Friday, July 31, 2015

ပြည်မြို့ပေါ်ရှိ ရေဘေးဒုက္ခကြုံတွေ့နေရသော မိဘပြည်သူများအား ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ယနေ့ သြဂုတ်(၁) ရက်နေ့ နေ့လည်(၁၂)နာရီခန့်မှစတင်ကာ ဒေသတွင်းနေထိုင်သည့် သတင်းထောက်များမှကိုယ်တိုင် အသိမိတ်ဆွေအလှူရှင်များထံသို့ အိမ်တိုင်ရာရောက် လိုက်လံအလှူခံသွားမည်ဖြစ်ပါသည်။ အလှူခံရရှိသည့် အလှူရှင်များ၏ အမည်များကို ပြည်သတင်း apk အပါဝင် ၊ ပြည်သတင်း Like Page ၊ ပြည်သတင်းများဆုံဆည်းရာ Group ၊ ပြည်သတင်း Blogger များနှင့် သက်ဆိုင်ရာ သတင်းမီဒီယာ သတင်းထောက်များ၏ Facebook Account များတွင်ပါဖော်ပြပေးသွားမည်ဖြစ်ပါသောကြောင့် နည်းသည်များသည် ပဌာနမထားပဲ ပါဝင်ကူညီလှူဒါန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ဆက်သွယ်လှူဒါန်းနိုင်သော သတင်းမီဒီယာ၏ ဖုန်းနံပါတ်များ…. ၁။ ကိုလေး(ပြည်) 09423722439 (News Watch ဂျာနယ်) ၂။ ကိုမင်းညို 095368590 (DVB) ၃။ ကိုကောင်းမြတ်မင်း 09423744712 (ဧရာဝတီ) ၄။ ကိုဝေလင်း(ပြည်) 0933706052 (Daily ELEVEN) ၅။ ကိုသီဟလွင်(ပြည်) 09423703914 (မြစ်မခ)။ ၆။ ကိုပြည့်သဲမောင်(ပြည်) 09423671883 (လူထုပုံရိပ်) ၇။ K3 (PYAY) 09973970818 (Democracy Today) ၈။ ပြည်သတင်းလူငယ် 09253311019 (ပြည်သတင်း) အွန်လိုင်းမီဒီယာများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

Leave a Comment

ပြည်မြို့ပေါ်ရှိ ရေဘေးဒုက္ခကြုံတွေ့နေရသော မိဘပြည်သူများအား ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ယနေ့ သြဂုတ်(၁) ရက်နေ့ နေ့လည်(၁၂)နာရီခန့်မှစတင်ကာ ဒေသတွင်းနေထိုင်သည့် သတင်းထောက်များမှကိုယ်တိုင် အသိမိတ်ဆွေအလှူရှင်များထံသို့ အိမ်တိုင်ရာရောက် လိုက်လံအလှူခံသွားမည်ဖြစ်ပါသည်။
အလှူခံရရှိသည့် အလှူရှင်များ၏ အမည်များကို ပြည်သတင်း apk အပါဝင် ၊ ပြည်သတင်း Like Page ၊ ပြည်သတင်းများဆုံဆည်းရာ Group ၊ ပြည်သတင်း Blogger များနှင့် သက်ဆိုင်ရာ သတင်းမီဒီယာ သတင်းထောက်များ၏ Facebook Account များတွင်ပါဖော်ပြပေးသွားမည်ဖြစ်ပါသောကြောင့် နည်းသည်များသည် ပဌာနမထားပဲ ပါဝင်ကူညီလှူဒါန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ဆက်သွယ်လှူဒါန်းနိုင်သော သတင်းမီဒီယာ၏ ဖုန်းနံပါတ်များ….
၁။ ကိုလေး(ပြည်) 09423722439 (News Watch ဂျာနယ်)
၂။ ကိုမင်းညို 095368590 (DVB)
၃။ ကိုကောင်းမြတ်မင်း 09423744712 (ဧရာဝတီ)
၎။ ကိုဝေလင်း(ပြည်) 0933706052 (Daily ELEVEN)
၅။ ကိုသီဟလွင်(ပြည်) 09423703914 (မြစ်မခ)။
၆။ ကိုပြည့်သဲမောင်(ပြည်) 09423671883 (လူထုပုံရိပ်)
၇။ K3 (PYAY) 09973970818 (Democracy Today)
၈။ ပြည်သတင်းလူငယ် 09253311019 (ပြည်သတင်း) အွန်လိုင်းမီဒီယာများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
Read More...

နတ်တလင်းမြို့အတွင်း ရေကြီးရေလျှံရေနစ်မြုပ် ငါးကန်များပျက်စီး လေပြင်းတိုက်ခိုက်ခံရ ပျက်စီးဆုံးရှုံးမှုအင်မတန်များ

Leave a Comment

နတ်တလင်းမြို့အတွင်း ရေကြီးရေလျှံရေနစ်မြုပ် ငါးကန်များပျက်စီး လေပြင်းတိုက်ခိုက်ခံရ ပျက်စီးဆုံးရှုံးမှုအင်မတန်များ





ပြည် သြဂုတ် ၁

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်နတ်တလင်းမြို့နယ်အတွင်းဇူလိုင်၂၈ရက်နေ့မှမိုးကြီးစွာရွာသွန်းမှုများကြောင့်မြို့ပေါ်ရပ်ကွက်တချို့နှင့်ကျေးရွာ၁၀ရွာကျော်တွင်အဆက်မပျက်ရွာသွန်းလျှက်ရှိသောမိုးများကြောင့်လည်းကောင်း၊ရေနုတ်မြောင်းများမှစီးဝင်သည့်ရေများနှင့်မြစ်ရေထောက်မှုများကြောင့်ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိပြီး ကျေးရွာနေအိမ်များရေနစ်မြုပ်၍ ငါးမွေးမြူရေကန်ပေါင်း(၁၀၀)ခန့်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဇူလိုင် ၂၉-ရက်နေ့တွင် ထပ်မံ၍ မိုးကြီးစွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခိုက်မှုကြောင့်အဆိုပါမြို့နယ်အတွင်းရှိ ဒမငယ်(အ.မ.က) နှင့် ဆီဆုံကုန်းအုပ်စု ရွာသာယာ(အ.မ.က)စာသင်ကျောင်း(၂)ကျောင်း၊ နှင့် ဒမငယ်ကျေးရွာအုပ်စု၊ဆီဆုံကုန်းကျေးရွာအုပ်စု၊စောင်းဝှက်ကျေးရွာအုပ်စု၊အောင်ရတနာကျေးရွာအုပ်စုများအတွင်းရှိ အိမ်ခြေ(၁၁၁)လုံးပြိုလဲ၊အမိုးလန် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။



ဇူလိုင် ၂၈-ရက်နေ့မှ မိုးကြီးစွာရွာသွန်းမှုများကြောင့် အဆိုပါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သော သာစည်၊ရွာမ၊ဇီးကုန်းလေး၊နှင့်မြို့မ၊ရပ်ကွက်များအပါဝင်အားကစားဘောလုံးကွင်းများ၊စာသင်ကျောင်းများအတွင်းသို့ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိခဲ့ပြီးကုန်းသာအုပ်စု၊ပျဉ်းမကုန်းအုပ်စု၊တောင်ယာတောအုပ်စု၊ရေမွှေးအုပ်စု၊ကျောင်းရွာလေးအုပ်စုများအတွင်းရှိကျေးရွာများဖြစ်သောပေါက်မှော်၊လေးအိမ်တန်း၊မရင်းပျဉ်၊တောင်ယာတော၊ရေမွှေးရွာ၊ကြို့ပင်အင်း၊ကျောင်းရွာလေး၊ပုဇွန်ချောင်းစသည့်ကျေးရွာများအတွင်းနေအိမ်များရေနစ်မြုတ်လျှက်ရှိပြီးငါးမွေးမြူရေးကန်ပေါင်း(၁၀၀)ခန့်နှင့်လယ်မြေဧကပေါင်း(တစ်သောင်းခွဲ)ခန့်ရေနစ်မြုပ်ပျက်စီးလျှက်ရှိကြောင်းသိရသည်။



“စားစရာရော နေစရာပါကျန်းမာရေးတွေကအစအကုန်လုံးအခက်အခဲတွေကြုံနေရပြီ။အခုရေနစ်မြုပ်နေတဲ့ရွာတွေမှာဘယ်သူမှမနေတော့ဘူး။ရေလွတ်ရာမိဘနဲ့ဆွေးမျိုးတွေဆီပြောင်းနေရတယ်။အစိုးရလည်းမကူညီသေးဘူး။အသင်းအဖွဲ့လည်းမကူညီသေးဘူး။ဘယ်ပါတီမှမကူညီသေးတာ။ပျက်စီးဆုံးရှုံးတာတွေတွက်လို့တောင်မရဘူး။မြင်တဲ့အတိုင်းပဲ နေရာတိုင်းရေက လည်ပင်းထိရောက်နေပြီ။တိုတိုနဲ့လိုရင်းပြောရရင် စိုက်ပျိုးစရိတ်ဘဏ်ချေးငွေဆပ်ချိန်ကျရင်အစိုးရအနေနဲ့ဒုက္ခရောက်နေတဲ့ကျွန်တော်တို့တောင်သူတွေကိုပြန်ကြည့်ပြီးကူညီပေးပါလို့တောင်းဆိုချင်ပါတယ်။”ဟု  ကုန်းသာအုပ်စုကျေးရွာနေထိုင်သူ ကိုဌေးအောင် မှပြောသည်။



အဆိုပါ ကျေးရွာနေအိမ်များရေနစ်မြုပ်မှု့တွင် နွား၊ကြက်၊ဘဲ စသည့်အိမ်မွေး သတ္တ၀ါများအား ပစ်ထားခဲ့ရပြီး ညပိုင်းမိမိတို့နေအိမ်တချို့သို့လှေငယ်များဖြင့်သွားရောက်ကာအစောင့်အနေဖြင့်အိမ်သားတစ်ဦးမှစောင့်ဆိုင်းအိပ်ရပြီး နေအိမ်များအတွင်းသို့ မြွေများမကြာခဏ၀င်ရောက်လျှက်ရှိကြောင်းသိရသည်။



“ကျွန်တော်တို့တွေ ကျေးရွာငါးရွာနဲ့ တာပွန်တိုက်နယ်မှာရှိနေတဲ့ ရေဘေးသင့်ပြည်သူတွေကို ၃၁-ရက်နေ့က တစ်အိမ်ထောင် ဆန်လေးပြည် နဲ့ ခေါက်ဆွဲခြောက်ထုပ်တွေအပါဝင် လိုအပ်တဲ့ဆေးဝါးကူညီမှုပေးပြီးသွားပါပြီ။ ကျတော်က အမှတ်(၁)မဲဆန္ဒနယ်ဖြစ်လို့ လေဘေးသင့်တဲ့ ဒမငယ်ဘက်က အမှတ်(၂)မဲဆန္ဒရှင်လောက်တော့လေဘေးအကြောင်းသေချာမရှင်းပြနိုင်သေးပါဘူး။ ကျန်ရှိနေတဲ့ရေဘေးပြည်သူတွေကိုလည်း စာရင်းများကောက်ယူနေပါတယ်။ဒီနေ့လည်းကျန်နေသေးတဲ့ကျေးရွာတွေကို ဆန်နဲ့ခေါက်ဆွဲခြောက်တွေအပါဝင် လိုအပ်တဲ့ဆေးဝါးကူညီမှုတွေသွားပေးမှာပါ။ရေကတော့နည်းနည်းပြန်ကျနေပါပြီ။တော်တော်လေးရေပြန်ကျချိန်ကျရင် စာသင်ကျောင်းတွေမှာလည်း ကျန်းမာရေးအတွက်ဆေးဖြန်းမှုတွေဆက်လက်ဆောင်ရွက်သွားမှာပါ။” ဟု အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် မှပြောသည်။



ယခုကဲ့သို့ ဆုံးရှုံးမှုများဖြစ်ပေါ်လျှက်ရှိရာကျေးရွာအတွင်းရှိကျောင်းသား/သူများသွားလာရေးခက်ခဲမှုများကြောင့် ကျောင်းမတက်နိုင်ခြင်း၊ကျန်းမာရေးအခြေအနေရဖျားနာခြင်း၊သောက်သုံးရေရှားပါးခြင်း၊မြွေအန္တရာယ်များစွာကြုံတွေ့နေရခြင်း၊ကျန်းမာရေးစောင့်လျှောက်မှု့များမရှိသေးခြင်းများနှင့်လယ်တစ်ဧကလျှင်တစ်သိန်းနူန်းဖြင့်ဘဏ်တိုးချေးငွေထုတ်ယူထားသည့်ဒေသခံတောင်သူများအနေဖြင့်ဘဏ်ချေးငွေယခုနှစ်ပြန်လည်ပေးဆပ်နိုင်ရန်အခက်ခဲများစွာဖြစ်ပေါ်လျှက်ရှိနေပြီးသြဂုတ်လ(၁)ရက်နေ့ထိမည်သည့်ဌာန၊အသင်းအဖွဲ့အစည်း၊ပါတီများလာရောက်ကူညီခြင်းမရှိသလိုရေကြီးနစ်မြုပ်မှုများဆက်လက်ဖြစ်ပေါ်လျှက်ရှိပြီးလေပြင်းတိုက်ခိုက်ခံရသည့်ကျေးရွာအုပ်စုများအတွင်းရှိဒေသခံ(၂၅၄)ဦးအားနီးစပ်ရာဆွေမျိုးသားချင်းများ၊ဘုန်းတော်ကြီးကျောင်းများ၊တွင်ခေတ္တခဏတည်းခိုနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ ၊ သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ်၊ရပ်/ကျေး၊ရပ်ထောက်/ကူအဖွဲ့၊ရပ်မိရပ်ဖ များမှစီစဉ်ဆောင်ရွက်ပေးထားလျှက်ရှိကြောင်းသိရသည်။အဆိုပါလေဘေးသင့် အုပ်စုကျေးရွာအတွင်း ပညာသင်ကြားလျှက်ရှိသော ကျောင်းသား/သူ စုစုပေါင်း(၈၄)ဦးအား နီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင် ဆက်လက်ပညာသင်ကြားနိုင်ရန် ဖော်ပြပါ သက်ဆိုင်ရာဌာနများမှစီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

                                                                                          K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
တင်ဆက်..ပြည်သတင်းလူငယ်..09253311019

Read More...

သဲကုန်းမြို့နယ်ထဲမှာအတွင်းမှ ကျေးရွာ(၄၀)ကျော်နှင့် လယ်ဧကပေါင်း(သုံးသောင်း)ကျော်ရေနစ်မြုတ်

Leave a Comment


သဲကုန်းမြို့နယ်ထဲမှာအတွင်းမှ ကျေးရွာ(၄၀)ကျော်နှင့် လယ်ဧကပေါင်း(သုံးသောင်း)ကျော်ရေနစ်မြုတ်



သဲကုန်း ဇူလိုင် ၃၁

ဇူလိုင်လ(၂၃)ရက်နေ့က စပြီးအဆက်မပြတ်ရွာသွန်းတဲ့မိုးကြောင့် အင်းမဆည်ကြီးကြောင့်၊ ပဲခူးတိုင်းသဲကုန်းမြို့နယ်ထဲက၊ကျေးရွာ(၄၃)ရွာ နဲ့ လယ်ဧကပေါင်း(၃၃၀၀၀)ကျော် ရေထွက်ပေါက်မရှိ၍ ထိုဒေသအတွင်းမှာရေများ လည်ပတ်နေသောကြောင့် ၊ဒေသခံတွေ၏ လယ်တွေပျက်စီးဆုံးရှုံးခဲ့ရပြီးထိုဒေသအတွင်းစာသင်ကျောင်းများလည်းပိတ်ထားခဲ့လျှက်ရှိကြောင်းသိရသည်။



ယခင်က သဲကုန်းမြို့နယ်တစ်ခုလုံးမှထွက်သည့်ချောင်းရေတွေသည် မြစ်မခ၊ချောင်းမှတဆင့် ဧရာဝတီမြစ်ထဲသို့ စီးဆင်းနေခဲ့သည်ကို (၁၉၈၂)ခုနှစ် မှာ အဆိုပါချောင်းတွေကို ပိတ်ပြီးအင်းမဆည်ကြီးတည်ဆောက်လိုက်သောကြောင့် မြို့တွင်းရှိ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိသောရေလွမ်းမိုးမှုများသည် ရေထွက်ပေါက်မရှိတော့ပဲ သဲကုန်းနယ်အတွင်းကျေးရွာတချို့များတွင်တစ်နှစ်လျှင် (၄)လမှ(၅)လ လောက်အထိရေကြီးလျှက်ရှိနေကြောင်းသိရသည်။ အဆိုပါရေလွမ်းမှုကြုံတွေ့ခဲ့ရတိုင်း တောင်သူလယ်သမားတွေမှနေ တံငါသည်တွေ ဖြစ်လာခဲ့ပါတယ်။ယခုနှစ်မှာတော့၊ထူးခြားတဲ့မိုးရွာသွန်းမှု နဲ့ ပိုပြီးရေနစ်မြုတ်မှုဖြစ်ခဲ့ပါတယ်။



         

“အင်းမဆည်ကြီး ဆောက်ပြီးကတည်းက နှစ်စဉ်ရေကြီးနေတာ။ခုနှစ်မိုးကလည်းတအားကြီးနေတော့ပိုဆိုးတာပေါ့။အရင်ကဆိုလယ် တွေရေငတ်လို့လူတွေစားဖို့တောင်မရဘူး၊တိရစ္ဆာန်တွေ ကိုရိပ်ကြွေးပြစ်လိုက်ရတာ ၊အခုအင်းမဆည်ကြီးလုပ်ပြီးကထဲက၊ရေတွေ ကထွက်ပေါက်မရှိတော့ဘဲ၊နှစ်တိုင်းလိုလိုရေနစ်နေတာ။ဒါတွေကိုဖြေရှင်းပေးစေလိုပါတယ်။” ဟု သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာ မှ ကိုအေးကျော် ကပြောသည်။

  ပြီးခဲ့သည့်  ဇူလိုင်လ(၂၆)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့၊ဆည်မြောင်းနှင့် တမံ တွေကျိုးပေါက်မှုမဖြစ်စေရေးကို၊သက်ဆိုင်ရာဆည်မြောင်းဦးစီးဋ္ဌာနကစောင့်ကြပ်လျှက်ရှိနေပါတယ်ဟူ၍ဖေါ်ပြထားခဲ့ပါတယ်။



  “လယ်တွေကတော့အကုန်ပျက်စီးကုန်ပြီ၊လူတွေကတော့မြင့်တဲ့အပိုင်းတွေမှာသွားနေရတယ်၊ခါတိုင်းမဖြစ်ဖူးဘူး။အခုနှစ်မှဆည်ကြီးကရေထွက်ပေါက်မကောင်းတော့၊ရေကြီးနေတာ၊အာဏာပိုင်အဖွဲ့အစည်းကတော့ဘာမှလာလုပ်ပေးတာမရှိသေးဘူး၊ဒီအတိုင်းရက်ကြာလာရင်၊လယ်တွေက ပိုပျက်စီးသွားမှာ” ဟု သဲကုန်းမြို့နယ် မြေတောရွာ မှ ဦးသောင်းညွှန့် ကပြောသည်။

 သဲကုန်းမြို့နယ်ထဲက ကျေးရွာပေါင်း(၄၃) ရွာနှင့် လယ်ဧကပေါင်း၊(၃၃၀၀၀)ကျော်ခန့် ရေနစ်မြုတ်နေပြီး၊စာသင်ကျောင်း(၃)ကျောင်းကိုလဲ ဇူလိုင်လ(၂၉)ရက်နေ့မှစတင်ပိတ်ထား လိုက်ရပြီး  ဇူလိုင်လ(၃၁)ရက်နေ့အထိရေမကျဘဲမိုးများဆက်လက်ရွာသွန်းလျှက်ရှိနေသည်။၊မိုးဆက်လက်ရွာနေမှာကို ဒေသခံတွေ ဆိုးရိမ်လျှက်ရှိကြောင်းသိရသည်။အဆိုပါကိစ္စများအား သဲကုန်းမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်နေမှုများသည် နှစ်စဉ်လိုလိုဖြစ်ပေါ်လေ့ရှိကြောင်း၊ သဲကုန်းမြို့သည်မြေနိမ့်ပိုင်းဖြစ်နေသ၍ ယခုနှစ်မိုးကြီးသောအခါ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခဲ့တာဖြစ်ကြောင်း၊ထိုကိစ္စများအတွက် ကျန်းမာရေးစောင့်လျှောက်မှုများပြုလုပ်ဆောင်ရွက်လျှက်ရှိကြောင်း၊ထိုကိစ္စများအတွက်လိုအပ်သောအကူအညီများကို လိုအပ်သလိုဆောင်ရွက်လျှက်ရှိကြောင်း သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့ကြောင်းသိရသည်။

                                                                                          K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

တင်ဆက်..ပြည်သတင်းလူငယ်..09253311019
Read More...

ပြည်မြို့ အကျဉ်းထောင်မှ အကျဉ်းသား ၄၃ ဦးလွတ်မြာက်ခဲ့ရာ အမှတ် (၁၂) ထောက်လှမ်းရေးတပ်မှ တပ်မှူးဟောင်း နှင့် လယ်သိမ်းခံလယ်သမား ၃ဦးလည်းပါဝင်

Leave a Comment


ပြည်မြို့ အကျဉ်းထောင်မှ အကျဉ်းသား ၄၃ ဦးလွတ်မြာက်ခဲ့ရာ အမှတ် (၁၂)
ထောက်လှမ်းရေးတပ်မှ တပ်မှူးဟောင်း နှင့် လယ်သိမ်းခံလယ်သမား ၃ဦးလည်းပါဝင်


ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်မြို့အကျဉ်းထောင်မှ ဇူလိုင်လ (၃၀)ရက်နေ့ နံနက်တွင် အကျဉ်းသား ၄၃
ဦးလွတ်မြောက်ခဲ့ရာ အမှတ် ၁၂ ထောက်လှမ်းရေးတပ်မှတပ်မှူးဟောင်းတစ်ဦးနှင့်
လယ်သိမ်းခံတောင်သူလယ်သမား ၃ ဦးလည်းပါဝင် ခဲ့ကြောင်းသိရသည်။

အဆိုပါ လွတ်မြောက်သည့်အထဲတွင်
အမျိုးသားသယံဇာတဖွံဖြိုးတိုးတက်ရေးကုမ္ပဏီ(NRDC)မှ
ကျွန်းစိုက်ခင်းမြေများနှင့်ပက်သတ်၍သစ်တောဥပဒေများဖြစ်သည့် ၄၃(က)၊ ၄၀(ဂ)
တို့ဖြင့် တရားစွဲဆို ထောင်ဒဏ်ကျခံခဲ့ရသည့် ပြည်ခရိုင်၊
ပန်းတောင်းမြို့နယ်၊ မန်ကျည်းပင်ကြာအင်ကျေးရွာမှ ထောင် ၃ နှစ်
ချခံနေရသည့် ကိုမောင်လင်း ထောင်ဒဏ် ၂ နှစ် ၃ လကျခံနေရသည့် ကိုတင်လှ၊
ကိုအောင်တင်ဝင်း တို့လည်းလွတ်မြောက်ခဲ့ကြောင်း သိရသည်။


“ ကျွန်တော့်အနေနဲ့ကတော့ လွတ်ပေါက်စေ့မှလွတ်ချင်တဲ့အနေထားပဲ
ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး  လွှတ်လိုက်တာကျတော့
တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့အနေထားကိုတွေ့ရတယ် ကျွန်တော်က
လျော့ရက်တွေနဲ့ဆိုရင် ထောင် ကိုးလလောက်ကျန်သေးတယ်
တစ်စုတစ်ဝေးထဲလွတ်လာတဲ့အပေါ်မှာတော့ ၀မ်းသာမိပါတယ်” ဟု ကိုမောင်လင်း မှသမဂ္ဂဂျာနယ်သို့ ပြောသည်။


ပြည်အကျဉ်းထောင်မှ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၇ ဦး၊ အထူး ၁၊
အားလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးခဲ့ပြီး
ယင်းတို့အထဲမှပြည်အကျဉ်းထောင်မှ ယခင် အမှတ်(၁၂) ထောက်လှမ်းရေးတပ်မှူး
ဗိုလ်မှူးနေစိုးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။


“ ကျွန်တော်တို့ဆီကတော့အထူးအနေနဲ့ နှစ်ကြီးသမား ဆယ်နှစ်လောက်တော့ရှိမယ်ထင်တယ်။သိပ်မမှတ်မိဘူး။ထောက်လှမ်းရေးဗိုလ်မှူးတစ်ဦးပါတယ်။
သူကပြည်မှာကျနေတာ။ သူ့မိသားစုကိုအကြောင်းကြားပေးထားတယ် ကျန်တာကတော့
စာရင်းအတိုင်းလွတ်မြောက်ပါပဲ” ဟု
ပြည်အကျဉ်းထောင်မှဝန်ထမ်းတစ်ဦးမှ သမဂ္ဂဂျာနယ်သို့ ပြောသည်။



အဆိုပါလွတ်ငြိမ်းချမ်းသာမှုအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည်  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့်အညီ  အကျဉ်းထောင်အသီးသီးများတွင် ထိုက်သင့်သောပြစ်ဒဏ်ကျခံနေစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသူ/သား ၆၉၆၆-ဦးတို့အားနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး၊အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေး၊နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိရေး၊လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် ၂၀၁၅-ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံခြားသား အကျဉ်းသား(၂၁၀)-ဦးတို့အား  ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းသိရသည်။

                                                                                                                    မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်...

တင်ဆက်..ပြည်သတင်းလူငယ်..09253311019
Read More...

ရေကြီးရေလျှံမှုများဖြစ်ပေါ်ရာ အာဏာပိုင်တွေဆောင်ရွက်ပေးမှုမရှိသေးဟုဆို

Leave a Comment

ရေကြီးရေလျှံမှုများဖြစ်ပေါ်ရာ အာဏာပိုင်တွေဆောင်ရွက်ပေးမှုမရှိသေးဟုဆို



     အဆက်မပြတ်ရွာသွန်လျှက်ရှိသည့် မိုးကြောင့်ပဲခူးတိုင်းဒေသကြီး ၊ပေါင်းတည်မြို့မှာ၊ဇူလိုင်လ(၂၆)ရက်နေ့ကနေ့စပြီး၊တဖြည်းဖြည်းရေများတက်လာခဲ့ရာ၊ဇူလိုင်လ(၂၉)နေ့အထိ ရပ်ကွက်ကြီး(၆)ခု ကိုရေ နစ်မြုတ်နေပြီး၊ဒေသခံတွေအကူအညီလိုအပ်နေကြောင်းသိရသည်။



ပေါင်းတည်မြို့အတွင်းမှာရှိသည့် ၊မင်းကွပ်(၁)၊နွယ်ချို(၁)၊နွယ်ချို(၂)၊အုပ်ဖို(၁)၊ဟင်္သာကန်၊စတဲ့မြို့ပေါ်(၆)ရပ်ကွက်မှာ များမှာရေနစ်လျှက်ရှိနေပြီး ဟားရားကြီး၊ကျွဲရဲကြီး၊ထောက်ကြံ့ကြီး၊သပြေကြီးစု၊ချောင်းခွ၊ညောင်ဇင်၊ထန်းသုံးခွ၊နတ်ပတီး၊စသည့်ကျေးရွာတွေများမှာလယ်ဧကပေါင်းသောင်းချီပြီးရေနစ်မြုတ်နေခဲ့ကြောင်းဒေသခံများထံမှသိရသည်။ရေနစ်မြတ်လျှက်ရှိသည့်ပေါင်းတည်မြို့အတွင်းမှာရှိသည့်ရပ်ကွက်/ကျေးရွာများအားဇူလိုင်လ(၂၉)ရက်နေ့မှာ၊ပေါင်းတည်မြို့မှ၊ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဆန် နဲ့ ထမင်းထုပ်တွေ လိုက်လံဝေငှခဲ့ကြောင်းသိရသည်။





“ရေနစ်နေတာ(၄)ရက်ရှိပါပြီ။အာဏာပိုင်အဖွဲ့အစည်းကတော့၊ဘာမှလုပ်ပေးတာမရှိသေးပါဘူး။အိမ်တွေရေ၀င်နေတော့၊အလုပ်လဲထွက်မလုပ်နိုင်တာကြောင့်၊ဆေးဝါး နဲ့ စားသောက်ဖို့ တွေတော့လိုအပ်ပါတယ်၊ဒီနေ့တော့၊ထမင်းထုပ်တွေလာဝေပါတယ်။” ဟု ကိုနိုင်(ရွေတည်)ပေါင်းတည်မြို့   နေထိုင်သူမှ သမဂ္ဂဂျာနယ်သို့ပြောသည်။



  အခုလိုရေကြီးနစ်မြုတ်နေတာတွေနဲ့ပတ်သတ်ပြီးဇူလိုင်လ(၂၆)ရက်နေ့ထုတ်၊မြန်မာ့အလင်းသတင်းစာမှာရေလှောင်တမံကြီးများနှင့်၊ရေလှောင်တမံများကျိုးပေါက်မှုမရှိ၊ရေကင်းများချထားပြီး၊စောင့်ကြပ်လျှက်ရှိ၊ ဆိုတဲ့ခေါင်းစဉ်နဲ့၊ဖေါ်ပြပေးထားပါတယ်။



 “အရင်တုန်းက တခါမှဒီလိုမဖြစ်ဖူးဘူုးအခုလိုပုံစံ မိုးက ဆက်ရွာနေတော့ရေက ထပ်တက်လာဖို့ရှိတယ်။လူတွေဒုက္ခရောက်လိမ့်မယ်။ဒီအတိုင်းသာရေဆက်တက်နေရင်တော့၊စားဝတ်နေရေးတွေခက်လာမယ်၊ပိုးမွားအန္တရယ်တွေ စိုးရိမ်ရမယ်၊ဆေးဝါးတွေလိုလာမယ်၊၀မ်းဖောဝမ်းရောင်တွေဖြစ်လာမယ်၊အခုရေကြီးနေတာတွေက၊လဲဆည်မြောင်းတွေ၊ချောင်းတွေကြောင့်ဖြစ်နေတာ၊အစိုးရ အနေနဲ့ ဒီကိစ္စကိုဖြေရှင်းပေးဖို့ပြောချင်ပါတယ်၊” ဟု ကိုချစ်ကို(ပြည်သူ့အကျိုးဆောင်ကွန်ယက်။ပေါင်းတည်မြို့) မှသမဂ္ဂဂျာနယ်သို့ပြောသည်။



     ပဲခူးတိုင်းအနောက်ခြမ်းမှာ၊ကြို့ပင်ကောက်၊အုပ်ဖို၊ပေါင်းတည်၊နတ္တလင်း၊ဇီးကုန်း၊သဲကုန်း၊ရွေတောင်၊ဥသျှစ်ပင်၊ပန်းတောင်းနှင့်ပြည်မြို့ပေါ်ရှိမြေနိမ့်ပိုင်းရပ်ကွက်တချို့တွေမှာ ယခုသီတင်းပတ်အတွင်း အဆက်မပျက်ရွာသွန်းခဲ့သည့်မိုးမျာကြောင့် ဇူလိုင်လ(၂၉)ရက်နေ့ည(၁၁)နာရီခန့်တွင် န၀င်း၊ဖိုးခေါင်၊ချောင်းနားးတန်းချောင်းနှင့်ဧရာဝတီမြစ်ရေပြင်များမှတဆင့်ရေမားစတင်ဝင်ရောက်ခဲ့လျှက်ရှိကြောင်းသိရသည်။

                                                                                              မောင်ပန်ကာ(ပြည်) သမဂ္ဂဂျာနယ်
တင်ဆက်..ပြည်သတင်းလူငယ်..09253311019

Read More...

ပြည်မြို့ပေါ်ရှိ ရေဘေးဒုက္ခကြုံတွေ့နေရသော မိဘပြည်သူများအား ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ယနေ့ သြဂုတ်(၁) ရက်နေ့ နေ့လည်(၁၂)နာရီခန့်မှစတင်ကာ ဒေသတွင်းနေထိုင်သည့် သတင်းထောက်များမှကိုယ်တိုင် အသိမိတ်ဆွေအလှူရှင်များထံသို့ အိမ်တိုင်ရာရောက် လိုက်လံအလှူခံသွားမည်ဖြစ်ပါသည်။ အလှူခံရရှိသည့် အလှူရှင်များ၏ အမည်များကို ပြည်သတင်း apk အပါဝင် ၊ ပြည်သတင်း Like Page ၊ ပြည်သတင်းများဆုံဆည်းရာ Group ၊ ပြည်သတင်း Blogger များနှင့် သက်ဆိုင်ရာ သတင်းမီဒီယာ သတင်းထောက်များ၏ Facebook Account များတွင်ပါဖော်ပြပေးသွားမည်ဖြစ်ပါသောကြောင့် နည်းသည်များသည် ပဌာနမထားပဲ ပါဝင်ကူညီလှူဒါန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ဆက်သွယ်လှူဒါန်းနိုင်သော သတင်းမီဒီယာ၏ ဖုန်းနံပါတ်များ…. ၁။ ကိုလေး(ပြည်) 09423722439 (News Watch ဂျာနယ်) ၂။ ကိုမင်းညို 095368590 (DVB) ၃။ ကိုကောင်းမြတ်မင်း 09423744712 (ဧရာဝတီ) ၄။ ကိုဝေလင်း(ပြည်) 0933706052 (Daily ELEVEN) ၅။ ကိုသီဟလွင်(ပြည်) 09423703914 (မြစ်မခ)။ ၆။ ကိုပြည့်သဲမောင်(ပြည်) 09423671883 (လူထုပုံရိပ်) ၇။ K3 (PYAY) 09973970818 (Democracy Today) ၈။ ပြည်သတင်းလူငယ် 09253311019 (ပြည်သတင်း) အွန်လိုင်းမီဒီယာများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

Leave a Comment



ပြည်မြို့ပေါ်ရှိ ရေဘေးဒုက္ခကြုံတွေ့နေရသော မိဘပြည်သူများအား ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ယနေ့ သြဂုတ်(၁) ရက်နေ့ နေ့လည်(၁၂)နာရီခန့်မှစတင်ကာ ဒေသတွင်းနေထိုင်သည့် သတင်းထောက်များမှကိုယ်တိုင် အသိမိတ်ဆွေအလှူရှင်များထံသို့ အိမ်တိုင်ရာရောက် လိုက်လံအလှူခံသွားမည်ဖြစ်ပါသည်။
အလှူခံရရှိသည့် အလှူရှင်များ၏ အမည်များကို ပြည်သတင်း apk အပါဝင် ၊  ပြည်သတင်း Like Page ၊ ပြည်သတင်းများဆုံဆည်းရာ Group ၊ ပြည်သတင်း Blogger များနှင့် သက်ဆိုင်ရာ သတင်းမီဒီယာ သတင်းထောက်များ၏ Facebook Account များတွင်ပါဖော်ပြပေးသွားမည်ဖြစ်ပါသောကြောင့် နည်းသည်များသည် ပဌာနမထားပဲ ပါဝင်ကူညီလှူဒါန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်သော သတင်းမီဒီယာ၏ ဖုန်းနံပါတ်များ….

၁။ ကိုလေး(ပြည်) 09423722439  (News Watch ဂျာနယ်)

၂။ ကိုမင်းညို 095368590  (DVB)

၃။ ကိုကောင်းမြတ်မင်း 09423744712 (ဧရာဝတီ)

၎။ ကိုဝေလင်း(ပြည်) 0933706052 (Daily ELEVEN)

၅။ ကိုသီဟလွင်(ပြည်) 09423703914 (မြစ်မခ)။

၆။ ကိုပြည့်သဲမောင်(ပြည်) 09423671883 (လူထုပုံရိပ်)

၇။  K3 (PYAY) 09973970818 (Democracy Today)

၈။ ပြည်သတင်းလူငယ် 09253311019 (ပြည်သတင်း) အွန်လိုင်းမီဒီယာများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
Read More...

Wednesday, July 29, 2015

သူခိုးကြီးတော. ဓါးပြ ၊ ဓါးပြကြီးတော. ….ခြ သရ၀ဏ်(ပြည်)

Leave a Comment

သူခိုးကြီးတော. ဓါးပြ ၊ ဓါးပြကြီးတော. ….ခြ
သရ၀ဏ်(ပြည်)
မြန်မာတပြည်လုံးသည် ခြတောင်ပို.ကြီးသဖွယ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည် ။ အကျင်.ပျက်ခြစားမှုသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏အဓိကပြသနာဖြစ်လာနေသည်မှာ အမှန်တရားဖြစ်ပေ၏ ။ မည်သူတွေအကျင်.ပျက်ခြစားသနည်း ။ နယ်ပယ်စုံမှလူများအကျင်.ပျက်ခြစားပါ၏ ။ အစိုးရ၀န်ထမ်းများ (အမှန်မှာပြည်သူ.၀န်ထမ်းများ) သည်အဓိကလာဘ်စားကြပါ၏ ။ လာဘ်ပေးလာဘ်ယူမှုတွင်ပါဝင်ပါတ်သက်နေကြပါ၏ ။ ရာထူးကြီးလေ လာဘ်စားမှုကြီးမားလေဟုပင်ပြော၍ရပေ၏ ။ မြန်မာနိုင်ငံသားများတွင် လာဘ်မပေးဘူးသူ၍ နို.စို.ခလေးမှလွဲ၍ခပ်ရှားရှားပင်ဖြစ်ပေလိမ်.မည် ။ ရုံးပြင်ကနားများသို.၀င်ထွက်ရာတွင် အနည်းနှင်.အများဆိုသလို အားလုံးပေးဖူး ကမ်းဖူးသူတွေပင်ဖြစ်သည် ။ လာဘ်ပေးရလွန်းသဖြင်. မိမိလာဘ်ပေးနေမှန်း ၊ယူသူကလည်းလာဘ်ယူနေမှန်းပင်မသိလောက်အောင် ပေးခြင်း ၊ယူခြင်းကိစ္စ ၊ အလွဲသုံးစားကြခြင်းကိစ္စ၌ အသားကျခဲ.ပြီဖြစ်သည် ။
လက်ဖက်ရည်ဖိုးပေးသည် ၊ ခေါက်ဆွဲစားသည် ၊ ဂါရ၀ပြုသည် ၊ နားလည်မှုဖြင်.ပြုစုသည် ၊ ကန်တော.သည် ၊လက်ဆောင်ပေးသည်ဆိုခြင်းများနောက်ဝယ် လက်ပေးလာဘ်ယူအကျင်.ပျက်မှုသည် တခါတည်းပါလာစမြဲဖြစ်သည် ။
၂၂.၇.၂၀၁၅ နေ.ထုတ်နိုင်ငံပိုင်သတင်းစာထဲတွင်ဖတ်ရသည်မှာ မွေးမြူရေးနှင်.ရေလုပ်ငန်းဝန်ကြီးဌာနသို.အကြွေးပေးဆပ်ရန်ပျက်ကွက်သည်.လုပ်ငန်းရှင်များအား အများနှင်.သက်ဆိုင်သော ပစ္စည်းကာကွယ်စောင်.ရှောက်ရေး ဥပဒေပုဒ်မ (၃) ဖြင်.တရားစွဲဆိုဆောင်ရွက်လျက်ရှိ ဟူသောသတင်းဖြစ်သည် ။ မွေးမြူရေး၊အစားအစာနှင်. နို.ထွက်ပစ္စည်း လုပ်ငန်းသည် ၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်မှစကာ ငါးစာတောင်.များကိုလုပ်ငန်းရှင်များထံစာရင်းမှတ်စနစ်ဖြင်.စတင်ဆောင်ရွက်ခဲ.ရာမှ ပေးဆပ်ရန်အကြွေးများတဖြည်းဖြည်းများလာခဲ.ကာ ငွေကျပ် ၂၉ ဒသမ ၄၄၂ ဘီလီယံ ရှိနေကြောင်းသိရပေသည် ။ ထို.ကြောင်. ပြည်သူဘဏ္ဍာငွေဆုံးရှုံးမှုမရှိစေရန်အတွက် ကြွေးကျန်လုပ်ငန်းရှင်များအား ပြစ်မှုကြောင်းအရတရားစွဲအရေးယူရန် ဆုံးဖြတ်ပြီး အများနှင်.သက်ဆိုင်သော ပစ္စည်းကာကွယ်စောင်.ရှောက်ရေး ဥပဒေပုဒ်မ (၃) ဖြင်.တရားစွဲဆိုမည်ဖြစ်ကြောင်း သတင်းစာတွင်ဖော်ပြခဲ.သည် ။ ကြွေကျန်အများဆုံးပုဂ္ဂိုလ် (၁၀) ဦးအမည်စာရင်းကိုဖော်ပြခဲ.ရာ ဦးမင်းသိမ်း ဆိုသူမှာ အမှတ်စဉ် (၁) နှင်. အမှတ်စဉ် (၂) ဟူ၍ နှစ်ကျော.ပြန် နှစ်ခါပြန်ပါနေသည်ကို အံ.သြဖွယ် တွေ.ရှိရသည် ။ ပို၍အံ.သြစရာကောင်းသည်မှာ အကြွေးဆပ်ရမည်.ပမာဏမှာ ပထမ အကြိမ်တွင် ကျပ်သန်းပေါင်း ၆၇၅၅ ကျော် ၊ ဒုတိယအကြိမ်တွင် ၄၈၂၄ သန်းကျော် ( နှစ်ကြိမ်ပေါင်းအတွက် ကျပ်သန်းပေါင်း ၁၁၅၇၉ ) ဖြစ်နေခြင်းဖြစ်သည် ။ ထိုမျှများပြားသောငွေကို ၂၀၀၃ ခုနှစ်ကတည်းကမပေးဆပ်ခြင်းကို ဆယ်.နှစ်နှစ်ကြာသည်. ၂၀၁၅ အထိ အရေးယူခဲ.ခြင်းမရှိသည်.အပေါ်တွင်အံ.သြမိပါသည် ။
သာမန်တိုင်းသူပြည်သားများမှာ ယခုလမီတာမဆောင်နိုင်လျှင် ယခုလပင် မီးလာဖြတ်ခံရစမြဲဖြစ်သည် ။ ယနေ.ဈေးကောက်မပေးနိုင်လျှင် ယနေ.ပင် လမ်းဘေးဈေးဆိုင်အပိတ်ခံရမည်ဖြစ်သည် ။ အစိုးရသို.ပေးရန်ရှိသော ငွေကျပ်ထောင်ဂဏန်း ၊သောင်းဂဏန်းမှသည် ၊သိန်းဂဏန်းအထိ မည်သည်.အခါမှ စောင်းဆိုင်းရိုး ၊ သည်းခံရိုး ၊ မေ.လျှော.ရိုးမရှိသည်.အစိုးရက ငွေကျပ် ၂၉ ဘီလီယံ ( ၁ ဘီလီယံ သည် သန်းတစ်ထောင်ဖြစ်သည် ) ကို ၁၂ နှစ်အမေ.ခံထားသည်ဆိုခြင်းကလည်းစိတ်ဝင်စားစရာဖြစ်သည် ။ ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ အကြွေးပေးခဲ.သူ ၀န်ကြီး ဦးမောင်မောင်သိမ်းနှင်. အကြွေးယူခဲ.သူ ဦးမင်းသိမ်းတို.သည် သားအဖတော်စပ်နေခြင်းဖြစ်သည် ။ အဖေက၀န်ကြီး ၊ သားက ထိုဝန်ကြီးဌာနမှ ငွေသန်းပေါင်းတစ်သောင်းကျော် (သိန်းပေါင်းတသိန်းတသောင်းကျော်) ကို အကြွေးယူခဲ.သည် ။ စာရင်းပျောက်အင်းပျောက် နှစ်ပေါင်းများစွာဖြစ်နေခဲ.သည် ။ထိုသို.ယူထားသူများမှာလည်မနည်းမနောပင်ဖြစ်သည် ။ ဦးသုတရွှေဆိုသူက ကျပ်သန်းပေါင်း (၆၀၂၆ ) သန်း ၊ ဦးဇော်ဇော်တိုး ဆိုသူက ကျပ်သန်းပေါင်း (၂၀၅၇)သန်း ၊ ဦးကြည်ဝင်းဆိုသူက (၁၄၆၉)သန်း ၊ ဦးဟိန်းဇော်စစ်ဆိုသူက ကျပ်သန်းပေါင်း(၁၄၁၀)သန်း(ဦးဟိန်းဇော်စစ်ဆိုသူ၏အဘအမည်ကိုသတင်းစာထဲတွင်ဖော်ပြခြင်းမပြုပဲချန်လှပ်ထားခဲ.သည် ။ တပ်မတော်အရာရှိကြီးတဦး၏သားမို.အချင်းချင်းဝိုင်းဝန်းဖုံးဖိပေးခြင်းဟုအချို.ကဝေဖန်ကြသည် ) ၊ ဦးမျိုးအောင်ဆိုသူက ကျပ်သန်းပေါင်း(၁၂၇၉) သန်း၊ ဦးမိုးဆိုသူက ကျပ်(၇၇၆ )သန်း ၊ဦးခင်စိုးက ကျပ် (၅၀၆)သန်း ၊ ဦမျိုးမင်းသိမ်းက ကျပ်သန်းပေါင်း ( ၄၈၄)သန်း တို.ဖြစ်ကြသည် ။ အခြားသူများလဲအမြောက်အများကျန်ရှိသေးသည်ဟုသိရ၏ ။ တိုင်းသူပြည်သားများ အလုပ်သမားများအတွက်တနေ.လုပ်ခ ကျပ် ၃၆၀၀ ရရှိရန် သွေးနှင်.ချွေးနှင်.ရင်း၍တောင်းဆိုနေရချိန်တွင် အာဏာရှိအသိုင်းအ၀ိုင်းက နိုင်ငံ.ငွေကို အလွဲသုံးစား လုပ်ကြပုံများမှာ ယုံနိုင်ဖွယ်ရာမရှိ ။ ဒါတောင်ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပထမအကြိမ်ပြည်သူ.လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင် မေးမြန်းခဲ.သဖြင်.ပေါ်ပေါက်လာခဲ.ခြင်းဖြစ်ရာ မမေးမြန်းနိုင်သေးသောအလွဲသုံးစားမှုပေါင်းဘယ်ရွေ.ဘယ်မျှကျန်သေးသနည်းဟုတွေးဆဖွယ်ရာဖြစ်သည် ။သတ္တုတွင်းဝန်ကြီးဌာနသို. ရွေတူးဖော်သောကုမ္မဏီများမှ ပေးသွင်းရန် ရွှေပိသာချိန်ပေါင်းများစွာကျန်ရှိနေသောသတင်းကို ယခင်နှစ်များက ဖတ်လိုက်ရသည် ။ ပိသာပေါင်းများစွာနိုင်ငံတော်သို.ပေးသွင်းရမည်.ရွှေများသည် ယခုအခါအကြေအလည်ပေးသွင်းပြီးသွားပြီလား ။ ထုံးစံအတိုင်း ဆက်မတောင်းပဲ ဟိုလိုလိုသည်လိုလိုဖြင်.ပြီးသွားပြီလားစိတ်ဝင်စားစရာဖြစ်သည် ။ ၀န်ကြီးဌာနများသည် စည်းကမ်းနှင်.မညီသော ဘဏ္ဍာငွေသုံးစွဲမှုများပြုလုပ်နေကြောင်းပြည်သူ.လွှတ်တော်ငွေစာရင်းဌာနကမကြာခနတင်ပြခဲ.ဖူးသည် ။ လူမှုဝန်ထမ်းဦးစီးဌာန ၊ကယ်ဆယ်ရေးနှင်.ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကချင်စစ်ဘေးဒုက္ခသည်များကိုကူညီရန် နိုင်ငံတော်မှ ကျပ်သိန်းတထောင်ထုတ်ယူသွားပြီး အလှူရှင်ပေါ်ပေါက်လာသောကြောင်.ဟုဆိုကာထိုငွေသိန်းတထောင်ကိုအခြားနေရာတွင်ပြောင်းရွေသုံးစွဲလိုက်ခြင်းသည် ဘဏ္ဍာရေးစည်းမျဉ်းများနှင်.မညီညွတ်ကြောင်းမစီရင်ခံစာတခုမကြာမီကပေါ်ထွက်လာဖူးသည် ။ ယခုအစိုးရလက်ထက်တွင်နိုင်ငံတော်စာရင်းစစ်ချုပ်ဗိုလ်ချုပ်လွန်းမောင်က နိုင်ငံတော်စာရင်းများကိုတိတိကျကျဖော်ထုတ်သောအခါ ရာထူးမှအနားပေးခံရတာလည်း စိတ်ဝင်စားဖို.ကောင်းသည် ။ နိုင်ငံတော်သည် စာရင်းစစ်မခံနိုင်သည်.အသွင်ဆောင်နေပါသည် ။
လုပ်ခဲ.ကိုင်ခဲ.ကြသည်မျးကတော.ခပ်ရိုးရိုးအကွက်များပဲဖြစ်သည် ။ အဖေက၀န်ကြီးဖြစ်သည် ။ သားကကုမ္မဏီထောင်သည် ။ သားပစ္စည်းကို ဖခင်ဝန်ကြီးဌာနကိုမ၀ယ်မနေရရောင်းမည် ။ ဖခင်ဝန်ကြီးက သားကို ငွေထုတ်ချေးမည် ။လုပ်ပိုင်ခွင်.များချပေးမည် ။ ကန်ထရိုက်များချပေးမည် ။ တင်ဒါအောင်မည် ။အဖေနှင်.သား ပေါင်းကာနိုင်ငံ.ဘဏ္ဍာငွေများ ပျော်ပျော်ပါးပါး အသုံးချကြမည် ။ စာရင်းစစ်မရှိ ၊ ပြိုင်ဘက်မရှိ ၊ မရမှာမပူနှင်. မမြတ်မှာမပူနှင်.၊ သူဌေးမဖြစ်မှာမပူနှင်. ။ ချက်ခြင်း ဇောတိက ၊ အနာတပိဏ် ၊ ဇေတ၀န်တို.လိုချမ်းသာစေရမည် ။ ဘေလ်ဂိတ်တို.ကိုသနားသည် ။ ဤအဖြစ်များသည် မွေးမြူရေး၊ရေလုပ်ငန်း နှင်.ကျေးလက်ဒေသဖွံ.ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတခုတည်းကိုဆိုလိုသည်မဟုတ် ။ အဖေနှင်.သားပေါင်းကာရိုက်စားခွင်လုပ်မှုသည် မြန်မာနိုင်ငံ၏၀န်ကြီးဌာနအသီးသီးတွင်အမြစ်တွယ်နေသည်မှာကြာချေပြီ ။ဆက်သွယ်ရေးဝန်ကြီးဌာန ၊လျှပ်စစ်ဝန်ကြီးဌာနမှဝန်ကြီးများကိုတာဝန်မှ ရပ်ဆိုင်းလိုက်စဉ်က အကျင်.ပျက်ခြစားမှုများကြောင်.ဟု ပြောသံများထွက်ပေါ်ခဲ.သော်လည်း အစိုးရသည် မည်သည်.အခါမှ လာဘ်စားမှုများကို ထိထိရောက်ရောက်ပွင်.လင်းစွာကြေငြာရိုးမရှိခဲ.ပေ ။ ကျပ်သန်းပေါင်းဘီလီယံချီ၍ ငွေကြေးကွာဟမှုများဖြစ်နေစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဟောင်း ( သာသနာရေးဝန်ကြီး ) ဦးဆန်းဆင်.ကို ငွေကျပ် သိန်း (၁၀၀ )ကွာဟမှုဖြင်.ထောင် (၁၀)နှစ်ချခဲ.ခြင်းမှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်သည်ထက် နိုင်ငံရေးအငြှိုးဖြင်.ဆောင်ရွက်သလိုဖြစ်နေပေသည် ။ ကြီးမားသောအမှုကြီးများမှာမူကားမြန်မာနိုင်ငံတွင်ဘယ်သောအခါမှထိထိရောက်ရောက်အရေးယူခံရသည်မရှိခဲ.ပါ ။ လာဘ်စားသောတရားသူကြီးကို ရာထူးမှအနားယူခိုင်းခြင်းသည် စည်းစိမ်မပျက် ခိုးရာပါပစ္စည်းကိုခံစားစံစားစေသည်နှင်.တူနေပေသည် ။အာဏာအလွဲသုံးမှု ၊အဂတိလိုက်စားမှုတို.အတွက် ဦးဆန်းဆင်.မှတပါး မြန်မာနိုင်ငံဝယ် မည်သည်.၀န်ကြီး မှ ထောင်ဒဏ်အပြစ်ပေးခံရခြင်းမရှိသေးချေ ။
ကမ္ဘာတွင် အဂတိလိုက်စားမှု အကင်းရှင်းဆုံးဆယ်နိုင်ငံသည်အောက်ပါအတိုင်းဖြစ်၏ ။
၁။ ဒိန်းမတ်
၂။ နယူဇီလန်
၃။ ဖင်လန်
၎။ ဆွီဒင်
၅။ နော်ဝေ
၆။ စင်္ကာပူ
၇။ ဆွစ်ဇာလန်
၈။ နယ်သာလန်
၉။ ၾသစေတးလ်
၁၀။ ကနေဒါ နိုင်ငံတို.ဖြစ်သည် ။
အရှေ.တောင်အာရှမှ စင်္ကာပူသည် ကမ္ဘာ.လာဘ်မစားဆုံးနိုင်ငံတွင် နော်ဝေနိုင်ငံနှင်. ပူးတွဲလျက် အဆင်. (၅ ) ရရှိထား၏ ။ စင်္ကာပူမှ သုံးနာရီခန်.လေယာဉ်ဖြင်.သွားသည်နှင်.ရောက်လာသော မြန်မာနိုင်ငံမှာမူ ကမ္ဘာ.လာဘ်မစားဆုံး တွင် ၁၇၅ နိုင်ငံတန်းစီရာ နံပါတ် ၁၅၇ ဖြစ်သည် (မြန်မာအောက်တွင် ၁၈ နိုင်ငံ ရှိသေးသဖြင်.ကြံဖန်ဂုဏ်ယူနိုင်သေး၏ ) ။စင်္ကာပူသည်အဘယ်.ကြောင်. ကမ္ဘာ.လာဘ်ပေးလာဘ်ယူအနည်းဆုံးနိုင်ငံစာရင်းတွင် အဆင်. (၅) ၀င်ရသနည်း ။ ရှင်းပါ၏ ။လာဘ်ပေးလာဘ်ယူမှုကိုအစိုးရက အမှုကြီးသည် ငယ်သည်မရွေး ၊ ရာထူးကြီးသည် ငယ်သည်မခွဲပဲ ထိထိရောက်ရောက် အရေးယူသောကြောင်.ဖြစ်သည် ။ စင်္ကာပူတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.Corrupt Practices Investigation Bureau( CPIB ) အဖွဲ.ဟူ၍ဖွဲ.ထားရာထိုအဖွဲ.သည် လုပ်ပိုင်ခွင်.အာဏာအပြည်.ရှိသဖြင်. အစိုးရဌာနတိုင်းကကြောက်ကြရသည် ။ CPIB အဖွဲ.နည်းတူ နိုင်ငံတော်စာရင်းစစ်အဖွဲ.သည်အလွန်အာဏာရိပေ၏ ။ CPIB အဖွဲ.၀င်များမှာသန်.ရှင်းသောသူများနှင်.သာဖွဲ.ထားသည် ။ ပိုင်ဆိုင်မှုကိုကြေငြာထားရသည် ။ အချင်းချင်းငွေချေးငှားခွင်.ပင်မရှိ ။ဘဏ်များမှ သုံးလစာထက်ပို၍ အကြွေးယူခွင်. ၊အကြွေးဝယ်ခွင်.မရှိ ။မိမိတို.စုံစမ်းနေသူများနှင်. အပျော်အပါး၊ကပွဲ ၊စားသောက်ပွဲများ သွားခွင်.မရှိ ။ တနှစ်ကုန်လျှင်ထိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.၀င်များအား နိုင်ငံတော်မှဒေါ်လာသိန်းနှင်.ချီ၍ ဆုငွေချီးမြင်.၏ ။ ထိုအဖွဲ.က ခေါ်လျှင် အားလုံးသွားရောက်ပြီးအစစ်ခံရသည် ။CBI ၀န်ထမ်းများသည် အစိုးရအမှုထမ်းများ၊လွှတ်တော်အမတ် ၊ အရာရှိကြီးများ ၊ လိုအပ်ပါက ၀န်ကြီးချုပ်အထိ စစ်ဆေးမေးမြန်းပိုင်ခွင်.ရှိလေသည် ။ CPIB ထံရောက်လာသော အမှု များအနက် သုံးပုံ နှစ်ပုံမှာအရေးယူအပြစ်ပေးခံကြရလေသည် ။ ပြည်သူလူထုထံမှလာဘ်စားမှုအတွက်တိုင်ကြားချက်များ၊ အကြံပေးချက်များကို စုံစမ်းသည် ။ သတင်းပေးသူကိုအပြည်.အ၀လုံခြုံမှုပေး၏ ။ မြန်မာပြည်တွင်တော.ပြောင်းပြန်ဖြစ်သည် ။ သတင်းပေးသူကိုပင် မမှန်ကန်ကအရေးယူမည်.သဘောမျိုး ဥပဒေပြဌာန်းထား၏ ။ စင်္ကာပူတွင် လာဘ်ပေးလာဘ်ယူကိစ္စကို အပြင်းအထန်နှိပ်ကွက်ရာ ၂၀၁၀ နောက်ပိုင်း စင်္ကာပူ ၏ အကြီးဆုံးလာဘ်ပေးလာဘ်ယူမှုကြီး(၅)မှုမှာ မြန်မာနိုင်ငံမှလာဘ်စားကြသူများနှင်.နှိုင်းယှဉ်ကြည်.လျှင်ရယ်စရာပင်ကောင်းသေးတော.သည် ။
ပထမအမှု မှာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.ကြီးမှလူ က အရင်ဆုံးရေးယူခံရခြင်းဖြစ်သည် ။ အက်ဒ်ဝင်ယို ( Edwin Yeo ) သည် လာဘ်စားမှုတိုက်ဖျက်ရေးဗျူရိုမှဌာနမှူးတယောက်ဖြစ်သည် ။သူသည်လောင်းကစား ၀ါသနာပါသဖြင်. ကာစီနိုကစားဝိုင်းများတွင်လောင်းကစားရာမှ ရှုံးပြီးရင်းရှုံးဖြစ်နေပေသည် ။ သူ၏လုပ်ပိုင်ခွင်.အရ အစိုးရငွေများကို အွန်လိုင်းမှတဆင်.သူ.ဘဏ်စာရင်းထဲခနလှည်.ပြီးငွေပြန်ပေါ်လာလိုလာ ပေါ်လာငြား ဆက်လက်လောင်းကစားတော.သည် ။နိုင်လျှင် အစိုးရငွေကိုပြန်ဖြည်.လိုက်မယ်ဟူသောရည်ရွယ်ချက်ဖြင်.လောင်းကစားလိုက်ရာ ဒေါ်လာတသန်းအထိရောက်သွားတော.သည် ။ ထိုအချိန်တွင်စာရင်းစစ်ဝင်ရာ အက်ဒ်ဝင် မှာ အဖမ်းခံရတော.သည် ။အလုပ်ပြုတ်ပြီးထောင် (၁၀)နှစ်ကျ၏ ။ အလွဲသုံးသောငွေဖြင်.၀ယ်ယူထားသော အိမ် ၊ခြံမြေ စသော ပိုင်ဆိုင်မှုမရှိသဖြင်. သူ၏မိန်းမ ၊ဆွေမျိုးများ၏ ပိုင်ဆိုင်မှုကို အသိမ်းမခံရပေ ။ လာဘ်စားငွေဖြင်.၀ယ်ထားတာရှိလျှင်တော. မည်သူ.နာမည်ဖြင်.ပဲဝယ်ထားသည်ဖြစ်စေ နိုင်ငံပိုင်အသိမ်းခံရပေမည် ။ဤအမှုမှာ ကြီးမားသောလာဘ်စားမှုကြီး နံပါတ်(၁)အဖြစ်စင်္ကာပူတွင်ကျော်ကြားသွား၏ ။
ဒုတိယအမှုမှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဌာနကြီးမှုး Lim Cheng Hoe ၏အမှုဖြစ်သည် ။ သူသည် နိုင်ငံခြားမှစင်္ကာပူသို.ရောက်လာသော သံတမန်များအတွက်လက်ဆောင်ပစ္စည်းများဝယ်ရသောတာဝန်ကိုယူရသည် ။ အချိုရည် ၊၀ိုင်အရက်များဝယ်ရာတွင် ၂၂၂၆ ပုလင်းသာတကယ်ဝယ်သော်လည်း စာရင်းပြသောအခါ ၁၀၀၇၅ ပုလင်းပြထားပေ၏ ။ စင်္ကာပူဒေါ်လာ ရှစ်သောင်း ကိုးထောင် ( S$ ၈၉၀၀၀ ) အလွဲသုံးစားလုပ်ခြင်းဖြစ်သည် ။ အမှုပေါင်း (၁၀) မှုဖြင်. သူ.ကိုတရာစွဲပြီး အလုပ်ပြုတ်သည်အပြင် ထောင်ဒဏ် (၁၅)လ ချမှတ်အပြစ်ပေးခြင်းခံရ၏ ။
တတိယအမှုမှာ မစ္စတာပီတာလင်း ဆိုသော လူ ။ အစိုးရမီးသတ်ဌာနမှဌာနမှူးကြီး ။ သူ.ဌာနမှ လိုအပ်သောတင်ဒါတစ်ခုကိုအောင်မြင်ရန် ကုမ္မဏီတခုမှ အမျိုးသမီးတဦးက ချဉ်းကပ်သည် ။ထိုလူက လာဘ်ငွေမယူသဖြင်. အသက် ၄၀ အရွယ်အမျိုးသမီးက ထိုလူနှင်.အတူအိပ်ပြီး ကာမလာဘ်ထိုးလိုက်သည် ။ တင်ဒါလဲအောင်သွား၏ ။ သို.သော် ဤအမှုကိုအစိုးရကသိသွားပြီး မစ္စတာ ပီတာလင်းအလုပ်ပြုတ်၍ထောင် ခြောက်လကျသွား၏ ။ Ms Pang Chor Mui ဆိုသောအမျိုးသမီးကိုလဲသူ.ကုမ္မဏီမှအလုပ်ထုတ်ပါယ်လိုက်၏ ။
စတုတ္ထအမှု မှာ မြန်မာ.စံချိန်နှင်.ကြည်.လျှင် လာဘ်စားမှုပင်မြောက်သည်ဟုခေါ်ကြမည်မဟုတ်ပေ ။ အမှုမှာ စင်္ကာပူအစိုးရပန်းခြံများဌာန၏ လက်ထောက်ဒါရိုက်တာ ဘားနဒ် သည် ပန်းခြံထဲတွင် သုံးမည်.အပျော်စီးစက်ဘီး ၂၆ ခု (ဒေါ်လာ ၂၀၀၀ ) ဖိုးလောက်တင်ဒါခေါ်ရာတွင် သူ.မိတ်ဆွေတဦးကိုရပါစေဆိုသောစိတ်ဖြင်. အခြားသူများတင်သွင်းသောတင်ဒါဈေးနှုန်းလျှို.၀ှက်ချက်များကိုပြောပြလိုက်သဖြင်. မိတ်ဆွေဖြစ်သူတင်ဒါအောင်သွား၏ ။ ထိုကိစ္စကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.သိသောအခါ အလုပ်ပြုတ် ၊ ထောင်တနှစ်ကျရုံမက ၊ဒေါ်လာ ငါးထောင်ပင်ဒဏ်ငွေဆောင်လိုက်ရသေး၏ ။
နောက်တစ်ယောက်ကတော. စင်္ကာပူအမျိုးသားတက္ကသိုလ် ( National University of Singapore ) မှ ပါမောက္ခတဦးဖြစ်သည် ။ Tey Tsun Hang ဆိုသော သူသည် NUS တက္ကသိုလ်၌ဥပဒေပါမောက္ခဖြစ်သည် ။သူသည် ကျောင်းသူတဦးအား ကာမရယူကာ စာမေးပွဲအအောင်ပေးလိုက်၏ ။ Sex နှင်. စာမေးပွဲလဲလှယ်ခြင်းဖြစ်သည် ။ထိုအမှုပေါ်သောအခါ ပါမောက္ခသည် ထောင်ငါးလကျပြီး ဒဏ်ငွေ(၅၁၄)ဒေါ်လာ ချမှတ်ခံရပေ၏ ။ ဤကားစင်္ကာပူ၏၂၀၁၀ နောက်ပိုင်းအထင်ရှားဆုံးလာဘ်စားမှုငါးမှုပေတည်း ။
မြန်မာနိုင်ငံတွင်လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကော်မရှင်အား ၂၀၁၄ တွင်သမ္မတနှင်.လွှတ်တော်မှဖွဲ.စည်းခဲ.ပေသည် ။ စင်္ကာပူ CPIB ကဲ.သို. လုပ်ပိုင်ခွင်.အာဏာအပြည်.ရှိသောအဖွဲ.တော.ဟုတ်ဟန်မတူ ။ အဖွဲ.ဥက္ကဌမှာ ဦးမြ၀င်း(စစ်မှုထမ်းဟောင်း) ၊ အတွင်းရေးမှူးမှာ ဦးတင်ဦး(သံအမတ်ကြီးဟောင်း) ၊ အဖွဲ.၀င်များမှာဦးကျော်ကျော် ( နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ချုပ် ) ၊ ဦးစိုးတင်.(ညွှန်မှူး ၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး) ၊ ဦးသန်းအောင် (ရှေ.နေချုပ်ရုံး ) ဦးမောင်ရှိန်(စစ်မှုထမ်းဟောင်း) ၊ ဒေါက်တာတိုက်စံ (ပါမောက္ခ-တပ်မတော်နည်းပညာတက္ကသိုလ်) ၊ ဦးနေ၀င်း(သံအမတ်ကြီး) ၊ စသည်.ညွှန်မှူး ၊ညွှန်ချုပ် အများစုပါဝင်သောအဖွဲ.ဖြစ်သည် ။ သို.သော် မြန်မာနိုင်ငံတွင် ယနေ.အထိ လာဘ်ပေးလာဘ်ယူမှုကြောင်. စင်္ကာပူမှာလို ထိထိရောက်ရောက်အရေးယူသည်.ကြီးမားသောအမှုများတစ်မှုမှမပေါ်ပေါက်သေးချေ ။ ဦးဆန်းဆင်.၏ သိန်း ၁၀၀ အလွဲသုံးစွဲမှုသာရှိပေရာ သိန်းတရာထက်မကအလွဲသုံးစားခဲ.ကြသော မြန်မာအစိုးရ အရာရှိကြီးများ၏ အမှုများမှာ ကိုယ်ပျောက်ဆေးစားထားသကဲ.သို. ပျောက်ခြင်းမလှပျောက်ကွယ်နေပေတော.သည် ။
တချို.ကထင်ကြသည်မှာ ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ.၊သို.မဟုတ် နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီ အဖွဲ.၀င်တစ်ဦးဦး ၊သို.မဟုတ် အစိုးရအဖွဲ.၀င်တစ်ဦးဦး၏တာဝန်အရဆောင်ရွက်ချက်များအပေါ်အကြောင်းပြုလျက် ယင်းတို.အားတရားစွဲ ဆိုခြင်း၊ အရေးယူခြင်းမရှိစေရ ဟုပါရှိသောကြောင်. ၎င်းတို.ငွေကြေးအလွဲသုံးစားလုပ်ခဲ.သည်များကို စစ်ဆေးအရေးယူပိုင်ခွင်.မရှိဟုထင်မြင်နေကြပေသည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေတွင် အတိအလင်းရေးထားသည်မှာ တာဝန်အရဆောင်ရွက်ချက်များ အပေါ် အရေးယူခြင်းမရှိစေရဟုရေးသားထားခြင်းဖြစ်သည် ။ နိုင်ငံတော်ဘဏ္ဍာ အလွဲသုံးစားလုပ်ခြင်းသည် တာဝန်အရလုပ်ခြင်းမဟုတ်ပဲ မိမိကိုယ်ကျိုးအတွက်ဆောင်ရွက်ခြင်းဖြစ်သည် ။ ဤကိစ္စများသည် ရာဇ၀တ်မှုဖြစ်သည် ။ လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ.စည်းပုံအခြေခံဥပဒေ ခုံရုံးသို. ရှင်းလင်းချက်ပေးပါရန်တောင်းခံရမည်. စာသားဖြစ်သည် ။ တာဝန်အရဆိုတာဘာလဲ ။ နိုင်ငံ.ဘဏ္ဍာများအလွဲသုံးစားခြင်းသည် တာဝန်ဆိုသော စကားနှင်.အကျုံးဝင်ပါသလား ။ တာဝန်ဆိုတာခြစားခြင်းဖြစ်ပါသလား ။ ခြစားခြင်း ၊ လာဘ်စားခြင်း ၊ ကိုယ်ကျိုးအတွက်လုပ်ခဲ.ခြင်း ။ နိုင်ငံပိုင်ငွေကို မိမိသူငယ်ချင်း၊မိသားစု၊ဆွေမျိုးအတွက် အသုံးချခဲ.ကြခြင်းတို.သည် စင်္ကာပူတို. ၊တရုတ်ပြည်တို. ၊ဒိန်းမတ်တို.မှာဆိုလျှင်တော. ကြီးမားသောရာဇ၀တ်မှုဖြစ်သည် ။ သူခိုးကြီးသောအခါ ဓါးပြဂိုဏ်းဖြစ်သွားတတ်၏ ။ ဓါးပြကြီးသောအခါနိုင်ငံတော် ခြစားမှု ဟုခေါ်တွင်ရမည် ။ ခြစားမှုကို ဖွဲ.စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးခြင်းမျိုးတော.မဖြစ်စေလိုပါ ။ခေါင်ကမလုံသောအခါတအိမ်လုံးခြများ သောင်းကျန်းကြပါလိမ်.မည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၄.၈.၂၀၁၅
ကိုးကား
Read More...

ကမ္ဘာဦး(Thai Pot) ယိုးဒယားအသားကင်ဆိုင်

Leave a Comment

ကမ္ဘာဦး(Thai Pot) ယိုးဒယားအသားကင်ဆိုင်







Read More...

ပြည်မြို့ရှိ ရပ်ကွက်အချို့ရေ၀င်ရောက်မှု မှတ်တမ်းဓါတ်ပုံများ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပြည်မြို့ရှိ ရပ်ကွက်အချို့ရေ၀င်ရောက်မှု
မှတ်တမ်းဓါတ်ပုံများ
ပြည့်သဲမောင်(ပြည်)09 4236 71883




 








Read More...

" ဘဘကြီး နေကောင်းအောင်နေနော်" တဲ့ Thiha Lwin ဓာတ်ပုံ ငြိမ်းချမ်းဝေ

Leave a Comment

" ဘဘကြီး နေကောင်းအောင်နေနော်" တဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့အတွက် လက်ထိပ်တန်းလန်းနဲ့ ကားပေါ်တက်သွားတဲ့ သူ့အဖိုးကို မျက်ရည်စက်လက်နဲ့ လက်ပြ နုတ်ဆက်နေတဲ့ မိုးရေထဲက ခြေက်နှစ်အရွယ် ကလေးမလေးကို မြင်ရတော့ ရင်ထဲနင့်ခနဲဖြစ်သွားမိတယ်။ သိမ်းခံရတဲ့ မြေတွေပြန်ရဖို့အတွက် လှုပ်ရှားရင်းနဲ့ ဇူလိုင် ၂၉ရက်နေ့က သူ့အဖိုး ထောင်ဒဏ်ချမှတ်ခံလိုက်ရတယ်။ အဲဒီလို့ပဲ သူတို့ ရွာက တောင်သူ တောင်သူဆယ် ဦးထက်မနည်း လည်း တရားရုံးမှာ ကိုယ်မြေကိုလုပ်လို့ ပိုက်နက်ကျူးလွနမှုနဲ့ တရားရင်ဆိုင်နေရတယ် ပုံထဲကအမျိုးသမီးဆိုရင် ကိုယ်ဝန်သုံးလ ကတည်းက တရားရင်ဆိုင်ရတာ အခု ကလေးမွေးလို ဒီအရွယ်ရောက်တဲ့အထိပဲ။ တရားခွင်ထဲမှာ ကလေးကို တစ်ဖက်က ချီလို့ ရှေ့နေက စစ်မေးခြင်းကိုခံနေရတယ်။ တရားခွင်ရဲ့ အပြင်မှာလည်း တောင်သူတွေ သားသမီးအချို့ ကိုယ့်မိဘတွေ စစ်မေးခံ နေရချိန်မှာ သူတို့က အပြင်မှာ ဆော့ကစားလို့။ မကြာခင် ကျနော်ထင်တယ် အဲဒီတောင်သူတွေလည်း အထဲရောက်တော့မှာ။ အဲဒီမြင်ကွင်းတွေမြင်တော့ ကျနော်စိထဲ တကယ်မကောင်းကူး ရေးတဲ့သတင်းတွေမှာ တစ်ဖက်ဖက် ပါမိတော့မယ်။ လူပဲလေ ခံစားချက်တော့ ရှိတာပေါ့။ ဆင်းရဲသား နင်းပြားဘဝတွေ ကလေးတွေရဲ့ အနာဂတ် မိသားစု အသိုက်အမြုံ လေးတွေ ပြိုကွဲနေ ကြတာမြင်တော့ မျက်ရည်ဝဲမိတယ်။ လောကကြီးက ဘာဖြစ်လို့ မမျှတရတာလဲ။ တောင်သူဖက်က မှားတာဆိုတာမရှိဘူး စားရာမဲ့ သောက်ရာမဲ ဘဝတွေပေါ်ကို နင်းခြေပြီး အပေါ်ကို တက်လှမ်းနေကြတဲ့ ခင်ဗျားတို့ ရဲ့ ဒီမိုကရေစီ အစိုွးှရဆိုတာကြီး ကိုတစ်ကယ်ရွံမုန်းမိတယ်ဗျာ။ သွေးနုနု သားနုနု မိတစ်ကွဲ ဖတစ်ကွဲနဲ့ စားရာမဲ့ သောက်ရာမဲ့ ဖြစ်နေတဲ့ တောင်သူတွေနေရာမှာ ကိုယ့်သားသမီးတွေ ဆိုရင် အာဏာပိုင်လီို့ အမည်ခံထားတဲ့ ခင်ဗျားတို့သာဆိုရင် ဘယ်လိုနေကြမလဲ ကိုချင်းစာတရားထားကြပါဗျာ။ မြေတွေပြန်မပေးရင်နေပါ သူ့တို့ ဘဝတွေပာကိုတော့ ထပ်ပြီးမနင်းခြေကြပါနဲ့။

Thiha Lwin
ဓာတ်ပုံ ငြိမ်းချမ်းဝေ

Read More...

Tuesday, July 28, 2015

ကာတွန်းချစ်သူများသိစေရန် ကာတွန်း ကာဠုပြည်

Leave a Comment

ကာတွန်းချစ်သူများသိစေရန် ကာတွန်း ကာဠုပြည်

Read More...

ပြည်ဖျက်ကြသူများ သရ၀ဏ်(ပြည်)

Leave a Comment

ဒီတစ်ပါတ်ဟစ်တိုင်မှာကျွန်တော်ရေးခဲ.တဲ. အဲဒိဆောင်းပါးပေါ. ၊ ပြည်ကခရိုနီတစ်ယောက်က စာစောင်အားလုံးဝယ်ပြီးဖျက်ဆီးပစ်သတဲ. ။ ဟစ်တိုင်ဂျာနယ်ကလည်း အရွဲ.တိုက်ပြီး စာမျက်နှာ (၇) ကို ပြည် Happy Mart မှာအခမဲ.ထပ်ပို.ဦးမတဲ. ။ ခရိုနီ Vs ကိုညီပေါ. ။ အရင်တစ်ပါတ်ကလည်း News Watch ဂျာနယ်က " အရှက်ရှိကြရဲ.လား"ဆိုတဲ.ဆောင်းပါးကို ခရိုနီကြီး ဦးထိုင်ထိုင်ကအဲဒိလိုဖျက်ဆီးခဲ.သေးတယ်။ အခုလဲအနာပေါ်တုတ်ကျသဗျ ။ဖတ်ကြည်.လိုက်ပါဦး ။ပြီးတော.ရှယ်လိုက်ကြ ပါဦး ။
...........................................................................
ပြည်ဖျက်ကြသူများ
Bar Camp Pyay 2015 အဖွဲ.မှဖိတ်၍ ယခုတစ်ခေါက်ပြည်မြို.
သို.ပြန်ရောက်တော. ၀မ်းသာဝမ်းနည်းဖြစ်ရသည် ။
ဝမ်းသာတာက ဘားကမ်.ပွဲတော်တွင် ဒေသခံလူငယ်များအား ဗဟုသုတများဖြန်.ဝေဟောပြောပေးနိုင်ခဲ.သောကြောင်.ဖြစ်သည် ။
ကျွန်တော်၊ ကာတွန်းစိုးသော်တာ ၊ ကာတွန်းကိုရွှေထူး(ပြည်) ၊
အဆိုတော်အရိုး ၊ ဘလော.ဂါနေဘုန်းလတ် ၊ စသူများက
မိမိကျွမ်းကျင်ရာဘာသာရပ်အလိုက် ၄၅ မိနစ်စီ ၂ ရက်
တိတိ ဟောပြောပေးခဲ.ကြပါသည် ။ နည်းပညာနှင်. ၀ိဇ္ဖာ ၊သိပ္ဖံဘာသာရပ်များကိုစိတ်ဝင်တစားလာရောက်နားထောင်
ကြသော လူငယ်များကိုကြည်.ကာ အားတက်ရမိခြင်းဖြစ်
ပါသည် ။ ၀မ်းနည်းမိခြင်းမှာ မနက်ဘက်လက်ဖက်ရည်သောက်
ရင်း ပြည်မြို.ကမ်းနားလမ်းဘက်သို.ရောက်ခဲ.စဉ်ကဖြစ်သည် ။
 မြစ်ကမ်းနဖူးမှကြည်.လိုက်လျှင် ဧရာဝတီမြစ်ရှုခင်းသည် ပြည်မြို.၌
အလွန်လှပပါသည် ။ စစ်ရှုံး၍ထွက်ခွာရတော.မည်. အင်္ဂလိပ်စစ်သား
များပင် နောက်ဆုံးအနေဖြင်.ပြည်မြို.ကမ်းနားမှ ဧရာဝတီမြစ်
ရှုခင်းကို ကြည်.ရှုခံစားသွားခဲ.သည်ဟု ပြောစမှတ်ရှိပါသည် ။
သို.သော် ထိုနေရာသည် ခရိုနီနှင်. အာဏာရှင်တို.ပူးပေါင်း
စစ်ဆင်မှုကြောင်. ရုပ်ပျက်ဆင်းပျက်စတင်ဖြစ်ပေါ်နေပါပြီ ။
ပထမဦးစွာ Lucky Dragon ဟိုတယ်နှင်. Pyay Strand ဟိုတယ်တို.ရှေ.တွင် မြစ်မြင်ကွင်းကိုပိတ်ဆို.ဆောက်လုပ်
ထားသည်. အဆောက်အဦတစ်ခုပေါ်လာပါသည် ။
အထည်ချုပ်စက်ရုံပဲဆောက်တော.မလို၊ မြို.ခံ လူငယ်
အမျိုးသမီးအယောက် ၄၀၀ အား အလုပ်အကိုင်ပေးတော.
မလိုနှင်. နောက်ဆုံးတွင် သူတို.အကျိုးသာရှိသော ဧရာဦးခန်းမ
ဟူသည်. အဆောက်အဦကြီပေါ်လာပါသည် ။ မြစစ်မြင်ကွင်းကို
ပိတ်၍ဆောင်ခြင်းပင် ။ ဦးထိုင်ထိုင်ဆိုသော ဂန္စာလရာဇ်နွယ်ဖွား
ခရိုနီတစ်ဦးပိုင်ဆိုင်လေ၏ ။ မြို.ခံများအမျိုးမျိုးကန်.ကွက်သော်လည်း
အရာမထင်ပဲ အထက်ကိုအတော် ပိုင်နိုင်ဟန်ဖြင်. ထိုအဆောက်
အအုံပေါ်ပေါက်လာခြင်းဖြစ်သည် ။ ထို.နောက် ဒုတိယ ဦးထိုင်ထိုင် ၊
တတိယဦးထိုင်ထိုင် စသည်ဖြင်. ခရိုနီများတစ်ယောက်ပြီးတစ်ယောက်ပေါ်
လာကာ ထိုနေရာကမ်းနာလမ်းမြေလွတ်မြေရိုင်းမှန်သမျှသည် ခရိုနီများ
လက်တွင်းသို. လူမသိသူမသိသက်ဆင်းကြရလေသည် ။ ပြည်သူ
လူထုသိသောအချိန်တွင် မြေဂရံများကိုပင်လျှင် အာဏာပိုင်တို.က
ချထားပြီးလေပြီ ။ တစ်ကွက် နှစ်ကွက်မဟုတ် ကမ်းနားလမ်းတစ်လျှောက် ရှုခင်းကောင်းသောနေရာ ဖြစ်သည်. ဟန္ဒူဘုရားကျောင်းနဘေးမှ
ဆင်စုရပ်ကွက် ရှိ ပြည်သူ.ဆောက်လုပ်ရေးဝင်းအထိ တစ်ဆက်တစ်
စပ်တည်း (၁၇)ကွက်တိတိ ကို ဂရံထုတ်ပေးလိုက်ခြင်းဖြစ်သည် ။
ထိုဂရန်ရသူများက ကမ်းနားလမ်းတစ်လျှောက် အဆောက်
အဦများအပြိုင်အဆိုင်ဆောင်ကြလျှင် ပြည်သူလူထုသည်
 မြစ်ရှုခင်းကိုမြင်ရတော.မည်မဟုတ်ပါ ။ ယခုအခါ အုတ်တံတိုင်း
ခတ်ရန် ၊ အုတ်မြစ်ချရန်ရည်ရွယ်ချက်ဖြင်. ကမ်နား
လမ်းတစ်လျှောက် ကျောက်တုံးများလာရောက်ပုံထားကြ
သည်မှာ အမဲသားကောင်ကိုအပိုင်းပိုင်းဖြတ်ကာစားသောက်တော.
မည်. ဘီလူးသဘက်များ လျှာတစ်လစ်ထွက်ကာသားရေတမြှားမြှား
ကျနေပုံနှင်.တူလှပါသည် ။ မြန်မာပြည်တလွှားဝယ် ထိုသို. ခရိုနီနှင်.အာဏာရှင်ပူးပေါင်းကာသဘာဝပါတ်ဝန်းကျင်ကို
ပျက်စီးစေသည်.ကိုယ်ကျိုးရှာမသမာမှုအပေါင်းမရေတွက်
နိုင်အောင်ဖြစ်နေခြင်းကိုရပ်တန်.ရန်အချိန်တန်ပါပြီ ။
မြေလွတ် မြေရိုင်းတစ်ခုကို အထူးဂရံအဖြစ်ချထားပေး
ရာတွင် မဖြစ်မနေလိုက်နာရမည်.စံနှုန်းသတ်မှတ်ချက်
များရှိ၏ ။ မြေပိုင်ရှင်တစ်ယောက်သည် မိမိနေနေသော
ဂရံရှိပြီးမြေကွက်နှင်. တဆက်တစပ်တည်း မြေပိုတစ်ခု
ရှိနေပါက အထူးဂရံလျှောက်ထားနိုင်သည် ။ သို.သော်
ထိုမြေသည် စတုရန်းပေ တစ်ထောင်ထက်မနည်းရ ၊
စတုရန်းပေ တစ်သောင်းထက်မပိုရ ။ အများပြည်သူ
အကျိုးအတွက် နောင်တချိန်တွင် ကစားကွင်း ၊ ပန်းခြံ ၊
ဓမ္မာရုံ ၊ ဈေး ၊ အပန်းဖြေရန်နေရာ ၊တည်ဆောက်ရန်ချန်
ထားသောမြေကွက်မြေလွတ်များမဖြစ်စေရပါ ။ ရေပေးဝေရေး ၊
 ဓါတ်ငွေ.ပိုက်လိုင်း ၊ လျှပ်စစ်ဓါတ်ကြိုးလိုင်းများအတွက်ချန်
ထားသောနေရာမဖြစ်ရပါ ။ ထိုသို.လွတ်ကင်းလျှင် အထူးဂရံလျှောက်
နိုင်သည်ဟု သတ်မှတ်ထားပါသည် ။ ဤနေရာ၌ ဥပဒေ၏အဓိက
ဆိုလိုရင်းမှာမိမိအိမ်နှင်.တစ်ဆက်တစ်စပ်တည်းဖြစ်နေသော
 မြေလွတ်တစ်ကွက်ကိုသာလျှောက်ယူနိုင်ခြင်းဖြစ်သည် ။
မဆီမဆိုင်မြေမြင်သမျှ လက်ညှိုးထိုးခွင်.မဟုတ်ပေ ။ ပြည်မြို.တွင်ဦးထိုင်ထိုင်နှင်.အပေါင်းပါတစ်စုအားချပေး
လိုက်သော အထူးဂရန်မြေကွက်များသည် မည်သည်.
ပုဂ္ဂလိကပိုင်မြေတစ်ကွက်နှင်.မှဆက်စပ်နေသည်မဟုတ်ပါ ။
 မြောက်ဘက်စွန်းတွင် ဟိန္ဒူဘုရားကျောင်းရှိပါသည် ။
ထိုဟန္ဒူဘုရားကျောင်းသည် ဦးထိုင်ထိုင်ပိုင်မြေမဟုတ်သဖြင်. ထိုဘုရားကျောင်းဘေးမှမြေကွက်ကိုအထူးဂရန်လျှောက်ယူရန်
၎င်း၌ အခွင်.အရေးမရှိချေ ။ဂရံချပေးလိုက်သောမြေကွက်များ၏
တောင်ဘက်အစွန်းတွင်လည်းအစိုးရပိုင် ပြည်သူ.ဆောက်လုပ်ရေး
လုပ်ငန်းဝင်းမြေနေရာရှိရာ ထိုနေရာမှာ လူတစ်ဦးပိုင်မြေကွက်
မဟုတ်သဖြင်. မည်သူကမျှအထူးဂရံလျှောက်ထား၍ ရမည်မဟုတ် ။
ဤသို.ချထားပေးခြင်းသည် ဥပဒေနှင်.မညီသော ဂရန်ချထားပေးခြင်း
သာဖြစ်၌ လွတ်လပ်သောတရားစီရင်ရေးသာရှိခဲ.လျှင် မူမမှန်
ဂရန်အဖြစ်သတ်မှတ်ခံရကာ မြေကွက်ကိုနိုင်ငံပိုင်ပြန်အသိမ်းခံရမည်
သာမက ဂရန်လျှောက်သူရော ဂရန်ချပေးသူရော အရေးယူခံရမည်ဖြစ်
သည် ။ ရှမ်းပြည်နယ်တောင်ကြီးဘက်တွင် ရပ်ကွက်ပိုင်အားကစားကွင်း
တစ်ခုအား စစ်ဗိုလ်တစ်ဦးက သူ.အမည် ၊ သူ.မိသားစုဝင် အမည်အမျိုမျိုးဖြင်. ဂရန်လျှောက်ထားရယူခဲ.ရာ ပြည်သူလူထုကဥပဒေကြောင်းအရ ပြန်
လည်လျှောက်ထားတောင်းဆိုလာသဖြင်. မူမမှန်ဂရန်
အဖြစ်သတ်မှတ်ကာ မြေကွက်ကိုပြန်လည်သိမ်းဆည်းပြီး မူလအတိုင်းကစားကွင်းအဖြစ်သတ်မှတ်ခဲ.သော ဖြစ်စဉ်တစ်ခုရှိခဲ.
ဖူးသည် ။ ထိုဖြစ်ရပ်သည် ဥပဒေ၏အောင်ပွဲဖြစ်သည် ။ ပြည်သူ
လူထု၏အောင်ပွဲဖြစ်သည် ။ ဆန္ဒပြကန်.ကွက်မည်.အစား မူမှန်ဂရံအဖြစ်သတ်မှတ်ပါယ်ဖျက်စေလိုမှုဖြင်.ခရိုနီများကို
 မြို.ခံအသင်းအဖွဲ.များကတန်ပြန်တရားစွဲရမည်ဖြစ်သည် ။
နောက်တစ်ချက်မှာ မြန်မာနိုင်ငံတွင်တရားဝင်ရှိနေသေးသော
 ရေအရင်းအမြစ်နှင်.မြစ်ချောင်းများထိန်းသိမ်းရေး နည်းဥပဒေ
အခန်း(၁) (ဃ) တွင် “ ဆိပ်ကမ်းနယ်ဆိုသည်မှာဒီရေအမြင်.
ဆုံးတက်ချိန်၌ မြစ်ရေရောက်ရှိသည်. (သို.မဟုတ် )မြစ်ရေတက်ချိန်အမြင်.ဆုံးပုံမှန်ရေမြင်.အမှတ်ရောက်ရှိသည်.
ကမ်းပါးနယ်မှကုန်းတွင်းပိုင်းသို. ပေ ၁၅၀ အထိရှိသောဆိပ်ကမ်း
နယ်မြေနယ်နိမိတ်ကိုဆိုသည် “ ဟုရေးသားထားသဖြင်. ယခုဂရန်
ချပေးသောမြေကွက်များမှာ ဆိပ်ကမ်းနယ်မြေတွင်ပါဝင်နေပါသည် ။ ရေအရင်းအမြစ်နှင်.မြစ်ချောင်းထိန်းသိမ်းရေး ဌာနမှတရားဝင်
သဘောတူညီချက်မရှိပဲ ဂရန်ထုတ်ပေးလိုက်ခြင်းသည်
ဥပဒေဘောင်ကို အုပ်ချုပ်ရေးအာဏာပိုင်များကကျော်လွန်
လုပ်ကိုင်ခဲ.ခြင်းဖြစ်သည် ။တချိန်ချိန်တွင်တရားစွဲခံရနိုင်ပါသည် ။
ထိုဥပဒေ အခန်း (၁၁) ပုဒ်မ ၅၃ တွင်လည်း “ မြစ်ချောင်းနယ် ၊
ကမ်းပါးနယ်နှင်.ကမ်းနားနယ်တို.တွင် အဆောက်အအုံဆောက်
လုပ်ခွင်.အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင်.အစိုးရဌာန ၊
အဖွဲ.အစည်းတစ်ခုခု (သို.မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦး၏ လျှောက်
ထားခြင်းနှင်.စပ်လျဉ်း၍သက်ဆိုင်ရာအစိုးရဌာနအဖွဲ.အစည်း
သည်ဦးစီးဌာန၏ ထောက်ခံချက်ကိုတောင်းခံရမည် “ဟုအတိ
အလင်းပါရှိသည်။ ရေအရင်းအမြစ်ဦးစီးဌာန၏ထောက်ခံချက်မရှိပဲ
မြစ်ကမ်းပါး၌အဆောက်အဦဆောက်လုပ်ခြင်းသည် ဥပဒေကို
ချိုးဖောက်ခြင်းဖြစ်၍ မည်မျှအခိုင်အမာဆောက်လုပ်ထား
သည်ဖြစ်စေ နောင်တစ်ချိန်တွင်ပြန်လည်ဖျက်သိမ်းခံရနိုင်
ပါသည် ။စည်ပင်သာယာနယ်နိမိတ်ထဲတွင်အဆောက်
အဦးဆောက်မည်ဆိုလျှင်လဲ အများပိုင်မြင်ကွင်းကိုပိတ်ဆို.
နေမည်ဆိုပါက စည်ပင်သာယာအဖွဲ.မှ ကန်.ကွက်၍ရပါ
သည် (ဒဂုန်စီးတီးအိမ်ယာစည်မံကိန်း ရပ်ဆိုင်း
သွားခြင်းတွင်စည်ပင်မှကန်.ကွက်မှုကြောင်.
လည်းပါဝင်ပါသည် ) ။နိဂုံးချုပ်အားးဖြင်.ပြောရ
လျှင် မြန်မာနိုင်ငံတနံတလျား၌ စစ်အစိုးရလက်
ထက်ကဖြစ်စေ ၊ ဒီမိုကရေစီအစိုးရလက်ထက်
တွင်ဖြစ်စေ မြို.နယ် ၊ ခရိုင် ၊တိုင်း ၊ပြည်နယ်
အာဏာပိုင် ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊
 ပြည်နယ်ဝန်ကြီးချုပ်စသည်ဖြင်. မည်မျှကြီး
မားသော အာဏာပိုင်ဖြင်.ပူးပေါင်း၍ဖြစ်စေ
ရရှိထားသော အထူးဂရန်မြေများမှာ ဥပဒေ ၊
နည်းဥပဒေ ၊လုပ်ထုံးလုပ်နည်း များနှင်.မကိုက်
ညီပါက မူမမှန်ဂရန်ကိုဖျက်သိမ်းလိုမှုဖြင်.
ဥပဒေလမ်းကြောင်းအတိုင်းတိုင်တန်လျှောက်
ထားတိုင်တန်းသူရှိလာပါက ထိုဂရန်မြေများကို
တနေ.နေ.တချိန်ချိန်တွင်ပြန်လည်သိမ်းဆည်း
ခံရမည်ဖြစ်ကြောင်း တွေ.ကရာမြေကြီး ငါ.မြေကြီး
ဟုလုပ်၍မရပါကြောင်း တင်ပြလိုက်ရပါသည် ။

သရ၀ဏ်(ပြည်)
ဟစ်တိုင်ဂျာနယ်
၂၄.၇.၂၀၁၅


Read More...

*ဦးကျော်ဆန်း အင်္ဂလိပ်စာသင်တန်းမှ ညနေ Basic -တန်းခွဲ ၆း၃၀မှ၈း၀၀ကို(၃.၈.၂၀၁၅) တနလာင်္နေ့တွင်ထပ်မံဖွင့်လှစ် ပေးပါမည်။

Leave a Comment


*ဦးကျော်ဆန်း အင်္ဂလိပ်စာသင်တန်းမှ ညနေ Basic -တန်းခွဲ
၆း၃၀မှ၈း၀၀ကို(၃.၈.၂၀၁၅) တနလာင်္နေ့တွင်ထပ်မံဖွင့်လှစ်
ပေးပါမည်။
*ဤသင်တန်း၌-Modern မော်ဒန်အင်္ဂလိပ်ဝတ္တုClassical 
ဂန္ဓ္ဓ၀င်အင်္ဂလိပ်ဝတ္တုနှင့်နိုင်ငံတကာတွင်ဖြစ် ပျက်နေသော
အကြောင်းအရာပါ အင်္ဂလိပ် သတင်းဆောင်းပါးများကို
မိမိတို့ကိုယ်တိုင်တက် သိနားလည်ပြီး စာပေ၏အနှစ်သာရကို ခံစားနိုင်ပြီးဖတ်တက်သည်အထိသင်ကြားပေးနိုင်ပါသည်။
*အင်္ဂလိပ်စာဖြင့်အသက်မွေးဝမ်းကြောင်းပြုလိုသူကျောင်းသား
ကျောင်းသူများအားထားရာ- *လက်ရှိReadingအချိန်များ၌
နိုင်ငံကျော်ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏Flowers And Festivals
Round The Myanmar Year နှင့် Biographical Round-up
Written By Dale Carnegie စာအုပ်များကို သင်ကြားပို့ချပေး
နေပါသည်။

Basic ,Intermediate,Advanced Level
Basic Level (၃) လ
Intermediate Level (၃) လ
တစ်တန်းအတွက်လစဉ် လခ(၇၀၀၀)ကျပ် ပေးရုံဖြင့်ကျန်အတန်းများကို
အခမဲ့တက်ရောက်ခွင့်ရှိသည်။ကျောင်းသားများ အချိန်မရွေးဆက်သွယ်နိုင်
ရန် သင်ခန်းစာများကို ပတ်လည်စနစ်ဖြင့်စီစဉ်ထားပါသည်။သီးသန့်ဝိုင်းများ
ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါသည်။
သင်တန်းအားတက်ရောက်လိုပါက
Monday to Thursday
Reading (1)7;00 to8;00 am (2)8;00 to9;30 am
  (3)3;00 to4;30 pm (4)5;00 to6;30 pm (5)6;30 to8;00 pm
Intermediate(1)9;30 to11;00 am
General English(1)12;30 to1;30 pm
Senior Reading(1)1;30 to2;30 pm
Saturday to Sunday
Basic Leveel (1)8;00 to9;30 am  (2)9;30 to11;00 am
(3)4;30 to6;00 pm
Intermediate Leveel
(1)2;30 to4;00 pm
Advanced Level(1)12;30 to1;30 pm
Senior Reading(1)1;30 to2;30 pm
 ဖြစ်ပြီး
သင်တန်းတည်နေရာမှ..................
 အမှတ်(၁၂/၈၃)၊ရတနာလမ်း /(၄)လမ်း၊န၀င်းကွက်သစ်၊ပြည်မြို့၊ပဲခူးတိုင်းဒေသကြီး
ဆက်သွယ်ရန် ဖုန်းနံပါတ် 09 43131 214 /09 973626165




Read More...

ကမ္မ္မဋ္ဌာနာစရိယ ဓမ္မကထိက လယ်တီ ဆရာကြီး ဦးသန်းမောင် ၏ပုလဲရတု မင်္ဂလာ ပူဇော်ပွဲကျင်းပ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ကမ္မ္မဋ္ဌာနာစရိယ ဓမ္မကထိက လယ်တီ
ဆရာကြီး ဦးသန်းမောင် ၏ပုလဲရတု
မင်္ဂလာ ပူဇော်ပွဲကျင်းပ


ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့
မဟာလယ်တီဓမ္မရိပ်သာ ဂန္ဓမာရပ် ရွာဘဲ
နယ်မြေတွင် ကမ္မ္မဋ္ဌာနာစရိယ ဓမ္မကထိ
ိကလယ်တီဆရာကြီး ဦးသန်းမောင် ၏
နှစ်(၃၀)ပြည့်ပုလဲရတုမင်္ဂလာ အခမ်း
အနားအားဇူလှိုင်(၂၉)ရက်နေ့ နံနက်(၈)
အချိန့်က ကျင်ပခဲ့သည်။

ရှေးယခင် ဝိပသနာအစ လယ်တီကဟု
ထင်ရှား ကျော်ကြားခဲ့သည့် ကျေးဇူးရှင်
ကမ္မ္မဋ္ဌာနာစရိယ ဓမ္မကထိက လယ်တီ
ဆရာကြီး ဦးသန်းမောင် သည် ပြည်မြို့
ရွှေဟင်္သာတောရအောက်ကျောင်း၌
ဆရာတော်ဘုရားကြီး၏ခွင်ပြုချက်အရ
ဟောကြားပြသခဲ့သည်။
ထို့ကြောင့် လယ်တီဆရာတော်ဘုရား
ကြီး၏ သုဒ္ဓဝိပသနာ ယာနိကလမ်းစဉ်
ဖြင့် ၁၃၄၇ ခုနှစ် ဝါဆိုလ(၁၉၈၅)မှစ၍
ရိပ်သာများဖွင့်လှစ်ခြင်း ရပ်နီးရပ်ဝေး
မြို့ရွာများသို့လှည့်လည်ကာ ရိပ်သာများ
ထပ်မံတိုးချဲ့ ဖွင့်လှစ်ခြင်း တရားများလှည့်
လည်ဟောကြားခြင်း စသည့်ဖြင့်ပြုလုပ်
သည်မှာ ၁၀နှစ်ကြာမြင့်ခဲ့ပြီး ဆရာကြီး
ကွယ်လွန်ခါနီး၌ သာသနာပြုလုပ်ငန်းများ
ကို ဆက်လက်သာသနာပြုလုပ်ကြပါရန်
မှာကြားခဲ့သည့်အတိုင်း တပည့်များမှ
ဆရာ့စကား ဦးထိပ်ပန်ဆင်၍ ဆက်လက်
သာသနာပြုခဲ့ကြောင်းသိရသည်။
ယခုအခါ ၁၃၇၇ ခု ဝါဆိုလ (၂၀၁၅)တွင်
နှစ်ပေါင်း ၃၀ ရှိပြီဖြစ်ပါ၍ ဆရာကြီးအား
ပူဇော်သည့်အနေဖြင့် ပုလဲရတုမင်္ဂလာ
ပူဇော်ပွဲ အခမ်းအနားကိုကျင်ပခဲ့ပြီး အဆို
ပါအခမ်းအနားသို့ သြဝါဒဆရာတော်များ
ရပ်နီးရပ်ဝေးမှတပည့်များ တရားချစ်ခင်
သူတော်စင်များ ပြည်မြို့လေးဆူဓါတ်
ပျော်ရွှေဆံတော်ဘုရား ဗုဒ္ဓံ ဓမ္မံ သံဃံ
ဝါတွင်းနိတ်ဗ္ဗာန်ဆော်အဖွဲ့များ တက်
ရောက်ကြောင်းသိရသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883




Read More...

ထွဋ် လွင်အောင် အဝေးသင် စီးပွား၊စီးပွားစီမံ (ပ၊ဒု၊တ၊စ နှစ်သင်တန်းများ)

Leave a Comment

ထွဋ် လွင်အောင် အဝေးသင် စီးပွား၊စီးပွားစီမံ (ပ၊ဒု၊တ၊စ နှစ်သင်တန်းများ)

-လွယ်ကူရိုးရှင်း ထိရောက်မှူရှိသော သင်ကြားမှု ပုံစံကို အသုံးပြုသည်။

 - ပြည့်စုံသောမှတ်စုလုံလောက်သောအချိန်တို့ ဖြင့်  ကိုယ်တိုင်
ကိုယ်ကျတွေးခေါ်ချင့်ချိန်နိုင်သည့် အထိသင်ကြားပေးပါသည်။

-နှစ်စဉ်/နှစ်တိုင်းအောင်ချက်မြင့် မားသောအထောက်ကူပြု
သင်တန်းဖြစ်ပါသည်။

- ရာနှုန်းပြည့်နီးပါထိရောက်မှန်ကန်သည့် အနီးကပ်
Host spotများဖြင့်  အောင်မြင်မှူရရှိစေရန်လေ့ကျင့်ပေး
ပါသည်။ -

အမှတ် ၃၂ အုန်းတော့လမ်း
တရုပ်စုရပ်ကွက် .ပြည်မြို့
09 49501339
09 31227414



Read More...

Monday, July 27, 2015

ကာတွန်း ဆရာတီား - ပြည် ၏လက်ရာလေးပါ။

Leave a Comment

ကာတွန်း ဆရာတီား - ပြည် ၏လက်ရာလေးပါ။

Read More...

ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဆံတော်ရှင် ဗျာဒိတ်ပေးဘုရားပြည်မြို့တွင်းသို့(၄၄)ကြိမ်မြောက် လှည့်လည်အပူဇော်ခံမည် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဆံတော်ရှင်
ဗျာဒိတ်ပေးဘုရားပြည်မြို့တွင်းသို့(၄၄)ကြိမ်မြောက် လှည့်လည်အပူဇော်ခံမည်

ပြည့်သဲမောင်(ပြည်)09 4236 71883
ဘုရားချစ်ခင် သူတော်စင်အပေါင်းတို့ခင်ဗျာပြည်မြို့ လေးဆူဓာတ်ပျော်
ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓံ ၊ ဓမံ္မ၊ သံဃာ ၀ါတွင်းနိဗာန်ဆော်အဖွဲ့
သည် နှစ်စဉ် ၀ါဆိုလဆန်း( ၁၄ ) ရက်နေ့မှစ၍ “ဆံတော်ဗျာဒိတ်ပေးဘုရား
” ကိုပင့်ဆောင်၍နရည်းဖြင့်မြို့တွင်းသို့လှည့်လည်အပူဇော်ခံခဲ့ရာ(၄၄)ကြိမ်
သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

ထို့ကြောင့် ယခုနှစ်၁၃၇၇ခုနှစ်၊ဒုတိယဝါဆိုလဆန်း(၁၄)ရက်၊
(၃၀.၇.၂၀၁၅)ရက်မှစ၍မြို့တွင်းသို့လှည့်လည်အပူဇော်ခံ
မည်ဖြစ်ပါသည်။ထိုသို့လှည့်လည်အပူဇော်ခံရာတွင် လပြည့်လကွယ်နေ့များတွင် နေ့(၂း၀၀)နာရီတစ်ကြိမ်၊
နံနက်အရုဏ်တက်တစ်ကြိမ်၊နှစ်ကြိမ်ကြွရောက်အလှူခံ
မည်ဖြစ်ပြီး ကျန်သီတင်းရက်များတွင် နေ့(၂း၀၀)နာရီ
တစ်ကြိမ်သာကြွရောက်အပူဇော်ခံမည်ဖြစ်ပါသည်။
(၄၃)ကြိမ်မြောက် လှည့်လည်အပူဇော်ခံရာတွင် စေတီတော်မြတ်ကြီး
ရွှေသင်္ကန်းကပ်လှူရန်ပြည်မြို့သူ/ ပြည်မြို့သားများနှင့်စေတနာရှင်
များကအလှူတော်ငွေ(၃၀၀၈၁၆၂၅ိ/-) (သိန်းသုံးရာ ရှစ်သောင်း တစ်ထောင့်ခြောက်ရာနှစ်ဆယ့်ငါးကျပ်)လှူဒါန်းခဲ့ကြပါသည်။
(၄၃)ကြိမ်မြောက် အထိပြည်မြို့သူမြို့သားစေတနာရှင်များ လှူဒါန်းခဲ့ကြသော အလှူငွေပေါင်းမှာ(၂၁၇၂၂၉၅၁၆)(ကျပ်နှစ်
ထောင့်တစ်ရာခုနှစ်ဆယ့်နှစ်သိန်း နှစ်သောင်းကိုးထောင် ငါးရာတစ်
ဆယ့်ခြောက်)ရှိခဲ့ပြီဖြစ်ပါသည်။
သို့ပါသောကြောင့် ယခုနှစ်(၄၄)ကြိမ်မြောက် ဒေသစာရီကြွချီ
လှည့်လည်အပူဇော်ခံယူရာတွင်လည်း သဒ္ဓါအဟောင်းအပေါ် သဒ္ဓါသစ်တွေထပ်လောင်းပြီး ရှေးထက်ပို၍ကြည်ညှို လှူဒါန်း
ကြပါရန်နိဗ္ဗာန်အကျိုးကိုယ်ရည်မျှော်မှန်းကာ အကျိုးမျှော်၍နှိုးဆော်
လိုက်ရပါတယ်ဘုရားချစ်ခင် သူတော်စင်အပေါင်းတို့ခင်ဗျာ………….
အထူးကြွရောက်မည့် ရက်ကွက်နှင့်နေ့ရက်များ
ခေတ္တရာမြို့သစ် -ဝါဆိုလပြည့်ကျော်(၁၁)ရက်။
နဝင်းကွက်သစ် -ဝါခေါင်လဆန်း(၇)ရက်နှင့်
-တော်သလင်းလဆန်း(၇)ရက်
ဆင်စုနယ်မြေနှင့် -တော်သလင်းလပြည့်(၇)ရက်နေ့။
ပလကဝန်း
အောင်ဆန်းပြည်သာယာ -သီတင်းကျွတ်လဆန်း(၁၁)ရက်။
နေ့များတွင်း လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း
နိဗ္ဗာန်ရောက်ကြောင်းသတိပေး ထပ်လောင်းနှိုးဆော်
လိုက်ရပါသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883










Read More...

Facebook Like Page