Tuesday, December 30, 2014

ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ဖယောင်းတိုင်ထွန်းဆုတောင်းပွဲ ပြုလုပ်သူ သပိတ်စခန်းခေါင်းဆောင် အပါဝင်(၆)ဦးတရားစွဲခံရ ပြည့်သဲမောင်(ပြည်)

Leave a Comment


ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ဖယောင်းတိုင်ထွန်းဆုတောင်းပွဲ ပြုလုပ်သူ
သပိတ်စခန်းခေါင်းဆောင် အပါဝင်(၆)ဦးတရားစွဲခံရ

ပြည့်သဲမောင်(ပြည်) 09 4236 71883
ဦးမြင့်အေးနှင့် ကိုမျိုးသူထွဋ်၊ကို ကျော်ဆွေ၊ ကိုဝင်းလှိုင်၊ ကိုကျော်ကျော်ဦးနှင့်
ပြည်မြို့နယ်NLD ပါတီမှ ကျော်ကျော်ဥာဏ်ဝင်းတို့ (၆)ဦး ဆောင်းဘောက်ဖြင့်
တွဲထားသော မိုက်ကရိုဖုန်းဖြင့် လက်ပံတောင်းတောင် စီမံကိန်း အပြီးတိုင်ရပ်
စဲရေးအကြောင်းအရာများအား ဟောပြောခြင်း၊ ဖယောင်းတိုင်များ မီးထွန်းညှိ စိုက်ထူခြင်း၊နှင်းဆီပန်းများအား သပိတ်စခန်း၏ ၀ဲဘက် ပလက်ဖောင်းပေါ် တွင်
ဖြန့်ကျဲခြင်း၊ လက်ပံတောင်းတောင်ဒေသတွင် သေဆုံးသွားသော ဒေါ်ခင်ဝင်း
အတွက် ဆုတောင်းခြင်းများဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်  အဆိုပါ(၆)ဦးမှ ဦးဆောင်သောအဖွဲ့သည် ဗိုလ်ချုပ်ကျောက်ရုပ်အနီး
သပိတ်စခန်းမှ လမ်းမတော်လမ်းမှတဆင့် လမ်းရှည်လမ်းအတိုင်း ဖယောင်းတိုင်နှင့်
 နှင်းဆီပန်း ကိုယ်စီကိုင်ဆောင်ကာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ရာလမ်းရှည်လမ်း တရုတ်တရုတ်တန်းလမ်းအတိုင်း ကမ်းနားလမ်းရှိ ကွမ်ရင်မယ်တော်ဘုံကျောင်းသို့
ဆက် လက်ထွက်ခွာခဲ့ရာ ဘုံကျောင်းရှေ့ ဘုံကျောင်းခြံစည်းရိုးအုတ်ခုံပေါ်တွင်မီးထွန်း
ထားသေည့် ဖယောင်းတိုင်များအား စိုက်ထူးခြင်း နှင်းဆီပန်း(အနီရောင်)များအားဘုံေ
ကျာင်း အတွင်း ပစ်ချခြင်းများ ဆောင်ရွက်ခဲ့ပြီး  ကမ်းနားလမ်းအတိုင်း ဗိုလ်ချုပ်ကျော
က်ရုပ် ဘက် သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

အဆိုပါအဖွဲ့သည် ကမ်းနားလမ်းမှတဆင့် စစ်ကဲလမ်း-လမ်းမတော်လမ်းများအတိုင်း ဆက်လက်ထွက်ခွာခဲ့ရာ ဗိုလ်ချုပ်ကျောက်ရုပ်သို့ ပြန်လည်ရောက်ရှိပြီး အေးချမ်းစွာ
လူစုခွဲကာ ဦးမြင့်အေးနှင့်ကိုမျိုသူထွဋ် တို့(၂)ဦးသည် ယာယီတဲရှေ့တွင် ထိုင်၍ ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ခွင်ပြုချက်တောင်းခံခြင်းမရှိဘဲ မြို့အတွင်းသို့ လမ်းလျှောက် လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည်ဟုဆိုကာ ဦးဆောင်ခဲ့ကြသော ဦးမြင့်အေးနှင့်ကိုမျိုး
 သူထွဋ် ၊ကို ကျော်ဆွေ၊ကိုဝင်းလှိုင်၊ကို ကျော်ကျော်ဦးနှင့်ပြည်မြို့နယ် NLD ပါတီ မှ
ကိုကျော်ကျော်ဥာဏ်ဝင်းတို့ (၆)ဦးအား အရေးယူပေးပါရန် ပြည်မြို့မရဲစခန်းမှူး
ဒုရဲမှူး မျိုးမြင့်မှ တရားလို ပြုလိုက်တိုင်တန်းသဖြင့် ပြည်မြို့မရဲစခန်း(ပ) ၁၀၆၁ /
၂၀၁၄၊ စုဝေး /  စီတန်းဥပဒေ ပုဒ်မ - ၁၈ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပြီး အမှု
အားဒုရဲအုပ် မြတ်သူစိုးမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီးစာမူနှင့်ပတ်
သက် လာမည့်ကိစ္စအဝဝကိုဖြေရှင်းသွားမည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883



Read More...

ပြည်ခရိုင်နိုင်ငံရေးအင်အားစုမှ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများ အတွက်တရားမျှတမှု ကုစားခွင့်ရရှိစေရေး ဆန္ဒထုတ်ဖော်သူများကို တရားစွဲထား ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment




ပြည်ခရိုင်နိုင်ငံရေးအင်အားစုမှ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများ
အတွက်တရားမျှတမှု ကုစားခွင့်ရရှိစေရေး ဆန္ဒထုတ်ဖော်သူများကို တရားစွဲထား

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပြည်မြို့တွင်၊ ပြည်ခရိုင်နိုင်ငံရေး အင်အားစုများမှဒီဇင်ဘာ (၂၆)ရက်နေ့
နံနက် (၉း၀၀)နာရီတွင် လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်
ဖြိုခွင်းခံရ၍ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် တရား
မျှတမှုနှင့်ကုစားခွင့်ရရှိစေရေး ဒေသခံများ၏လက်ရှိနစ်နာ မှုများကို အကျေ
အလည်မဖြေရှင်းနိုင်မီ ၀မ်ပေါင်ကုမ္ပဏီ၏ ကြေးနီစီမံကိန်းကိုရပ်
ဆိုင်းထားရေး (သို့မဟုတ်) အပြီးအပိုင်ဖျက်သိမ်းရေး စသည့်ရည်ရွယ်ချက်
ဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကျသူ ဦးကျော်ဆန်း ပါ (၁၀)ဦးအား ပြည်မြို့မရဲစခန်းတွင်
အမှုဖွင့်ထားကြောင်းသိရသည်။

ခွင့်ပြုမိန့်တွင် တားမြစ်ထားသည့် ရွှေတစ်ချောင်းလမ်းအား လှည့်လည်ဆန္ဒဖော်
ထုတ်ခြင်း၊ ခွင့်ပြုမိန့်တောင်းခံစဉ် တင်ပြထားခြင်းမရှိသည့် ဗီနိုင်း / ကတ္ထူစက္ကူပို
စတာများအား ကိုင်ဆောင်ကာ ၀မ်ပေါင်+ဦးပိုင် စာသားပါ စာရွက်များအား မီးရှို့
ခြင်းများ ပြုလုပ်ခဲ့သည့် အတွက် အရေးယူထားခြင်းဖြစ်ကြောင်း ပြည်မြို့မရဲစခန်းမှ
သိရသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ဦးကျော်ဆန်း ပါ (၁၀)ဦးအား အရေးယူပေးပါရန် ပြည်မြို့မ
ရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့် မှ  စုဝေး / စီတန်းဥပေဒေ ပုဒ်မ-၁၉ ဖြင့် အမှုရေးဖွင့်ဆောင်
ရွက်ခဲ့ပြီး အမှုအား  ဒုရဲအုပ် ဇော်မင်းမှ လက်ခံစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း
သိရသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883

Read More...

Monday, December 29, 2014

ပြည်မြို့တွင် ဖွင့်လှစ်ထားသော အထိုင်သပိတ်စခန်းတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ ပြုလုပ်ခဲ့ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment




ပြည်မြို့တွင် ဖွင့်လှစ်ထားသော အထိုင်သပိတ်စခန်းတွင် ဖယောင်းတိုင်ထွန်း
ဆုတောင်းပွဲ ပြုလုပ်ခဲ့
ပြည့်သဲမောင်(ပြည်) 09 4236 71883

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခတွင်နဖူးသေနတ်ကျည်ဆံထိမှန်ကာ
သေဆုံးခဲ့ရသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်
အလယ်ရွာသူ ဒေါ်ခင်ဝင်းအတွက် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သူနှင့် စေခိုင်းသူများ
အား အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန်၊ ပြည်မြို့   ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် ဖွင့်
ထားသော အထိုင် သပိတ်စခန်းတွင် ဖယောင်းတိုင်ထွန်းဆုတောင်းပွဲအား ဒီဇင်ဘာ (၂၉)
ရက် ည (၈း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်အစိုးရ၏ ရဲတပ်ဖွဲ့နှင့်ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးများ၏လက်ချက်ဖြင့် ကျ
ဆုံးခဲ့ရသော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေ
သ၊ မိုးကြိုးပြင်အလယ်ရွာနေ တောင်သူမကြီး ဒေါ်ခင်ဝင်းသည် နောက်နောင်ဘ၀များ
တွင်မင်းကျင့်တရား (၁၀)ပါးနှင့် ညီညွတ်စွာအုပ်ချုပ်သော နိုင်ငံတွင်သာလူဖြစ်ပါစေသား . .
 မင်းကျင့်တရား (၁၀)ပါးနှင့်အညီ မအုပ်ချုပ်သော မင်းဆိုးမင်းညစ်များ၏ ယုတ်မာရက်
စက်စွာသတ်ဖြတ်ခြင်း (ဥပစ္ဆေဒကံ)မှ ကင်းဝေး ပါစေသား . . . ဒေါ်ခင်ဝင်းကောင်းရာသု
ဂတိ လားပါစေ" ဟု ဆုတောင်းကာ  ဦးပိုင်ဝမ်ပေါင် - အလိုမရှိ  အလိုမရှိ၊ လူသတ်အစိုးရ
ဖြုတ်ချကြ ဖြုတ်ချကြ လယ်သမားအရေး - တို့အရေး တို့အရေး၊ ကြေးနီတောင်စီမံကိန်း -
 ဖျက်သိမ်း ပေး ဖျက်သိမ်းပေး " ဟု ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

“ဒီပြသနာကိုဖြေရှင်းမပေးမချင်း သပိတ်ရှိမှာပဲ  မရမချင်းလုပ်နေမှာ  ဖယောင်းတိုင်ထွန်း
ရတဲ့ အကြောင်းအရင်းကဒီအမှုမှန်ပေါ်ပေါက်ရေးအတွက်အားနည်းသွားမှာစိုးလို့ မြန်
မာနိုင်ငံမှာလယ်သိမ်း၊ ယာသိမ်းတွေ အများကြီးဖြစ်နေတော့ အခုလိုအဖြစ်ဆိုးမျိုးဖြစ်
မလာအောင်ဆုတောင်းတာ၊ ဒေါ်ခင်ဝင်းနစ်နာမှုအတွက် တစ်စုံတစ်ရာ မရမချင်း၊အရေး
ယူဆောင်ရွက်ပေးမှု မရှိမချင်း သပိတ်စခန်းကရှိနေမှာပါ။ ဒီထက်ပိုပြီး အရှိန်အဟုန်မြှင့်
ဖို့ပဲရှိပါတယ်" ဟု ဖယောင်းတိုင်ထွန်းဆုတောင်းပွဲ ပြုလုပ်သူ သပိတ်စခန်းမှကိုမျိုးသူထွဋ်
ကပြောသည်။

အဆိုပါ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် ဖွင့်လှစ်ထားသော အထိုင်သပိတ်စခန်းသည် ဒီ
ဇင်ဘာ(၂၅)ရက်နေ့မှ စတင်ဖွင့်လှစ်ကာ ယနေ့ည(၅)ရက်မြောက်နေ့တွင် ပြုလုပ်သည့်
ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲဖြစ်ပြီး  ထိုအထိုင်သပိတ်စခန်းအား ဇန်န၀ါရီလ (၉)ရက်နေ့
အထိ အထိုင်သပိတ်ပြုလုပ်ဆုတောင်းသွားမည်ဖြစ် ကြောင်းသိရသည်။

 သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင် (ပြည်)09 4236 71883



 








 












Read More...

ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ် ဆင်တဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

















ဓမ္မစကူးလ်ဖောင်ဒေးရှင်း  ဓမ္မစကူးလ် ဆင်တဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊
 က.စ.စ (၃၇)နယ်မြေ မင်္ဂလာ တပ်ဦးဂျာကုန်းကျောင်းတိုက်တွင်  ဓမ္မစကူးလ်ဖောင်ဒေးရှင်း အမြဲတမ်းဓမ္မစကူးလ် ဆင်တဲဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာ (၂၈)ရက်၊ တနင်္ဂနွေနေ့ နံနက် (၇း၃၀)အချိန်တွင် ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် နမောတဿ (၃)ကြိမ်ရွတ်ဆိုကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ မြို့နယ် သံဃ နာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဥာဏုတ္တရမထေရ်အရှင်သူမြတ်မှ သြ၀ါဒမြွက်ကြားခြင်း၊ ရပ်/ကျေး သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတေဇနိယမထေရ်အရှင်သူမြတ်မှ သြ၀ါဒမြွက်ကြားခြင်း၊ ဗိုလ်ရုံကျောင်းတိုက်မှ ဦးဥာဏောဘာသ အရှင်သူမြတ်မှ ဓမ္မစကူးလ်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ စိုးမိုးရတနာကုမ္ပဏီလီမိတက်မှ သံဃာတော်အပါး (၂၀)အတွက် ယပ် (၂၀)လက်၊ ကျောင်းသား/ကျောင်းသူ များတူညီဝတ်စုံ အကျီ်င်္အဖြူနှင့်ဓမ္မစကူးလ် ရုံးအဖွဲ့သုံးရန် ကွန်ပျူတာ (၁)လုံးအပါအ၀င် ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ဖိုး (၁၇)သိန်းအား ဥက္ကဋ္ဌ ဦးသိန်းဖေမှ ဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကူးလ်ကော်မတီဝင် တစ်ဦး မှ ဓမ္မစကူးလ်နှင့်ပတ်သက်၍ ဖောင်ဒေးရှင်းတည်ဆောက်ခြင်း၊ အလှူငွေများနှင့်ပတ်သက်ပြီး ရှင်း လင်းပြော ကြားခြင်း၊ အလှူရှင်ဦးသိန်းဖေမှ မိမိလှူဒါန်းရသည့် ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားခြင်း၊ ဆင်တဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ဆင့်မှ ဓမ္မစကူးလ် ဆင်တဲဖွင့်လှစ်နိုင်သည့်အတွက် ၀မ်းသာ စကား ပြောကြားခြင်း၊ ဓမ္မစကူးလ်ဆင်တဲ၏ သင်ကြားရေးသရုပ်ပြအစီအစဉ်ဖြင့် တင်ဆက်ခြင်း တို့ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ်ဆင်တဲ ဖွင့်ပွဲအခမ်းအနား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် ဓမ္မစကူးလ်ဆင်တဲ ဆိုင်းဘုတ်တင်စက်ခလုပ်နှိပ်ဖွင့်လှစ်ခြင်းတို့ ဆောင် ရွက်ခဲ့ကြသည်။

ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ ဓမ္မစကူးလ်ဆင်တဲဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ဗုဒ္ဓဘုရားရှင်၏ အလွန် ပင်မြင့်မြတ်တန်ကြေးမဖြတ်နိုင်သည့် သာသနာတော်မြတ်ကြီးကို ကလေးဘ၀မှစတင်သိမြင်စေပြီး မိရိုးဖလာအမည်ခံဗုဒ္ဓဘာသာမှ ကျော်လွန်၍ငယ်စဉ်မှစကာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ပိုင်းခြား ဝေဖန်နိုင်သည့် အမျိုး၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်သော ပညာပြည့်ဝ နှလုံးလှသည့် လူချွန်၊ လူမော်၊ လူတော်၊  လူကောင်းများ ဖြစ်စေရန်အတွက် သော်လည်းကောင်း၊ အနာဂတ်တွင် နိုင်ငံတာဝန်ကိုပုခုံးပြောင်းတာဝန်ယူမည့်ကလေးများအနေဖြင့် ဗုဒ္ဓတရားတော်များ ကို သိရှိနားလည်တန်ဖိုးထားကာ ယဉ်ကျေးသိမ်မွေ့ပြီး ငြိမ်းချမ်းသောလူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်နှင့် ဗုဒ္ဓတရားတော်များကို လက်တွေ့ဘ၀တွင် အသုံးချနိုင်သော အဆင့်မြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်လာစေရေး ရည်သန်မျှော်တွေးကာ ဓမ္မစကူးလ် အမြဲတမ်းသင်တန်းကို တစ်ပတ်လျှင် တနင်္ဂနွေ (၁)ရက်၊ တစ်လလျှင် (၄)ကြိမ်၊ (၁၀) လတစ်ကြိမ် အပတ်စဉ်သင်တန်း များကို အမြဲတမ်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883
Read More...

Thursday, December 25, 2014

ခွင့်ပြုမိန့်မရသော်လည်း ပြည်ခရိုင်နိုင်ငံရေးအင်အားစုမှ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများအတွက် တရားမျှတမှု ကုစားခွင့်ရရှိစေရေး ဆန္ဒထုတ်ဖော် ပြည့်သဲမောင်(ပြည်)09 4236 71883သတင်းအတို

Leave a Comment




ခွင့်ပြုမိန့်မရသော်လည်း ပြည်ခရိုင်နိုင်ငံရေးအင်အားစုမှ
ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများအတွက်
တရားမျှတမှု ကုစားခွင့်ရရှိစေရေး ဆန္ဒထုတ်ဖော်

ပြည့်သဲမောင်(ပြည်)09 4236 71883သတင်းအတို

 ပြည် ဒီဇင်ဘာလ (၂၆)ရက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင်၊ ပြည်ခရိုင်နိုင်ငံရေး အင်အားစုများမှ
ဒီဇင်ဘာ (၂၆)ရက်နေ့ နံနက် (၉း၀၀)နာရီတွင် လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်ဖြိုခွင်းခံရ၍ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် တရားမျှတမှုနှင့်ကုစားခွင့်ရရှိစေရေး ဒေသခံများ၏လက်ရှိနစ်နာ မှုများကို 

အကျေအလည်မဖြေရှင်းနိုင်မီ ၀မ်ပေါင်ကုမ္ပဏီ၏ ကြေးနီစီမံကိန်းကိုရပ်ဆိုင်း
ထားရေး၊ သို့မဟုတ် အပြီးအပိုင်ဖျက်သိမ်းရေး စသည့်ရည်ရွယ်ချက်ဖြင့်
ဆန္ဒထုတ်ဖော်ခဲ့ကျသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ၀မ်ပေါင်ကုမ္ပဏီကျရှုံးပါစေဆိုသော ရည်ရွှယ်ချက်ဖြင့်
ဝမ်ပေါင်ကုမ္ပဏီ ဟုရေးထားသောစာရွက်များနှင့်ဝမ်ပေါင်+ဦးပိုင် ဟုရေးသားထားသော
စာရွက်များအားမီးရှို့ခဲ့ကျပြီး
၁။လက်ပံတောင်းတောင် လူသတ်မှုတရားခံများ ဖေါ်ထုတ်ရေး ဒို့အရေး ဒို့အရေး
၂။ ပြည်သူ့အကျိုးစီးပွား လုံခြုံမှုအတွက် အစိုးရမှ တာဝန်ယူရေး ဒို့အရေး ဒို့အရေး
၃။ တရုတ် ၀မ်ပေါင်ကုမ္ပဏီ ကျူးကျော်မှုများ ဖျက်သိမ်းရေး ဒို့အရေး ဒို့အရေး
၎။ မြေသိမ်း၊ ယာသိမ်း၊ နယ်မြေသိမ်း မတရားမှုများ၊ အဓမ္မများချုပ်ငြိမ်းရေး ဒို့အရေး ဒို့အရေး
၅။ အကြမ်းဖက်လုပ်ရပ် ချက်ခြင်းရပ် ချက်ခြင်းရပ်
၆။ ၀မ်ပေါင်နှင့် ဦးပိုင်အား ကာကွယ်ပေးသော အစိုးရ အလိုမရှိ အ လိုမရှိ
ဟုကြွေးကြော်သ့များကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကျကြောင်းသိရည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
မှတ်ချက်။ ။သတင်းနှင့်ဓါတ်ပုံ ယူသုံးပါကခွင့်ပြုချက်တောင်းပါ ခင်ဗျာ....



Read More...

ပြည်သပိတ်စခန်းမှ ကလေးငယ်တစ်ဦးကို ရာအိမ်စုမှူး ရိုက်နှက်

Leave a Comment


 ဖိုးပျော့ (ပြည်သတင်း)



လက်ပံတောင်းဒေသခံ လယ်သူမကြီး အသတ်ခံရမှုကို ဥပဒေအရအရေးယူရန် သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ သပိတ်စခန်းမှ ကလေးငယ်တစ်ဦးကို  ရာအိမ်စုမှူးတစ်ဦးက ဒီဇင်ဘာ ၂၅ ရက်နေ့ညပိုင်းတွင် ၀င်ရောက်ရိုက်နှက်ခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။

“အုပ်ချုပ်ရေးမှူးကတာဝန်ပေးလို့ဆိုပြီး ကလေးကို ဇက်ပိုးဝင်အုပ်တယ်။ အတင်းတွန်းထုတ်တယ်။ သပိတ်စခန်းထဲက ပစ္စည်းတွေလဲဝင်ဖျက်ဖို့လုပ်တယ်” ဟု သပိတ်မှောက် ဆန္ဒပြနေသူ ကိုဝင်းလှိုင်ကပြောသည်။

ထိုနေ့ည ၉နာရီအချိန်တွင် ဆံတော်ရပ်ကွက် ပုထိုးကြီးနယ်မြေ ရာအိမ်စုမှူး ကိုအောင်ဇော်ဦးဆိုသူသည် သပိတ်စခန်းတွင် ရှိနေသည့် အသက် (၁၄)နှစ်အရွယ်ကလေးငယ် မောင်ဇော်ဝင်းခိုင် ကိုရိုက်နှက် ခဲ့ခြင်းဖြစ်သည်။

ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးညွှန့်နိုင် ၏ ခိုင်းစေချက်အရ ကလေးငယ်ကိုရိုက်နှက်ရသည်ဟု ကိုအောင်ဇော်ဦးက ပြောဆိုခဲ့သော်လည်း ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွှန့်နိုင်ကမူ “လုပ်ချင်ရင်အစ်ကိုကိုယ်တိုင် ထွက်လုပ်မှာပေါ့။ သူများမခိုင်းဘူး” ဟုပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသတွင် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးတိုးမြှင့်ခတ်ထားမှုကို တားဆီးသည့် ဒေသခံ တောင်သူများကို လုံခြုံရေးရဲများနှင့် ကုမ္ပဏီ ဝန်ထမ်းများက တားဆီးရာမှ ဒီဇင်ဘာ ၂၂ရက်နှင့် ၂၃ရက်က ပဋိပက္ခဖြစ်ပွားခဲ့သည်။ ပဋိပက္ခအတွင်း သေနတ်မှန်ကာ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့သည်။ 

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အမှုမှန်ဖော်ထုတ် အရေးယူရန် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်ကျေးရုပ်အနီး တွင် နိုင်ငံရေးတက်ကြွလှုတ်ရှားသူများက သပိတ်စခန်းဖွင့်ထားသည်။
Read More...

ဒေါ်ခင်ဝင်း ခေါင်းကို သေနတ်ထိမှန်ပြီးနေရာမှာတင် သေဆုံးသွားခဲ့သည့်ကိစ္စနှင့် ပက်သက်၍ပြည်မြို့တွင် ထိုင်သပိတ်စခန်းဖွင့်နေပြီ သတင်းတို ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment


ဒေါ်ခင်ဝင်း ခေါင်းကို သေနတ်ထိမှန်ပြီးနေရာမှာတင် သေဆုံးသွားခဲ့သည့်ကိစ္စနှင့်
ပက်သက်၍ပြည်မြို့တွင် ထိုင်သပိတ်စခန်းဖွင့်နေပြီ
သတင်းတို ပြည့်သဲမောင်(ပြည်)09 4236 71883

ဒီဇင်ဘာ ၂၅ရက်နေ့ ညနေ ၄း၃၀အချိန်မှစတင်ကာ ဆားလင်းကြီးမြို့နယ်မိုးကြိုးပြင်
အလယ်ရွာက အသက်(၅ဝ)ကျော်အရွယ်ရှိတဲ့ ဒေါ်ခင်ဝင်း ခေါင်းကို သေနတ်ထိမှန်ပြီး
နေရာမှာတင် သေဆုံးသွားခဲ့သည့်ကိစ္စနှင့်ပက်သက်၍ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်
အနီးတွင် သပိတ်စခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၅ ရက်တိုင်တိုင် ထိုင်သပိတ်ဖွင့်သွား
မည်ဖြစ်ကြောင်းသိရသည်။
 အဆိုပါ သပိတ်စခန်းဖွင့်သူ ကိုမျိုးသူထွဠ်က'' ဒေါ်ခင်ဝင်း ခေါင်းကို သေနတ်ထိမှန်ပြီး
နေရာမှာတင် သေဆုံးသွားအောင်ပစ်မိန့်ပေးသူနှင့်  ဒေါ်ခင်ဝင်း အားပစ်သတ်ခဲ့သူကို















အရေးယူခြင်း မရှိပါက ထပ်မံ၍ ၁၅ရက်ကျော်သောအခါ အစာအငတ်ခံကာ ဆန္ဒပြထိုင်
သပိတ် ဆက်လက်ပြသွားမည်" ဖြစ်ကြောင်း ထိုင်သပိတ်ဆန္ဒပြသူ ကိုမျိုးသူထွဋ်ကပြော
သည်။
အကယ်၍များ ဒေါ်ခင်ဝင်း အား ပစ်မိန့်ပေးသူနှင့် ပစ်သတ်ခဲ့သူကို ၁၅ရက်မပြည့်မီ အရေး ယူပေးပါကသပိတ်စခန်းကိုရုတ်သိမ်းပေးမည် ဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားသည်။

သတင်းတို ပြည့်သဲမောင်(ပြည်)09 4236 71883
Read More...

Wednesday, December 24, 2014

ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလှည့်လည်မည့်အကြောင်း အသိပေးအကြောင်းကြားမှုအား ကန့်သတ်ချက်နှင့် မကိုက်ညီ ဟုဆိုကာ ငြင်းပယ်ခံရ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment


ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလှည့်လည်မည့်အကြောင်း အသိပေးအကြောင်းကြားမှုအား
ကန့်သတ်ချက်နှင့် မကိုက်ညီ ဟုဆိုကာ ငြင်းပယ်ခံရ
ပြည့်သဲမောင်(ပြည်)09 4236 71883  ပြည် ဒီဇင်ဘာလ (၂၅)ရက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင်၊ ပြည်ခရိုင်နိုင်ငံရေး အင်အားစုများမှ ဒီဇင်ဘာ (၂၆)ရက်နေ့ နံနက် (၉း၀၀)နာရီတွင် လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်ဖြိုခွင်းခံရ၍ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် တရားမျှတမှုနှင့်ကုစားခွင့်ရရှိစေရေး ဒေသခံများ၏လက်ရှိနစ်နာ မှုများကို အကျေအလည်မဖြေရှင်းနိုင်မီ ၀မ်ပေါင်ကုမ္ပဏီ၏ ကြေးနီစီမံကိန်းကိုရပ်ဆိုင်း
ထားရေး၊ သို့မဟုတ် အပြီးအပိုင်ဖျက်သိမ်းရေး စသည့်ရည်ရွယ်ချက်ဖြင့် ဆန္ဒထုတ်ဖော်မည့် ပြည်ခရိုင်နိုင်ငံရေး အင်အားစု များအား  ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလှည့်လည်မည့်အကြောင်း အသိပေးအကြောင်းကြားမှုနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ
အခန်း (၂)၊ ပုဒ်မ (၃)အရ ကြိုတင်လျှောက်ထားမှုအား အနည်းဆုံး (၅) ရက်ကြို
တင်၍လျှောက်ထားရန်နှင့် သတ်မှတ်ပုံစံများနှင့်အတူ ပြန်လည်တင်ပြနိုင်ရေးဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးကအသိပေးအကြောင်းကြားစာ ပြန်လည်ပေးပို့ခဲ့
ကြောင်း နိုင်/ကျဉ်းဦးကျော်ဆန်းက ပြောသည်။

ထိုသို့ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလှည့်လည်မည့်အကြောင်း အသိပေးအကြောင်း
ကြားခြင်းအား သတ်မှတ် ပုံစံများနှင့် မကိုက်ညီ၍ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပြန်လည်ပေး
ပို့သော်လည်း ဒီဇင်ဘာ (၂၆)ရက် နံနက် (၉း၀၀)နာရီအချိန်တွင် ဗိုလ်ချုပ်ကျောက်
ရုပ်ရှေ့တွင် စတင်စုဝေးပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။ 

သတင်းတို ပြည့်သဲမောင်(ပြည်)09 4236 71883 
ဟုဆိုကာ ငြင်းပယ်ခံရ
Read More...

ကွယ်လွန်သူ ဦးအောင်ငြိမ်း (ခ) ဖိုးပြန့် ( ကိုကိုးကျွန်းပြန်) ( ၁၉၄၆-၂၀၁၄ ) ၏ကိုယ်ရေးဖြစ်စဉ် - ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment





ကွယ်လွန်သူ ဦးအောင်ငြိမ်း (ခ) ဖိုးပြန့် ( ကိုကိုးကျွန်းပြန်) ( ၁၉၄၆-၂၀၁၄ ) ၏ကိုယ်ရေးဖြစ်စဉ် -

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ၁၃၀၇-ခုနှစ်၊ တပေါင်းလဆန်း၈ရက်နေ့တွင် အဖ ဦးအောင်သိန်းနှင့် အမိ ဒေါ်မြတင်တို့မှ မွေးဖွါးခဲ့။ - ပြည်မြို့ အ.ထ.က(၁)တွင် ပညာသင်ယူခဲ့ပြီး ဗ.က.သ များအဖွဲ့ချုပ်(ပြည်ခရိုင်)ကျောင်းသားသမ္မဂ္ဂ ၏ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့။ - ၁၉၆၃-ခု၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြီးနောက်တွင်၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ရင်း ၁၉၆၄-ခု၊ နိုဝင်ဘာတွင် ဗ.က.သများအဖွဲ့ချုပ်(ပြည်ခ ရိုင်)မှ ရဲဘော်ချစ်ဆွေ (ကိုးကိုးကျွန်းဖျက်သိမ်းရေး-၅၃ ရက်ကြာအစာငတ်ခံတိုက်ပွဲတွင် ကျဆုံးခဲ့ သူ) ရဲဘော်ချိုတို့နှင့် အတူမြေအောက်လှုပ်ရှားမှုများကို ဆောင်ရွက်စဉ် ပြည်မြို့တွင် ဖမ်းဆီးခံခဲ့ရ ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ထိန်းသိမ်းခံခဲ့ရ။
- ၁၉၆၉-ခုနှစ်တွင် ကိုကိုးကျွန်းအကျဉ်းစခန်းသို့ ပို့ဆောင်ခံခဲ့ရပြီး ကိုကိုးကျွန်းအကျဉ်းစခန်း၏ ဒုတိယမြောက်တိုက်ပွဲဖြစ်သောရက် (၄၀)အစာငတ်ခံ တိုက်ပွဲတွင် တတိယအသုတ်မှ ပါဝင်ခဲ့။ - ကိုကိုးကျွန်းဖျက်သိမ်းရေး (၅၃) ရက်ကြာအစာငတ်ခံတိုက်ပွဲတွင် ပြည်ခရိုင် ဗ.က.သ များအဖွဲ့ချုပ် မှရဲဘော်ချစ်ဆွေအပါအ၀င် ရဲဘော်(၈)ဦး ကျဆုံးခဲ့ရပြီး ကိုကိုးကျွန်းအကျဉ်းစခန်းကို ဖျက်သိမ်းခဲ့ ကာ(၁၉၇၂)ခုနှစ်တွင် ပြည်မသို့ ပြန်လည်ရောက်ရှိခဲ့။ - ၁၉၈၈-ခုနှစ်၊ ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးတွင် ရှေ့တန်းမှတက်ကြွှစွာပါဝင်ခဲ့ပြီးထိုအရေး တော်ပုံကြီးအပြီးနောက်ပိုင်းတွင်လည်း မပြီးဆုံးသေးသည့်စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလူပ်ရှားမူများတွင် ကိုကိုးကျွန်းပြန်တစ်ဦးအနေဖြင့်စိုက်လိုက် မက်တတ်ပါဝင်ခဲ့။ - မကွယ်လွန်မီအချိန်အထိဦးအောင်ငြိမ်းသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် (ပြည်ခရိုင်) ၊နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (ပြည်ခရိုင်)နှင့်၈၈-ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်း (ပြည်) တို့တွင်နာယက အဖြစ်ဖြင့် လက်တွေ့နိုင်ငံရေး လုပ်ငန်းများကို တာဝန် ယူဆောင် ရွှက်ခဲ့။
- ဦးအောင်ငြိမ်းသည် အဆုတ်ရောဂါကိုခံစားခဲ့ရပြီး ၊(၂၂.၁၂.၂၀၁၄) နေ့ည(၁၀း၃၀)နာရီအချိန်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့။ - ကွယ်လွန်ချိန်တွင် အသက် (၇၀)ရှိပြီဖြစ်ပြီး ၊ဇနီးနှင့်သားသမီး (၃)ဦးကျန်ရစ်ခဲ့။
 “…ပြည်တွင်းစစ်ရပ်စဲရေး ၊ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ တကယ်လိုအပ်ချက်ပဲ။ ဆင်းရဲမူနိမ့်ကျရေး၊ ဆင်းရဲမွဲတေမူပပျောက်ရေးလို့ပြောရင် ငြိမ်းချမ်းရေး ရအောင်လုပ်ပါ။ အဲဒီအခါမှ ပိုလာတဲစစ်အသုံးစရိတ်တွေကနေပြီးတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်နိုင်မှာ ဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်……”
“…..ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဆန့်ကျင်တာ ၊ဆရာကြီးကိုဖုံးကွယ်တာ ၊ဆရာကြီးကို ဖျောက်ဖျက်တာဟာ ငြိမ်းချမ်းရေးကိုဆန့်ကျင်တာ ၊ငြိမ်းချမ်းရေးကိုကန့်ကွက်တာ၊ပြည်တွင်းစစ်ကို အဓွန့်ရှည်အောင် လုပ်နေတာသာဖြစ်တယ်လို့ ကျွန်တော်အခိုင်အမာပြောချင်တယ်……..” - “……၁၃၀၀ ပြည့် အရေးတော်ပုံကြီးမှာ ဗမာပြည်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မူအခန်းကဏ္ဍမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများဟာအဓိကပါဝင်ခဲ့ကြတယ်ဆိုတာသက်သေပြခဲ့ကြ တယ်……… ……….သူရဲကောင်းပီသတဲ့ ကျောင်းသားတွေဟာ တက်တက်ကြွကြွနဲ့ အသက်ပေး စွန့်လွှတ်ခဲ့ကြ တယ်………..”
လွတ်လပ်သောကျောင်းသားသမဂ္ဂများပေါ်ပေါက်ရေးကိုကြိုးပမ်းကြ။

ကျန်ရစ်သူ မိသားစုများပေးဝေခဲ့သည့်စာအားပြန်လည်မျှဝေပါသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883 
Read More...

ဆားလင်းကြီးမြို့နယ်မိုးကြိုးပြင်အလယ်ရွာက အသက်(၅ဝ) ကျော်အရွယ်ရှိတဲ့ ဒေါ်ခင်ဝင်း ခေါင်းကို သေနတ်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့သည့်ကိစ္စနှင့်ပက်သက်၍ပြည်မြို့ တွင်ဆန္ဒထုတ်ဖော် ဆုတောာင်းခဲ့ ဓါတ်ပုံသတင်းတို ပြည့်သဲမောင်(ပြည်)

Leave a Comment

















ဆားလင်းကြီးမြို့နယ်မိုးကြိုးပြင်အလယ်ရွာက အသက်(၅ဝ)
ကျော်အရွယ်ရှိတဲ့ ဒေါ်ခင်ဝင်း ခေါင်းကို သေနတ်ထိမှန်ပြီး
နေရာမှာတင် သေဆုံးသွားခဲ့သည့်ကိစ္စနှင့်ပက်သက်၍ပြည်မြို့
တွင်ဆန္ဒထုတ်ဖော် ဆုတောာင်းခဲ့

ဓါတ်ပုံသတင်းတို ပြည့်သဲမောင်(ပြည်)09 4236 71883
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ဒီဇင်ဘာ ၂၂ ရက်
နံနက် ၉ နာရီခန့်က စီမံကိန်းလုပ်ကိုင်ခွင့်ရရှိထားသည့် မြန်မာဝမ်ပေါင်
ကုမ္ပဏီ က ခြံစည်းရိုးခတ်ရန်ပြင်ဆင်ရာမှ ဒေသခံတောင်သူများနှင့်
ရဲတပ်ဖွဲ့တို့ နှစ်ဖက်ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ကြရာ မွန်းလွဲ ၂ နာရီ
ကျော်ခန့်တွင် မိုးကြိုးပြင်အလယ်ရွာမှ အသက်(၅ဝ) ကျော် အရွယ်ရှိတဲ့
ဒေါ်ခင်ဝင်း  ခေါင်းကို သေနတ်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့
သည့် ကိစ္စနှင့်ပက်သက်၍ ပြည်မြို့တွင် ဒီဇင်ဘာ(၂၄)ရက်နေ့ ည(၇)နာရီ
ကဆန္ဒထုတ်ဖော် ဆုတောင်းခဲ့ကြသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883 ဓါတ်ပုံသတင်းတို
Read More...

Tuesday, December 23, 2014

နေအိမ်အောက်ထပ်အလယ်ခန်းတွင်ထားရှိသော ဗီဒိုအံဆွဲအတွင်းမှ ငွေသားနှင့်ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဖိုး တစ်ရာခုနှစ်ဆယ့်ကိုးသိန်းသုံးသောင်းဖိုးခန့် ပျောက်ဆုံးမှု အမှုဖွင့် ပြည့်သဲမောင် (ပြည်) 09 4236 71883

Leave a Comment






နေအိမ်အောက်ထပ်အလယ်ခန်းတွင်ထားရှိသော ဗီဒိုအံဆွဲအတွင်းမှ ငွေသားနှင့်ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဖိုး တစ်ရာခုနှစ်ဆယ့်ကိုးသိန်းသုံးသောင်းဖိုးခန့် ပျောက်ဆုံးမှု အမှုဖွင့်
ပြည့်သဲမောင် (ပြည်) 09 4236 71883 ပြည် ဒီဇင်ဘာလ (၂၄)ရက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းနယ်မြေရဲစခန်း၊ လောင်းကြီးအုပ်စု၊ လောင်းကြီးရွာတွင် နေအိမ်အောက်ထပ်အလယ်ခန်းတွင်ထားရှိသော ဗီဒိုအံဆွဲအတွင်းနှင့်ဈေးရောင်းသော စားပွဲအံဆွဲအတွင်း ထည့်ထားသော ရွှေထည်ပစ္စည်းများနှင့် ငွေသားများပျောက်ဆုံးသွားသဖြင့် ပုတီးကုန်းရဲစခန်းသို့ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် အမှုရေးဖွင့် ထားရှိကြောင်းသိရသည်။
ဖြစ်စဉ်မှာ သဲကုန်းမြို့နယ်၊ လောင်းကြီးအုပ်စု၊ လောင်းကြီးရွာနေ ဦးအောင်ကျော်ဦး (ခ) ဦးအောင်ဇော် (၄၂)နှစ်၏ နေအိမ်အပေါ်ထပ်တွင် ဇနီးဖြစ်သူ မစန်းစန်းအေး (၄၂)နှစ် ဆိုသူနှင့် အိပ်နေစဉ် မစန်းစန်းအေးမှ အိပ်ယာမှနိုးပြီး နေအိမ် အောက်ထပ်သို့ဆင်းသွားရာ " င့ါပစ္စည်းတွေ မရှိတော့ဘူး" ဟု အော်သံကြားရ၍ ဦးအောင်ကျော်ဦးမှ အိပ်ယာမှထပြီး ဇနီးဖြစ် သူထံသွားရောက်ခဲ့ရာ နေအိမ်အောက်ထပ်အလယ်ခန်းတွင် ထားရှိသော ဗီဒိုအံဆွဲအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံနှင့် ဈေးရောင်းသောစားပွဲအံဆွဲအတွင်းထည့်ထားသော ငွေသားများပျောက်ဆုံးနေကြောင်း၊ တွေ့ရှိရပြီး နေအိမ်အတွင်းလိုက်လံကြည့်ရှုရာ နေအိမ်ခြေရင်း ပြတင်း ပေါက် (၂)ခုနှင့် နေအိမ်အရှေ့ဘက်ရှိ ပြတင်းပေါက်တစ်ခုတို့၏ ဂျက်များပွင့်နေပြီး တံခါးများ ပြန်စေ့ထား သည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရသိရသည်။
ဗီဒိုအံဆွဲအတွင်းနှင့်ဈေးရောင်းသောစားပွဲအံဆွဲအတွင်းထည့်ထားသော
ရွှေထည်ပစ္စည်းများနှင့် ငွေသား များအား
စစ်ဆေးရာ အောင်သမာဓိလေးထောင့်ပုံသဏ္ဍာန်အခေါက် (အကယ်ဒမီ) (၁၀)ကျပ်သား၊ ငါးမူးသားခန့် မြနန်းနွယ် လက်ကောက် (၆)ကွင်း၊ ငါးမူးသားခန့်ရွှေလက်ကောက်ပြောင်အပြား (၁)ကွင်း၊ ငါးမူးသားခန့် ရွှေလက်ကောက်ရှက်ပန်းအပြား (၂)ကွင်း၊ ငါးမူးသားရွှေခေါက်ဆွဲပတ်လက်ကောက် (၈)ကွင်း၊ တစ်ကျပ်သားခန့်ကျောက်နီဆွဲကြိုး (၁)ကုံး၊ တစ်ကျပ်သားခန့် ကျောက်ဖြူဆွဲကြိုး (၁)ကုံး၊ တစ်ကျပ်သားခန့် စက်ဖြတ်ဆွဲကြိုး (၂)ကုံး၊ ငါးမူးသားခန့်စက်ဖြတ်ဆွဲကြိုးအပြား (၁)ကုံး၊ တစ်ကျပ်သားခန့်စိန်ခြယ်ပွင့်ပုံ သဏ္ဍာန်စိန်လက်စွပ် (၁)ကွင်း၊ ကျောက်စီတန်းပါရွှေလက်စွပ် (၁)ကွင်း၊ မောင်နှံခုနှစ်ဖော်ကြံ ဆစ်လက်စွပ် (၄)ကွင်း၊ စာရံအဖြူပါရွှေနားတောင်း (၂)ရံ ၊ ရွှေနားဆွဲ (၃)ရံ၊ ရွှေနားတောင်း (၅)ရံ၊ ကျောက်ဖြူပါရွှေနားဆွဲ (၁)ရံ၊ ရွှေလော့ကတ်သီး (၅)ခု၊ ငွေစက္ကူရောရာ(၈)သိန်း၊ စုစုပေါင်း (၁၇၉၃၀၀၀၀ိ/-) (ကျပ်တစ်ရာခုနှစ်ဆယ့် ကိုးသိန်းသုံး သောင်း) ခန့် ပျောက်ဆုံးကြောင်း တရားလိုမှ အမှုဖွင့်တိုင်တန်းခဲ့သည်။
ထို့ကြောင့် ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေသားများခိုးယူသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဦးအောင်ကျော်ဦး မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပုတီးကုန်းနယ်မြေရဲစခန်း (ပ) ၂၂၅ / ၂၀၁၄၊ ပြစ်မှုပုဒ်မ (၃၈၀)ဖြင့် အမှုရေးဖွင့်ထားရှိ ကာ အမှုအားရဲအုပ်သိန်းနိုင်မှ လက်ခံစစ်ဆေးလျှက်ရှိပြီး တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်းသိရသည်။

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

ပြည့်သဲမောင် (ပြည်) 09 4236 71883
Read More...

Monday, December 22, 2014

မြန်မာလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် ကျင်းပရာတွင် အသုံးပြုရန်အတွက် အနုပညာဖြင့် နယ်လှည့်ဖျော်ဖြေအလှူခံခဲ့ ဓါတ်ပုံသတင်း ပြည့်သဲမောင်(ပြည်) 09 423671883

Leave a Comment


မြန်မာလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
ရာပြည့်ပွဲတော် ကျင်းပရာတွင် အသုံးပြုရန်အတွက်
ရွှေသံစဉ် ဂီတဖောင်ဒေးရှင်းနှင့်VAIOLENZ
MUSIC BAND ၊THE ACTION TIMES
FOUNDATION အဖွဲ့တို့သည် အနုပညာဖြင့်
နယ်လှည့်ဖျော်ဖြေအလှူခံခဲ့ရာ ပဲခူးတိုင်းဒေသကြီး
ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက် ဗိုချုပ်အောင်ဆန်းကြေးရုပ်
အနီးတွင် ဒီဇင်ဘာ ၂၂ ရက်နေ့ညက ဖျော်ဖြေနေသည်
ကိုတွေ့ရစဉ်။
၎င်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက်နေ့တွင်လည်း
 ပြည်မြို့တွင် ဆက်လက်ဖျော်ဖြေမည်ဖြစ်ကြောင်း



သိရပါသည်။
ဓါတ်ပုံသတင်း ပြည့်သဲမောင်(ပြည်) 09 423671883
Read More...

ပြည်မြို့နယ်လုံးဆိုင်ရာ(၉၅)ကြိမ်မြောက် သံဃိကဒါနစာရေးတံမဲအလှူတော် ကျင်းပပြုလုပ်

Leave a Comment

ပြည်မြို့နယ်လုံးဆိုင်ရာ(၉၅)ကြိမ်မြောက်
သံဃိကဒါနစာရေးတံမဲအလှူတော် ကျင်းပပြုလုပ်




ပြည်မြို့နယ်လုံးဆိုင်ရာ (၉၅)ကြိမ်မြောက် သံဃိကဒါန စာရေးတံမဲအလှူတော်ပွဲကြီးကို
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ဆံတော်ရပ်ကွက်၊စာတိုက်တန်းလမ်းတွင် ၂၁-၁၂-၂၀၁၄
ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် ပြည်မြို့နယ် အတွင်းရှိဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်များအား စာရေးတံမဲချ၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း
ရရှိသည်။

အဆိုပါစာရေးတံမဲအလှူတော်ပွဲကြီးကို ပြည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ
လှူဒါန်းကြသော ပဒေသာပင်များအပြင်အသင်းအဖွှဲများ၊အနှေးယဉ်လုပ်သားများ၊ဈေး
များမှအလှူရှင်များ၊တစ်ဦးခြင်းလှူဒါန်း ကြသော ငေ၊ွပစ္စည်း ပဒေသာပင်ပေါင်း(၈၃၀)
ပင်ကျော် တန်ဘိုးငွေစုစုပေါင်းသိန်း(၉၃၀)ကျပ်ကျော်ကို မြို့ပေါ်နှင့်နယ်များအပါအ၀င် ဘုန်းတော်ကြီးကျောင်းပေါင်း(၄၈၂)ကျောင်းမှ သံဃာတော်အရှင်သူမြတ်များ အပြင် ရေစက်ချဆရာတော်(၅)ပါး သာသနာတော်ထိမ်းဆရာတော်(၅)ပါး စုစုပေါင်း
သံဃာတော်အရှင်သူမြတ် (၄၉၂)ပါးတို့အား စာရေးတံမဲချ၍ ဆက်ကပ် လှူဒါန်းခြင်း
ဖြစ်ကြောင်းသိရသည်။

စာရေးတံမဲအလှူတော်ပွဲကြီးအတွက် ဒီဇင်ဘာလ(၁၇)ရက်နေ့မှစတင်၍ စာရေးတံမဲ
ဧည့်ခံရာဋ္ဌာနဖြစ်သော စာတိုက်တန်းလမ်း မဏ္ဌပ်တွင်စတင်အလှူခံခဲ့ခြင်းဖြစ်ပြီး
ပြည်မြို့နယ်အတွင်းရှိအလှူရှင်များက အဆိုပါနေရာသို့ ပို့ဆောင်ပေးကြပြီး လှူဒါန်းမှု
အစုစုတို့အတွက် ဒီဇင်ဘာလ(၂၁)ရက်နေ့နံနက်(၉း၀၀)နာရီအချိန်တွင် ပြည်မြို့နယ်ရှိ စာရေးတံမဲဖြစ်မြောက်ရေး သြ၀ါဒစရိယ ဆရာတော်ဘုရားကြီးများထံမှ သာဓုနုမောဒနာ တရားနာကြားခဲ့ကြောင်း၊ပြီးခဲ့သည့်(၉၄)ကြိမ်မြောက် အလှူတော်ပွဲကြီးတွင် ပဒေသာပင်
ပေါင်း(၇၃၃)ပင်၊ တန်ဘိုးငွေစုစုပေါင်း(၉၈၃.၄၂၂၅၂)ကျပ်(ကိုးရာရှစ်ဆယ့် သုံးသိန်း
လေးသောင်းနှစ်ထောင်နှစ်ရာငါးဆယ့်နှစ် ကျပ်ကို ကျောင်းပေါင်း(၄၇၇)ကျောင်းမှ သံဃာတော်အရှင်သူမြတ်များအား လှူဒါန်းနှိုင်ခဲ့ကြောင်း သိရသည်။

အောင်ဆန်းမင်း(ပြည်)
Read More...

Sunday, December 21, 2014

ဆရာစိန်ထွန်းတောက် ( ခ ) ဦးစိန်တိုး ထွန်းတောက်ပညာရိပ်သာ - B.ED ၀င်ခွင့်သင်တန်း

Leave a Comment




ဆရာစိန်ထွန်းတောက် ( ခ ) ဦးစိန်တိုး
ထွန်းတောက်ပညာရိပ်သာ
- B.ED ၀င်ခွင့်သင်တန်း

-
B.ED ၀င်ခွင့်သင်တန်းများနှင့်
- အားမာန်ဝင်ခွင့်စာအုပ်များ ရပါပြီ။
- တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်
- အဝေးသင်ဘွဲ့လက်မှတ် ရရှိရေးဆောင်ရွက်ပေးသည်။
- အမှတ် ၆၇၄၊ ရေလွှဲပေါက်လမ်း
- န၀င်းရပ်၊ ရွှေပလ္လင်မှော်ဘုရားအနီး
- ပြည်မြို့ သို့ဆက်သွယ်နိုင်ပါသည်။
- ဖုန်း - ၀၉ - ၄၉၅၀၀၈၆၃  ၊ ၀၉ - ၃၁၂၂၆၄၀၄
        - ၀၉ -၂၅၄၀၉၁၃၆၄ ၊ ၀၉ - ၄၂၁၇၄၄၇၀၃
Read More...

ခရစ္စမတ်နေ့ ၂၅ ရက်နေ့ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပင်းတယ ဘုရားဖူးခရီးစဉ် ထွက်မည်

Leave a Comment




ခရစ္စမတ်နေ့ ၂၅ ရက်နေ့ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပင်းတယ ဘုရားဖူးခရီးစဉ် ထွက်မည်
ခရစ္စမတ်နေ့နှင့် ပိတ်ရက်တွေကြုံကြိုက်စဉ်မှာ အေးချမ်းသာယာလှပသော ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ကလောသို့ လည်ပတ်ရင်း သာယာလှပသော သဘာဝရှုခင်းများ၊ တောင်တန်းနှင့် စိုက်ခင်းများ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကို လေ့လာခံစားရင်း တန်ခိုးကြီး ဂူဘုရားများနှင့် အင်းလေးက ဘုရားစုံဖူးကြမယ်။
  • တောင်ကြီးမြို့ မွေတော်ကက္ကူ  ရှေးဘုရားများ ၊ ထမ့်ဆမ့်းဂူ၊ စဠာမဏိဘုရား၊ တောင်ကြီးမြို့မဈေး 

  • အင်းလေး ဖောင်တော်ဦးဘုရား၊ ငဖယ်ချောင်ကျောင်း ၊ ပဒေါင်ရိုးရာအိမ်၊ ငွေထည်လုပ်ငန်း ၊ အလိုတော်ပေါက်ဘုရား၊ ယက္ကန်းရုံ

  • အင်းလေး ခေါင်တိုင်ရေပူစမ်း၊ ရွှေမြင်ထင်မွေတော်ဘုရား

  • ကလောနှီးဘုရား ၊ မြင်းမထိလှိုဏ်ဂူ ၊ ရွှေဥမင် သဘာဝလှိုင်ဂူဘုရား၊ လက်ဆောင်ပစ္စည်းဆိုင်များ

  • ပင်းတယ ပုန်းတလုပ်ရေကန် ၊ ရွှေဥမင်လှိုဏ်ဂူဘုရား၊ ကုံလုံလွမ်းစေတီ၊ လက်ဆောင်ပစ္စည်းဆိုင်များ

  • နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်နှင့် ရွှေနတ်ကယ်တောင်ရှိ အလျှား ၉၉၉ တောင် (ပေဖြင့် ၁၅၀၀ပေ)၊ ဥာဏ်တော်အမြင့် ၃၀၀ ပေရှိ လျောင်းတော်မူဘုရား

နေရာစုံပို့ဆောင်ပေးမည်ဖြစ်ပြီး မိသားစုနှင့် ခရီးသွားသကဲ့သို့ စိတ်ချမ်းသာစေရပါမည်။

 အဆိုပါ ခရီးစဉ်ကို ၂၅.၁၂.၂၀၁၄ အင်္ဂါနေ့ ညနေတွင် ပြည်မြို့မှ စတင်ထွက်မည်ဖြစ်ပြီး ၂၉.၁၂.၂၀၁၄ တနလာင်္နေ့ ညတွင် ပြည်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

တည်းခိုရန်အတွက် ဘုန်းတော်ကြီးကျောင်းများ စီစဉ်ထားရှိပြီးဖြစ်ပါသည်။ တန်းခိုခန်း၊ ဟော်တယ်များတွင် တည်းလိုပါကလည်း စီစဉ်ပေးပါမည်။

ဘုရားဖူးခရီးစဉ်ကို Light Truck နှစ်စီးဖြင့် (လိုင်းဆွဲနေသည့် ကားများမဟုတ်ပါ) ထွက်ခွာမည်ဖြစ်ပြီး တစ်စီးလျှင် (၁၂) ဦးအထိသာ တင်ဆောင်မည်ဖြစ်ပါသည်။ (လုံးဝ ပိုမတင်ပါ) ခရီးစဉ် အစအဆုံးအတွက် တစ်ဦးလျှင် ၄၀၀၀၀ိ/ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ပို့ဆောင်ပေးပါမည်။
လူဦးရေ အတိအကျ ကန့်သတ်ထားသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ

အသေးစိပ် သိရှိလိုပါက - ၀၉ ၂၅၄ ၉၇၉၀၉၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။












Read More...

Facebook Like Page