Monday, June 29, 2015

***သူ့အလိုလိုဖြစ်လာတာ*** ကာတွန်း ကာဠုပြည်

Leave a Comment

***သူ့အလိုလိုဖြစ်လာတာ***

ဖိတ်ခေါ်တော့လဲရင်ထဲက
ပြုစုတော့လဲရင်ထဲက
ဝိုင်းရံထားတဲ့မောမြေက 
ချောမေနှမရဲ့အပြုံးတွေက
ပြန်တော့မေ့မရအလွမ်းတွေက
ရင်မှာတမ်းတစွဲကျန်ရ
ကိုယ့်နှလုံးသားကနုနယ်လှ
နှစ်တိုင်းကြုံစေဆုတောင်းရ။


**ကာဠု ပြည်**
ကာတွန်း ကာဠုပြည်

Read More...

ကမ္ဘာဦး(Thai Pot) ယိုးဒယားအသားကင်ဆိုင်

Leave a Comment

ကမ္ဘာဦး(Thai Pot) ယိုးဒယားအသားကင်ဆိုင်


Read More...

မြန်မာ့လက်ရွေးစင်ဂိုးသမား ရွှေတောင်သားလေး ကျော်ဇင်ဖြိုးအားဂုဏ်ပြုကြိုဆို ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment



မြန်မာ့လက်ရွေးစင်ဂိုးသမား ရွှေတောင်သားလေး ကျော်ဇင်ဖြိုးအား ဂုဏ်ပြုကြိုဆို

ပြည့်သဲမောင်(ပြည်)09 4236 71883 
စင်္ကာပူနိုင်ငံ၊ (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ Seagame အားကစားပြိုင်ပွဲ (U-23) 
ဘောလုံးပြိုင်ပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ဂိုးမပေးရရေးကိုကြိုးကြိုးစားစား
လက်စွမ်းပြ ကာကွယ်ပေးခဲ့တဲ့အတွက် အရှေ့တောင်အာရှအကောင်းဆုံးဂိုးသမားဆု၊ ရွှေလက်ပိုင်ရှင်ဆု၊
ရွှေလက်အိတ်ဆုများရရှိခဲ့ပြီး အရှေ့တောင်အာရှအကောင်းဆုံးဘောလုံးအသင်းတွင် ပွဲထွက်ဂိုးသမား
အဖြစ် ရွေးချယ်ခံခဲ့ရသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ သမ္မတကြီးဦးသိန်းစိန်၏အထူးဂုဏ်ပြုဆုချီး
မြှင့်ခြင်းခံရသူ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှ မြန်မာ့လက်ရွေးစင် ဂိုးသမားကျော်ဇင်ဖြိုး
သည်  မိမိနေရပ်ဖြစ်သည့် ရွှေတောင်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာစဉ် ရွှေတောင်မြို့နယ်မှဌာနဆိုင်ရာ
ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဘောလုံးအားကစားဝါသနာရှင် များ၊ ရပ်မိရပ်ဖများနှင့် မိဘပြည်
သူများမှ လှိုက်လှိုက်လှဲလှဲသောင်းသောင်းဖြဖြ စည်ကားသိုက်မြိုက်စွာ ကြိုဆိုဂုဏ်ပြုပေးနေစဉ်။

ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)09 4236 71883













Read More...

ပြည်မြို့၊ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ၏ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ၀ါတွင်း နိဗ္ဗာန်ဆော်အဖွဲ့ သင်းလုံးကျွတ်အစည်းအဝေးပွဲကျင်းပ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment



ပြည်မြို့၊ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ၏ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ၀ါတွင်း
နိဗ္ဗာန်ဆော်အဖွဲ့  သင်းလုံးကျွတ်အစည်းအဝေးပွဲကျင်းပ

ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ  လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ 

ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ၀ါတွင်းနိဗ္ဗာန်ဆော်အဖွဲ့ သင်းလုံးကျွတ်အစည်းအဝေးပွဲကို ဇွန်လ(၂၈) ရက်နေ့၊ 
ညနေ (၆း၀၀)နာရီ အချိန်တွင် အဆိုပါ ၀ါတွင်းနိဗ္ဗာန်ဆော်အဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားအား နမောတဿ ဗုဒ္ဓပဏာမဂါထာ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ကွယ်လွန်သွားပြီဖြစ်သော နာယကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားရည်စူး၍ (၁)မိနစ်ခန့် ငြိမ်သက်၍ ဂါရ၀ပြုခြင်း၊ နာယကကြီး ဦးအေးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဥက္ကဋ္ဌ ဦးသိန်းဝင်းကိုမှ အမှာ
စကားပြောကြားခြင်း၊ ဘဏ္ဍာရေးမှူး ဦးဇော်ထက်မှ အသင်း၏ရန်ပုံငွေစာရင်း၊ သာရေးနာရေး ရန်ပုံငွေစာရင်းအား ဖတ်ကြားရှင်းလင်းခြင်း၊ တက်ရောက်လာသော အဖွဲ့ဝင်များမှ အထွေထွေ
အကြံပြု ဆွေးနွေးခြင်း၊ တင်ပြလာသောအကြောင်းအရာများအား အတွင်းရေးမှူး ဦးဇော်သူမြင့်
မှ ပြန်လည်ရှင်းလင်းပြောကြားခြင်း၊ နာယကကြီး ဦးမျိုးထွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းနှင့် အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခြင်းများပြုလုပ်
ခဲ့ကြသည်။

အဆိုပါ ဗုဒ္ဓံ ဓမ္မံ သံဃံ ၀ါတွင်းနိဗ္ဗာန်ဆော်အဖွဲ့ သင်းလုံးကျွတ်အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် မှာ ယခင်ဝါတွင်းကာလနှင့်ဝါပကာလများတွင် အဖွဲ့သားများ၏ အဖွဲ့အပေါ် ဆောင်ရွက်ချက်များတွင် လစ်ဟာမှုများ၊ အလှူရှင်များနှင့်ပတ်သက်၍ မည်သို့ပြုမူဆက်ဆံရမည်ကို အပြန်အလှန်ဆွေးနွေးမှုများ ယခုနှစ် (၄၄) ကြိမ်မြောက် မြို့တွင်းသို့ဘုရားဒေသစာရီကြွချီရာတွင် အဖွဲ့သားများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကို ဆွေးနွေးမှုများပြုလုပ်ပြီး အဖွဲ့၏နာယကလူုကြီးများက အဖွဲ့၏လိုအပ်ချက်များကို လမ်းညွှန်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရပြီး ၁၃၇၇ ခုနှစ်၊ ဒုတိယ၀ါဆိုလဆန်း(၁၄)ရက်
ကြာသပတေးနေ့ (၃၀.၇.၂၀၁၅) ရက်နေ့၊ နေ့လည် (၁၂း၀၀)နာရီ တိတိတွင် မြို့တွင်းသို့ 
ဘုရားဒေသစာရီ ကြွချီ၍ အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883









Read More...

ယဉ်ကျေးမှုကိုဈေးဆစ်၍မရပါ သရ၀ဏ်(ပြည်)

Leave a Comment

ယဉ်ကျေးမှုကိုဈေးဆစ်၍မရပါ

သရ၀ဏ်(ပြည်)

စောင်.ကြည်.ဂျာနယ် အတွဲ (၁၀)အမှတ် (၇) တွင် တရုတ်ပြည်ခွေးသားစားပွဲတော်ဆိုသောသတင်းကို ဖတ်လိုက်ရသည် ။ မူရင်းသတင်းတွင်ဖော်ပြထားသည်မှာ တရုတ်ပြည်တွင် နှစ်စဉ်ခွေးသားစားပွဲတော်ကျင်းပလေ.ရှိပြီး ယခုနှစ်တွင်လည်းပွဲတော်အတွက်ခွေးအကောင် တသောင်း သုတ်သင်ရန်စီစဉ်ထားချိန်တွင်၎င်းခွေးသားစားပွဲတော်ကို ဆန်.ကျင်ရေးဆန္ဒထုတ်ဖော်ပွဲတရပ်ကျင်းပခဲ.ရာ ဗြိတိသျှဟာသသရုပ်ဆောင်ရစ်ကီဂျာဗစ်နှင်.အဆိုကျော် လီယိုနာလူးဝစ်တို.အပါအ၀င် နာမည်ကျော်အနုညာရှင်များတက်ရောက်ခဲ.သည်ဆိုကြောင်း၊ တိရိစ္ဆာန်အခွင်.အရေးအကာအကွယ်ပေးသူများက တရုတ်ပြည်ဂွမ်စီပြည်နယ်တွင်ကျင်းပမည်. “ ယူလင်းခွေးသားစားပွဲတော်” ကိုရပ်တန်.ပေးရန်ရည်ရွယ်ကြောင်း ၊ ထိုပွဲတော်တွင်ထောင်နှင်.သောင်းနှင်.ချီသောခွေးများကိုသတ်ပြီး ခွေးသားရောင်းဝယ်ကြကာအိမ်များနှင်.လမ်းများပေါ်တွင် ခွေးသားစားပွဲတော်ကိုကျင်းပလေ.ရှိကြောင်း ၊ ဇွန်လ ၂၂ ရက်နေ.ကိုခွေးသားစားပွဲတော်နေ.အဖြစ်သတ်မှတ်ထားကြောင်း ဖြစ်သည် ။China Daily သတင်းစာမှသတင်းကိုတေဇာဝင်းကဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်သည် ။

ကျွန်တော်တို.နိုင်ငံတွင်တော. ခွေးသားစားသူကို အင်မတန်ယုတ်ကန်းသူ ၊ အောက်တန်းကျသူ ၊ နိမ်.ကျသူအဖြစ်လူ.အသိုင်းအ၀ိုင်းကသတ်မှတ်ထားကြသည် ။တယောက်တလေခွေးသားစားသူများလည်းကိုယ်.အကြိုက်နှင်.ကိုယ်ရှိချင်ရှိနိုင်သော်လည်း မည်သူမျှ ကျွန်တော်ခွေးသားစားသည် ၊ ကျွန်မတော.ခွေးသားအလွန်ကြိုက်သည် စသည်ဖြင်.ဖွင်.ဟပြောဆိုလေ.မရှိပါ ။ ယခုသတင်းထဲတွင်ဖတ်ရသကဲ.သို. တိုင်းသိပြည်သိ ခွေးသားစားပွဲတော်ဆိုသည်ကား တသက်နှင်.တကိုယ်မကြားဝံ.မနာသာကိစ္စဟုသာသတ်မှတ်ရပါတော.မည် ။ ကျွန်တော်ငယ်စဉ်က ပြည်မြို.တွင်ခွေးသားစားသော အရက်သမားအချို. ၊ ကာလသားအချို.နှင်.ကြုံဖူးပါသည် ။ ညအခါသူတို.သည် လမ်းပေါ်ဝယ် တွေ.သောခွေးတကောင်ကိုလိုက်လံဖမ်းဆီးသတ်ဖြတ်ကာ ချက်ပြုတ်စားသောက်ကြပါသည် ။ သို.သော် ထိုသို.စားသောက်ခြင်းသည် အမြဲဖြစ်နေသည်မဟုတ်ပါ ။ တနှစ်နေမှတခါလောက်စိတ်ကူးပေါ်မှလုပ်ကြခြင်းဖြစ်သည် ။ လူသိမခံဝံ.သဖြင်.ခပ်အုပ်အုပ်ကြိတ်ပုန်းခုတ်ကြခြင်းဖြစ်သည် ။ ယဉ်ကျေးသောလူ.အသိုင်းအ၀ိုင်းတွင်ခွေးသားစားသူကိုအင်မတန်ရွံမုန်းကြပါသည် ။ ထူးခြားမှုတချက်မှာ ခွေးသားစားသူကို ခွေးများသည် နှစ်သက်မှုမရှိ ၊ ခွေးတို.သည် ခွေးသားစားသူကိုသိကြပြီးထိုလူလာလျှင်ဝိုင်းဝန်းဟောင်ကြ ၊အူကြလေ.ရှိသည်ဟု ပြောစမှတ်ရှိပါသည် ။တကယ်ဟုတ်မဟုတ်ကားမသိပေ ။ ကျွန်တော်တို.ပြည်မြို.တွင်ချင်းကုန်းဟုခေါ်သောရပ်ကွက်တခုရှိပါသည် ။ ထိုရပ်ကွက်မှလူများသည် ခွေးသားစားသည် ထင်သည် ။ ကျွန်တော်တို.ငယ်စဉ်က ချင်းကုန်းရပ်ကွက်သို.သွားကာခွေးတကောင်ပေးလျှင်သူတို.က ကြက်တကောင်ပြန်ပေးပါသည် ။ခွေးနှင်.ကြက်လဲခြင်းဖြစ်သည် ။ ထိုသို.လဲသူများနှင်.ကျွန်တော်အဖော်လိုက်သွားဖူးသည် ။ မြန်မာပြည်တွင်တော.ခွေးသားစားသုံးသည်.ဓလေ.မရှိပါ ။လမ်းပေါ်တွင် ပိုင်ရှင်မရှိသောခွေးများစွာကိုတွေ.နိုင်ပါသည် ။ နိုင်ငံခြားသားများမြန်မာနိုင်ငံကိုရောက်လာသည်.အခါတိုင်းမင်းတို.နိုင်ငံမှာ ဘာကြောင်.လမ်းဘေးခွေးတွေများနေတာလဲဟုမကြာခနအမေးခံရဖူးသည် ။ ဘာကြောင်.ဤသို.မေးသလဲထိုစဉ်ကသဘောမပေါက်ပါ ။ အင်္ဂလန် ၊အမေရိကန်ပြည်ထောင်စု ၊ဆွဇ်ဇာလန်စသည်.နိုင်ငံများသို.ရောက်ဖူးသည်.အခါ တွင်သူတိုနိုင်ငံ၌ ကျွန်တော်တို.နိုင်ငံလိုလမ်းဘေးခွေးတွေကိုဖောဖောသီသီမတွေ.ရပါ ။ ခွေးအားလုံး ပိုင်ရှင်ဖြင်.စနစ်တကျမွေးကြပြီး လမ်းဘေးခွေးများကိုစည်ပင်သာယာမှလိုက်လံဖမ်းဆီးပြီး သတ်မပစ်ပဲ Dog Pound ခေါ်ခွေးစောင်.ရှောက်ရေးဂေဟာတွင် တသက်တာမွေးမြူစောင်.ရှောက်ပေးပါသည် (အမေရိကန်တွင် Animal Shelter ဟုခေါ်သည် ) ။ခွေးချစ်တတ်သူတယောက်ကမွေးချင်သဖြင်.လာတောင်းလျှင်လဲပေးပါသည် ။သို.သော် ရော.အင်.ဟုပြီးစလွယ်ပေးခြင်းမဟုတ်ပါ ။ စနစ်တကျစာချုပ်စာတမ်းနှင်.ပေးခြင်းဖြစ်သည် ။ မမွေးချင်တော.ပါက ခွေးဂေဟာသို.ပြန်လာပို.ရပါသည် ။ လက်လွှဲပေးကမ်းခြင်းမပြုရပါ ။ ကောင်းမွန်စွာမွေးမမွေးကိုလည်းဂေဟာမှတာဝန်ရှိသူများက အခါအားလျှော်စွာလာရောက်ကြည်.ရှုစစ်ဆေးအကဲခတ်ကြပါသည် ။ထို.ကြောင်.အနောက်နိုင်ငံများတွင်လမ်းပေါ်၌မြန်မာနိုင်ငံမှာလိုမဟုတ်ပဲခွေးရှင်းနေခြင်းဖြစ်ပါသည် ။ တရုတ်နိုင်ငံလိုသတ်စားကြခြင်ကြောင်.လမ်းပေါ်တွင်ခွေးနည်းနေခြင်းမဟုတ်ပါ ။

မြန်မာနိုင်ငံတွင်ခွေးသားကိုတရားဝင်ရောင်းချခြင်းမပြုပါ ။မြန်မာ.ယဉ်ကျေးမှုကခွင်.မပြုပါ ။ ကမ္ဘာ.နိုင်ငံတော်တော်များများတွင်လည်းဤဓလေ.ကိုရိုင်းစိုင်းသောအပြုအမူအဖြစ်သတ်မှတ်ကြပြီး ရှောင်ကျဉ်ကြပါသည် ။ ဥပဒေဖြင်.တားမြစ်ထားခြင်းတော.မဟုတ်ပါ ။ ဘာသာရေး၊လူမှုရေးဓလေ.များ ၊ လူ.ကျင်.၀တ်အရမစားကြခြင်းဖြစ်သည် ။ ရန်ကုန်မြို.တွင် မကြာမီက ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ဆီဒို.နားဟိုတယ်အနီး ၌ Hoang Anh Gia Lai ဟိုတယ်စီမံကိန်းကြီးတခုပေါ်ပေါက်လာပါသည် ။ဟိုတယ်နှင်.လူနေကွန်ဒိုတိုက်ခန်းများဆောက်လုပ်ကြသောဧရာမစီမံကိန်းကြီးပေါ်လာပါသည် ။ထိုဆောက်လုပ်ရေးသည် ဗီယက်နမ်နိုင်ငံမှဖြစ်ရာအလုပ်သမားများမှလည်းဗီယက်နမ်များပင်ဖြစ်သည် ။ ထိုဗီယက်နမ်များသည် နေ.လည်ထမင်းစားချိန်တွင် အနီးပါတ်ဝန်းကျင်တွင်ရှိသောမြန်မာထမင်းဆိုင်လေးများမှဝယ်ယူစားသောက်ကြသည် ။ ဆိုင်မှရောင်းသောမြန်မာဟင်းများထက်သူတို.သည် ခွေးသားကိုသာစားသုံးရန်အာသီသရှိသဖြင်. ဆိုင်ရှင်ကိုမှာရာမှ တိုးတိုးကြိတ်ကြိတ်ခွေးသားဟင်းရောင်းချသောဈေးကွက်သည် ထိုဆောက်လုပ်ရေးလုပ်ငန်ခွင်အနီးတွင်ဖြစ်ပေါ်လာသည်ဆို၏ ။ ပထမသော်တိုးတိုးကြိတ်ကြိတ် ၊နောက်တော.လူသိရှင်ကြားဖြစ်လာသည် ။ ရန်ကင်းမြို.နယ် နှင်.လမ်းနီလေးတ၀ိုက်တွင်လမ်းဘေးခွေးများတဖြည်းဖြည်းအတွေ.နည်းလာသည် ၊ပျောက်ပျောက်သွားသည် ။ တဖြည်းဖြည်းခွေးကောင်ရေလျော.လာသည် ။နောက်တော.ဗီယက်နမ်တွေခွေးသားစားတာရော ၊ မြန်မာဈေးသည်တွေခွေးသားရောင်းတာရော ဂျာနယ်တွေမှာပါလာသည် ။ တိရိစ္ဆာန်ချစ်သူများက မြို.နယ်စည်ပင်နှင်.ကျန်းမာရေးဝန်ကြီးဌာနကိုတိုင်သည် ။ ယခုတော.ထိုအပြုအမူများရပ်သွားပြီသား ၊ဆက်လုပ်နေကြသေးသလားမသိပေ ။ တောင်ကိုရီးယားနိုင်ငံမှာလည်း ခွေးသားစားသည်.ဓလေ.မှာတွင်ကျယ်သည် ။ စားသောက်ဆိုင်များတွင်ပါ တရားဝင်ဟင်းလျာအဖြစ်မီနူးများတွင်ထည်.သွင်းရောင်းချကြသည် ။ အနောက်တိုင်းသားများသည် ထိုခွေးသားစားသောဓလေ.ကို မနှစ်မြို.ပဲကဲ.ရဲ.ရှုတ်ချဖွယ်ဖြစ်နေသဖြင်. တောင်ကိုရီးယားကကမ္ဘာ.ဖလားအိမ်ရှင်အဖြစ်လက်ခံကျင်းပရသော ၂၀၀၂ ကမ္ဘာ.ဖလားဘောလုံးပွဲရက်များတွင်ခွေးသားရောင်းချခြင်းကိုရပ်နားထားရသည် ။ ကမ္ဘာတွင်ခွေးသားကိုတရားဝင် ရောင်းချစားသောက်ကြသည်.နိုင်ငံများအနက် တရုတ်၊ဗီယက်နမ်နှင်. ၊တောင်ကိုရီးယားတို.ရှေ.တန်းမှပါဝင်သည်။ (မြောက်ကိုရီးယားလည်းပါနိုင်သည် ၊ကမ္ဘာနှင်.အဆက်အဆံနည်းသဖြင်.တိတိကျကျမသိခြင်းဖြစ်သည် ) ။ကမ္ဘာပေါ်တွင်ခွေးသားကိုတွင်ကျယ်စွာစားသောက်သောနိုင်ငံ (၁၁ )နိုင်ငံရှိသည် ။၎င်းတို.မှာ တရုတ် ၊အင်ဒိုနီးရှား၊ ကိုရီးယား၊မက္ကစီကို ၊ ဖိလစ်ပိုင် ၊ ပိုလီနီးရှားကျွန်းစုနိုင်ငံ ၊ ထိုင်ဝမ်၊ဗီယက်နမ် ၊ အာတိတ်စက်ဝိုင်းဒေသ ၊ အန္တာတိကဒေသ ၊ ဆွစ်ဇာလန်နိုင်ငံထဲမှကိုယ်ပိုင်အုပ်ချုပ်ခွင်.ရဒေသနှစ်ခု တို.ဖြစ်သည် ။

မြန်မာ.ယဉ်ကျေးမှုတွင်ခွေးသည်နိမ်.ကျသောသတ္တ၀ါဖြစ်သည် ။ ၃၁ ဘုံတွင် တိရိစ္ဆာန်ဘုံဟူ၍ရှိရာ ခွေးသည်တိရိစ္ဆာန်ဖြစ်နေသဖြင်.နိမ်.ကျပြီးဖြစ်သည် ။ ထို.ထက်အလွန် ခွေးသည် မ၀င်ကိုစားသောသတ္တ၀ါဟုအယူရိကြသဖြင်.လူတို.စားစရာဟင်းလျာအဖြစ်မည်သူမှစိတ်မကူးဝံ.အောင်ဖြစ်ကြရသည် ။ ခွေးထက်မိုက်တဲ.ကောင် ၊ ခွေးဖြစ်မယ်.အကောင် ၊ ခွေးကျင်.ခွေးကြံစသည်.စကားပုံများကိုထောက်ရှုသဖြင်.လည်းခွေးကို အောက်တန်းစားတိရိစ္ဆာန်အဖြစ်မြန်မာတို.ယူဆကြောင်းထင်ရှားသည် ။တဖက်မှကြည်.လျင်လည်းခွေးသည် Man best friends လူတို.၏အကောင်းဆုံးမိတ်ဆွေဟုတင်စားခေါ်ဝေါရလောက်အောင်လူနှင်.နီးစပ်သောသတ္တ၀ါဖြစ်သည် ။ ခွေးသည်သာမာန်တိရိစ္ဆာန်သက်သက်မဟုတ် ။ ကျွဲ၊နွား တို.ကဲ.သို.လယ်ယာထွန်ယက်သော တိရိစ္ဆာန်မဟုတ်သော်လည်း ဆိတ် ၊ ကြက်၊၀က် တို.ကဲ.သို.သော စားစရာသက်သက်ဖြစ်တည်လာသောသတ္တ၀ါမဟုတ် ။ လူနှင်.အတူနေ၍ လူ.အလိုက်ကိုသိတတ်သော အိမ်မွေးတိရိစ္ဆာန်ဖြစ်သည် ။ အိမ်စောင်.ခြင်း ၊ အမဲလိုက်ခြင်း ၊ကျွဲကျောင်း နွားကျောင်း ၊ဘဲကျောင်းခြင်းများတွင် အသုံးပြု၍ရသည်.ဥာဏ်ရည်မြင်.သောအိမ်မွေးတိရိစ္ဆာန်ဖြစ်၏ ။ ထို.ကြောင်.ခွေးကိုမိတ်ဆွေအဖြစ်သတ်မှတ်ကြသည် ။အချို.နိုင်ငံများတွင် မိုင်းရှင်းခြင်း ၊ မူးယစ်ဆေးဝါးရှာဖွေခြင်း ၊ မျက်မမြင်များကိုလမ်းပြခြင်းတို.တွင်ခွေးကိုတွင်ကျယ်စွာအသုံးပြုကြသည် ။ အထီးကျန်နေသူတို.အဖို. ခွေးသည်အကောင်းဆုံးအဖော်ဖြစ်သည် ။ ကြောင်သည်သခင်ကိုစွန်.ခွာသွားတတ်သော်လည်း ခွေးသည် သခင်အပေါ်တသက်လုံးသစ္စာရှိတတ်သည် ။ ထို.ကြောင်.ခွေးကိုစားစရာ အသားဟင်းတမယ်ဟူ၍မည်သူကမျှမယူဆခြင်းဖြစ်သည် ။

ယခုအခါမြန်မာသည် နိုင်ငံရေးတံခါး ၊စီးပွားရေးတံခါးများအထိုက်အလျှောက်ဖွင်.လိုက်သဖြင်. အသစ်အဆန်းဟူသမျှသည် နိုင်ငံအတွင်းသို. ၀င်လာမစဲတသဲသဲဖြစ်နေသည် ။ ရုပ်ရှင်အသစ် ၊သီချင်းအသစ် ၊ ယဉ်ကျေးမှူအသစ် ၊အသုံးအဆောင်အသစ် ၊ လူနေမှုဓလေ.အသစ်တို.သည် မြင်ဖူးတာရောမမြင်ဖူးတာရော ၀င်လာပြီးရင်းဝင်လာနေသည် ။ မြန်မာတို.၏ဓလေ.တခုမှာအသစ်အဆန်းဆိုလျှင် သိပ်နားမလည်လဲသူများယောင်သဖြင်.ရောယောင်လုပ်တတ်ကြသည် ။ သူများနိုင်ငံမှာဟောင်းအိုနေသောအရာများသည် မြန်မာပြည်ဝယ်အသစ်အဆန်းအနေဖြင်.၀င်လာတတ်ကြသည် ။ မြန်မာသည် ကမ္ဘာထက် ယခင်က နှစ် ၅၀ ဆယ်ခန်.အမြဲနောက်ကျသည် ။ ယခုတော.ဤမျှလောက်နောက်မကျတော. သို.သော် နည်းနည်းတော.နောက်ကျသေးသည် ။ယခင်က နိုင်ငံခြားတွင်ဂျိမ်းစ်ဘွန်းရုပ်ရှင်များပြသ၍ တော်တော်ဟောင်းသွားမှ မြန်မာနိုင်ငံရုပ်ရှင်ရုံများသို.ရောက်လာသည်ကိုတိုးဝှေ.ကြည်.ရှုရသည် ။ ဘီတယ်လ်အဖွဲ.အောင်မြင်ပြီးအနှစ် ၂၀ လောက်ကြာမှမြန်မာပြည်တွင်ပေါက်သည် ။ ပေါ.(ပ်)ဂီတသည် ၁၉၈၀ ပြည်.လွန်နှစ်များက အမေရိကနှင်.အနောက်တိုင်တွင်ဝက်ဝက်ကွဲအောင်မြင်ခဲ.ပြီး ၁၉၉၀ ပြည်.လွန်နှစ်များတွင်မှမြန်မာပြည်တွင်ပျံ.နှံ.ခဲ.သည် ။ မိုက်ကယ်ဂျက်ဆင် ၊ မက်ဒေါနား သူတို.နိုင်ငံတွင်ပင်နာမည်မှေးမှိန်နေသည်.အချိန်တွင်မှမြန်မာပြည်တွင် အောင်မြင်သည် ။ထို.ကြောင်.တချို.အမေရိကန်တိုးရစ်များက မိုက်ကယ်လ်ဂျက်ဆင်ဟာ အမေရိကန်ပြည်တွင်းမှာထက်ပြည်ပမှာပိုပြီးအောင်မြင်တယ် ဟုဆိုခဲ.ခြင်းဖြစ်သည် ။ ပေါ.(ပ်)ဂီတသည်ကမ္ဘာမှာခေတ်မစားတော.သော်လည်း ကိုရီးယားမှ ကေပေါ.(ပ်)အဖွဲ.များမှာမြန်မာပြည်တွင်ပေါက်နေသည် ။လက်မှတ်တစောင် သိန်းချီပေးရသည်ကိုပင် လူငယ်များစွာသွားရောက်အားပေးကြသည် ။ရုပ်သံဇာတ်လမ်းတွဲများ၏ ၀ါဒဖြန်.ချိမှုကြောင်. ကိုရီးယားများကို အလွန်ယဉ်ကျေးပျူငှာသောလူများဟုမြန်မာတို.ထင်နေကြသည် ။ လက်တွေ.တွင်ထိုသို.မဟုတ်ကြောင်း ၊ လူတိုင်းရုပ်ရှင်ထဲကလိုချောမောလှပမနေကြောင်း ၊ ရုပ်ရှင်ထဲကလိုယဉ်ကျေးမနေကြောင်း ၊ အချို.မှာမြန်မာမျက်စေ.နှင်.ကြည်.လျှင်ရိုင်းစိုင်းသယောင်ပင်ဖြစ်နေကြောင်း ကျွန်တော်ပြောသည်ကို ကျွန်တော်.ဇနီးကပင်မယုံကြည်ပါ ။ ကျွန်တော်တို.ကတော.တိုးရစ်ဂိုဒ်လုပ်နေသဖြင်. ကိုယ်တိုင်စကားမပြောရစေကာမူ နိုင်ငံခြားသားအမျိုးမျိုးကို အမြဲတမ်းအနီးကပ်တွေ.နေဖူးပါသည် ။ ကိုရီးယားတို.အပြင်ကဓလေ.သည်ရုပ်ရှင်ထဲက နူးညံ.သိမ်မွေ.မှုမျိုးနှင်.ပြောင်းပြန်ဖြစ်ပါသည် ။ မြန်မာပြည်ကိုလာလျှင် ပိုက်ဆံပေးရမှာစိုးသဖြင်.မြန်မာဂိုဒ်ကိုပင်မငှား ၊ ကိုရီးယားဂိုဒ် ၊ကိုရီးယားဟိုတယ် ၊ ကိုရီးယားစားသောက်ဆိုင် ၊ကိုရီးယားကား ၊ ကိုရီးယားပိုင်မြန်မာ.လက်မှုပစ္စည်းလက်ဆောင်ပစ္စည်းအရောင်းဆိုင် ၊ ကိုရီးယားလေကြောင်းလိုင်း၊ အားလုံးကိုရီးယားပိုင်သည်.လုပ်ငန်းကိုသာသုံးသည် ။မြန်မာကရလိုက်တာဘာမှမရှိ ၊ ဗီဇာကြေး ဒေါ်လာအနည်းငယ်မျှသာရှိသည် ။သူများနိုင်ငံမှာ ဘုရားစေတီများတွင်နိုင်ငံခြားသား Tour Leader များရှင်းပြခွင်.မရှိ ။ထိုင်းတွင် ထိုင်းဂိုဒ် ၊ ကမ္ဘောဒီးယားတွင်ကမ္ဘောဒီးယားဂိုဒ် သာရှင်းပြခွင်.ရှိသည် ။ကိုရီးယားတို.ကတော.ထိုသို.မဟုတ် ။ ရွှေတိဂုံဘုရားမှာပင် ကိုရီးယားကသာရှင်းပြသည် ။ သူပြောတာသမိုင်းကြောင်းမှန်သလားမှားသလားလည်းဘယ်သူမှမသိ ။ တခါတလေမြန်မာဂိုဒ်တယောက်ကိုဟန်ပြငှားလာသည် ။ သို.သော် ထိုမြန်မာ Guide ကိုစကားပြောခိုင်းသည်မဟုတ် ။ဘေးမှာထိုင်ခိုင်းပြီး ဟန်ပြအဖြစ်ထားကာကိုရီးယားကပဲ Tour Guide နေရာမှ ရှင်းလင်းစကားပြောသည် ။ အခြားနိုင်ငံမှာထောင်ကျနိုင်သောလုပ်ရပ်ဖြစ်သည် ။ မြန်မာပြည်မှာတော. အိုကေသည် ။လုပ်လို.ရသည် ။ ကိုရီးယားအကြောင်းကို အလှမယ်မေမြတ်နိုးနှင်.အေဂျင်စီပဋိပက္ခကြောင်.မြန်မာတို.တစွန်းစတသိလာရသည် ။မကြာသေးခင်ကလည်းကိုရီးယားကေပေါ(ပ်.)အဖွဲ.တခု၏ဖျော်ဖြေရေးလက်မှတ်ရောင်းရငွေများကိုကိုရီးယားလူမျိုးချင်းဘုံးပြေးသွားသည် ။

မြန်မာနိုင်ငံသည် တခါးဖွင်.လိုက်သောအခါယဉ်ကျေးမှုပေါင်းစုံ ၊ ဓလေ.ထုံးစံပေါင်းစုံဝင်လာသည် ။ မြန်မာသည်အားနာတတ်သည် ။ အသစ်အဆန်းဆိုလျှင် လက်ခံသည် ။နိုင်ငံခြားဆိုလျှင်အထင်ကြီးသည် ။အထင်ကြီးသင်.တာကိုကြီးနိုင်သော်လည်း အထင်မကြီးသင်.တာ၊လက်မခံသင်.တာကို ရှောင်ကျဉ်ရမည် ။ ယနေ.ခေတ်တွင်ဓလေ.ဆန်းများသည်တကမ္ဘာလုံးပျံ.နှံ.နေသည် ။ သမီးရည်းစားစုံတွဲများ ချိန်းတွေ.ကာ သူ.ရည်းစားကိုယ်.ရည်းစားလဲကာလိင်ဆက်ဆံကြသော ပါတီတမျိုးအနောက်တိုင်းမှစတင်လာကာ ယခုအခါထိုင်းနိုင်ငံတွင် ခေတ်စားနေသည် ။ ထိဓလေ.မျိုးသည် အတုမယူရမည်.ဓလေ.ဆန်းများဖြစ်သည် ။ ကမ္ဘာပေါ်တွင်ယဉ်ကျေးမှုအမျိုးမျိုးရှိရာ မြန်မာသည် ပထ၀ီအနေအထားအရ လာအိုနိုင်ငံ ၊ထိုင်းနိုင်ငံ တို.မှခမာယဉ်ကျေးမှု နှင်.ဗုဒ္စယဉ်ကျေးမှု ၊ ဘင်္ဂလားဒေ.ရှ်နိုင်ငံမှ အစ္စလမ်ယဉ်ကျေးမှု ၊ တရုတ်ပြည်သူ.သမ္မတနိုင်ငံမှတရုတ်ယဉ်ကျေးမှုတို. စိမ်.၀င်ထိုးဖောက်လာနေသည် ။ အနောက်တိုင်းယဉ်ကျေးမှုနှင်. ကိုရီးယားယဉ်ကျေးမှုသည်လည်း မီဒီယာမှတဆင်. တရစပ်တိုးဝင်လာနေသည် ။ ကမ္ဘာပေါ်တွင် အနောက်တိုင်းယဉ်ကျေးမှု ၊ တရုတ်ယဉ်ကျေးမှု နှင်. အစ္စလမ်ယဉ်ကျေးမှု တိုကသာအဓိကလွှမ်းမိုးပြီးထိပ်တိုက်တွေ.နေကြောင်း ပါမောက္ခ Samuel P. Huntington ကသူ၏ The Clash of Civilizations and Remaking The World Order စာအုပ်တွင် ဖော်ပြခဲ.ဖူးသည် ။ မြန်မာသည်တရုတ်ယဉ်ကျေးမှုကိုတရုတ်နှင်အိမ်နီးချင်းဖြစ်၍သော်လည်းကောင်း ၊ ဘင်္ဂလားဒေ.ရှ်မှတဆင်. ရခိုင်သို.၀င်လာသောအစ္စလမ်ဝါဒနှင်.သော်လည်းကောင်းရင်ဆိုင်ကြုံတွေ.နေရပြီဖြစ်သည် ။ ဘာသာရေးတွင်သဘောထားကြီးခြင်း ၊ ယဉ်ကျေးမှုတွင်အပြန်အလှန်ဆက်ဆံခြင်းသည် ကောင်းပါ၏ ။သို.သော် ယဉ်ကျေးမှုဆိုသည်မှာ အချို.နေရာများတွင်ကိုယ်.မူနှင်.ကိုယ်သာကောင်းသည် ။ရော၍မရသည်.အရာများ ၊ လျှော.၍မရသည်.အရာများရှိသည် ။ မူဆလင်များကသူတို.ဗလီတခုအတွင်းသို. ဗုဒ္စဘာသာဘုန်းကြီးများအားပင်.ဖိတ်၍ ဆွမ်းဆက်ကပ်ခြင်းသည်ကောင်းသည်.အလုပ်ဖြစ်သော်လည်း အပြန်အလှန်အားဖြင်. ဗုဒ္စဘာသာဘုန်းကြီးကျောင်းအတွင်း နွားသတ်ခြင်းကိုမူကားလက်ခံနိုင်မည်မဟုတ်ပါ ။ အခြေခံအယူအဆခြင်းမတူသောကြောင်.ဖြစ်သည် ။ ခရစ်ယန်ဘုရားကျောင်းထဲတွင် ဗုဒ္စဘာသာများဖိနပ်စီး၍လာရောက်လေ.လာခြင်းကို ခွင်.ပြုသော်လည်း ရွေတိဂုံသို.ဖိနပ်ဖြင်.လာရောက်ခြင်းကိုမူကား ဗုဒ္စဘာသာဝင်များသဘောတူနိုင်မည်မဟုတ်ပေ ။ အလျှော.ပေးခြင်း ၊ အပြန်အလှန်ဖလှယ်ကြခြင်းသည်ကောင်းသော်လည်း ယဉ်ကျေးမှုသည်ဈေးဆစ်၍ရကောင်းသောအရာမဟုတ်ပါ ။ ကိုယ်ချမှတ်ထားသောဓလေ.ထုံးစံနှင်.အခိုင်အမာရပ်တည်ရမည်.မူများကိုကိုယ်ကလျှော.လိုက်သည်နှင်.တခြားယဉ်ကျေးမှုတခုကလွှမ်းမိုးသွားမည်ဖြစ်သည် ။ ဧည်.ခံပွဲများတွင်အရက်သောက်ခြင်းသည်အနာက်တိုင်းယဉ်ကျေးမှုဖြစ်သော်လည်း ဗုဒ္စဘာသာရဟန်းတော်များသည် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ပါဝင်အရက်သောက်၍ဖြစ်မည်မဟုတ်ပါ ။ယဉ်ကျေးမှုနှင်.ဘာသာတရားသည်ဈေးဆစ်၍ရကောင်းသောအရာများမဟုတ်ပါ ။ အခြားဘာသာ ၊အခြားယဉ်ကျေးမှုများကိုလေးစားသော်လည်းကိုယ်.မူကိုကိုယ်ကာကွယ်ရပါလိမ်.မည် ။ မကာကွယ်နုင်သောသူများအခြားတခုခု၏လွှမ်းမိုးခြင်းချုပ်ကိုင်သွားခြင်းကိုခံရပါလိမ်.မည် ။

ကျွန်တော်သည်ဘာသာရေးအစွန်းရောက်ရေး၊လူမှုရေးအစွန်းရောက်ရေး ၊ ယဉ်ကျေးမှုအစွန်းရောက်ရေးကိုဟောပြောပို.ချနေခြင်းမဟုတ်ပါ ။ မြန်မာများသည် အမြဲပင် တိုက်ပုံ ၊တောင်ရှည်ပုဆိုး နှင်.ခေါင်းပေါင်းများကိုဝတ်ဆင်နေကြဖို.ဆော်သြနေသည်လည်းမဟုတ်ပါ ။ သို.သော် တံခါးဖွင်.၀ါဒကျင်.သုံးလိုက်သောအခါတွင် လေကောင်းလေသန်.နှင်.အတူ အသုံးမ၀င်သော မီးခိုးငွေ.များ ၊ ကြေးညှော်များ ၊ မှိုင်းများ တပြိုင် တည်းဝင်လာမည်ဖြစ်သည် ။ ထိုအခါ ကိုယ်.အတွင်အသုံးမ၀င် အသုံးမကျသောဓလေ.ဆန်းများကို နိုင်ငံခြားမှာတောင်လုပ်နေကြတာပဲဆိုပြီး အဆန်းထင်၍လိုက်မလုပ်ကြရန်ဖြစ်သည် ။ တကယ်တော. နိုင်ငံခြားမှာဘာပဲလုပ်လုပ် ၊ တီဗီမှာဘာပဲပြပြ ၊ စာစောင်တွေမှာဘာပဲတွေ.ရတွေ.ရ ၊ အွန်လိုင်းပဲဘယ်လိုပဲ တက်လာတက်လာ ကိုယ်.နိုင်ငံကိုယ်.လူမျိုး ၊ ကိုယ်.ယဉ်ကျေးမှု ၊ကိုယ်.လူနေမှုစရိုက်နှင်.ကိုက်ညီတာကိုပဲလက်ခံ၍မကိုက်ညီတာ မသင်.တော်တာကိုရဲရဲကြီးပါယ်ရပေမည် ။ ထိုသဘောတရားကို ဗုဒ္စက ကာလာမသုတ်တွင်အကျယ်တ၀င်.ဟောပြောသွားပြီဖြစ်သည် ။ ။လိုရင်းအချုပ်ကတော. သူများယောင်တိုင်းလိုက်မယောင်ကြရန် ၊ကိုယ်.ဦးနှောက်ကိုယ်သုံးကြရန်ဖြစ်သည် ။ ဤကမ္ဘာပေါ်တွင် လိင်ကိစ္စအလွန်အကျူးကျင်.သူတွေလဲရှိမည် ။ အရှက်အကြောက်ကင်းမဲ.သူတွေလည်းရှိမည် ။ သူတပါးအသက်ကိုသတ်မှ အစာစား၍ဖြစ်သူတွေလဲရှိမည် ။ ခွေးသားစားသောလူတွေလဲရှိမည် ။ ဘယ်သူသေသေငါကောင်းစားဖို.အဓိကဟုအာဏာရူးနေသူတွေလဲရှိမည် ။ ဟီရိသြတပ္ဖကင်းမဲ.သူတွေလဲရှိမည် ။အစွန်းရောက်ဝါဒတွေလဲရှိမည် ။ တီဗီပေါ်မှာ ပြုံးပြ၍လက်တွေ.မှာ ကောက်ကျစ်ရိုင်းစိုင်းသူတွေလဲရှိမည် ။
ဖြစ်နိုင်မဖြစ်နိုင် ၊ လုပ်သင်.မလုပ်သင်.ဥာဏ်နှင်.ယှဉ်ကာ၊ကိုယ်.ဘာသာစဉ်းစားကြရန်ဖြစ်သည် ။

သရ၀ဏ်(ပြည်)

စောင်.ကြည်.ဂျာနယ်
သောကြာ

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
Read More...

ရှင်လိုဏ်ဂူစေတီ တော်မြတ်ကြီး(ခ) ရှင်လိုဏ်ဂူ ဆုတောင်းပြည့် မြတ်စွာဘုရားကြီးတွင် .. ကွန်ကရစ်လမ်း.... ရေ/မီး အလှူရှင်....ပဌာန်းဆက် ပါရမီရှင်လကုသိုလ်ရှင်များလိုအပ်

Leave a Comment
ပဌာန်းဆက် ပါရမီရှင်လကုသိုလ်ရှင်များလိုအပ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်
နွားမယံ အုပ်စု ဧရာဝတီမြစ်ကမ်းနဖူးတွင်တည်
ထားကိုးက်ွထားတော်မူသော ရှင်လိုဏ်ဂူစေတီ
တော်မြတ်ကြီး(ခ) ရှင်လိုဏ်ဂူ ဆုတောင်းပြည့်
မြတ်စွာဘုရားကြီးတွင် ..
ကွန်ကရစ်လမ်း....
ရေ/မီး အလှူရှင်....
ရှင်ဥပဂုတ္တ ကျောင်းဆောင်....(အလှူရှင်ပေါ်ပေါက်သွားပါပြီ)
တို့ကို လိုအပ်လျှက်ရှိနေပါသည်။
အလှူရှင်များကိုယ်တိုင်ကိုယ်ကျ စိတ်တိုင်းကျစွာ
ဆောက်လုပ်လှူဒါန်းနိင်ပါသည်။
သဿနာ့အမွေ ဆက်ခံကြပါစေ
နောင်လာမျိုးဆက် သူတို့အတွက်
ဘုရား တရား သံဃာ ဤသုံးဖြာ
ရှု့မြင်ဖူးမျှော် နိဗ္ဗာန်ပြည်တော်
ကြွလှမ်းနိုင်ကြပါစေရန်....

ဦးဣန္ဒာသီရိ{ရွှေပြည်ငြိမ်းအေးဓမ္မရိပ်သာ/ရှင်
လိုဏ်ဂူ ဆုတောင်းပြည့် မြတ်စွာဘုရား} ကျောင်း
ထိုင်ဆရာတော် ...
ဆက်သွယ်လှူဒါန်းနိုင်ရန်ဖုန်း...
09 42367 4301....ကိုဆက်သွယ်နိုင်ပါသည်....

သတင်းဒါနအလှူရှင်...
ပြည်သတင်းအွန်လိုင်းမီဒီယာအဖွဲ့
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

(၄)ကြိမ်မြောက်မရှိခဏဆေးအလှူတော်

Leave a Comment


(၄)ကြိမ်မြောက်မရှိခဏဆေးအလှူတော်

ပြည်တောင်တန်းပေါ်တောရကျောင်းများတွင် သီတင်းသုံးနေထိုင်တော်မူကြသောသံဃာတော်အရှင်သူမြတ်တို့နှင့် သီလရှင် ဆရာကြီးဆရာလေးတို့၏ ကျန်းမာရေးအတွက် အဓိကရည်ရွယ်ပြီးဖွဲ့စည်းထားသည့် မရှိခဏဆေးဖောင်ဒေးရှင်းမှ လေးကြိမ်မြောက် ဆေးအလှူတော်အားမကြာမှီပြုလုပ်တော့မည်ဖြစ်ရာလှူဒါန်းလိုသော ပြည်မြို့သူမြို့သားအပေါင်းနှင့်အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များအား ပါဝင်လှူဒါန်းနိုင်ရန်ဖိတ်ခေါ်အပ်ပါသည်။
အဆိုပါ သံဃာတော်များနှင့်သီလရှင် ဆရာကြီးဆရာလေးတို့အားလိုအပ်သည့် ကျမ်းမာရေးစစ်ဆေးစောင့်ရှောက်မှု နှင့် ဆေးဝါးများလှူဒါန်းမည်ဖြစ်ပါသည်။
လှူဒါန်းမည့်နေ့ရက်မှာ၃၁ .၇.၂၀၁၅ (ဒုတိယ၀ါဆိုလပြည့်နေ့)သောကြာနေ့ဖြစ်ပြီး လှူဒါန်းမည့်နေရာမှာပြည်မြို့အထွက် ဘုရင်နောင်လမ်းမကြီးနီလာရိုးမဆီဆိုင်အနီးရှိမရှိခဏကျောင်းတိုက်ကြီးတွင်ဖြစ်ပါသည်။
သို့ပါ၍ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များအားဆက်သွယ်လှူဒါန်းနိုင်မည်ဖြစ်သလို လှူဒါန်းမည့်နေရက်တွင်လည်းမိမိတို့တတ်အားသမျှ လုပ်အားဒါနများကိုလည်းလာရောက်ကုသိုလ်ယူနိုင်ပါရန်ဖိတ်ခေါ်အပ်ပါသည်။
ကောင်းမှုရှင်အမည်ဖြစ် တစ်ပါးစာအတွက်ဆေးအလှူတော်အတွက် သီးသန့်လှူဒါန်းလိုလျှင် ၁၀၀၀၀ကျပ်၊ဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါသည်။
ဆက်သွယ်လှူဒါန်းရန်
-မရှိခဏဆရာတော် 095312408 / 09250143769 / 0930068639
-ကိုထင်လင်းဦး 09791180644
-ကိုဝင်းဇော်လတ် 095312461
-မခိုင်ဇာလင်း 09423755282
-မဖူးပွင့်         095061348

ရေးသားတင်ဆက်…သီဟလွင်။ပြည်သတင်းလူငယ်(ပြည်သတင်း)။ 09253311019 သတင်းကုသိုလ်ယူပါသည်။
Read More...

Sunday, June 28, 2015

သရဲအား သွားရောက် စိန်ခေါ်မိသူ

Leave a Comment
သရဲအား သွားရောက် စိန်ခေါ်မိသူ

ကျွန်တော့် အဖေက စစ်သားဆိုတော့ အဖေတာဝန်ကျရာနေရာကို ကျွန်တော်တို့ မိသားစုက လိုက်နေရပါတယ်…။ ဒါကြောင့် နေရာတော်တော်များများကိုကျွန်တော် ရောက်ဖူးပြီး မရိုးလှတဲ့ အတွေ့အကြုံ အသစ် များစွာကိုလည်း ရရှိခဲ့ရပါတယ်..။ကျွန်တော့်အနေနဲ့ အရင်တုန်းက ပြောခဲ့သလိုပါပဲ…၊ ကျွန်တော့်မှာ ထူးခြားတဲ့ ပါရမီခေါ်မလား..၊ကံပဲ နိမ့်တယ် ခေါ်မလား..၊ ကျွန်တော် ဟာ သရဲ၊ ၀ိဥာဉ် ၊ တို့ရဲ့ ခြောက်လှန့်ခြင်း ကိုအကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ်…။ဒီလိုဖြစ်ရပ်မျိုးတွေမှာ ကြောက်စရာသိပ်မကောင်းခဲ့တဲ့ဖြစ်ရပ်မျိုးတွေ ရှိပေမယ့် တစ်ချို့ဖြစ်ရပ်တွေကတော့အသည်းငယ်သူတွေအဖို့တော့သည်းချေပျက်နိုင်လောက်တဲ့ ဖြစ်ရပ်မျိုးတွေပါ…။ အဲ့ဒီထဲက ဖြစ်ရပ် တစ်ခုကို ကျွန်တော် ဒီပို့စ်လေးမှာ ဖောက်သည်ချပြီးပြောပြပါ့မယ်…။

ကျွန်တော့် အမေက ရှမ်းစစ်စစ်ပါ…။ စစ်သားဖြစ်တဲ့အညာသား အဖေက ရှမ်းပြည်နယ်ဖက်မှာ တာဝန်ကျရာ ကနေ အမေနဲ့ အကြောင်းပါခဲ့ပါတယ်..။ အမေ့ရဲ့ရွာဖြစ်တဲ့ မိုင်းယော်ဆိုတဲ့ရွာလေးက လားရှိုးကနေ မိုင် ၁၀၀ လောက် ကွာဝေးတဲ့ နေရာမှာရှိပါတယ်…။ တစ်နေ့မှာ… ရွာကို မရောက်ဖြစ်တာကြာပြီ ဖြစ်တဲ့ အမေက ရွာကို အလည်သွားမယ်..၊တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော့်ကိုလည်း အမျိုးတွေနဲ့ မိတ်ဆက်ပေးပြီး ခေါ်သွား မယ်လို့ပြောပါတယ်…။ ကျွန်တော်ကလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ ကိုယ့်ဆွေမျိုးတွေရှိရာ ရွာကိုသွား လည်ရမှာ ဆိုတော့ ပျော်လို့ရွှင်လို့ပေါ့ဗျာ…။အဲ့ဒီအချိန်တုန်းက ကျွန်တော့်အသက်ကက ၁၂ နှစ်သားအရွယ်လောက်သာ ရှိပါအုံးမယ်…။ မိုင်းယော်ဆိုတဲ့ ရွာကလည်း ကားလမ်းတောင် ကောင်းကောင်းမပေါက်သေးတဲ့ခေတ်မှာ အတော်ကို ခက်ခက်ခဲခဲ သွားလာ ရပါတယ်.. (အခုတော့ လမ်းတွေပေါက်ပြီး မြို့ တစ်ခုဖြစ်နေပါပြီ…)…။


ကားကို တစ်နေကုန် စီးလိုက်..ဗွက်နစ်ရင် ဆင်းတွန်း လိုက်…လုပ်ပြီး ၁၅ နာရီလောက်ကြာအောင်စီးလို့အပြီးမှာ အမေတို့ရွာ ကို ရောက်ပါတော့တယ်…။ကျွန်တော် ရွာကိုရောက်ပြီးမှ သိခဲ့ရတာကရွာက အယူသည်းမှုတွေကိုပါ..။ ထုံးစံ ဓလေ့လို့လည်း ပြောလို့ ရမှာပေါ့လေ…။ ဥပမာ – ဗိုက်ကြီးသည်ခရီးသည်ကို ရွာမှာရှိတဲ့ ဘယ်သူ့အိမ်မှာမှ ညအိပ်/ညနေ နေခွင့်မပြုပါဘူး..၊ အဲ့လိုပဲ လင်မယားခရီးသည်ကိုလည်းရွာမှာ တည်းခွင့်မပေးပါဘူး..။ တစ်ခြား အယူတွေ လည်းအများကြီးရှိပြီး အခုချိန်ထိတောင်ဒီအယူတွေ ရှိပါသေးတယ်…။ အဲ… ပိုဆိုးတာက… ရွာမှာ စုန်း.၊ ကဝေတွေ တတ်တဲ့ လူတွေလည်း အများသားဆိုပဲ…၊ အမေ ကတော့ သတိပေးတယ်..။ စကားပြောရင်သတိထားဖို့..၊ သူများတွေ စိတ်တိုအောင် မပြောဖို့..၊ အမြင်ကတ်အောင် မနေဖို့ ဘာညာပေါ့ဗျာ…။ ကျွန်တော်ကို့ အမေ သက်သက် ကြောက်အောင် ခြောက်ပြောတယ် ပဲ မှတ်နေခဲ့တာပါ..။ ကိုယ်တိုင်ကြုံမှပဲဒီအဖြစ်အပျက်တွေကို ကျွန်တော် ယုံကြည်ခဲ့ ရပါတော့တယ်….။

တစ်နေ့ ကျွန်တော့် ဦးလေးနဲ့ ရွာထဲလမ်းလျှောက်ထွက်လာရင်း သရဲမွေးတယ်လို့ နာမည်ကြီးတဲ့ အိမ်ကို ဦးလေးက ကျွန်တော့်ကိုအဝေးကနေ ပြပါတယ်..။ အိမ်က တဲကုပ်သာသာလေးဖြစ်ပြီး လူတွေနဲ့ ဝေးတဲ့ ရွာပြင်စပ်စပ်မှာတစ်လုံးတည်း တည်ရှိနေပါတယ်..။ ကျွန်တော် ဒီနေရာကို မှတ်ထားလိုက်တယ်..။ လူကလည်း ငယ်ငယ်…၊စူးစမ်းချင်စိတ်ကလည်းရှိတာမို့ ဒီနေရာ ကို ငါပြန်လာခဲ့အုံးမယ်လို့ စိတ်တေးထားလိုက်ပါတယ်..။ လူကြီးတွေ လစ်တဲ့ တစ်နေ့မှာ ကျွန်တော်အဲ့ဒီ အိမ်ကို ထွက်ခဲ့ပါတယ်..။ အချိန်ကတော့ နေ့လည်ကြီးပါ…၊ ညဘက်ထွက်ရအောင်တော့ ကျွန်တော်သတ္တိ မကောင်းပါဘူး..။ အဲ့ဒီတဲရှေ့ရောက်ပြီဆိုရင်ပဲ ကျွန်တော် ရပ်ပြီး သေချာကြည့်လိုက်တယ်…။ ဘာမှန်းမသိတဲ့ ၀မ်းနည်းတဲ့ ခံစားမှု တစ်ခုကို ကျွန်တော်ခံစားလာရပြီး ဒီအချိန်မှာပဲ ကျွန်တော့်တစ်ကိုယ်လည်းကြက်သီးမွေးညှင်းတွေ တဖြန်းဖြန်းထလာခဲ့ပါတယ်…။ ကျွန်တော် ကြောက်ကြောက်လန့်လန့်နဲ့ ခဲလုံးကိုကောက်ပြီးအိမ်ကို လေးငါးချက်လောက်ပေါက်လိုက်ပါတယ်…။ ပြီးတော့ သေးနဲ့လှည့်ပန်း လိုက်ပြီး “နင့်ကိုငါ မကြောက်ဘူးဟေ့…” ဆိုပြီးအော်ကာ အိမ်ကို ကျွန်တော် ထွက်ပြေးခဲ့ပါတော့တယ်…။ လုံးဝ မရပ်မနားပဲ အိမ်ကို တောက်လျှောက်ပြန်ပြေးခဲ့ရာမှာလမ်းမှာတော့ ကျွန်တော် တစ်ခါ ချော်လဲခဲ့ပါတယ်…။
ကျွန်တော် အဲ့ဒီနေ့ကစပြီး နောက်တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော် လုံးဝ မမှတ် မိတော့ပါ..။ အောက်ပါ ဖြစ်ရပ်များကအမေက ကျွန်တော့်ကို ပြန်ပြောပြခြင်းအား ရေးသားထားခြင်း ဖြစ်ပါသည်…။

ကျွန်တော် အိမ်ကို ချွေးတလုံးလုံးနဲ့ကမူးကတိုး ပြန်ပြေးလာပြီး အရမ်းကို မောဟိုက်နေပါတယ်..။ ကျွန်တော် ရှမ်းလို ရေသောက်ချင်တယ်လို့လှမ်းတောင်းပါသတဲ့ (ကျွန်တော် ခုချိန်ထိ ရှမ်းစကားလုံးဝကိုမတတ်ပါ..) အမေတို့ကတော့ အံ့သြလို့ပေါ့…။ အဲ့ဒီအချိန်မှာပဲ နောက်ဖေးမီးဖိုချောင်ထဲပြေးဝင်သွားပြီးအမဲသားရေခြောက် တွေကို အစိမ်းလိုက် ကိုက်စားနေပါတယ်..။ အမေတို့က ကျွန်တော့်ကို ၀ိုင်းပြီးချုပ်ပြီး မေးမြန်းကြပါတယ်..။ ဘယ်သွားခဲ့လဲ..? ဘယ်လုပ်ခဲ့လဲ ? ဘာစားခဲ့လဲ ဆိုတာတွေကိုပေါ့ဗျာ…။ကျွန်တော် ဘာမှကို ပြန်မဖြေပဲ ရုန်းပဲ ရုန်းနေပါသတဲ့..။ အမေပြောတာကတော့ အဲ့ဒီအချိန်မှာကျွန်တော်ဟာ ကျွန်တော်မဟုတ်တဲ့ တစ်ခြား တစ်ယောက် ဖြစ်နေတယ်ဆိုတာကိုပါပဲ…။ အမေတို့က ကျွန်တော့်ကို ဘုန်းကြီးတွေပင့်ပြီးကမ္မ၀ါဖတ်..၊ ပရိတ်ရွတ်လုပ်ပေးကြတယ်လို့ပြောပါတယ်..။ ကျွန်တော်ကတော့ မထူးခြားလာပါဘူး..၊နေ့တိုင်း နေ့ဘက်တွေဆိုငြိမ်ပြီး အိပ်နေတတ်ပေမယ့် ညသန်းခေါင်ချိန်ရောက် ရင် ထပြီး မီးဖိုချောင်ထဲမှာရှိသမျှ အသားစိမ်း၊ ငါးစိမ်းကို အကုန်စားပါသတဲ့..။ အထူးခြားဆုံးကတော့ ည (၁၂) ထိုးတိုင်းအိမ်ရှေ့ဟင်းလင်းပြင်ကိုထွက်ပြီး ရှမ်းသီချင်းအော်ဆိုကာ ရှမ်းအက ကို ကတော့တာပဲဖြစ်ပါတယ်…၊

အမေတို့ခမျာ ကြောက်ပြီး ဘယ်လို ခံစားနေရမလဲ စဉ်းသာ စဉ်းစားကြည့်လိုက်ပါတော့ဗျာ.။

နောက်ဆုံးလားရှိုးကိုပြန်ခေါ်ပြီး ကုဖို့ပဲ စီစဉ်ကြပါတော့တယ်…။

အဲ့ဒီအချိန်မှာ ဦးလေးဖြစ်သူက ကျွန်တော့်ကိုရွာစွန်က အိမ်ကို တစ်ခါခေါ်ပြဖူးကြောင်း ပြောပြလိုက်တော့ အဖိုး၊ အဖွားတို့ကို ဦးလေးဖြစ်သူကိုဆူပူကြိမ်းမောင်းလိုက်တာများ ဦးလေးခမျာ ငိုတောင်ငိုရတယ်လို့ ပြောပါတယ်.။

အဖြေက သေချာနေပြီလေ..ကျွန်တော် အခုလို ဖြစ်တာ အဲ့ဒီခြံရဲ့ လက်ချက်ပဲဆိုတာ..။ အဘိုးက ချက်ချင်းပဲ အဲ့ဒီခြံကို ထွက်သွားတယ်..နောက်ကနေအဘွားက ငှက်ပျောပွဲ၊ အုန်းပွဲနဲ့ လိုက်သွားတယ်..။ ခြံရှေ့မှာ အဘိုးအပါအ၀င် အသက်ကြီးတဲ့လူကြီးလေးငါးခြောက်ယောက်လောက်က လက် အုပ်ချီပြီး ဘုရားစာမဟုတ်တဲ့ ရှမ်းဂါထာတွေကို သံပြိုင်ရွတ်ဆိုကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီတဲထဲက အသက် (၈၀) လောက်ရှိပြီ ဖြစ်တဲ့ အဘွားအိုတစ်ယောက် ထွက်လာပါတယ်..။အမေပြောပြတဲ့ အဘွားအို ပုံစံကို ကျွန်တော် မမှတ်မိတော့ပါ..။

တော်တော့်ကို ကြောက်စရာကောင်းကြောင်းတော့မှတ်မိပါသည်..။ အဘွားအိုက ရှမ်းလို… “အေး..နောက်ခါငါ့အိမ်ဘက် လာမဆော့စေနဲ့..၊ ငါ့သားတွေက အရင်လို ငါ့စကား သိပ်နားမထောင်တော့ဘူး..”လို့ပြောပြီး ဆေးလေးတစ်လုံး လာပေးပါတယ်…ပြီးတော့ ချက်ချင်းပဲ အိမ်ထဲပြန်ဝင်သွားပါတယ်…။ကျွန်တော် ပြန်မှတ်မိတာကတော့ အဲ့ဒီဆေးသောက်ပြီးနောက်ပိုင်းကာလတွေကိုပါ..။ ကျွန်တော် ဒီတစ်ပတ်ထဲ ဘယ်ရောက်ပြီး ဘာတွေလုပ်နေသလဲဆိုတာကတော့တော်တော်ကိုပြောဖို့ခက်တဲ့ ကိစ္စတစ်ခုပါ..။ ကျွန်တော် မဟုတ်တဲ့ ကျွန်တော့်ကို ၀င်ပူးတဲ့ရှမ်းကောင်လေးက ဟို အဘွားကြီးရဲ့ ရေနစ်ပြီးသေသွားတဲ့ သားလို့လည်း ပြောကြပြန်ပါတယ်..။ ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး..။

အဘိုးတို့ ပြောကြတာကတော့ သူတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ကြောင်း၊ သူ့တို့ဟာသူတို့နေကြတာဖြစ်ကြောင်းနဲ့ အဘွားကြီးမှာ ကျွန်တော့်အရွယ် သား (၃) ယောက်ရှိကြောင်း၊ ချောင်းထဲရေဆင်းကူးရင်း သုံးယောက်လုံး သေဆုံးသွားရာမှာ ကလေးတွေကို ခြံထဲမှာပဲ မြှပ်ထားကြောင်း၊ညဘက်ဆိုရင် အဲ့ဒီအိမ်မှ စကားပြောသံတွေ ကြားရကြောင်း ကျွန်တော် ပြန်ကြားသိရပါတယ်…။

ကျွန်တော်နဲ့ အမေကတော့ ကျွန်တော် ဆေးသောက်လို့နေကောင်းပြီး နောက်တစ်ရက်မှာပဲ လားရှိုးကို ပြန်လာခဲ့ကြပါတယ်..။ အခုချိန်မှာတော့ ဒီလိုမျိုးကိစ္စတွေအဲ့ဒီရွာလေးမှာ မရှိလောက်တော့ပါဘူး..၊ အခွင့်အခါကြုံရင်တော့ နောက်တစ်ကြိမ်သွားလည် ဖို့ကြိုးစားလိုက်ပါအုံး မယ်ဗျာ….။

One of Admins
ခေတ္တ – ဝါးနက်ချောင်းကျေးရွာ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
Admin :ကြွေရုပ်
Ygn News

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
Read More...

ခရမ်းသီးမှ ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ.............ကျန်းမာရေးနှင့် အလှအပ သတင်းများ

Leave a Comment

ခရမ်းသီးမှ ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ခရမ်းသီးဟာဆိုရင် သင်းချက်ရာတွင် အသုံးပြုတဲ့ အသီးအနှံ များထဲမှ တစ်မျိုးဖြစ်ပါတယ်။ ခရမ်းသီးဟာ လူတွေအတွက် ကျန်းမာရေး ကောင်းကျိုး များစွာ ပေးကြောင်း သိရပါတယ်။ ခရမ်းသီးမှ ရရှိတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကတော့
(၁) ကိုလက်စရောဓာတ်ကို လျော့ကျပေးပါတယ်။
(၂) နှလုံးရောဂါ ရှိသူများ စားသင့်ပါတယ်။
(၃) ဝမ်းဗိုက်အတွင်းမှာ ဖြစ်တဲ့ အနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) အာရုံကြော ရောဂါများအတွက် ကောင်းမွန်ပါတယ်။
(၅) ကူးစက်ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။
(၆) ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။
(၇) မှတ်ဥာဏ်ကောင်းစေ ပါတယ်။
(၈) သွေးများကို သန့်ရှင်း စင်ကြယ်စေပါတယ်။ 


ကျန်းမာရေးနှင့် အလှအပ သတင်းများ ကျော်လင်းနိုင်

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019

Read More...

ပြည်သတင်း သို့ ပေးပို့သည့်စာ

Leave a Comment
ပြည်သတင်း သို့ ပေးပို့သည့်စာ

ပြည်မြို့ ဘိုးဘွားရိပ်သာလမ်းကြားရှိ ကျားနှစ်ကောင်အရက်ချက်စက်ရုံရှိကားကြီးများဝင်းထွက်သွားလာမူ့ကြောင့်မိုးတွင်းကာလလမ်းများပျက်စီး၍ ရပ်ကွက်သူရပ်ကွက်သားများ ကျေနပ်မူ့မရှိ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လျှပ်စစ်တာဂွရပ် ကွက်အပိုင်း ဘိုးဘွားရိပ်သာလမ်းကြားရှိ ကျားနှစ်ကောင်အရက်ချက်စက်ရုံကားများဝင်ထွက်သွား လာမူကြောင့်ရပ်ကွက်လမ်းမှာ ဆိုးရွာစွာပျက်စီးလာ ကြောင်းရပ်ကွက်နေသူများထံမှသိရှိရသည်။အဆိုပါလမ်းပျက်စီးလာမူ့နှင့်ပက်သက်၍ ရပ်ကွက်သားတဦး က " လမ်းတွေကအရင်ကထက်ပျက်စီးလာပြီ မိုးတွင်းကာလဆိုတော့ပိုဆိုးလာတာပေါ့ စက်ရုံအနေနဲ့ ဘာမှပြင်ဆင်ပေးမူ့မရှိဘူး ဒီပုံစံအတိုင်းဆိုစက်ရုံတွေ ရပ်ကွက်ထဲမှာမရှိသင့်ဘူး ကိုယ်ကျိုးပဲကြည့်ပြီး ရပ်ကွက်အကျိုးမကြည့်တာ ရပ်ကွက်အနေနဲ့လက်မခံ နိုင်ပါဘူး ကျနော်တို့အရင်တုန်းကကလေးတွေအန္တရယ် မဖြစ်အောင်အကုန်ကျခံလုပ်ထားတဲ့ slow down ကိုလည်းမြေဖို ပြီးဖုံးပစ်တယ် ရပ်ကွက်နဲ့လည်းဆက် ဆံရေးအဆင်မပြေဘူးဆိုရင်တော့စက်ရုံကိုကျနော်တို့ ရပ်ကွက်မှာ မထားတာကောင်းမယ်" ဟုပြောကြားခဲ့သည်။ အဆိုပါကျားနှစ်ကောင်စက်ရုံပိုင် ရှင်မှာ မြန်မာနိုင်ငံအနှံ့အပြားတွင် အရက်ချက်စက်ရုံ (၈)ရုံခန့်ရှိနေသည်။

Read More...

လူကယ်မှာလား ၊ လူသတ်မှာလား သရ၀ဏ်(ပြည်)

Leave a Comment
လူကယ်မှာလား ၊ လူသတ်မှာလား

သရ၀ဏ်(ပြည်)

ညကာလ၊ အမင်္ဂလာအချိန်ဖြစ်သော သန်းခေါင်ကျော် ညတစ်နာရီအချိန် ။ ဆိုင်ကယ်တစ်စီးကို လူငယ်လေးယောက်ကစီးနင်းလာသည် ။ ထိုဆိုင်ကယ်သမားများကိုရဲတပ်ဖွဲ.ကကားဖြင်.လိုက်လံဖမ်းဆီးရာ ဆိုင်ကယ်သမာများကအဖမ်းမခံ ပဲမောင်းပြေးသည် ။ ထိုအခါ ရဲတပ်ဖွဲ.၀င်များက ဟောလိဝုဒ်ရုပ်ရှင်များထဲကလို ကားဖြင်. လိုကလံဖမ်းဆီးသည် ။ ကားနှင်.ဆိုင်ကယ် နီးကပ်သွားချိန်တွင်ကားကိုလမ်းဘေးသို.ဆွဲချလိုက်သဖြင်. ဆိုင်ကယ် မှာ လမ်းပေါ်မှလွင်.ကျကာ လမ်းဘေးဓါတ်တိုင်ကိုဝင်တိုက်ခဲ.ဟန်ရှိပြီး ဆိုင်ကယ်ပေါ်ပါလာသူ လေးဦးအနက် နှစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ.သည် ။ ထူးဆန်းသည်မှာ ဥပဒေဘက်တော်သားများဖြစ်သည်. ရဲတပ်ဖွဲ.၀င်များသည်၎င်းတို.ပယောဂဖြင်. သေဆုံးဒဏ်ရာရနေသူများကို ရဲတပ်ဖွဲ.၀င်နှစ်ဦးမှဆင်းကြည်.ပြီး ချက်ခြင်းပြန်လည်ထွက်ခွာမောင်းနှင်သွားသည်.သတင်းဖြစ်သည် ( စံတော်ချိန်သတင်းစာ ၂၂.၆.၂၀၁၅ ) ။
ဤနေရာတွင်ပြောစရာရှိလာသည်မှာမြန်မာနိုင်ငံမှ ရဲတပ်ဖွဲ.၀င်များ၏စိတ်နေစိတ်ထားဖြစ်သည် ။ ဥပဒေဘက်တော်သားများသည် တာဝန်အရ မသင်္ကာသူများ ၊ ဥပဒေကိုဖောက်ဖျက်သည်ဟု ထင်မြင်ယူဆသူများ ( အမှန်တွင် တရားရုံးမှ အပြစ်ရှိသည်ဟုမဆုံးဖြတ်ေးမချင်းအားလုံးသည်အပြစ်မရှိသူဟုမှတ်ယူရမည် ဟုဥပဒေပြဌာန်းချက်ရှိသည် ) ကိုဖမ်းဆီးသောအခါ ထားရှိရမည်.စိတ်ထားမှာ ငါတို.သည် ဥပဒေဘက်တော်သားများဖြစ်သဖြင်. ဥပဒေအတိုင်းတရားသဖြင်.စီရင်နိုင်ရန် ရပ်ရွာအေးချမ်းသားယာရေး ဥပဒေစိုးမိုးရေးတာဝန်ကို ဥပဒေနှင်.အညီထမ်းဆောင်နေသည် ဆိုသော ခံယူချက်မျိုးရိသင်.သည် ။

လူတွေအားလုံးကိုဖမ်းဆီးသည်.အခါတွင်ပင်လေးးလေးစားစားရှိသင်.သည် ။ လူ.အခွင်.အရေး၊ နိုင်ငံသားအခွင်.အရေး ၊ တရားဥပဒေကပေးအပ်ထားသောအခွင်.အရေး ၊ ရဲလက်စဲါဥပဒေမျာကိုလေးစားလိုက်နာသင်.သည် ။နိုင်ငံတကာကျင်.ထုံးများကိုရဲတို.အားသင်ကြားပေးသင်.လှ၏ ။ ယခုအခါ မြန်မာနိုင်ငံတွင်ရတြို.တရားခံဖမ်းသောအခါ ပြုမူဆက်ဆံပုံမှာ ငရဲပြည်သို.ရောက်လာသော ငရဲခံရသူများကို ငရဲသားများက အကြမ်းဖက်အနိုင်ကျင်.သလိုဖြစ်နေပေသည် ။ မည်သူမဆို အပြစ်ရှိသည် ၊ မရှိသည် ဟု တရားရုံးမှ တရားသူကြီးကအပြစ်မချမှတ်ရမှတ်ရသေးမီကပင် ရဲတို.သည်တရားခံများအား အပြစ်ရှိသူလူဆိုးများသဖွယ် ပြုမူဆက်ဆံကြကုန်၏ ။ တာဝန်အရဆိုတာထက်ပိုမိုကြမ်းကြုတ်စွာဆက်ဆံကြပေကုန်၏ ။ တာမွေတရားရုံးတွင်ပင် ၂၀၁၅ ဧပြီလအတွင်းက မူးယစ်ဆေးဝါးမှုတစ်ခုကိုရုံးတင်စစ်ဆေးရာ၌ တရားလို ရဲအရာရှိအချိန်မီရောက်မလာသဖြင်. ညကြီးမိုးချုပ်အထိ တရားခံများမှာ အချုပ်ခန်းထဲတွင် မှောင်မှောင်မဲမဲစောင်.နေကြရသည် ။ တရားသူကြီးရှေ.ရောက်တော. ည (၇) နာရီရှိပြီဖြစ်သည် ။ ညကြီးမင်းကြီးအမှုစစ်တာ ဒီတစ်ခါပဲတွေ.ဖူးသည် ။ ရှေ.နေတစ်ယောက်ကတော. ညဘက်အမှုစစ်ခွင်.မရှိဟုကျွန်တော်.ကိုပြောဖူးသည် ။ အမှုစစ်ပြီး နောက်ရုံးချိန်းရက်ချိန်းပေးပြီး သောအခါအချိန်လွန်သွားပြီဖြစ်သဖြင်.အချုပ်သားများကို အင်းစိန်ထောင်သို. ပြန်မပို.နိုင်တော.ပဲ တာမွေရဲစခန်းအချုပ်ခန်းမှာပဲသိပ်လိုက်သည် ။နောက်နေ.မှအင်းစိန်ထောင်သို.ပြန်ပို.၏ ။ ကျွန်တော်.မိတ်ဆွေကိုထောင်ထဲမှလူများက ပြန်မလာသဖြင်. အမှုမှကွင်းလုံးကျွတ်လွတ်သွားပြီထင်ကာ သူ. အသုံးအဆောင်များကိုပင်ထောင်တွင်း၌အချုပ်သားများ ခွဲဝေယူလိုက်ကြပြီဟုသိရ၏ ။လုပ်ထုံးလုပ်နည်းများ ဥပဒေအတိုင်းမကျင်.သုံးမှုများတွင် သာဓကတစ်ခုဖြစ်ပါသည် ။ ရန်ကုန်မြို.လည်ကောင်မှာပင် ထိုသို.သောကိစ္စမျိုးရှိလေသည် ။

ရဲတို.သည် ဥပဒေအရ မသင်္ကာသောသူများကိုဖမ်းဆီးပိုင်ခွင်.ရှိပါသည် ။ သို.သော် လက်နက်ကိုင်ဆောင်မထားသော ၊ ပြန်လည်ခုခံခြင်းမရှိသော တရားခံများကို အသက်သေဆုံးနိုင်သောအနေအထားသို.ရောက်အောင် မပြုမူသင်.ပေ ။ လိုအပ်သည်ထက်အာဏာကိုမသုံးသင်. ၊လိုအပ်သည်ထက် အင်အားကိုမသုံးသင် .ပေ။ လွန်ခဲ.သောနှစ်အနည်းငယ်ခန်.ကလဲပြည်မြို.တွင် အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ.ဖူးသည် ။ လူငယ်လေးနှစ်ယောက်ကို မသင်္ကာသဖြင်.ရဲကလိုက်ဖမ်းရာ ထိုလူငယ်လေးနှစ်ယောက်မှာ ကြောက်ကြောက်ဖြင်.ဆိုင်ကယ်မောင်းပြေး၏ ။လိုက်ဖမ်းသူ လူဆိုးထိမ်းရဲကလည်း ဆိုင်ကယ်ဖြင်.လိုက်သည် ။ ဆိုင်ကယ်ခြင်းယှဉ်မိချိန်တွင် ရဲက အတင်းဆွဲချလိုက်သောကြောင်. ဆိုင်ကယ်မှောက်သွားပြီး လူငယ်ကျောင်းသားလေးနှစ်ယောက်ပြင်းထန်စွာဒဏ်ရာရသည် ။ ဒဏ်ရာမျာဖြင်.သွေးအလူးလူးဖြစ်နေသော ကျောင်းသားလေးကို ရဲက မကူညီသည်.အပြင် လဲနေသူကို လက်ထိပ်ခတ်သဖြင်.ပါတ်ဝန်းကျင်မှ ပြည်သူလူထုက၀ိုင်းဝန်းအောဟစ်ကန်.ကွက်ကြသည် ။ နောက်ပိုင်းတွင် ထိုကောင်လေးမှာဆိုင်ကယ်မှောက်သောဒဏ်ရာဖြင်. ကွယ်လွန်သွားပါသည် ။ ကွယ်လွန်သူမှာဆယ်တန်းကျောင်းသားလေးဖြစ်ပါသည် ။ သူခိုးဓါးပြလည်းမဟုတ်ပါ ။ လူတွေကားမှောက်ဆိုင်ကယ်မှောက်ဖြစ်သောအခါ ဆေးရုံဆေးခန်းသို.တန်းပို.ခွင်.မရှိပဲ ရဲကိုစောင်.နေရသော အဖြစ်ကြောင်.လည်း လူတို.သေဆုံးရပေါင်းမနည်းတော.ပါ ။ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းတွင်လည်းရဲလက်ချက်ဖြင်.တောင်သူဒေါ်ခင်ဝင်းကွယ်လွန်ခဲ.ပါသည် ။ရဲလက်ထဲတွင်စစ်ကြောရင်းကွယ်လွန်သွားရှာသူတရားခံများလဲမနဲပါ ။

လက်ပန်းတန်းတွင်ဖြစ်ပွားခဲ.သော ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းရာတွင်လည်း ရဲတို.သည်လိုအပ်သည်ထက် ပိုမိုကြမ်းတမ်းစွာပြုမူခဲ.သည် ။ ဘုန်းကြီးကျောင်းအတွင်းသို.ထွက်ပြေးခိုလှုံနေသောကျောင်းသားကျောင်းသူများက အေးအေးသက်သာအဖမ်းခံပါမည် ၊မရိုက်နှက်ပါနှင်.ဟုပြောနေသည်.ကြားမှ မည်သည်.အကြောင်းမှမယ်မယ်ရရမရှိပဲ အငြှိုးတကြီးရိုက်နှက်ဖမ်းဆီးခဲ.ပေသည် ။ နာရေးကူညီမှုအသင်းပိုင်ကားတစ်စီးကို ရဲတပ်ဖွဲ.၀င်တစ်ဦးအငြှိုးတကြီး ရိုက်နှက်နေပုံကိုတကမ္ဘာလုံးက အင်တာနက်တွင် မြင်တွေ.ခွင်.ရခဲ.သည် ။ ဤသည်ကိုပင် တရားခွင်၌ အမှုစစ်သောအခါ ရဲတို.သည် တကယ်ရိုက်သည်မဟုတ် တုတ်ဖြင်.ရွယ်ရုံပဲရွယ်ခဲ.ပါသည်ဟုဗြောင်လိမ်သောအခါ ကြားရသူအပေါင်းအတွက်ရယ်စရာပြက်လုံးတစ်ခုဖြစ်ခဲ.ရသည် ။

ရဲတပ်ဖွဲ.သည်ဖမ်းစရာရှိလျှင်ဖမ်းပါ ။ သို.သော် အဖမ်းခံရသူကို နှိပ်စက်ညှဉ်းပန်းခွင်.မရှိပါ ။ သေဒဏ်အပြစ်ပေးခံရ၍ ကြိုးစင်ပေါ်သို.ရောက်နေသူကိုပင် ကြိုးပေးသတ်ဖြတ်ခြင်းမှတပါး ကိုယ်စိတ်နှစ်ပါးစလုံးကိုညှဉ်းပန်းနှိပ်စက်ခွင်.မရှိပါ ။ ရဲသည် ဥပဒေအထက်တွင်မရှိပါ ။ ရန်ကုန်တွင် အများပြည်သူ ဆိုင်ကယ်စီးခွင်.မရှိသလို ၊ ရဲတပ်ဖွဲ.၀င်များလဲ စီးခွင်.မရှိပါ ။ လူတွေကိုဖမ်းသလို ရဲများဆိုင်ကယ်စီးလာလျင်လဲဖမ်းဆီးအရေးယူစေချင်ပါသည် ။ လူတွေနှစ်လုံးထီထိုးလျှင် လောင်းကစားလုပ်လျင်ဖမ်းသလို ရဲများ နှစ်လုံးထီထိုးလျှင် လောင်းကစားလုပ်လျင်ဖမ်းဆီးစေချင်ပါသည် ။လူတွေမူးယစ်ဆေးဝါးလက်ဝယ်မိလျင်အရေးယူသလို ရဲလက်ထဲတွင်မူးယစ်ဆေးတွေ.လျှင်ရဲအချင်းချင်းဖုံးဖုံးဖိဖိမလုပ်ပဲ အရေးယူစေချင်ပါသည် ။ ဥပဒေကိုဘယ်သူပဲဖောက်ဖျက်သည်ဖြစ်စေ ခြွင်းချက်မထား အသာစီး ( Handicap ) မယူပဲ တရားမျှတစွာအုပ်ချုပ်စေလိုပါကြောင်း ယခုသမ္မတကိုရော ၊ နောက် ၆ လအကြာတွင်တက်လာမည်. သမ္မတအသစ်ကိုရော ပန်ကြားလိုပါသည် ။ အထူးသဖြင်. နိုင်ငံတကာတွင်ရဲများသည် ပြည်သူလူထုအသက်အိုးအိမ်ကိုစောင်.ရှောက်ကာကွယ်သူများဖြစ်ပါသည် ။ ထိုပုံရိပ်ကောင်းသည်မြန်မာနိုင်ငံကျမှမပျက်စီးစေချင်ပါ ။ လူတွေကိုအသက်မကယ်ချင်နေပါ ၊ အသက်သေအောင်MAY I KILL YOU တော.မလုပ်ကြပါနဲ. MAY I HELP YOU များခင်ဗျာ ။

သရ၀ဏ်(ပြည်)

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
Read More...

ဝေလည်းမွှေး ကြွေလည်းမွှေး ဒို့လူငယ် တာဝန်အကြွေး လူကြီးများနေရာပေး...ဆောင်းပါးရေးသားသူ ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019

Leave a Comment
ဝေလည်းမွှေး ကြွေလည်းမွှေး ဒို့လူငယ် တာဝန်အကြွေး လူကြီးများနေရာပေး


လူငယ်ဟူသည်  စူးစမ်းလေ့လာသိလိုစိတ်များတတ်သောသူကို လူငယ်ဟု အနက်အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါသည်။ လူငယ်ဟူသည်က ရိုးသားကျိုးစားစူးစမ်းဖွေရှာ လေ့လာသင်ယူတတ်ရမည်။အမှားအမှန်ဝေဖန်ပိုင်းခြားစဉ်းစားတတ်ရပေမည်။ ယောက်င်္ကျားတခွန် လူရည်ချွန် ကောင်းကင်တမွတ် ကြယ်ကိုစွပ်၏ ဆိုသောရှေးပညာရှိတို့၏စကားများစွာရှိခဲ့သည်။ လူငယ်များသည် အမှန်တကယ်က ရိုးသားတတ်ကြသည် ကျိုစားချင်စိတ်ရှိတတ်ကြသည်။ ပတ်ဝန်းကျင် နှင့် မိတ်ဆွေကောင်းတို့နှင့်မပေါင်းဖော်မိကာ ရည်မှန်းချက်ပန်းတိုင်များနှင့်လွဲခဲ့ရသည်ကများသည်။လူငယ်များ၏ ပတ်ဝန်းကျင်တွင် စွဲဆောင်မှုအပြည့်အ၀ရှိသော အဖျော်ယမကာဆိုင်/ဘီယာဆိုင်များ၊အကြွေစေ့ဂိမ်းများ၊အနှိပ်ခန်းအမည်ခံဖွင့်လှစ်ထားသောမိန်းမလှလေးများနှင့်ရောထွေးစွာနေလို့ရသော အနှိပ်ခန်းမာဆတ်များ၊သံသာသာလေးများဖြင့် စကတ်တိုဒူးပေါ် ခါးပေါ် ခေတ်ပျက်နေသည့် ဘီယာ စင်တင်တေးဂီတဆိုင်များ၊အဆက်အသွယ်ရှိနေပါကလွယ်ကူစွာဝယ်ယူရနေသော မှုးယစ်ဆေးဝါးများစွာနှင့် ယနေ့ခေတ်ကာလသည် လူငယ်အမျိုးသားလေးများစွာ ပျက်စီးဆုံးရှုံးမှုများသောခေတ်တစ်ခေတ်အခြေနေသို့ရောက်ရှိနေသလားမဆိုတတ်ပေ။

ဆရာဦးဘုန်း(ဓာတု)စာပေဟောပြောပွဲတစ်ခုမှာပြောသွားတဲ့စကားလေးကိုအရမ်းသဘောကျမိပါတယ်။ကျွန်တော်တို့လူငယ်တွေအတွက်နေရာဆိုသည်က မြန်မာနိုင်ငံတွင်းမရှိသလောက်ရှားသည်။ဆရာဘုန်း(ဓာတု)ကသူအိမ်မှာကြုံရတာလေးကိုယခုလိုပြောသွားတယ်။ “ကျွန်တော့အိမ်မှာ အမေကလူကြီးဆိုတော့ အစုတ်မြင်တာနဲ့အကုန်ချုပ်တယ် အ၀တ်အစုတ်မှန်သမျှအိမ်မှာရှာကြံပြီး အပ်နဲ့ချုပ်တာပေါ့။တနေ့ အမေရဲ့ဘေးမှာ ကျွန်တော်နဲ့သမီးလေးရှိနေတဲ့အချိန် အမေက အ၀တ်အစုတ်ချုပ်ဖို့ အပ်နဖားပေါက်ထဲ အပ်ချည်ကြိုးထည့်တာ ချော်ချော်ထိုးနေလို့ အသက်ကလည်းကြီးဆိုတော့ အပ်ချည်ကြိုးနဲ့အပ်နဖားပေါက်ထိုးတိုင်းလွဲနေတာကို သမီးလေးမြင်တော့ ပေးဆိုပြီး ကြိုးကိုအပ်နဖားထဲထိုးလိုက်တာ တန်းနေအောင်ဝင်သွားတော့ အမေက ရပါတယ်အေဆိုပြီးပြန်ယူသွားတယ်။အဲဒါနဲ့ ကျွန်တော်လည်းအမေကိုပြောသလိုနဲ့သမီးလှမ်းအော်လိုက်တယ်။အဲဒါပဲသမီးရေ လူကြီးတွေက လူငယ်တွေကိုနေရာမပေးတတ်ကြဘူး။သူတို့လုပ်တာမှအကောင်းထင်နေကြတာ။အနည်းဆုံးရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ လူငယ်တွေကို ဆယ်အိမ်မှူး ရာအိမ်မှူးလောက်တော့ခန့်ထားသင့်တယ်။လူငယ်တွေက မဟုတ်မခံ လုပ်စရာရှိတာပြတ်ပြတ်သားသားလုပ်တတ်တယ်။ပြောစရာရှိလည်းဘယ်မျက်နှာမှမထောက်ဘူး။အဲဒါကြောင့် လူငယ်တွေနေရာပေးရမည့်အစား လူကြီးတွေပဲနေရာယူနေကြတာ”..ဟုဦးဘုန်း(ဓာတု)မှစာပေဟောပြောပွဲတစ်ခုမှာပြောသွားခဲ့သည်။အင်မတန်ကောင်းလွန်းတဲ့စကားတွေပါ။ကျွန်တော်တို့လူငယ်တွေတချိန်မှာလူကြီးဖြစ်လာကြရသည့်အခါ သမိုင်းတစ်ခုမှာ လှပစွာနာမည်ယူတတ်ဖို့လိုပါသည်။မိမိရပ်ကွက်၊ကျေးရွာ၊မြို့နယ်၊နိုင်ငံအတွက် တစ်ဖက်တစ်လှမ်းတာဝန်ယူကြရာတွင် လူကြီးများနေရာပေးမှရမည်ဖြစ်သောကြောင့် လူငယ်များကိုမေ့မထားသင့်ပါ။

ကျွန်တော်တို့လူငယ်တွေ စံနမှုနာအဖြစ်လေ့လာသင်ယူချင်ပါက တစ်ချိန်တစ်ခါမှ ဘဘဦးအောင်ဆန်း(ခေါ်)ဗိုလ်ချူပ်အောင်ဆန်း မကွယ်လွန်ခင်က မှာကြားခဲ့သောစကားများစွာရှိခဲ့သည်။(လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှုပဲ အခြေအနေ အချိန်အခါ နေရာဌာနမရွေး မှန်တာကိုသာ ပြောဝံ့တဲ့သတ္တိရှိရမယ်….လွတ်လပ်သော လူရိုင်းဘ၀ကို မလွတ်လပ်သော လူယဉ်ကျေးဘ၀ထက် အဆတစ်ရာ ကြိုက်သည် နှစ်သက်သည်) ဟု (ဗိုလ်ချုပ်အောင်ဆန်း) ကိုယ်ရေးအတ္ထုပ္ပတ္တိ တစ်ပိုင်းတစ်စ-၁၉၄၃-မှာပြောကြားခဲ့ပါသည်။ဗိုလ်ချူပ်အောင်ဆန်း၏ ကျေးဇူးကျွန်တော်တို့အပေါ်များစွားကြီးသလို ဗိုလ်ချူပ်၏ အကြောင်းအရာများရေးသားမည်ဆိုပါက မကုန်နိုင်အောင်များစွာရှိနေခဲ့သည်။လူငယ်တို့အတွက် လေ့လာစရာ သင်ယူစရာ ဗဟုသုတများစွာပေးစွမ်းလေ့လာနိုင်စရာ ကျောင်းတော်ကြီး ဆိုရပေလိမ့်မည်ဆိုက မလွဲပါ။

ကျွန်တော်တို့လူငယ်အများစုကို သဘာဝလောကကြီးမှ ခြေလက်စုံလျင် တာဝန်ကြေပွန်စွာပေးဆောင်ခဲ့ပြီးပါပြီ။ ကျော့ကျော့နေ ကျော့ကျော့သွား ပေါ့ပေါ့နေ ပေါ့ပေါ့စားဘ၀များစွာနှင့် ရည်မှန်းချက်ခိုင်မာမှုတွေမရှိသလောက် ဆန်းတ၀ါးဝါးယောင်လေလေနှင့် လမ်းအမှားအလယ်မှာယောင်ပေပေဖြင့် ရုန်းကန်နေကြရသော ကျောင်းသားလူငယ်များ နှင့် အလုပ်သမားလူငယ်များစွာရှိသည်။ အချိန်ရှိခိုက် လုံ့လစိုက်ပြီး ခြကောင်ငယ်လေးများကဲ့သို့ စုပါများတောင်ပို့ဖြစ်ပုံပနာယူကာ ပညာရှာဖွေ လူငယ်ဂုဏ်ရည် ဆိုသည့် စကားမျာမမေ့သင့်သလို လူတစ်ဦးတစ်ယောက်အတွက် လောကကြီးကိုပေးဆပ်ရမည့် မိမိတာဝန်အကြွေးးမတင်သင့်ပါ။ပျက်အစဉ် ပြင်ခန ဒီဘ၀တွေထဲမှာ ဘယ်သူမပြုမိမိအမှုဆိုသလို ဘ၀ကိုရုန်းကန် အရှုံးမခံတဲ့စိတ်နှင့် ကျိုးစားသင့်ပေသည်။ စာပေးပွဲမအောင်လို့ အလုပ်တွေအဆင်မပြေလို့ ဘီယာ/စင်တင်တေးဂီတတွေ မှုးယစ်သေစာတွေသောက်စားပျော်ပါးတာထက် နောင်လာမည့်မျိုးဆက်အနာဂတ် ရင်သွေးငယ်လေးများလိုအပ်သည်များ လိုအပ်သည့်ပစ္စည်းများ ၀ယ်ပေးလှူဒါန်းခြင်းက စိတ်ပိုကြည်လင်လန်းဆန်းမှုပိုပေးနိုင်ပါလိမ့်မည်ဟု ယူဆမိပါသည်။

ကျောင်းသားလူငယ်များ အလုပ်သမားလူငယ်များ ဆိုသည်ကိုခွဲခြားမရပါ။ ယနေ့ခေတ်သည်လူငယ်အများဆုံးဦးဆောင်နေရသောခေတ်တစ်ခုဖြစ်သည်။မြင့်မြတ်သောလူသားတိုင်းသည် လူသားချင်းစာနာသနားတတ်သည်။ အားပေးကူညီတတ်သည်။ရည်မှန်ချက်ပန်းတိုင်ထားရှိကာ ရည်မှန်းချက်တစ်ခုစီကိုရောက်အောင်ရရှိအောင်ဆောင်ရွက်တတ်သည်။ထိုကြောင့်ရည်မှန်းချက်ရှိသူ ကြိုးစားသူတိုင်း ကမ္ဘာတွင်မက မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံ့ခေါင်းဆောင်များ ဖြစ်ပေါ်လာရသည်ကိုမေ့မထားသင့်ပါ။ အဆင်မပြေဆင်းရဲစွာ တနေ့ဝမ်းစာလှုပ်ရှားရုန်းကန်လာရင်းဖြင့် မြို့ကြီးများတွင်မက ကျေးရွာငယ်လေးများမှတဆင့် မြန်မာနိုင်ငံတွင်း အုပ်ချုပ်ရေးပိုင်းမှအစ ဌာနဆိုင်ရာများစွာတို့တွင် ဦးဆောင်မှုပြုလုပ်နေသူများစွာတို့သည် သူတို့၏ ကြိုးစားမှုရည်မှန်းချက်များဖြင့် နေရာကောင်းများစွာကိုရရှိခံစားလာခဲ့ရသည်ဆိုသော အချက်ကိုမည်သူမှရှောင်လွဲလို့မရပါ။ ယနေ့ ကမ္ဘာပေါ်တွင်ဦးဆောင်လျှက်ရှိကြသော ခေါင်းဆောင်များအားလုံးသည် တချိန်က ကျွန်တော်တို့လို လူငယ်အဆင့်များမှ တဆင့်ထက်တဆင့် မြင့်တက်သွားသူများသာဖြစ်သည်။ မိမိနိုင်ငံ မိမိလူမျိုး အကျိုးစီးပွားအားလုံးသည် မိမိတို့နိုင်ငံသူ/သား များလက်ထဲတွင်ရှိနေသည်။

ပညာရှိခြင်းသည် လိမ္မာခြင်းနှင့်တခြားစီဖြစ်သည်။ ပညာရှိသူတိုင်း မလိမ္မာတတ်ကြ လိမ္မာသူတိုင်းလည်း ပညာမရှိကြ အလိမ္မာနှင့်ပညာ နှစ်ခုစလုံးပြည့်စုံသူသည် လွန်စွာရှားပါး၏။ ပစ္စည်းဥစ္စာရှိသည်၊တန်ခိုးအာဏာရှိသည် သို့ပေမည့် ပညာရှိမဖြစ်နိုင်ပါ။ သိက္ခာဆိုသည်မှာ ကိုယ်ကျင့်တရားဖြစ်သည်။ လိမ်လည်၊ကောက်ကျစ်၊ကြွားဝါ၊အဂတိများစွာလိုက်စားပြီး အဖြူကို အမည်းလုပ် အမည်းကို အဖြူလုပ် တောင်လေလာမြောက်ဘက်ယိမ်း လေယူရာတိမ်းတဲ့ ပန်းပြားပင်ကဲ့သို့သော လူငယ်များစွာရှိနေသည်။ မိမိနိုင်ငံအတွက် မြို့နယ်အတွက် ရပ်ကွက်/ကျေးရွာ မိသားစုအတွက် ဘာမှသုံးမရအောင် ဘ၀တစ်ခုဆုံးသည်အထိ နိုင်ငံအကြွေး မြို့ရွာအကြွေး မိသားစုအကြွေးများစွာဖြင့် လူငယ်တာဝန်ကြွေးများစွာကိုမဆပ်နိုင်ပါက လူငယ် ဟုမခေါ်ထိုက်တော့ပါ လူလည်သာဖြစ်သည်။မြန်မာ့အားကစားအသင်းဖွဲ့များစွာမှ လူငယ်များ၊မြန်မာ့ကျောင်းသား/သူ လူငယ်များ၊အလုပ်သမားဆင်းရဲသားလူငယ်များ ဘ၀ရုန်းကန်ရင်း အရှုံးအလံမပြဘဲ ပြုံးရယ်ပြကာ လူငယ်တာဝန်ကြွေး ဆပ်နိုင်သရွေ့ ဆပ်ကြစေရန် စိတ်ရည်သန်ကာ ဒို့..လူငယ်တာဝန်အကြွေး..အတင်မတင်ခံ... ခရေပန်းလေးတစ်ပွင့်လို ဝေလည်းမွှေး ကြွေလည်းမွှေး ဒို့ဘ၀တွေ..အေးစေဖို့..တာဝန်ကြွေးလေးဆပ်နိုင်ကြပါစေ ဘ၀ဆိုတာ ရေးချင်တာရေး ခြစ်ချင်ရာခြစ် မလိုရင် ဖျက်ပစ်လို့ရတဲ့ ကျောက်သင်ပုန်းတစ်ချပ် မဟုတ်ပါဘူး .အဆင်မပြေမှုတွေကြုံလာလို့ စိတ်တွေတအားမွန်းကြပ်ပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး ပေါက်ကွဲချင်လာတဲ့အခါ ဒို့လူငယ်တွေဟာ  ဒို့ထက်ဆိုးတဲ့သူတွေရှိနေပါလားလို့ဖြေသိမ့်လိုက်ပါ သမိုင်းမှတ်တမ်းတစ်ခုမှာ မိမိနာမည်လေးပါသွားချင်တယ်ဆိုရင် ကိုယ့်ရဲ့ပေးဆပ်မှုက ဖြူစင်ဖို့လိုပါတယ်..ဖြစ်ကြောင်းရေးသားရပေတော့မည်။…

.ဆောင်းပါးရေးသားသူ
   ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
Read More...

Facebook Like Page