Saturday, May 31, 2014

ပိုက်ဆံ သိန်း (၉၀) ကျော် ပိုင်ရှင်မဲ့တွေ့တာကို ပြန်ပေးတဲ့ ဆိုက်ကားဆရာ

Leave a Comment

ပဲခူးတိုင်းဒေသကြီး ပြည်မြိဲု့ န၀င်းကမ်းနားလမ်းနေ ဦးစန်းဝင်း(ဆိုက်ကားဆရာ/နိဗာန်ဆော်) ဆိုသူ ဆိုက်ကားနံပါတ် 1661 ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော ဆိုက်ကားသမား၏ စိတ်ဓါတ် ဆိုက်ကားသမား ဆိုတာ အင်္ကျီ အနွမ်းလေးဝတ် ဦးထုပ်အဟောင်းလေးဆောင်းပြီး နေပူပူမှာ ဘ၀ ၀မ်းစာရေးကို ဖြေရှင်းနေကြပေမဲ့ အနေစုပ်ပေမဲ့ စိတ်ဓါတ် မညံကြတဲ့ နိုင်ငံကြီးသား အဆင်မြင့် စိတ်ဓါတ်ရှင် ပြည်မြို့က ဆိုက်ကားသမား တစ်ယောက်အကြောင်းကို တင်ပြချင်ပါတယ်။

မနေ့က (30) ရက်နေ့က လစာထုတ်ရက်ဆိုတော့ စီးပွားရေးဘဏ်မှာ လစာထုတ်သူများ နဲ့ စည်ကားနေတဲ့ အချိန် ၊ လူရှုပ်နေတဲ့ အချိန်ပါ။ နေ့လည် ပိုင်းမှာ ဌာနဆိုင်ရာ တစ်ခုရဲ့ ငွေစာရင်းကိုင် ၀န်ထမ်းတစ်ဦးအား စီးဘဏ်ရှေ့ က ပီစီအို ဘေးမှာ သူ တာဝန်ယူထုတ်လာတဲ့ ၀န်ထမ်းလစာ သိန်း (၉၀) ကျော် အထုပ်ကို ဘေးချပြီး ဖုန်းဆက်နေပါတယ်။ အဲဒီအချိန်မှာပဲ သူတို့ဌာန ကားက ရောက်လာတာမို့ အလောသုံးဆယ် ကားပေါ်တက်လိုက်လာပါတယ် ဒု-၀န်ကြီးလည်း ဆိုင်းမဆင့် ဘုံမဆင့် ရောက်လာတာမို့ ကားပေါ်ပါလာသူတွေရော သူကိုယ်တိုင်ပါ စိတ် လောနေကြပါတယ် ဌာနကို ရောက်ရှိပြီး အခန်းထဲရောက်လို့ ငွေထုပ်ကို ကြည့်တဲ့အခါမှ သိန်း (၉၀) ကျော်ငွေထုပ်ဟာ စီးဘဏ် ရှေ့ ပီစီအိုဘေးနားမှာ ကျန်ခဲ့ ကြောင်းသိရတဲ့အတွက် အားလုံး ခေါင်းနပန်း ကြီးကုန်ကျပါတယ်။

ချက်ချင်းပဲ ကားပြန်လှည့်ပြီး ဘဏ်ကို သွားနေပေမဲ့ ဆုံးပြီ၊ ဒီငွေတွေကို ဘယ်လို ပြန်ရှင်းမလဲ ဆိုပြီး စိတ်ပူချင်းများစွာနဲ့ သွားနေရသလို ရုံးက ၀န်ထမ်းတွေကလည်း စိတ်မကောင်းချင်းများစွာနဲ့ ကျန်ခဲ့ ရပါတယ်။ အဲ့ဒီ ကျွပ်ကျွပ်အိတ် အထုပ်ကို ဘဏ်ဘေးက ဆိုက်ကားဂိတ်က ဆိုက်ကားသမားတစ်ဦးက ဖွင့်ကြည့်ပြီး ငွေထုပ်ဖြစ်ကြောင်းသူသိသွားပါတယ် ငွေစည်းတွေရဲ့ အပေါ် မှာ ပန်းတောင်း လို့ ရေးထားတဲ့အတွက် ပန်းတောင်းကားဂိတ်ကို လိုက်ပေးပါတယ် ကားဂိတ်ကလည်း ငွေထုပ်ပျေက်တဲ့ သူ မရှိတာမို့ ဘဏ်ကို ပြန်ယူလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နောက်က လူ (၃) ဦးက လိုက်လားပြီး သူတို့ ငွေထုပ်ပါ ဆိုပြီး လိုက်ပြောပါတယ် မပေးရင် အန္တရာယ်ပြုမဲ့ ပုံစံမျိုးနဲ့ပါ။ ဆိုက်ကား သမားက လည်း မင်းတို့ ပိုက်ဆံဆိုရင် ရဲဆီမှာ လိုက်ယူပါ ရဲကိုပဲ အပ်မယ် ဆိုပြီး ဘဏ်က ရဲနဲ့ ဘဏ် မန်နေဂျာ လက်ထဲ အပ်ခဲ့ပါတယ် အဲဒီလူ (၃) ဦးလည်း မယောင်မလည်နဲ့ ပြန်သွားကြပါတယ်။

မျက်ရည်တွေနဲ့ စိတ်ပူပန်ချင်းတွေနဲ့ စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ သောက တွေနဲ့ ဘဏ်ကို ရောက်လာတဲ့ အမျိုးသမိး ဟာ ရောက်ရောက်ချင်း သူ့ ဆုံးပြီ ပြသနာတက်ပြီ လို့ ထင်ထားတဲ့ ငွေထုပ်ဟာ ဘဏ် မန်နေဂျာ ဆီကို ရောက်နေပြီလို့ သိလိုက်ရတဲ့ အတွက် အရမ်းကို ပျော်သွားပါတယ်။ ဦးစန်းဝင်းမှာ ကားဂိတ်တွေမှာ လိုက်ရှာမရတဲ့အဆုံး မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးရဲဝန်ထမ်းမှ တဆင့် မန်နေဂျာထံသို့ ပေးပို့အပ်နှံခဲ့ပြီးဖြစ်ပါသည်။
သူ သိန်း ၁၅၀၀ ထီပေါက်ရင်တောင် အခုလောက် ပျော်မှာ မဟုတ်ပါဘူး။ သူမ ဟာ ဘဏ်မှာ ငွေ အမြဲလာထုတ်နေတာရယ် သူ့ဌာန ၀န်ထမ်းလစာဖြစ်ကြောင်း သက်သေပြနိုင်တာရယ် ကြော င့် သူမကို ပြန်ပေးလိုက်ပါတယ်။

ဆိုက်ကားသမားကို ကျေးဇူးတင်လွန်းလို့ သူမ ယခုလ ရမည့်လစာ (မေလ/၁၄)လအတွက် ငွေ တစ်သိန်းကို ကန်တော့ပါတယ်။ ရိုးဂုဏ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရော ကျေးဇူးရှင် တစ်ယောက် အဖြစ် အသိအမှတ် ပြုတဲ့ အနေနဲ့ရော ပဆစ်တုပ်ထိုင်ပြီး ဦးချ ကန်တော့ခဲ့ပါတယ်။

ဆိုက်ကားသမား ရင်မှာတော့ ပီတိတွေနဲ့ပါ ငွေ ၁ သိန်းကို မယူပါဘူး အတင်းငြင်းပေမဲ့ ကျေးဇူးရှင်မို့ပါဆိုပြီး လက်ခံပါ အတင်းပြောခဲ့ရပါတယ်။ ဒိငွေ တစ်သိန်းထက် ကျေးဇူးရှင် အဖြစ် အသိအမှတ်ပြုမှုက သူ့ဘ၀ တစ်လျှောက်လုံး ရိုးဂုဏ် ကို ထိန်းသိမ်းတော့မယ် လို့ ဆုံးဖြတ်လိုက်တဲ့ တွန်းအားကြီး တစ်ခုပါ။ ဘဏ် မန်နေဂျာ အပါအ၀င် အားလုံးရဲ့ ရင်မှာ ၀မ်းသာ မျက်ရည်စတွေနဲ့ရယ်ပါ။ ငွေထုပ်လက် ခံပြီး ဘဏ် မန်နေဂျာ ဆီ လိုက်ပို့ပေးတဲ့ ရဲ တပ်သားလေးကိုလည်း မုန့်ဖိုး ၁ သောင်း ပေးအပ်ခဲ့ပါတယ်။

ကျွန်တော်တို့ ဘဏ်သူဘဏ်သားများ အဖွဲ့သားများမှလည်း ဦးစန်းဝင်းကြီး မိသားစုနှင့် ထပ်တူ ဂုဏ်ယူမိပါသည်။ လေးစားမိပါသည်။ အတုယူသင့်ပါသည်။


(ဘဏ်သူဘဏ်သားများစုံဆည်းရာ မိသားစုမှမျှဝေပါသည်)
Read More...

Friday, May 30, 2014

ပြည်သတင်းလူငယ်(ပြည်သတင်း)ရင်ဖွင့်ပါတယ်

Leave a Comment


ပြည်သတင်းလူငယ်(ပြည်သတင်း)ရင်ဖွင့်ပါတယ်
******************************************************


ခေတ္တနားပါဦးမည်...........လိုင်းမကောင်းလို့ရူးကြောင်ကြောင်ဖြစ်ချင်နေပါပြီ အဲကြားထဲ က.ည.န ကားသတင်းကိုရေးလို့ဆိုပြီး မမှန်မကန်လုပ်နေတယ်ဆိုပြီး အထိနာသူတွေဖြစ်တဲ့ (S.P)က တရားဆွဲဦးမယ်တဲ့ဗျာ..ရယ်ချင်စိတ်ပေါက်သွားတယ် အော်လူတွေလူတွေသတင်းအမှန်ရေးတာကိုပဲ အင်းပေါ့လေ တရားဆွဲလည်းဆွဲချင်စရာပဲ အမှန်တွေရေးတင်လိုက်တော့ နေပြည်တော်က ၀န်ကြီးလည်းမနေနိုင်တော့ပဲ ပြည်မြို့အထိ သူ့အောက်က၀န်ကြီးကိုလွှတ်ရတော့တာပေါ့ ဘာပဲပြောပြော တရားစွဲလည်းတန်တယ် အသိတခုရလိုက်တယ်လေ နောက်ရှိသေးတယ် မှတ်မိအုံးမှာပေါ့ (ပညာရေးကောလိပ်)ကကျောင်းအုပ်ဆရာညမကြီး အောက်ခြေ၀န်ထမ်းတွေ ရေးမပေးလို့ မပေးတဲ့အကြောင်းရေးတင်လိုက်တယ် ရေးကာစတော့ အသေစုံစမ်းတာပေါ့ စွန်ရဲဆိုတာ ပြည်သတင်းလားဆိုတာပဲ ဟဲဟဲနောက်ပိုင်း လွန်ခဲ့တဲ့(၁၅)ရက်လောက်က စည်းဝေးလုပ်တယ်ကြားတယ် စည်းဝေးမှာဆရာမကြီးကပြောရှာပါတယ် သူလည်းပြုတ်တော့မယ် ပြည်သတင်းလူငယ် နှင့် စွန်ရဲ တို့ကိုကျေးဇူးတင်တယ်ပြောပေးပါတဲ့ ဟဲဟဲ သူတို့တွေကြောင့် အခုကျောင်းမှာ ရေစက်တလုံးအရာရှိတွေကချပေးလိုက်တယ်တဲ့ ဆရာမကြီး နှင့် က.ည.န ကဆရာတွေရယ် မြင်လည်းမမြင်ဖူးပါဘူး သိလည်းမသိပါဘူး သိတာကိုသိသလိုရေးလိုက်တာ သူနာပါစေ ကိုယ်သာပါစေရည်ရွယ်ချက်လည်းမရှိ ပြည်တမြို့တည်းကောင်းဖို့ပဲ ခေါင်းထဲချာချာလည်အောင်တွေးရေးနေရတာ အခုလည်း လူတွေတော်တော်များများသတိမထားမိသေးတဲ့ (အေးငြိမ်းရာ)သုသန်အကြောင်းလေးရေးရအုံးမယ်ဗျာ လူတွေဟာ သေနေတဲ့အချိန် ဘာမှမသိပေမဲ့ ရှင်နေသူတွေကတော့ အမြဲတန်းအမှတ်တရရှိနေကြတယ်လေ အေးငြိမ်းရာ အကြောင်းကတော့ ပြည်မြို့က သေဆုံးသွားတဲ့ မိတ်ဆွေတွေအတွက်ပေါ့ဗျာ ကဲနောင်ဘ၀ကနေ ကျွန်တော့ကိုကူညီကြပါအုံးလုံး ပြောချင်ပါတယ် သေးဆုံးသွားတဲ့မိတ်ဆွေတွေ မိတ်ဆွေတို့အတွက်သတင်းတစ်ပုဒ်ရေးရအုံးမှာပါ...ပြည်သတင်းလူငယ်(ပြည်သတင်း)(09401616323) ပြည်သူတွေ ဖုန်းဆက်သတင်းပေးချင်ရင်တိတိကျကျသတင်းမျိုးကို ပေးပို့စေလိုပါတယ်..မှတ်ချက်(ပြည်ခရိုင်အတွင်း..သာ)


Read More...

ှရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)

Leave a Comment

ှရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)

တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့၊ ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာအဓိက သရုပ်ဆောင်မျာြး ဖစ်ကြ လေသည်။ တောင်ကြီးလွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ်ယူပို့ဆောင်ပေးနေသော ဒေါင်းစိန်၏ဂ
ျစ်ကားကို မစီးဘူးသူတော်တော်ရှားသည်။ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ခေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်

ဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့လုံးအသိပင်ဖြစ်သည်။

“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲကြိုးစားပြီးငွေစုနေတာလေ”

“ဒါတော့ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆိုတာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးက မျှော်တွေးနေကြတဲ့သူတွေပါ၊နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကိုဘယ်လောက်ချစ်တယ်ဆိုတာနန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသောအပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေလွှမ်းလို့ပေါ့…

“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”

မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ချစ်သူနှစ်ဥိးကိုအမြဲလိုလို မြင်တွေ့နေကြရသည်…

တစ်ဦးအပေါ်တစ်ဦး အနစ်နာခံနားလည်မှုရှိကြပြီးအချစ်ကြီးချစ်ခဲ့ကြသော ယှာုဥှုမောင်းသမားလေး ဒေါင်းစိန်နဲ့ ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ်အတွင်းမှာပင်လက်ထပ်ခဲ့ကြသည်

မိုးနဲတစ်မြို့လုံးကလဲဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကိုနေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲကလိုတောင် ထောပနာပြုကြသည်။

နှစ်ဦးသားအနှစ်နှစ်အလလကြိုးစားရှာဖွေခြဲ့ ကသည့်ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။

တစ်ဦးအပေါ်တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကို တစ်ဦး ဖြေရှင်းပေး ဒေါင်းစိန်ကလဲအိမ်ထောင်ဦးစီးပီပီ နေ့မနား ညမအားစီးပွားရှာ ကားဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည် ၊သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက်လိုက်ညီနေသော ဇနီးမောင်နှံအတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်…

“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲလိုက်မှာနော်၊ရှေ့ခန်း အစ်ကို့ဘေးမှာ နေရာချန်ထားပေး” အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာတာတာနွဲ့တဲ့တဲ့အသံကို ကြားလိုက်ရသဖြင့်နန်းစင်ချို တစ်ယောက် ဝေ့ကြည့်လိုက်သည်။သူအင်မတန်ချစ်သော လင်တော်မောင်ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်…

“ဒီနေ့တော့ကားရေဆေးရမှာမို့ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”

“Ok ချယ်ရီသွားမယ်”

ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသောချယ်ရီအား စူးရှသောမျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။

“ကားဆရာကြီး ဒီနားကိုခဏကြွပါအုန်း”

ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလို က်ပြီဖြစ်သည်။

“အဲ့ဒီချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊အစ်ကို့ဘေးမှာ နန်းစင်ချိုဆိုတဲ့သူ့မိန်းမကလွဲရင်ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကိုတိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ်ရှည်ရှည်ထားပေးအုံးနော်၊ နောက်တော့ အားလုံးရှင်းသွားမှာပါ နန်းရဲ့”

နန်းစင်ချိုဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာထွက်သွားလိုက်သဖြင့် စကားနည်းရန်ဆဲဖြ စ်ခဲ့ရသည်။ သို့ရာတွင်လည်းနေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေများတိုက်ခတ်မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ချယ်ရီဆိုသော မိန်းကလေးကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟုဆုံးဖြတ်ထားလိုက်သည်။

သို့နှင့် မည်သူမျှအသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့တစ်ဦးတည်းလိုက်သွားသည်။ “နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ချယ်ရီနဲ့ အကို ဘယ်လိုပုံစံနဲ့မှမပတ်သက်ဘူးဆိုတာ အစ်ကိုရှင်းပြပြီးပြီလေ”

“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲအစ်ကို ကားမောင်းနေရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”

“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့အလိုက်သင့်ပေါင်းရတယ်ဆိုတာ နန်းလည်းအသိသားနဲ့”

“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”

“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲထိုင်ပေါ့၊ ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှမတင်တော့ဘူး ကျေနပ်လား”

နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါ င်းအသာညိတ်ပြလိုက်သည်။ဒေါင်းစိန်တစ်ယောက် ခရီးသည်မပြည့်သော်လည်း ဂိတ်မှထွက်ခဲ့သည်။မိုးနှင်းများကျထားသဖြင့် စိုစွတ်နေသောလမ်းပေါ်ဝယ် ဒေါင်းစိန်၏ဂျစ် ကားမှာတရိပ်ရိပ်ပြေးလွှားရင်း တောင်တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့်ကျော်ဖြတ်နေကြောင်းတွေ့ရသည်

နန်းစင်ချိုမှာမူဒေါင်းစိန်နံဘေးမှ လိုက်ပါလာရသည်ကိုပင် ပီတိဖြာလျက် တမှေးပင်အိပ်ပျော်သွားဟန်တွေ့နေရသည်။ ခရီးသည်များကလဲ သူ့အတွေးနဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။ ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီးတစ်စီးကွေ့ထွက်လာသည်ကိုတွေ့လိုက်ရသောဒေါင်းစိန်လည်း စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ဖြင ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်သည်။ အမှတ်မထင်ဖြစ်ပျက်လိုက်မှုကြောင နန်းစင်ချိုခမြာ ကား၏ညာဘက်သို့လွင့်ကျသွားတော့သည်။

ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသောအရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသောနန်းစင်ချိုအား ချက်ခြင်းပင် လွိုင်လင်ဆေးရုံသို့ အမြန်ပို့ကြသည်။ သို့သော်လဲ နောက်နေ့မနက်တွင်နန်းစင်ချို တစ်ယောက်သေဆုံးသွားကြောင်းသိကြရ၍ မိုးနဲတစ်မြို့လုံးနှင့် ဒေါင်းစိန်တို့ယူကြုံးမရဖြစ်ကြရတော့သည်။

ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။

ရဲ့တပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့်ကားရုတ်တရက်အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက်ဆိုကြခြင်းေ ကြာင့် ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။

နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ်ကိုင်နေကြောင်းတွေ့ရသည်… တစ်ခုထူးခြားချက်က ညဘက်ရောက်လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြချင်းဖြစ်သည်နောက်တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟုပြောစမှတ်ဖြစ်လာကြသည်။

“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာနင်တို့အ သိပဲလေ။ပြီးတော့ သေရတာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”

“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာနေနေမှာပေါ့”

အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူ ငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့် မြမြ၀င်းတို့၏လေသံ။

“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်ကကျသေတဲ့နေရာကနေ ခေါ်လာတာပဲဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”

“အိုကွာဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”

ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့်စိုင်ဇော်ထူးတို့၏စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲချိန်ဖြစ်၍မိုးနဲတစ်မြို့ လုံးတိတ်ဆိတ်နေချိန်ဖြစ်သည်။

အမှောင်ထုထဲမှာခွေးအူသံ တစ်ချက် ကြားရသည်နှင့်သံချောင်းတို့ဒေါင်းစိန်၏အိမ် သို့ချဉ်းကပ်လိုက်သည်။မှောင်ပြ ပမီးဖိုချောင်ဘက်မှ အသံကြားရသဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထားသည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။ထမင်းချက်သည်၊ ပန်းကန်ဆေးသည် ရေနွေးတည်သည်၊ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည်သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…

ထိုစဉ်ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ပုန်းနေလိုက်သည်။ ဒေါင်းစိန်တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ်လုပ်ကိုင်သွားသည်များကိုမတွေ့။ မည်သို့မျှမမှုသည့်အပြင်ပူပူနွေးနွေး ထမင်းဟင်းများကိုအားပါးတရစားနြေေ ကာင်းတွေ့ကြသည်။

“သံချောင်းမင်းတို့မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”

“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲသိနေကြပြီပဲဟာ”

အထက်ပါဖြစ်ရပ်မှန်များအားသံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။ သို့ကြောင့်လဲစာရေးသူကိုယ်တိုင်ပင် ဖြစ်ရပ်မှန်များထဲသို့ စူးစမ်းလိုစိတ်နှင့်ဝင်ရောက်ခဲ့ရလေတော့သည်။

“နေစမ်းပအုန်း မင်းတို့သရဲမကို တွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”

“အဲလိုတော့မဟုတ်ဘူးဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”

“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်းဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့်မယ်လာ”

စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြ ရသည်။ အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်းလူမျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန်လုပ်ပေးရသည်။

နန်းစင်ချိုမှာ မိမိ၏လင်သားနှင့်မိမိအိမ်အပေါ်စွဲ လမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊ ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန်ကြာမြင့်လာလျှင် အစွယ်ပါထွက်လာပြီးတစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်းကိုဒုက္ခပေးတတ်ကြောင်း၊ နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီးရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်းကိုစောင့်ထိန်းနေရသူမျာြး ဖစ်သောကြောင့် ဤကိစ္စကို မည်သို့လုပ်ဆောင်ရမည်ကိုမညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်ေ လသည်။

သို့နှင့် စာရေးသူ၏အကြံပြုချက်ဖြင့ နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက်တွင မေးမြန်းကြရတော့သည်

“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာေ နတာကြာပါပြီ၊ လင်ခန်းမယားခန်း အနေနဲ့လည်း လူ့ဘ၀တုန်းကလိုပ နေခဲ့ကြပါတယ်၊တခြားသူတွေကို သတိမပေးဘူးဆိုတာကျနော့်မိန်းမကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”

ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ်သူဒုက္ခဖြစ်နိုင်တယ်

ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွှာနာမည်ဆိုတာကိ ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့

စာရေးသူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကိုအကြောင်းကြားပြီး ဆိုင်ရာပိုင်ရာကွင်းပိုင် နယ်ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကိုဖော်ယူရန် တာဝန်ရှိသူတွေနဲ့ပူးပေါင်းစီစဉ်ကြတော့သည်။

မြို့နယ်အတွင်းရှိရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှအလောင်းဖော့်မည့် နေရတွင်ဆိုင်ခန်းများပင်ရောင်းရလျှက် စည်ကားနေကြောင်းတွေ့ရသည်။နန်းစင်ချို၏ ယောကျာင်္းဖြစ်သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်းများဖြစ်ကြသောသံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင်တစားကြည့်ရူ့လေ့လာကြသည်။

နန်းစင်ချို၏အခေါင်းပုံကို ပံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ်သို့တင်လိုက်ကြသည်။

“နန်းစင်ချိုအားမြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီးရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့် အတိုင်း ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်းရင်းဘက်တွင် အပေါက် ငယ် တစ်ပေါက်ကိုတွေ့လိုက်ကြရသဖြင့် ကြည့်ရှု့သူအားလုံးတအံ့တသြဖြစ်သွား ကြရသည်။

သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အု ပ်စုသည်အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့လိုက်ကြလေတော့သည်…

မီးတောက်များနဲ့အတူ နန်းစင်ချိုအားချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း ဒေါင်းစိန်၏ရင်တွင်းဝယ် တောက်လောင်နေမည်မှာလည်း မလွဲဧကန်ပင်ဖြစ်မည်ဆိုခြင်းကို ငြင်းချက်ထုတ်စရာပင်မလိုတော့။

ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်းမည်သို့မည်မျှ မကြားရသည်မှာယနေ့ထက်တိုင်ပင် ဖြစ်ချိမ့်မည်။ ဤကားစာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့ရသော

ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လေ၏။


ပရလောကမှ ရှားပါးမှတ်တမ်းများ

ပြည်သတင်းလူငယ်(ပြည်သတင်း)



Read More...

ပြည်လွှတ်တော်သတင်းအတိုအထွာများ,

Leave a Comment
ပြည်သတင်းလူငယ်(ပြည်သတင်း)


ပြည်မြို့နယ်မုဌောအုပ်စု လွှတ်တော်ကိုယ်စား
လှယ်တော်များဦးဆောင်မှုဖြင့် သမိုင်ဝင် လက်
သည်းရေကန်ပြန်လည်တူဖော်ခြင်းလုပ်ငန်းပြီးစီး၍
ဆရာတော်ဘုရား နှင့် လွှတ်တော်ကိုယ်စားလှယ်
များ ဒေသခံပြည်သူများ ဝမ်းမြောက်ကြည်နူးခဲ့ကြ
အဘက်ဘက်မှ ကူညီပေးပါသော ဆည်မြောင်း
ဦးစီးဌာန - လွှတ်တော်ကိုယ်စားလှယ်တော်များ -
ဒေသခံပြည်သူများကိုစား ပြည်လွှတ်တော်သတင်း
မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း 22 .5 .2014 ( 8 :40 AM )
 
ပြည်လွှတ်တော်သတင်းများ's photo.
ပြည်လွှတ်တော်သတင်းများ's photo.

 
 
 
 
ပြည်မြို့ ခေတ္တရာမြို့သစ်ဈေး လိုအပ်ချက်များဖြည့်
စည်းပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်တော်
များ စည်ပင်သာယာဦးစီးဌာန ဈေးမိ ဈေးဖ ဈေးသည်များနှင့်တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်းသိ
ရှိရ . .22 .5 .2014 ( 10 : 00 AM )























ပြည်မြို့နယ် - ပေါင်းတမော့အုပ်စု - လက္ခုပင်ကျေး
ရွာ ဒေသခံပြည်သူများ နှင့် လွှတ်တော်ကိုယ်စား
လှယ်တော်များ ဒေသ၏လိုအပ်ချက်များတွေ့ဆုံ
ဆွေးနွေးခဲ့ကြောင်းသိရှိရ 23 .5 .2014
( 10 :00 AM )




ပြည်မြို့ ရွာဘဲနယ်မြေ - မင်းကန်ပိုင် - စည်ကြီးစွဲ -
သူတောင်းတွင်း - မြကန်သာ ရပ်ကွက် နယ်မြေလို
အပ်ချက်တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲ
24 .5 .2014 ( 8 :15 PM )
 
 
 
 


 
 
 
 ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

အခုရှုပ်မှနောင်ရှင်း သရ၀ဏ်(ပြည်)

Leave a Comment


အခုရှုပ်မှနောင်ရှင်း

သရ၀ဏ်(ပြည်)

ကျွန်တော် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီထဲသို.၀င်တော.မည် ။ ဘယ်သူတွေဘာထင်ထင် ကျွန်တော်ဝင်မည် ။ ဒီခေတ်မှာနိုင်ငံရေးပါတီတစ်ခုတော.နောက်ခံရှိထားမှဖြစ်မည် ။ သူများတွေဝင်သောပါတီထဲသို.လည်း အုတ်အရောရောကျောက်အရောရော သူများလုပ်တိုင်းလိုက်လုပ်ကာ ရောတိရောရာ မလုပ်ချင် ။ ကိုယ်ထင်တာကိုယ်လုပ်တာကျွန်တော်.၀ါသနာဖြစ်သည် ။ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ကိုကျွန်တော်ကြိုက်သည် ။ယခင်ပါတီဥက္ကဌဦးသိန်းစိန်သည် လာဘ်မစားဘူးဟုနာမည်ကျော်ကြားသော Mr. Clean ဖြစ်သည် ။ ယခုပါတီဥက္ကဌဖြစ်သူ၊ သူရဦးရွှေမန်းသည် တိုင်းပြည်ကောင်းအောင်လုပ်နိုင်မည်.သူတစ်ဦးဖြစ်သည် ဟုကျွန်တော်ယုံသည် ။ ထို.ကြောင်.ပါတီသို.ကျွန်တော်ဝင်မည် ။သို.သော် ကျွန်တော်သည် ဥာဏ်ရည်နုံနဲ.သူဖြစ်သည် ။ ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီနှင်.ပါတ်သက်လာလျင် ကျွန်တော်မရှင်းလင်းသော ၊ မည်သို.မျှမစဉ်းစားတတ်သော ကိစ္စလေးအနည်းငယ်ရှိသည် ။မေးခွန်းအနည်းငယ်ရှိသည် ။ ခုရှုပ်မှနောင်ရှင်းဆိုသလိုထိုကိစ္စများကိုသက်ဆိုင်ရာပါတီခေါင်းဆောင်များမှကျွန်တော် သဘောပေါက်နားလည်လာအောင် ရှင်းပြနိုင်ပါက အလွန်ကျေးဇူးတင်မိပေမည် ။ ရှင်းပြမည်ဟုလည်းယုံကြည်မျှော်လင်.ပါသည် ။ ထိုအခါကျွန်တော်သည် ပါတီထဲသို.၀င်ရန်သာရှိပါတော.သည် ။
ပထမအချက်အနေဖြင်.ကျွန်တော်မေးလိုသည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်း နှင်.ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် အတူတူပဲလားဟူသောမေးခွန်းဖြစ်ပါသည် ။အဘယ်.ကြောင်.ဆိုသော် ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်းသည် အစိုးရပိုင်အသင်းကြီးဖြစ်ခဲ.သည် ။ အစိုးရပိုင်အသင်းဖြစ်စဉ်က အသင်းပိုင်ရုံးခန်းများ၏ မြေနေရာနှင်. အဆောက်အဦ အားလုံးသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.တည်ဆောက်ထားသော ရုံးခန်းများဖြစ်သည် ။ ထိုသို. နိုင်ငံတော်ပိုင်မြေနှင်.ရုံးများသည် အသင်းကြီးအဖြစ်မှ နိုင်ငံရေးပါတီတစ်ခုအဖြစ်သို.ပြောင်းလဲလိုက်သောအခါ နိုင်ငံတော်ပိုင်ပစ္စည်းများကို နိုင်ငံတော်သို.ပြန်အပ်ရမည်ဖြစ်သည် ။ နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံတော်ပိုင်မဟုတ်သဖြင်. ယခင်နိုင်ငံတော်ပိုင်အသင်းကြီး၏မြေနေရာ ၊ဘဏ္ဍာငွေ ၊အဆောက်အဦ ၊လက်ကျန်ငွေ ၊ စီးပွားရေးလုပ်ငန်းစသည်များကိုတစ်ခုမကျန် နိုင်ငံတော်သို.ပြန်အပ်ရပေမည် ။ ပြည်သူတို.၏ ချွေးနည်းစာဖြစ်သော နိုင်ငံတော်ဘဏ္ဍာငွေ သည် ပါတီတစ်ခုအတွက်သုံးလို.ရမရကျွန်တော်သိချင်သည် ။ ထို.ကြောင်.ကြံ.ခိုင်ရေးအသင်းကြီး၏မြေများ ၊ တိုက်များ ၊ ရုံးခန်းများ ၊စီးပွားရေးလုပ်ငန်းများ ကို ပြည်ခိုင်ဖြိုးပါတီက မိဘအမွေသားသမီး ဆက်ခံသလို ယူလိုက်ခြင်းမှာ တည်ဆဲဥပဒေနှင်.ညီမညီ ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီသည် ပြည်သူပိုင်ပစ္စည်းများကို နိုင်ငံရေးပါတီတစ်ခုသို.ကိုယ်.သဘောနှင်.ကိုယ်ပေးပိုင်ခွင်.ရှိမရှိ ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် နိုင်ငံပိုင်ပစ္စည်းကိုပါတီအတွက်လွှဲပြောင်းရယူပိုင်ခွင်.ရှိမရှိ ကျွန်တော်သိလိုပါသည် ။

ဒုတိယသိလိုသည်မှာအသင်းကြီးကိုစတင်တည်ထောင်သူ နာယကကြီးဖြစ်သော အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်းဖြစ်သည် ။ ပြည်ခိုင်ဖြိုးပါတီသည် ပြည်ခိုင်ဖြိုးအသင်းမှဆင်းသက်လာသည်ဖြစ်ရာ အသင်းကြီး၏မူလစတင်တည်ထောင်သူတစ်ယောက်အကြောင်းကိုပါတီကရှင်းပြနိုင်လိမ်.မည်ဟုယူဆ၍ မေးရခြင်းဖြစ်ပါသည် ။ ကျွန်တော်သိလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ယခုနေနေသော အိမ်တော်ဟုခေါ်သည်.နေပြည်တော်မှ မြေနေရာနှင်.အဆောက်အဦသည် သူ၏ချွေးနည်းစာဖြင်. လစာဝင်ငွေထဲမှစုဆောင်းကာ ဆောက်လုပ်ထားခြင်းလော ၊ သို.တည်းမဟုတ် နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများဖြင်.ဆောက်လုပ်ထားခြင်းလောမရှင်းသဖြင်.မေးချင်ပါသည် ။ သူ.ငွေဖြင်.သူဆောက်လုပ်ထားပါသည်ဟုတစ်ခွန်းဖြေလျင်ဘာမှစောဒကတက်၍ ရှေ.ဆက်မမေးတော.ပါ ။သို.သော် နိုင်ငံတော် ဘတ်ဂျက်ငွေဖြင်.ဆောက်ထားပါသည်ဆိုလျှင် မရှင်းတာလေးအနည်းငယ်ရှိပါသည် ။ နိုင်ငံတော်ဝန်းထမ်းတစ်ယောက်အားတာဝန်ထမ်းဆောင်စဉ်ပေးထားသောအိမ်သည် သက်ပြည်.ပင်စင်ယူ၍ (အမှန်မှာ သက်ကျော်ပင်စင်ဟုပင်ပြောရမလိုဖြစ်ပေသည် ။ စကားချပ် ။ ) ရာထူးမှအနားယူသွားသောအခါ ထိုအိမ်တွင်ဆက်နေ၍ရမရ သိလိုပါသည် ။ နိုင်ငံတကာတွင် အမေရိကန်သမ္မတအဆက်ဆက်သည်ရာထူးမှ နှစ်စေ.၍ဆင်းသွားသောအခါ အိမ်ပေါ်မှဆင်းပေးရပါသည် ။ နောက်သမ္မတနေရန်အိမ်အသစ်ထပ်ဆောက်ရရိုးထုံးစံမရှိပါ ။ အိမ်ဖြူတော်သည် လေးနှစ်တစ်ခါ (သို.မဟုတ် )ရှစ်နှစ်တစ်ခါ သမ္မတများပြောင်းနေပါသည် ။ ဗြိတိန်တွင်လည်း ၀န်ကြီးချုပ်အသစ်တက်လာသောအခါ ၀န်ကြီးချုပ်ဟောင်းသည် လန်ဒန်မြို. အမှတ် (၁၀ ) ဒေါင်းနင်းလမ်းနေအိမ်မှ ထွက်ခွာပေးကြရစမြဲဖြစ်သည် ။ မြန်မာနိုင်ငံတွင်လည်း တပ်မတော်သားဝန်ထမ်းများသည် အသက် (၆၀) ပြည်.၍ပင်စင်ယူသောအခါ ရရှိထားသော လိုင်းခန်း (သို.မဟုတ် )အရာရှိအိမ်ယာကို စစ်တပ်သို.ပြန်အပ်ရပါသည် ။ က.ပ.စ တွင်အလုပ်လုပ်သော ကျွန်တော်၏မိတ်ဆွေ တပ်မတော်သားတစ်ဦးသည် ပင်စင်ယူသောအခါ နေစရာမရှိတော.သဖြင်. သူတို.မိသားစုထဲမှတစ်ယောက်ကို အလုပ်ထဲတွင်ပြန်သွင်းထားပြီးမှ ထိုအိမ်ယာကိုပြန်နေခွင်.ပြုရန်လျှောက်လွှာတစ်ခါပြန်တင်ကာ ဘောင်ဝင်အောင်ဆောင်ရွက်ရပါသည် ။ အခြား အရပ်ဘက်ဝန်ထမ်းများလည်းထိုနည်းနှင်နှင်ဖြစ်ပါသည် ။ ၀န်ထမ်းဘ၀ကရခဲ.သောအိမ်သည် ပင်စင်ယူသောအခါ အပြီးအပိုင်ရလိုက်သည်ဟူ၍လည်းမကြားဖူးပါ ။ ထို.ကြောင်.တပ်ချုပ်ကြီး( ဟောင်း)၏အိမ်သည် ကိုယ်ပိုင်အိမ်လား ၊နိုင်ငံတော်ပိုင်အိမ်လားသိလိုခြင်းဖြစ်ပါသည် ။

ဒုတိယတစ်ချက်သိလိုသည်မှာ ပင်စင်လစာကိစ္စဖြစ်ပါသည် ။ ၂၀၁၁ ခုနှစ် မတ်လ (၃၁) ရက်နေ. မှစ၍ ပင်စင်ဦးစီးဌာနမှစ၍ ခံစားခွင်.ပြုလိုက်သည်. ပင်စင်လစာငွေများမှာ ဗိုလ်ချုပ်မှူးကြီး သိန်းရွှေ (ငြိမ်း) ၏ပင်စင်လစာ မှာတစ်လလျင် ကျပ် သိန်း(၁၀၀) ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) မှာတစ်လလျင် ကျပ်သိန်း (၈၀) ခံစားခွင်.ရှိသည်ဟုဆို၏ ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၅၈)တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည် ဟုဖော်ပြပါရှိ၏ ။ ထိုသို.ဆိုလျင် ဖွဲ.စည်းပုံဥပဒေအရ နိုင်ငံတော်၏အထွတ်အထိပ်ဖြစ်သည်ဟုဆိုသော သမ္မတဦးသိန်းစိန်က လုပ်ခလစာ တစ်လလျင် သိန်း (၅၀ )ပဲရနေပါလျက် အထွတ်အထိပ်မဟုတ်တော.သောပုဂ္ဂိုလ်တစ်ယောက်၏ပင်စင်လစာငွေမှာ အထွတ်အထိပ်ထက် နှစ်ဆများနေသည်မှာ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.ညီညွတ်ခြင်းရှိမရှိ ၊ဖွဲ.စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်မရောက် သိရှိလိုပါသည်ခင်ဗျား ။
တစ်ဖန်နိုင်ငံရေးဆုငွေ ( အရပ်အခေါ်ဂရယ်ဂျူတီကြေး )ချီးမြှင်.ရာတွင်လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ခံစားခွင်.မှာ သိန်းပေါင်း ( ၂၃၀၀ ) ဖြစ်သည်ဟုသိရပါသည် ။ထိုကိစ္စသည်ကောလဟလ လားတကယ်လား သိလိုပါသည် ။ တကယ်ဖြစ်ပါက Gratuity ကြေး သိန်း (၂၃၀၀ ) ရအောင်တွက်လိုက်သော တွက်နည်းစနစ်ကိုသိလိုပါသည် ။ သာမန်အားဖြင်.၀န်ထမ်းများအငြိမ်းစားယူသောအခါ Gratuity (ခေါ်) လုပ်သက်ခံစားခွင်. တွက်ချက်သော ပုံသေနည်းမှာ ကျွန်တော်သိသလောက်အောက်ပါအတိုင်း တစ်နိုင်ငံလုံးတွက်ကြပါသည် ။

အငြိမ်းစားမယူမီနောက်ဆုံးရခဲ.သော လစာ x လုပ်သက် ÷ ( ၂ ) ဖြစ်ပါသည် ။

ဤနည်းဖြင်.တွက်ချက်ပါက ဗိုလိချုပ်မှူးကြီးသန်းေ၇ွှ၏လုပ်သက်ကို (၄၅ )နှစ်ဖြင်.စဉ်းစား၍တွက်ချက်လျင် သူ၏မူရင်းလစာမှာ တစ်လလျင်သိန်း (၁၀၀ ) ရှိပါမှ ဂရယ်ဂျူတီကြေး သိန်း ၂၃၀၀ ခန်. ရပေလိမ်.မည် ။ ထို.ကြောင်.ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မူရင်းလစာမှာ တစ်လသိန်းတစ်ရာလား ၊ထိုသို.သိန်းတစ်ရာလစာရခဲ.လျင် ပင်စင်ကြတော. ဘယ်လိုလုပ် တစ်လ သိန်းတစ်ရာဖြစ်သွားသလဲ မရှင်းပေ ။ပင်စင်တွက်နည်းမှာ နောက်ဆုံးရလစာကိုလုပ်သက်နှင်.မြှောက်ပြီး တပ်မတော်သားဆိုလျင် (၅၀ )နှင်.စားရပါသည် ။ အရပ်ဘက်ဝန်ထမ်းဆိုလျင် ( ၇၀ ) နှင်.စားရပါသည် ။ တစ်လလျင်ယခင်ကလစာ သိန်း (၁၀၀ ) ရခဲ.လျင်တော. လုပ်သက် (၄၅ )နှစ်နှင်.မြှောက်ကာ (၅၀ )နှင်.စားလိုက်သောအခါ သိန်း(၉၀)ရပါသည် ။တွက်နည်းတွင်တပ်မတော်သားများအတွက် မူရင်းလစာနှင်.အတူ အရည်အချင်းလစာ ၊ နှစ်တိုး ၊ အိမ်ငှားခများပါထပ်ထည်.လေ.ရှိရာ ဤသိန်း(၉၀ ) မှ သိန်း(၁၀၀ )ရသွားသည်ဆိုလျင် ဖြစ်နိုင်ပါသည် ။ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပင်စင်မယူမီကလစာမှာ တစ်လလျင် သိန်း (၁၀၀ )ဖြစ်ခဲ.လျှင်တော.ပင်စင်ကြေး သိန်းတစ်ရာဆိုတာရော ၊ လုပ်သက်ခံစားခွင်. ( Gratuity ) သိန်း (၂၃၀၀ ) ဆိုတာရော စာရင်းကိုက်ပါသည် ။သို.သော် ပြသနာမှာ ဗိုလ်ချုပ်မှူးကြီးတို.ယခင်ကလစာ ဘယ်လောက်ယူခဲ.ပါသည်ဟု နိုင်ငံတော်ပြည်သူများကိုတစ်ခါမှ လူရာသွင်း၍မကြေငြာခဲ.ခြင်းဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်သိလိုသည်မှာပြည်ခိုင်ဖြိုးအသင်းကြီး၏မူလတည်ထောင်သူ နာယကကြီး ဦးသန်းရွေ၏ပင်စင်မယူခင်က ခံစားခဲ.သောတရားဝင်လစာသည် တစ်လလျင်သိန်း(၁၀၀ )ကျပ် ဟုတ်မဟုတ်သိလိုပါသည် ။ မဟုတ်ခဲ.လျင် ပင်စင်နှင်. ဂရယ်ဂျူတီကြေးကိုမည်သည်.တွက်နည်းဖြင်.တွက်လိုက်သလဲဆိုတာသိလိုပါသည် ။ဟုတ်ခဲ.လျင် လုပ်ခလစာ တစ်လလျင်ကျပ်သောင်းဂဏန်းဖြင်. တစ်နိုင်ငံလုံးနှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲနေချိန်တွင် ဤမျှများသောလစာကိုမည်သည်.အချိုးချလစာစနစ်ဖြင်. ရယူခဲ.သလဲသိလိုပါသည် ။

နောက်တစ်ခုသိလိုသည်မှာလည်းပြည်ခိုင်ဖြိုးဥက္ကဟောင်း နှင်.ဥက္ကဌသစ်၏ပင်စင်လစာအကြောင်းဖြစ်သည် ။ တပ်မတော်ပင်စင်လစာအဖြစ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဟောင်း လက်ရှိနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် သည်တစ်လ ကျပ်သိန်း(၅၀ )ပင်စင်ရသည်ဟုသိရပါသည် ။ လက်ရှိပါတီဥက္ကဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော်နာယကလဲဖြစ်သူ၊ သူရဦးရွှေမန်းသည်လည်းပင်စင်လစာ တစ်လ သိန်း (၅၀ )ဟုသိရပါသည် ။ထိုမှတစ်ဖန် လက်ရှိသမ္မတလစာ အဖြစ် ဦးသိန်းစိန်က တစ်လလျင် သိန်း(၅၀ ) ၊ဦးရွှေမန်းက ပြည်သူ.လွှတ်တော်ဥက္ကဌရာထူးအတွက်လစာ တစ်လလျင် (၃၅)သိန်းရနေပြီဖြစ်သည် ။ ထိုသို.ဆိုလျင်ကျွန်တော်သိလိုသည်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဟောင်း နှင်. လက်ရှိဥက္ကဌသစ်တို.သည်လက်ရှိရာထူးအတွက်လဲလစာယူသည် ၊တပ်မတော်ပင်စင်အတွက်လဲ သိန်း(၅၀ ) ၊ (၃၅) သိန်းစသည်ဖြင်. နှစ်ပြန်နှစ်လဲယူနေကြပါသလား ၊ လစာတစ်မျိုးထဲပဲယူပါသလား၊ လစာနှစ်မျိုးကိုတစ်ပြိုင်တည်းရယူခံစားနေကြပါလျင် တိုင်းပြည်ဘဏ္ဍာကိုထိုသို.ရယူခံစားခြင်းမှာ ဖွဲ.စည်းပုံအခြေံဥပဒေနှင်.ညီညွတ်ပါရဲ.လားဟူ၍ဖြစ်ပေသည် ။

နောက်ထပ်မေးခွန်းမှာ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးစဉ်ကာလနှင်.သက်ဆိုင်သည် ။ ၂၀၁၀ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည်သူလူထုကို ပြည်ခိုင်ဖြိုးပါတီက လမ်းများခင်းပေးခြင်းလဲပါဝင်ပါသည် ။ကျွန်တော်သိလိုသည်မှာ ထိုသို.မဲဆွယ်စည်းရုံးမှုအဖြစ် ခင်းပေးသောကွန်ကရစ်လမ်းများသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.ခင်းပေးသည်လား ၊ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ငွေဖြင်.ခင်းပေးတာလားသိလိုရင်းဖြစ်သည် ။ နိုင်ငံတော်ဘဏ္ဍာဖြင်.ခင်းပေးသည်ဆိုပါက နိုင်ငံတော်ဘဏ္ဍာကို နိုင်ငံရေးပါတီတစ်ခု၏ မဲဆွယ်စည်းရုံးမှုအတွက်သုံးခွင်.ရှိမရှိသိလိုပါသည် ။ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင်. စေတနာသက်သက် ခင်းပေးခဲ.သည်ဟုဆိုလျင်ကျေးဇူးတင်ပါသည် ။ တစ်ခုထပ်မေးချင်သည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ နှင်.ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီသည် ဘိလပ်မြေဂိုဒေါင်တစ်ခုကို နှစ်ဖွဲ.အတူမျှသုံးပါသလား ၊ နှစ်ဖွဲ.ပူးတွဲ၍ပိုင်ဆိုင်ပါသလားဟုသိချင်စိတ်လဲဖြစ်မိပါသည် ။ အဘယ်.ကြောင်.ဆိုသော် ကျွန်တော်နေထိုင်သော မြောက်ဥက္ကလာပမြို.နယ် ၊(ဆ)ရပ်ကွက် အတွင်းမှလမ်းတစ်လမ်းကို ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်သည်.အနေဖြင်. ကွန်ကရစ်လမ်းခင်းပေးပါသည် ။ ပြည်ခိုင်ဖြိုးပါတီမှခင်းပေးသည်.အတွက်ကျေးဇူးတုန်.ပြန်သောအနေဖြင်.လမ်းထဲမှ လူငယ်များ ပြည်ခိုင်ဖြိုးပါတီသို.၀င်ကြရပါသည် ။ ပါတီတံဆိပ်ပါသော တီရှပ်အကျီ င်္များဝတ်ကြရပါသည် ။လမ်းခင်းရန်အတွက်ဘိလပ်မြေထုတ်သောအခါ ကျွန်တော်တို.လမ်းထဲမှ လူ ဆယ်ဦးခန်.သူတို.ခေါ်သောကားဖြင်.လိုက်သွားရပါသည် ။ ဘိလပ်မြေသွားထုတ်ရသောဂိုဒေါင်မှာ ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီ မှပိုင်ဆိုင်သော အစိုးရဌာနဆိုင်ရာဂိုဒေါင်ဖြစ်ပါသည် ။ ထို.ကြောင်.ကျွန်တော်ယနေ.အထိမရှင်းသည်မှာ ကျွန်တော်တို.လမ်းကိုကွန်ကရစ် ခင်းပေးသူကျေးဇူးရှင်မှာ ရန်ကုန်မြို.တော်စည်ပင် လား ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီလား ဆိုသည်ကိုသဲသဲကွဲကွဲမဆုံးဖြတ်တတ်ပါ ။

နောက်ထပ်မသဲကွဲသောအချက်တစ်ခုကိုလည်းတစ်လက်စထဲ မေးပါရစေ ။ ကျွန်တော်သည်ဧည်.လမ်းညွန်အဖြစ် ပုဂံဒေသဘက်သို.သွားသောအခါ အညာဒေသ (အထူးသဖြင်. )ကျောက်ပန်းတောင်းနှင်.ညောင်ဦးကြားရွာအချို.တွင် ပြည်ခိုင်ဖြိုးရွာ ဟူသော ကျောက်စာတိုင်လိုလို ကမ္ဖည်းမော်ကွန်းလိုလို ဆိုင်းဘုတ်များကိုရွာထိပ် ကားလမ်းနဘေးလူမြင်သာသောနေရာများတွင်မကြာခနတွေ.ရပါသည် ။ ပြည်ခိုင်ဖြိုးသည် နိုင်ငံရေးပါတီအဖြစ်အသွင်မကူးပြောင်းမီ ပြည်ခိုင်ဖြိုးအသင်းကြီးအဖြစ်ရှိစဉ်က နိုင်ငံတော်ဘဏ္ဍာငွေဖြင်. ရွာကိုကူညီခဲ.သဖြင်. ပြည်ခိုင်ဖြိုးရွာဟု ဂုဏ်ဖော်ကာ ကျောက်တိုင်စိုက်ထူခဲ.ခြင်းဖြစ်မည် ။ သို.သော် ပြည်ခိုင်ဖြိုးသည် နာမည် ၊ တံဆိပ် ၊ ဆောင်ပုဒ် မပြောင်းပဲ ပြည်ခိုင်ဖြိုးအမည်ဖြင်.ပင် နိုင်ငံရေးပါတီအဖြစ်ကူးပြောင်းရောက်ရှိသွားပြီဖြစ်ရာ အရင်ခေတ်က နိုင်ငံတော်ပိုင် (ပြည်သူ.ငွေ)ဖြင်. ထောက်ပံ.ကူညီခဲ.သောကျေးရွာတစ်ရွာ၏အမည်ကို ယခုအခါနိုင်ငံရေးပါတီဖြစ်နေသော ပါတီအမည်ဖြင်. ပြည်ခိုင်ဖြိုးရွာဟု ကြော်ငြာ ဆိုင်းဘုတ်ရေးထိုးထားခြင်းမှာ နိုင်ငံတော်ငွေဖြင်. ပါတီအတွက်မဲဆွယ်နေခြင်းဖြစ်သောကြောင်. ဤကိစ္စသည် ရွေးကောက်ပွဲဥပဒေဖြင်.ညီညွတ်၏ မညီညွတ်၏ကို သိလိုပါသည် ။

နောက်ဆုံးအနေဖြင်.ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (ငြိမ်း) အကြောင်းကိုမေးမြန်းလိုပါသည် ။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် မူလက ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ၀င်တစ်ယောက်သာမက ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦဖြစ်ပါသည် ။၂၀၁၀ေ၇ွးကောက်ပွဲတွင်မန္တလေးတိုင်းတံတားဦးမြို.နယ် ၊ ပြည်သူ.လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကိုကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခဲ.သူဖြစ်ပါသည် ။ လွှတ်တော်အမတ်ဖြစ်ပြီးကာမှ သမ္မတကြီးတာဝန်ပေးခန်.အပ်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဖြစ်လာသူဖြစ်သည် ။ကျွန်တော်သိလိုသည်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးသည် ယခုလက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်နေသေးပါသလား ၊ ပါတီမှတရားဝင်နှုတ်ထွက်လိုက်ပြီလား သိလိုပါသည် ။ ပါတီဝင်ဖြစ်နေသေးလျင် ရွေးကောက်ပွဲကော်မရှင်ဥက္ကရာထူးယူထားသူသည် နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင် ဖြစ်နေ၍ရမရ သိလိုပါသည် ။ ပါတီမှနုတ်ထွက်ပြီးဖြစ်သည်ဟုဆိုလျင် သမ္မတကြီးဦးသိန်းစိန်သည်ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် ဦးတင်အေးကိုမကြာခနခေါ်ယူလိုက်ပါစေခြင်းသည် ကြံ.ခိုင်ရေးပါတီဝင်အချင်းချင်းမို.ခေါ်သွားသည်လား ၊ တပ်မတော် D.S.A အပါတ်စဉ် (၉) ကျောင်းဆင်းဘက်ချင်းမို.မျက်နှာသာပေးကာခေါ်သွားသည်လားသိလိုပါသည် ။

ထိုသို.တစ်ပါတီထဲမှတက်လာသူ သမ္မတနှင်. ရွေးကောက်ပွဲ ဒိုင်လူကြီးလုပ်မည်.သူတို. ရင်းနှီးလွန်းနေခြင်းသည် နောင်ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီအသာစီးရစေရန်အားသာချက်ဖြစ်မဖြစ် သိလိုပါသည် ။တစ်ဖန်ဦးတင်အေးက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလများတွင် အတိုက်အခံပါတီကြီးတစ်ခုမှပါတီဝင်အချို.သည် ကြယ်ငါးပွင်.အလံများကိုကိုင်ဆောင်ခဲ.ကြသဖြင်.အလံတော်ဥပဒေအရ အရေးယူ၍ ရသည် ၊ကန်.ကွက်သူရှိလျင်အရှုံးပေးပစ်မည်ဟု ပုသိမ်ခရီးစဉ်တွင်မိန်.ကြားခဲ.ပါသည် ။ ထိုအခါသတိရ၍မေးလိုသည်မှာပြည်ထောင်စုကြံခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီညီလာခံကြီးတွင်တည်ဆဲသုံးရောင် ခြယ်ဲနိုင်ငံတော်အလံကိုပြောင်းပြန်ဇောက်ထိုး လွှင်.ထူခဲ.ခြင်း ကိုအလံတော် ဥပဒေအရ အရေးယူ၍ ရမရ ၊ ပါတီမှအရေးယူခဲ.ခြင်းရှိမရှိ သိလိုပါသည် ။

ကျွန်တော်သိလိုသောအကြောင်းအရာ မြောက်များစွာရှိပါသေးသည် (ဥပမာ အစိုးရအဖွဲ.၀င်နိုင်ငံ.ခေါင်းဆောင်များနှင်.လွှတ်တော်အမတ်များ ၏ ပိုင်ဆိုင်မှုဓနဥစ္စာထုတ်ဖော်ကြေငြာရေးအဆိုကို ဘာကြောင်.လွှတ်တော်တွင်ပြည်ခိုင်ဖြိုးအမတ်များကန်.ကွက်ကြသည် ၊ White Card ကိုင်ထားသော နိုင်ငံသားမဟုတ်သူဘင်္ဂလီများမဲပေးခွင်. ၊ပါတီထောင်ခွင်.ပြုထားခြင်းကို လာမည်.၂၀၁၅ ရွေးကောက်ပွဲတွင်ဘယ်လိုသဘောထားသည် ၊စသည်ဖြင်. ) ။ သို.သော် အလုပ်မအားသည်.ကြားထဲမှလူကြီးများခေါင်းခြောက်မည်စိုးသောကြောင်.ဤမျှသာမေးခွန်းမေးလိုက်ပါသည် ။တကယ်မရှင်း၍မေးခြင်းဖြစ်၍ရိုင်းတာပါခဲ.လျင်ခွင်.လွတ်စေချင်ပါသည် ။ကျွန်တော်သိလိုသည်များကိုတိတိကျကျ မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်သိရသည်နှင်. ကျွန်တော်ကိုယ်တိုင်လည်းပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသို.၀င်ပါမည် ။မိသားစုကိုလည်းဝင်စေပါမည် ။အခြားသူများကိုလည်းဝင်ဖို.တိုက်တွန်းပါမည် ။ ကျွန်တော်.အတွက်ပါတီဝင်လျှောက်လွှာတစ်စောင်ချန်ထားပေးပါခင်ဗျား ။

သရ၀ဏ်(ပြည်)

Read More...

ထူးကြီးမူးကြီးဆွေးနွေးခန်း ( နှစ်ထောင် တစ်ယောက် လောက်မလောက် ) သရ၀ဏ်(ပြည်)

Leave a Comment


ထူးကြီးမူးကြီးဆွေးနွေးခန်း ( နှစ်ထောင် တစ်ယောက် လောက်မလောက် )

သရ၀ဏ်(ပြည်)

တစ်နေ.သ၌ ထူးကြီးသည် ဗိုက်ဆာဆာရှိသည်နှင်.လမ်းထိပ်သို.ထွက်လာရာ လမ်းထိပ် လက်ဘက်ရည်ဆိုင်၌ ရောက်နှင်.နေသော မူးကြီးနှင်.တွေ.ရာ ရောက်တတ်ရာရာစကားများကိုအောက်ပါအတိုင်းပြောဆိုကြလေသည် ။

ထူးကြီး- မူးကြီးရေ အတော်ပဲကွာ မင်းရောက်နေတာနဲ. ၊ ဒါနဲ.မင်းမှာပိုက်ဆံဘယ်လောက်ပါသလဲကွ

မူးကြီး- ဦးဥာဏ်ထွန်းတစ်ရွက်ပါတယ် ၊ဒါပေမယ်.သမ္မတကြီးတစ်ခွက်ဝယ်သောက်လိုက်လို. သိပ်မကျန်တော.ဘူး

ထူးကြီး- ဘာလဲကွ ရှုပ်နေတာပဲ ၊ ပိုက်ဆံဘယ်လောက်ပါလဲမေးတာ ဘာတွေလျှောက်ပြောနေတာလဲ

မူးကြီး- မင်းတော်တော်ဒုံးဝေးသေးတာပဲထူးကြီး ၊ ဦးဥာဏ်ထွန်းတစ်ရွက်ပါတယ်ဆိုတာ ငွေနှစ်ထောင်ပါလာတာကိုပြောတာဟ

ထူး- သမ္မတကြီးတစ်ခွက် ၀ယ်သောက်လိုက်ပြီဆိုတာရော

မူး- မသိရင်မှတ်ထား သမ္မတကြီးတစ်ခွက်ဆိုတာ နွားနို.တစ်ခွက်ဝယ်သောက်လိုက်တာ

ထူး- အော် အေး ရှင်းပါပြီကွာ မင်းကလဲစကားကိုရှင်းအောင်မပြောဘူး ၊ပြောလိုက်ရင် ဦးရဲထွဋ်ပြောလိုပဲ မရှင်းမရှင်းနဲ. ရှေ.ကပြော နောက်ကလိုက်ဖာ နဲ.လုံးလည်ခြာပါတ်လိုက်နေတယ်

မူး- ဟေ.ကောင် ငါ.ကိုမဝေဖန်နဲ. ဦးအုန်းမြင်.စိတ်ပေါက်နေတဲ.အခိုက်ဆိုမင်း ကို ပါး၇ိုက်မိမယ် ကောင်းကောင်းနေ ၊ ဘရိတ်ဖတ်စားမှာဖြင်.စား ၊ လက်ထဲသေနတ်ရှိလို.ကတော. ဘူးလက်လှဆွေ လို သေနတ်နဲ.မင်းကိုထပစ်မိမယ် ။

ထူး- မိဘပြည်သူများကယ်တော်မူပါ ၊ အဲလေ မြတ်စွာဘုရားကယ်တော်မူပါ ၊ လူတွေလဲ ဘာစိတ်တွေပေါက်ကုန်ကြပြီလဲ မသိတော.ပါဘူး

မူး- ဒါနဲ. ဒို. ဒုသမ္မတကြီးပြောသွားတဲ. လူတစ်ယောက်ဟာတစ်နေ.ကို ငွေနှစ်ထောင်ကျပ်ရှိရင် လောက်တယ်ဆိုတဲ.စကားကိုမင်းဘယ်လို ယူဆလဲ

ထူး- လောက်တာပေါ.ကွာ ၊ တစ်ချို.ဆို ငါးပြားမှမ၀င်ပဲနဲ.တောင် အလှူအိမ်တွေလိုက်စားပြီး နေလို.ရသေးတာပဲ ၊နေတတ်ရင်ရတာပေါ. ၊

မူး- ဟုတ်ရဲ.လားကွာ

ထူး- မယုံရင်ငါလက်တွေ.ပြမယ်ကွာ မင်း မှာ ငွေနှစ်ထောင်ပါလာတယ်မဟုတ်လား

မူး- အေးဟုတ်တယ် နွားနို.ဖိုးရှင်းရဦးမယ်

ထူး- ရတယ်ကွာမရှင်းနဲ.၊ ဟေ.ကောင်တွေစားပွဲထိုးလာဦး ၊ ဒီမှာ နွားနို.တစ်ခွက် ၊ နောက်ထပ် ငါ.ဖို.မုန်.ဟင်းခါးတစ်ပွဲ ၊လက်ဘက်ရည် ရှယ်တစ်ခွက်လုပ် ပြီးတော. ငါတို.စားတာ မှတ်ထားလိုက် နောက်မှရှင်းမယ် ၊ ဆိုင်ရှင်ကိုပြောလိုက် ရာအိမ်မှူး ထူးကြီးတို.အဖွဲ.စားသွားတယ်လို. ဟုတ်ပြီလား

စားပွဲထိုး- အရင်အကြွေးတွေကော မဆပ်သေးဘူးလားဆရာ

ထူး- စကားမရှည်နဲ. ဦးအုန်းမြင်. နဲ.တွေ.သွားမယ် ၊လွှတ်တော်က ဖွဲ.စည်းပုံပြင်တဲ.နေ.ကြရင် ငါလာဆပ်မယ်ကြားလား

စားပွဲထိုး- ဒါဆိုဆုံးပြီပေါ.ဆရာရယ်

ထူး- စကားးမရှည်နဲ.ကွာ ၊ လာမူးကြီး

မူး- ဘယ်လဲကွ

ထူး- ဟိုဘက်ရပ်ကွက်မှာ ကိုနိုင်ဦးအဖေဆုံးလို.အသုဘရက်လည်ဆွမ်းကျွေးတာ သွားစားကြမယ် ။ ကြက်သားဟင်းနဲ. ပဲကုလားဟင်းတဲ.ကွ ၊ ငွေတစ်ပြားမှမကုန်ပဲ နေ.လည်စာတစ်နပ်ကြိတ်ရမှာ အပိုင်ပဲ

မူး- အဟီး ငါတို. ဒုသမ္မတကြီးက ငွေနှစ်ထောင်နဲ.လောက်တယ်ဆိုတာဒါ.ကြောင်.ပြောတာနေမှာ သူငယ်ငယ်တုန်းကလဲငါတို.လို အလှူအတန်းလိုက်စားပုံရတယ်အဟေး

ထူး- မနက်စာနဲ.နေ.လည်စာတော. ဟန်ကျပြီ ၊ နေ.လည်ဘက်လက်ဘက်ရည်သောက်ရအောင်ကြံပါဦးဟ

မူး- ဒီအချိန် ဆရာသစ္စာနီ အိမ်မှာရှိလောက်တယ်ကွ ၊ နေ.ခင်းဘက် အလည်လာသလိုလို ၊ စာပေဆွေးနွေးသလိုလို ၊ ဘာလိုလိုနဲ. သူ.အိမ်သွားလည်ရင်လက်ဘက်ရည် တိုက်မှာသေချာတယ်

ထူး- ဖြစ်ပါ.မလားကွာ

မူး- ဖြစ်ပါတယ်ဟ မောင်ကျော်သာ (ပဲခူး )တို. ၊ ပဉ္စမံဒီရိုင်းတို. ၊ နေဦးကျော်ခေါင်တို.တောင် အဲဒိလိုကပ်သောက်နေကြပဲဖြစ်ပါတယ် ၊ ဆရာသစ္စာနီက သဘောကောင်းပါတယ် ၊ နောက်ပြီးလူပျိုကြီးဆိုတော.အမြဲငွေပိုငွေလျှံ လက်ထဲမှာ ဆုပ်ဆုပ်ခဲခဲကိုင်မိတယ်မောင် ၊ ဘာမှမပူနဲ.လာ သွားကြမယ် ။ ငွေနှစ်ထောင်လောက်အောင်သုံးဖို.ဆိုရင် ဒီလိုလုပ်မှအကုန်အကျသက်သာပေမပေါ. ။

ထူးကြီးနှင်.မူးကြီးသည် ထိုသို.တစ်နေ.လုံး ဟိုအိမ်ဝင်ဒီအိမ်ထွက်ဖြင်. ထမင်း ၊လက်ဘက်ရည် ၊ မုန်.စသည်တို.ကို အရှက်မရှိဝင်ရောက်စားသောက်ကြရာ အတော်ပင် ဟန်ကျလျက် ရှိနေကြချေ၏ ။

ထူး- မူးကြီးရေ ဒီနည်းကအတော်ဟန်တယ်နော် ၊

မူး- ဟုတ်တယ်ကွ ဒုသမ္မတကြီးပြောတာသွေးထွက်အောင်မှန်တာပဲ ၊ တကယ်ဆိုရင် ဒို.လူမျိုးဟာ အလကားနေရင်းမာနကြီးပြီးတလွဲဆံပင်ကောင်းနေလို.ကွ ၊အခုလိုသာ အကွက်အကွင်းကျကျ လိုက်ပြီး စားသောက်တတ်မယ်ဆိုရင် စားဝတ်နေရေး ဘာပူစရာလိုတော.မလဲကွာ ကိုယ်အလုပ်လုပ်လို.ရလာမဲ. တစ်နေ.နှစ်ထောင်ကို အသားတင်စုရုံပဲပေါ.

ထူး- ညနေစာအတွက်စဉ်းစားပါဦး မူးကြီး

မူး- “ အကြံရပြီကွ ၊ ဟစ်တိုင်ဂျာနယ် ပိုင်ရှင် ဦးကိုလေး (၇၄ )ဆိုလား (၄၇ )ဆိုလား အဲဒိလူကြီးဟာသိပ်သဘောကောင်းတာကွ ၊ သတင်းထောက်တွေဆိုရင်လဲ သတင်းတစ်ပုဒ် တစ်သောင်းခွဲတောင်ပေးတာ ၊ ဆောင်းပါးခတွေဘာတွေဆိုရင်လဲ လေးငါးသောင်း ပက်ကနဲပဲတဲ. ၊ အေး အဲဒိ ဦးကိုလေးက သူ.မွေးနေ.အထိမ်းအမှတ် ဒီနေ. ပေါက်စေတီ ဘုန်းကြီးကျောင်းမှာ စတုဒီသာကြွေးမှာတဲ. ၀က်သားဟင်းနဲ. ဒညင်းခွက်ဆီပြန်တဲ.ကွ ၊ အယုတ်အလတ် အမြတ်မရွေး လာသမျှလူကို ဧည်.ခံနေသတဲ. ဒီနားလေးတင် ရှစ်မိုင် တင်ကွာ လာလာ အမြန်သွားရင်မီသေးတယ် “

ထူးကြီးနှင်.မူးကြီးသည် ဒိုင်နာမော်တော်ယာဉ်ကို ပိုက်ဆံမပေးပဲ ပေးပြီးယောင်ဆောင်၍ ခိုးစီးကာ ရှစ်မိုင်လမ်းဆုံသို.ရောက်သွားကြလေ၏ ။ ပေါက်စေတီကျောင်းရှေ.တွင်စတုဒီသာလာသောလူအများစုပြုံတိုးခွေ.နေကြရာ သူတို.နှစ်ယောက်လည်းဝင်ရောက်တန်းစီလေ၏ ။

အလှူရှင်- မတိုးကြပါနဲ. ၊ အားလုံးစားရမှာပါ ၊ အားလုံး ဘုန်းကြီးကျောင်းပေါ်ကြွကြပါ ။

ထူးကြီး/မူးကြီး - အိမ်ကိုပါဆယ်ထုတ်သွားလို.မရဘူးလားဗျို.

အလှူရှင်- ရပါတယ် ရပါတယ် ကြွပါကြွပါ

ထူးကြီးနှင်. မူးကြီးသည် စတုဒီသာအလှူမှကျွေးသမျှကို ပါးဖြဲနားဖြဲစားသောက်ပြီး ဒုတိယသမ္မတကြီး၏လမ်းညွှန်ချက်အောင်မြင်ပုံ ၊ မြန်မာတို.၏ အလှူအတန်းရက်ရောပုံ ၊ ဘာသာရေးကိုင်းရှိုင်းပုံတို.ကို ချီးမွမ်းပြောဆိုနေကြရင်း ဘုန်းကြီးကျောင်းပေါ်မှ ဆင်းလာကြပေ၏ ။

ထူးကြီး- တကယ်ပါကွာ တစ်နေ.နှစ်ထောင်ရှိရင်လောက်ပါတယ်ကွ ၊ သုံးတတ်ရင်ပိုတောင်ပိုပါသေးတယ်

မူးကြီး- ဟုတ်တယ်ကွ ငါတို.မြန်မာလူမျိုးတွေဟာ ရိုးသားကြပြီး ဘာသာရေးကိုင်းရှိုင်း ၊ ဟင် ငါ.ဖိနပ်မရှိတော.ဘူးဟ

ထူး- ငါ.ဖိနပ်လဲ မတွေ.တော.ဘူးပျောက်ပြီဟ ၊အမလေးလုပ်ရက်ကြပါပေ. ၊ ငါ.ဖိနပ်အသစ်ကြီးခြောက်ထောင်တောင်ပေးရတယ် ၊ မနေ.ကမှဝယ်ထားတာ

မူး- ငါ.ဖိနပ်လဲ အလပ်ကြီးရှိသေးတယ် အကောင်းစား မြမာလာဖိနပ်ပါဟ ၊အမလေးကောင်းကြသေးရဲ.လား ၊

ထူး- အမလေး ဒုသမ္မတကြီးရဲ. ကျွန်တော်တို.တစ်နေ.နှစ်ထောင်နဲ.လောက်အောင်အလှူအိမ်မှာဝင်စားကာမှ ဖိနပ်ေ လူခိုးလို.ပျောက်ကုန်ပြီဗျ

မူး- သေချင်းဆိုးသူခိုးတွေ မြန်မြန် သေပါစေဟယ်

သရ၀ဏ်(ပြည်)
Read More...

၃၁-၅-၂၀၁၄မနက်(၆)နာရီခွဲအချိန်မိုးလေ၀သစခန်းများရဲ့တိုင်းတာသတင်းပို့ချက်များ

Leave a Comment


ညီအစ်ကိုမောင်နှမများအားလုံးမင်္ဂလာပါ..။
၃၁-၅-၂၀၁၄မနက်(၆)နာရီခွဲအချိန်မိုးလေ၀သစခန်းများရဲ့တိုင်းတာသတင်းပို့ချက်များအရမြစ်ကြီးနား-ဗန်းမော်၊တိမ်ထူထပ်၊ဟုမ္မလင်း-ကသာ-ကလေးဝ-တိမ်အသင့်အတင့်၊ဟားခါး-မြူ ထူဆိုင်းနေ၊ရွှေဘို-မုံရွာ-စစ်ကိုင်း-တိမ်အအသင့်အတင့်မှတိမ်ထူ၊မိုးကုတ်-လားရှိုး-မန္တလေး-ပုဂံ-ညောင်ဦး-ပြင်ဦးလွင်-သာယာ၊နမ့်စန်-မြူ ထူဆိုင်း၊တောင်ကြီး-ကျိုင်းတုံ-တိမ်ထူ၊စစ်တွေ-ကျောက်ဖြူ -သာယာနေ၊သံတွဲ-ဂွ-တိမ်အသင့်အတင့်မှတိမ်ထူ၊အမ်း-မိုးဖွဲရွာနေ-ချောက်-မင်းဘူး-မကွေး-သာယာနေ၊ပြည်-တောင်ငူ-တိမ်ထူ၊ရမည်းသင်း-နေပြည်တော်-သာယာနေ၊လွိုင်ကော်-ပုသိမ်-ပဲခူး-မှော်ဘီ-ရန်ကုန်-ဘားအံ-ရေး-တိမ်အသင့်အတင့်၊မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်း-ကိုကိုးကျွန်း တိမ်ထူထပ်လျက်ရှိပါကြောင်းသတင်းရရှိပါတယ်...။

လက်ရှိမုတ်သုံလေအခြေအနေကတော့ တောင်အာရှဒေသ၊အရှေ့တောင်အာရှနဲ့အရှေ့အာရှဒေသများအားလုံးမှာပုံမှန်ရှိရမယ့်မုတ်သုံအင်အားထက်လျော့နည်းနေတာတွေ့ရပါတယ်...။

မြန်မာ့မုတ်သုံလေအညွှန်းကိန်းကတော့မနေ့မနက်ကထက်အင်အားနည်းနည်းကောင်းလာတာတွေ့ရပါတယ်...။

မေလ(၃၀)ရက်ကနေဇွန်လ(၇)ရက်နေ့အထိစုစုပေါင်းရရှိနိုင်မယ့်မိုးရေချိန်ခန့်မှန်းချက်ပုံနဲ့မနက်(၆)နာရီခွဲဂြိုဟ်တုတိမ်ပုံလေးများစုစည်းတင်ပြပေးလိုက်ပါတယ်...။Good Morning ပါ....။

အားလပ်ရက်များမှာပျော်ရွှင်စွာ အနားယူ၊အပန်းပြေနိုင်ကြပါစေ....။



Read More...

သမ္မတဦးသိန်းစိ​န်​ ၏​မေလအကုန်​​ရေဒီယိုမိန့်​ခွန်း

Leave a Comment
သမ္မ ဦးသိန်းစိန်၏ ​မေလအကုန်​​ရေဒီယိုမိန့်​ခွန်း




မိဘပြည်သူများခင်ဗျား-
 ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြားနေကျဖြစ်တဲ့ အတိုင်း မေလအတွင်းမြန်မာနိုင်ငံရဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်များကို မိဘပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်း ဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူထားရတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့(၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို မေလ ၁၁ ရက်နေ့က နေပြည်တော်မှာ လက်ခံကျင်းပပေးခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်မှုစတဲ့ ဒေသတွင်း အရေးနဲ့ ပတ်သက်တဲ့ အရေးကိစ္စများကို ဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးမှု များကနေတစ်ဆင့် အာဆီယံနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုကို မြှင့်တင်ခြင်းနဲ့အတူ နိုင်ငံရေးအရ စည်းရုံးသော၊ စီးပွားရေး အရ ပေါင်းစည်းသော၊ လူမှုရေးအရ တာဝန်သိသော အာဆီယံ အသိုက်အ ဝန်းဖြစ်ပေါ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အချက်(၂၈)ချက်ပါဝင်တဲ့ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်မှာ ဖြစ်ပွားခဲ့တဲ့ မော်တော်ယာဉ် မတော်တဆမှု များကြောင့် ပြည်သူတချို့ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရခဲ့တာကို ကြားသိရတဲ့အတွက် ကျွန်တော့်အနေနဲ့ ထိခိုက်ခံစားရသူ မိသားစုဝင်များနဲ့ ထပ်ထူထပ်မျှ ဝမ်းနည်းမိပါကြောင်း ပြောကြားလိုပါတယ်။ ယခုလိုမကြာခဏဖြစ်ပွားနေရတဲ့ အကြောင်းအရင်းများကို သိရှိနိုင်ဖို့အတွက် ကျွန်တော်ကိုယ်တိုင် အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆမှု အဖြစ်ပွားဆုံးနေရာများနဲ့၊ ဖြစ်ပွားနိုင်ခြေအရှိဆုံး နေရာများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်တဲ့ အစီအမံတွေကို ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)ရဲ့ တိုင်းတာချက်များ၊ အကြံပြုချက်များအရ လမ်းမကြီးရဲ့ ဦးစားပေး ပြုပြင်ရမယ့် ၆ ရာခိုင်နှုန်းကို အမြန်ဆုံးပြုပြင်ဖို့၊ လမ်းမကြီးရဲ့ ကြံ့ခိုင်မှုနဲ့ အသုံးပြုနိုင်မှုကို အမြန်ဆုံး မြှင့်တင်ဖို့၊ လမ်းပိုင်း ချွတ်ယွင်းမှု သာမကဘဲ ရာသီဥတုကြောင့်၊ ပေါ့လျော့စွာ မောင်းနှင်မှုကြောင့် ဖြစ်ပေါ်နိုင်ခြေရှိတဲ့ အလား အလာများကိုပါ ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေးရေးလုပ်ငန်းများနဲ့ စဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သွားကြဖို့ကိုလည်း ညွှန်ကြားထားပြီးဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များနဲ့ပတ်သက်ပြီး ဖြစ်ပေါ် တိုးတက်မှုများကိုလည်း တင်ပြလိုပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များအနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများဆိုင်ရာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ ဆွေးနွေး ခဲ့တဲ့ ခြောက်လ အတွင်း လွန်ခဲ့တဲ့ဧပြီလက ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အားလုံး သဘောတူညီတဲ့ တစ်ခုတည်းသော သဘောတူညီချက် မူကြမ်းတစ်စောင် ရရှိခဲ့ပါတယ်။ မေလမှာ ထပ်မံပြု လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ နှစ်ဖက်လုံးက မူကြမ်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို သဘောတူနိုင်ခဲ့ပြီး ဒုတိယ မူကြမ်းကို ရေးဆွဲနိုင်ခဲ့ပါတယ်။ နိုင်ငံတကာစံနဲ့ ကြည့်မယ်ဆိုရင်အခြားနိုင်ငံများမှာ နှစ်နဲ့ချီပြီး ဆွေးနွေးရတဲ့ ကိစ္စတွေကို ကျွန်တော်တို့ အလျင်အမြန် သဘောတူညီမှုတွေရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အဖွဲ့ပေါင်း များစွာနဲ့ တွေ့ဆုံဆွေးနွေးရသည့် တိုင်အောင် အဓိကကျတဲ့ သဘောတူညီမှုများ ရရှိအောင် အားလုံးအနေနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ပါတယ်။ ဒါ့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးမှာ အားကြိုး မာန်တက် ကြိုးပမ်း ဆောင်ရွက်နေကြသူများ အားလုံးကို အသိအမှတ်ပြု ပါကြောင်း ပြောကြား လိုပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ကျွန်တော်တို့အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အနက် အဓိကကျတဲ့ ပြုပြင် ပြောင်းလဲမှု ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးမရရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ နှောင့်နှေးစေမှာဖြစ်သလို ဒီမိုကရေစီ ရှင်သန်ဖို့ ကိုလည်း များစွာ နှောင့်နှေးစေမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးဟာ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အရေး တည်ဆောက်မှုများ အားကောင်းလာတာနဲ့အမျှ မှန်ကန်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေပေါ်ပေါက်လာဖို့ အထောက်အကူဖြစ်ခဲ့ပြီး ဒီမိုကရေစီစနစ်ဟာ ပဋိပက္ခများကို မှန်ကန်စွာ ဖြေရှင်းဖို့အတွက် အားပေးရာ ရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး အမှန် တကယ်ရဖို့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေး ရလာတာနဲ့ အမျှ ဒီမိုကရေစီ ပိုမိုအားကောင်းလာတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ အားလုံးပါဝင်နိုင်တဲ့ All-Inclusive ဖြစ်စဉ် တစ်ရပ်ဖြစ်ပြီး ဒီဖြစ်စဉ်အတွင်းမှာ ပြည်သူများ အနေနဲ့ မိမိတို့ ကျရာကဏ္ဍကနေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်း ပြောကြား လိုပါတယ်။

ခေတ်စနစ်မျိုးစုံက ရွေးချယ်ပုံဖော်ခဲ့တဲ့ နိုင်ငံရေးပုံစံများနဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်များကြောင့် မိမိတို့ အချင်းချင်းအကြား သံသယကြီးမားမှုကို အမြစ်တွယ်စေခဲ့တာဖြစ်ပါတယ်။ အကောင်းမြင်လွန်းခြင်း (သို့မဟုတ်) အဆိုးမြင်လွန်းခြင်းများဟာ လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို လက်တွေ့အရှိတရားများနဲ့ ကင်းကွာစေတဲ့ ရှုမြင်မှု အမျိုးမျိုးကို ပေါ်ပေါက်စေပါတယ်။ အခုလို သံသယကြီးမားမှုများ ကာလရှည်ကြာစွာ အမြစ်တွယ်ခဲ့တဲ့ လူ့အဖွဲ့ အစည်း တစ်ရပ်အနေနဲ့ ဘက်စုံပြုပြင်ပြောင်းလဲရေးများ ပြုလုပ်တဲ့အခါမှာ အခက် အခဲများစွာ ရှိနိုင်ခြင်းကို မိမိတို့ အနေနဲ့ လက်ခံနိုင်ရမှာဖြစ်သော်လည်း ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ခြင်းနဲ့ ရရှိပြီးဖြစ်တဲ့ အဆင့်ဆင့် တက်လှမ်းနိုင်မှုများမှ နောက်ကြောင်း ပြန်လှည့်ခြင်းကို ရှောင်ရှား နိုင်ခြင်းဆိုတဲ့ နိုင်ငံရေး အခြေအနေ တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်ဆိုတဲ့ အချက်ကတော့ ငြင်းဆိုလို့မရတဲ့ အရှိတရားပဲ ဖြစ်ပါတယ်။

ဒီလိုအဆင့်ဆင့်တက်လှမ်းနိုင်ခြင်းမှာ ကျွန်တော်တို့နိုင်ငံသားတစ်ဦးချင်းစီ အနေနဲ့ သာမကဘဲ လူ့အဖွဲ့ အစည်းတစ်ရပ်လုံးအနေနဲ့ လုံလောက်တဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ ဇွဲလုံ့လဝီရိယစိုက်ထုတ်၍ လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ယခုလို လုပ်ဆောင်နိုင်မှုရဲ့ အဓိကအကျဆုံး အချက်ကတော့ မိမိတို့ လူ့အဖွဲ့အစည်း အတွင်း ကြာမြင့်စွာတည်ရှိခဲ့တဲ့ မတူညီတဲ့ နိုင်ငံရေး အင်အားစုများ အကြား ထိပ်တိုက် ရင်ဆိုင်ပြီး အချင်းချင်းအပြန်အလှန် ဖယ်ထုတ်ခြင်းဆိုသည့် ဓလေ့ဟောင်းများကနေ ခွဲထွက်ပြီး မတူကွဲပြားမှုများကို နားလည်လက်ခံပြီး ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းဖြင့် အဖြေရှာခြင်းဆိုသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်ကို အသက်သွင်း ကျင့်သုံးနိုင်ခဲ့ခြင်း ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ယဉ်ကျေးမှုသစ်ကို ဆက်လက် ရှင်သန်နိုင်ဖို့ အတွက်အားလုံးအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်ကြောင်း ပြောကြား လိုပါတယ်။

 ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်လို့ ဒီမိုကရေစီစံချိန်စံနှုန်းများ ပြည့်မီရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှု တွေပြုလုပ်ဖို့ ကြိုးပမ်း ဆောင်ရွက်နေမှုများကိုကျွန်တော့်အနေနဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာလျက် ရှိပါတယ်။

လွှတ်တော်များအနေနဲ့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းပြီး အခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ဥပဒေနှင့်အညီ ပြင်ဆင်နိုင်ဖို့ ဆွေးနွေး သုံးသပ်လျက်ရှိ ပါတယ။် နိုင်ငံရေး အင်းအားစု တချို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒများကို စုဆောင်းလျက် ရှိနေတာကိုလည်း တွေ့မြင် ရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တိုက်တွန်းပြောကြားလိုတာကတော့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတဲ့ နိုင်ငံရေး အင်အားစုများ အားလုံးအနေနဲ့ အချင်းချင်းချိတ်ဆက်ပြီး လိုအပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုများကို ဟန်ချက်ညီညီပြုလုပ်ခြင်းဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံသားတစ်ဦးချင်းစီအတွက် လက်တွေ့ကျတဲ့ ကောင်းမွန်တဲ့ ရလဒ်များ ပေါ်ပေါက်စေရန် ကြိုးပမ်းလုပ်ဆောင်ကြဖို့ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး ကျွန်တော့်ရဲ့ သဘောထား ရပ်တည်ချက်များကို ထပ်လောင်း ပြောကြားလိုပါတယ်။ ပထမအချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် မဖြစ်မနေပြုလုပ် ရမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘော တူညီချက်များပေါ်မူတည်၍ လိုအပ်သလိုပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်းအားထုတ် လုပ်ဆောင်ရာ၌ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံး၏ အမြော်အမြင်ကြီးမှု၊ ဉာဏ်ပညာကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာ မှန်ကန်မှုတို့ဖြင့်သာ ပြင်ဆင်သင့်ပါတယ်။ တတိယအချက်အနေနဲ့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံ ကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေ လိုသည့် နိုင်ငံရေး စေတနာရှိသလို တစ်ဖက်တွင်လည်း မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေး နိုင်သည့် အခြေခံများရှိရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ အသက်ဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေ၊ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမူကို ဆုပ်ကိုင် ထားရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများက ရရှိလာမယ့် သဘောတူညီချက်များ အတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပင် မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင်လာစေရေး အတွက် လိုအပ်မယ့် ဒီမိုကရေစီ စံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေဖို့ အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းအားထုတ် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ အခါမှာ ပါဝင်ပတ်သက်သူအားလုံးရဲ့ အမြော်အမြင်ကြီးမားမှုနဲ့ စိတ်ရင်းစေတနာမှန်ကန်မှုတို့က အဆုံးအဖြတ် ပေး သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ကင်းကွာနေလို့ ဒီမိုကရေစီ အလေ့အထများ ပြန်လည် ရှင်သန် လာဖို့နဲ့ ဒီမိုကရေစီစိတ်ဓာတ်များ ပြန်လည်မွေးမြူနိုင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီစနစ်ရှင်သန်ဖို့ဆိုရင် ဒီမိုကရေစီ စိတ်ဓာတ် ရှိဖို့လိုပါတယ်။ ဒီမိုကရေစီစိတ်ဓာတ်ဆိုရာမှာ ဒီမို ကရေစီရဲ့တန်ဖိုးများကို လေးစား လိုက်နာခြင်းပဲ ဖြစ်ပါတယ်။ ဒီတန်ဖိုးများမှာ အခွင့်အရေးနဲ့ တာဝန်ယူမှုကိုနားလည်တာ၊ တရား ဥပဒေစိုးမိုးရေးနဲ့ ဥပဒေကို လေးစားလိုက်နာတာတွေ အဓိက ပါဝင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြေရှင်းရေးတွေကို ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဖို့၊ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့၊ အဖြေရှာနိုင်ကြဖို့ လိုအပ်ပါတယ်။ ဒိုင်ယာလော့ဆိုတာ ပြဿနာတွေကို အတူတကွ အဖြေရှာပြီး ရလာမယ့် အဖြေတွေကို စုပေါင်းအကောင်အထည်ဖော်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်တဲ့အတွက် အခုလို ပြုပြင်ပြောင်းလဲမှု ကာလမှာ ပိုပြီးအရေးကြီးတဲ့ ကိစ္စရပ် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ပွင့်လင်း လွတ်လပ်လာမှု၊ ဖြစ်ထွန်းတိုးတက်မှုအ ဆင့်ဆင့်ကို အစဉ်အမြဲ ဖော်ဆောင်ကြိုးပမ်းကြိုဆို လျက်ရှိပါတယ်။ နိုင်ငံရေးခေါင်းဆောင်များ အနေနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ချမှတ် ဆောင်ရွက်တဲ့နေရာမှာ ရရှိထားတဲ့ နိုင်ငံရေးပွင့်လင်း လွတ်လပ်မှုများ ဆက်လက်ရှင်သန်စေဖို့ အစဉ်ထည့်သွင်း စဉ်းစား ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိတဲ့အကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ ကျန်းမားခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ


.. www.MyanmarExpress.net

ပြည်​သတင်းလူငယ်​(ပြည်​သတင်း)
Read More...

ဘင်္ဂးလားဒေရှ့် ကို ကြောက်စရာလည်းမလို.. ကမ္ဘာပျက်မှ မြန်မာပျက်စေရမယ

Leave a Comment
ဘင်္ဂးလားဒေရှ့် ကို ကြောက်စရာလည်းမလို.. ကမ္ဘာပျက်မှ မြန်မာပျက်စေရမယ်
########################

အကျယ်အ၀န်း ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၃၉၉၈ ကျယ်ဝန်းတဲ့ ဒီနိုင်ငံအနေနဲ့ လူဦးရေပေါက်ကွဲမှုတွေဖြစ်နေတယ်။ မြို့တော်က ဒါကာဖြစ်ပါတယ်။ လူဦးရေပေါင်းက ၁၆၁၀၈၃၈၀၄ ဖြစ်ပါတယ်(၂၀၁၂ ဇူလိုင်) ။ ရေကြောင်းထိစပ်မှုက ကီလိုမီတာ ၅၈၀ ဖြစ် ပါတယ်။ ဘင်ဂါလီ ၉၈ ရာခိုင်နှုန်း ဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာက မွတ်ဆလင် ၈၉.၅ % ဖြစ်ပါ တယ်၊ ကျန်တဲ့ရာခိုင်နှုန်းတွေ ကိုလည်း သူတို့ဘာ သာထဲကိုသွတ် သွင်းနေပါတယ်၊ ပါလီမန် ဒီမိုကရေစီအုပ်စိုးတဲ့ အစိုးရစနစ်တစ်ခုဖြစ်ပါတယ်။ ပြည်နယ် ၇ ခုနဲ့ အုပ်ချုပ်နေ ပါ တယ်။စီးပွားရေးတိုးတက်နှုန်းက တစ်နှစ် ကို ၅ % ကနေ ၆% အထိတိုးတက်နေပါတယ်။ ဒါပေ မဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ရာသီဥ တုဘေးဒဏ်တွေကို အမြဲခံစားနေရတဲ့အတွက် ဒီထက် တိုးတက်အောင် မပြုလုပ်နိုင်ပါဘူး။ အဓိက၀င်ငွေရနေတာ ကတော့အထည် ချုပ် လုပ်ငန်းတွေ ၊ ပြည်ပမှ သူတို့နိုင်ငံသားတွေ ကနေပြန်ပို့ တဲ့ ငွေတွေ ဖြစ်ပါ တယ်။ နောက် ၀င်ငွေကတော့ ကုလသမဂ္ဂရဲ့အောက်မှာသူတို့ တပ်ရင်း ၃ ရင်းလောက်က ကြေးစားအဖြစ်နဲ့ အမှုထမ်းပြီး သူတို့နိုင်ငံအတွက်ဝင်ငွေ ရှာပေး နိုင်ပါတယ်။ အကျိုးအမြတ်အနေနဲ့ကတော့ နိုင်ငံတကာဘာသာ စကား တတ်ကျွမ်း လာတယ်၊ စစ် သည်တွေ အပိုဝင်ငွေရသလို သူတို့ရဲ့ကာ ကွယ်ရေးဝန်ကြီးဌာန ကို ထောက်ပံ့ပေးနိုင် ပါတယ်။

သူတို့ရဲ့တပ်မတော်နဲ့ပတ်သတ်လို့ တန်းပြည့်စစ်မှုထမ်းတဲ့အင်အားက ကြည်းတပ်မှာ ၁၂၆၁၅၃ ၊ လေတပ်မှာ ၁၄၀၀၀ နဲ့ ရေတပ်မှာ ၁၆၉၀၀ ဖြစ်ပါတယ်။ အရန်စစ်အင်အား အနေ နဲ့ ဘင်္ဂလားရိုင်ဖယ် လို့ခေါ်တဲ့အင်အားက ၃၈၀၀၀ ၊ ရဲအင်အားက ၅၀၀၀ ၊ Ansars (Security Guards) လို့ခေါ်တဲ့အစောင့်တပ်က ၂၀၀၀၀ ကျော်၊ ကမ်းခြေစောင့်ရဲ တပ်ဖွဲ့က ၉၀၀ ကျော် ရှိပါတယ်။ သူတို့နိုင်ငံရေးနဲ့ ပတ်သတ်လို့ အကျယ်ရှင်းမပြတော့ပါဘူး။သူတို့ကြည်းတပ်ရဲ့ ဖွဲ့စည်းပုံတွေ အနေနဲ့ ကတော့ ပြည်နယ် ၇ ခုခွဲထား လို့ခြေလျင်တပ် မပေါင်း ၁၇ ခု (တပ်ရင်းပေါင်း ၆၈ ခု) ၊ တပ်ရင်းကြီး ၆ ခု၊ တပ်မဟာ ၁ ခု၊ လေကြောင်း ရန်ကာ ကွယ်ရေးတပ်မ ၁ ခု၊ လေကြောင်း ချီတပ်မ ၂ ခု၊ ကွန်မန်ဒို တပ်ရင်း ၁ ခု၊ အမြောက်တပ်ရင်း ၂၀ ခု၊ ဆက်သွယ်ရေးတပ်မ ၁ ခု တို့နဲ့ဖွဲ့စည်း ထားပါတယ်။ သူတို့ရဲ့ စစ်လက်နက်နဲ့ စစ်ယာဉ်တွေကတော့ ပင်မတိုက် ပွဲဝင်တင့် MBT အမျိုးအစားက Type 58 က ၂၃၂ စီး၊ Type 69 က ၁၇၄ စီး၊ အပေါ့စားတင့်အနေနဲ့ Type 62 က ၈စီး၊ သံချပ်ကာ သယ်ယူ ပို့ဆောင်ရေး ယာဉ် APC က MTLB က ၂၂၆ စီး၊ BTR 80 က ၉၂ စီး၊ Otocar က ၁၇ စီး ဖြစ်ပါတယ်။အမြောက်တပ်ဖွဲ့အနေ နဲ့ ၁၀၅ မမ ၃၄၃ လက်၊ model 56 pack howitzer က ၁၁၄ လက်၊ M-30 (Type 54 နဲ့ 54-1 )က ၅၇ လက်၊ D-30 ဟောင်ဝစ်ဇာက ၅၄ လက်၊ ၁၃၀မမ M-46(Type 59-1) က ၆၂ လက်ဖြစ်ပါတယ်။ စိန်ပြောင်းနဲ့မော်တာတွေ အနေနဲ့က ၈၁မမ M29A1 က ၄၇၂ လက်၊ ၈၂မမ (Type -53/87/M-31) က ၃၆၆ လက်၊ ၁၂၀မမ က ၉၅ လက် ရှိပါတယ်။ နောက်ပွင့်ရိုင်ဖယ် အနေနဲ့ ၁၀၆ မမ M40A1 က ၂၃၈ လက်ရှိပါတယ်။လေကာလက်နက်တွေအနေနဲ့ ၃၇ မမ ၁၆၄ လက်၊ ၅၇ မမ က ၇၄ လက် နဲ့ Type-59 (S-60)က ၃၄ လက်ရှိပါတယ်။ SAM လို့ခေါ်တဲ့ Missile တွေက HN-5Aက အလက် ၂၀ ၊ QW-2 နဲ့အစားထိုး ဖို့လုပ်နေပါ တယ်။ရေတပ်အနေနဲ့ကတော့ ကျတော်ထည့်မရေးတော့ပါဘူး ၊ ဖရီးဂိတ်က ၂ စီး ကတော့ သေချာပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့အနေ နဲ့လည်း ဖွဲ့စည်းထားပါတယ်၊ မိုင်းရှင်ယာဉ် ၄ စီး၊ ကြည်းရေနှစ်တန် သွားယာဉ်က အနည်းဆုံး ၁၀ စီးရှိပါတယ်။ patrol board လေးတွေ ကတော့ တော်တော်များများပိုင်ဆိုင်းထားပါတယ်၊ရေငုပ် သဘောင်္ လည်းပိုင်ဆိုင်ထားပါတယ်။လေတပ်အနေနဲ့က တိုက်ပွဲ ၀င်လေယာဉ်က ၇၄ စီး၊ F-7MB/ F-7BG က အစီး ၃၀၊ A-5 Fantan က ၁၈ စီး၊ Mig-29 Fulcrum က ၈ စီးကနေ ၆ စီး၊ Mig-29 UB က ၂စီး၊ FT-6(Mig-19UTI) Farmer က ၁၀ စီး၊ သယ်ယူပို့ဆောင်ရေးလေယာဉ်အုပ်က တစ်အုပ်၊ အဲ့အထဲမှာ C-130B hercules က ၄စီးပါတယ်။ ကျန်တာက An-32 က ၃စီး၊ 1 squd စာပါ။ Heli တွေအနေနဲ့က တော့ Mi-17 အုပ်က ၅ အုပ်စာ (Mi17 က ၁၇ စီး၊ ၊ ဘဲလ်၂၀၆ က ၂စီး၊ ဘဲလ် ၂၁၂ က ၁၁စီး ဖြစ်ပါတယ် ၊ တိုက်ခိုက်ရေး အုပ်တွေတော့ မတွေ့သေးပါဘူး။ ကျန်တာတွေကတော့ Trainer အမျိုးအစားတွေထဲမှာ PT-6 အမျိုးအစား၊ T-37B Tweet နဲ့ L-39ZA Albatros တွေပဲဖြစ်ပါတယ်။ အရေအတွက်ကတော့ ၁၀ စီး၊ ၁၂ စီးနဲ့ ၃၀ စီး ဖြစ်ပါတယ်။ AAM တွေ အနေနဲ့ကတော့ AA-2 Atoll လို့ပဲပေါ်ပါတယ်။

ဒါတွေက သူတို့ရဲ့တပ်တွေကို အကြမ်းဖျင်းပြောပြတာပါ။ ကျွန်တော်တို့ကို လည်း သူတို့ကြည့်နေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်သိတာမြင်တာ ကို ရေးပြ လိုက်တာပါ၊ နောက်တစ်ခုက သူတို့ ရဲ့ MI တွေသည် ကျွန်တော်တို့ တွေအထဲကို ထိုးဖောက်နေပါတယ် ၊ အထူးသဖြင့်သူတို့နဲ့ ဘာသာတူတွေလို အသွင်ယူပြီး ရခိုင်မြေပေါ်မှာရှိနေပါတယ် ၊ သူတို့ အဖွဲ့ကို ဘယ်အုပ်ချုပ်မှုအောက်မှာထားလဲ ဆိုတာတော့ သိပါတယ်။ ဒီ့ထက်အနုစိတ်ရင်လည်း အဆင်မပြေတော့ဘူး ခင်ဗျ..... ရန်သူ့အကြောင်း ကို သိထားတော့ ကောင်းတာပေါ့ ဗျာ၊ နောက်ကျန်တာ တစ်ခုက သူတို့ရဲ့ရုံးသုံးစကားက ဘင်ဂါလီလိုဆိုပေမဲ့ အင်္ဂလိပ်စာတော့ အတိုင်းအ တာ တစ်ခုအထိကောင်းပါတယ်။ သူတို့ကို စစ်လက်နက် အဓိကထောက် ပံ့နေ တဲ့ နိုင် ငံတွေကတော့ China. France, Germany, Russia, Turkey, United Kingdom, Indonesia, United States, Malaysia, South Korea တို့ပဲဖြစ်ပါတယ်။အနာဂတ်မှာ ဒီလိုတပ်မတော်မျိုးကို ကျွန်တော်တို့က ခုချိန်မှာအတိုင်းအတာတစ် ခုလောက် ဂျွမ်းပြန်သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ခုကျွန်တော်ရေး ထားတာတွေ အပြင်သူတို့မှာ ၀ှက်ဖဲတွေရှိနေပါ တယ်။ အဲ့ ၀ှက်ဖဲတော့ ချမပြတော့ ပါဘူး .... ဗဟုသုတ အဖြစ်ရေးပေး တာပါ။ရန်သူလို့သတ်မှတ်ထားရင် ကြောက်စရာလည်းမလိုသလို အထင်ကြီး စရာလည်းမလိုပါဘူ ..

သိပ်ကြောက်နေရင်လည်း အသက်ပေး လိုက် ရနိုင်သ လို သိပ်အထင်သေးရင်လည်း အသက်ပေး သွားရပါလိမ့်မယ် ။ အနီးစပ် ဆုံး ဒေတာတွေ တိကျပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ခုကျွန်တော်ရေးပေး ထား တာတွေက သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ India က ရေးထားတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ် ၊ စိတ်ကြိုက်သဘောထားကွဲလွဲနိုင်ပါတယ် ၊ ဒါပေမဲ့ ခင်ဗျားတို့ဘယ်တော့မှ မမေ့နဲ့ ဒီမြေမှာနေဒီရေသောက်ပြီး လူဖြစ်လာ တယ်ဆိုတာကို ..... ကမ္ဘာပျက်မှ မြန်မာပျက်စေရမယ်

 .. www.MyanmarExpress.net

စိတ်ဓာတ်သည်ခွန်အားပါ
ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

Thursday, May 29, 2014

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံးမှ အရန်မီး တပ်ဖွဲ့တိုးတက်စေရေးအတွက် နည်းပညာပိုင်း ကူညီ ပန့်ပိုးခဲ့ကျတဲ့ ပြည်မြို့ရှိ computer blogger များအား ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်

Leave a Comment
ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံးမှ အရန်မီး
တပ်ဖွဲ့တိုးတက်စေရေးအတွက် နည်းပညာပိုင်း ကူညီ
ပန့်ပိုးခဲ့ကျတဲ့ ပြည်မြို့ရှိ computer blogger များအား
ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်

မေလ ၂၉ ရက်

ကျွန်တော်တို့ ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ကိုပြည်မြို့
မှာ ရှိတဲ့ computer bloggerပညာရှင်များပူပေါင်း ပါဝင်
အားဖြည့်လာတဲ့ အတွက် အနာဂါတ် မျိုးဆက်သစ် လူ
ငယ်များအား တပ်ဖွဲ့မှ ကြိုဆိုပါကြောင်း၊ ပြည်မြို့နယ်အ
ရန်မီးသတ်တပ်ဖွဲ့ကိုခေတ်နဲ့ အညီ သတင်းထုတ်ပြန်နိုင်
ရေးအတွက် ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့သတင်းကို
(apk) အဆင့်ထိရောက်အောင် အဓိကကြိုးစား ပြုလုပ်
ပေး ခဲ့တဲ့ ကိုသက်ခိုင်၊ သတင်းပုံများ တင်ရန် အတွက်
နည်းလမ်းများ ရှင်းပြပေးခဲ့သော ကိုပြည့်ဖြိုး၊ software
ပိုင်းတွင် အားဖြည့်ပေးခဲ့သော ကိုကိုဝင်းနှင့်ပြည်သတင်း
မှပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ သတင်း (apk)ကိုတာ
ဝန်ယူ တင်ပေးတဲ့ ကိုကျော်ဝင်းခိုင်(ပြည်သတင်းလူငယ်/ပြည်သတင်း)တို့ကို ပြည်မြို့နယ် အ
ရန်မီးသတ် တပ်ဖွဲ့ တပ်ရင်းရုံးမှ ကျေးဇူးတင်ဂုဏ်ပြု မှတ်
်တမ်းတင် ထားရှိပါကြောင်း သတင်းထုတ်ပြန်လိုက်ပါ
တယ်။

အုန်းလွင်
ဒုတိယတပ်ရင်းမှုး

ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး၊ ပြည်မြို့


ယခုလို လေးလေးစားစားမေတ္တာဖြင့်တုန့်ပြန်လာသော ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး၊ ပြည်မြို့ မှ အရာရှိ အရာခံ တပ်သားနှင့် စေတနာ ၀ါသနာ အနစ်နာတွေပါမကျန်အောင်အစစအရာရာဝိုင်းဝန်းကြသောစေတနာရှင်များ နှင့် ဒီဆော့ဝလ်လေးကိုဖြစ်မြောက်အောင် အားကြိုးမာန်တက်စွာကူညီပေးခဲ့သော စေတနာရှင်တစ်ဦးကိုပါ လေးလေးစားစားဖြင့် ကျေးဇူးတင်မိပါကြောင်း ပြည်မြို့ဒေသအတွင်းမဟုတ်ပဲ မြန်မာနိုင်ငံအပါအ၀င် တခြားသောတိုင်းပြည်များမှ မီးဘေး ဆိုင်ရာသတင်းအချက်အလက်များကို တိတိကျကျသေသေချာချာရေးသားရင်း အောင်မြင်နိုင်ပါစေလို့ ကျွန်တော်တို့ ပြည်သတင်း အွန်လိုင်းမီဒီယာ မှ လေးစားစွာကျေးဇူးတင်ရှိပါတယ်...
ပြည်သတင်းလူငယ်(ပြည်သတင်း)09401616323
ပြည့်ဖြိုးပြည် (ပြည်သတင်း)0943047862 တို့မှ မှတ်တမ်းပြန်လည်တင်အပ်ပါတယ်ခင်ဗျာ...


 (၆၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြို
ဆိုဂုဏ်ပြု တဲ့အနေနဲ့ ပြည်မြို့နယ် အရန်မီးသတ်တပ်
ဖွဲ့တပ်ရင်းရုံးမှ ( ပြည် အရန်မီးသတ် တပ်ရင်းရုံး app)
တစ်ခုကို ဖြန်ချီလိုက်ပါတယ်။ အဆိုပါ app ကို တစ်
ကြိမ်ရယူထားခြင်းဖြင့် facebook မလိုပဲ onlineရှိခြင်း
ဖြင့် mobine ဖုန်း နှင့် pc computer များတွင် ပြည်
မြို့နယ် အရန်မီးသတ် လှုတ်ရှားမှုများ၊ တစ်နိုင်ငံ လုံး
တွင် ဖြစ်ပေါ်ခဲ့သည့် မီးလောင်မှုသတင်းများ နှင့် မီး
သတ်တပ်ဖွဲ့ဝင်များ၏ ကယ်ဆယ်ရေး ကာကွယ်ရေး
သတင်းများ စသည့် မီးသတ်နှင့်သက်ဆိုင်သော အ
ကြောင်းရာများကို အချိန်နှင့် တစ်ပြေညီ မိဘပြည်
သူများ ကြည့်ရှု သတိပြု နိုင်စေရန် အခမဲ့ တင်ပြ
ပေးသွားမည် ဖြစ်ပါကြောင်း အသိပေး အကြောင်း
ကြားလိုက်ပါသည်။ File Sizse 2 MB သာရှိ ပါသည်။

App ရယူရန် အတွက် တပ်ရင်းရုံးနှင့် ဆေးရေးမီးသတ်
အနီး မနီလာ လ္ဘက်ရည်ဆိုင် ၊ အရန်မီးသတ် တပ်စုမှုး
တပ်ခွဲမှုးများနှင့် မိမိတို့နီးစပ်ရာ တပ်စုစခန်းများတွင်
အခမဲ့တောင်ယူကြည့်ရှုနိုင်ပါပြီ

ဒေါင်းလုတ်ဆွဲရန် ဒီနေရာ နှိပ်ပါ...




Read More...

၃၀-၅-၂၀၁၄မနက်(၆)နာရီခွဲအချိန်မိုးလေ၀သစခန်းများရဲ့တိုင်းတာသတင်းပို့ချက်များ

Leave a Comment




၃၀-၅-၂၀၁၄မနက်(၆)နာရီခွဲအချိန်မိုးလေ၀သစခန်းများရဲ့တိုင်းတာသတင်းပို့ချက်များအရမြစ်ကြီးနား-တိမ်ထူ၊ဟုမ္မလင်း-ကသာ-ကလေးဝ-ဟားခါး-ဖလမ်း-သာယာ၊ရွှေဘို-လားရှိုး-တိမ်အသင့်အတင့်၊မိုးကုတ်-တိမ်ထူ၊မုံရွာ-တိမ်ထူ-မိုးထစ်ချုန်းရွာခဲ့-မိုးရေချိန်အနည်းငယ်၊စစ်ကိုင်း-မန္တလေး-မြင်းခြံ -ပြင်ဦးလွင် -တောင်ကြီး-ကျိုင်းတုံ-တိမ်အသင့်အတင့်မှတိမ်ထူထပ်နေ၊ပုဂံ-ညောင်ဦး-သာယာနေ၊နမ့်စန်-တိမ်ထူ-မြူ ထူဆိုင်း-မိုးရေချိန်(၃၃)မီလီမီတာ၊စစ်တွေ-တိမ်ထူထပ်၊ကျောက်ဖြူ -မိုးခြိမ်း၊သံတွဲ-ဂွ-တိမ်အသင့်အတင့်မှတိမ်ထူ၊ပြည်-သာယာ၊ရမည်းသင်း-နေပြည်တော်-တိမ်အသင့်အတင့်၊လွိုင်ကော်-တိမ်ထူ ထပ်၊တောင်ငူ-တိမ်ထူထပ်၊မိုးရေချိန်(၄၀)မီလီမီတာ၊ပဲခူး-တိမ်ထူ-မိုးဖွဲရွာနေ-မိုးရေချိန်(၃၁)မီလီမီတာ၊ပုသိမ်-တိမ်အသင့်အတင့်၊ဖျာပုံ-တိမ်ထူ၊ရန်ကုန်-တိမ်ထူထပ်၊ဘားအံ-မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းမြို့နဲ့ ကိုကိုးကျွန်းတို့မှာတိမ်ထူထပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်...။

လက်ရှိမုတ်သုံလေအခြေအနေကတော့ တောင်အာရှဒေသ၊အရှေ့တောင်အာရှနဲ့အရှေ့အာရှဒေသများအားလုံးမှာပုံမှန်ရှိရမယ့်မုတ်သုံအင်အားထက်လျော့နည်းနေတာတွေ့ရပါတယ်...။

မြန်မာ့မုတ်သုံလေကလည်းအင်းအားအနည်းငယ်သာသာဘဲရှိနေပါတယ်..။မိုးကောင်းကောင်းရွာမယ့်မုတ်သုံလေအင်အားကောင်းလာနိုင်မှုကိုဇွန်လ(၄)(၅)ရက်လောက်မှတွေ့ရပါတယ်...။

မေလ(၂၉)ရက်ကနေဇွန်လ(၆)ရက်နေ့အထိစုစုပေါင်းရရှိနိုင်မယ့်မိုးရေချိန်ခန့်မှန်းချက်ပုံနဲ့မနက်(၆)နာရီခွဲဂြိုဟ်တုတိမ်ပုံလေးများစုစည်းတင်ပြပေးလိုက်ပါတယ်...။
 

မိုးလေဝသနှင့်ဇလဗေဒ သတင်းများ

 








Read More...

Facebook Like Page