝက်ထီးကန်မြို့ရဲ့စာမျက်နှာများ

ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

ကျီးသဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ (၁၁) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားဖိတ်ကြားခြင်း

Leave a Comment


ပဲခူးတိုင်းဒေသကြိး (အနောက်) ရွှေတောင်မြို့နယ် ကျီးသဲ အခြေခံပညာ အထက်တန်းကျောင်း (၁၁) ကြိမ်မြောက်အထိမ်းအမှတ် အငြိမ်းစားသက်ကြီး မြတ်ဆရာပူဇော်ပွဲကို အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အပူဇော်ခံ ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေ့စွဲ။ ။ ၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၈) ရက် (25.12.2013)
အချိန်။ ။ နံနက် (၈) နာရီမှ (၁၂) နာရီထိ
နေရာ။ ။ အ.ထ.က ကျီးသဲ လေးထပ်ခန်းမဆောင်

ဆက်သွယ်ရန်
ဦးအေးမြင့် (ရန်ကုန်) 09-5001644
ဦးကျော်ဖြင့် (ရန်ကုန်) 09-448021655
ဦးသိုက်ထွန်း (ပြည်) 09-5312434
ဦးအေးစော (ပြည်) 09-42367501
ဦးဝင့်ဝါ (ပြည်) 09-43006637
ဦးကျော်ဌေး (ကျီးသဲ) 09-49500297
ဦးဇော်လေး (ကျီးသဲ) 09-49500334
ဦးကိုကိုရဲတင့် (လက်ပန်ပု) 09-423705700

စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် ကျောင်းသား/ကျောင်းသူဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

Wednesday, November 27, 2013

ရောင်းမည်

Leave a Comment
(30 - 80) ပေ ဘိုးဘွားပိုင်၊ အောင်ဆန်းလမ်းမကြီး၊ မင်းပေါင်းစုတည်ဘုရားရှေ့၊ ဖိုက်စတား စတိုး၊ အချက်အချာကျသောနေရာတွင်ရှိသည်။

(သင့်တင့်သောဈေးဖြင့်ရောင်းမည်။)

ဆက်သွယ်ရန် - 053-27268

ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

အမှန်တရားတစ်ခုအတွက် ကျွန်တော်တို့တွေ ဒီလိုဝိုင်းခဲ့ပါတယ်

Leave a Comment


အမှန်တရားတစ်ခုအတွက် ကျွန်တော်တို့တွေ ဒီလိုဝိုင်းခဲ့ပါတယ်
****************************************

ပြည်ဒေသခံလူထုနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူမှ ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် ပန်ကြားချက်တွင် လက်မှတ်ရေးထိုး
Read More...

ပြည်မြို့တွင် ဖရောင်းတိုင်မီးထွန်းရာမှ ဖရောင်းတိုင်လဲကျပြီး လေဖြတ်ရောဂါသည် မီးလောင်သေဆုံး

Leave a Comment


ပြည်မြို့တွင် ဖရောင်းတိုင်မီးထွန်းရာမှ ဖရောင်းတိုင်လဲကျပြီး လေဖြတ်ရောဂါသည် မီးလောင်သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့၊ဆံတော်ရပ်ကွက်တွင်၂၅.၁၁.၂၀၁၃ရက်နေ့ည(၇)
နာရီ(၄၅)မိနစ်အချိန်က နေအိမ်တွင် ဖယောင်းတိုင်မီးထွန်းရာမှ ဖယောင်းတိုင်လဲကျပြီး
အိပ်နေသော လေဖြတ်ရောဂါသည်၏ စောင်ပေါ်သို့ ပြုတ်ကျခဲ့ပြီး မီးလောင်
်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊တပ်လမ်း၊မီးရထားဝန်းကျူးကျော်တဲ
နေအိမ်တွင် နေထိုင်သော အိမ်ရှင်ဒေါ်သောင်းရီ (လေဖြတ်ရောဂါသည်)အသက်(၆၈)နှစ်
သည် အလျှား(၁၅)ပေ၊အနံ(၆)ပေ၊၀ါးကပ်ကာ၊တာလပတ်မိုးနေအိမ်တွင် ဖယောင်တိုင်ထွန်း
ရာ ဖယောင်တိုင်လဲကျပြီး အိပ်နေသော ဒေါ်သောင်းရီ၏ စောင်ပေါ်သို့ပြုတ်ကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်ဆို၏။
ထိုသို့ မီးလောင်မှုကြောင့် ဒေါ်သောင်းရီ၏ကိုယ်ခန္ဒာကိုယ်တွင် ခြုံထားသော စောင်
အားမီးလောင်ခဲ့သဖြင့် ၄င်း၏ခန္ဒာကိုယ်(၃)ပုံ(၂)ပုံကျော်မီးလောင်ခံရပြီး စောင်တစ်ထည်နှင့်
အ၀တ်အစားအနည်းငယ် မီးစွဲလောင်ခဲ့ရသဖြင့် ဆံတော်ရပ်ကွက်အတွင်းရှိ ပြည်သူများက ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး ခန္ဒာကိုယ်မီးလောင်ခံရသော ဒေါ်သောင်းရီအား ရပ်ကွက်နေ ပြည်
သူများက ကားဖြင့်ပြည်မြို့နယ်၊ပြည်သူ့ဆေးရုံကြီး သို့ပို့ဆောင်ခဲ့ကြသည်။
အဆိုပါမီးလောင်ရာသို့ ပြည်မြို့နယ် အုပ်ချူပ်ရေးမှူး ဦးအောင်ဇော်ထက်
၊ခရိုင်မီးသတ်ဦးစီးမှူး ဦးဝင်ညွန့်နှင့်တပ်ဖွဲ့ဝင်များ၊အရံမီးသတ် ဒုတပ်ရင်းမှူး ဦးအုန်းသွင်နှင့်
့အရံတပ်ဖွဲ့ဝင်များ၊ပြည်မြို့မရဲစခန်းမှူးဒုရဲမှူးမျိုးဝင်းနှင့်လှည့်ကင်းတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်
ရေးမှူး ဦးညွန့်နိုင်၊ဦးမြင့်စိုးနှင့်အဖွဲ့ဝင်များရောက်ရှိလာပြီးမီးလောင်မှုတွင် ပြည်သူများကူညီမှု
ကြောင့် အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် မီးလောင်မှုနှင့်ပတ်သက်ပြီး အိမ်ရှင် ဒေါ်သောင်းရီ(၆၈)နှစ်အာ မီးသတ်ဦးစီး
မှူး ဦးဝင်းညွန့်က တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မီးရထားရဲစခန်းအမှတ်(၁၉)တပ်ခွဲ (ပ)၄/၂၀၁၃ ပြစ်မှု ပုဒ်မ ၂၈၅အရ ဒုရဲအုပ်မောင်မောင်သန်းမှ အမှုရေးဖွင့်ဆောင်ရွက်နေစဉ်
ပြည်မြို့ပြည်သူ့ဆေးရုံတွင်အတွင်းလူနာအဖြစ်တက်ရောက်ဆေးကုသခံယူနေသော
က ဒေါ်သောင်းရီသည် ည(၁၀)နာရီ(၂၀)မိနစ်အချိန် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်။


ပြည့်သဲမောင်(ပြည်)

ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်ထောင်စုဆိုင်ရာအကြောင်းအရာနှင့်သန်းခေါင်စာရင်းအကြောင်းပြည်သူများသို့အသိပေးဟောပြော

Leave a Comment

၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်ထောင်စုဆိုင်ရာအကြောင်းအရာနှင့်သန်းခေါင်စာရင်းအကြောင်းပြည်သူများသို့အသိပေးဟောပြောခြင်းကို ပြည်မြို့နယ် မုဌောကျေးရွာအုပ်စုတွင် ၂၃.၁၁. ၂၀၁၃ ရက်နေ့ နံနက် ၀၉း၃၀ ချိန် လက်ထောက်မြို့နယ်မှူးဦးကျော်စိုးထွန်း ပါ ဝန်ထမ်း(၄)ဦးတို့မှ တက်ရောက်လာ ပြည်သူများအား လူဦးရေ နှင့် အိမ်ထောင်စုဆိုင်ရာ သန်းခေါင်စာရင်းအကြောင်းများကို အသိပညာ နှင့် ဗဟုသုတတိုးပွားစေရန် ဟောပြောဆွေးနွေးခြင်းများကိုပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောဆွေးနွေးပွဲကို လူအင်အား(၂၀၀)ခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည် အဆိုပါဟောပြောဆွေးနွေးပွဲကိုထိုနေ့မနက် (၁၀း၃၀)အချိန်ခန့်တွင် အောင်မြင်စွာပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်။

Read More...

သင့်....မိသားစု...အနာဂတ်..ကျန်းမာရေးကောင်းမွန်စေဖို့ (အခမဲ့)ကျန်းမာရေး စစ်ဆေးရင်း နာမည်ကြီးလူရွှင်တော်ဟာသသရုပ်ဆောင် ....ညောင်ညောင်....တို့နှင့် ရယ်မောပျော်ရွှင်ဖွယ်ရာ (၂)ရက်တာလေးပျော်ရွှင်မှုရယူပြီး ကံစမ်းမဲများတပျော်တပါးကြီးကမ်းစမ်းလို့ ဒေသ ခံ ကျွန်တော်တို့ ပြည်မြို့က ကလေးငယ်များရဲ့ တေးဂီတဖျော်ဖြေဧည့်ခံရင်း ဂိမ်းကစားလိုက် ၊ဗေဒင်ဟောပြောမှု့နဲ့ ရုပ်ပြောင်ပန်းချီရေးဆွဲ ခြင်းများကို ..(မည်သူမဆို......အခမဲ့)လာရောက်နိုင်ပါသည်။...

Leave a Comment



သင့်....မိသားစု...အနာဂတ်..ကျန်းမာရေးကောင်းမွန်စေဖို့ (အခမဲ့)ကျန်းမာရေး စစ်ဆေးရင်း နာမည်ကြီးလူရွှင်တော်ဟာသသရုပ်ဆောင်
....ညောင်ညောင်....တို့နှင့် ရယ်မောပျော်ရွှင်ဖွယ်ရာ (၂)ရက်တာလေးပျော်ရွှင်မှုရယူပြီး ကံစမ်းမဲများတပျော်တပါးကြီးကမ်းစမ်းလို့ ဒေသ
ံ ကျွန်တော်တို့ ပြည်မြို့က ကလေးငယ်များရဲ့ တေးဂီတဖျော်ဖြေဧည့်ခံရင်း ဂိမ်းကစားလိုက် ၊ဗေဒင်ဟောပြောမှု့နဲ့ ရုပ်ပြောင်ပန်းချီရေးဆွဲ
ခြင်းများကို ..(မည်သူမဆို......အခမဲ့)လာရောက်နိုင်ပါသည်။...

အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်း နဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးအသိတွေကို ပိုင်ဆိုင်ရရှိနိုင်မဲ့ အခွင့်အရေးကို သင့်မိသားစုအတွက်
လုပ်ဆောင်ပေးတော့မှာဖြစ်တဲ့အတွက် ဒီသတင်းလေးကို တစ်ဦးကိုတစ်ဦး ဖြန့်ဝေပေးပါ။ စိတ်ဝင်စားဖွယ်ရာ တားရော့ဗေဒင်ဟောပြော
ပေးခြင်း၊လာရောက်သူကလေးများ နှင့် လူကြီးများအားလုံးအတွက် ပျော်ရွှင်ဖွယ်ရာကစားနည်းများကို နာမည်ကြီး လူရွှင်တော် ဟာသ
သရုပ်ဆောင် ညောင်ညောင် ကိုယ်တိုင် ပါဝင်ကစားပေးမည့်အပြင် သင့်ရုပ်ပြောင်ပန်းချီလေးကိုပါ ပိုင်ဆိုင်နိုင်ခြင်းနှင့် အခြားစိတ်ဝင်စား
ဖွယ်ရာ အစီအစဉ်ပေါင်းများစွာဖြင့် ပြုလုပ်ပေးသွားပါမည်။

(၂၉)ရက်နေ့အစီစဉ်များ..
၁။ကျန်းမာရေး စစ်ဆေးခြင်းအစီအစဉ်...(မနက်..၁၀ နာရီ မှ နေ့လည် ၁၂ နာရီအထိ)
၂။ဗေဒင်ဟောခြင်း၊ရုပ်ပြောင်ပန်းချီရေးဆွဲခြင်း၊ဓါတ်ပုံရိုက်ပေးခြင်း၊လူရွှင်တော် ညောင်ညောင်
နှင့်အတူ ဂိမ်းကစားခြင်းနှင့်ကံစမ်းမဲဖောက်ပေးမည့်အစီအစဉ်..(မနက် ၁၀ နာရီ မှ ညနေ ၃ နာရီအထိ)
၃။မြို့ခံကလေးများ တေးဂီတဖြင့်ဖျော်ဖြေမှု နှင့် ကံစမ်းမဲဖောက်ပေးမည့်အစီအစဉ်(ညနေ ၃ နာရီ မှ ညနေ ၅ နာရီအထိ)

(၃၀)ရက်နေ့အစီအစဉ်များ..
၁။ကျန်းမာရေး စစ်ဆေးခြင်း နှင့် ကျန်းမာရေးဗဟုသုတများ..(မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ)
ဖြန့်ဝေပေးမည့်အစီအစဉ် (နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ)
၂။ဗေဒင်ဟောခြင်း၊ရုပ်ပြောင်ပန်းချီရေးဆွဲခြင်း၊ဓါတ်ပုံရိုက်ပေးခြင်း..(မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ)
၃။လူရွှင်တော် ညောင်ညောင်နှင့်အတူ ဂိမ်းကစားခြင်းနှင့်ကံစမ်းမဲဖောက်ပေးမည့်အစီအစဉ် နှင့်
မြို့ခံကလေးများ တေးဂီတဖြင့်ဖျော်ဖြေမှု နှင့် ကံစမ်းမဲဖောက်ပေးမည့်အစီအစဉ်(ညနေ ၃ နာရီမှ ညနေ ၅ နာရီအထိ)
ပြည်မြို့ ဗိုလ်ချုပ်လမ်းမကြီး မြို့တော်ခန်းမ တွင် (၂၉.၁၁.၂၀၁၃) ရက်နေ့ မှ (၃၀.၁၁.၂၀၁၃)ရက်နေ့အထိ မနက် (၉း၀၀)နာရီမှ ညနေ
(၅း၀၀)နာရီအချိန်အထိ (၂)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်းအစီအစဉ်တွင် လူဦးရေ
ကန့်သတ်မှုမရှိပါသဖြင့် အထက်ဖော်ပြပါအစီအစဉ်အတိုင်း အမြန်ဆုံး လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အဆိုပါအစီအစဉ်များ
ဖြစ်မြောက်ရေးအတွက် Sponsored by (LG)Life's Good ကူညီဆောင်ရွက်စပွန်ဆာပေးပြီး (SNUH) မှ ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း
သတင်းကောင်းပေးအပ်ပါသည်။..

(မှတ်ချက်)...ပြည်မြို့အတွင်းရှိ သတင်းမီဒီယာများအား အထူးလေးစားစွာ ပြည်သတင်းမှ တဆင့် ဖိတ်ကြားအပ်ပါသည်။

ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

ဝက်ထီးကန် မြို့ ၏ (၆၁) ကြိမ်မြောက် ငွေပဒေသာပင် နှင့် စာရေးတံမဲတွင် မြန်မာရိုးရာ ခြင်းအလှခတ်ပွဲ ကျင်းပ

Leave a Comment
ဝက်ထီးကန် မြို့ ၏ (၆၁) ကြိမ်မြောက် ငွေပဒေသာပင် နှင့် စာရေးတံမဲတွင် မြန်မာရိုးရာ ခြင်းအလှခတ်ပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ဝက်ထီးကန်မြို့၏ စာမျက်နှာများ
Read More...

၁၂ နှစ်အရွယ် ကျောင်းသူကို ခိုးယူပေါင်းသင်းသူ တပ်မတော်သားအား အမှုဖွင့်

Leave a Comment

ပြည်မြို့တွင် အသက် ၁၂ နှစ်အရွယ် ခုနှစ်တန်းကျောင်းသူတစ်ဦးကို အမှတ် ၉၁၁ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ ဒစက (ပြည်) တွင် တွဲဖက်တာဝန်ထမ်းဆောင်နေသော တပ်သားအဆင့်ရှိတပ်မတော်သားတစ်ဦးက ခိုးယူပေါင်းသင်းသည်ဆိုကာ ပြည်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သတင်ရရှိသည်။ စက်တင်ဘာ ၁၁ ရက် ည ၇ နာရီတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးသည် နေအိမ်မှ စတိုးဆိုင်သို့ဆေး ဝယ်သွားစဉ် အဆိုပါ တပ်မတော်သားက ခိုးယူပေါင်းသင်းခဲ့သည်။ သို့ဖြစ်၍ ဖခင်ဖြစ်သူက သက်ဆိုင်ရာ တပ်သို့ သတင်းပို့သဖြင့် တပ်က စစ်စည်းကမ်းဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး ဒစက (ပြည်) က ယင်းအမှုကို နယ်ဘက်တွင် အမှုဖွင့်ရန် ညွှန်ကြားလာသဖြင့် မိန်းကလေး၏ဖခင်က ပြည်မြို့မရဲစခန်းသို့ လာရောက်အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ရဲစခန်းမှတ်တမ်းများအရ သိရသည်။ အဆိုပါတပ်မတော်သားသည် မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသူ ကျောင်းသူမိန်းကလေးကို ခိုးယူပေါင်းသင်းကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြည်မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဇော်မင်းထိုက် (ပြည်)
Pyay CT
Read More...

Monday, November 25, 2013

(၃၆) ကြိမ်မြောက် မဟာဒုတ်ဆွမ်းကျွေးပွဲနှင့် တရားတော်နာဖိတ်ကြားခြင်း

Leave a Comment

တရားတော်နာဖိတ်ကြားအပ်ပါသည်

စံပြနယ်မြေ မိသားစု နှစ်စဉ်ကျင်းပမြဲဖြစ်သော (၃၆) ကြိမ်မြောက် မဟာဒုတ်ဆွမ်းကျွေးပွဲတော်တွင် စံပြကျေးရွာ သာရေး/နာရေးကူညီမှုအသင်းမှ ပထမအကြိမ်အဖြစ် ပေါက်ခေါင်းမြို့ ပညာဇေတာရုံစာသင်တိုက် ဆရာတော် အရှင်မဟိန္ဒ (ဓမ္မာစရိယ/စာချဆရာတော်) မှ နိဗာန်ရောက်ကြောင်းတရားတော်များကို ဟောပြော/သင်ကြားပြသပေးမည်ဖြစ်ပါသောကြောင့် တရားတော်နာ ကြွရောက်ကြပါရန် ရိုသေလေးစားစွာဖိတ်ကြားအပ်ပါသည်။ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်ဗျာ....။

နေ့ရက် - ၁၃၇၅ - ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၉) ရက်နေ့၊ ၂၆.၁၁.၂၀၁၃ (အင်္ဂါနေ့)
အချိန် - ညနေ (၇) နာရီ
နေရာ - စံပြကျေးရွာ၊ မဟာဒုတ်ဆွမ်းကျွေး မဏ္ဍပ်။

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

ဆိုင်ကယ် တစ်စီး မီးလောင်

Leave a Comment

၂၄.၁၁.၁၃ ညနေ ၆း၀၀ ၀န်ကျင်ခန့် တွင်၊ ပြည်မြို့ ဆံတော်နယ်မြေ နာ၇ီစင် အနီး အောင်တော်မှု လက်ဖေ့ရည်ဆိုင်ဘေး၇ှိ ဆိုင်ကယ် ပြင်ဆိုင် မှ ဆိုင်ကယ် တစ်စီး မီးလောင် ခဲ့ပါ
တယ်။

အဆိုပါ မီးလောင်မှုအား ဗဟို မီးသတ် မှ မီးသတ်
ယာဉ် တစ်စီး၊ ဆံတော် အ၇န်မီးသတ်မှ မီးသတ်ယာဉ် တစ်
စီးေ၇ာက်၇ှိ ငြိမ်းသတ်ခဲ့ပါတယ်။

Kyaw Gyi
Read More...

အိမ်ဌား /ရောင်း ရန်ရှိသည်

Leave a Comment


အမှတ် ၃၂၄(က)၊ ပန်းဘဲတန်းလမ်း ၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ပြည်။

ဆက်သွယ်ရန် - ဦးမြင့်နိုင် -095370779,0095311697

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

ဆိုင်ခန်းငှား၇န်၇ှိသည်

Leave a Comment
ဆိုင်ခန်းငှား၇န်၇ှိသည်။

ဗိုလ်ချူပ်လမ်း(ကိုးသောင်းဈေး အပြင်ဘက်)။ဗိုလ်ချူပ်လမ်းမဖက်ကိုမျက်နှာမူထားပါတယ်။၂
ခန်းတွဲပါ။တစ်လခြင်း(သို့ )၆လပြတ်။တစ်နှစ်ပြတ် ငှား၇န်လိုပါက ဆက်သွယ်နိုင်ပါသည်။
မည်သည့်ဆိုင်မဆို ဖွင့်၇န် သင့်တော်သောနေ၇ြာ ဖစ်ပါသည်။

ကျေးဇူးတင်ပါသည်။ဆက်သွယ်၇န်ဖုန်း..၀၉-၄၂၃၆၇၁၂၃၆

ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

ဖယောင်းတိုင် မီးမှ တဆင့် နေအိမ်နံရံသို့မီးကူးဆက် အမျိုးသမီးကြီး တစ်ဦး မီးလောင် ဒဏ်၇ာ ပြင်းထန်စွာ၇၇ှိ

Leave a Comment
နို ၀င် ဘာ ၂၅ ၇က်

ယနေ့ည ( ၇ နာရီ ၄၅ မိနစ်ခန့်) က ပြည်မြို့ မီး၇ထား ဘူတာ ၀န်း အတွင်း တွင် ဖယောင်းတိုင် မီးမှ တဆင့် နေအိမ်နံရံသို့မီးကူးဆက် လောင်မှုတစ်ခု ဖြစ်ပွါးခဲ့ပါသည်၊ အဆိုပါ မီးလောင်မှု
ဖြစ်စဉ်တွင် အိမ်အတွင်း၇ှိ လေဖြတ်နေသူ ဒေါ်သောင်ရီ(၆၈)
နှစ်မှာ ခန္တာကိုယ် မီးလောင် ဒဏ်၇ာပြင်းထန်စွာ ၇၇ှိခဲ့ သဖြင့်
ပြည်သူနှင့် အ၇န်မီးသတ် မှ ပူပေါင်း၍ ဆေး၇ုံသို့ အေ၇းပေါ်
အမြန်ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

မြို့နယ် အ၇န်မီးသတ် တပ်ဖွဲ့
တပ်၇င်း၇ုံး
Kyaw Gyi

ပြည်သတင်း
https://www.facebook.com/pyaynews
Read More...

I.E.L.S ( International English Language School ) မှ အချိန်ပိုင်းဆရာ/ဆရာမအလိုရှိ

Leave a Comment
I.E.L.S ( International English Language School ) မှ အချိန်ပိုင်းဆရာ/ဆရာမအလိုရှိသည်။


အသက် ၄ နှစ်မှ ၁၁ နှစ်ကလေးငယ်များအတွက်
စနစ်တကျအခြေခံပန်းချီပညာသင်ဆရာ/ဆရာမ ( ၁ )ဦး နှင့် မြန်မာအကနှင့်အနောက်တိုင်းအကDancer ပုံမှန်သင်ကြားရန် ဆရာ/ ဆရာမ( ၁ )
ဦးအလိုရှိပါသည်။



လျှောက်ထားလိုသူ ဆရာ/ ဆရာမများသည် ညှိနှိုင်းလစာဖြင့်တစ်ပတ်ကို( ၅ )ရက် နေ့လယ် ၂ :၀၀ မှ ၃:၀၀ ထိအချိန်ပိုင်းသာသင်ကြားပေးရမည်ဖြစ်ပါသည်။ကလေးများအတွက်အစွမ်းကုန်တီထွင်ဖန်တီးပုံဖော် ပေးမည့်အရည်အသွေးများတိုးတက်စေရန်အမှန်တကယ်သင်ကြားနိုင်သော ဆရာ/ဆရာမများသည်
၂၅.၁၁.၂၀၁၃ နောက်ဆုံးထား၍ I.E.L.S အမှတ် (1792) တရုတ်စုရပ် တိုက်ကြားလမ်း ပြည်မြို့ သို့ ကျောင်းချိန်အတွင်း CV ဖောင်ဖြင့်အတူ လူကိုယ်တိုင်လာရောက်လျှောက်ထားရမည်။ အသေးစိတ်သိရှိလိုပါက ph : 0949322254 ကျောင်းဖုန်းသို့စုံစမ်းမေးမြန်းနိုင်ပါသည်။
Read More...

ဝက်ထီးကန်တိုက်နယ်တွင် ကျန်းမာရေးစောင့်လျှောက်မှု့များဆောင်ရွက်

Leave a Comment

(24/11/2013 ) ရက်နေ့၌ အထူးကုဆရာဝန်ကြီးများစွာပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
ကျန်းမာရေးစောင့်လျှောက်မှု့ကွန်ယက်အဖွဲ့သည် ပြည်ခရိုင် ဝက်ထီးကန်တိုက်နယ်တွင် ကျန်းမာရေးစောင့်လျှောက်မှု့များ
ကိုအခက်အခဲများကြားမှ ဆောင်ရွက်လျှက်ရှိပါကြောင်း မည်သူမဆို ကျန်းမာရေးစောင့်လျှောက်မှု့(အခမဲ့)
ခံယူနိုင်ပါကြောင်း သတင်းရရှိပါသည်။

ဝက်ထီးကန်မြို့ရဲ့ စာမျက်နှာများ
Read More...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြည်မြို့ မူယာပင် ခန်းမတွင် လူထုတွေ့ဆုံပွဲပြုလုပ်

Leave a Comment

ပြည်၊ နိုဝင်ဘာ ၂၄ (ရေခဲ)

ပြည်သူလူထုအကျိုးစီးပွား နိုင်ငံ့အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအ၀င် ခေတ်စနစ်နှင့်မညီသော ဥပဒေများကို ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ဥပဒေတိုင်းတွင် အစဉ်သဖြင့် ပြည်သူ့အကျိုးရှိနိုင်မည်မဟုတ်ဟု နိုဝင်ဘာ ၂၄ ရက်က ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက ပြောသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တည်ဆဲဥပဒေတစ်ရပ်ဖြစ်တဲ့အတွက် ဒီဥပဒေကို ပြန်လည် လေ့လာသုံးသပ်ရမယ်။ ကျွန်တော် စပြီး ဖွဲ့စည်းကတည်းက လေ့လာ သုံးသပ်တယ်။ ဒီဥပဒေကို သုံးသပ်တဲ့အခါ လျှို့ဝှက်သုံးသပ်တယ်။ ဥပဒေတစ်ခုပြဋ္ဌာန်းပြီးရင် အမြဲတစေ ပြည်သူ့အကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွား ဖြစ်လိမ့်မယ်လို့ ပြောလို့မရဘူး။ ဒီနေ့ မှန်ပေမယ့် နောက်နေ့ လွဲချင်လွဲနေလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်း၊ ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ မူယာပင်ခန်းမတွင် ပြုလုပ်သော အဆိုပါတွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအ၀င် ဒေသခံများ တက်ရောက်သည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေတွင် ပြင်စရာ၊ ပယ်ဖျက်စရာ၊ အသစ်ရေးစရာများ ရှိကြောင်းနှင့် ဥပဒေများ သည် တရားမျှတမှုရှိပြီး ပြည်သူများ လိုက်နာနိုင်သည့် ဥပဒေများဖြစ်ရန် လိုအပ်သည်ဟုလည်း သူရဦးရွှေမန်းက ပြောသည်။
လက်ရှိတွင် ဥပဒေ ၇၉ ခုကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဥပဒေကြမ်း ၅၃ ခုကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်နှစ်ရပ်လုံးတွင် လက်ခံ ဆွေးနွေးလျက်ရှိသည်ဟုလည်း ၎င်းကဆိုသည်။
တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ရန် ဥပဒေရေးရာပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အငြိမ်းစား ၀န်ထမ်းဟောင်းများ၊ တက္ကသိုလ် ဆရာဆရာမများ စုစုပေါင်း ၆၇ ဦးဖြင့် ဥပဒေရေးရာ နှင့် အထူးကိစ္စများ လေ့လာသုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းထားသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

Pyay City
Read More...

Sunday, November 24, 2013

အဆင့်မြင့် နာနို နည်းပညာဖြင့် ထုတ်လုပ်ထားသော စွမ်းအားမြှင့် အောက်ဆီဂျင် (ခေါ်) "ADOXY

Leave a Comment

အဆင့်မြင့် နာနို နည်းပညာဖြင့် ထုတ်လုပ်ထားသော စွမ်းအားမြှင့် အောက်ဆီဂျင် (ခေါ်) "ADOXY" သည် ၃မိနစ်အတွင်း ကလာပ်စည်းများသို့ ရောက်ရှိနိုင်သဖြင့်
၁ ။ ကိုယ်ခံစွမ်းအားကို ထူးခြားစွာ တိုးတက်ကောင်းမွန်စေခြင်း
၂ ။ အာရုံစူးစိုက်မှု့ကို နိုးကြားစေသောကြောင့် ပိုမိုသွက်လက် လန်းဆန်းခြင်း
၃ ။ ရောဂါဖြစ်စေနိုင်သော ဘက်တီးရီးယား ဗိုင်းရပ်(စ်) မှိုပိုးဖန်းဂတ်(စ်) - Parasite ကပ်ပါးပိုးမွှားများကို နှိမ်နင်းနိုင်ခြင်း
၎ ။ လူသားအကျိုးပြု ပိုးမွှားများကို လုံးဝ ထိခိုက်ခြင်းမရှိဘဲ ကိုယ်တွင်းရှိ အစိတ်အတောက်များကို ဖယ်ရှားပစ်နိုင်ခြင်း
၅ ။ စိတ်ဖိစီးမှု့ဒဏ် ခံစားရမှု့ နှင့် နွမ်းနယ်မှု့ကို အမြန်ဆုံး စွမ်းအားဖြည့် နလန်ထူစေခြင်း
၆ ။ ထိခိုက်ဒဏ်ရာ နာတာရှည်ပန်းနာရင်ကျပ် (Bronchial - Asthma ) ထိပ်ကပ်နာနှင့် နှာပိတ်နှာချေရောဂါ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ နှင့် ဆီးချိုဝေဒနာရှင်များအတွက် အထူးသတင်းကောင်းလေးပေးပါရစေ။
သင့်ကျန်းမာရေး လိုအပ်သည်များကို ဆရာဝန်ကြီးနှင့် ဆွေနွေးလိုပါက - 095376911
095139362 တို့မှ ကူညီဆောင့်ရှောက်ပေးနေပါပြီ။
Read More...

Saturday, November 23, 2013

သန်းခေါင်စာရင်းဆိုင်ရာ ဗဟုသုတများနှင့်ပတ်သက်၍ တိုင်း/ဦးမှူး မှရှင်းလင်းဆွေးနွေး

1 comment
သန်းခေါင်စာရင်းဆိုင်ရာ ဗဟုသုတများနှင့်ပတ်သက်၍ တိုင်း/ဦးမှူး မှရှင်းလင်းဆွေးနွေး
     .......................................................................................................................

 ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်၊ဥသျှစ်ပင်မြို့၊ရွှေပင်ရပ်ကွက်၊နာဂမုနိ  ဘုရားဓမ္မာရုံတွင်
၂၀၁၄ ခုနှစ် လူဦးရည် နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ များကိုဆောင်ရွက်
မည့် အချိန်သန်းခေါင်းစာရင်းကောက်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ ၊သန်းခေါင်စာရင်းဆိုင်ရာ ဗဟုသုတများ
ကို ၂၁.၁၁.၂၀၁၃ ရက်နေ့ နေ့လည်(၂း၀၀)နာရီမှ (၃း၃၀)မိနစ်အချိန်ခန့်အထိ (၂၀၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ အသိ
ပညာ ဗဟုသုတ)မျာကို  လ.၀.က မှ ဦးကိုကိုသော်(ဒုတိယ ညွှန်ကြားရေးမှုး) မှ တက်ရောက်လာ ပြည်သူများနှင့် အသင်းအဖွဲ့
များ ဌာနဆိုင်ရာများသို့ ရှင်းလင်းတင်ပြခဲ့ပြီး (စာဖတ်ခြင်းအကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက်)မြို့နယ်ဦးစီး(
ပြန်/ဆက်) ဦးသိန်းထွန်းမြင့် မှလည်း တက်ရောက်လာပြည်သူများ အသင်းအဖွဲ့များ ဌာနဆိုင်ရာများသို့ ဆွေးနွေးဟောပြောခဲ့
ကြောင်းသတင်းရရှိခဲ့ပါသည်။ အဆိုပါ ပြည်သူများသို့ ဆွေးနွေးတင်ပြ ရှင်းလင်းပွဲကို ပန်းတောင်းမြို့နယ် သန်းခေါင်စာရင်ကော်မတီ
အဖွဲ့ဝင်များ၊ဥသျှစ်ပင်မြို့ ရွှေပင်ရပ်ကွက်၊ရတနာပုံရပ်ကွက်၊ပြည်တော်သာရပ်ကွက်အဆိုပါရပ်ကွက်များရှိ ရပ်ကွက်သန်းခေါင်စာရင်း
ကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေမိဘပြည်သူများ၊အသင်းအဖွဲ့အစည်းများ၊ဌာနဆိုင်ရာများနှင့် အဆိုပါပွဲသို့ စိတ်ပါ
ဝင်စားသူပေါင်းအင်အား(၁၅၀)ကျော်ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာမိဘပြည်သူများနှင့် အသင်းအဖွဲ့များမှ သိရှိလိုသော၊မရှင်း
လင်းသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဦးစီးဌာနမှုးမှ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့သည်။ အဆိုပါ
သန်းခေါင်စာရင်းဆိုင်ရာ ဗဟုသုတများနှင့် ရှင်းလင်းဆွေးနွေးပွဲကို ညနေ (၄း၀၀)မိနစ်အချိန်ခန့်တွင်အောင်မြင်စွာပြီးမြောက်သွားကြောင်း
သတင်းရရှိခဲ့ပါသည်။....(မှတ်ချက်...ဓါတ်ပုံအခက်အခဲဖြစ်သွားပါသဖြင့်မဖော်ပြနိုင်ခဲ့ပါ )

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

ဟီးနိုးကား လမ်းဘေးထိုးကျပြီး တိုက်မိသဖြင့် ဈေးဆိုင်အဆောက်အအုံ ပျက်စီး

Leave a Comment

ဇီးကုန်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မြောက်ဘက်သုံးမိုင်အကွာရှိ ၀က်စာပိုးကျေးရွာအုပ်စု ညောင်ဇင်ရွာထိပ် ရန်ကုန် - ပြည် ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) နှင့် (၁၃၂/၆) အကြားတွင် နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က ပြည်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရဲမြင့် (၂၈ နှစ်) သရက်တောလမ်း နတ်တလင်းမြို့နေသူ မောင်းနှင်လာသော ၂ဂ/... ဟီးနိုးမော်တော်ယာဉ်သည် အရှိန်မထိမ်းနိုင်ပဲ လမ်း ဘေး ထိုးကျသွားရာ ဇီးကုန်းမြို့နယ် ၀က်စာပိုးကျေးရွာအုပ်စု ညောင်ဇင်ရွာနေ ဈေးရောင်းသူ ဦးအောင်သိန်း (၆၂) နှစ်ကို ဝင်တိုက်မိသဖြင့် ဒဏ်ရာများရရှိသွား၍ ပြည်မြို့ ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ်ပို့ထားပြီး ဈေးဆိုင်အဆောက်အအုံမှာလည်း ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဇီးကုန်းရဲစခန်းက အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MAL2411
Pyay City
Read More...

ခန့်စည်သူ၊ နန်းသူဇာတို့အဖွဲ့မြတ်စွယ်တော်ဖူးမျှော်လှူဒါန်း

Leave a Comment

ရွှေဆံတော်ဘုရားကြီး မြတ်စွယ်တော်တိုက်ရှေ့
မေတ္တာသင်္ဂဟအဖွဲ့
ခန့်စည်သူ၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာ၊ မိုးတိန် တို့
မြတ်စွယ်တော်ဖူးမျှော်လှူဒါန်းအပြီး အမှတ်တရ

Thura Soe

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

အ.ထ.က (၅) ပြည် မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေး အစည်းအဝေးကျင်းပ

Leave a Comment

(၂၀၁၃) ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက် စနေနေ နေ့လည်တွင် ကျင်းပပြုလုပ်သည့် "အ.ထ.က (၅) ပြည် နှစ်ငါးဆယ်ပြည့် ရွှေရတု
သဘင်နှင့် (၁၇) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေး ပထမအကြိမ်စုံညီ အစည်းအဝေး" ကို ပြုလုပ်ခဲ့ရာတွင်
အ.ထ.က (၅) ကျောင်းအုပ်ဆရာကြီးနှင့်တကွ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ ဥက္ကဌ ဦးစောခွန်စိုင်း၊ ခေတ္တရာ ရပ်ကွက်
ဥက္ကဌ ဦးဇော်လွင်၊ မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးသန်းဇော်၊ ဦးရာဇာမင်းဦး နှင့် အ.ထ.က (၅)
ကျောင်း ရပ်မိရပ်ဖများ (၄၀) ကျော် တက်ရောက်ခဲ့ပြီး ရွှေရတု မဂ္ဂဇင်း ပြုလုပ်ရန် တိုင်ပင်ဆွေးနွေးကာ
အခမ်းအနားအစီအစဉ် ၉ ရပ်ဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

Ki Ki Ko

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

မိုးမေတ္တာ နာရေးကူညီမှုအသင်း - ပြည် မှ သုခအလင်းပညာဒါနသင်တန်းအား ဖွင့်လစ်သင်ကြားပေး

Leave a Comment


နွမ်းပါးသောကျောင်းသားလူငယ်များ၏ အနာဂတ်ခရီးလမ်းတွင် မျှော်လင့်ချက် မနက်ဖြန်ကောင်းများရရှိနိုင်စေရန်အတွက် သုခအလင်းပညာဒါနသင်တန်းအား ဖွင့်လစ်သင်ကြားပေးနေပါသည်။ ယမန်နှစ်မှစတင်ပြီး တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူများအား အခမဲ့သင်ကြားပေးနေခဲ့ရာ ယခုနှစ်တွင်ကျောင်းသားကျောင်းသူ စုစုပေါင်း ( ၂၁ ) ဦးတို့ကို စေတနာရှင်ဆရာဆရာမ ( ၈) ဦးတို့မှ အခမဲ့ကုသိုလ်ဖြစ် သင်ကြားပေးဆပ်လျှက်ရှိပါသည်။

မိုးမေတ္တာ နာရေးကူညီမှုအသင်း - ပြည်

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

တစ်​နိုင်​ငံလုံး ဝိုင်​ဖိုင်​ အင်​တာနက်​လိုင်း အသုံးပြုနိုင်​​တော့မည်

Leave a Comment


တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာနက်လိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Broadband Wireless(Wifi) အင်တာနက်လိုင်းရရှိရန် လုပ်ဆောင် သွား မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူ တစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ပြော သည်။ အဆိုပါ Wifi အင်တာနက်လိုင်း ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အကျိုးတူ ပူးပေါင်း လုပ် ကိုင်မည့် ပြည်တွင်း ၊ ပြည်ပကုမ္ပဏီများကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တင်ဒါဖိတ်ခေါ်ထား ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ သတင်း အချက်အလက်နှင့် နည်းပညာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက မဇ္ဈိမကို ပြောသည်။ ဦးရဲနိုင်မိုးက “Wifi အင်တာနက်လိုင်းကို တစ်နိုင်ငံလုံးအတိုင်းအတာရရှိအောင်လုပ်သွားမှာပါ။ အဲဒီ အတွက် ပူးပေါင်းလုပ်ဆောင်မယ့်ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပါတယ်။ ကုမ္ပဏီတွေကလည်း သူတို့လုပ် ကိုင်မယ့်နေရာဒေသကို Servey လုပ်ပြီး Business Plan နဲ့ Technical Plan တွေကို တင်ပြရမှာဖြစ်ပါ တယ်။ နေရာဒေသအလိုက် လုပ်ကိုင်မယ့်ကုမ္ပဏီတွေကို ရွေးချယ်သွားမှာပါ”ဟု မဇ္ဈိမကို ပြောသည်။ ယင်းဝန်ဆောင်မှုဆောင်ရွက်ရန် လျှောက်ထားလိုသည့်ကုမ္ပဏီများသည် အောက်တိုဘာ ၂၁ ရက်မှ ၃၀ ရက်အထိ တင်ဒါလျှောက်လွှာများကို သတင်းအချက်အလက်နှင့်နည်းပညာဌာနတွင် ထုတ်ယူနိုင် မည် ဖြစ်သည်။ ပြည်တွင်းတွင် လက်ရှိဝန်ဆောင်မှုပေးနေသော အင်တာနက်လိုင်းများမှာ ဖိုက်ဘာအင်တာနက်လိုင်း၊ADSL အင်တာနက်လိုင်း၊ Dial-up၊ E1၊ မိုဘိုင်းအင်တာနက်နှင့် ဝေးလံခေါင်းပါးသည့်နေရာများတွင် အသုံးပြုသည့် ဂြိုဟ်တုအင်တာနက်လိုင်းများဖြစ်သည်။ ယင်းသို့ Wifi အင်တာနက်လိုင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကျက်မည်ဆိုပါက အချိန်ကာလ အနည်းငယ်ကြာမြင့်နိုင်သောကြောင့် လူဦးရေထူထပ်သည့်နေရာများကို ဦးစားပေးကာ အဆင့်လိုက် တိုးချဲ့သွားမည်ဟုလည်း ဦးရဲနိုင်မိုးကဆိုသည်။ ဦးရဲနိုင်မိုးက “တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုရရှိဖို့က အချိန်ကာလတစ်ခုအထိ တော်တော် ကြာနိုင်တယ်။ နောက်အကျိုးတူပူးပေါင်းလုပ်ကိုင်ရမှာဆိုတော့ ရင်းနှီးမြှုပ်နှံမှုကများတယ်။ အရင်ဆုံး လူဦးရေထူထပ်တဲ့နေရာတွေမှာ အရင်လုပ်မယ်။ ပြီးရင် တိုင်းပြည်ရဲ့ နေရာအနှံ့မှာ ရရှိအောင်ထပ်မံလုပ် ဆောင်သွားမယ်”ဟု ပြောသည်။ ပြည်တွင်းတွင် wireless အင်တာနက် ၀န်ဆောင်မှုပေးနေသော Red link ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးရှိန်းသူ အောင်က “နယ်တွေမှာလည်း လူဦးရေအများစုရှိတဲ့ Library လိုနေရာမျိုး၊ လူစည်တဲ့နေရာ မျိုးတွေမှာ Wifi အသုံးပြုခွင့်ရအောင် လုပ်ရင်ကောင်းတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ လူဦးရေ ၇၀၊ ၈၀ ရာခိုင်နှုန်း လောက်ကတော့ မိုဘိုင်းအင်တာနက်အသုံးပြုမှုပဲ ရှိလာနိုင်ပါတယ်”ဟု ဆိုသည်။ ပြည်တွင်းတွင် အင်တာနက်အသုံးပြုသူမှာ ၁၃ သိန်းခန့်ရှိပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသည့် ဦးရေမှာ ၁၁ သိန်းခန့်ရှိသည်ဟု ပြီးခဲ့သည့်စက်တင်ဘာလ အတွင်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြောကြားထားသည်။

Mizzima - News in Burmese

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

မိုးကြိုးပစ်၍ သားအဖ နှစ်ဦး သေဆုံး

Leave a Comment
မိုးကြိုးပစ်၍ သားအဖ နှစ်ဦး သေဆုံး

ကြို့ပင်ကောက် နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း မိုညိုမြို့နယ် ဝဲကြီးအုပ်စု လက်ပံကုန်းရွာနေ ဦးငပိတ် (ခေါ်) ဦးစိန်လှိုင်ျနှင့် သားဖြစ်သူ စောမင်းထက်တို့သည် ကြို့ပင်ကောက်မြို့နယ် ပျဉ်ထောင်တွင်းအုပ်စု ကွင်းကြီးကျေးရွာ ဦးညှက်၏ လယ်တွင် ကောက်ရိပ်လာရောက်လုပ်ကိုင်နေစဉ် နိုဝင်ဘာ ၁၈ ရက် ညနေ ၄ နာရီခွဲတွင် အချိန်အခါမဟုတ် မိုးရွာလာသဖြင့် သားအဖနှစ်ဦး ဦးညှက်နေအိမ်သို့ ပြန်လာရာ ရွာမြောက်ဘက် လယ်သုံးကွင်း (ကိုက် ၅၀၀) အရောက် မိုးကြိုးပစ်၍ ဦးငပိတ် (ခေါ်) ဦးစိန်လှိုင် (၅၅ နှစ်)နှင့် သားဖြစ်သူစောမင်းထက် (၁၆ နှစ်)တို့နှစ်ဦး စလုံးသေဆုံးသွားသည်။ ၄င်းသေဆုံးမှုနှင့် ပတ်သက်၍ ကြို့ပင်ကောက်မြို့မရဲစခန်းက သေမှုသေခင်းဖွင့်ထားသည်။

MAL2311
Pyay City
Read More...

ကြို့ ပင်ကောက်မြို့ နယ် အာစရိယပူဇော်ပွဲ ကျင်းပမည်

Leave a Comment


ကြို့ပင်ကောက်မြို့နယ်လုံးကျွတ် (၁၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီတွင် ကြို့ပင်ကောက်မြို့ (အထက) ခန်းမဆောင်၌ ကျင်းပမည်ဖြစ်ပါသည်။ ရပ်ဝေးရပ်နီးမှ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများနှင့် ကျောင်းသား/ ကျောင်းသူဟောင်းများ ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကြရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


အလှူငွေများကို-
ဦးတင်မြင့် ဖုန်း- ၀၉ ၅၁၇၈၀၆၂၊
ဦးထွေး ဖုန်း -၀၉- ၄၄၈၀၀၆၇၉၅၊
ဦးသိန်းဝင်း ဖုန်း ၀၉- ၇၃၀ ၇၆၂၂၇၊
ဦးစိုးမြင့် ဖုန်း-၀၉ ၄၃၀၆၇၆၂၁
တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

အမှုဆောင်အဖွဲ့
ကြို့ပင်ကောက်ြမို့နယ်အသင်း(ရန်ကုန်)

Pyay City
Read More...

ရွှေတောင်မြို့ (၂၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပမည်

Leave a Comment

ပဲခူးတိုင်း ဒေသကြီး ၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ်
ရွှေတောင်မြို့ အခြေခံပညာအထက်တန်းကျောင်း
ကျောင်းသား/ကျောင်းသူ ဟောင်းများ၏
( ၂၂ ) ကြိမ်မြောက် အငြိမ်းစား
ဆရာကြီး/ဆရာမကြီး များအား
အာစရိယပူဇော်ကန်တော့ပွဲ ကို
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ( ၁၄ )ရက်
စနေနေ့
၁၃၇၅ ခု နတ်တော်လဆန်း (၁၂ )
နေ့လည် ၂း၀၀ နာရီ တွင် ကျင်းပပြုလုပ်ပါမည်။
အလှူခံ ထွက်လျှင် ထပ်မံ တင်ပြပါမည်။
ဆန်းမင်း( ရွှေတောင် )

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

Friday, November 22, 2013

ရောင်းမည်

Leave a Comment
ရောင်းမည်

Professional သုံး Sony အမျိုးအစားအလှူ၊မင်္ဂလာ၊မွေးနေ့၊
အခန်းအနားဗွီဒီယိုရိုက်ကူးရေး
Camera (စက်ကြီး)တစ်လုံးရောင်းမည်။

စုံးစမ်းရန်
၀၉၄၂၃၆၈၃၄၅၅၊

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

တိုက်ရောင်းမည်

Leave a Comment
တိုက်ရောင်းမည်

တည်နေရာ ။

န၀င်းရပ်ကွက် ရေထွက်ပေါက်လမ်း။
ကမ်းနားလမ်းဘက်နှင့် နီးသည်။

အမျိုးအစား

အုတ်ပါတ်ကား၊သမံသလင်းခင်း၊
သွပ်မိုး၊နှစ်ထပ်၊ပေ၂၀ ပေ ၈၀မြေ
ကွက်ပေါ်တွင်ပေ ၂၀ ပေ ၆၀ အ ဆောက် အဦးဆောက်ထားပြီး အ နောက်ဘက်တွင်ပေ၂၀ပတ်လည် မြေကွက်လပ်ဖြစ်၊အ ပေါ်ထပ်လျှာ
ထိုး ခင်း၊ပိုင် ဆိုင် မှုစာရွက်စာတမ်း အပြည့်အစုံရှိပြီး ပိုင် ရှင် ကိုယ်တိုင်
ရောင်းချပါမည်။

န၀င်းကမ်းနားလမ်းနှင့် နီးသဖြင့် စီး
ပွါးရေးလုပ်ငန်းများ လုပ်ကိုင် ရန်အ
ဆင်ပြေပါသည်။

ဆက်သွယ် ရန်-ဖုန်း
၀၉၄၂၃၆၈၃၄၅၅၊ ၀၅၃-၂၇၀၅၄

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

တိုက်ခန်းငှားမည်

Leave a Comment
ပြည်မြို့ ရွှေတစ်ချောင်းလမ်းမကြီးဘေး၊ ပြည်တက္ကသိုလ် အဝေးသင်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။



စေတနာမွန်တိုက်ခန်း၊ Come on internet ဆိုင်အပေါ်ထပ်(လက်ရှိ မေဆောင်းဦးအမျိုးသမီးဘော်ဒါဆောင်ဖွင့်ထားသည့်တိုက်ခန်း)

ကို (၆)လပြတ် သို့မဟုတ် (၁၂)လပြတ်ဖြင့် ငှါးရမ်းပါမည်။(ဈေးနှုန်း ညှိနှိုင်းဈေး)

ပြည်မြို့၏ အထင်ကရ ရွှေတစ်ချောင်းလမ်းမကြီးဘေးတွင် ရှိသဖြင့် စီးပွါးရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူပါသည်။



ကိုယ်ပိုင်အမည်ပေါက်မီတာ၊ ကိုယ်ပိုင် အ၀ီစိရေတွင်း၊ ရေတင်စက်ကြီး အပြည့်အစုံပါရှိပြီးဖြစ်သည်။ ထပ်ခိုးပါရှိသည်။ အိမ်သာ(၂)ခန်း၊ ရေချိုးခန်း(၂)ခန်းပါရှိသည်။ အမျိုးသမီးအဆောင်ဖွင့်ထားသဖြင့် အခန်းများဖွဲ့ထားသည်။ (ရေအတွက် မပူပင်ရပါ)။

ဆက်သွယ်ရန် - မေဆောင်းဦး(၁) ၀၅၃-၂၇၀၅၄

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

ကရုဏာလက်များကွန်ရက်(ပြည်)၏ အမည်ဖြင့် အလှူခံခြင်း၊ သင်တန်းတက်ရောက်ခြင်းများ ရှိနေ

Leave a Comment


ယခု အချို့သော လူမှုအဖွဲ့အစည်းများသည် ကရုဏာလက်များကွန်ရက်(ပြည်)၏ အမည်ဖြင့် သင်တန်းတက်ရောက်ခြင်း၊ အလှူခံခြင်းများ ရှိနေသည်ကို ကြားသိရပါသဖြင့် စိတ်မကောင်းဖြစ်ရပါသည်။ ကရုဏာလက်များကွန်ရက်(ပြည်)မှ သင်တန်းတက်ရောက်ရန်စေလွှတ်ကြောင်း ထောက်ခံချက်ဖြင့်သာစေလွှတ်ပါသဖြင့် အခြားထောက်ခံချက်မရှိသူများအတွက် အဖွဲ့မှ တာဝန်ယူဖြေရှင်းမည် မဟုတ်ပါ။
ထို့ကြောင့် ကရုဏာလက်များကွန်ရက်(ပြည်)သို့
သင်တန်းတက်ရောက်ရန်ဖိတ်ကြားလိုလျှင်သော်လည်းကောင်း၊ လှူဒါန်းလို၍လည်းကောင်း၊
သတင်းစုံစမ်းမေးမြန်းလို၍လည်းကောင်း၊ဝေဖန်အကြံပြုလို၍လည်းကောင်း
အောက်ပါ လူပုဂ္ဂိုလ်များသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဦးမြင့်အေး (09-43156603)

ဦးပုည (09-423747505)

ဒေါ်ကြယ်တံခွန် (09-423671143)

ဒေါ်ခင်ခင်သန်း (09-423707470)

ဒေါ်ဝါ၀ါသွင် (09-423734704)

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

Thursday, November 21, 2013

လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ ဆွေးနွေး ဆောင်ရွက်

Leave a Comment
နတ်တလင်း နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် တာပွန်မြို့သို့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းသည် မြို့နယ် သံဃနာယကအဖွဲ့ဝင် ကံဦးကျောင်းဆရာတော် ဦးကေ၀လအားလှူဖွယ်ပစ္စည်းများ လှူဒါန်းသည်။ ဆက်လက်၍ တိလောကမာရဇိန် ရွှေသာလျောင်း ဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ ၀င်များ၊ ဒေသဖွံ့ ဖြိုးရေးကော်မတီဝင်များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆြုံပီး ဒေသဖွံ့ ဖြိုးရေး ဆိုင်ရာများ ဆွေးနွေးကြသည်။ ဒေသခံများ၏ တင်ြပချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ တာပွန်တိုက်နယ် ဆေးရုံအတွင်းရှိ ဓာတ်မှန်ဆောင် အတွက် လိုအပ်နေသော မီးအားမြင့်စက် ဝယ်ယူရန် ငွေကျပ် လေးသိန်း လှူဒါန်းခြင်းနှင့် ဗောဓိမာန်အောင် ငါးထပ်ဘုရားကြီးသို့ သွားရောက် ဖူးမြော်ကာ မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

တင်မြင့်
Pyay City
Read More...

Wednesday, November 20, 2013

ရွှေတောင်မြို့ ရွှေနတ်တောင် စေတီတော်မြတ်ကြီး ဓာတ်လှေကား တည်ဆောက် တပ်ဆင်လျက်ရှိ

Leave a Comment
ရွှေတောင် နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင် ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာတွင် တည်ထားကိုးကွယ် လျက်ရှိသော သမိုင်းဝင် ရွှေနတ်တောင် စေတီတော်မြတ်ကြီးအား ရပ်ဝေးရပ်နီးနေ ရဟန်းရှင်လူပြည်သူ ဘုရားဖူးများ မပင်မပန်း ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ဓာတ်လှေကားတည်ဆောက်တပ်ဆင် လျက်ရှိသည်။ ယခုအခါတွင် ဓာတ်လှေကားတည် ဆောက်တပ်ဆင်မှုမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ စုစုပေါင်း ကျပ်သိန်း ၁၇၀၀ ကျော်ခန့် ကုန်ကျ မည်ဖြစ်သည့်အတွက် ဆက်လက် တည်ဆောက်တပ်ဆင်နိုင်ရန် လိုအပ်သော ငွေကျပ်သိန်း ၃၀၀ ကျော်အား ကြုံတောင့်ကြုံခဲ ဓာတ်လှေကား တည်ဆောက်တပ်ဆင်ခြင်း ကုသိုလ်ပွဲတွင် စေတနာရှင်များ၊ ပါရမီရှင်များ အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်လှူဒါန်းလိုပါက သမိုင်းထွန်းပြောင် ရွှေနတ်တောင် စေတီတော်မြတ်ကြီးရင်ပြင်တော် အလှူခံဌာနသို့ လာရောက်လှူဒါန်းနိုင်ကြပြီး ကိုယ်တိုင် မလာရောက်နိုင်သူများသည် ရွှေနတ်တောင်စေတီတော်မြတ်ကြီး (ဂေါပကအဖွဲ့ရုံး) ဖုန်း ၀၉-၅၃၇၀၆၇၀၊ ဦးလှထွန်းမြင့် (ဥက္ကဋ္ဌ) ဖုန်း ၀၉-၅၃၁၀၁၃၆၊ ဦးအောင်ကြည် (ဒုတိယဥက္ကဋ္ဌ-၁) ဖုန်း ၀၉-၅၀၀၅၄၃၄၊ ဦးကျော်ကျော်ဝင်း (ဒုတိယဥက္ကဋ္ဌ-၂) ဖုန်း ၀၉-၅၃၁၀၇၅၆နှင့် ဦးဘညိဏ်းတင့်(အတွင်းရေးမှူး) ဖုန်း ၀၅၃-၅၅၄၀၄ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

KM2011
Pyay City
Read More...

ဥသျှစ်ပင်မြို့ ဈေးဆိုင်ခန်းအသစ်များ ဆောက်လုပ်ရာတွင် မူလလျှောက်ထားသူအချို့ ကျန်ရစ်

Leave a Comment
ပြည် ၂၀.၁၁.၂၀၁၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် အတွင်းရှိ ဥသျှစ်ပင်မြို့ စည်ပင်သာယာဈေးတွင် ဆိုင်ခန်းအသစ်များ ဆောက်လုပ်လျက်ရှိရာ မူလဆိုင်ခန်းလျှောက်ထားသူအချို့ ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။ ဥသျှစ်ပင်ဈေးအတွင်းတွင် လွန်ခဲ့သော ၃ လခန့်မှ စတင်ကာ ဈေးဆိုင်ခန်း ၅၂ ခန်း ဆောက်လုပ်လျှက်ရှိပြီး ယင်းဆိုင်ခန်းများကို အမည်ပေါက်ပိုင်ဆိုင်သူ ၂၄ ဦးရှိရာ တစ်ဦးလျှင် ဆိုင်ခန်း နှစ်ခန်း၊ သုံးခန်း အထိရရှိသူများရှိ၍ ဆိုင်ခန်းဆောက်လုပ်ခကို အမည်ပေါက်သူက ကုန်ကျရမည်ဖြစ်သည်။ " လွန်ခဲ့သော ၁၀ နှစ် လောက်က ဈေးဆိုင်ခန်းတွေ ဆောက်မယ်ဆိုပြီး လျှောက်ထားရာမှာ တစ်ခန်းကို ငွေ ငါးသောင်းစီပေးကြရတယ်။ အဲဒီတုန်းက ဆိုင်ခန်း ၆၀ အတွက် လူ ၃၀ က ငွေသွင်း လျှောက်ထားကြတယ်။ အခု အဲဒီတုန်းက လူ ၃၀ မှာ ၂၄ ဦး ပြန်ပါသွားပြီး ခြောက်ဦး ကျန်နေသေးတယ်။ " ဟု ဆိုင်နှစ်ခန်းခ ကျပ် တစ်သိန်း ငွေသွင်းခဲ့သူ ဒေါ်တင်တင်ဦးက ပြောသည်။ ဥသျှစ်ပင်ဈေးအတွင်း ဆိုင်ခန်းအသစ်များ ဆောက်လုပ်ရာတွင် မူလ ပထမလျှောက်ထားသူအချို့ ကျန်ရစ်နေခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအား သွားရောက်မေးမြန်းခဲ့ရာ " လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က ဈေးထဲမှာ ဆိုင်ခန်းတွေ ဆောက်မယ်ဆိုပြီး ဈေးခေါင်းရုံးမှာ ငွေသွင်းခဲ့ရတယ်လို့သိရတယ်။ ဘယ်နှစ်ယောက်သွင်းခဲ့ရလဲမသိဘူး၊ အဲဒီတုန်းက မဆောက်ဖြစ်ခဲ့ဘူးဆိုတော့ အခုဆောက်လို့ရအောင်ပြန် လျှောက်ထားတယ်။ လျှောက်ထားဖို့လုပ်တုန်းကလဲ ပထမလျှောက်ထားသူတွေကို လိုက်လံဆော်သြပါသေးတယ်။ ထောင်ကျနေတဲ့သူနဲ့ လာရောက်မဆက်သွယ်တဲ့သူတွေ ကျန်ခဲ့ခြင်းပါ။ အခုလိုဆိုင်တွေ ဆောက်ခွင့်ရပြီဆိုမှ ကျန်တဲ့လူတွေ ပေါ်လာတာတွေ့ရလို့ စိတ်မကောင်းပါဘူး။ " ဟု ဥသျှစ်ပင်ဈေးဆိုင်ခန်း ဆောက်လုပ်ရေးကော်မတီမှ ဦးရွှေသိန်းဦးက ပြောသည်။ " လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆိုင်ခန်းလျှောက်ထားဖို့ ဆောင်ရွက်ခဲ့တဲ့ ဈေးခေါင်းကြီးက အလုပ်က နားသွားပါပြီ။ အဲဒီတုန်းက ငွေပေးခဲ့ရပြီး အခုဆိုင်ခန်း အသစ်ဆောက်တဲ့အထဲမှာ မပါတဲ့သူတွေအနေနဲ့ လာရောက်လျှောက်ထားမယ်ဆိုရင် သက်ဆိုင်ရာကို တင်ပြပေးပါမယ်" ဟု ဥသျှစ်ပင်မြို့ဈေးတာဝန်ခံ ဦးခင်မောင်မြင့်က ပြောသည်။ ဥသျှစ်ပင်ဈေးအတွင်း ဆောက်လုပ်လျက်ရှိသော ဆိုင်ခန်း တစ်ခန်း ကုန်ကျငွေမှာ ခန့်မှန်း ကျပ် ၁၀ သိန်းခန့် ကုန်ကျနိုင်ပြီး ပြင်ပပေါက်ဈေးမှာ တစ်ခန်းလျှင် ကျပ် သိန်း ၅၀ ခန့် ဈေးပေါက်နေကြောင်း ဒေသခံ ဈေးသည်များထံမှ သိရသည်။

ဇော်မင်းထိုက်
Pyay City
Read More...

ဥသျှစ်ပင်မြို့ ဈေးဆိုင်ခန်းအသစ်များ ဆောက်လုပ်ရာတွင် မူလလျှောက်ထားသူအချို့ ကျန်ရစ်

Leave a Comment
ပြည် ၂၀.၁၁.၂၀၁၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် အတွင်းရှိ ဥသျှစ်ပင်မြို့ စည်ပင်သာယာဈေးတွင် ဆိုင်ခန်းအသစ်များ ဆောက်လုပ်လျက်ရှိရာ မူလဆိုင်ခန်းလျှောက်ထားသူအချို့ ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။ ဥသျှစ်ပင်ဈေးအတွင်းတွင် လွန်ခဲ့သော ၃ လခန့်မှ စတင်ကာ ဈေးဆိုင်ခန်း ၅၂ ခန်း ဆောက်လုပ်လျှက်ရှိပြီး ယင်းဆိုင်ခန်းများကို အမည်ပေါက်ပိုင်ဆိုင်သူ ၂၄ ဦးရှိရာ တစ်ဦးလျှင် ဆိုင်ခန်း နှစ်ခန်း၊ သုံးခန်း အထိရရှိသူများရှိ၍ ဆိုင်ခန်းဆောက်လုပ်ခကို အမည်ပေါက်သူက ကုန်ကျရမည်ဖြစ်သည်။ " လွန်ခဲ့သော ၁၀ နှစ် လောက်က ဈေးဆိုင်ခန်းတွေ ဆောက်မယ်ဆိုပြီး လျှောက်ထားရာမှာ တစ်ခန်းကို ငွေ ငါးသောင်းစီပေးကြရတယ်။ အဲဒီတုန်းက ဆိုင်ခန်း ၆၀ အတွက် လူ ၃၀ က ငွေသွင်း လျှောက်ထားကြတယ်။ အခု အဲဒီတုန်းက လူ ၃၀ မှာ ၂၄ ဦး ပြန်ပါသွားပြီး ခြောက်ဦး ကျန်နေသေးတယ်။ " ဟု ဆိုင်နှစ်ခန်းခ ကျပ် တစ်သိန်း ငွေသွင်းခဲ့သူ ဒေါ်တင်တင်ဦးက ပြောသည်။ ဥသျှစ်ပင်ဈေးအတွင်း ဆိုင်ခန်းအသစ်များ ဆောက်လုပ်ရာတွင် မူလ ပထမလျှောက်ထားသူအချို့ ကျန်ရစ်နေခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအား သွားရောက်မေးမြန်းခဲ့ရာ " လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က ဈေးထဲမှာ ဆိုင်ခန်းတွေ ဆောက်မယ်ဆိုပြီး ဈေးခေါင်းရုံးမှာ ငွေသွင်းခဲ့ရတယ်လို့သိရတယ်။ ဘယ်နှစ်ယောက်သွင်းခဲ့ရလဲမသိဘူး၊ အဲဒီတုန်းက မဆောက်ဖြစ်ခဲ့ဘူးဆိုတော့ အခုဆောက်လို့ရအောင်ပြန် လျှောက်ထားတယ်။ လျှောက်ထားဖို့လုပ်တုန်းကလဲ ပထမလျှောက်ထားသူတွေကို လိုက်လံဆော်သြပါသေးတယ်။ ထောင်ကျနေတဲ့သူနဲ့ လာရောက်မဆက်သွယ်တဲ့သူတွေ ကျန်ခဲ့ခြင်းပါ။ အခုလိုဆိုင်တွေ ဆောက်ခွင့်ရပြီဆိုမှ ကျန်တဲ့လူတွေ ပေါ်လာတာတွေ့ရလို့ စိတ်မကောင်းပါဘူး။ " ဟု ဥသျှစ်ပင်ဈေးဆိုင်ခန်း ဆောက်လုပ်ရေးကော်မတီမှ ဦးရွှေသိန်းဦးက ပြောသည်။ " လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆိုင်ခန်းလျှောက်ထားဖို့ ဆောင်ရွက်ခဲ့တဲ့ ဈေးခေါင်းကြီးက အလုပ်က နားသွားပါပြီ။ အဲဒီတုန်းက ငွေပေးခဲ့ရပြီး အခုဆိုင်ခန်း အသစ်ဆောက်တဲ့အထဲမှာ မပါတဲ့သူတွေအနေနဲ့ လာရောက်လျှောက်ထားမယ်ဆိုရင် သက်ဆိုင်ရာကို တင်ပြပေးပါမယ်" ဟု ဥသျှစ်ပင်မြို့ဈေးတာဝန်ခံ ဦးခင်မောင်မြင့်က ပြောသည်။ ဥသျှစ်ပင်ဈေးအတွင်း ဆောက်လုပ်လျက်ရှိသော ဆိုင်ခန်း တစ်ခန်း ကုန်ကျငွေမှာ ခန့်မှန်း ကျပ် ၁၀ သိန်းခန့် ကုန်ကျနိုင်ပြီး ပြင်ပပေါက်ဈေးမှာ တစ်ခန်းလျှင် ကျပ် သိန်း ၅၀ ခန့် ဈေးပေါက်နေကြောင်း ဒေသခံ ဈေးသည်များထံမှ သိရသည်။

ဇော်မင်းထိုက်
Pyay City
Read More...

ရွှေတောင်မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူးအားထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြား

Leave a Comment
ရွှေတောင်မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူးအားထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြား

ဖော်ပြပါတိုင်စာနှင့်ပတ်သက်ပြီး လမိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအား အရေးယူမှုနှင့်ပတ်သက်ပြီး ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး
တွင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးလှအောင်၊ တိမွေးကုမြို့နယ်ဦးစီးမှူး ဦးဝင်းကိုနှင့်တာဝန်ရှိသူ တစ်ဦးတို့က (၃.၁၁.၂၀၁၃)ရက်နေ့တွင် လမိုင်းကျေးရွာ အုပ်စုမှ တိုင်ကြားသူများဖြစ်သည့် အဖွဲ့ဝင်(၄)ဦးအား ခေါ်ယူစစ်ဆေးခဲ့ရာ ယနေ့(၁၈.၁၁.၂၀၁၃)ရက်နေ့အထိ ဆုံးဖြတ်ချက် တစ်စုံတစ်ရာအား မသိရှိရသေး သည့်အတွက် တိုင်ကြားသူများမှ ရွှေတောင်မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူးအားထိရောက်စွာ အရေးယူဆောင်ရွက်ပေးနိုင်ရန် တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။

ပြည့်သဲမောင် (ပြည်)

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

ပြည်ကောလိပ်(၁၉၈၂/၈၃/၈၄) ခုနှစ် ကျောင်းသား/သူများ၏ မိတ်ဆုံညစာစားပွဲ ဖိတ်ကြားခြင်း

Leave a Comment
ပြည်ကောလိပ်(၁၉၈၂/၈၃/၈၄) ခုနှစ် ကျောင်းသား/သူများ၏ မိတ်ဆုံညစာစားပွဲ ဖိတ်ကြားခြင်း

၎င်းနှစ်များတွင်တက်ရောက်ခဲ့ ကြသောကျောင်းသား/သူ များသည် အလှူငွေထည့်သည် ဖြစ်စေ မထည့်သည်ဖြစ်စေ၊
ဖိတ်စာရသည်ဖြစ်စေ မရသည်ဖြစ်စေ အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက်--- (23.11.2013) Saturday
အချိန်-----ညနေ (5:30) နာရီမှ (10:30) နာရီထိ။
နေရာ-----Southern Star Resturant (ပြည်မြို့ နဝဒေးတံတားအောက်)

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

Tuesday, November 19, 2013

သရေခေတ္တရာ အမွှေအနှစ်ဆောင့်ရှောက်ရေးအဖွဲ့ စည်းရုံးလှုံဆော်ပွဲ

Leave a Comment

Sriksetra Heritage Trust

သရေခေတ္တရာ အမွှေအနှစ်ဆောင့်ရှောက်ရေးအဖွဲ့ စည်းရုံးလှုံဆော်ပွဲ

(19.11.2013) အင်္ဂါနေ့၊ နံနက် (9) နာရီအချိန် ထျန်းဟိုကုန်းမင်္ဂလာခန်းမတွင် မေတ္တာသင်္ဂဟအဖွဲ့ ( ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာရှင်များ) ပူးပေါင်းကျင်းပသော (သရေခေတ္တရာ၊ ပိဿနိုး၊ ဟန်လင်း) ပျူရှေးဟောင်းမြို့တော်များ ကမ္ဘာ့ယဉ်ကျေးမှုအမွှေအနှစ် စာရင်းဝင်ရေး စည်းရုံးလှုံဆော်ပွဲကို ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

Sriksetra Heritage Trust - Thayakhittaya Pyay

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

အမျိုးသား ၀န်ထမ်း တစ်ဦးအလိုရှိသည်

Leave a Comment
ကွန်ပျူတာ ဆားဗစ် အတွက် အမျိုးသား ၀န်ထမ်း တစ်ဦးအလိုရှိသည်။

Computer Store & Mobile Phone Shop
Bogyoke road, Pyay , 053 26 350
Today 9:00 am - 7:30 pm


Read More...

ပြည်မြို့၏ ကျက်သရေဆောင် ဗုဒ္ဓမြတ်စွယ်တော်

Leave a Comment
ပြည်မြို့၏ ကျက်သရေဆောင် ဗုဒ္ဓမြတ်စွယ်တော်

အများသူငါ ကုသိုလ်ပွားများ ဖူးမျှော်နိုင်ကြပါစေ။

(၁၁၄)ကြိမ်မြောက် လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၊ မြန်မာပြည် (ပထမ) ဗုဒ္ဓမြတ်စွယ်တော် (၁၁၄) နှစ်ပြည့် ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၉.၁၁.၂၀၁၃ ည ၉ နာရီအချိန်တွင် ကိန်းဝပ်စံပယ်ရာ မြတ်စွယ်တော်တိုက်ရှိ ဂန္ဒကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင် ပိတ်သိမ်းခဲ့ပါသည်။

ပြည်သတင်း

https://www.facebook.com/pyaynews


Read More...

၁၁၄ နှစ်ပြည့် ဗုဒ္ဓမြတ်စွယ်တော် ပိတ်သိမ်းပွဲ

Leave a Comment
ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၊ မြန်မာပြည် (ပထမ) ဗုဒ္ဓမြတ်စွယ်တော် (၁၁၄) နှစ်ပြည့် ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၉.၁၁.၂၀၁၃ ည ၉ နာရီအချိန်တွင် ကိန်းဝပ်စံပယ်ရာ မြတ်စွယ်တော်တိုက်ရှိ ဂန္ဒကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင် ပိတ်သိမ်းခဲ့ပါသည်။

ပြည်သတင်း

https://www.facebook.com/pyaynews
 



























Read More...

Facebook Like Page