Monday, November 30, 2015

ခေတ်ပြောင်းဖို့ဆိုရင် ကိုယ့်​အကျင့်​တွေ အရင်ပြင်

Leave a Comment



သရ၀ဏ်(ပြည်)

ပဒေသရာဇ်ခေတ်က သီပေါမင်းနှင်.စုဖုရားလတ်
အရှင်နှစ်ပါးပါတော်မူသွားသောအခါ မြန်မာနိုင်ငံသားအများစုတောင်.တကြသည်မှာ
ကိုယ်.မင်းကိုယ်.ချင်း ကိုယ်.ထီးကိုယ်.နန်းနှင်.
အုပ်ချုပ်နိုင်ဖို.ဖြစ်သည် ။ နန်းကျသွားသော ကိုယ်.ဘုရင်
ကိုယ်.ရပ်ကိုယ်.မြေသို.ပြန်လာစေချင်သော
မင်းလောင်းမျှော်ဝါဒကိုကျင်.သုံးခဲ.ကြသည် ။
အချို.စိတ်ကူးယဉ်တတ်သူများကဆိုလျှင် ယခုပါတော်မူသွားသောဘုရင်မှာ
သီပေါကိုယ်တော်ကြီးအစစ်မဟုတ် ၊ ဘုရင်မင်းတ၇ားသည်
အခါအခွင်.မသင်.သေးသဖြင်.ရုပ်ဖျက်ထွက်ခွာသွားကာ
လူသူလက်နက်စုရုံးပြီးသည်နှင်. ကုလားဖြူများကိုတော်လှန်ကာ
နန်းသိမ်းပွဲခံပြီးစည်တော်ရွမ်း၍
မန္တလေးနန်းတော်ထဲသို.ပြန်လည်ကြွမြန်းစိုးစံလိမ်.မည်ဟု
တမ်းတပြောဆိုကြကုန်လေသည် ။ သို.သော်တနှစ်ပြီးတနှစ်သာကြာသွားသည် သီပေါ
ကိုယ်တော်ကြီးကားပေါ်မလာ ၊ ပြင်သစ်ပိုင်ပွန်ဒီချယ်ရီ၌ ခိုလှုံနေပြီး
မြန်မာ.ထီးနန်းကို ပြန်လည်သိမ်းပိုက်လုပ်ကြံမည်ဟုအများကမျှော်လင်.နေသော
မြင်ကွန်းမင်းသားနှင်. မြင်းခုံတိုင်မင်းသားတို.လည်းပေါ်မလာပါပေ
။နောက်ဆုံး၌ ရတနာဂီရိတွင်အကျဉ်းစံနေရသော သီပေါဘုရင်မင်းမြတ်
နတ်ရွာစံပြီဟူသော ခိုင်မာသည်.သတင်းသာမြန်မာပြည်သို.ရောက်လာလေသည် ။
ဤသို.ဖြင်.မင်းလောင်းမျှော်ဝါဒလည်းနိဂုံးချုပ်နိဌိတံခဲ.ရပေ၏ ။
ပဒေသရာဇ်စနစ်လည်းမြန်မာ.မြေမှစုံးစုံးမြုပ်ပျောက်ကွယ်သွားတော.သည် ။

နောက်ထပ်အသစ်ရောက်လာသောစနစ်တစ်ခုမှာ
နေမ၀င်အင်ပါယာဟုမိမိဘာသာဂုဏ်တင်၍ခေါ်ကြသောဗြိတိသျှတို.၏ ကိုလိုနီ
အုပ်ချုပ်ရေးစနစ်ပင်ဖြစ်သည် ။ထိုစနစ်သည် အုပ်ချုပ်သူဗြိတိသျှများနှင်.
မင်းမြှောင်ကပ်ပါးမြန်မာအရာရှိများအတွက်အကျိုးရှိလှသော်လည်း
အုပ်ချုပ်ခံပြည်သူလူထုမှာ နင်းပြားဘ၀မှမတက်နိုင်ပဲ
အဖက်ဖက်မှမျက်နှာငယ်ခဲ.ရသည် ။ထိုအချိန်တွင်
သခင်ကိုယ်တော်မှိုင်းတို.ကဲ.သို.သော မြန်မာဘုရင်ခေတ်ကို မီလိုက်သော
ပုဂ္ဂိုလ်အချို.နှင်. အောက်ခြေလူတန်းစားတို.၏စိတ်ထဲတွင်
နယ်ချဲ.အင်္ဂလိပ်တို.ကိုမြန်မာ.မြေမှမောင်းထုတ်၍
နိုင်ငံရေးစနစ်သစ်တစ်ရပ်ထူးထောင်လိုခြင်းမှာ
ထိုစဉ်ကမြန်မာ.လူ.အဖွဲ.အစည်းတွင် အားလုံးရင်ထဲ၌
လောင်မြိုက်နေသောဆန္ဒမီးဖြစ်ခဲ.သည် ။ သို.သော်
ဤဆန္ဒကိုမည်သူမျှပြည်.၀အောင်ဖြည်.ဆည်းမပေးနိုင်ခဲ.။ မိမိမြေမှာနေ
၊မိမိတို.စိုက်သော စပါးသီးနှံများကိုစား
၊မိမိမြေမှသယံဇာတများကိုဝါးမြိုကာချမ်းသာနေပြီးမိမိတို.ကို လူရာမသွင်း
ဂုတ်သွေးစုတ်နေသော အင်္ဂလိပ်တို.ကို
သစ္စာဖောက်ကပ်ပါးများမှတစ်ပါးတစ်နိုင်ငံလုံးကရွံမုန်းလှသည် ။ ၁၈၈၅
တွင်မြန်မာတစ်နိုင်ငံလုံးအင်္ဂလိပ်လက်အောက်ကျရောက်ပြီး ၅၄ နှစ်လုံးလုံး
အင်္ဂလိပ်ကိုတော်လှန်ရန်အကွက်ကောင်းမပေါ်ပဲရှိခဲ.သည် ။ ဤသို.နှင်.
ဒုတိယကမ္ဘာစစ်မီးကြီးစတင်တောက်လောင်လာသောအခါအင်္ဂလိပ်အခက်ဗမာ.အချက်ဆိုသော
ကြွေးကြော်သံနှင်.အတူသခင်အောင်ဆန်းခေါင်းဆောင်သည်.မြန်မာလူငယ်တစ်သိုက်
နိုင်ငံရေးလောကထဲသို.ရောက်လာကာ အင်္ဂလိပ်ကိုအန်တုဖက်ပြိုင်ရန်
ပြည်ပအကူအညီရှာခဲ.သည် ။ ဂျပန်နှင်.ဆက်သွယ်ကာ မြန်မာ.မြေသို. ၁၉၄၂
ဇန်န၀ါရီလ ၁၅ ရက်နေ.တွင် ဗမာ.လွတ်လပ်ရေးတပ်မတော်( B.I.A ) တပ်များ
ကော.သောင်းမြို.ကိုစတင်ဝင်ရောက်သိမ်းပိုက်လိုက်ခြင်းဖြင်.
အင်္ဂလိပ်ကျွန်အဖြစ်မှလွတ်မြောက်ရေးလမ်းစတင်သည် ။

အင်္ဂလိပ်ပြေးသည် ။ ဂျပန်ဝင်လာသည် ။
မြန်မာတို.သည်လွတ်လပ်တော.မည်ဆိုပြီးပျော်ရွှင်ကြသည် ။
သို.သော်ကံ.ဆိုးသောမြန်မာနိုင်ငံသားများသည်
ဗြိတိသျှနယ်ချဲ.စနစ်ထက်ဆိုးသော ဂျပန်တို.၏ဖက်ဆစ်စနစ်နှင်.တည်.တည်.တိုးသည်
။ ဒယ်အိုးပေါ်မှာပူသဖြင်.ခုန်ချကာမှ မီးပုံထဲတည်.တည်.ကျခြင်းပေတည်း ။
သို.သော်မြန်မာတို.သည်
အခက်အခဲတွေ.တိုင်းရင်ဆိုင်ကျော်လွှားခဲ.တာချည်းပဲဖြစ်သည် ။
ဖက်ဆစ်စနစ်မကောင်းလျှင်ဖက်ဆစ်စနစ်ကိုတော်လှန်ရမည်။
ဗိုလ်ချုပ်အောင်ဆန်းသည် သူခေါ်လာသော ဂျပန်များကိုသူကိုယ်တိုင်
မြန်မာ.မြေမှအောင်မြင်စွာမောင်းထုတ်ပြခဲ.သည် ။
ထိုသို.မောင်းထုတ်တော်လှန်ခဲ.သော် ၁၉၄၅ မတ်လ ၂၇ ရက်နေ.ကို
တော်လှန်ရေးနေ.ဟုခေါ်တွင်ခဲ.သည် ။ ဂျပန်တို.ထွက်ခွာသွားသောအခါ
အင်္ဂလိပ်တို.ပြန်ဝင်လာသည် ။ နိုင်ငံသည်
နယ်ချဲ.စနစ်လက်အောက်သို.ပြန်ရောက်ပြန်သည် ။ လူတွေလိုချင်တာ
နယ်ချဲ.စနစ်မဟုတ် ၊ကိုလိုနီစနစ်မဟုတ် ၊ဖက်ဆစ်စနစ်မဟုတ်ကြောင်း
ဗိုလ်ချုပ်အောင်ဆန်းကအတိအလင်းကြေငြာကာ အင်္ဂလိပ်ထံမှလွတ်လပ်ရေးတောင်းသည် ။
တစ်နှစ်အတွင်းလွတ်လပ်ရေးပေးပါမည်ဟူသော ကတိ ဗြိတိသျှပါလီမန်ထံမှရသည် ။
ထို.နောက်လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည် ။
သခင်နုကဆက်လက်ခေါင်းဆောင်ကာ လွတ်လပ်ရေးတောင်းခဲ.သဖြင်. မြန်မာနိုင်ငံသည်
ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ ၁၈၂၄ တွင်စတင်သည်မှ နှစ်ပေါင်း ၁၂၄
နှစ်အကြာတွင်လွတ်လပ်ရေးရသည် ။

လွပ်လပ်ကာစမြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကိုကျင်.သုံးသည် ။
အစိုးရမှာ ဖ.ဆ.ပ.လ အစိုးရ ။ ၀န်ကြီးချုပ်က သခင်နု (ခေါ်)ဦးနု ။
ထိုအချိန်တွင် ကမ္ဘာ၌ ခေတ်စားလာသည်မှာ ကွန်မြူနစ်ဝါဒ ၊ ကွန်မြူနစ်စနစ် ။
သခင်နုက ကွန်မြူနစ်ဝါဒကိုမယုံ ၊ဆိုရှယ်လစ်လည်းမဟုတ် ။
ထို.ကြောင်.မကြေနပ်သူများကတောခိုကာ သူပုန်ထကြသည် ။
မြန်မာ.တပ်မတော်မှပင်တပ်ရင်းတစ်ရင်းလုံးတောခိုသွားသည်
။ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ ) ၊ ကွန်မြူနစ်ပါတီဗမာပြည် (အလံနီ)
တို.အားကောင်းလာသည် ။ ကရင်သူပုန်များ ရန်ကုန်မြို.အ၀င်ဝအထိရောက်လာသည် ။
ထိုအချိန်တွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေ၀င်းသည်
ဝန်ကြီးချုပ်ဦးနုထံမှ စစ်အာဏာသိမ်းရန်ကြံစည်နေသည်ဟူသောသတင်းများ
ပျံ.နှံ.နေသည် ။ ဦးနုသည် ကွန်မြူနစ်ဝါဒကိုရော ၊
ရောင်စုံသူပုန်များကိုရော ၊တိုင်းရင်းသား
သူပုန်များကိုရောရင်ဆိုင်နေရသည်.အထဲ မိမိတပ်မတော်ကပါ
အာဏာပြန်သိမ်းမည်သတင်းထွက်လာသဖြင်. စိတ်ပျက်သွားသည် ။ ထို.ကြောင်.
အာဏာတော.မသိမ်းပါနဲ. ၊ လူကြားလို.မကောင်းပါဘူး ၊ တပ်မတော်ရော
တိုင်းပြည်ပါသိက္ခာကျပါသည် ။ထို.ကြောင်.အစိုးရက
နိုင်ငံတော်အာဏာကိုတပ်မတော်သို.ခေတ္တလွဲပြောင်းပေးပါမည်ဟုဆိုကာ
နိုင်ငံတော်အာဏာအား ၁၉၅၈ တွင် ဗိုလ်ချုပ်နေ၀င်းလက်ထဲသို.အပ်လိုက်သည် ။
ဗိုလ်ချုပ်နေ၀င်း၏အိမ်စောင်.အစိုးရက တိုင်းပြည်ငြိမ်ဝပ်ပိပြးအောင်လုပ်ကာ
၂ နှစ်အကြာတွင်ရွေးကောက်ပွဲကျင်းပ၍အနိုင်ရသူဦးနုလက်ထဲသို.အာဏာအပ်လိုက်သည်
။သို.သော် အာဏာအရသာသိသွားသူ ဗိုလ်ချုပ်နေ၀င်းသည် နောက်ထပ် ၂ နှစ်အကြာ
၁၉၆၂ မတ်လ ၂ ရက်နေ.တွင်
ဦးနုအစိုးရထံမှအာဏာသိမးလိုက်ခြင်းဖြင်.မြန်မာနိုင်ငံဝယ်
စစ်အာဏာရှင်စနစ်ကိုစတင်ထူထောင်လိုက်လေသည် ။

ထိုစစ်အာဏာရှင်မျိုးဆက်သည်
တစ်ယောက်ပြီးတစ်ယောက်ပြောင်းကာပုံစံအမျိုးမျိုးဖြင်.အုပ်ချုပ်ခဲ.သည်မှာ
ယနေ.ထက်တိုင်ဖြစ်၏ ။ ယခုအခါ ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင်
မြန်မာတစ်နိုင်ငံလုံး ညီညာဖျဖျ NLD ပါတီကိုဝိုင်းဝန်းမဲပေးလိုက်သည်မှာ
မြန်မာသာမက ၊ ကမ္ဘာကပါအံ.သြချီးကျူးကြရ၏ ။ ၁၉၆၂ မှစကာ
ပုံစံအမျိုးမျိုးဖြင်.အာဏာရယူအုပ်ချုပ်လာခဲ.သော စစ်အာဏာရှင်စနစ်ကို
ပြည်သူလူထုကလုံးဝလိုလားနှစ်ခြိုက်ခြင်းမရှိဘူးဆိုသည်ကို နိုဝင်ဘာ
ရွေးကောက်ပွဲကပြလိုက်ခြင်းဖြစ်သည် ။ ပြည်သူလူထုသည် လူသစ် ၊မူသစ်
၊စနစ်သစ်ဆီသို.သာသွားချင်သည်ဆိုခြင်းကိုရှင်းရှင်းလင်းလင်းပြသလိုက်ခြင်းဖြစ်သည်
။ စနစ်ပြောင်းဖို.မဲပေးလိုက်သောပြည်သူတွေသည် တာဝန်ကြေပေပြီ ။
ကျန်သောတာဝန်မှာ
အာဏာလွှဲပေးရတော.မည်.ဦးသိန်းစိန်ခေါင်းဆောင်သောလက်ရှိအစိုးရ နှင်.
အာဏာလက်ခံရယူရမည်.ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော NLD
ပါတီမှလွှတ်တော်အမတ်များ ၊ ၀န်ကြီးဝန်ကလေးများ၏တာဝန်ဖြစ်သည် ။

နောက်အစိုးရသည် ၂၀၁၆ မတ်လကုန်တွင်ရုပ်လုံးပေါ
်လာပေတော.မည် ။ ကျွန်တော်တို.သည် သမိုင်းဝယ်
ပဒေသရာဇ်စနစ်ကိုလည်းကြုံခဲ.ဖူးပြီ ၊ ဖက်ဆစ်စနစ်အောက်တွင်လည်းနေခဲ.ဖူးပြီ
။ ကွန်မြူနစ်စနစ်ကိုလိုလားသူတို.နှင်.လည်းတွေ.ကြုံခဲ.ရဖူးပြီ ၊
မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ဟူသော တစ်ဖက်လှည်.အာဏာရှင်စနစ်အောက်တွင်လည်း
နေခဲ.ကြရဖူးပြီ ။ စစ်အစိုးရဟူသော န.၀.တ ၊ န.အ.ဖ အစိုးရများအောက်တွင်
ပြားပြားမှောက် ငြိမ်ဝပ်ပိပြားအောင် လူ.ဂုဏ်သိက္ခာကင်းမဲ.စွာနေခဲ.ကြရပြီ ။
စည်းကမ်းပြည်.၀သောဒီမိုကရေစီစနစ်ဆိုသော နာမည်လှလှလေးနှင်.
တပ်မတော်လူထွက်ဗိုလ်ချုပ်ဟောင်းများအုပ်ချုပ်သာ
ငါးနှစ်တာကာလကိုလည်းဖြတ်ကျော်ခဲ.ကြဖူးပြီ ။ ပြောရလျှင် ပြည်သူလူထုသည်
စနစ်ဟောင်းများ၊လူဟောင်းများ ၊ အုပ်ချုပ်ရေးပုံစံဟောင်းများကို
အော.နှလုံးနာနေပြီဖြစ်သည် ။ လူသစ် ၊မူသစ်၊
လမ်းစဉ်သစ်ကိုစောင်.မျှော်နေကြပါ၏ ။ လူကိုလူလိုဆက်ဆံသော ၊
လူ.ဂုဏ်သိက္ခာများကိုလေးစားသော ၊ လူ.အခွင်.အရေးအပြည်.ရှိသော
၊ဥပဒေစိုးမိုးမှုရှိသော ၊ ဥပဒေအထက်တွင်မည်သူမျှတကယ်မရှိသော ၊
အဂတိလိုက်စားမှုကင်းစင်သော၊စစ်ပွဲတွေမရှိတော.သော
လူ.အသိုင်းအ၀ိုင်းတစ်ခုကိုမြန်မာနိုင်ငံသားအားလုံးသည်
စောင်.မျှော်နေကြပါ၏ ။ စနစ်ပြောင်းသွားသောအခါ အဓိကဆုတောင်းကြရမည်မှာ
ယခင်စစ်အာဏာသိမ်းမှုမျိုးဆီသို.ပြန်မသွားကြစေဖို.ဖြစ်သည် ။
ထိုအပြုအမူများကိုသတိကြီးစွာရှောင်ရှားကြရမည်ဖြစ်ပါ၏ ။ ကမ္ဘာတွင်
မည်သည်.စစ်အာဏာသိမ်းအစိုးရမှ
တိုင်းပြည်ကြီးပွားတိုးတက်အောင်မစွမ်းဆောင်နိုင်ပါ ။
ပညာတတ်အရပ်သားအစိုးရသာတိုင်းပြည်တိုးတက်အောင်လုပ်နိုင်စွမ်းရှိကြောင်း
စင်္ကာပူနိုင်ငံနှင်. ၊အမေရိကန်ပြည်ထောင်စုက ဥပမာပြနေပါသည် ။
ဒီမိုကရေစီစနစ်ကသာတိုင်းပြည်တစ်ပြည်ကိုတိုးတက်ကြွယ်ဝသောလမ်းကြောင်းဆီသို.သယ်ဆောင်သွားနိုင်မည်ဖြစ်သည်

ဒီမိုကရေစီတွင်နိုင်ငံသားတို.သည် Right and Duty
ဟူသောတာဝန်နှင်.ရပိုင်ခွင်.များရှိပါသည် ။
ရပိုင်ခွင်.များကိုအထက်တွင်ပြောခဲ.ပါပြီ ။ တာဝန်ကိုလည်းရှောင်၍မရပါ ။
အနည်းဆုံးတော. မိမိထံမှထွက်သော ၊မိမိအိမ်မှထွက်သော ၊မိမိ
စက်ရုံအလုပ်ရုံမှထွက်သော အမှိုက်များကို စည်းကမ်းရှိရှိ
စွန်.ပစ်ကြဖို.ဖြစ်သည်။ မြန်မာသည်
အမှိုက်ပစ်ရာတွင်စည်းကမ်းအမဲ.ဆုံးနိင်ငံတစ်နိုင်ငံဖြစ်နေတာစိတ်မကောင်းစွာတွေ.မြင်ရသည်
။ ထို.နောက်နိုင်ငံကြီးသားဖြစ်ချင်လျှင်
နိုင်ငံကြီးသားအပြုအမူများဖြစ်သော စနစ်တကျတန်းစီခြင်း ၊အချိန်လေးစားခြင်း ၊
မိမိရပိုင်ခွင်.ထက်ပိုမယူခြင်း ၊အားလပ်ချိန်ရသည်နှင်.စာဖတ်ခြင်း
စသည်.ကောင်းမြတ်သောအလေ.အထများကိုဆောင်ရမည်ဖြစ်သလို ၊
မိမိအကျိုးအတွက်လာဘ်ထိုးခြင်း ၊စည်းကမ်းဖောက်ဖျက်ကာ
အထက်လူကြီးနှင်.ပိုင်သည်ဟုခြိမ်းခြောက်ခြင်း ၊
လုပ်ပေးနိုင်ပါလျက်လာဘ်ငွေမရသဖြင်.ညစ်ထားခြင်း ၊ ကိုယ်.ထက်သာမနာလိုခြင်း
၊ အချင်းချင်းခြေထိုးခံခြင်း ၊
အားလပ်ချိန်ကိုလောင်းကစားကိစ္စများတွင်အချိန်ကုန်စေခြင်း
၊အချိန်ဖြုန်းခြင်း ၊ သိမ်ဖျင်းသောစကားပြောခြင်း မူးယစ်ရမ်းကားခြင်း
၊ပညာရေးကိုအားမပေးခြင်း၊ မြင်.မြတ်သောစိတ်ဓါတ်မမွေးခြင်း ၊ တွေ.ကရာနေရာကွမ်းတံတွေးထွေးခြင်း ၊ နေရာမရှောင်ဆေးလိပ်သောက်ခြင်း ၊ လုပ်ငန်းချိန်တွင်အရက်သောက်ခြင်း ၊
စသည်.အကျင်.ဆိုးများကိုပြင်ရမည်ဖြစ်သည် ။

ခေတ်ကောင်းတစ်ခုဆိုသည်မှာ
မိုးပေါ်မှအလိုလိုကျလာခြင်းမဟုတ် ၊
အစိုးရဘက်ကကျင်.သုံးရမည်.တာဝန်များရှိသလို
၊တိုင်းသူပြည်သားတိုဘက်မှလိုက်နာကျင်.သုံးရမည်.၀တ္တရားများလည်းရှိနေပါကြောင်း
။ ထိုအခါမှသာ ပြာပုံထဲမှထလာသော ဂျပန် ၊ စစ်ပြီး တောင်ကိုရီးယား ၊
တံငါရွာစင်္ကာပူတို.လို မြန်မာသည်လည်း အာရှ၏ကျားတစ်ကောင်ဖြစ်လာနိုင်ပါသည်
။စနစ်ပြောင်းသည်.အခါအစိုးရချည်းပဲပြောင်းပြီး လူတွေက
အမူအကျင်.မပြောင်းလျှင်မတိုးတက်နိုင်ပါကြောင်း ။

သရ၀ဏ်(ပြည်)


Read More...

ရွှေတောင်မြို့နယ်အတွင်းက ကျေးရွာတစ်ချို့မှာ သစ်တောဦးစီးဌာနက CF လုပ်စားပိုင်ခွင့် ပေးသည့်အပေါ်ကျေးရွာအုပ်စုများ ကြေနပ်မှုမရှိ

Leave a Comment

ရွှေတောင်မြို့နယ်အတွင်းက ကျေးရွာတစ်ချို့မှာ သစ်တောဦးစီးဌာနက CF လုပ်စားပိုင်ခွင့် ပေးသည့်အပေါ်ကျေးရွာအုပ်စုများ ကြေနပ်မှုမရှိ



ပြည်၊နိုဝင်ဘာ၊၃၀



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ကွင်းလျားကြီး၊တဘူစား၊ကျွဲတလင်း စသည့်အုပ်စုများအတွင်းရှိ လသာကုန်း၊သာယာကုန်း၊ဖောင်းဖြူ၊အင်ဂူ၊တဘူစား၊အုတ်ဖို စသည့်ကျေးရွာများတွင် CF လုပ်ကိုင်ခွင့်ပေးခြင်းအား သစ်တောဦးစီးဌာန ခရိုင် နှင့် မြို့နယ်တို့မှ မှုလ လုပ်ကိုင်ခဲ့ကြသည့်ဒေသခံတောင်သူများအား လုပ်ကိုင်ခွင့်ပေးထားခြင်းမရှိပဲ လာဘ်ပေးလာသူများကိုသာ လယ် နှင့် ယာ များ လုပ်ကိုင်ခွင့်ပေးထားခြင်းအပေါ် မှုလ လုပ်ကိုင်ခဲ့ကြသည့် ဒေသခံတောင်သူများမှ ကြေနပ်မှုမရှိကြောင်းသိရသည်။



“ နှစ် နှစ်ဆယ်လောက်ရှိပြီ အသိမ်းခံထားရတာ။ သစ်တောခေါင်းတွေက သူတို့ နဲ့ သင့်မြတ်တဲ့ ကျွန်တော်တို့ရွာက ဒေသခံတွေကို လယ်ယာတွေပေးတယ်။ မှုလလုပ်ခဲ့ကြတဲ့ တောင်သူတွေကိုပြန်မပေးဘူး။အခုရွာမှာ တစ်ရွာတည်း လူနှစ်စုကွဲကုန်ပြီ။မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်။လာစစ်ဆေးကြပြီး ခုထိကျွန်တော်တို့ကို ပြန်မပေးဘူး။လယ်ယာမြေပဲဖြစ် ဖြစ် မြေပဲခင်းပဲဖြစ်ဖြစ်ပြန်လိုချင်ပါတယ်။ သူတို့နဲ့အဆင်ပြေတဲ့ ရွာကလူတွေကို တစ်ဧက တစ်သောင်းလောက်ပေးပြီး ချထားပေးခဲ့ကြတာပါ။” ဟု တဘူစားအုပ်စု  အင်ဂူကျေးရွာ ဦးမြင့်ဦး ကပြောသည်။



ယင်းကိစ္စများ နှင့် ပတ်သက်၍ လယ် နှင့် ယာ ဧကပေါင်း ၉၀ ကျော်ဆုံးရှုံးလိုက်ရသည့် ဒေသခံတောင်သူ ၄၁ ဦး မှ နိုင်ငံတော် သမ္မတ အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးဌာန ၂၁ ဌာနအား ပြီးခဲ့သည့် ၁၁.၅.၂၀၁၅ ရက်နေ့က လက်မှတ်ရေးထိုး တိုင်ကြားတင်ပြထားခဲ့သော်လည်း ယနေ့အထိ ထူးခြားမှုမရှိသေးကြောင်းသိရသည်။



“ကျွန်တော်တို့ သိမ်းထားတာ တစ်ခုပဲရှိပါတယ်။ သိမ်းတယ်ဆိုရင် သိမ်းထားတဲ့အထောက်ထားပြ ဆိုတော့ သူတို့မပြနိုင်ဘူး။ ရုံးစာရင်းဇယားမှာလည်း သိမ်းထားတာမရှိဘူး။ CF ဖွဲ့ပေးတာက လုပ်စားခွင့်ပေးထားတာ ပိုင်ဆိုင်ခွင့်တစ်ယောက်မှမပေးဘူး။ နှစ် ၃၀ ဂရံပုံစံမျိုးလုပ်စားခွင့်ပေးခဲ့တာပါ။ဌာန ငါးခု သွားရောက်စဉ်ကလည်း ကန့်ကွက်တာတွေဘာတွေ ဘာမှမလုပ်ခဲ့ဘူး။တိကျတဲ့အဖြေသူတို့ ဘာတစ်ခုမှမပေးဘူး။ စာရင်းကောက်စဉ်က ကန့်ကွက်လို့ရတယ်။ CF ဖွဲ့စဉ်က ကန့်ကွက်လို့ရတယ်။အားလုံးပြီးမှသူတို့က ကန့်ကွက်ပြီး တိုင်စာတွေပို့ကြတယ်။ဒီကြိုးဝိုင်းက သီပေါမင်းလက်ထက် မတိုင်ခင်ကတည်းက တရုတ်မှော်ကြိုးဝိုင်း ဆိုပြီးရှိနေခဲ့တာပါ။ အခုပေးထားတာကလည်း သစ်ပင်လည်း စိုက် တောင်သူလည်း လုပ်စား အဲလိုပေးထားတာပါ။” ဟု ပြည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဦး ကပြောသည်။



အဆိုပါကိစ္စများ နှင့်ပတ်သက်ပြီး ကွင်းယားကြီးအုပ်စု ဖောင်ဖြူရွာမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက် ၂၀၁၅ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့ကြောင်းသိရသည်။ ၁၉၉၃ ခုနှစ်မှာ သက်ဆိုင်ရာ နယ်မြေခံ တောအုပ်ခေါင်း မှ သစ်တောစိမ်းလန်းဆိုပြေရေး အတွက် ဟူ၍ လယ် နှင့် ယာ တစ်ချို့အား သိမ်းယူခဲ့တာဖြစ်ပြီး ယင်းကိစ္စများနှင့်ပတ်သက်၍ ပြည်ရိုင် သစ်တောရုံး၊လ၀က ရုံး၊မြေစာရင်း၊စိုက်ပျိုးရေး မှတာဝန်ရှိသူများ၊မြို့နယ် ထွေ/အုပ် စသည့် သက်ဆိုင်ရာ တာဝန်ရှိသူများ တိုင်ကြားထားမှုကို ဒေသခံတောင်သူ များနှင့် တွေ့ဆုံကွင်းဆင်းစစ်ဆေးခဲ့ကြသော်လည်း ယနေ့အထိ ပြေလည်မှုမရရှိသေးကြောင်းသိရသည်။



K3(pyay)ဒီမိုက​ရေစီတူ​ဒေးသတင်းစာ

ပြည်သတင်း
www.facebook.com/pyaynews


Read More...

အမျိုးသားတစ်ဦး လုပ်ငန်းလုပ်နေစဉ်11 kv လိုင်းကြိုးနှင့်ထိမိပြီးဓါတ်လိုက်၍ မြေ ပြင်သို့ ပြုတ်ကျသေဆုံး ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

သတင်းတို   နိုဝင်ဘာ  ၃၀  ရက်

ပြည်မြို့ မြို့သစ်ရပ်ကွက်ဘုရင့်နောင်
လမ်းမကြီးနှင့်မြို့သစ်(၅) လမ်းထိပ်ရှိ
ပိုင်ရှင်ဒေါ်အေးမြအောင် R .c .c (၃ )ထပ်
အဆောက်အဦးအသစ်တွင် နိုဝင်ဘာလ
(၃၀)ရက်နေ့ နေ့လည်(၃)နာရီအချိန်ခန့်
အမျိုးသားတစ်ဦး လုပ်ငန်းလုပ်နေစဉ်11
kv လိုင်းကြိုးနှင့်ထိမိပြီးဓါတ်လိုက်၍ မြေ
ပြင်သို့ ပြုတ်ကျသေဆုံးကြောင်းသိရ
သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မူခင်းနှင့်သတင်း



Read More...

Flash တူရိယာဆိုင်နှင့်ဂစ်တာတီးသင်တန်း အတွက် စာရေးမများ အမြန်လိုရှိသည်။

Leave a Comment

Flash တူရိယာဆိုင်နှင့်ဂစ်တာတီးသင်တန်း အတွက် စာရေးမများ အမြန်လိုရှိသည်။
၁။ ဘွဲ့ရ/၁၀ တန်းအောင်ဖြစ်ရမည်။
၂။ ရုပ်ရည် အသင့်အတင့်ရှိပြီး ဆက်ဆံရေးပြေပြစ်ရမည်။
၃။အနုပညာဝါသနာပါသူဖြစ်ရမည်။
စိတ်ပါဝင်စားသူများသည် CV Form
(လိုအပ်သောအထောက်အထားများပူးတွဲပြီး)
နှင့်တကွ လူကိုယ်တိုင် လာရောက် လျှောက်ထား
ရန်ဖြစ်ပြီးအရည်အချင်းအလိုက် ထိုက်သင့်သော
လစာပေးမည်။
Flash တူရိယာဆိုင်နှင့်သင်တန်း
အမှတ်(666)၊ ရွှေသာလျောင်းလမ်း။
ဆံတော်နယ်မြေ။ ပြည်မြို့။
HP: 0979 5358 519, 09971040053


Read More...

အ.လ.က(၃) ကျောင်းသားဟောင်းများ အာစရိယပှုဇော်ပွဲကျင်းပပြုလုပ်မည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မြတ်ဆရာ/မများခင်ဗျာ… ရိုသေလေးစားစွာဖြင့် ဂါရ၀ပြု ဖိတ်ကြားအပ်ပါတယ်။ ဆရာ/မ တို့ရဲ့ အငိုမျက်လုံး အပြုံမျက်နှာနဲ့ ၀မ်းနည်းဝမ်းသာ ဆုံးမသြ၀ါဒစကားများကို ကျွန်တော်/မတို့ တပည့်တွေ စုပေါင်းပြီး နာခံမှတ်သားလိုပါတယ်။ ဆရာကြီး/ဆရာမကြီးများကို တပည့်များမှ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် “အာစရိယပှုဇော်ပွဲ” ဆိုတာလေးနဲ့ ဖူးမျှော်ကန်တော့ကြရင်း.. ညီညာထကြွ ၊ ဆုံးမနာယူ… လာမှုကြိုဆီး ၊ ထံနီးလုပ်ကျွေး….ဆိုသည့် တပည့်ဝတ္တရားများအတိုင်း တပည့်တွေ စုပေါင်းကန်တော့ကြတဲ့ “ဆဌမအကြိမ်မြောက်” ဆရာကန်တော့ပွဲသို့ ကြွရောက်ချီးမြှင့် ကန်တော့ခံပေးပါရန် ဆရာ/မ တို့၏ ချစ်လှစွာသော တပည့်များမှ အထူးရိုသေစွာလေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ၁၃၇၇-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်။ 6.12.2015 (တနင်္ဂနွေနေ့) နံနက် ၈း၀၀ အချိန်.. မိတ်ဆုံစားပွဲ အချိန် ညနေ ၆း၀၀ နာရီ အ.လ.က.(၃) ခန်းမ ကုန်သည်လမ်း ပြည်မြို့ တွင်ကျင်းပပြုလုပ်သွားပါမည်။ ပြည်သတင်း www.facebook.com/pyaynews

Leave a Comment



အ.လ.က(၃) ကျောင်းသားဟောင်းများ အာစရိယပှုဇော်ပွဲကျင်းပပြုလုပ်မည်
အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မြတ်ဆရာ/မများခင်ဗျာ…
ရိုသေလေးစားစွာဖြင့် ဂါရ၀ပြု ဖိတ်ကြားအပ်ပါတယ်။

ဆရာ/မ တို့ရဲ့ အငိုမျက်လုံး အပြုံမျက်နှာနဲ့ ၀မ်းနည်းဝမ်းသာ ဆုံးမသြ၀ါဒစကားများကို ကျွန်တော်/မတို့ တပည့်တွေ စုပေါင်းပြီး နာခံမှတ်သားလိုပါတယ်။

ဆရာကြီး/ဆရာမကြီးများကို တပည့်များမှ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် “အာစရိယပှုဇော်ပွဲ” ဆိုတာလေးနဲ့ ဖူးမျှော်ကန်တော့ကြရင်း..
ညီညာထကြွ ၊ ဆုံးမနာယူ…
လာမှုကြိုဆီး ၊ ထံနီးလုပ်ကျွေး….ဆိုသည့် တပည့်ဝတ္တရားများအတိုင်း တပည့်တွေ စုပေါင်းကန်တော့ကြတဲ့ “ဆဌမအကြိမ်မြောက်” ဆရာကန်တော့ပွဲသို့ ကြွရောက်ချီးမြှင့် ကန်တော့ခံပေးပါရန် ဆရာ/မ တို့၏ ချစ်လှစွာသော တပည့်များမှ အထူးရိုသေစွာလေးစားစွာ ဖိတ်ကြားအပ်ပါသည်။

၁၃၇၇-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်။ 6.12.2015 (တနင်္ဂနွေနေ့) နံနက် ၈း၀၀ အချိန်..
မိတ်ဆုံစားပွဲ အချိန် ညနေ ၆း၀၀ နာရီ အ.လ.က.(၃) ခန်းမ ကုန်သည်လမ်း ပြည်မြို့ တွင်ကျင်းပပြုလုပ်သွားပါမည်။

ပြည်သတင်း
www.facebook.com/pyaynews



Posted via Blogaway


Read More...

အမျိုးသားတစ်ဦး လုပ်ငန်းလုပ်နေစဉ်11 kv လိုင်းကြိုးနှင့်ထိမိပြီးဓါတ်လိုက်၍ မြေ ပြင်သို့ ပြုတ်ကျသေဆုံး

Leave a Comment

သတင်းတို နိုဝင်ဘာ ၃၀ ရက်

ပြည်မြို့ မြို့သစ်ရပ်ကွက်ဘုရင့်နောင်
လမ်းမကြီးနှင့်မြို့သစ်(၅) လမ်းထိပ်ရှိ
ပိုင်ရှင်ဒေါ်အေးမြအောင် R .c .c (၃ )ထပ်
အဆောက်အဦးအသစ်တွင် နိုဝင်ဘာလ
(၃၀)ရက်နေ့ နေ့လည်(၃)နာရီအချိန်ခန့်
အမျိုးသားတစ်ဦး လုပ်ငန်းလုပ်နေစဉ်11
kv လိုင်းကြိုးနှင့်ထိမိပြီးဓါတ်လိုက်၍ မြေ
ပြင်သို့ ပြုတ်ကျသေဆုံးကြောင်းသိရ
သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မူခင်းနှင့်သတင်း

ပြည်သတင်း
www.facebook.com/pyaynews


Read More...

Sunday, November 29, 2015

ပြည်မြို့န၀ဒေးရပ်ကွက်တွင် ကုန်တင်ကားပေါ်မှကုန်ပစ္စည်းများ မီးလောင်ကျွမ်းမှုဖြစ်ပွား ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

ပြည်မြို့န၀ဒေးရပ်ကွက်တွင် ကုန်တင်ကားပေါ်မှကုန်ပစ္စည်းများ မီးလောင်ကျွမ်းမှုဖြစ်ပွား
ပြည် နိုင်ဝင်ဘာ (၂၉)ရက်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ န၀ဒေးရက်ကွက်တွင်
နိုဝင်ဘာ ၂၉ ရက် ည(၁၁း၁၅) မိနစ်အချိန်ခန့်က ရန်ကုန်မြို့
မှပြည်မြို့သို့ အ၀တ်အထည်နှင့်ကုန်ပစ္စည်းများတင်ဆောင်လာ
သော ကားတစ်စီး ပေါ်ရှိ ကုန်ပစ္စည်း များ မီလောင်မှုဖြစ်ပွားခဲ့
ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့မှပြည်မြို့သို့အ၀တ်အထည်များ၊စက်သုံးဆီ
များ၊အင်ဂျင်ဝိုင်၊ချွတ်ဆေးပုံးများ တင်ဆောင်၍ ယာဉ်မောင်း
ဦးတင်မောင်ဆွေ မောင်းနှင်လာသော 8A/....... အစိမ်းရောင်၊
နီဆန်း(၁၀)ဘီးကား ယာဉ်သည် ပြည်မြို့ န၀ဒေးရပ်ကွက် နယူး
လုပ်သားဂိတ်ရှေ့တွင် ညအိပ်ရပ်နားစဉ် ချွတ်ဆေးပုံး (ကော့စတစ်
အရည်များပါ)ပုံး(၃)ပုံး မှ အပူလွန်ကဲ၍ ကုန်များဖိထားခြင်းကြောင့် 
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
မှတ်ချက်။ ။သတင်းဌာနကိုပို့ထားပါသဖြင့်ထပ်မံဖော်ပြပေးပါမည်။





Read More...

ရိုးရာမပျက်တဲ့ ပြည်မြို့က ရွှေဆံတော် မြတ်စွယ်တော် ဘုရားပွဲ

Leave a Comment



ကောင်းမြတ်မင်း

ပြည်မြို့လို့ပြောလိုက်တာနဲ့ ရွှေဆံတော်ဘုရားနဲ့တွဲပြီး လူသိပိုများကြပါတယ်။ ပြည်မြို့လည်က တောင်ကုန်းပေါ်မှာ ဘုရားတည်ထားလို့ တမြို့လုံးရဲ့ အလှအပကို တနေရာတည်းက ကြည့်လို့ရနိုင်တဲ့အတွက် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ တခြားဘာသာသက်ဝင်ယုံကြည်သူတွေလည်း ရွှေဆံတော်ဘုရားပေါ်ကနေ ပြည်မြို့ရဲ့ အလှကို လာရောက်ကြည့်ရှုလေ့ရှိကြပါတယ်။
အဲဒီရွှေဆံတော်ဘုရားမှာ ဗုဒ္ဓရဲ့မြတ်စွယ်တော်ကို သီရိလင်္ကာနိုင်ငံ ကန္ဒိမြို့က ဂေါတမမြတ်စွာဘုရားရဲ့ လက်ဝဲအောက်ဘက် စွယ်တော်မြတ်အစစ်နဲ့ ရက်ပေါင်းလေးဆယ်တိတိ အတူတကွ ကိန်းဝပ်စံပ္ပါယ်ပြီး စွယ်တော်ပွားကို ပြည်မြို့ရွှေဆံတော်စေတီမှာ ထားရှိ အပူဇော်ခံဖို့ ပင့်ဆောင်ခဲ့ရာ ကောဇာသက္ကရာဇ် ၁၂၆၁ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၁ ရက်နေ့မှာ ပြည်မြို့ကို ရောက်ရှိခဲ့ ပါတယ်။
ကောဇာသက္ကရာဇ် ၁၂၆၁ ခုနှစ် ကနေ ယနေ့ ၁၃၇၇ ခုနှစ်အထိ နှစ်စဉ် ကျင်းပပြုလုပ်ခဲ့တာ ယခုနှစ်ဆိုရင် ၁၁၆ ကြိမ်မြောက်ဖြစ်ခဲ့ပါပြီ၊ အဲဒီလိုပင့်ဆောင်လာတဲ့ စွယ်တော်မြတ်ကို သုံးနှစ်တကြိမ် ပြည်မြို့တွင်း လှည့်လည် အပူဇော်ခံလေ့ရှိပါတယ်။
အဲဒီလို မြတ်စွယ်တော် အပူဇော်ခံကြွချီရာ လမ်းတလျှောက်က လာရောက်ဖူးမျှော်သူတွေကို ကပြဖျော်ဖြေပေးဖို့ ရပ်ကွက်အလိုက် ယိမ်းကားကြီးတွေ အသီးသီးထွက်ကြပါတယ်။ ဒီနှစ်မှာထွက်ဖြစ်တဲ့ ယိမ်းကားတွေကတော့ ရွှေဆံတော်ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့ရဲ့ စည်တော်ယိမ်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်က လှေလှော်ယိမ်းနဲ့ တရုတ်အမျိုးသားယိမ်း၊ ရွှေကူယိမ်း၊ ခေတ္တရာမြို့သစ်ယိမ်း၊ ဆံတော်ယိမ်း၊ ကြားတောရယိမ်းနဲ့ ရွာဘဲယိမ်းကားတွေ ပါဝင်ကပြဖျော်ဖြေခဲ့ကြပါတယ်။
ယိမ်းကားကြီးတွေမဟုတ်ပဲ မြေလျှောက်ယိမ်းတွေလည်းထွက်ပါတယ်၊ ဆင်စုရပ်ကွက်က ထိုးဆင်ယိမ်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက် တရုတ်နဂါးယိမ်းတွေလည်းထွက်သလို စည်တော်ယိမ်းကားပေါ်မှာလည်း ဗျောယိမ်းနဲ့ မြင်ခင်းသဘင်ယိမ်းတွေလည်း ပါဝင်အသုံးတော်ခံခဲ့ကြပါတယ်။
ယိမ်းကားတစီးအတွက် ကုန်ကျစရိတ်ကတော့ သိန်းပေါင်း ၁၀၀ ကျော်အထက်မှာရှိပါတယ်။ အဲဒီအတွက် ရွှေဆံတော်ဂေါပကအဖွဲ့က ယိမ်းကားတစီးကို ကျပ်ငွေ ၁၂ သိန်း မတည်ပေးပြီး ကျန်တဲ့ငွေကိုတော့ သက်ဆိုင်ရာ ရပ်ကွက်အလိုက် စုပေါင်းထည့်ဝင်ကြရပါတယ်။
စည်တော်ယိမ်းဟာ စည်တော်ကြီးတွေနဲ့ မင်းသားအလှတွေကို ရှေးရိုးရာမပျက် ဖြေဖျော်ကပြရတဲ့ ယိမ်းကားကြီးပဲဖြစ်ပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က စတင်ပြီး သုံးနှစ်တကြိမ်မြတ်စွယ်တော်ပွဲမှာ ပါဝင်လာနိုင်ခဲ့ပေမဲ့ နှစ်ပေါင်း ၂၀ ကျော်လောက် ငွေရေးကြေးရေးအခက်အခဲတွေကြောင့် ရပ်နားထားရာကနေ ၂၀၁၂ ခုနှစ်ကနေစတင်ပြီး ပြည် GTI ကျောင်းသားဟောင်းတဦးက မတည်ပြီးလှူဒါန်းပေးလို့ ပြန်လည်အသုံးတော်ခံရတာဖြစ်တယ်လို့ စည်တော်ယိမ်းက တာဝန်ရှိသူ ကိုအောင်မြတ်စိုးက ဧရာဝတီကိုပြောပါတယ်။
“ စည်တော်ယိမ်းဆိုတာ ဘယ်ရပ်ကွက်ယိမ်းမှမဟုတ်ဘူး၊ ရွှေဆံတော် ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့သား တွေနဲ့ ကတဲ့ယိမ်းပါ၊ ကျနော်တို့အဖေလက်ထပ်ကတည်းက စည်တော်ယိမ်းထွက်ခဲ့တာပါ၊ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်ကစပြီး အဲဒီယိမ်းမထွက်ဖြစ်ဘူး၊ ၂၀၁၂ ကနေမှ ပြန်ထွက်ဖြစ်တာ၊ အဓိက ပြည် GIT ကျောင်းသားဟောင်း ကိုရန်နောင်ဝင်းတယောက်တည်းက ဒီအတွက် ကုန်ကျစရိတ်တွေအကုန်လုံးကို တာဝန်ယူပေးလို့ ကျနော်တို့ ပြန်ကနိုင်ခဲ့တာပါ။” ကိုအောင်မြတ်စိုးက ပြောပါတယ်။
ယနေ့ခေတ်ရဲ့ စားဝတ်နေရေးမြင့်တက်မှုတွေကြောင့် ယိမ်းကားတွေမှာ ပါဝင်အသုံးခံမဲ့ ဆိုင်းဝိုင်းသမားတွေကစပြီး ယိမ်းကားအလှဆင်သူတွေကအဆုံး စားဝတ်နေရေးကြောင့် စေတနာဝန်းထမ်းတွေ ရှားပါးလာတဲ့အတွက်လည်း ယိမ်းကားတစီးရဲ့ ကုန်ကျစရိတ်ဟာ မြင့်တက်လာရခြင်းဖြစ်ပြီး ပြည်မြို့ပေါ်က ရပ်ကွက်တချို့ ယိမ်းကားမထွက်နိုင်တဲ့အထိဖြစ်လာခဲ့လို့ စိတ်မကောင်းဖြစ်ရတယ်လို့ စည်တော်ယိမ်းက ကိုတင်အောင်စိုးက ဧရာဝတီကိုပြောပါတယ်။
“ အဓိကတော့ ယိမ်းကားတစီးရဲ့ စုစုပေါင်းကုန်ကျစရိတ်က သိန်းတရာအထက်မှာရှိတယ်၊ ကျနော်တို့ ယိမ်းကားဆို သိန်း ၁၅၀ နီးပါးကုန်တယ်၊ အလှူရှင်သာမရှိဘူးဆိုရင် ယိမ်းကားထွက်နိုင်ဖို့မဖြစ်နိုင်ဘူး၊ ကျနော်အဖေတို့ခေတ်တုန်းကဆိုရင် အားလုံးက ဘာသာရေးပွဲလမ်းသဘင်ဆိုတော့ အခကြေးငွေသိပ်မယူကြတော့ဘူး၊ အခုခေတ်ကတော့ အခြေအနေကမတူတော့ဘူး၊ နောက်ပြီး တချို့ရပ်ကွက်တွေမထွက်နိုင်တာလည်း စိတ်မကောင်းဖြစ်မိတယ်၊ ဘဏ်တွေ၊ ကုမ္ပဏီတွေအများစုရှိတဲ့ ရပ်ကွက်တွေကတော့ စပွန်ဆာရတော့ ထွက်နိုင်တာလည်းရှိပါတယ်။ ကျနော်တို့ စည်တော်ယိမ်းတောင် နောက်နှစ်ထွက်နိုင်မလား မထွက်နိုင်ဘူးလား မသေချာဘူး။” ကိုတင်အောင်စိုးက ရှင်းပြပါတယ်။
ယိမ်းကားတွေအားလုံးနီးပါးကတော့ ရိုးရာမပျက် သက်ဆိုင်ရာ ယဉ်ကျေးမှုတွေနဲ့ ကပြဖျော်ဖြေတာတွေရှိသလို ယနေ့ခေတ် ရေးပန်းစားနေတဲ့ နာမည်ကြီးအဆိုတော်တွေနဲ့ ခေတ်ပေါ်တေးသီချင်းတွေကို သီဆိုပြီး လှည့်တဲ့ယိမ်းကားတချို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
၁၂ ပွဲဈေးသည်တွေဟာ စွယ်တော်လှည့်တဲ့နှစ်တိုင်း အရောင်းအဝယ်အောင်မြင်နေကြဖြစ်လို့ ခါတိုင်းနှစ်တွေနဲ့မတူ ပွဲဈေးရောင်းချသူတွေနဲ့ အင်မတန်စည်းကားလှပေ့မဲ့ လူစည်ပြီး အရောင်းအဝယ် အေးတယ်လို့ နှစ်စဉ်ပွဲဈေးရောင်းနေကြ ဈေးသည်တဦးကလည်း ပြောပါတယ်။
“ လူတွေကတိုးသာနေကြတာ ဈေးကမရောင်းရဘူး၊ ကံစမ်းမဲပေးတဲ့ ကုမ္ပဏီပစ္စည်းတချို့တော့ ရောင်းရတာပေါ့၊ ဒီနှစ်တော့ရောင်းရမယ်ထင်ထားတာ သိပ်မရောင်းရဘူး၊ ကုန်ဈေးနှုန်းတွေတက်တာလည်း ပါတာပေါ့၊ စားဝတ်နေရေးတောင် အနိုင်နိုင်ဆိုတော့။” လို့ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့က အဝတ်အထည်ရောင်းချသူ ဈေးသည်တဦးက ပြောပြတာပါ။
ဇါတ်သဘင်တွေလည်း အဝင်နည်းပြီး ဒီနှစ်မှာတော့ ဇါတ်သဘင်တခုပဲ လာနိုင်ပါတယ်။ အရင်ကတော့ ဗလာပွဲတွေ၊ ဒုတ်ထိုးရုပ်သေးပွဲတွေနဲ့ ပွဲလမ်းသဘင်ဆိုပြီး တင်စားခဲ့ရတဲ့ တန်းဆောင်တိုင်ပွဲဟာ ပွဲပဲရှိပြီး သဘင်တွေနည်းပါးလာလို့လည်း စည်ကားသင့်သလောက် မစည်ကားခဲ့ရဘူးလို့ ဇါတ်သဘင်အဖွဲ့အစည်းတွေနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
“ကျေးလက်နေပြည်သူတွေက နေခင်းလည်မယ်၊ ညပိုင်းဆို ဗလာပွဲကြည့်ကြတယ်၊ မနက်ဆိုပြန်လည်ကြနဲ့ အဲဒီလို လာလည်ကြတာ၊ အခုဗလာပွဲလည်းမရှိတော့ဘူး၊ တခြားသဘင်တွေဘာလို့မလာလဲဆိုတော့ ပွဲပါမစ်ဈေးကြီးတာရယ်၊ နောက်ပြီး လုံခြုံရေးဝန်ထမ်းတွေ ဌာနဆိုင်ရာ အရာရှိတွေနဲ့ အမျိုးတွေကို လက်မှတ် Free ပေးရတဲ့ ဒဏ်တွေကို မခံနိုင်တော့လို့ မဝင်တော့တာ။ ဇါတ်တွေသဘင်တွေမရှိတော့ ကျေးလက်နေပြည်သူတွေက သိပ်မလာကြတော့ဘူး။” လို့ ဇါတ်သဘင်အဖွဲ့နဲ့ နီးစပ်သူက ဆက်ပြောပြပါတယ်။
နောက်လာမဲ့ သုံးနှစ်မှာရော ဒီနှစ်လို ယိမ်းကားတွေထွက်နိုင်မလား တိုးလာမလား လျော့သွားမလားဆိုတာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ သူကဆိုပါတယ်။

ဓါတ်ပုံများ - သီဟလွင်
The Irrawaddy (Burmese Version)


Read More...

Facebook Like Page