Sunday, May 31, 2015

ခြံ​ကောင်း​ကောင်း​ရောင်းမည်​...သိန်း....၆၅၀...

Leave a Comment
ခြံ ​ကောင်း​ကောင်း​ရောင်းမည်​....

ပဲခူးတိုင်း​ဒေသကြီး ပြည်​ခရိုင်​ ပြည်​မြို့
ခေတ္တရာမြို့သစ်​ အ​နောက်​မြို့ပတ်​လမ်း
၅-လမ်းအ၀င်​​လေးတွင်​တည်​ရှိသည်​။

ပေ-၄၀×၆၀ ကျယ်​၀န်းသည်​။ မီတာပါရှိသည်
ပိုင်​ဆိုင်​မှု့စာရွက်​စာတမ်း အပြည့်​အစုံပါသည်​။
သိန်း-{၆၅၀}နှင့်​​ရောင်းမည်​။
(ပွဲစားမလိုပါ) ဆက်​သွယ်​ရန်​....

ဖုန်းနံပါတ်​...099252860504......
09977044469....ဆက်​သွယ်​စုံစမ်းနိုင်
ပါသည်​။
Read More...

Saturday, May 30, 2015

အင်္ဂလိပ်စာ အရေး ၊အဖတ်၊အပြော၊အကြား အတွက်အတန်းသစ်များကို ဇွန်လ (၆) နေ့ နှင့်(၈) ရက်နေ့တွင် အတန်းခွဲသစ်များစတင်ဖွင့်လှစ်

Leave a Comment


အင်္ဂလိပ်စာ အရေး ၊အဖတ်၊အပြော၊အကြား ကျွမ်းကျင်လိုသူများဆရာဦးကျော်ဆန်း အင်္ဂလိပ်စာဘာသာစကားသင်တန်းကျောင်းတွင်စာရင်းပေးသွင်းနိုင်ပါပြီ

ဇွန်လ (၆) နေ့ နှင့်(၈) ရက်နေ့တွင် အတန်းခွဲသစ်များစတင်ဖွင့်လှစ်သင်ကြားပေးမည်။
အင်္ဂလိပ်စာ အရေး ၊အဖတ်၊အပြော၊အကြား ကျွမ်းကျင်လိုသူများဆရာဦးကျော်ဆန်း အင်္ဂလိပ်စာဘာသာစကားသင်တန်းကျောင်းတွင်စာရင်းပေးသွင်းနိုင်ပါပြီ.........

 နိုင်ငံကျော်အင်္ဂလိပ်ဆရာကြီးများဖြစ်ကျသော ဦးခင်မောင်လတ်
ဆရာကြီး ဦးသိန်းမောင်(ထင်လင်း)တို့၏တပည့် ဆရာကြီး ဦးမြကြိုင်
ထံတွင်(၉)နှစ်တိုင်တိုင် ပညာနို့ရည်သောက်ခဲ့သူ ဦးကျော်ဆန်း B.A
(Psy),TKT(UK),Dip.In English(YUFL)မှENGLISH PROFICIENCY CLASSES
READING
WRITING
LISTENING
SPEAKING FOUR SKILLS လုံးသင်ကြားပေးနေပါသည်။
Basic ,Intermediate,Advanced Level
Basic Level (၃) လ
Intermediate Level (၃) လ
တစ်တန်းအတွက်လစဉ် လခ(၇၀၀၀)ကျပ် ပေးရုံဖြင့်ကျန်အတန်းများကို
အခမဲ့တက်ရောက်ခွင့်ရှိသည်။ကျောင်းသားများ အချိန်မရွေးဆက်သွယ်နိုင်
ရန် သင်ခန်းစာများကို ပတ်လည်စနစ်ဖြင့်စီစဉ်ထားပါသည်။သီးသန့်ဝိုင်းများ
ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါသည်။
သင်တန်းအားတက်ရောက်လိုပါက
Monday to Thursday
Basic Leveel(1)6;30 to8;00 am (2)8;00 to9;30 am
  (3)3;00 to4;30 pm (4)5;00 to6;30 pm (5)6;30 to8;00 pm
Intermediate(1)9;30 to11;00 am
General English(1)12;30 to1;30 pm
Senior Reading(1)1;30 to2;30 pm
Saturday to Sunday
Basic Leveel (1)8;00 to9;30 am  (2)9;30 to11;00 am
(3)4;30 to6;00 pm
Intermediate Leveel
(1)2;30 to4;00 pm
Advanced Level(1)12;30 to1;30 pm
Senior Reading(1)1;30 to2;30 pm
 ဖြစ်ပြီး
သင်တန်းတည်နေရာမှ..................
 အမှတ်(၁၂/၈၃)၊ရတနာလမ်း /(၄)လမ်း၊န၀င်းကွက်သစ်၊ပြည်မြို့၊ပဲခူးတိုင်းဒေသကြီး
ဆက်သွယ်ရန် ဖုန်းနံပါတ် 09 43131 214






Read More...

သို့ ခရိုင်ဦးစီးမှူး ပို့ဆောင်ရေးစီးမံကိန်းဦးစီးဌာန

Leave a Comment

သို့
ခရိုင်ဦးစီးမှူး
ပို့ဆောင်ရေးစီးမံကိန်းဦးစီးဌာန

အကြောင်းအရာ။     ။”ရွှေကမ္ဘာ” ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်
                            အသင်းသည်သတ်မှတ်ခရီးစဉ် အတိုင်း ပြေးဆွဲခြင်း
                            မရှိကြောင်းတိုင်ကြားခြင်း။

၁။”ရွှေကမ္ဘာ” ခရီးသည် ပို့ဆောင်ရေးမော်တော်ယာဉ်အသင်းသည်
“ပုသိမ်-ကွင်းကောက်-ပြည်” ခရီးစဉ် ပြေးဆွဲရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။
၂။သို့သော်လည်း “ရွှေကမ္ဘာ” ခရီးသည်ပို့ဆောင်ရေးမော်တော်အသင်းသည် ခရီးစဉ်စဖြစ်သော်”ပုသိမ်”မှ စတင်ထွက်ခွာခြင်းမရှိဘဲ “ကွင်းကောက်”မှ အခြေပြု၍ ထွက်ခွာကြောင်း တွေ့ရှိရပါသည်။ ၃။”ကမ္ဘာကျော်သန့်သန့်လေး” ခရီးသည်ပို့ဆောင်ရေးအသင်းသည် ကွင်းကောက်မှ ပြည်သို့ပြေးဆွဲရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါသည်။ သို့ပါ၍ ကွင်းကောက်မှယာဉ်အသင်း(၂)ခု
အပြိုင်ထွက်ခွာခြင်းကြောင့်မလိုလားအပ်သောပြသာနာများဖြစ်လာသောေ
ကြာင့် ရွှေကမ္ဘာ ခရီးသည်ပို့ဆောင်ရေးအသင်းသည် ခရီးစဉ်အဖြစ်သော “ပုသိမ်”့ မှစတင်ပြေးဆွဲစေရေးကိုဆောင်ရွက်နိုင်ပါရန် တိုင်ကြားအပ်ပါသည်။

ဦးတင်ဝင်း
တာဝန်ခံ
ကမ္ဘာကျော်သန့်သန့်လေးခရီးသည်
ပို့ဆောင်ရေးအသင်း

Read More...

ကျောင်းတက်ပြီး ပညာသင်ချင်သော ဆင်းရဲနွမ်းပါးသည့် ကလေးငယ်လေးများဆီသို့ ...

Leave a Comment

ကျောင်းတက်ပြီး ပညာသင်ချင်သော
ဆင်းရဲနွမ်းပါးသည့် ကလေးငယ်လေးများဆီသို့ ...
ပြည်မြို့ မင်းကံပိုင်ရပ်ကွက်
အင်္ဂလိပ်စာကျွမ်းကျင်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ
သင်တန်းဆင်းပွဲအခမ်းအနားတွင်
ဆင်းရဲနွမ်းပါးသော ကလေးငယ်လေးများကို ကျောင်းသုံးပစ္စည်းကလေးများ သွားရောက်လှူဒါန်းခဲ့ပါသည်။

အလှူများမှာ
၁။ ကိုနန္ဒာ+မအိ ( အောင်မင်္ဂလာ အော့ဖ်ဆက်နှင့်
ပလပ်စတစ်ပုံနှိပ်လုပ်ငန်းမှ ) ဗလာစာအုပ် ၂၀ဒါဇင်၊
ခဲတံ ၁၈၀ ချောင်း၊ ဘောပင် ၃၀ ချောင်း
၂။ မရတနာမှ ဗလာစာအုပ် ၂ ဒါဇင်
၃။ ကိုကိုကျော် ( မေတ္တာရှင် ပရဟိတအဖွဲ့ မလေးရှား )မှ
ခဲတံ ၁၃၂ ချောင်း၊ ကွန်ပါဗူး ၅၂ ဗူး၊
၎။ ဖြူဖြူစင်စင်ကုသိုလ်ရှင် ဘုရားသန့်ရှင်းရေး အဖွဲ့မှ
ဗလာစာအုပ် ၁၀ ဒါဇင်၊ ခဲဖျက် ၆၀ ခု၊
ခဲတံချွန်စက် ၆၀ ခု တို့ ဖြစ်ပါတယ်ခင်ဗျာ။
မနက်ဖြန် စနေ တနင်္ဂနွေရက်များတွင်
မရှိဆင်းရဲနွမ်းပါးပြီး
ပညာသင်ယူ တတ်မြောက်ချင်ကြသော အနာဂါတ်မျိုးဆက်သစ် ကလေးငယ်လေးများကို
အလှူရှင်များ၏စေတနာဖြင့် လှူဒါန်းထားသော
ကျောင်းသုံးပစ္စည်းကလေးများ
အလှူရှင်တွေကိုယ်စား အိမ်တိုင်ရာရောက်
သွားရောက်ပြီး ဆက်လက်၍ လိုက်လံဝေငှလှူဒါန်းသွားမည်ဖြစ်ပါသည်။
မိမိတို့လှူဒါန်းသော ကျောင်သုံးပစ္စည်းကလေးများသည်
ဟောင်းနွမ်းသော်လည်း မရှိဆင်းရဲနွမ်းပါးသည့်
ကလေးငယ်လေးများအတွက်တော့
သူတို့လေးတွေ၏ ဘဝအိမ်မက်ကလေးများကို
အကောင်အထည်ဖော်ပေးနိုင်သည့် အဖိုးတန်ပစ္စည်းကလေးများပင်ဖြစ်ပါသည်။
ထိုကြောင့် အားလုံးသော အလှူရှင်များ
မိမိတို့၏ သားငယ် သမီးငယ်ကလေးများ အသုံးမပြုကြတော့သည့်
ကျောင်းသုံးပစ္စည်း အဟောင်းအနွမ်းကလေးများ စွန့်ကြဲတော်မူနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။
https://www.facebook.com/ko.mg.790
ko Mg
ပြည့်သဲမောင်(ပြည်) 09423671883




Read More...

Wednesday, May 27, 2015

အကောက်တောင်သို့ အလည်တစ်ခေါက် သီဟလွင်(ပြည်)

Leave a Comment
အကောက်တောင်သို့ အလည်တစ်ခေါက်
သီဟလွင်(ပြည်)
စက်လှေကရေလှိုင်းကြက်ခွပ်လေးတွေထိုးခွဲပြီး ဧရာဝတီမြစ်ပြင်ပေါ်မှာတရိပ်ရိပ်ပြေးလွှားနေလေရဲ့။ စက်လှေပေါ်မှာတော့ လူကြီးကလေးယောက်ကျားမိန်းမလူ၂၀လောက် ၀တ်ကောင်းစားလှတွေနဲ့ပါလာတယ်။ အချို့ကလည်း မြစ်ပေါ်မှာပြေးလွှားနေတဲ့ စက်တပ်သမ္မာန်တွေကိုငေးလို့ အချို့ကတော့ ပိုက်ချနေတဲ့ တံငါလှေးလေးတွေဆီကိုအာရုံရောက်နေကြတယ်။အချို့ကတော့ မြစ်ကမ်းဘေးအိမ်သေးသေးလေးတွေနဲ့ တောတောင်တွေရဲ့အလှကိုခံစားနေကြတယ်။
သိပ်မကြာလိုက်တဲ့အချိန်မှာပဲတစ်စုံတစ်ယောက်ရဲ့ လက်ညှိုးထိုးပြီးအော်လိုက်တဲ့ အသံကြောင့် သူတို့ရဲ့အာရုံတွေအားလုံးကနေရာတည်းကိုရောက်သွားကြတယ်။ သူတို့မြင်လိုက်ရတဲ့ အရာတွေကအခြားတော့ မဟုတ်ဘူးသူတို့အားလုံးမြင်တွေ့ချင်နေတဲ့အရာတွေပါ။
စက်လှေကတစ်ဖြည်းအရှိန်လျော့ ပြီးမြစ်ကမ်းပါးနားခပ်နီးနီးကိုကပ်ပေးတယ်။ မြင့်မားလှတဲ့ကျောက်သား မြစ်ကမ်းပါးနံရံမှာတော့ အဲဒီကျောက်သားကိုထွင်းထားတဲ့ များပြားလှသောဗုဒ္ဓဆင်းတုတော်တွေတွေကိုဖူးတွေနေရတာပါ။ ရပ်တော်မူလျောင်းတော်မူထိုင်တော်မူပုံစံမျိုးမျိုးနဲ့အရွယ်အစားတွေလည်းစုံလို့။
အဲဒီနေရာကိုအကောက်တောင်လို့ ခေါ်ပါတယ်။အထက်ပါ မြင်ကွင်းတွေက ဧရာဝတီမြစ်အတွင်းကနေ စက်လှေနဲ့ အကောက်တောင်တက်ဖို့ရာ ပြင်ဆင်နေတဲ့ ဖုရားဖူးခရီးသည်တစ်စုရဲ့ စက်လှေပေါ်ကနေ မြစ်ကမ်းပါးပေါ်ကနံရံကပ်ရှေးဟောင်းစေတီတွေ ကြည့်ရှု့ဖူးမျှော်နေကြတာပါ။
အဲဒီဧရာဝတီမြစ်ကမ်းနဘေး ကျောက်သားမြစ်ကမ်းပါးနံရံတွေမှာထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွးတော်တွေရဲ့ဂုဏ်သတင်းကျော်ဇောမှုတွေကြောင့်၂၀၁၄ ခုနှစ်နှစ်ဆန်းပိုင်းလောက်ကနေစပြီးခရီးသွားတွေ အ၀င်များလာလိုက်တာ အခုတော့အဲဒီနေရာမှာခရီးသွားတွေနဲ့စီကားနေပါပြီ။
“ဟိုးအရင်နှစ်တွေ ခရီးသွားတွေမလာသေးခင်ကဒီနေရာကို နိုင်ငံခြားသားတွေပဲလာကြတာ ပြည်တွင်းကလာတာမရှိသလောက်ပဲနောက်တော့ ပြည်တွင်းခရီသွားတွေ ဘုရားဖူးတွေများလာကြတာ”ဟုအကောက်တောင်ကိုထုံးဘိုနဲ့အကောက်တောင်ကိုစက်လှေပြေးဆွဲနေတဲ့ကိုမြင့်လှိုင်ကပြောပါတယ်။
အကောက်တောင်ဟာ ဧရာဝတီတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးထိစပ်နေတဲ့ နယ်စည်းမျဉ်းပေါ်မှာတည်ရှိပြီးနယ်စည်းအရတော့ ဧရာဝတီတိုင်းအတွင်းပါပါတယ်။ အကောက်တောင်ကိုသွားမယ်ဆိုရင်တော့ အဲဒီတောင်နဲ့ တစ်ဆက်တစ်စပ်တည်းတည်ရှိတဲ့ ထုံးဘိုမြို့ မြစ်ဆိမ်ကမ်းကနေသွားရမှာပါ။
ထုံးဘိုမြို့ကတော့ ပဲခူးတိုင်းပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းမှာတည်ရှိပါတယ်။ထုံးဘိုမြို့ကိုရန်ကုန်ကနေကားစီးပြီးလာမယ်ဆိုရင်တော့ ၇ နာရီလောက်ကြာမြင့်မှာပါ။ ရန်ကုန်ကနေ ပြည်မြို့ ပြည်မြို့ကနေတစ်ဆင့် ဧရာဝတီမြစ်ဘူး န၀ဒေးတံတားကိုဖြတ်ပြီး မြစ်အနောက်ဘက်ကမ်းထုံးဘိုအထိခရီးဆက်ရမှာပါ။ရန်ကုန်နဲ့ပြည်ဟာ (၁၇၉)မိုင်ဝေးပြီး ပြည်နဲ့ထုံးဘိုနဲ့တော့ (၃၇)မိုင်ကွာဝေးပါတယ်။
ထုံးဘိုမြို့ဟာ ဧရာဝတီမြစ်အနောက်ဘက် ကမ်းနဖူးကိုမေးတင်ပြီးတည်ထားတဲ့မြို့တစ်မြို့ဖြစ်ပြီးတော့ ပုသိမ်-မုံရွာသွားကားလမ်းမကြီအနီးပါတည်ရှိပါတယ်။အကောက်တောင်ကြောင့် လူသိများလာသလိုနောက်ထပ်ဂုဏ်ယူစရာတစ်ခုကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်ကိုးဦးစာရင်းထဲမှာပါတဲ့ သခင်မြရဲ့ မွေးရပ်မြေဇာတိလည်းဖြစ်နေလို့ သမိုင်းကြောင်းအရလည်းထင်ရှားတဲ့မြို့တစ်မြို့ပါ။
မြို့သူမြို့သားအများစုဟာဧရာဝတီမြစ်ကို အမှီပြုပြီးမြေနုကျွန်းစိုက်ပျိုးရေးလုပ်ငန်းရေလုပ်ငန်းတောင်ယာလယ်လုပ် စတဲ့လုပ်ငန်းတွေနဲ့အသက်မွေးကြပြီးအခုနောက်ပိုင်းမှာတော့ အကောက်တောင်ကြောင့် ခရီးသွားရေုးငန်းလည်းတွင်ကျယ်လာပါတယ်။
များပြားလာတဲ့ ခရီးသွားတွေအတွက် စားသောက်ဆိုင်တွေ ထုံးဘို-အကောက်တောင်သွားစက်လှေတွေတွေကားလိုင်းတွေနဲ့အကောင်တောင်တက်တဲ့အခါ ဧည့်လမ်းညွှန်လည်းလုပ်ပေးသလိုအထုတ်တွေကူဆွဲကူညီပေးကြတဲ့ ကလေးတွေတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်ပေါက်လာတာပါ။ခရီးသည်တွေဟာထုံးဘိုမြို့မှာမအိပ်ပဲနေချင်းပြန်ကြတဲ့သူတွေချည်းသာဖြစ်လို့ တည်းခိုခန်းတွေတော့ အဲဒီမြို့မှာမရှိသလောက်ရှားပါတယ်။
ထုံးဘိုကနေအကောက်တောင်ကိုသွားမယ်ဆိုရင် လမ်းနှစ်သွယ်ရှိပါတယ်။တစ်လမ်းကတော့ လိုက်ထရပ်ကားလေးတွေနဲ့ တောင်ပေါ်အရောက်ပို့တဲ့ လမ်းရယ်။စက်လှေနဲ့မြစ်ကမ်းတစ်လျှောက်ကနေမှ တောင်ပေါ်ကိုခြေလျှင်တက်ရတဲ့လမ်းရယ်ပါ။ ကားနဲ့တက်မယ်ဆိုရင်တော့ နာမည်ကျော် မြစ်ကမ်းနဘေးနံရပ်ကပ်စေတီအပြည်အစုံကိုမြင်တွေ့ဖို့ ခဲရင်းလို့ ခရီးသွားတွေကိုစက်လှေနဲ့သွားတဲ့လမ်းကိုရွေးကြတာများပါတယ်။
ထုံးဘိုနဲ့အကောက်တောင်ဟာရေမိုင် တစ်မိုင်ခွဲဝေးပြီး ကုန်းလမ်းဆိုရင်တော့ (၂)မိုင်လောက်ဝေးပါတယ်။ကုန်းလမ်းအတိုင်းကားနဲ့သွားမယ်ဆိုရင် ခရီးသည်တစ်ဦးကိုတစ်ထောင်ကျပ် ကျသင့်မှာဖြစ်ပါတယ်။စက်လှေကတော့ လူ(၂၀)ကျော်ဝင်ဆန့်တဲ့ စက်လှေကြီးတစ်စင်းလုံးငှားအသွားအပြန် တစ်ခေါက်ကို (၁၂၀၀၀)ကျပ်သတ်မှတ်ထားပြီးလူ(၁၅)ဦးဆန့်စက်လှေအသေးကိုတော့ ကျပ်သစ်သောင်းလို့ စက်လှေမောင်းသူတွေကသတ်မှတ်ထားပါတယ်။
စက်လှေနဲ့ သွားတဲ့လမ်းကြောင်းတစ်လျှောက်မှာတော့ မြစ်ကမ်းပါးကျော်နံရံကပ်ဗုဒ္ဓရုပ်ပွားတော်တွေကိုဖူးတွေရမှာဖြစ်ပြီးစက်လှေဆိုက်ကပ်ရာအကောက်တောင်ခြေကနေတစ်ဆင့် အတန်အသင့်မတ်စောက်တဲ့ တောင်ပေါ်ကိုခြေလျှင်ခရီးဆက်ရမှာဖြစ်ပါတယ်။ နံရံကပ်ဗုဒ္ဓရုပ်ပွားတွေတွေရှိတဲ့ ကျောက်သားနံရံတွေနဘေးကနေဖောက်ထားတဲ့လမ်းအတိုင်းရုပ်ပွားတွေကိုအနီးကပ်ဖူးမျှော်ပြီးတောင်ထိပ်ကိုရောက် ရင်တော့ ရွှေမြင်းတင်ဆိုတဲ့စေတီကိုဖူးမျှော်ရမှာပါ။
တောင်ထိပ်ရောက်ရင်တော့ လေတစ်ဖြူးဖြူးနဲ့တက်လာသမျှ အမောတွေကိုပြေစေတယ်လို့ လိုက်ပို့တဲ့ ဒေသခံတွေကပြောပါတယ်။တောင်ပေါ်ကနေတဆင့် လှမ်းကြည့်လိုက်မယ်ဆိုရင်ဖြင့် ကျယ်ပြောလှတဲ့ ဧရာဝတီမြစ်ကြီးကိုအပေါ်စီးငှက်မြင်ကွင်းကနေ မြင်ရမှာပါ။ သေးငယ်လှတဲ့ လှေလေးတွေသွားနေပုံတွေ စိမ်းစိုပြီးကျပ်ပြောလှတဲ့ လယ်ကွင်းတွေ စိုက်ခင်းတွေနဲ့အတူကောင်းကင်ကမိုးသားမိုးတိမ်တွေကိုပါ မျက်စေ့တစ်ဆုံးလှမ်းမြင်နေရလို့ အဲဒီလှပတဲ့ရှုခင်းတွေကလာရောက်လည်ပတ်တဲ့သူတွေကိုစိတ်ကြေနပ်မှုတွေ ပေးနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အကောင်တောင်ပေါ်ကိုရောက်လာတဲ့သူတွေကတော့ အနီးတစ်ဝိုက်မှရှိတဲ့ ရွှေမြင်းတင်စေတီနတ်ရေကန် ချောင်းဝရေတံခွန် နော်တော်ကြီးစေတီစတဲ့နေရာတွေကိုလည်ပတ်လေ့ရှိပြီးအကောက်တောင်အနှံကိုသုံးနာရီလောက်အချိန်ယူရင် ကောင်းကောင်းလည်ပတ်လို့ရတယ်လို့ အကောက်တောင် ရွှေမြင်းတင်စေတီဂေါပကအဖွဲ့ကပြောပါတယ်။
အကောင်တောင်ကိုအရင်ကလူတွေသိပ်မသိကြပေမယ့် အခုနောက်ပိုင်းမှာတန်းဖိုးနည်းဖုန်းတွေကို မြို့ကြီးတွေနဲ့ကျေးလက်ဒေသတွေပါမကျန် တွင်တွင်ကျယ်ကျယ်သုံးလာကြပြီးအင်တာနက် လူမှုကွန်ယက်စာမျက်နှာတွေကတဆင့် အကောက်တောင်ကိုသိတဲ့သူတွေများပြားလာတယ်လို့လည်းဒေသခံတွေကပြောပါတယ်။
၂၀၁၃ခုနှစ်ထက် ၂၀၁၄ခုနှစ်မှာခရီးသွားတွေပိုများပြားလာပြီးတော့ ၂၀၁၄ သြဂုတတ်လလောက်ကစပြီးစပြီး ခရီးသွားတွေဝင်ရောက်လာတာ့တစ်ဖွဲဖွဲနဲ့ ၀င်ရောက်လာတာ အခု ၂၀၁၅ နှစ်ဆန်းပိုင်ခရီးသွားတွေမပြတ်ဘူးလို့ ဂေါပကအဖွဲ့ဝင်တွေကပြောပါတယ်။ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊တနင်္ဂနွေမှာဆိုအကောက်တောင်ကိုတစ်ရက်ကို လူတစ်ထောင်လောက်ဝင်ပြီး ကြားရက်တွေမှာ့ လူရာကဏန်းလောက် ပုံမှန်လာရောက်လည်ပတ်တယ်လို့  ဂေါပကအတွင်းရေးမှုးဦးချစ်ကိုကိုကပြောပါတယ်။
လာရောက်ကြတဲ့ ခရီးသွားတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်ဟာထုံဘိုမြို့ အကောက်တောင် ဧရာဝတီမြစ်ကမ်းပါး ကျောက်သားနံရံမှာထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကိုဖူးမျှော်ဖို့အဓိကလာရောက်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဧရာဝတီမြစ်ကမ်းပါး ကျောက်နံရံတွေမှာထွင်းထုထားတဲ့ဗုဒ္ဓရုပ်ပွားတော် အရေအတွက်ဟာဟိုးအရင်တုန်းကရုပ်ပွားတော်ပေါင်းတစ်ထောင်ကျော်ရှိခဲ့တယ်လို့ လူကြီးသူမတွေကပြောခဲ့ပေမယ့် မိုးဒဏ်လေဒဏ် စတဲ့ သဘာဝဘေးအန္တရယ်တွေနဲ့ ရန်သူမျိုးငါးပါးကြောင့် ပျက်ဆီးကုန်တာအခုဆိုရင် ရုပ်ပွားတော်ပေါင်း ၃၇၀ ကျော်ကျန်ရှိနေသေးတယ်လို့ ထုံးဘိုဒေသဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီက တာဝန်ရှိသူတွေကလည်း ပြောပြပါတယ်။
အကောင်တောင်ကိုကုန်းဘောင်ခေတ်ကအဲဒီတောင်ကနေပြီးဆိုက်ကပ်တဲ့ ကုန်သည်လှေတွေကိုအကောက်အခွန်တွေကောက်လို့ အကောက်တောင်လို့ ခေါ်တွင်ဖြစ်တယ်လို့ ဒေသခံအချို့ပြောဆိုပေမယ့် အချို့ကတော့ ဗုဒ္ဓဘုရားရှင် ဘုရားလောင်းကျီးမင်းဘ၀အခါက အစာကောက်ရာတောင်ဖြစ်လို့ အကောင်တောင်လို့ ခေါ်တွင်ကြောင်းကွဲပြားတဲ့ ပါးစပ်ရာဇ၀င်တွေအကြောင်းကိုပြောဆိုရှင်းပြကြပါတယ်။
“စေတီတစ်ထောင် အကောက်တောင်လို့ဆိုရိုးစကားရှိခဲ့တယ် အခုတော့ရုပ်ပွားတော်တွေ ၃၇၀ ပဲကျန်တော့တယ် ရုပ်ပွားတော်တွေကိုဆေးသုတ်တာတွေဘာတွေ နောက်ပိုင်းမလုပ်တော့ဘူး သဘာဝတိုင်း ထိမ်းသိမ်းထားတယ်”ထုံးဘိုဒေသဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဥက္ကဌဦးသန်းလွန်ကပြောပါတယ်။
အကောင်တောင်အထိမ်းမှတ်ပွဲလို့ခေါ်ဆိုနိုင်တဲ့ ၀ါဆိုလပြည့်နေမှာတော့ ထုံးဘိုမြို့အနီးတစ်ဝိုက် ရွာနီးချုပ်စပ်ကရွာသူရွာသားတွေပါ အကောင်တောင်ကိုလာကြလို့ အဲဒီနေကတော့ အကောင်တောင်မှာအစည်ကားဆုံးလို့ ဒေသခံတွေကပြောပါတယ်။
ယခုအခါရန်ကုန်အခြေစိုက် ခရီးသွားအေဂျင်စီတွေချိတ်ဆက်ပြီးအကောက်တောင်ကိုလူတစ်ယောက်ကိုကျပ်သုံးသောင်းထက် မပိုတဲ့ဈေးနှုန်းတွေနဲ့ အကောက်တောင်ခရီးစဉ် တစ်ရက်တာစရိတ်ငြိမ်းခရီးစဉ်တွေကိုစီစဉ်ပေးပြီးယခုအခါ ပြည်တွင်းခရီးသွားတွေ စိတ်ဝင်စားလာတယ်လို့ ခရီသွားအေဂျင်စီတွေကပြောပါတယ်။
 ၂၀၁၄ ခုနှစ်ပွင့်လင်းရာသီရာသီကနေစတင်ပြီးခရီးသွားတွေအတွက် ရန်ကုန်မြို့ကနေအကောက်တောင်ကိုတိုက်ရိုက်သွားနိုင်တဲ့ခရီးစဉ်တွေကိုခရီးသွားအေဂျင်စီတွေကစီစဉ်ပေးနေတာတွေ တွေ့မြင်နေရပါပြီ။
အကောင်တောင်ပေါ်ကဆင်းစက်လှေနဲ့ လာလမ်းအတိုင်း ပြန်ကြတဲ့ ခရီးသည်တွေဟာ ဧရာဝတီမြစ်ကမ်းပါး တစ်လျှောက်လတ်ဆတ်တဲ့ လေနုအေးကိုရှုရှိုက်ကြရင်းနဲ့ မြေနုကျွန်းစိုက်ပျိုးရေးလုပ်ငန်းခွင်တွေ တံငါသည်တွေလူနေမှုဘ၀တွေနဲ့ ကျောက်နံရံမှာထွင်းထုထားတဲ့ ရှေးဟောင်းဗုဒ္ဓဟောင်းရုပ်ပွားတော်တွေကို ကြည့်ရှုဖူးမျှော်ကြပြီးထုံးဘိုဖက်ကမ်းသို့ ပြန်လည်ဆိုက်ကပ်လို့လာကြပါပြီ။
“ကုန်ရတဲ့ပိုက်ဆံသွားလိုက်ရတဲ့ခရီးနဲ့ ရလိုက်ရတဲ့ အတွေ့အကြုံနဲ့တန်ပါတယ် ဒီနေရာကိုနောက်တစ်ခေါက် ပြန်လာဦးမယ်” လို့ စက်လှေပေါ်လိုက်ပါလာတဲ့ ခရီးသွားတစ်ဦးဖြစ်တဲ့ ကိုသန်းထိုက်အောက်ကပြေပါတယ်။

ရေးသားသူသီဟလွင် (ပြည်)

ဓာတ်ပုံသီဟလွင်

တင်ဆက် ပြည်သတင်းလူငယ် (ပြည်သတင်း) 09253311019



Read More...

ပြည်မြို့တွင် DVB debate ပွဲတခုကျင်းပသွားမည် မည်သူမဆိုတက်ရောက်နိုင်သည်။ ယခု လာမဲ့ဇွန်လ(၆)ရက်နေ့ မနက်-- ၁၀-နာရီမှ ၁၁း၃၀-ချိန်အထိ(ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ဘယ်လိုထိန်းသိမ်းမလဲ/ဘယ်သူထိန်းမလဲ) ခေါင်းစဉ်ဖြစ်ပြီး....ထိုနေ့ နေ့လည်-၁၂-နာရီမှ ၁း၃၀-ချိန်အထိကို (၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ)ဆိုသောခေါင်းစဉ်ဖြင့်ကျင်းပသွားမည်။၊ဖော်ပြပါခါင်းစဉ်(၂)မျိုးနဲ့၊ DVB debate ပွဲတခုကျင်းပသွားမည်။ ပြည်မြို့ ကမ်းနားလမ်း ဧရာဦးခန်းမ မှာ ပြုလုပ်ပါမည် ။စိတ်ပါဝင်စားသူ တွေအားလုံး ကိုလေးစားစွာ DVB အဖွဲ့သားများမှ ပြည်သတင်းမှတဆင့် လေးစားစွာဖိတ်ကြားအပ်ပါသည်။ ကိုမင်းညို(DVB) 095368590

Leave a Comment
ပြည်မြို့တွင် DVB debate ပွဲတခုကျင်းပသွားမည်  မည်သူမဆိုတက်ရောက်နိုင်သည်။

ယခု လာမဲ့ဇွန်လ(၆)ရက်နေ့ မနက်-- ၁၀-နာရီမှ ၁၁း၃၀-ချိန်အထိ(ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ဘယ်လိုထိန်းသိမ်းမလဲ/ဘယ်သူထိန်းမလဲ) ခေါင်းစဉ်ဖြစ်ပြီး....ထိုနေ့ နေ့လည်-၁၂-နာရီမှ ၁း၃၀-ချိန်အထိကို (၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ)ဆိုသောခေါင်းစဉ်ဖြင့်ကျင်းပသွားမည်။၊ဖော်ပြပါခါင်းစဉ်(၂)မျိုးနဲ့၊ DVB debate ပွဲတခုကျင်းပသွားမည်။ ပြည်မြို့ ကမ်းနားလမ်း ဧရာဦးခန်းမ မှာ ပြုလုပ်ပါမည် ။စိတ်ပါဝင်စားသူ တွေအားလုံး ကိုလေးစားစွာ DVB အဖွဲ့သားများမှ ပြည်သတင်းမှတဆင့် လေးစားစွာဖိတ်ကြားအပ်ပါသည်။

ကိုမင်းညို(DVB)
095368590


Read More...

လယ်ယာမြေတွေပြန်မရလို့ ထွန်တုံးတိုက်ပွဲပြုလုပ်

Leave a Comment
လယ်ယာမြေတွေပြန်မရလို့ ထွန်တုံးတိုက်ပွဲပြုလုပ်
ပြည်-မေ-၂၇
ပဲခူးတိုင်း၊ပြည်မြို့ နယ်အတွင်းက၊ မြန်မာ့ကြံလုပ်ငန်းကသိမ်းယူခဲ့တဲ့ လယ်တွေပြန်ရဖို့အတွက် နဂိုပိုင်ရှင်လယ်သမားတွေမှ ၀င်ရောက်ပြီးထွန်တုံးတိုက်ပွဲဆင်နွဲခဲ့တာဖြစ်ပြီး ပြည်မြို့နယ်အတွင်းမှ ရှမ်းကုန်း၊ရှမ်းစု၊ပန်းတင်ကျေးရွာတွေက အသိမ်းခံထားရတဲ့ လယ်တွေပြန်ရဖို့အတွက်ကို မူလတောင်သူ(၅၀)ခန့်မှ မေလ(၂၇)ရက်နေ့ မနက် ၉-နာရီခန့်တွင် ၊နွား(၁၁)ရှင်း နဲ့ ၀င်ရောက်ပြီးထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သိမ်းဆည်းခံမြေတွေ ပြန်ရဖို့ ကိုအစိုးရဌာနဆိုင်ရာအသီးသီးကို တိုင်စာပေးပို့ခြင်း၊ ဆုတောင်းပွဲများ ၊ ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ခဲ့ပေမဲ့ အကြောင်းမထူးခဲ့တာကြောင့် အခုလိုဝင်ရောက်ထွန်ယက်ခဲ့ကြတာဖြစ်ပါတယ်။
အခုလိုလူအင်အားနဲ့ ၀င်ရောက်ထွန်ယက်စိုက်ပျိုးခြင်းကို ကျေးရွာအုပ်ချုပ်ရေးအာဏာပိုင်တွေ နဲ့ နယ်မြေခံရဲတပ်ဖွဲ့ကှလာရောက် ကြည့်ရှု ခဲ့ ပေမဲ့ တားမြစ်ခြင်းနှောက်ယှက်ခြင်းမရှိခဲ့ပါဘူး။
၁၉၉၆-၁၉၉၇ ခုနှစ် လောက်က မြေ (၂၀၇)ဧက ကျော်ကို မြန်မာ့ကြံလုပ်ငန်းက န၀ဒေးသကြားစက်အတွက်သိမ်းယူခဲ့ပြီး သကြားစက် ကို ပုဂ္ဂလိကသို့လွှဲပြောင်းပေးတဲ့ အခါ သိမ်းယူထားတဲ့ မြေတွေကိုလယ်သမားတွေထံ ပြန်မပေးပဲသကြားစက်ကိုဆက်လက်လုပ်ကိုင် နေတာကြောင့်မူလပိုင်ရှင်တောင်သူတွေက၊ပြန်လိုချင်နေတာဖြစ်ပါတယ်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
k3(pyay)
မောင်ပန်ကာ(ပြည်)
Read More...

ပြည်မြို့တွင်သဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်ကယ်ဆယ်နိုင်ရေး ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှ သရုပ်ပြလက်တွေ့လေ့ကျင့်မှုများပြုလုပ်

Leave a Comment
ပြည်မြို့တွင်သဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်ကယ်ဆယ်နိုင်ရေး ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှ သရုပ်ပြလက်တွေ့လေ့ကျင့်မှုများပြုလုပ်
ပြည်-မေ-၂၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့်ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အနီးပတ်ဝန်းကျင်ဒေသများတွင် မေလ ၂၀ ရက် တစ်နေ့လုံး မိုးကောင်းခဲ့၍ ဒေသတွင်း ရေကြီးမှုအလားအလာမြင့်မားနေကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည့်အပေါ်နှင့်မိုးရာသီတွင်ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှ အရေးပေါ်ကယ်ဆယ်ရေးလက်တွေ့လေ့ကျင့်မှုများကိုမေလ(၂၆)ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနီး သုံးနေရာနှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အနီးပတ်ဝန်းကျင် ဒေသများတွင် ရေကြီးဇုန်အလား အလာပုံမှန်ထက် ရာခိုင်နှုန်းများ နေကြောင်း ဒေါက်တာထွန်းလွင်က သတိပေးခဲ့တာဖြစ်ပြီး အဆိုပါသတိပေးမှုများအပြင် မိုးရာသီသဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်ကယ်ဆယ်နိုင်ရေး ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှ သရုပ်ပြလက်တွေ့လေ့ကျင့်မှုများကို ပြည်မြို့ဧရာဝတီမြစ်ရေပြင်တွင်လက်တွေ့ကျကျလေ့ကျင့်လျှက်ရှိကြောင်းသိရသည်။
လက်ရှိတွင်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါကအချိန်နှင့်တစ်ပြေးညီကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်လို့အပ်သောကယ်ဆယ်ရေးပစ္စည်းများနှင့်လေ့ကျင့်မှုများပြုလုပ်ထားပြီးအသင့်အနေအထားတွင်ရှိနေကြောင်း မီးသတ်တပ်ဖွဲ့ဝင်တချို့ကပြောသည်။
အဆိုပါလေ့ကျင့်မှုမှာ ၂၀၁၅ခုနှစ်အတွင်းဒုတိယအကြိမ်လေးကျင့်မှုဖြစ်ပြီးသန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် (၅၈)ဦးပါဝင်ခဲ့ကြောင်းနှင့် ပြည်မြို့နယ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့အတွင့်သီးသန့်ဖွဲ့စည်းထားသောအဖွဲ့တွင် တပ်ခွဲတစ်ခွဲစာအဖြစ်(၁၁၆) ဦးပါဝင်ကြောင်း ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှသိရပြီး လက်ရှိပြည်မြို့အပါအ၀င် အနီးနားတွင် မြစ်ရေကြီးမှုတစ်စုံတရာမရှိသေးကြောင်းသိရသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

ကျောင်းသားတွေရုံးချိန်းတချို့မှာ ဆန္ဒထုတ်ဖော်ပြောဆိုခဲ့တဲ့ကိုဝင်းလှိုင်အား ပုဒ်မ ၅၀၅(ခ)နဲ့နေအိမ်ကိုညအချိန်ဝင်ဖမ်း

Leave a Comment
ကျောင်းသားတွေရုံးချိန်းတချို့မှာ ဆန္ဒထုတ်ဖော်ပြောဆိုခဲ့တဲ့ကိုဝင်းလှိုင်အား ပုဒ်မ ၅၀၅(ခ)နဲ့နေအိမ်ကိုညအချိန်ဝင်ဖမ်း
ပြည်-မေ-၂၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ န၀င်းရပ်ကွက် အကောက်တဲလမ်းနေထိုင်သူ ကိုဝင်လှိုင်အား သာယာဝတီမြို့မှ ဒုရဲအုပ်တစ်ဦးနှင့် ပြည်အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူရဲအရာရှိများမှ ဖမ်းဝရမ်းကိုင်ဆောင်ကာ မေ-၂၅ ရက် ည ၁၀း၃၀ ချိန်ခန့်တွင် ကိုဝင်းလှိုင်နေအိမ်သို့လာရောက်ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။
အဆိုပါဖမ်းဝရမ်းတွင် မေလ(၂၅)ရက်နေ့ ရက်စွဲပါ ပြစ်မှုကြီးအမှတ်(၁၇၂၀)၊ ပုဒ်မှုပုဒ်မ ၅၀၅(ခ)ဖြင့် သာယာဝတီမြို့နယ်အထူးအာဏာရတရားသူကြီးဦးချစ်မှတ်လက်မှတ်ရေးထိုးထားသော ဖမ်းဝရမ်းနှင့်လာရောက်ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်းဖမ်းဝရမ်းပါစာအရသိရသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းလှိုင်အား လက်ပံတန်းမြို့တွင် တားဆီပိတ်ပင်အကြမ်းဖက်ဖြိုခံရသော ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းကိစ္စနှင့်ပတ်သက်ပြီး သာယာဝတီ တရားရုံးရှေ့တွင် ကျောင်းသားများ၏ ရုံးချိန်းတချို့တွေမှာ ဆန္ဒပြပြောဆိုခဲ့ခြင်းကြောင့်ယခုလိုလာရောက်ဖမ်းဆီးကြောင်း သိရသည်။ ကိုဝင်းလှိုင်သည် ၂၀၁၃ မတ်လအတွင်းက ပြည်မြို့မှာ လျှပ်စစ်မီးပုံမှန်ရရှိရန်ဆန္ဒဖော်ထုတ်မှုတွင် ပုဒ်မ(၁၈)ဖြင့် ပထမအကြိမ် ထောင်ဒဏ်သုံးလချမှတ်ခံခဲ့ရပြီး ၂၀၁၄ သြဂုတ်လတွင် ပြည်မြို့တွင်ဆိုင်ကယ်စီးဦးထုတ် ဒဏ်ငွေတရားရုံးတွင်မကပဲအခြားနေရာတွင်ပါ စီမံဒဏ်ပေးဆောင်ရသည့်အတွက်မကျေနပ်၍ ဆန္ဒဖော်ထုတ်ရာတွင် ဒုတိယအကြိမ် ထောင်ဒဏ်သုံးလထပ်မံချမှတ်ခံခဲ့ရသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

ငွေ သိန်း(၃၀၀) တွေကို ကျေးရွာကော်မတီဝင်(၇)ဦးမှ အလွဲသုံးစားလုပ်ထားတာကြောင့် ဒေသခံ အင်အားလူ(၅၀)ခန့်မှဆန္ဒထုတ်ဖော်ခဲ့

Leave a Comment
ငွေ သိန်း(၃၀၀) တွေကို ကျေးရွာကော်မတီဝင်(၇)ဦးမှ အလွဲသုံးစားလုပ်ထားတာကြောင့် ဒေသခံ အင်အားလူ(၅၀)ခန့်မှဆန္ဒထုတ်ဖော်ခဲ့
အုတ်ဖို-မေ-၂၅
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးခေါင်းစဉ်နဲ့ကျေးရွာတွေချပေးထားတဲ့၊ချေးငွေတွေကို၊ကျေးရွာကော်မတီက အလွဲသုံးစားလုပ်ထားတာကြောင့်ဒေသခံတွေက ဆန္ဒပြခဲ့ကြောင်းသိရသည်။မေလ၂၅ ရက်နေ့ နံနက် ၈-နာရီခန့်တွင် ၊ပဲခူးတိုင်း၊အုပ်ဖိုမြို့မှာဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊၊မြစိမ်းရောင်ကျေးရွာစီမံကိန်း ခေါင်းစဉ်နဲ့ အုပ်ဖိုမြို့နယ်၊တက်ဆွဲရွာကို ချပေးထားတဲ့ ငွေ သိန်း(၃၀၀) တွေကို ကျေးရွာကော်မတီဝင်(၇)ဦးမှ အလွဲသုံးစားလုပ်ထားတာကြောင့် ဒေသခံ အင်အားလူ(၅၀)ခန့်မှဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှသိသည်။
ဆင်းရဲနွမ်းပါးမှုလျှာ့ချရေးအတွက်၊ကျေးရွာတွေကို၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဋ္ဌာန၊ကနေတဆင့်၊အတိုး(၁)ကျပ် နှုံး ဖြင့် လူဦးကို ငွေ(၅၀၀၀၀)ငါးသောင်းကျပ်ချေးပေးဖို့ကို၊(၂၀၁၄)ခုနှစ်၊မှာစတင်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါကိစ္စများနှင့်ပက်သတ်ပြီး လူတစ်ဦးအား တစ်ထောင်ကျပ်နူံးကောက်ရုံတင်မကပဲ ပြည်သူတွေဆီ ချေးငွေသိန်းသုံးရာအား ချထားပေးခြင်းမရှိတာကြောင့် ဒေသဆိုင်ရာရဲစခန်းတွင်အမှုဖွင့်သွားမည်ဖြစ်ကြောင်း အဆိုပါဆန္ဒထုတ်ဖော်သူများမှပြောသည်။
အဆိုပါကိစ္စများအတွက်ကိုဒေသခံတွေနဲ့ကော်မတီတစ်ရပ်ဖွဲ့ပြီး၊ချေးငွေပေးခဲ့ရာ၊ပထမအတစ်ကြိမ်တွင် ချေးငွေကိုတော့၊ထုပ်ချေးခဲ့ပြီး၊ငွေကျေသွားတဲ့အခါနောက်ထပ်မချေးတော့ပဲ၊ပထမချေးယူထားတဲ့သူတွေရဲ့၊လက်မှတ်အတုတွေနဲ့ငွေချေးထားကြောင်းတင်ပြထားတာကို၊ကျေးရွာကစုံစမ်းသိရတာကြောင့်၊နိုင်ငံတော်အဆင့်အကြီးအကဲတွေထံ(၂)ကြိမ်တိုင်ကြားထားခဲ့ပေမဲ့ဒီနေ့ထိအရေးယူဆောင်ရွက်တာမရှိတာကြောင့်ယခုလို ဆန္ဒပြခဲ့ကြတာဖြစ်ကြောင်းသိရသည်။                       k3(pyay)^မောင်ပန်ကာ(ပြည်)/
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

ပြည်မြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ကာကွယ်ရေးဦးစီးချူပ်ရုံး နေပြည်တော်မှခြိမ်းခြောက်စာအတုပေးပို့ခံရ

Leave a Comment
ပြည်မြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ကာကွယ်ရေးဦးစီးချူပ်ရုံး နေပြည်တော်မှခြိမ်းခြောက်စာအတုပေးပို့ခံရ
ပြည်-မေ-၂၄
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး/စခန်းမှူးရုံး ဦးစီးအရာရှိ ခေါင်းစဉ်ပါရှိသော အသိပေးအကြောင်းကြားခြင်း စာဆောင်ဖြင့် ပြည်မြို့ ဆင်စုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ ထံသို့ ခြိမ်းခြောက်စာ ရောက်ရှိလာကြောင်းသိသည်။
“စာက မေလ ၇ရက်နေ့ရက်စွဲ့နဲ့ ကျွန်တော်ဆီကို အမြန်ချောပို့တဲ့ပုံစံနဲ့ရောက်လာတာ ဆင်စုပိုင် ပေါက်ကုန်းဘက်က လယ် ၂၈ ဧကထဲမှ ၄ဧကပေါ်မှာ ၂၁ကွက် အကွက်တဲ့ကိစ္စပါပဲ ကျွန်တော်တို့ပထမနူတ်နဲ့ဆက်မလုပ်ဖို့သတိပေးတယ် ခုဆိုစာနဲ့ နှစ်ကြိမ်ရှိနေပြီဆက်မလုပ်ဖို့တားထားတာ အဲဒိကိစ္စမှာဝင်မရှုပ်ဖို့ အသိပေးစာအတုကကျွန်တော့ဆီရောက်လာခဲ့တာ” ဟု ဆင်စုအုပ်ချုပ်ရေးမှူး ဦးတင်ရွှေ မှပြောသည်။
အဆိုပါအသိပေးစာတွင် ပြည်မြို့ ဆင်စုရပ်/ကျေး ဥက္ကဌ ဦးတင်ရွှေသည် မအူရွာ ပေါက်ကုန်းအုပ်စု မှ နိုင်ငံရေးသမား ရာအိမ်မှူး ဦးထွေးရီနှင့် ပူးပေါင်းကာ သုဓမ္မမဏိဇောတဓရ၊လူမှုထူးချွန်ဆု တတိယအဆင့်၊ပဲခူးတိုင်းလွှတ်တော်ကော်မရှင်နာ ဥက္ကဌ ပဲခူးတိုင်း သာသနာ့နုဂ္ဂဟ ဥက္ကဌတစ်ဦးကို ပေါက်ကုန်းဘုန်းတော်ကြီးနှင့် ဘုရားမြေအား မြေလှူဒါန်းခြင်းကိစ္စအား ဂဃနဏမသိဘဲ အကျိုးပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေသည်ကို ဆက်လက်ဆောင်ရွက်ပါက အုပ်ချုပ်ရေးနည်းလမ်းဖြင့် ဖြေရှင်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားစာကို မင်းမောင် ၊ဦးစီးအရာရှိ၊ကာကွယ်ရေး၊ဦးစီးချုပ်ရုံး၊စခန်းမှူးရုံး၊နေပြည်တော် ဟုပါရှိသည်။
ဖော်ပြပါ ရာအိမ်မှူးဆိုသူမှာ နိုင်ငံရေးသမား မဟုတ်ပါဘူး ပြည်ခိုင်ဖြိုးပါတီကပါ နာမည်က ဦးထွေးရီမဟုတ်ပါဘူး ဦးထွန်းရီပါ ဒီစာကကျွန်တော့ကိုဖိအားပေးတာပါ ခေတ်စကားအရ ကျွန်တော်ကို ကြပ်လိုက်ကြတာ ဒီစာကို စရဖ ကစစ်ကြည့်မှအတုမှန်းသိရတာ ဒီခြိမ်းခြောက်စာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကတာဝန်ရှိသူတွေ အရေးယူချင်ယူလိမ့်ပပါ့မယ် ဟု ၄င်းက ဆက်လတ်ပြောကြားသည်။
အဆိုပါ ဆင်စုနယ်မြေအတွင် လယ် ၂၈ဧကရှိသည့်အထဲမှ ၄ဧကပေါ်တွင် လန-၃၉ မလျှောက်ဘဲ အကျသေးဘဲ နေအိမ် ၂လုံးဆောက်လုပ်ပြီးသွားကြောင်း နောက်ဆုံး တတိယအကြောင်းကြားစာကို ယခုလကုန်လျှင်ပေးပို့ပြီး လိုက်နာခြင်းမရှိပါက ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆင်စုအုပ်ချုပ်ရေးမှူး မှ မီဒီယာတချို့အား မေလ ၂၄ရက်နေ့ နံနက်တွင် အဆိုပါရုံးတွင်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ K3(pyay)/ မောင်ပန်ကာ(ပြည်)/
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်မြို့နယ်ကျန်းမာရေးကွန်ယက်မှ လူနာငါးထောင်ကျော်အား ငွေကျပ် ခုနှစ်ဆယ့်ငါးသိန်းကျော် ကျန်းမာရေးအခမဲ့ဆေးကုသပေး

Leave a Comment
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်မြို့နယ်ကျန်းမာရေးကွန်ယက်မှ လူနာငါးထောင်ကျော်အား ငွေကျပ် ခုနှစ်ဆယ့်ငါးသိန်းကျော် ကျန်းမာရေးအခမဲ့ဆေးကုသပေး

ပြည်-မေ-23

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ ရွှေတံခါး အပိုင်း ၃-ရပ်ကွက် စတုဘုမ္မိကဓမ္မာရုံ တွင် မေ ၂၃ရက် နံနက် မှစတင်ကာ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ကျန်းမာရေးကွန်ယက်မှ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးအခမဲ့ ဆေးကုသပေးခဲ့ကြောင်းသိရသည်။

“အသက်ကကြီးပြီဆိုတော့ ဆေးရုံကြီးသွားဖို့ကအခက်ခဲတွေရှိတယ်ငွေကြေးကအစပေါ့ ခုလိုဆေးလာကုပေးကြတာ အရမ်းဝမ်းသာမိပါတယ် အိမ်တိုင်ရာရောက်ဆေးလာကုပေးသလိုပါပဲ “ဟု
ရပ်ကွက်တွင်းနေထိုင်သူ ပင်စင်အငြိမ်းစား ဆရာမကြီး ဒေါ်မြင့်မြင့်မှပြောသည်။

အဆိုပါ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကျန်းမာရေးကွန်ယက် ကို ၂၀၁၃-ခှုနှစ်တွင် ဒေါက်တာခင်စိုးစိုးကြည်(အထွေထွေရောဂါ) ဦးဆောင်ပြီး အင်အား ၂၁-ဦးဖြင့်စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်မြို့နယ် ၀က်ထီးကန်မြို့တွင် ပထမဦးဆုံးအနေဖြင့် လူနာပေါင်း ၃၀၀၀-သုံးထောင်ကျော်ကို အထွေထွေရောဂါများကုသပေးခဲ့သည်။

မဲဆွယ်စည်းရုံးဖို့ကုတာမဟုတ်ပါဘူး ကျွန်တော်တို့ ဒီကျန်းမာရေးစောင့်လှောက်ဆေးကုသမှုကို ရွေးကောက်ပွဲမတိုင်ခင်ကတည်းကစေတနာသန့်သန့်ဖြင့် လမ်းဆက်သွယ်ရေးမကောင်းတဲ့ကျေးလက်ဒေသတွေကို ဦးစားပေးသွားရောက်ကုသခဲ့ကြတာပါ ကွန်ယက်အဖွဲ့ဝင် ၂၁ဦးရဲ့ လစဉ်ကောက်ခံငွေနဲ့ ပြင်ပကအလှူရှင်တွေစုပေါင်းပြီးရလာတဲ့ငွေနဲ့ကုသကြတာပါ ယနေ့ဆိုရင် လူနာပေါင်း ငါးထောင်ကျော်ဆေးကုသပေးပြီးဖြစ်ပါတယ် ကုန်ကျငွေကတော့ ခုနှစ်ဆယ့်ငါးသိန်း ခန့်ကုန်ကျသွားပြီ “ ဟု ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကျန်းမာရေးကွန်ယက် ဒုဥက္ကဌ ဦးခင်မောင်ဝင်း မှပြောသည်။

ပြည်မြို့ ရွှေတံခါးအပိုင်းရပ်ကွက် စတုဘုမ္မိကဓမ္မာရုံမှာ ယနေ့ လူနာအင်အား နှစ်ရာ ကျော်ကိုအခမဲ့အအထွေထွေရောဂါဆေးကုသပေးတာခဲ့ဖြစ်ပြီး ယခုလကုန်လျှင်လည်း လမ်းပန်းဆက်သွယ်ရေးမကောင်းသောကျေးရွာဒေသများသို့ သွားရောက်အခမဲ့ဆေးကုသပေးမည်ဖြစ်ကြောင်းသိရသည်။
K3(pyay)...
မောင်ပန်ကာ(ပြည်)ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

ရောင်းမည်...... ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ် ထမ္မကောက်အုပ်စု တီတွတ်စံပြ / စံပြကွက်သစ် ဆိတ်ခြံကုန်းအနီး ယာမြေ ၁၀ဧကရောင်းမည် ရောင်းမည်ဈေး က သိန်း၃၀၀ကျပ် ၁ဧက ၃၀ သိန်း မှတ်ချက် ခွဲ၍မရောင်းပါ လက်ရှိကြံစိုက်ပျိုးဧက ၃ဧကရှိပါသည် ။ပိုင်ဆိုင်မှုစာရွက်စာတမ်းအပြည့်အစုံပါရှိသည်။ အသေးစိတ်သိလိုပါက ဆက်သွယ်ရန်ဖုန်း.... 0973199994/09258890902/0949500924...

Leave a Comment

ရောင်းမည်......
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ် ထမ္မကောက်အုပ်စု တီတွတ်စံပြ / စံပြကွက်သစ် ဆိတ်ခြံကုန်းအနီး ယာမြေ ၁၀ဧကရောင်းမည် ရောင်းမည်ဈေး က သိန်း၃၀၀ကျပ် ၁ဧက ၃၀ သိန်း မှတ်ချက် ခွဲ၍မရောင်းပါ လက်ရှိကြံစိုက်ပျိုးဧက ၃ဧကရှိပါသည် ။ပိုင်ဆိုင်မှုစာရွက်စာတမ်းအပြည့်အစုံပါရှိသည်။ အသေးစိတ်သိလိုပါက ဆက်သွယ်ရန်ဖုန်း.... 0973199994/09258890902/0949500924...


Read More...

ရွှေမင်းသမီး စိန်ရွှေရတနာဆိုင်၏ ကြည်နူးနှစ်သက်ဖွယ် “ ပထမဆုံး” စိန်ပွဲတော်

Leave a Comment

ရွှေမင်းသမီး စိန်ရွှေရတနာဆိုင်၏ ကြည်နူးနှစ်သက်ဖွယ် “ ပထမဆုံး” စိန်ပွဲတော်


ခေတ်မှီလှပ ဆန်းသစ်သောကြောင့် ၀တ်ဆင်လိုက်ပါက မြင်သူတိုင်း လည်ပြန်ငေးကြည့်ရမည့် အလှပိုင်ရှင် များဖြစ်စေလိုသော စေတနာဖြင့် ရွှေမင်းသမီး၏ စိန်လက်ဝတ်ရတနာဆန်းများအား အထူး(အထူး)ဈေးနှုန်းများဖြင့် ရောင်းချပေးသွားပါမည်။

တစ်ရက်တည်းသာ……..

1- သိန်းနှင့် အထက်မည်သည့် စိန်ထည်မဆို   ၅%လျှော့ပေးမည်။

10-သိန်းနှင့် အထက်မည်သည့် စိန်ထည်မဆို   7%လျှော့ပေးမည်။

20-သိန်းနှင့်အထက်မည်သည့် စိန်ထည်မဆို   10%လျှော့ပေးမည်။

တစ်ရက်တည်းသာ……..

30-5-2015(စနေနေ့)တစ်ရက်တည်းသာ အထူးရောင်းချပေးပါမည်။

ရွှေမင်းသမီး စိန်ရွှေရတနာဆိုင် ဗဟိုမီးသတ်ရှေ့   လမ်းမတော်  ပြည်မြို့

နံနက် ၈း၀၀ နာရီ မှ ည ၈း၀၀ နာရီအထိ……

ဆက်သွယ်ရန်…
053-27822   ၊    09-254778344…
ရွှေမင်းသမီး စိန်ရွှေရတနာဆိုင်



Read More...

Tuesday, May 26, 2015

သာသနာ့မြေအား ကျုးကျော်၍မြေများတူးဖော် ရောင်းချခြင်း

Leave a Comment

သို့
ဥက္ကဌ
ရပ်/ကျေး သံဃနာယကအဖွဲ့(ရွှေကျင်)
ရွာဘဲရပ်ကွက် ပြည်မြို့

                                   ရက်စွဲ ၂၀၁၅ ခုနှစ် မေလ(၂၅)ရက်
အကြောင်းအရာ။            ။သာသနာ့မြေအား ကျုးကျော်၍မြေများတူးဖော်
ရောင်းချခြင်း

အထက်ပါကိစ္စနှင့်ပက်သက်၍ ဦးကံညွန့်(မဟာမေဃဝန်ကျောင်းအနီးနေ သူ) သည် ဝိဝေကတောရကျောင်းပိုင် သာသနာ့မြေအား ကျုးကျော်ခြင်း၊သစ်
ဝါးများခုတ်ခြင်း၊မြေကြီးများတူးဖော်ရောင်းချခြင်းများပြုလုပ်နေပါသဖြင့် အာ ဏာပိုင်အဖွဲ့အစည်းနှင့်တိုင်းသံဃနာယကအဖွဲ့မှ တားမြစ်ပေးပါရန် ရိုသေ
စွာလျှောက်ထားအပ်ပါတယ်ဘုရား၊



                                                               ဦးက္ကန္ဒာသီရိ(ဝိဝေကတောရ)
                                သာသနာဝင်စီစစ်ရေးကဒ်ပြား ၇/ပမန(သ)၀၀၅၈၂၀
                                                       ပဲခူးတိုင်းဒေသကြီး ၊ပြည်မြို့ 

မိတ္တူကို
-ရပ်ကွက်သံဃနာယကအဖွဲ့
-မြို့နယ်သံဃနာယကအဖွဲ့၊ရွှေကျင်
-တိုင်းသာသနာရေးဦးစီးရုံး ၊ပဲခူးတိုင်း၊ပြည်မြို့
-ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရွာဘဲရပ်ကွက်၊ပြည်မြို့
-မြို့နယ်အုပ်ချုပ်ရေါ်မှူးရုံး
-မြေစာရင်ဦးစီးဌာနရုံး      









Read More...

Monday, May 25, 2015

ပည်မြို့က တစ်ကိုယ်တော်ဝင်းလှိုင်အား သာယာဝတီမှ ရဲများနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်တချို့ နေအိမ်သို့ လာရောက် ဖမ်းဆီးသွား

Leave a Comment
ပြည်မြို့က တစ်ကိုယ်တော်ဝင်းလှိုင်အား သာယာဝတီမှ
ရဲများနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်တချို့ နေအိမ်သို့ လာရောက်
ဖမ်းဆီးသွား

ပြည်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
ကိုဝင်းလှိုင်(တစ်ကိုယ်တော်)အား
လက်ပံတန်း
မြို့တွင် တားဆီးပိတ်ပင် အကြမ်းဖက်ဖြိုခွဲ
ခံရသော ဒီမိုကရေစီပညာရေး ပင်မသပိတ်
စစ်ကြောင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု့
များနှင့် နိုင်ငံတော်အား အကြည်အညို ပျက်
စေမှု့ ပုဒ်မ ၅၀၅{ခ} နှင့် ယနေ့ မေလ ၂၅ ရက်
နေ့ည ၁၀း၃၀ခန့်အချိန်မှာ  ပြည်မြို့ န၀င်းရပ်ကွက်
အကောက်တဲလမ်းမှာ နေထိုင်သူ ကိုဝင်းလှိုင်အား
သယာဝတီ မြို့မစခန်းမှ တာဝန်ရှိသူတချို့
ယူနီဖောင်း မပါသောရဲများက ဖမ်းဝရမ်း
ဖြင့် လာရောက် ဖမ်းသွားကြောင်းသတင်းရရှိ
ပါသည်။ သတင်းအပြည့်အစုံအား ဆက်လက်
ဖော်ပြပေးပါမည်။ ပြည်သတင်းလူငယ်(ပြည်သတင်း
) တိုက်ရိုက်တင်ဆက်ပေးသည်။
09253311019
Read More...

Sunday, May 24, 2015

40x60 မြေကွက်များရောင်းမည်

Leave a Comment

40x60 မြေကွက်များရောင်းမည်
တီတွဒ် ၊ စံပြကျေးရွာ ၊သေကြာမာ ကွက်သစ်ရှိ
ပေ 40x60 မြေကွက်များရောင်းရန်ရှိပါသည်။
 ဆက်သွယ်ရန်.....09 791184191
                           09 252216248
Read More...

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)

Leave a Comment
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)

တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့၊ ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း   ဒေါင်းစိန် နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာအဓိက သရုပ်ဆောင်မျာြး ဖစ်ကြ လေ သည်။ တောင်ကြီးလွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ် ယူပို့   ဆောင်   ပေးနေသော ဒေါင်းစိန် ၏ဂျစ်ကား ကို မစီးဘူးသူတော်တော်ရှားသည်။ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ခေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်။

ဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့လုံးအသိပင်ဖြစ်သည်။
“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲကြိုး စားပြီးငွေစုနေတာလေ”

“ဒါတော့ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆို တာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးက မျှော်တွေးနေကြတဲ့သူတွေပါ၊နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကို ဘယ်လောက်  ချစ်တယ်ဆိုတာနန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသောအပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေလွှမ်းလို့ပေါ့…

“မကြာခင် နန်း စိတ်တိုင်းကျဖြစ်စေရမှာပါ နန်းရဲ့”

မိုးနဲဈေးနေ့၊ လွိုင်လင်ဈေးနေ့ တောင်ကြီးဈေးနေ့များတွင် ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ချစ်သူနှစ်ဥိးကိုအမြဲလို လို   မြင်တွေ့နေကြရသည်…

တစ်ဦးအပေါ်တစ်ဦး အနစ်နာခံနားလည်မှုရှိကြပြီးအချစ်ကြီးချစ်ခဲ့ကြသော ယှာုဥှုမောင်းသမားလေး ဒေါင်းစိန် နဲ့ ဈေးသည်မလေးနန်းစင်ချိုတို့ ၃ နှစ် အတွင်း မှာပင်လက်ထပ်ခဲ့ကြသည်။

မိုးနဲတစ်မြို့လုံးကလဲဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ဇနီးမောင်နှံကိုနေနဲ့လ ရွှေနဲ့မြပုံပမာဆိုသည့် သီချင်းထဲက လိုတောင်   ထောပနာပြုကြသည်။

နှစ်ဦးသားအနှစ်နှစ်အလလကြိုးစားရှာဖွေခြဲ့ ကသည့်ငွေလေးနဲ့ မိဘများနှင့် အိမ်ခွဲ နေထိုင်ကြသည်။

တစ်ဦးအပေါ်တစ်ဦး နားလည်မှုပေး၊ တစ်ဦး အခက်အခဲ များကိုတစ်ဦး ဖြေရှင်းပေး ဒေါင်းစိန် ကလဲအိမ်ထောင်ဦးစီးပီပီ   နေ့မနား ညမ အားစီးပွားရှာ ကား ဆွဲ၊ နန်းစင်ချိုကလဲ အိမ်ထောင်ရှင်မကောင်းဖြစ်အောင် နေထိုင်လေသည် ၊သို့သော်လဲ တစ်နေ့တွင် ရှေ့သွားနောက်လိုက်ညီနေသော ဇနီးမောင်နှံ အတွက် အနှောင့်အယှက်လေးတစ်ခု ၀င်ရောက်လာလေသည်…

“အစ်ကို ဒေါင်း မနက်ဖြန်လည်း အကိုဒေါင်းကားနဲ့ပဲလိုက်မှာနော်၊ရှေ့ခန်း အစ်ကို့ဘေးမှာ နေရာချန်ထားပေး” အိမ်ရှေ့ဆီမှ အမျိုးသမီးတစ်ဦး၏ ခရာ တာတာနွဲ့တဲ့တဲ့အသံကို ကြားလိုက်ရသဖြင့်နန်းစင်ချို တစ်ယောက် ဝေ့ကြည့် လိုက်သည်။သူအင်မတန်ချစ်သော လင်တော်မောင်ဒေါင်းစိန်ဘေး၌ ပွတ်သီးပွတ်သပ် ထိုင်နေသည့် ချောချောလှလှ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရသည်…

“ဒီနေ့တော့ကားရေဆေးရမှာမို့ချယ်ရီ ဒီကနေပဲဆင်းသွားတော့နော်၊ မနက်ဖြန် ချစ်ရီအိမ်ကို အကိုဝင်ကြိုမယ်”

“Ok ချယ်ရီသွားမယ်”

ဂျစ်ကားရှေ့ခန်းမှ လှုပ်လီလှုပ်လဲ့နှင့် ခပ်ယဲ့ယဲ့ဆင်းသွားသောချယ်ရီအား စူးရှသောမျက်လုံးအစုံနှင့်ကြည့်နေသူက နန်းစင်ချို။

“ကား ဆရာ ကြီး ဒီနား ကိုခဏကြွပါအုန်း”

ရိသဲ့သဲ့စကားကြောင့် ဒေါင်းစိန်သိလို က်ပြီဖြစ်သည်။

“အဲ့ဒီချယ်ရီဆိုတဲ့ကောင်မက ဘယ်ကလဲ၊ ဘာကြောင့် အစ်ကို့ဘေးနားမှာ ကပ်ထိုင်နေရတာလဲ၊အစ်ကို့ဘေးမှာ နန်းစင်ချို ဆိုတဲ့သူ့မိန်းမ ကလွဲရင် ဘယ်သူမှ ထိုင်ခွင့်မရီဘူးလေဆိုတဲ့ စကားလုံးတွေနဲ့ အစ်ကို့ကိုတိုက်ခိုက်တော့မယ် မဟုတ်လား။ အခုတော့ အစ်ကို အရမ်းပင်ပန်းလာလို့ စိတ် ရှည်ရှည်ထားပေးအုံးနော်၊ နောက်တော့ အားလုံးရှင်း သွားမှာပါ နန်းရဲ့”

နန်းစင်ချိုဘာမှပင်မပြောလိုက်ရမီ ဒေါင်းစိန်တစ်ယောက် ကားရေဆေးရန်ဟုဆိုကာထွက်သွားလိုက်သဖြင့် စကားနည်း ရန်ဆဲဖြ စ်ခဲ့ရသည်။ သို့ရာတွင် လည်းနေ့စဉ်လိုလို ပတ်ဝန်းကျင်မှ အတင်းအဖျင်းလေ များတိုက်ခတ် မှုကြောင့် နန်းစင်ချို ခံပြင်းစိတ်များ အုံကြွလာသည်။ချယ်ရီဆိုသော မိန်းကလေး ကိုတွေ့လျှင် အရှုပ်ကို ရှင်းမည်ဟု ဆုံးဖြတ်ထားလိုက်သည်။

သို့နှင့် မည်သူမျှအသိမပေးပဲ ဒေါင်းစိန်ရှိမည့် ဂျစ်ကားဂိတ်သို့တစ်ဦးတည်းလိုက်သွားသည်။ “နန်း ဘာဖြစ်လို့ လိုက်လာတာလဲ၊ချယ်ရီနဲ့ အကို ဘယ် လိုပုံစံနဲ့ မှမပတ်သက်ဘူးဆိုတာ အစ်ကိုရှင်းပြပြီးပြီလေ”

“အစ်ကိုပြောတာတွေအားလုံးကို နန်းနားလည်ပါတယ်၊ဒါပေမယ့် အစ်ကိုရယ် အရင်တုန်းကလိုပဲအစ်ကို ကားမောင်းနေ ရင် အစ်ကို့ဘေးနားမှာပဲ နန်းအမြဲလိုက်နေချင်တာ အစ်ကိုရဲ့”

“ခက်လိုက်တာ နန်းရယ် အစ်ကိုတို့ ကားသမားဆိုတာ ခုနှစ်ရက်သားသမီးနဲ့အလိုက်သင့်ပေါင်းရတယ်ဆိုတာ နန်းလည်း အသိသားနဲ့”

“ဟုတ်ပါတယ် အစ်ကိုရဲ့၊ ဒါပေမယ့်လဲ အကို့ဘေးနားမှာဘယ်သူမှ ထိုင်တာ မကြိုက်ဘူး”

“နန်းကလဲ ကလေးဆန်လိုက်တာ။ ကဲလာ ခုလည်းအစ်ကို လိုက်ပို့မယ်၊ အကို့ဘေးနားမှာပဲထိုင်ပေါ့၊ ရှေ့ခန်းမှာ ဘယ်မိန်းကလေးမှမတင်တော့ ဘူး ကျေနပ်လား”

နန်းစင်ချိုက ကနွဲ့ကယနှင့်ခေါ င်းအသာညိတ်ပြလိုက်သည်။ဒေါင်းစိန်တစ်ယောက် ခရီးသည်မပြည့်သော်လည်း ဂိတ်မှ ထွက် ခဲ့သည်။မိုးနှင်းများ ကျ ထား သဖြင့် စိုစွတ်နေသောလမ်းပေါ်ဝယ် ဒေါင်းစိန်၏ဂျစ် ကားမှာတရိပ်ရိပ်ပြေးလွှား

ရင်း တောင် တက်တောင်ဆင်းတို့တွင် ကွေ့လိုက် ပတ်လိုက်နှင့်ကျော်ဖြတ်နေကြောင်းတွေ့ရသည်
နန်းစင်ချိုမှာမူဒေါင်းစိန်နံဘေးမှ လိုက်ပါလာရသည်ကိုပင် ပီတိဖြာလျက် တမှေးပင်အိပ်ပျော်သွားဟန်တွေ့နေရသည်။ ခရီးသည်များကလဲ သူ့ အတွေး နဲ့သူ့အရေး၊ မှေးသူကမှေး ငေးသူကငေးလို့ပေါ့။ ဂငယ်ဂွေ့တစ်ကွေ့အရောက် မမျှော်လင့်ဘဲ ကုန်တင်ကားယာဉ်ကြီးတစ်စီးကွေ့ ထွက် လာသည် ကိုတွေ့လိုက်ရသောဒေါင်းစိန်လည်း စက္ကန့်ပိုင်း အတွင်း ဆုံးဖြတ်ချက်ဖြင ကားကိုဘယ်ဘက်သို့ကွေ့ချလိုက်သည်။ အမှတ်မထင်ဖြစ်ပျက် လိုက် မှုကြောင်း နန်းစင်ချို ခမြာ ကား၏ညာဘက်သို့လွင့်ကျသွားတော့သည်။

ကားကလဲ အရှိန်နဲ့ဖြစ်တာကြောင့် ကျသွားသောအရှိန်နဲ့ပေါင်းပြီး သွေးသံရဲရဲဖြင့် မေ့လဲသွားသောနန်းစင်ချိုအား ချက်ခြင်း ပင် လွိုင်လင်ဆေးရုံသို့ အမြန် ပို့ကြ သည်။ သို့သော်လဲ နောက်နေ့မနက်တွင်နန်းစင်ချို တစ်ယောက်သေ ဆုံး သွားကြောင်းသိကြရ၍ မိုးနဲတစ်မြို့ လုံးနှင့် ဒေါင်းစိန် တို့ယူကြုံး မရဖြစ်ကြရတော့သည်။

ဒေါင်းစိန်သည် နန်းစင်ချိုအလောင်းအား မိုးနဲသင်္ချိုင်းတွင် ကောင်းမွန်စွာမြှုပ်နှံခဲ့သည်။

ရဲ့တပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုပြုလုပ်ချက် အပေါ်အခင်းဖြစ်စဉ်က ဂျစ်ကားပေါ်တွင်ပါလာသူများအားလုံးက နန်းစင်ချိုမှာ အိပ်ငိုက်နေသဖြင့်ကားရုတ်တရက် အကွေ့တွင် ကျသွားခြင်းဖြစ်ကြောင်း ထွက်ဆိုကြခြင်းေ ကြာင့် ဒေါင်းစိန် အပြစ်နှစ် အနည်းငယ်သာ ကျခံခဲရသည်။

နေ့များသည် လျှင်မြန်စွာဖြတ်သန်းနေ၏ ဒေါင်းစိန်က ယာဉ်မောင်းအလုပ်ကိုသာ ပြန်လုပ်ကိုင်နေကြောင်းတွေ့ရသည်… တစ်ခုထူးခြားချက်က ည ဘက်ရောက် လျှင် ဒေါင်းစိန်အိမ်တစ်ဝိုက်မှာ ခွေးများ အလွန် အူကြချင်းဖြစ် သည်နောက် တစ်ချက်ကမူ ဒေါင်းစိန် ကားလိုက်လို့ ကားခေါင်းခန်းတွင် အမျိုးသမီးပါလာလျှင် အနံဆိုးကြီးရခြင်း တစ်ခါတစ်ရံ ကားပေါ်မှ ဆွဲချသလိုတောင် ခံစားရသည်ဟုပြောစမှတ်ဖြစ်လာကြသည်။

“နန်းစင်ချိုက သူ့လင် ဒေါင်းစိန်ကို ဘယ်လောက်စွဲလမ်းလဲဆိုတာနင်တို့အ သိပဲလေ။ပြီးတော့ သေရတာက အစိမ်းသေ ကျွတ်နိုင်လွတ်နိုင်ပါ့မလားဟဲ့”

“အဲဒါကြောင့် သရဲဘ၀အဖြစ်နဲ့များ သူ့အိမ်သူပြန်နေတာနေနေမှာပေါ့”

အဲဒါကတော့နန်းစင်ချိုရဲ့ အရင်းနှီးဆုံးသူ ငယ်ချင်းများဖြစ်သည့် နန်းကြာယုံနှင့် မြမြ၀င်းတို့၏လေသံ။

“ငါ့အထင်တော့ တို့သူငယ်ချင်း ဒေါင်းစိန်က သူ့မိန်းမကို အရမ်းချစ်တော့ ကားပေါ်ကကျသေတဲ့နေရာ ကနေ ခေါ်လာ တာပဲဖြစ်ရမယ်”

“ဘယ်လိုပဲဖြစ်ဖြစ်ကွာ နန်းစင်ချို သရဲ ဒီအိမ်မှာရှိနေတာတော့သေချာပြီ”

“အိုကွာဘာပဲဖြစ်ဖြစ် ငါတို့ ချောင်းကြည့်ရအောင်”

ဒေါင်းစိန်၏သူငယ်ချင်း သံချောင်းနှင့်စိုင်ဇော်ထူးတို့၏စူးစမ်းသံ ဒေါင်းစိန် အိမ်ပြန်မလာသော ညတည၊မိုးနှင်းများကျပြီး အအေးဒဏ်ကလဲ လွန်ကဲ ချိန် ဖြစ် ၍ မိုးနဲတစ်မြို့ လုံးတိတ်ဆိတ်နေချိန်ဖြစ်သည်။

အမှောင်ထုထဲမှာခွေးအူသံ တစ်ချက် ကြားရသည်နှင့်သံချောင်းတို့ဒေါင်းစိန်၏အိမ် သို့ချဉ်းကပ်လိုက်သည်။မှောင်ပြပြ မီးဖိုချောင် ဘက်မှ အသံကြားရ သဖြင့်နှစ်ဦးသား အာရုံစိုက်ပြီး အကြည့် သူတို့တွက်ထားသည့်အတိုင်း နန်းစင်ချို သရဲကိုတွေ့ရလေပြီ။ထမင်းချက်သည်၊ ပန်းကန်ဆေး သည် ရေနွေး တည်သည်၊ ရေအိုးတွေ ရေဖြည့်သည် လူဖြစ်စဉ်က လုပ်ခဲ့ပုံအတိုင်းလုပ်ဆောင်လေသည်သို့သော် ဘုရားစင်ရှိသည့်ဘက်ကိုတော့ မသွားချေ…

ထိုစဉ်ဒေါင်းစိန်ပြန်လာသည်ကို တွေ့ရသဖြင့် သံချောင်းတို့ပုန်းနေလိုက်သည်။ ဒေါင်းစိန်တစ်ယောက် သရဲ မနန်းစင်ချို ချက်ပြုတ် လုပ်ကိုင်သွား သည် များ ကိုမတွေ့။ မည်သို့မျှမမှုသည့်အပြင်ပူပူနွေးနွေး ထမင်းဟင်းများကိုအားပါးတရ စားနြေေ ကာင်းတွေ့ကြသည်။

“သံချောင်းမင်းတို့မြင်တွေ့ခဲ့တာတွေက အမှန်ပဲလား”

“မှန်ရုံတင်ဘယ်ကမလဲ ဆရာရယ် မိုးနဲတစ်မြို့လုံးကလဲသိနေကြပြီပဲဟာ”

အထက်ပါဖြစ်ရပ်မှန်များအားသံချောင်းတို့က စာရေးသူကိုပြန်လည်ပြောပြနေခြင်းဖြစ်သည်။ သို့ကြောင့်လဲစာရေးသူ ကိုယ်တိုင် ပင် ဖြစ်ရပ်မှန်များ ထဲ သို့   စူးစမ်းလိုစိတ်နှင့်ဝင်ရောက်ခဲ့ရလေတော့သည်။

“နေစမ်းပအုန်း မင်းတို့သရဲမကို တွေ့ရတယ်ဆိုတာက လူပုံစံနဲ့တွေ့လိုက်ရတာလား”

“အဲလိုတော့မဟုတ်ဘူးဆရာရ၊ ဟိုအင်္ဂလိပ်ကားတွေထဲကလိုတော့ပုံစံကြီးနဲ့မတွေ့လိုက်ရဘူး အသံနဲ့လှုပ်ရှားမှုကိုပဲ သိရတာ”

“ကဲ ဒီကိစ္စကို ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ မင်းတို့လည်းဗုဒ္ဓဘာသာတွေမလား၊ ဆရာတော်ဆီ သွားလျှောက်ကြည့် မယ်လာ”

စာရေးသူက အသက်ကြီးသူပီပီ ဆရာလုပ်ကာ မိုးနဲမြို့ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ကြ ရသည်။ အိုမင်းနေပြီဖြစ်သော ဆရာတော်ကြီးမှာ ရှမ်း လူ မျိုးဖြစ်ပြီး မြန်မာစကားမတက်သဖြင့် စိုင်းဇော်ထူးက စကားပြန် လုပ်ပေးရသည်။

နန်းစင်ချိုမှာ မိမိ၏လင်သားနှင့်မိမိအိမ်အပေါ်စွဲ လမ်းမှု ဥပဒါန်ကြီးပါးမှုကြောင့် အစိမ်းသရဲဖြစ်နေကြောင်း၊ ဖုတ်၊ ပြိတ္တာ သရဲတစ္ဆေတို့မည်သည် အချိန် ကြာမြင့် လာလျှင် အစွယ်ပါထွက်လာပြီးတစ်ရွှာလုံးရှိ ကလေး သူငယ် လူအပေါင်း ကိုဒုက္ခပေးတတ်ကြောင်း၊ နန်းစင်ချိုအား မြှပ်နှံထားသော အခေါင်း ၏ခေါင်းရင်းဘက်တွင် အပေါက် တစ်ပေါက် ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီးရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း၊မိမိတို့သံယာတော်များအနေဖြင့် ၀ိနည်း ကိုစောင့် ထိန်းနေရသူမျာြး ဖစ်သောကြောင့် ဤကိစ္စကို မည်သို့လုပ်ဆောင်ရမည်ကိုမညွှန်းပြအပ်ကြောင်း မိန့်ကြားလိုက်ေ လသည်။

သို့နှင့် စာရေးသူ၏အကြံပြုချက်ဖြင့ နန်းစင်ချို၏ယောကျာင်္းဖြစ်သူ ဒေါင်းစိန်ကိုခေါ်ယူကာ မြို့ခံလူကြီးများရှေ့မှောက် တွင်    မေးမြန်းကြရတော့သည်

“သံချောင်းတို့ တွေ့ခဲ့ကြတယ်ဆိုတာတွေဟာ မှန်ပါတယ်၊ ကျနော်မိန်းမ ကျနော်ဆီပြန်လာေ နတာကြာပါပြီ၊ လင်ခန်းမယားခန်း အနေနဲ့လည်း လူ့ ဘ၀တုန်းကလိုပ နေခဲ့ကြပါတယ်၊တခြားသူတွေကို သတိမပေးဘူး ဆိုတာကျနော့်မိန်းမကို ကျနော်အရမ်းချစ်ပါတယ်၊ သူနဲ့ခွဲလိုက်မှာစိုးပါလို့ပါ”

ဒီတော့ စာရေးသူက တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒါဟာဒီတိုင်းဆိုရင် ရှေ့ရေးမမြင်ရသေးတဲ့ ဒုက္ခတွေများတယ် သူဒုက္ခဖြစ်နိုင်တယ်

ကဲ ဒေါင်းစိန် ဒီအခြေအနေကျမှတော့ မဖြစ်တော့ဘူး၊ မြို့နာမည် ရွှာနာမည်ဆိုတာကိ ငဲ့ပြီး လူကြီးတွေ စီစဉ်တာကို မင်းလိုက်နာရတော့မှာပေါ့လို့ စာရေး သူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်း ကြားပြီး ဆိုင်ရာပိုင်ရာကွင်းပိုင် နယ် ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကိုဖော်ယူရန် တာဝန်ရှိသူတွေနဲ့ပူးပေါင်း စီစဉ်ကြတော့ သည်။

မြို့နယ်အတွင်းရှိရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှအလောင်းဖော့်မည့် နေရတွင်ဆိုင်ခန်းများပင်ရောင်းရ လျှက် စည် ကားနေကြောင်း   တွေ့ ရသည်။နန်းစင်ချို၏ ယောကျာင်္းဖြစ်သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်း များဖြစ်ကြသော သံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင် တစားကြည့်ရူ့လေ့လာကြသည်။

နန်းစင်ချို၏အခေါင်းပုံကို ပံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ်သို့တင်လိုက်ကြသည်။

“နန်းစင်ချိုအားမြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက် လာပြီးရွှာထဲသို့ဝင်လာတာ ဖြစ်   ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့် အတိုင်း ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်း ရင်းဘက်တွင် အပေါက် ငယ် တစ်ပေါက် ကိုတွေ့ လိုက်ကြ ရသဖြင့် ကြည့်ရှု့သူအားလုံးတအံ့တသြဖြစ်သွား ကြရသည်။

သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အု ပ်စုသည်အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့လိုက်ကြလေတော့ သည်…

မီးတောက်များနဲ့အတူ နန်းစင်ချိုအားခချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း ဒေါင်းစိန်၏ရင် တွင်းဝယ်   တောက်လောင်နေမည်မှာလည်း မလွဲ ဧကန် ပင်ဖြစ် မည်ဆိုခြင်းကို ငြင်းချက်ထုတ်စရာပင်မလိုတော့။

ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်းမည်သို့မည်မျှ မကြားရသည်မှာယနေ့ထက်တိုင်ပင် ဖြစ်ချိမ့်မည်။ ဤကားစာရေး သူ ကိုယ် တိုင်ကြုံတွေ့ခဲ့ရသေဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လေ၏

ဓည၀တီ

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

ရွှေပြည်မြေကုမ္မဏီမှ ထွန်စက်ဖြင့် မှားယွင်းထွန်ယက်မိပါသဖြင့် ဆုံးရှုံးမှုအတွက် ပြန်လည်ငွေးကြေးပေးလျှော်

Leave a Comment

ရွှေပြည်မြေကုမ္မဏီမှ ထွန်စက်ဖြင့် မှားယွင်းထွန်ယက်မိပါသဖြင့်
ဆုံးရှုံးမှုအတွက် ပြန်လည်ငွေးကြေးပေးလျှော်

ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၈၅၁)၊ကွင်းအမည်
 မိုးကြိုးပစ်ကွင်း၊ မြေဧရီယာ (၁၀) ဧကကိုပြည်ခရိုင်၊ ပေါင်းတလည်မြို့နယ်
အုတ်ဆွဲကွက်သစ် ရပ်ကွက်နေ မှတ်ပုံတင်အမှတ် ၇/ပမန (နိုင်)၁၂၉၄၂၂
ကိုင်ဆောင်သူ ဦးလူနီ၏ တောင်ယာမြေကွက်ပေါ်တွင် စိုက်ပျိုးထားသော
ကြံသီးနှံ (၁၀)ဧက ကို(၁၆.၅.၂၀၁၅) ရက်နေ့တွင် ရွှေပြည်မြေကုမ္မဏီမှ
 ထွန်စက်ဖြင့် မှားယွင်းထွန်ယက်မိပါသဖြင့် (၂၃.၅.၂၀၁၅) ရက်နေ့တွင်
ဆုံးရှံးပျက်ဆီးသွားသော ကြံပင်များအတွက် (၁)ဧကလျှင် (၂၅၀၀၀၀/-)
တိတိဖြင့် စုစုပေါင်း (၁၀)ဧက အတွက်(၂၅၀၀၀၀၀/-)ကျပ်အား နှစ်ဦးနှစ်
ဖက်သဘောတူညီစွာ အောက်ပါအသိသက်သေများရှေ့တွင် ၀န်ခံကတိ
စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း။


Read More...

Saturday, May 23, 2015

သက်​ဆိုင်​ရာဌာနမှလူကြီများ လမ်​ပြင်​​ပေးပါ

Leave a Comment
လမ်းပြုပြင်​​ပေးပါ

ပြည်​မြို့ ​မေလ၂၃ ရက်

ပဲခူးတိုင်း​ဒေသကြီး (​နောက်​) ပြည်​ခရိုင်
ပြည်​မြို့ နဂါးလိမ်​တန်း နှင့်​န၀​ဒေးလမ်း​ ဆုံရာ
အောင်​ချမ်း​မြေ့​အောင်​ နိဗ္ဗာန်​ကုန်​ဆိုင်​​ရှေ့
တွင်​ရှိ​သော ကတ္တာရာလမ်းမှာ ချိုင့်​ဖြစ်​ကာ
ပေါက်​ပြီး ချိုင့်​ဝင်​​နေသည်​ဖြစ်​ ၍ စက်​ဘီး
ဆိုက်​ကား သုံးဘီး ​မော်​​တော်​ဆိုင်​ကယ်
ကားကြီးကား​လေးများထို​နေရာ​ရောက်
တိုင်း အခက်​အခဲဖြစ်​​နေသည်​ ကို ကျွန်​​တော်
ပြည်​သတင်းလူငယ်​ ကိုယ်​တိုင်​​တွေ့မြင်​ခဲ့ရပါ
သည်​ ရပ်​ကွက်​​နေသူများမှလည်း အင်​မတန်
အန္တရာယ်​များ​သောထိုချိုင့်​​ကြောင့်​အခက်
တွေ့​နေရပါသည်​ သို့ပါ​သော​ကြောင့်​ ဤလမ်း
နှင့်​ပတ်​သက်​သူ တာဝန်​ရှိလူကြီးမင်းများအား
တောင်းဆိုတင်​ပြအပ်​ပါသည်​။ပြုပြင်​​ပေးပြီးပါက
ပြည်​သတင်းလူငယ်​(ပြည်​သတင်း) 09253311019 သို့ပြန်​လည်
ဆက်​သွယ်​အ​ကြောင်းကြား​ပေးပါရန်​​လေးစား
စွာတင်​ပြအပ်​ပါသည်​။
Read More...

အိမ် နှင့် ခြံတွဲလျှက် ရောင်းမည်(သို့မဟုတ်)ငှားမည် စိတ်အေးချမ်းစွာနေထိုင်ရန် အလွန်ကောင်းမွန်သော စိတ်ငြိမ်ရပ်ကွက်မှာ ခန်းနားထည်ဝါသော တိုက်ကောင်းကောင်း သုံးထပ်တိုက်ကို ရောင်းပါမည် (သို့မဟုတ်)ငှားပါမည်။ ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ပြည်သာယာရပ်ကွက် ကိုးသောင်းတိုးချဲ့(၂) (A)လမ်းတွင် တည်ရှိပါသည်။ ၃-ထပ်တိုက်သန့်သန့် ရေ/မီး အပြည့်အစုံ နှင့် ရေချိုးခန့်/သန့်စင်ခန်းများပါရှိသည်။ ပိုင်ဆိုင်မှုစာရွက်စာတမ်းအပြည့်စုံပါရှိမည်။ ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်/ငှားမည်။ အပေါ်ဆုံးထပ်ရှိ လသာဆောင်မှကြည့်မည်ဆိုပါက ပြည်မြို့အတွင်းရှိ စေတီပုထိုးများအပါဝင် ရှုမျှော်ခင်းများစွာကို ရှုမျှော်နိုင်သည်.... ဆက်သွယ်ရန်.. 09 53 12 045 .../....053 24 233..သို့ဆက်သွယ်ပါ....

Leave a Comment







အိမ် နှင့် ခြံတွဲလျှက် ရောင်းမည်(သို့မဟုတ်)ငှားမည်

စိတ်အေးချမ်းစွာနေထိုင်ရန် အလွန်ကောင်းမွန်သော စိတ်ငြိမ်ရပ်ကွက်မှာ ခန်းနားထည်ဝါသော တိုက်ကောင်းကောင်း သုံးထပ်တိုက်ကို ရောင်းပါမည်
(သို့မဟုတ်)ငှားပါမည်။

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ပြည်သာယာရပ်ကွက် ကိုးသောင်းတိုးချဲ့(၂) (A)လမ်းတွင် တည်ရှိပါသည်။ ၃-ထပ်တိုက်သန့်သန့်
ရေ/မီး အပြည့်အစုံ နှင့် ရေချိုးခန့်/သန့်စင်ခန်းများပါရှိသည်။ ပိုင်ဆိုင်မှုစာရွက်စာတမ်းအပြည့်စုံပါရှိမည်။ ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်/ငှားမည်။

အပေါ်ဆုံးထပ်ရှိ လသာဆောင်မှကြည့်မည်ဆိုပါက ပြည်မြို့အတွင်းရှိ စေတီပုထိုးများအပါဝင် ရှုမျှော်ခင်းများစွာကို ရှုမျှော်နိုင်သည်....

ဆက်သွယ်ရန်..
09 53 12 045 .../....053 24 233..သို့ဆက်သွယ်ပါ....
Read More...

အခမဲ့ကြေငြာ ၀န်ထမ်းခေါ်ယူခြင်း Lucky Asia motel တွင် မန်နေဂျာ နေ့/(1)ဦး ည(1)ဦး အထွေထွေ နေ့ (2) ဦး ည(2) ဦး အလိုရှိပါသည်။ Lucky Asia motel 053-27438 23/5/2015 မှ 30/5/2015 ထိ လာရောက်လျောက်ထား နိုင်ပါသည်။

Leave a Comment
အခမဲ့ကြေငြာ ၀န်ထမ်းခေါ်ယူခြင်း

     Lucky Asia motel တွင်
မန်နေဂျာ နေ့/(1)ဦး ည(1)ဦး အထွေထွေ နေ့ (2) ဦး ည(2) ဦး
အလိုရှိပါသည်။
 Lucky Asia motel
053-27438 23/5/2015 မှ 30/5/2015 ထိ လာရောက်လျောက်ထား နိုင်ပါသည်။
Read More...

သုံးဘီးဆိုင်ကယ်နှင့်မော်တော်ဆိုင်ကယ်တွေ၊ကိုတားပြီး၊ဒုပ်၊ဓါးလက်နှက် တွေအဓိကားထားရှာဖွေ

Leave a Comment


သုံးဘီးဆိုင်ကယ်နှင့်မော်တော်ဆိုင်ကယ်တွေ၊ကိုတားပြီး၊ဒုပ်၊ဓါးလက်နှက် တွေအဓိကားထားရှာဖွေ

ပြည် မေလ ၂၃ရက်နေ့

ပဲခူးတိုင်း၊ပြည်မြို့မှာ၊အခုရက်ပိုင်းတွေအတွင်းမှာ၊ရာဇ၀တ်မှုတွေ၊မကြာခဏဖြစ်နေတာကြောင့် မေလ(၂၂)ရက်နေ့ညပိုင်းမှာ၊ပြည်မြို့နယ်၊မြို့မရဲစခန်းမှတာဝန်သူများအပါဝင် ရဲတပ်ဖွဲ့ဝင်အင်အား(၃၀)ခန့် မှ ရာဇ၀တ်မှုဖြစ်နိုင်တတ်တဲ့ နေရာ()နေရာကို၊သွားရောက် ပြီးရှောင်တစ် ခင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။
  ပြီးခဲ့တဲ့ မေလ(၂၀)ရက်နေ့တရက်ထဲမှာပဲ၊ရွှေတချောင်းလမ်း ၊ရလာဘ် စတိုး ဆိုင်တစ်ဆိုင်ဖောက်ထွင်းခံရကာ ငွေ()သိန်းကျော် နဲ့ ပစ္စည်းအချို့ ပါသွားခဲ့ပြီး ၊တစ်နေ့ထဲ မှာ ပဲ ၊ဆင်စုရပ်ကွပ်၊တာရိုးထိပ်၊မှာဆိုင်ကယ် စီးလာသူ နှင့်အုပ်စုဖွဲ့၊ရန်ဖြစ်ကြပြီး()ယောက်သေဆုံးခဲ့ပါတယ်။ ဒီနေ့မှာတော့၊ဆင်စုရပ်ကွပ်၊ န၀ဒေးလမ်း မှာ သုံးဘီးဆိုင်ကယ်နှင့်မော်တော်ဆိုင်ကယ်တွေ၊ကိုတားပြီး၊ဒုပ်၊ဓါးလက်နှက် တွေအဓိကားထားရှာဖွေ ခဲ့ပြီး၊ နောက် ကမ်းနားလမ်း တစ်လျှောက်၊အရပ်ထိုင်သောက်နေကြတဲ့ ၀ိုင်းတွေ နဲ့ အုပ်စုဖွဲ့ ထိုင်နေကြတဲ့ အဖွဲ့တွေကို၊ပါ ပညာပေး၊ဟောပြောခဲ့ကြောင်းသိရသည်။နောက်ရက်ပိုင်း လပိုင်းတွေနှင့် လိုအပ်ရင်လိုအပ်လို ယခုလို ရှောင်တစ်ခင်စစ်ဆေးမှု့များပြုလုပ်သွားမည်ဟု တာဝန်ရှိသူများက ပြည်သတင်းသို့ပြောသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)ရေးသားတင်ဆက်သည်။
09253311019


Read More...

ကာတွန်း

Leave a Comment
ကာတွန်းကာတွန်း demo today ကာတွန်း(၂၃/၅)


တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019







Read More...

ဆေးဆရာကြီးလွယ်အိတ်ထဲလက်နှိုက်နေပြီလား ကိုလေး(ပြည်)

Leave a Comment
ဆေးဆရာကြီးလွယ်အိတ်ထဲလက်နှိုက်နေပြီလား

ကိုလေး(ပြည်)

အခု နိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို မြင်နေကြားနေရတော့ ကျွန်တော်ကြားဖူးထားတဲ့ ပုံပြင်လေးတစ်ပုဒ်ကိုသတိရမိပါတယ်။
တစ်ခါတုန်းကရွာတစ်ရွာမှာဆေးဆရာဦးတုတ်ကြီးဆိုတဲ့လူတစ်ယောက်ရှိတယ်။အဲ..ဗိန္တောဆရာကြီးပေါ့။ဒါပေမယ့် သူကလိုအပ်ရင်လိုအပ်သလိုဆေးထိုးအပ်ကိုင်ပြီးဆေးထိုးပေးတဲ့ အခါလည်းရှိတယ်။ဆေးသာထိုးပေးတာသူကိုယ်တိုင် က ဆေးထိုးတဲ့ပညာနဲ့ပါတ်သက်ရင် စံနစ်တကျသင်ယူထားတာလည်းမရှိပါဘူး။လူများအထင်ကြီးခံချင်လို့သာပါ။
ဒီလိုနဲ့ ဒေါက်တာရမ်းကုတို့ရဲ့ ထုံးစံအတိုင်းသူ့ရဲ့ ဆေးကုသမှုတွေကိုခံယူပြီးသေဆုံးသွားရသူတွေမနည်းတော့ဘူးပေါ့။ဒါပေမယ့် တောရွာတွေမှာကအားကိုးစရာဆရာကောင်းကမရှိလေတော့ သေတစ်ကံရှင်တစ်ကံဆိုပြီးဦးတုတ်ကြီးနဲ့သာကုသနေရတာပေါ့။ကြာလာတာနဲ့အမျှ သေတဲ့လူတွေကလည်းများများလာတယ်။
ဒီလိုနဲ့ တိုတိုချုပ်ကြပါစို့။တနေ့ အဲဒီဆေးဆရာဦးတုတ်ကြီးဆိုတဲ့လူလည်း သတ္တ၀ါတိုင်းမလွဲမသွေ သွားရာလမ်းဖြစ်တဲ့ မရဏလမ်းကိုသွားရတော့တာပေါ့။သူလည်းသချိုင်းကုန်းကိုရောက်ရောပထမသူဆေးထိုးမှားလို့ သေတဲ့လူတွေကအသင့် စောင့်နေတယ်တဲ့။“ဟေး..အားလုံလူတွေစုထားကြဒီမှာဒို့ကိုဆေးထိုးသတ်ထားတဲ့ ဆေးဆရာကြီးလာနေပြီ။ဒီတစ်ခါတော့ ဒို့အလှည့်ပေါ့ကွာ။ဒို့တွေ အားလုံး သူ့ကိုဝိုင်းသတ်ကြရအောင် လာကြဟေ့။”လို့ ဆိုပြီးသေပြီးသားလူတွေထဲကတစ်ယောက်ကအော်ပြောလိုက်တော့ သူ့လူတွေလည်း ၀ိုင်းလာကြပြီး ဆေးဆရာဦးတုတ်ကြီးကိုသတ်ဖို့ ရှေ့ကိုတိုးသွား ကြတယ်တဲ့။ဒါပေမယ့် ဆေးဆရာဦးတုတ်ကြီးကမမှုပါဘူး။ခပ်တည်တည်ပဲ။လွယ်အိတ်ထဲကိုလက်နှိုက်ပြီးတော့ “ကဲ.သတ္တိရှိတဲ့ကောင်တွေလာကြစမ်းကွာ။မင်းတို့ သေပြီးသားထပ်ပြီးသေချင်သေးလို့လား။”လို့ ပြန်ပြောလိုက်တော့ သူ့ကိုသတ်ဖို့လာကြတဲ့ သေပြီးသားရွာသားတွေ နောက်ကိုအကုန်ဆုတ်ကုန်တော့တယ်တဲ့။..ပုံပြင်လေးကတော့ ဒါပါပဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်းဆေးဆရာဦးတုတ်ကြီးလိုမတတ်တတတ်ဆေးဆရာတွေကြောင့် ပြည်သူတွေ သေခဲ့ကြတာ နှစ်ပေါင်း(၅၀)ကျော်(၆၀)နီးပါးဖြစ်ခဲ့ရတာအကုန်လုံးသိပြီးသားတွေပါပဲ။အခု ပြည်သူတွေက ပြန်သတ်မယ့် အလှည့်ကျတော့ ဆေးဆရာကြီးဆေးအိတ်ထဲကိုလက်နှိုက်နေပါပြီ။
ရီစရာကောင်းလိုက်ပုံများ။၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေကို (၁၀)နှစ်(၁၀)မိုးအချိန်အကုန်ခံပြီးရေးဆွဲခဲ့ကြ။ပြီးတော့ နာဂစ်မုန်တိုင်းကာလ ပြည်သူတွေအတိဒုက္ခရောက်နေချိန်မှာပဲအတင်းအတည်ပြုခဲ့ကြတာ။အံ့သြကုန်နှိုင်ဖွယ် ထောက်ခံမဲတွေ ရခဲ့ကြတယ်ဆိုပဲ။ကမ္ဘာမှာမြောက်ကိုးရီးယားကလွဲလို့ ဘယ်နိုင်ငံမှာမှ မရခဲ့ဘူးတဲ့ထောက်ခံမဲတွေ ဆိုပြီးအခြားတိုင်းပြည်တွေကတောင် ငေးယူရတယ်။ဒီအခြေခံဥပဒေကြီးဘယ်လောက်မှန်ကန်တယ်ဆိုတာကာယကံရှင်တွေကော ပြည်သူတွေကောအကုန်သိသဗျ။ထားတော့ အဲဒီကိစ္စ။
အခုဆို ၂၀၁၅- ရွေးကောက်ပွဲကြီးနီးလာပါပြီ။ဒီလိုနီးနေတဲ့အချိန်မှာပဲတိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်ကြည့်ပါဦး။လောက်ကိုင်ဒေသကတိုက်ပွဲတွေ၊အလုပ်သမားတွေရဲ ဆန္ဒထုတ်ဖော်တောင်းဆိုမှုတွေ၊လယ်သမားတွေရဲ့ လယ်ယာမြေတွေကိုလွှတ်တော်က ပြန်လည်စစ်ဆေးပြီးလယ်သမားတွေလက်ထဲကို ပြန်ရောက်အောင်ပေးဖို့ပြောထားပေမယ့် တကယ်တန်းအောက်ခြေပိုင်းတွေမှာ ခြစားမှုတွေကြောင့် အမှန်တကယ် လယ်လုပ်သူရဲ့ လက်ထဲကို ပြန်မရောက် ပဲလယ်သမားတွေ ဒုက္ခတွေရောက်နေတဲ့အပြင် သူတို့ပိုင်လယ်တွေပြန်လည်ရရှိရေးအတွက် တောင်းဆိုနေတဲ့ လယ်သမားတွေ ထွန်တုံးတိုက်တဲ့လယ်သမားတွေကိုပုဒ်မတွေတပ်ပြီးထောင်ချမှုတွေ။ဒီအထဲမှာအသက်(၈၈)နှစ်ရှိတဲ့‘အဖွားအိုတစ်ယောက်ကိုထောင်ချတာက ပြည်သူတွေရဲ့ ပေဖန်မှုတွေကိုကျယ်လောင်စေပါတယ်။ ပြီးတော့ မိကျောင်းကန်သပိတ်ကို ဖြိုခွင်းမှုတွေ၊လုပ်ခတိုးပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုတဲ့ အလုပ်သမားတွေကိုညှိနှိုင်းအဖြေရှာမှုနဲ့ ပြေလည်အောင်မဖြေရှင်းနိုင်ပဲအကြမ်းဖက်နှိမ်နင်းဖမ်းဆီးတာတွေ၊လက်ပန်တောင်းတောင်ဒေသကတောင်သူ ဒေါ်ခင်ဝင်းကို သေနပ်နဲ့ပစ်ခတ်မှုတွေကအလုပ်သမား၊လယ်သမားတွေအပေါ် တာဝန်ယူဖြေရှင်းပေးမှု အားနည်းတာတွေဖြစ်တဲ့အကြောင်း ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ဒါ့အပြင် အခုတလောမှာ ဖြစ်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေကို တာဝန်လက်ပတ်နဲ့ အရပ်သားတွေကအကြမ်းဖက် ၀င်ရောက်ရိုက်နှက် ဖမ်းဆီးတဲ့ ကိစ္စတွေကအရုပ်ဆိုးအကျည်းတန်လွန်းလှပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ ပြဿနာတစ်စုံတစ်ရာဖြစ်ရင် ညှိနှိုင်းမှုနဲ့ အဖြေရှာခြင်းအားနည်းနေတာကို ပြသတာပါပဲ။ တကယ်ဆိုဒီနည်းလမ်းအပြင် ပိုပြီးကောင်းတဲ့နည်းလမ်းကိုရှာမတွေ့တော့ဘူးလား။ဒီနည်းကအရင်တုန်းကတည်းကကျင့်သုံးတဲ့နည်းလမ်းဟောင်းဖြစ်လို့ ပြည်သူတွေလက်မခံနိုင်ကြတဲ့ နည်းလမ်းပါ။ဒီကိစ္စနဲ့ ပါတ်သက်လို့ လက်ရှိအစိုးရကို ဝေဖန်မှုတွေ အွန်လိုင်းပေါ်မှာကျယ်ကျယ်လောင်လောင်တွေ့မြင်နေရပါတယ်။ဒီကိစ္စနဲ့ပါတ်သက်လို့ အကြမ်းဖက်ဖမ်းဆီးရာတွင် ပါဝင်သည့်အရပ်သားများမှာကျင့်ထုံးဥပဒေပုဒ်မ ၁၂၈ အရအသုံးပြုထားသည့် ပြည်သူ့အထောက်အကူပြုအဖွဲ့ ဖြစ်ကြောင်းမတ်လ(၅)ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးတွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဒုရဲမှူးကြီးမြင့်ထွေးကပြောကြောင်းစောင့်ကြည့်သတင်းဂျာနယ် အတွဲ(၉) အမှတ်(၄၂) အချပ်ပို(ခ)မှာဖော်ပြထားပါတယ်။
အဲဒီမှာဒုရဲမှူးကြီးမြင့်ထွေးပြောတာက “ကျင့်ထုံးဥပဒေပုဒ်မ ၁၂၈ မှ တရားသူကြီး၊စခန်းမှူး၊ဒုရဲအုပ်အဆင့်ထက် မနိမ်ံတဲ့ ပြည်သူတွေက ဒီလူစုလူဝေးကို အင်အားသုံးပြီးလုပ်တဲ့နေရာမှာလိုအပ်လို့ရှိရင် လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့ အမျိုးသားတွေကိုအကူအညီတောင်းနိုင်တယ်။အဲလိုလိုအပ်လို့ အကူအညီတောင်းခံတဲ့ လူတွေအနေနဲ့လည်း ဒီလူစုလူဝေးမှာပါတဲ့ လူတွေကိုဥပဒေအရအရေးယူနိုင်ဖို့ အတွက်ဖမ်းဆီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဥပဒေပညာရှင်တွေနဲ့ အခြားသောအဖွဲ့အစည်းတွေကကျောင်းသားတွေဟာအကြမ်းဖက်ဖို့အတွက် လာကြတာမဟုတ်ဘူး။ဒီဥပဒေဟာအကြမ်းဖက်မယ့် လူစုလူဝေးကိုသာ သုံးသင့်တဲ့အကြောင်း၊အခုကျောင်းသားတွေမှာဘာလက်နက်မှမပါတဲ့အကြောင်း၊ကျောင်းသားတွေ အနေနဲ့ ၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၈)နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ဆိုတဲ့ခေါင်းစဉ်အောက်ကပုဒ်မ(၃၅၄)(ခ)အရလက်နက်မပါပဲ ငြိမ်းချမ်းစွာစုဝေး ခွင့်စီတန်းလှည့်လည်ခွင့်အရ ပြုလုပ်ခြင်းဖြစ်သည့်အတွက် အရေးယူမယ်ဆိုလည်းစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေနဲ့ပဲအရေးယူရမှာဖြစ်တဲ့အကြောင်းဒီလိုအကြမ်းဖက်ဖမ်းဆီးတာတွေဟာ ၂၀၀၈-ဖွဲ့စည်းပုံဥပဒေကို ပျက်ရယ်ပြုနေကြောင်းထောက်ပြမှုတွေလည်းရှိပါတယ်။
ပြီးတော့ ကျောင်းသားထုကို ၀န်းရံအားပေးဖို့ လာကြတဲ့ အရပ်သားပြည်သူတွေကိုဗယ်ရီဂိတ်တွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေကတားဆီးထားတာတွေလည်း ကြားသိနေရပါတယ်။အဲဒီကိစ္စနဲ့ ပါတ်သက်လို့ မိတ်ဆွေတရားလွှတ်တော် ရှေ့နေတစ်ဦးကပုဒ်မ(၁၄၄)ထုတ်ထားတဲ့ တားမြစ်နယ်မြေမဟုတ်ရင် ဒီတိုင်းပြည်မှာနေထိုင်ကြတဲ့ ပြည်သူတွေ လွတ်လပ်စွာသွားလာနိုင်ခွင့်ရှိတယ်လို့ ဥပဒေမှာလည်းပြဋ္ဌာန်းထားတယ်။အဲဒီဥပဒေဟာ နိုင်ငံသားတိုင်းအတွက် အကျုံးဝင်တယ်။ အဲဒါကိုတားမြစ်ထားတာဟာ ဥပဒေ၀န်ထမ်းတွေက ဥပဒေကို ချိုးဖောက်တာပဲ။ဟုမှတ်ချက်ပြုပြောကြားပါတယ်။
ကျောင်းသားတွေကိုအရပ်သားများသုံးပြီးဖမ်းဆီးခဲ့တဲ့အတွက် မတ်လ(၆)ရက်နေ့ကကျောင်းသားတွေကလှည်းတန်းဈေးရှေ့ကနေHeldan Center မှာရှိတဲ့ အီးယူရုံးရှေ့ကိုချီတက်ပြီးအင်္ဂလိပ်ဘာသာနဲ့ အီးယူလေ့ကျင့်သင်ကြားပေးထားတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အင်အားသုံးကိုင်တွယ်ပုံတွေကြောင့် ကန့်ကွက်ရှုံ့ချတဲ့အပေါ် အီးယူအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သင်တန်းတွေ ပိုလိုနေသေးကြောင်းကမာရွတ်မီဒီယာရဲ့ ဖေ့စ်ဘွတ်မှာဖော်ပြထားပါတယ်။
ကျောင်းသားသပိတ်ဆန္ဒပြမှုတွေအပေါ် ဖြိုခွင်းမှုနဲ့ပါတ်သက်ပြီးဥရောပသမဂ္ဂ(အီးယူ)အနေနဲ့စိုးရိမ်ပူပန်မှုနဲ့ စောင့်ကြည့်နေပြီးမကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကမြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ လေ့ကျင့်သင်ကြားမှုတွေ ပိုပြီးလိုအပ်နေတာကိုမီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ European Union Delegation to Myanmar ဆိုတဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။
EU အနေနဲ့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကို ၂၀၁၃-ခုနှစ်ကစပြီးလေ့ကျင့်သင်ကြားပေးတာဖြစ်တဲ့အကြောင်းဒီသင်တန်းတွေ ရဲ့ရည်ရွယ်ချက်ကလူ့အခွင့်အရေးကိုလေးစားလိုက်နာမှုမြှင့်တင်ပြီးအရေးပါတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နိုင်ဖို့နဲ့ လူစုလူဝေးကို ကိုင်တွယ်ရာမှာနောက်ဆုံးအဆင့်မှာသာထားပြီးလုပ်ဖို့ဖြစ်တဲ့အကြောင်း၊ရဲတပ်ဖွဲ့ကလွဲလို့ အခြားဘယ်အင်အားစုကိုမှ လေ့ကျင့်သင်ကြားပေးခြင်းမရှိတဲ့အကြောင်း ငြင်းဆိုထားပြီးကျောင်းသားတွေရဲ့ ကန့်ကွက်မှုအပေါ် အီးယူကချက်ချင်းပဲကြေငြာချက်ထုတ်ပြန်တဲ့အကြောင်းဖော်ပြထားပါတယ်။
မြန်မာပြည်သူလူထုတွေဟာခေတ်အဆက်ဆက်ကအစိုးရတွေရဲ့ လွယ်လွယ် ကတိပေးပြီးဖောက်ဖျက်တတ်တဲ့ အကျင့်တွေ၊တာဝန်ယူမှု တာဝန်ခံမှုအားနည်းတာတွေ၊တွေ့ဆုံညှိနှိုင်းအဖြေရှာမှုအားနည်းတာတွေ၊လူစုလူဝေးတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေကိုခံစားရပါများတော့ လက်ရှိအုပ်ချုပ်တဲ့ အစိုးရအပေါ်မှာလည်းသံသယတွေနဲ့ စောင့်ကြည့်နေကြပါတယ်။ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကိုတည်ဆောက်နေတဲ့ အချိန်မှာအခုလိုဖြစ်ရပ်မျိုးတွေက ပြည်သူလူထုကိုစိုးရိမ်မှုရေချိန်မြင့်တက်စေခဲ့ပါတယ်။အဆိုးဝါးဆုံးကတော့ လူမှုကွန်ရက် စာမျက်နှာတွေမှာပျံ့နှံ့နေတဲ့ တာဝန်ဆိုတဲ့ လက်ပတ်ကိုစွပ်ကျယ်အကျီင်္ဝတ်ပြီးဆေးမှင်ကြောင်ထိုးထားတဲ့ လူတစ်ယောက်ကကျောင်းသူကိုဖမ်းဆီးတဲ့နေရာမှာလည်ပင်းကိုတင်းတင်းဖက်ပြီး ပြုံးစစမျက်နှာနဲ့ ပုံကတော့ အဆိုးရွားဆုံးလို့ ပြောရမှာပါ။ အဲဒီဓါတ်ပုံတစ်ပုံကြောင့် မြန်မာနိုင်ငံရဲ့ ပုံရိပ်ကိုလည်းထိခိုက်စေတာတော့ အမှန်ပါပဲ။ပြီးတော့ အမျိုးသမီးများရဲ့ ဘ၀လုံခြုံစိတ်ချမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာဖြစ်တဲ့ အကြောင်းဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပါတ်သက်တဲ့ နောက်ဆက်တွဲ တာဝန်ခံမှု တာဝန်ယူမှုတွေကိုလည်း ပြည်သူများကစောင့်ကြည့်နေကြပါတယ်။ပြီးတော့ သတင်းဖြစ်နေတဲ့နေရာမှာသတင်းယူနေတဲ့ သတင်းထောက်တွေကိုဖမ်းဆီးမှုတွေ၊ရိုက်နေတဲ့ ကင်မရာကိုလုယက်မှုတွေကိုလည်း ကြားသိနေရပါတယ်။ သတင်းထောက်များအနေနဲ့ အဲဒီလိုသတင်းဖြစ်တဲ့ နေရာတွေကွိုသတင်းသွားရောက် ယူတဲ့နေရာမှာ မိမိတို့တာဝန်ယူထားတဲ့တိုက်ရဲ့အမည်ပါတဲ့ သတင်းထောက်ကဒ်တွေကိုကိုင်ဆောင်သွားကြပါတယ်။ တကယ်ဆိုအဲဒီသတင်းထောက်ကဒ်ကို ပြလိုက်ကတည်းက တာဝန်တစ်ခုကို ထမ်းဆောင် နေတယ်ဆိုတာသိရမှာဖြစ်ပါတယ်။ စခန်းထိရောက်ရန်မလိုပါ။အဆိုပါကိစ္စနှင့်ပါတ်သက်၍ ၂၀၁၄ ခုနှစ်၊မတ်လ ၁၄ ရက်နေ့ ပြည်တောင်စုလွှတော်ဥပဒေအမှတ် ၁၂ ဖြင့်ထုတ်ပြန်လိုက်သောသတင်းမီဒီယာဥပဒေအခန်း(၃) သတင်းမီဒီယာသမားများ၏ရပိုင်ခွင့်များ ၇(က)မှာအတိအလင်းဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ယခုလိုသတင်းထောက်များအားဖမ်းဆီးခြင်း၊ သတင်းရယူခြင်းနှင့် သက်ဆိုင်သောကိရိယာများကိုသိမ်းယူခြင်းတို့ကမီဒီယာဥပဒေကိုပျက်ရယ်ပြုနေသလို ဖြစ်နေသလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။အံ့သြစရာကောင်းတာကဒီကိစ္စနဲ့ပါတ်သက်လို့ သတင်းမီဒီယာကောင်စီအနေနဲ့ အသံတိတ်နေတဲ့ကိစ္စကတော့ ထူးဆန်းသလို ဖြစ်နေပါတယ်။
ဘယ်လိုပင်ဖြစ်နေပါစေ။၂၀၁၅- ရွေးကောက်ပွဲကြီးကျင်းပပေးမယ့်နှစ်ထဲကို ချဉ်းနင်းဝင်ရောက်ခဲ့ပါပြီ။ဒီအချိန်မှာ ပြည်သူတွေရဲ့ ရင်ထဲမှာလည်းဘယ်လိုပဲပြောနေပြောနေစိုးရိမ်သောကတွေကတော့ရှိနေဆဲပါပဲ။ အဲဒီစိုးရိမ်စိတ်နဲ့အတူရှေ့ဆက်မယ့်လမ်းကြောင်းကိုလည်းစောင့်ကြည့်ရင်ခုန်ရဆဲပါ။ဆိုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေနဲ့ပါတ်သက်လို့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဖြေရှင်းမှုအပိုင်းတွေကိုလည်း ပြည်သူတွေကတော့ စောင့်ကြည့်နေကြပါတယ်။ဒီအချိန်မှာ နိုင်ငံတော်က တာဝန်ရှိသူ အကြီးအကဲတွေအနေနဲ့ ပြည်သူများကိုကျေနပ်မှုတွေရရှိစေမယ့် ငြိမ်းချမ်းစွာတွေ့ဆုံညှိနှိုင်းအဖြေရှာမှုတွေကိုပဲ မြင်ချင်မိပါတယ်။ပုံပြင်ထဲကဆေးဆရာကြီးလွယ်အိတ်ထဲလက်နှိုက်တဲ့ အဖြစ်မျိုးတော့ မရောက်စေလိုကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

ကိုလေး(ပြည်)
News Watch(စောင့်ကြည့်)ဂျာနယ်
အတွဲ(၉)အမှတ်(၄၄)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

Facebook Like Page