Thursday, December 31, 2015

ချစ်ခင်လေးစားရပါသော ပြည်သတင်းဖတ်ရှုသူ မိဘ ညီအစ်ကို မောင်နှမများ ၂၀၁၅ ခုနှစ်အလွန် ၂၀၁၆ သို့အကူး နှစ်သစ်ကူး အချိန်အခါမှာ ပြည်သတင်းဖတ်ရှုသူ မိဘ ပြည်သူ ညီအစ်ကို မောင်နှမအားလုံး စိတ်လဲကျန်းမာကြပါစေ

Leave a Comment

ချစ်ခင်လေးစားရပါသော ပြည်သတင်းဖတ်ရှုသူ မိဘ ညီအစ်ကို မောင်နှမများ ၂၀၁၅ ခုနှစ်အလွန် ၂၀၁၆ သို့အကူး နှစ်သစ်ကူး အချိန်အခါမှာ ပြည်သတင်းဖတ်ရှုသူ မိဘ ပြည်သူ ညီအစ်ကို မောင်နှမအားလုံး စိတ်လဲကျန်းမာကြပါစေ ကိုယ်လဲချမ်းသာကြပါစေ ယနေ့နှစ်သစ်ကူး အချိန်မှစ၍ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။  နှစ်ကူး အချိန်တွင် အသစ်တွေပြောင်း အဟောင်းတွေမေ့ရာတွင် ကောင်းသော အဟောင်းများကို သယ်ဆောင်နိုင်ကြပါစေ မကောင်းသော အညစ်ကြေးများ ယခု နှစ်သစ်ကူးအချိန်တွင်ကျန်ရစ်စေခဲ့၍ မိသားစု ဘဝ အစစ အရာရာအကုန်လုံး ပြီးပြည့်စုံနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

ပြည်သတင်း အွန်လိုင်း မီဒီယာအဖွဲ့


Read More...

အွန်လိုင်းမှတဆင့်ဂုဏ်သိက္ခာကျဆင်းအောင်၊နှောက်ယှက်ခြင်းများ ဖော်ပြရေးသားသူအားဖော်ထုတ်အရေးယူပေးပါရန် ဒုခရိုင်အုပ်ချုပ် ရေးမှူး ပြည်ခရိုင်မှအမှုဖွင့်ထားသည်ဟုသိရ

Leave a Comment

အွန်လိုင်းမှတဆင့်ဂုဏ်သိက္ခာကျဆင်းအောင်၊နှောက်ယှက်ခြင်းများ
ဖော်ပြရေးသားသူအားဖော်ထုတ်အရေးယူပေးပါရန် ဒုခရိုင်အုပ်ချုပ်
ရေးမှူး ပြည်ခရိုင်မှအမှုဖွင့်ထားသည်ဟုသိရ
ပြည် ဒီဇင်ဘာ (၃၁)ရက်နေ့ 
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဒုခရိုင်အုပ်ချုပ်ရေးမှူးအား
လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဂုဏ်သိက္ခာကျဆင်းအောင်
အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်းများဖော်ပြရေးသားထားသူအား
ဖော်ထုတ်အရေးယူပေးပါရန်အမှတ်(၁)ရဲစခန်း၌ ဒီဇင်ဘာ(၃၀)ရက်
နေ့ နေ့လည်(၁)အချိန်ခန့်ကတိုင်တန်းအမှုဖွင့်ထားကြောင်းသိရသည်။
ပြည်သူ့ဟစ်တိုင်(အထူး)Face Bookစာမျက်နှာများတွင် Daw May Thy
Kyaw အကောင့်အမည်မှ26 September at 9;11pm၊27 September
at 1;35 pm နှင့် 1း41 pm တွင်လည်းကောင်း၊16 November at 4;43
pm ၊28 December at 9;38 pm များတွင်ပြည်ဒုခရိုင်အုပ်ချုပ်ရေးမှူး
ဟုစာသားထည့်သွင်းဖော်ပြ၍ ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်
ခြင်း၊နှောက်ယှက်ခြင်းများဖော်ပြရေးသား post တင်ထားသည်ကိုတွေ့
ရှိရခြင်းတို့ကြောင့် မိမိအား မဟုတ်/မမှန်လုပ်ကြံလီဆယ်၍ Daw May
Thu Kyaw အကောင့်အမည်သုံးပြီး post တင်ထားသူ၏ စာရွက်စာတမ်း
အထောက်အထားများနှင့်အတူရဲစခန်းသို့တိုင်ကြားထားခြင်းဖြစ်ကြောင်း
သိရသည်။
"ဒီကိစ္စနှင့်ပတ်သက်ပြီး မှန်ကန်သည့်နည်းလမ်းအတိုင်း ရှင်းချင်လို့ အခု
လိုအမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ပါတယ်"ဟုဒုခရိုင်အုပ်ချုပ်ရေးမှူးဦးမင်း
ဇော်ဟိန်း ကပြောသည်။
Daw May Thu Kyaw အကောင့်အမည် သုံးပြီးလူမှုကွန် ယက်စာမျက်နှာ
များ ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသား Post တင်ထားသူအားစုံစမ်း
ဖော်ထုတ် အရေးယူပေးပါရန်ဦးမင်းဇော်ဟိန်း၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး
(ပြည်ခရိုင်)၊ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်ကွက် ပြည်မြို့နေထိုင်
သူမှတရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ပြည်အမှတ်(၁)နယ်မြေရဲစခန်း(ပ)၃၄၀/၂၀၁၅ ၊ဆက်သွယ်ရေး
ဥပဒေပုဒ်မ ၆၆(ဃ)အရအမှုရေးဖွင့်ထားရှိကာအမှုအားရဲအုပ်နေလင်းအောင်
မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း ပြည်အမှတ်(၁)နယ်မြေရဲစခန်းမှသိရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Wednesday, December 30, 2015

`` ​ရွှေမင်းသမီး စိန်​​ရွှေရတနာဆိုင်​´´ `` ( ၁၁ ) နှစ်​ပြည့်​ အထိမ်းအမှတ်​´´ နှင့်​ ``HAPPY NEW YEAR´´အကြို ``အထူး​ဈေး​ရောင်းပွဲ​တော်​´´

Leave a Comment

`` ​ရွှေမင်းသမီး စိန်​​ရွှေရတနာဆိုင်​´´
`` ( ၁၁ ) နှစ်​ပြည့်​ အထိမ်းအမှတ်​´´ နှင့်
``HAPPY NEW YEAR´´အကြို ``အထူး​ဈေး​ရောင်းပွဲ​တော်​´´

ပြည်​မြို့ ရှိ `` ​ရွှေမင်းသမီး စိန်​​ရွှေရတနာဆိုင်​´´ ၏ ``( ၁၁ ) နှစ်​ပြည့်​ အထိမ်းအမှတ်​ပွဲနှင့်​ ``HAPPY NEW YEAR´´2016 အားကြိုဆို​လျှက်​ ယ​နေ့ ( 31-12-2015 ) ရက်​​နေ့ နံနက်​ ( 8:00 )နာရီမှ ည ( 8:00 ) နာရီအထိ ( ၁ ) ရက်​တည်းသာ စိန်​​ရွှေရတနာများကို ​ရောင်းချ​ပေးသွားမည်​ဖြစ်​ပါ​ကြောင်း ၊ သို့ပါ၍ ​ရွှေမင်းသမီး စိန်​​ရွှေရတနာဆိုင်​၏ မိတ်​​ဟောင်းမိတ်​သစ်​များ ဗလာမပါ ကံစမ်းမဲ ဆုကြီးများ ဖြစ်​​သော ​ရွှေဆွဲကြိုးများ ၊ ​ရွှေဆွဲပြားများ တို့အား မဲ​ဖောက်​​ပေး​နေပါပြီ ၊ မနက်​ပိုင်းမှာ ကံစမ်းမဲဆုကြီး များဖြစ်​​သော ​ရွှေဆွဲကြိုး ( ၁ ) ကုံး ၊ ​ရွှေဆွဲပြား ( ၁ ) ခုတို့နှင့်​ အခြားဆု မဲများအားမဲ​ဖောက်​လို့​ပေးခဲ့ပြီ​နော်​ ..<3<3<3<3 ကျန်​ရှိ​နေ​သေး​သော ​ရွှေဆွဲကြိုး ( ၂ ) ကုံး နှင့်​ အခြားအထူးကြီးများ အား ဆက်​လက်​မဲ​ဖောက်​​ပေးသွားမှာဖြစ်​လို့ ချစ်​ FRI တို့မှ ဆက်​ဆက်​ကြွလှမ်းခဲ့ပါအုံးလို့ အသိ​ပေးဖိတ်​ကြားအပ်ပါတယ်​​နော်​....@@@@@

ကျင်းပ​နေရာ
--------------------
ရွှေမင်းသမီး စိန်​​ရွှေရတနာဆိုင်
လမ်းမ​တော်​လမ်း ၊ ဗဟိုမီးသတ်​​ရှေ့ ၊ ပြည်​မြို့ ။Ph:053-27822
https://www.facebook.com/smtmpage


Read More...

Tuesday, December 29, 2015

ပြည်သူများထံအသိပေး အကြောင်းကြားခြင်း

Leave a Comment

ပြည်သူများထံအသိပေး အကြောင်းကြားခြင်း

သတင်းတို ပြည် ဒီဇင်ဘာ( ၃၀ )ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကိုသောင်းရပ်
ရွာဘဲနယ်မြေ ရွှေတစ်ချောင်းလမ်းကိုးသောင်း
လမ်းဆုံအား လမ်းပြုပြင်နေပါသဖြင့် နံနက်(၇)
နာရီခွဲမှ ညနေ(၅)နာရီအထိ အလုပ်ချိန်များတွင်
ခေတ္တပိတ်ထားပါသည်။

ထို့သို့လမ်းခေတ္တပိတ်ရခြင်းမှာ အများပြည်သူများ
အန္တရာယ်ကင်းရှင်းရန်လည်းကောင်း လုပ်ငန်းလုပ်
ကိုင်နေသော အလုပ်သမားများအန္တရာယ်ကင်းရှင်း
စေရန်လည်းကောင်းရည်ရွယ်၍ လမ်းပိတ်ထားခြင်း
ဖြစ်သဖြင့်မိဘပြည်သူများအား နားလည်ပေးပါရန်
အပြုသဘောဆောင်၍ ရေးသားဖော်ပြအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09-4326 71883

ပြည်ခရိုင်မူခင်းနှင့်သတင်းစုံ



Read More...

ကိုယ်ရယ် ..မင်းရယ် .. ရပ်ကွက် အုပ်ချုပ်ရေးမှူးရယ် သရ၀ဏ် (ပြည်)

Leave a Comment


ကိုယ်ရယ် ..မင်းရယ် .. ရပ်ကွက် အုပ်ချုပ်ရေးမှူးရယ်


သရ၀ဏ် (ပြည်)



ယခုအခါလျှို.၀ှက်ဆန်းပြား ကြိတ်ပုန်းစီမံကိန်းတစ်ခုပေါ်ပေါက်နေ၏ ။ ကြိတ်ပုန်းစီမံကိန်းဆိုသည်မှာ ဌာနတွင်းသူတို.အချင်းချင်းသိနေတာကြာပြီဖြစ်သော်လည်း ရပ်ကွက်နေလုပ်သားပြည်သူများသို.မကောင်းတတ်သဖြင်. အနီးကပ်မှဗြုန်းကနဲ အကြောင်းကြားသော ရပ်မိရပ်ဖရွေးချယ်ပွဲ ၊ ဆယ်အိမ်မှူးရာအိမ်မှူးရွေးချယ်ပွဲ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ များကျင်းပဖို. စီစဉ်ကြခြင်းဖြစ်သည် ။ ထိုသို. တစ်ရပ်ကွက်လျှင်ရပ်မိရပ်ဖ ငါးဦးရွေးမည်.အကြောင်းကို လမ်းများထိပ်တွင် အလွန်သေးငယ်သောစာရွက်ကလေးများဖြင်.ဓါတ်တိုင်တွင်လာကပ်၏ ။ အချို.လမ်းများမှာ သုံးထပ်သားပြားတွင် A4 စာရွက်ကလေး ဖြင်. ကြေငြာစာရွက်ကပ်ထား၏ ။ စာရွက်ကပ်သည်မှာ ယနေ. ဖြစ်ပြီး ရွေးချယ်ပွဲကျင်းပမည်မှာ မနက်ဖြန်ဖြစ်သည် ။မိမိတို.လက်ရှိအုပ်ချုပ်ရေး အာဏာပိုင်များ အဖက်ဖက်ကကြိုတင်ပြင်ဆင်ထားပြီး ပြိုင်ဘက်များအငိုက်မိစေရန်အချိန်ကပ်မှအသိပေးသော စစ်အစိုးရ၏လက်ကျန်နည်းဗျူဟာများဖြစ်သည် ။စင်စစ် ဤရပ်ကွက်အုပ်ချုပ်ရေးအဖွဲ.ရွေးချယ်စေသော အချိန်ကာလကိုက မှားယွင်းနေပြီး ရိုးသားမှုမရှိသောလုပ်ရပ်ဖြစ်သည် ။
ယနေ. ရပ်ကွက်နှင်.ကျေးရွာအုပ်ချုပ်ရေးမှူးများသည် အုပ်ချုပ်ရေးမဏ္ဍိုင်၏အမာခံဒေါက်တိုင်များဖြစ်သည် ။ အုပ်ချုပ်ရေးမှူး နှင်. အုပ်ချုပ်ရေးအဖွဲ. ၊ ရပ်မိရပ်ဖဆိုသူအများစုကိုကြည်.လျှင်ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီဝင် အများစုကိုတွေ.ရမည်ဖြစ်သည် ။ ထို ရပ် /ကျေး အုပ်ချုပ်ရေးမှူးများ ကို ရွေးချယ်ခဲ.စဉ်ကလည်း ပြည်ခိုင်ဖြိုးပါတီ တန်ခိုးထွားနေသောကာလဖြစ်သည် ။ ရွေးခဲ.ရာတွင်လည်း ပွင်.လင်းမြင်သာစွာ ရွေးကောက်ပွဲ မဲစနစ်ဖြင်.ရွေးခဲ.ကြသည်မဟုတ် ။ သူတို.အချင်းချင်း လက်ကြိတ်ထိုး၍ လူအများမပါဝင်နိုင်သော နေရာ ၊ အချိန်တစ်ခု ကြိတ်ပုန်းသတ်မှတ်ကာ ယခင်စစ်အစိုးရလက်ထက်က ရ.၀.တ /ရ.အ.ဖ အဖွဲ.၀င်များပင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်ပြန်လည်အရွေးချယ်ခံရတာများသည် ။ ရပ်ကွက်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီ ဥက္ကဌ ရာထူးမှ ရပ်ကွက် (သို.မဟုတ် )ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးအခေါ်အဝေါ်ပြောင်းသွားသည် ။ လူတွေကတော.ယခင်လူတွေသာများပါသည် ။ စစ်အစိုးရသည် အောက်ခြေအုပ်ချုပ်သူလူတန်းစားကို အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် အဖွဲ.၀င်များ ၊ ၈၈ မျိုးဆက်ကျောင်းသားများ ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ မဖြစ်စေလိုပါ။ သူတို.လူများသာဖြစ်စေချင်သည် ။ ထို.ကြောင်. လူရွေးပွဲများကို ကြိတ်ပုန်းပွဲကလေးများကျင်းပခြင်းဖြစ်သည် ။
အမှန်ဆိုလျှင် ယခုအချိန်သည် အာဏာရ အုပ်ချုပ်ရေးအဖွဲ. ရာထူးမှဆင်းရန် လပိုင်းမျှသာလိုတော.သော အချိန်ဖြစ်သည် ။ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်သည် အုပ်ချုပ်ရေးအာဏာကိုရယူရန် လပိုင်းမျှသာလိုတော.သောအချိန်ဖြစ်သည် ။ ဤအချိန်တွင် ရပ်ကွက် နှင်.ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ၊လမ်းမှူးအသစ် ၊ ရပ်မိရပ်ဖအသစ်များကိုဖုတ်ပူမီးတိုက် ရွေးချယ်ခဲ.ဖို. မလိုသေးပါ ။ ထိုအလုပ်သည် အသစ်တက်လာသော NLD အစိုးရ အသစ်က လုပ်ရမည်. တာဝန်ဖြစ်သည် ။ သို.သော် စစ်အာဏာရှင်တစ်ပိုင်းအစိုးရများသည် အမြဲပင် သူ.လူများကို နောက်တက်မည်.အစိုးရတွင်မြှုပ်နှံချင်သည်.စစ်အလေ.အထစွဲကပ်နေသည် ။ NLD အစိုးရ လက်ထက် ရွေးချယ်ပွဲလုပ်ခဲ.လျင် ယခုလက်ရှိ ကြံ.ခိုင်ရေး နောက်ခံ အုပ်ချုပ်ရေးမှူးများ ၊ ဆယ်အိမ်မှူး ၊ရာအိမ်မှူး ၊လမ်းမှူးများအခြေအနေမကောင်းနိုင် ဘူးဆိုတာသူတို.သိသည် ။ သူတို.လူများ နေရာမရနိုင်တော.တာသူတို.သိသည် ။ နောက်အစိုးရ၏အုပ်ချုပ်ရေးယန္တယားတွင်သူ.လူတွေမြှုပ်နှံလို. မရတော.တာသူတို.ကောင်းကောင်းသိသည် ။ ထို.ကြောင်. NLD အုပ်ချုပ်ရေးယန္တယားတွင် သူတို.လူအမာခံဆဲလ်များထည်.သွင်းနိုင်ရေး ယခုချက်ချင်းဖုတ်ပူမီးတိုက်ဆောင်ရွက်ခြင်းဖြစ် ပေသည် ။
ဤရွေးချယ်ပွဲများကိုမြင်ရကြားရသောအခါ ကျွန်တော်တို. ပြည်မြိ. မှ ဘောလီဘောအသင်းလူရွေးပုံကိုသတိရမိသည် ။ ကျွန်တော်တို. မြို.မှအပျော်တမ်းဘော်လီဘောအသင်းတစ်သင်းသည် မြို.နယ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲကြီးသို. နှစ်စဉ်မပျက်မကွက်သွားရောက်ယှဉ်ပြိုင်လေ.ရှိသည် ။ မြို.နယ်တာဝန်ရှိသူများ ကဘဏ္ဍာငွေမထောက်ပံ.သဖြင်. ဘောလီဘောအဖွဲ.မှာ ကိုယ်.ရန်ပုံငွေကိုယ်ရှာရသည် ။ ထိုအခါ ငွေကြေးစိုက်ထုတ်နိုင်သော သူမှာ အဖွဲ.ခေါင်းဆောင်ဖြစ်တော.သည် ။ ကိုပေါက်စဆိုသောသူသည် ဤနည်းဖြင်. မြို.နယ်ဘောလီဘောအသင်း၏ခေါင်းဆောင်ဖြစ်နေသည် ။ သူတို.အဖွဲ.သည် တစ်နှစ်သွားပြိုင်လည်းမနိုင် ၊ နောက်တစ်နှစ်တွင်လည်းရှုံးပြန်သည် ။ ထိုသို.ရှုံးပြီးပြန်လာတိုင်းအသင်းခေါင်းဆောင်ကိုပေါက်စပြောလေ.၇ှိသောစကားတစ်ခွန်းရှိသည် ။
“ ဒီနှစ်တော. ပေါ.လို.မဖြစ်ဘူး ၊ လူသေသေချာချာရွေးမှဖြစ်တော.မယ် ၊ လူကောင်းတွေချည်းပဲရအောင် ဘယ်သူ.မျက်နှာမှမထောက်ပဲရွေးရမယ် ၊ အဲဒိတော.ကွာ ငါရယ် ၊ ဇော်မင်းရယ် ၊ကျော်တင်.ရယ် ၊တင်ဦးရယ် ။မောင်စိုးရယ်ကွာ "
ထိုနှစ်တွင်လည်း ကိုပေါက်စတို.အသင်းရှုံးပြန်လာပါသည် ။ထိုအခါ ဓါတ်ပြားဟောင်းကိုဖွင်.ပြန်သည် ။
“ဒီနှစ်တော.လူသစ်တွေရွေးမှဖြစ်မယ်ဟေ. ၊ အဲဒိတော. ကွာ ငါရယ် ……..”
ကိုပေါက်စလူရွေးတိုင်း ငါရယ်နောက်မှလူများပြောင်းသွားသည် ။သို.သော် ငါရယ်ဟုခေါင်းတည်ကာ သူ.ကိုယ်သူ အမြဲပြန်ရွေးသောထုံးစံမှာတော. သူတို.ဘောလီဘောအဖွဲ. ပျက်သွားသည်အထိတည်မြဲခဲ.သည် ။ကြာတော.မြို.ခံများကြားဝယ် ကိုပေါက်စ လူရွေးချယ်ပုံနှင်.ပါတ်သက်၍ သရော်လှောင်ပြောင်စရာစကားတစ်ခွန်ရလာသည် ။ ဘာပဲပြောစရာရှိရှိ အဲဒိတော.ငါရယ် ဟုစကားစကြသည် ။
ယခုအခါကျွန်တော်တို.နိုင်ငံဝယ် ရပ်ကျေးဥက္ကဌတို. ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတို. ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို.၊ ရပ်မိရပ်ဖတို. ၊ ဆယ်အိမ်မှူးတို. ၊လမ်းမှူးတို.ရွေးတိုင်း ကိုပေါက်စလမ်းစဉ်မျိုးဖြစ်နေတာများသည် ။ တကယ်တော. ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ပြည်သူလူထုနှင်.တိုက်ရိုက်ထိတွေ.ရသောအောက်ခြေမှ အရေးအကြီးဆုံး အုပ်ချုပ်သူများဖြစ်သည် ။သူတို.တော်လျှင်တော်သလို ၊ ညံ.လျှင်ညံ.သလို နိုင်ငံအုပ်ချုပ်ရေး ၏ ပုံရိပ်ကို ထိခိုက်စေမည်ဖြစ်သည် ။ ထို.မျှအရေးကြီးသော ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးရာထူးများကို ယခုလိုဝေ.လည်ကြောင်ပါတ်စနစ်မဟုတ်ပဲ ရွေးကောက်ပွဲတစ်ခုကျင်းပကာ မဲပေးရွေ.ချယ်စေသင်.ပါသည် ။ နောင်တက်လာမည်. လွှတ်တော်အမတ်များသည် ရပ်ကွက်နှင်.ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်တင်မြောက်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကိုတိတိကျကျဆောလျှင်စွာပြဌာန်းပေးသင်.ပေသည် ။ ထိုသို.မဟုတ်ပဲ ကြိတ်ဝိုင်းစနစ်ဖြင်. ဘယ်သူ.ကိုဘယ်လိုတင်လိုက်မှန်းမသိသည်.စနစ်ဖြင်.သာ လုပ်ကြကိုင်ကြပါက ငါရယ် ၊ ငါ.လမ်းမှူးရယ် ၊ ငါ.ဆယ်အိမ်မှူးရယ်ဟုသာ ကိုပေါက်စပြောသလိုဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း ။
သရ၀ဏ်(ပြည်)
Read More...

ထိုင်းလူမျိုးအကျဉ်းသားတွေရရှိသည့်အခွင့်အရေးတိုင်း မြန်မာနိုင်ငံသားနှစ်ဦးရရှိရန်လိုအပ်

Leave a Comment




ထိုင်းလူမျိုးအကျဉ်းသားတွေရရှိသည့်အခွင့်အရေးတိုင်း မြန်မာနိုင်ငံသားနှစ်ဦးရရှိရန်လိုအပ်

ပြည် ဒီဇင်ဘာ ၂၉


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ရှိ မင်္ဂလာဂါးဒန်း ဟိုတယ်တွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ဒီဇင်ဘာ၂၉ ရက်နေ့ နံနက် ၉-နာရီ ချိန်ခန့်က ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မှုလအခွင့်အရေးအရေးများ မြှင့်တင်နိုင်ရန် နှင့် ကာကွယ်ရန်တို့အတွက်  ၂၄.၉.၂၀၁၄ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ လူ့အခွင့်အရေးဆိုင်ရာအသိပညာ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးအား MNHRC မှ သင်တန်းပို့ချ ဟောပြောခဲ့တာဖြစ်ပြီး ပြည်မြို့နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ပရဟိတအဖွဲ့အစည်းများ၊NGO အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

“၀န်ကြီးဌာနတွေ နဲ့ သက်ဆိုင်ရာဌနတွေအပါဝင် ပြည်သူတွေအထိ ဟောပြောပွဲပေါင်း ၅၈-ခုဟောပြောပြီးပါပြီ။ ၀န်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေက လူ့အခွင့်အရေးသိတာ ပြည်သူလောက်ထိတွေ့မှုမရှိတော့ သိပ်မသိကြဘူး။ပြည်သူမှာအခြေခံလေးတွေသိထားကြတယ်။ထိုင်းနိုင်ငံမှာ သေဒဏ်အမိန့်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိစ္စနဲ့ပတ်သက်ပြီး မနေ့က ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆီကို ကျွန်တော်တို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေ အကူညီတောင်းခံထားပါတယ်။ လူသားတိုင်းအသက်ရှင်သန်ခွင့်ရှိရမယ်။တန်းတူညီမျှခွင့်ရှိရမယ်။ ထိုင်းလူမျိုးအကျဉ်းသားတွေရရှိတဲ့အခွင့်အရေးကို မြန်မာနိုင်ငံသား နှစ်ယောက်လဲအပြည့်အ၀ရရှိစေဖို့လိုတယ်။ အဲဒိအခွင့်အရေးရရှိရင် သေဒဏ်ကလွတ်ရင်လွတ် မလွတ်ရင်တောင်မှ လျော့ပေါ့သွားမှာဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင် ကပြောသည်။



၎င်းဆွေးနွေးပွဲအား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင် မှလူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များအား ဦးဆောင်ဆွေးနွေးဟောပြော သင်တန်းပို့ချခဲ့ပြီး တက်ရောက်လာသူများမှလဲ အပြန်အလန်ဆွေးနွေးမှုများကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

“အရင်းက CSOတွေခုလိုအောက်ခြေအထိ ပြည်သူနဲ့ထိတွေ့ပြီး ခုလိုပညာပေးအစီစဉ်တွေမလုပ်ဆောင်ခဲ့ဘူး။အခုလုပ်ဆောင်လာပြီဆိုတောါ အရမ်းဝမ်းသာကြိုဆိုပါတယ်။ဒီပွဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် လူအခွင့်အရေးအပြည့်အ၀ရတဲ့အတွက် အင်မတန်ကောင်းမွန်တဲ့ပွဲပါ။ တစ်ချို့က လူ့အခွင့်အရေးကာကွယ်တာတွေလုပ်နေပြီး လူ့အခွင့်အရေးတွေကိုယ်တိုင်ချိုးဖောက်တာတွေလဲရှိနေတယ်။ဒီလိုပွဲတွေများများလုပ်လေကောင်းလေပဲ။ ကိုယ်ရဲ့ရပိုင်ခွင့် အခွင့်အရေးကိ ကိုယ်ကိုယ်တိုင်သိမှ ကိုယ့်အခွင့်အရေးတွေသေချာ တောင်းဆိုနိုင်မှာဖြစ်ပါတယ်။” ပြည်မြို့ ဂရုဏာလက်များကွန်ယက် အတွင်းရေးမှူး ကိုပုည ကပြောသည်။




အဆိုပါ ဆွေးနွေးပွဲတွင် လူ့အခွင့်အရေး၏ အနှစ်သာရငါးချက်ဖြစ်သည့် ဂုဏ်သိက္ခာ၊လွတ်လပ်ခြင်း၊ခွဲခြားမှုမရှိခြင်း၊တန်းတူညီမျှခြင်း၊တစ်ပါးသူ၏ အခွင့်အရေးကိုလေးစားခြင်း စသည့် လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရများအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မှတာဝန်ရှိသူများက ဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။

၎င်းဆွေးနွေးပွဲအား ပြည်မြို့နယ်အတွင်းရှိ ဂရုဏာလက်များကွန်ယက်၊ရတနာ့မာန် ပညာဒါနကျောင်း၊မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊ဒေသခံသတင်းထောက်များ၊အမျိုးသမီးရေးရာအဖွဲ့၊တယ်လီနောလိုင်း ဟော့ကာပညာရှင်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊မိခင် နှင့် ကလေးစောင့်ရှောက်ရေး၊စစ်မှုထမ်းဟောင်းများအဖွဲ့၊ကွန်ပျူတာပညာရှင်များ၊HRDP(လူ့အခွင့်အရေး)အဖွဲ့ များတ စုစုပေါင်း အင်အား ၄၀-ကျော်တက်ရောက်ခဲ့ပြီးအဆိုပါ ဆွေးနွေးပွဲအား ညနေ ၄-နာရီထိ တစ်ရက်သင်တန်းပို့ချခဲ့ကြောင်းသိရသည်။

K3(pyay)
Read More...

Monday, December 28, 2015

လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့် တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ ပြည့်သဲမောင်(ပြည်)

Leave a Comment


သတင်းတို ပြည် ဒီဇင်ဘာ ၂၉ ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မင်္ဂလာဂါးဒန်း
ဟိုတယ်တွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်
တင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ဒီဇင်ဘာ ၂၉ ရက်
နေ့ နံနက် ၉း၀၀အချိန်၌ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်
းသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မူခင်းနှင့်သတင်းစုံ

Read More...

ပြည်မြို့တွင် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခြင်းရသည့် မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရန် ဆန္ဒထုတ်ဖော် ရှမ်းအိုးစည်များဖြင့်တီခတ် ကြိုဆို ထောက်ခံအားပေး

Leave a Comment



ပြည်မြို့တွင် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခြင်းရသည့် မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရန် ဆန္ဒထုတ်ဖော် ရှမ်းအိုးစည်များဖြင့်တီခတ် ကြိုဆို ထောက်ခံအားပေး

 

ပြည် ဒီဇင်ဘာ ၂၇

 

 

ဗြိတိန်နိုင်ငံသား နှစ်ဦး လိပ်ကျွန်းတွင် သေဆုံးမှုကိစ္စနှင့်ပတ်သက်ပြီး သံသယတရားခံ မြန်မာနိုင်ငံသား နှစ်ဦးအား ထိုင်းတရားရုံးမှ သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က လူမှုအသင်းအဖွဲ့များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊အရပ်ဖက်အဖွဲ့အစည်းများ၊ပရဟိတအသင်းအဖွဲ့များ၊ပြည်မြို့ဒေသခံများစုပေါင်း၍ ထိုင်းတရားရုံးမှ မြန်မာလုပ်သား ၂ ဦးအားသေမိန့်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း မှ ပြန်လည်လွှတ်မြောက်စေရန် စာသားများပါရှိသည့် ဗီနိုင်းပိုစတာများ၊မြန်မာနိုင်ငံသား နှစ်ဦး၏ပုံစံတူ ပါဖောမန့်(သရုပ်ဆောင်ခြင်း) များ နှင့် ဆန္ဒပြသူများအား ကြိုဆို ဂုဏ်ပြု ထောက်ခံ အားပေးသည့် ရှမ်းအိုးစည်များ ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ထူးခြားစွာပါဝင် ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

“တစ်ခြားနိုင်ငံသားတွေတောင်ကျွန်တော်တို့နိုင်ငံမှာ ရာဇ၀တ်မှုဖြစ်တာကို (၈)ရက်လောက်နဲ့ လွှတ်ပေးတာမျိုးရှိသေးတာပဲ။ အခုကျွန်တော်တို့နိုင်ငံသားတွေ အခုလိုတိုင်းတစ်ပါးမှာခံရတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံသားတွေအခြားတိုင်းတစ်ပါးကိုသွားရင်ခေါင်းငုံ့ခံရတော့မှာပဲ။ ဒါကြောင့်ဒီကိစ္စကိုအမျိုးသားရေးကိုရှေ့တန်းတင်ပြီး အခုလိုဆန္ဒထုတ်ဖော်ရတာပါ။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။”ဟု မိုးမေတ္တာနာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးညီညီအောင်ကပြောသည်။

 

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ပြည်မြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များ၊အရပ်ဖက်အဖွဲ့အစည်းများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်ပြည်မြို့ဒေသခံပြည်သူများမှ အုပ်စုလိုက် မိမိတို့သတ်မှတ်ရာနေရာတွေမှ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉-နာရီအချိန်မှစတင်ကာ မြို့တွင်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရပြီး ဒီဇင်ဘာ ၂၅ ရက်နေ့ကလဲ ပြည်မြို့အတွင်းရှိဒေသခံလူငယ်တွေ စုပေါင်းကာ ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်ပေါ်တွင် ဆုတောင်းပွဲများကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

“တရုတ်နိုင်ငံသားတွေကိုတောင်(၈)ရက်နဲ့ပြန်လွှတ်ပေးနိုင်သေးတာ။ အခုထိုင်းမှာရောက်နေတဲ့ ကျွန်တော်တို့ရဲ့ ခလေးတွေကိစ္စက တိုင်းပြည်ခေါင်းဆောင်တွေအားလုံးမှာ လုံးဝတာဝန်ရှိပါတယ်။ သမ္မတအချင်းချင်း ဒါမှမဟုတ် ကာချုပ်အချင်းချင်း စာတင်တာမျိုးတွေလုပ်ပြီး တောင်းဆိုပေးဖို့ပြောချင်ပါတယ်။”ဟု လူ့အခွင့်အရေးအဖွဲ့ ကိုဇော်ထွန်း ကပြောသည်။

 

ယင်းဆန္ဒထုတ်ဖော်ကြသူများ နျင့် မြန်မာတစ်နိုင်ငံလုံးရှိ လိပ်ကျွန်းလူသတ်မှုကြောင့် သံသယဖြင့် ထိုင်းတရားသူကြီးမှ သေဒဏ်ချမှတ်ခဲ့သော မြန်မာနိုင်ငံသား နှစ်ဦးအား ထိုအမှုမှလွှတ်မြောက်စေရန် ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူများအားလုံးကို ထူးခြားစွာ ပြည်ဒေသခံလူငယ်များစုပေါင်း၍ ရှမ်းအိုးစည်များတီးခတ်ဖျော်ဖြေကာ အားပေး ထောက်ခံကြိုဆိုဝန်းရံခဲ့ကြသည်။

 

“ဟိုးရှေးပဝေသနီကထဲက ထိုင်းနိုင်ငံနဲ့ ဆက်ဆံလာခဲ့တာ။ အခုဟာကလဲ သံသယတရားခံ အနေနဲ့ပဲရှိတာကို အခုလိုသေဒဏ်ချလိုက်တာဟာ ကျွန်တော်တို့တိုင်းပြည်အနေနဲ့ကာကွယ်မပေးနိုင်တာ ကိုပြောချင်ပါတယ်။ အမြန်ဆုံးလွှတ်ပေးစေချင်တယ်။သက်ဆိုင်ရာခေါင်းဆောင်အချင်းချင်း ညှိနိုင်းဆောင်ရွတ်ဖို့လိုနေပြီ။နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာရင်မကောင်းဘူး။”ဟု ပြည်သူ့အကျိုးဆောင်ကွန်ယက် မှ ကိုဇော်ဦးကပြောသည်။

 

၎င်းဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သည့် မိုးမေတ္တာနာရေးကူညီမှုအသင်း၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုရန်စာအား ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံသို့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်ခွင့်ပြုစာတင်ပြခဲ့ရာ ထိုနေ့ညမှာပင် ခွင့်ပြုကြောင်းစာ ပြန်လည်ကျရောက်ခဲ့ကြောင်းသိရသည်။ ၄င်းဆန္ဒပြပွဲကို ပြည်မြို့နယ်လုံးကျွတ်ခန့်ပါဝင်ခဲ့ကြောင်းသိရပြီး ပြည်မြို့ ဗိုလ်ချုက်ကျောက်ရုပ်တွင် နံနက် ၁၁ နာရီ ဆန္ဒဖော်ထုတ်သည့်အဖွဲ့များစုပေါင်းကာ နိုင်ငံတော်သီချင်ဆိုခဲ့ကြကြောင်းသိရသည်။

 

K3(pyay)


Read More...

Saturday, December 26, 2015

ပြည်မြို့တွင် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခြင်းရသည့် မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရန် ဆန္ဒထုတ်ဖော် ရှမ်းအိုးစည်များဖြင့်တီခတ် ကြိုဆို ထောက်ခံအားပေး

Leave a Comment

ပြည်မြို့တွင် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခြင်းရသည့် မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရန် ဆန္ဒထုတ်ဖော် ရှမ်းအိုးစည်များဖြင့်တီခတ် ကြိုဆို ထောက်ခံအားပေး

ပြည် ဒီဇင်ဘာ ၂၇

ဗြိတိန်နိုင်ငံသား နှစ်ဦး လိပ်ကျွန်းတွင် သေဆုံးမှုကိစ္စနှင့်ပတ်သက်ပြီး သံသယတရားခံ မြန်မာနိုင်ငံသား နှစ်ဦးအား ထိုင်းတရားရုံးမှ သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က လူမှုအသင်းအဖွဲ့များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊အရပ်ဖက်အဖွဲ့အစည်းများ၊ပရဟိတအသင်းအဖွဲ့များ၊ပြည်မြို့ဒေသခံများစုပေါင်း၍ ထိုင်းတရားရုံးမှ မြန်မာလုပ်သား ၂ ဦးအားသေမိန့်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း မှ ပြန်လည်လွှတ်မြောက်စေရန် စာသားများပါရှိသည့် ဗီနိုင်းပိုစတာများ၊မြန်မာနိုင်ငံသား နှစ်ဦး၏ပုံစံတူ ပါဖောမန့်(သရုပ်ဆောင်ခြင်း) များ နှင့် ဆန္ဒပြသူများအား ကြိုဆို ဂုဏ်ပြု ထောက်ခံ အားပေးသည့် ရှမ်းအိုးစည်များ ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ထူးခြားစွာပါဝင် ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သတင်းအပြည့်အစုံဆက်လက်ဖော်ပြပေးပါမည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019


Read More...

မြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေး သွေးနဲ့ရေးပြီး ဆန္ဒပြ

Leave a Comment

မြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေး သွေးနဲ့ရေးပြီး ဆန္ဒပြ

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ မြန်မာလူငယ်နှစ်ဦးကို တရားခံတွေအဖြစ်စွပ်စွဲပြီး သေဒဏ်ချမှတ်လိုက်မှုဟာ တရားမျှ တမှုမရှိဘူးလို့ ယုံကြည်နေတဲ့ မြန်မာအမျိုးသမီးငယ်တယောက်ဟာ သူမလက်ရဲ့သွေးကိုဖောက်ပြီး အသနားခံစာရေးကာ ထိုင်းဘုရင်ကြီးထံ အသနားခံတောင်းဆိုလိုက်ပါတယ်။

ဧရာဝတီသတင်း
သတင်း - ကျော်ခ၊ ဓာတ်ပုံ၊ ဝေဆိုင်း

မှကူးယူဖော်ပြသည်။
ပြည်သတင်းလူငယ်


Read More...

သံသယတရားခံမြန်မာနိုင်ငံသား(၂)ဦးအား သေဒဏ်အမိန့်ချခဲ့သောထိုင်းတရားသူကြီး နှင့်ထိုင်းတရားဥပဒေအား ကန့်ကွက်ရှုတ်ချ သည့်အနေဖြင့် ပြည်မြို့သူတွင်ဆန္ဒထုတ်ဖော်

Leave a Comment

သတင်းတို ပြည် ဒီဇင်ဘာ (၂၇) ရက်နေ့

သံသယတရားခံမြန်မာနိုင်ငံသား(၂)ဦးအား
သေဒဏ်အမိန့်ချခဲ့သောထိုင်းတရားသူကြီး
နှင့်ထိုင်းတရားဥပဒေအား ကန့်ကွက်ရှုတ်ချ
သည့်အနေဖြင့် ပြည်မြို့သူ ပြည်မြို့သားများ
ပရဟိတအဖွဲ့များ လူမူကွန်ယက်အဖွဲ့များ
ဒီဇင်ဘာ (၂၇)ရက်နေ့ နံနက်(၉)နာရီ(၃၀)အ
ချိန် ပြည်မြို့မြို့သစ်သံလမ်းမှစတင်ချီတက်
ဆန္ဒထုတ်ဖော်။

ပြည့်သဲမောင် (ပြည်)09 4236 71883

ပြည်ခရိုင်မူခင်းနှင့်သတင်းစုံ




Read More...

NSM Mobile မှပြည်မြို့တွင်မိုဘိုင်းဖုန်းပြုပြင်ခြင်း ဆိုင်ရာသင်တန်းအပတ်စဉ်(၁)အား ဒီဇင်ဘာ(၃၀) ရက်နေ့စတင်ဖွင့်လှစ်ပါမည်။

Leave a Comment

NSM Mobile မှပြည်မြို့တွင်မိုဘိုင်းဖုန်းပြုပြင်ခြင်း
ဆိုင်ရာသင်တန်းအပတ်စဉ်(၁)အား ဒီဇင်ဘာ(၃၀)
ရက်နေ့စတင်ဖွင့်လှစ်ပါမည်။

- မန္တလေးမြို့မှ Software / Hardware အတွေ့
အကြုံရှိဆရာများဖိတ်ခေါ် စီစဉ်ထားခြင်းဖြစ်ပါသည်။
- သင်တန်းသားတစ်ဦးလျှင် Laptop တစ်လုံးစီဖြင့်
သင်ကြားပေးခြင်းModel မြင့် Handset များကို
အထူးပြုသင်ကြားပေးခြင်း။
- သင်တန်းပြီးဆုံးပါက အသစ်ထွက်ရှိသော
Application / Game /Firmware များကို
ကူညီပံ့ပိုးပေးခြင်း။
- Software / Hardware ပိုင်းဆိုင်ရာ သင်ခန်းစာ
များအား လိုအပ်သောပစ္စည်းများ Tools များ အစုံ
အလင်ဖြင့်သင်ကြားပေးခြင်း။
- Professional အဖြစ်လုပ်ကိုင်လိုသူများအတွက်
အထောက်အကူဖြစ်စေမည့် သင်တန်းလည်းဖြစ်ပါ
်သည်။
- နယ်မှလာရောက်သင်တန်းတက်လိုသူများအတွက်
အဆောင်များစီစဉ်ပေးထားလျှက်ရှိပါသည်။
- သင်တန်းပြီးဆုံးပါက On Job Training ဝင်ရောက်
လုပ်ကိုင်နိုင်ခြင်း။
- ဖုန်းဆိုင်ဖွင့်လိုသူများအတွက် Decoration ပြင်ဆင်
ပေးခြင်း Distributer များနှင့် ဆက်သွယ်ပေးခြင်း။
- သင့်ဘဝအတွက် အသက်မွေးဝမ်း ကျောင်းပညာ
ရပ်တခုအနေဖြင့်ရပ်တည်ချင်သူများအတွက် NSM
Mobile  Phone Training သို့ကြွလှမ်းခဲ့ပါခင်ဗျာ။

- ဆက်သွယ်ရန်လိပ်စာ
အမှတ်(၃၅၂)လမ်းမတော်လမ်း
တစ်လမ်းမောင်းကွေ့ ပြည်မြို့

- သင်တန်းခန်းမ
 အမှတ်(၂)လမ်းမတော်လမ်း မီးရထားတိုက်ခန်း
တစ်လမ်းမောင်းကွေ့   ပြည်မြို့ Ph  053 29167 /
09 253884949 / 09 264709292

Read More...

Friday, December 25, 2015

ခရိုနီထက်ဆိုးသောအရာ သရ၀ဏ်(ပြည်)

Leave a Comment


ခရိုနီထက်ဆိုးသောအရာ
သရ၀ဏ်(ပြည်)



ယခုတလောစာချုပ်တခုခေတ်စားနေသည် ။ မေတ္တာဖြင်.ပေးကမ်းခြင်းစာချုပ်တဲ. ။ အမေကသားကိုပေးသည် ။ အကိုကညီကိုပေးသည် ။ ဦးလေးကတူကိုပေးသည် ။ ခယ်မကခဲအိုကိုပေးသည် ။ မြန်မာသည်မေတ္တာဖြင်.ပေးကမ်းရာတွင် နံပါတ်တစ်ဆွဲတော.မည်။ ကမ္ဘာပေါ်တွင် လှူဒါန်းပေးကမ်းမှုအရက်ရောဆုံးနိုင်ငံတွင်မြန်မာသည် နံပါတ်တစ်ချိတ်ခဲ.ဖူးသည်ဆိုသကိုး ။ ယခုဟာကထိုသို.ဟုတ်မည်မထင် ။ကျွန်တော်. အသိ အခွန်ဦးစီးတစ်ယောက်ရှိသည် ။ သူသည်နိုင်ငံဝန်ထမ်းအဖြစ်အခွန်ဦးစီးဌာနတွင်တာဝန်ထမ်းဆောင်စဉ်အတွင်း အလွန်ကြွယ်ဝချမ်းသာလာသည် ။ သူသည်တပ်မတော်မှဗိုလ်ကြီးရာထူးဖြင်.အနားယူခဲ.ပြီး ဤရာထူးသို. ကူးပြောင်းရောက်ရှိလာသူဖြစ်သည် ။ တိုတိုပြောရလျှင်သူသည်ဝင်ငွေရလမ်းမဖော်ပြနိုင်သောနည်းဖြင်.ချမ်းသာလာ၏ ။ ချမ်းသာလာသောအခါ လူ.သဘာဝအတိုင်း သူရှာဖွေစုဆောင်းခဲ.သော ငွေမည်းများ၏နောင်ရေးကို စိုးရိမ်လာ၏ ။ ထို.ကြောင်.သူ၏တပည်.ဖြစ်သူကို အလုပ်မှထွက်ခိုင်းကာ လက်ဘက်ရည်ဆိုင်တဆိုင် အရင်းအနှီးမတည်ဖွင်.လှစ်ပေးသည် ။ ထိုလက်ဘက်ရည်ဆိုင်သည် နေရာမကောင်းခြင်း၊ ဖျော်ဆရာကောင်းကောင်းမရှိခြင်း ၊ စားဖွယ်စုံမရခြင်း စသည်.အကြောင်းများကြောင်. သိပ်မရောင်းရ ။ ကျီးနှင်.ဖုတ်ဖုတ်သာရှိသည် ။ သို.သော် ကျွန်တော်.သူငယ်ချင်းကားအပြုံးမပျက်ပဲ သူ.ဆိုင်ကို ဆက်ထွက်စေသည် ။ သူ.တပည်.ကျော်အားတပါတ်တခါသူ.ထံသို.လာစေပြီး လိုအပ်သောငွေကြေးကိုလာယူစေသည် ။ သူ.လက်ဘက်ရည်ဆိုင်သည် သိပ်မရောင်းရသော်လည်း ဂြိုဟ်တုစလောင်း ၊ တီဗီနှစ်လုံး ၊ အသံချဲ.စက် ၊ေ၇ခဲသေတ္တာ ၊ ဂက်စ်မီးဖို ၊ ဂက်စ်အိုးများ အားလုံးပြည်.ပြည်.စုံစုံထားပေးသည် ။ လိုရင်းက ဤလက်ဘက်ရည်ဆိုင်မှ ၀င်ငွေများရကာ မြတ်စွန်းနေပါသည်ဟု သက်ဆိုင်ရာသို.သတင်းလွှင်.ရန်သာဖြစ်သည် ။ မြတ်သည်ဖြစ်စေ မမြတ်သည်ဖြစ်စေ သက်ဆိုင်ရာသို.တင်ပြစရာဝင်ငွေရရာရကြောင်း လုပ်ငန်းတခုပြနိုင်ဖို.အဓိကဖြစ်သည် ။ သို.မှသာ အခွန်ဦးစီးမှူးရာထူးဖြင်. မတရားရယူထားသောဝင်ငွေများကို စာရင်းပျောက်အင်းပျောက် ငွေမည်းကိုငွေဖြူလုပ်နိုင်မည်ဖြစ်သည် ။
ထို.ကြောင်. အနှီပုဂ္ဂိုလ်သည် အိမ်တလုံးကို သူ.အမေနာမည်ဖြင်.၀ယ်လိုက်၏ ။ ထို.နောက် နှစ်အနည်းငယ်ကြာသောအခါ သူ.မိခင်ကသူ.အားထိုအိမ်ကို အခမဲ.မေတ္တာဖြင်.ပေးကမ်းပါသည် ဟုဆိုကာ စာချုပ်စာတမ်းတစ်ခုကောက်လုပ်လိုက်လေသည် ။ လာဘ်စားထားသောငွေများနှင်.၀ယ်ထားသောအိမ်တလုံးသည် ဤနည်းဖြင်. အမည်ပေါက်ဖြစ်သွားလေပြီ ။ သက်ဆိုင်ရာမှလာစစ်လျှင် ၀ယ်သူမရှိသဖြင်.ပြုတ်မတတ်ဖြစနေသော လက်ဘက်ရည်ဆိုင်သည် ပဲရစ်မြို.လည်ကောင်မှ ရတနာဆိုင်ကြီးသဖွယ် ၀င်ငွေကောင်းနေကြောင်း လည်ဆည်ထွက်ဆိုမည်ဖြစ်သည် ။ အိမ်ကတော. အမွေရသလိုလို ၊ မေတ္တာဖြင်.ပေးကမ်းခံရသလိုလိုလုပ်ချလိုက်မည်ဖြစ်သည် ။
နောက်တယောက်လည်း အခွန်ဌာနမှပင်ဖြစ်သည် ။ တပ်မှလာသူပင်ဖြစ်သည် ။ပြည်မြို.ဇာတိဖြစ်သည် ။ ဘာတွေဘယ်လောက်ရသည်တော.မသိ ၊ သူ.ပုံမှန်ဝင်ငွေကိုဖုံးကွယ်ချင်သောအခါ စီးပွားရေးလုပ်ငန်းတခုဟန်ပြလုပ်သည်.အနေဖြင်. ဂျာနယ်တစောင်ထုတ်ဝေမည်ဆိုလာ၏ ။ ထိုသို.ဖြင်.ဂျာနယ်တစောင်ထွက်လာသည် ။ ကျွန်တော်.ကိုစာမူတောင်းသဖြင်. ရေးပေးလိုက်သည် ။ အယ်ဒီတာမှာလည်း တပ်မှထွက်လာသော ကဗျာရူးစာရူးတယောက်ဖြစ်သည် ။ သူတို.လုပ်ကိုင်နေသည်ကိုမြင်သည်နှင်. ဤဂျာနယ်သည် သက်ဆိုးရှည်မည်.ဂျာနယ်မဟုတ် ။ မကြာမီပြုတ်တော.မည်.ဂျာနယ်ဆိုတာ ကျွန်တော်ရိပ်မိသည် ။ သို.သော် မျက်နှာနာရမည်.သူဖြစ်သဖြင်. သုံးလေးလကျွန်တော်စာမူရေးပေးလိုက်သည် ။ ထုတ်ဝေသူငွေရှင် တပ်မတော်အငြိမ်းစား အခွန်ဦးစီးသည် စာပေ၀ါသနာပါသူမဟုတ် ။ သူ.ကိုယ်စားငွေကိုင်လုပ်နေသော သူ.ညီအရင်းဖြစ်သူသည် ပြည်မြို.မှပင်ဖြစ်သော်လည်း စာပေနှင်.ဝေးပုံမှာ ကိုယ်.မြို.မှစာရေးဆရာဖြစ်သော ကျွန်တော်.နာမည်ကိုပင်ကြားဖူးသူမဟုတ် ။ ဖတ်ဖူးဖို.ကားဝေလာဝေး ။ အယ်ဒီတာချုပ်မှာလည်း အယ်ဒီတာလုပ်ဖူးသူမဟုတ် ။ တပ်ထွက်အချင်းချင်းမို.ဆွဲခန်.ခြင်းဖြစ်သည် ။ ထုတ်ဝေသူ၏ရည်ရွယ်ချက်မှဖွင်.မပြောလဲသိသာသည် ။ ငွေမည်းများကို ဖြူဖို. ၀င်ငွေရလမ်းရပေါက်တခုကိုဖော်ပြခြင်းဖြစ်သည် ။
ငွေဝင်လမ်းတခုကိုပြဖို. အစိုးရကိုလိမ်ချင်သည်ဆိုလျှင် စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည်အကောင်းဆုံးဖြစ်သည် ။အဘယ်.ကြောင်.ဆိုသော် စောင်ရေ တထောင်မကုန်သောဂျာနယ်တစောင်သည် ၀င်ငွေကောင်းကြောင်း အမြတ်ကောင်းကြောင်းပြချင်လျှင် စောင်ရေတသောင်းရောင်းရပါသည်ဟုပြောလည်း(အတွင်းလူများမှလွဲ၍) မည်သူကမျှသိမည်မဟုတ်၍ဖြစ်သည် ။ ဤနည်းဖြင်. စာပေလောက၀ယ် ရှုံးသော်လည်း ပန်းပန်နေသော မဂ္ဂဇင်းများ ၊ ဘယ်သူမှမဖတ်သော်လည်း ပုံမှန်ထွက်နေနိုင်သော ဂျာနယ်များကို တွေ.မြင်နိုင်ကြမည်ဖြစ်သည် ။ တလက်စတည်းဆက်စပ်စဉ်းစားသောအခါ မမြတ်သော်လည်း လုပ်နေသော လုပ်ငန်းများစွာ မြန်မာနိုင်ငံတွင် ရှိနေကြောင်းသတိထားမိလာမည်ဖြစ်သည် ။ လစဉ်ဆိုင်ခန်းငှားရမ်းခပင်တလလျှင် သိန်း နှစ်ဆယ် ၊ သုံးဆယ်ပေး၍ လုပ်နေနိုင်သော ပါချီပါချက် အလုပ်ကလေးပေါင်းများစွာ ၊ဆိုင်ခန်းပေါင်းများစွာသည် အမြတ်အစွန်းရရှိရေးကိုမူတည်၍လုပ်နေသည်ထက် ၊ ငွေမည်းကိုငွေဖြူပြစရာ ( လာဘ်စားထားသော ၊ခိုးထားသော ငွေများကို တရားဝင်အမြတ်ငွေအဖြတ်ပြစရာ ) အလုပ်တခု၇ှိလျှင်ပြီးရောသဘောနှင်. ရောင်းနေ၀ယ်နေ ၊ လုပ်ငန်းလည်ပါတ်နေကြတာတွေများလားဟု တွေးတောမိပါသည် ။
ဒေါ်အောင်ဆန်းစုကြည်က နောက်တက်လာမည်.အစိုးရသည် သန်.ရှင်.သောအစိုးရ ( Clean Government ) ဖြစ်ရမည် ။ အဂတိလိုက်စားမှုများဖြစ်လာလျှင် မိမိပါတီဝင်ပင်ဖြစ်စေကာမူ ထောင်ဝင်စာလိုက်တွေ.ရုံကလွဲ၍ အရေးမယူပဲနေမည်မဟုတ်ဟူသောသဘောမျိုးပြောသွားသောအခါ ယခင်အစိုးရအဆက်ဆက်လက်ထက်က ခိုးခဲ. ၊ ၀ှက်ခဲ. ၊လာဘ်စားခဲ.ကြသူများ အကြီးအကျယ်တုန်လှုပ်သွားကြသည် ။ သူတို.ကံကောင်းသည်မှာ အစိုးရသစ်သည် နိုင်ငံတကာမှာလို ရွေးကောက်ပွဲပြီးပြီးခြင်း ချက်ခြင်းရောက်မလာ ၊ သုံးလလောက်ကြာမှ လွှတ်တော်အသစ်ခေါ်မည် ၊အစိုးရဖွဲ.မည် ၊ အာဏာလွှဲမည်ဆိုသဖြင်. သူတို.၏ခိုးရာပါ ပစ္စည်းများ ၊ လာဘ်စားထားသော ငွေထုပ်များကို ဖျောက်စရာ ၊ဖွက်စရာ အချိန်သုံးလရသွားခြင်းဖြစ်သည် ။ NLD နိုင်ပြီးနောက်တနေ.တွင် စာရင်းစစ်နှင်.ချက်ခြင်းဝင်စစ်လျှင် စားထားဝါးထားသော မြေပေါ်မြေအောက်ပစ္စည်းများအားလုံး ခိုးရာပါနှင်.တကွ ပက်ပင်းမိမည်ဖြစ်သည် ။ ယခုတော. နောက်ဆုံးသုံးလ သူခိုးဘ၀ အဖြစ်အချိန်ရလိုက်သောကြောင်.အသက်ရှူပေါက်ချောင်သွားပြီး အားရအောင်မခိုးရသေးသူများကလည်း နေ.ဆိုင်းညဆိုင်းနှင်.ပို၍ခိုးကြပြီး ၊ ခိုးထားပြီးသားလူအများစုကလည်း ငွေမည်းများကိုဖျောက်ဖျက်ဖို. အစွမ်းကုန်လုပ်လာကြတော.သည် ။ ထိုအထဲတွင် စင်္ကာပူတွင် ကွန်ဒိုတိုက်ခန်းများဝယ်ယူထားကြခြင်းလည်းပါဝင်သည် ။ တတ်နိုင်သူများက နယူယောက် ၊ လန်ဒန်၊ ဆစ်ဒနီတို.တွင် အိမ်များ မြေများဝယ်ထားကြသည် ။ အချို.က စိန်များ ၊ ပတ္တမြားများ ၊ နီလာများ ကိုဝယ်စုကြသည် ။ အချို.က တပည်.တပန်းများ နာမည်ဖြင်. အိမ်ခြံမြေများဝယ်ကြသည် ။ ၀ယ်ပြီးပြီးချင်းပင် ထိုတပည်.များက မေတ္တာဖြင်. ပေးကမ်းခြင်းဟူသောခေါင်းစဉ်ဖြင်. ဆရာအား ပြန်လည်ပေးအပ်သောစာချုပ်များကိုချုပ်ပေးကြရသည် ။ ထီဆိုင်များနှင်ပေါင်းကာ သိန်းထောင်ချီသောထီဆုကြီးများ အမြတ်ပေးကာဝယ်ကြ၏ ။ ထို.နောက်ထီပေါက်၍တိုက်ဆောက်ကြသည်.သဖွယ် လုပ်ကြပြန်၏ ။
ကျွန်တော်.အသိ မြို.နယ်ထွေအုပ်မှ အရာရှိတဦးဆိုလျှင် သူတာဝန်ထမ်းဆောင်ချိန်အတွင်း ဟိုနယ်မြေ သည်နယ်မြေမှရယူထားသော မြေကွက်ပင် စုစုပေါင်း ၃၇ ကွက် တိတိသူ.လက်ထဲတွင်ရှိသည် ဟူ၏ ။ ထွေအုပ်ဟူသောအာဏာကိုအသုံးပြုကာ မြေကွက်များကို ကိုယ်ကျိုးအတွက်နာမည်အမျိုးမျိုးဖြင်. ရယူထားခဲ.ခြင်းဖြစ်သည် ။ ထိုသူသည် ခရိုင်အဆင်.အရာရှိတဦးသာရှိပါသေးသည် ။ တိုင်းအဆင်. ၊ ပြည်နယ်အဆင်. ၊ ပြည်ထောင်စုအဆင်.ဆိုလျှင်တော. မည်မျှ ချမ်းသာကြွယ်ဝမည်ကိုမှန်းဆနိုင်ပါသည် ။ ယခုတလောပေါ်ထွက်လာသော အခွန်ဦးစီးရုံးမှစာရေးကြီးအား လာဘ်ငွေ သိန်းပေါင်း ၁၃၀၀ ယူမှုဖြင်.စစ်ဆေးနေသည်.သတင်းကိုကြားသောအခါ လူမသိသော ၊ အဖြစ်အပျက်များသိန်းနှင်.ချီရှိနေမည်ဟုနားလည်နိုင်ပါသည် ။ဤအဖြစ်အပျက်မျိုးသည် အခွန်ဦးစီးဌာနတခုသာမဟုတ် ၊ တရားသူကြီးများ ၊ ဥပဒေအရာရှိများ ၊ ရဲအရာရှိကြီးများ ၊စည်ပင်အရာရှိများ ၊ စီမံကိန်းများကိုကိုယ်တွယ်ခွင်.ပြုစီမံရသူများ ၊ ဌာနဆိုင်ရာအရာရှိကြီးများအားလုံးနက်နက်ရှိုင်းရှိုင်းပါဝင်ပါတ်သက်နေခြင်းဟုပြောနိုင်ပါသည် ။ မြန်မာနိုင်ငံ ဆင်းရဲသည်.အဓိကအကြောင်းမှာ ကြီးမားသောအကျင်.ပျက်ခြစားမှုကြောင်.ပင်ဖြစ်ပါသည် ။ လာဘ်ပေးလာဘ်ယူမှုကို စစ်ဆေးရေးတခုလိုနောက်တက်လာသည်.အစိုးရကဆောင်ရွက်ပါမှသာ အကျင်.ပျက်ခြစားမှုများကိုဟန်.တားနိုင်မည်ဟု ဝေဖန်သူများကဝေဖန်ကြပါသည် ။
ထိုအချက်သည်မှန်ပေ၏ ။ မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ.မှနယ်ထိန်း အားလုံးနီးပါးသည် လောင်းကစားဒိုင်များနှင်.ပါတ်သက်မှုရှိနေကြသည် ။ လောင်းကစားဒိုင်များ ၊ သစ်မှောင်ခိုများ ၊ ဥပဒေနှင်.မလွတ်ကင်းသောစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများ ၏တရားမ၀င်ပေကမ်းမှုကိုရယူနေကြပါသည် ။ ထို.ကြောင်. ထိုဒုစရိုက်လုပ်ငန်းများသည် မည်သည်.အခါမှ လုံးဝကင်းစင်သွားမည်ဆိုသည်မှာမဖြစ်နိုင်ပေ ။
ယခင်က ဌာနဆိုင်ရာများ ၊အဂတိလိုက်စားသူများသည် စသုံးလုံး(ခေါ်) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ( Bureau of Special Investigation ) ကိုထိတ်လန်.ကြသည် ။ ဌာနတခုတွင် B.S.I ၀င်ပြီဆိုသည်နှင်. တုန်လှုပ်ကြသည် ။ ထိုသို.ထိတ်လန်.ကြအောင်လည်း စသုံးလုံးသည် သမ္မတတိုက်ရိုက်အုပ်ချုပ်ကွပ်ကဲမှုအောက်တွင်ရှိသည် ။ မည်သည်.၀န်ကြီးဌာနကိုမဆိုစုံစမ်းစစ်ဆေးခွင်.ရှိသည် ။ မည်သည်.ရာထူးကြီးသူကိုမဆိုစုံစမ်းမေးမြန်းခွင်.ရှိသည် ။ တွေ.ရှိချက်ကိုသမ္မတအားတင်ပြပြီး အရေးယူ မှုကိုချက်ခြင်းဆောင်ရွက်သည် ။ ထို.ကြောင်. မ.ဆ.လ ခေတ်တွင် လာဘ်စားမှု ၊ အဂတိလိုက်စားမှု အချို.ရှိသော်လည်း ယခုခေတ်ကဲ.သို. ရုပ်ပျက်ဆင်းပျက် လွန်လွန်ကဲကဲ အကျင်.ပျက်ခြစားမှုများမရှိခဲ.ပေ ။
သို.သော် ၁၉၈၈ မှစကာ တပ်မတော်ထောက်လှမ်းရေး၏အာဏာစက၊်လွန်မင်းစွာချဲ.ထွင်လာခြင်း၏ရလာဒ်အဖြစ် သမ္မတကွပ်ကဲမှုအောက်တွင် တိုက်ရိုက်တည်ရှိခဲ.သော စသုံးလုံးအဖွဲ.ကို ပြည်ထဲရေးဝန်ကြီး၏လက်အောက်သို.ပို.ပစ်လိုက်သည် ။ ထို.ကြောင်. ပြည်ထဲရေးဝန်ကြီးအောက်တွင် ရဲတပ်ဖွဲ.ရော စသုံးလုံးရော အတူရော၍တည်ရှိသွားသည်ဖြစ်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.ကြီး၏အာဏာမှာ ကျဆင်းသွားခဲ.ပြီး ရဲနှင်.စသုံးလုံးမှာအတူတူလိုဖြစ်သွားခဲ.သည် ။ ၁၉၈၈ နောက်ပိုင်းတွင် စသုံးလုံး ( B.S.I ) ဖော်ထုတ်သဖြင်.ပေါ်ပေါက်လာသော အဂတိလိုက်စားမှုများ ပြစရာအမှုကြီး တမှုမှမရှိတော.ပေ ။ ဗိုလ်ချုပ်ခင်ညွန်.ကိုပြုတ်ကျစေခဲ.သော နာမည်ကျော် မူဆယ်နယ်စပ် လာဘ်စားမှုကြီးများမှာ သူတို.အချင်းချင်းအဝေမတည်.သဖြင်. စစ်တိုင်းမှူးများထံတိုင်ကြားရာမှပေါ်ပေါက်လာခြင်းဖြစ်သည် ။ ယခင်ကအဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် မူလနေရာက ပါဝင်ခဲ.သော စသုံးလုံးအဖွဲ.မှာ ယခုအခါ အသက်မရှိတော.သော စက္ကူကျားတကောင်ဖြစ်နေချေပေပြီ ။ နောက်တက်လာသောအစိုးရသည် စကာင်္ပူကဲ.သို. အဂတိလိုက်စားမှု တိုက်ဖျက်ရေး ( Anti Corruption Unit ) ကိုထိထိရောက်ရောက်ဖွဲ.စည်းချင်သည်ဆိုလျှင် ပြည်ထဲရေးလက်အောက်ခံ BSI အစား သမ္မတကတိုက်ရိုက်အုပ်ချုပ်သောယခင်ပုံစံ ကိုပြန်လည်ထူထောင်ရမည်ဖြစ်သည် ။စင်္ကာပူအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.သည် မသင်္ကာသော လူပုဂ္ဂိုလ်အားလုံး ကိုအတားအဆီးမရှိ စာရင်းစစ်ဆေးခွင်.အာဏာ ၊ ငွေပေးငွေယူ အလွှဲအပြောင်း ၊အ၀င်အထွက်များကြည်.ရှုခွင်.အာဏာ ၊ တရားစွဲပိုင်ခွင်.အာဏာရှိသကဲ.သို. အသစ်တက်လာမည်.အစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.သည် လုပ်ပိုင်ခွင်.အာဏာအပြည်.ရှိဖို.လိုအပ်မည်ဖြစ်သည် ။
ယခုအခါ မြန်မာနိုင်ငံသည် အစိုးရဟောင်းနှင်.အစိုးရအသစ်ကြားတွင် စပ်ကူးမတ်ကူးကာလအဖြစ် အာဏာ လစ်ဟာမှုကြီး (Power Vacuum ) ဖြစ်နေပေသည် ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ၏အားနည်းချက်ကြောင်. ရွေးကောက်ပွဲ ကျင်းပသောနေ.နှင်.အာဏာလွှဲပြောင်းမှုကို မလိုအပ်ပဲ အနည်းဆုံးရက်ပေါင်းကိုးဆယ် ခွာထွားမှု၏ဘေးထွက်ဆိုးကျိုးများအဖြစ် အဂတိလိုက်စားသော အစိုးရအရာရှိများ မသမာမှုပြုလုပ်ရန် ရက်ကိုးဆယ် သတ်မှတ်ခွင်.ပြုပေးလိုက်သလိုရှိသည် ။ ထိုရက်ကိုးဆယ်အတွင်း ဖားကန်.ကျောက်တွင်းတွင် ဝေသာလီပြည်ဘီလူးစီးသလို ကျောက်များကို လောဘဇောတိုက်ကာ အငမ်းမရ တူးဖော်ကြသည် ။ ၀င်လာထွက်လာ အသုံးပြုလာသော စက်ယန္တယားများ ၊ ယာဉ်များမှာ တာဝန်ရှိဝန်ကြီးဌာနပင် မသိပဲ ၀င်တူးနေကြောင်းပေါ်လာကြသည် ။ ဖားကန်.ဒေသသို.ယာဉ်ယန္တယားများနင်သွင်းလာမှုမှာ စီးပွား/ကူးသန်း ၀န်ကြီးဌာနမှတရားဝင်ခွင်.ပြုမိန်.ဖြင်.သွင်းခဲ.ခြင်းဟုတ်မဟုတ် ကွင်းဆင်းစစ်ဆေးမည်.အပြင် ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေး စခန်းမှယာဉ်ယန္တယားများ တင်သွင်းခွင်.ကိုလည်းခေတ္တဆိုင်းငံ.ထားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ နိုင်ငံပိုင်သတင်းစာများ၌ဖော်ပြထားသည် ။ အံ.သြစရာကောင်းသည်မှာ အစိုးရသက်တမ်းငါးနှစ်အတွင်းထိုသို.ပွင်.လင်းမြင်သာသောအရေးယူဆောင်ရွက်မှုဘာတခုမှမရှိခဲ.ပဲ Global Witness အပါအ၀င် NLD နှင်. အတိုက်အခံများ ၊သဘာဝပါတ်ဝန်းကျင်ကာကွယ်သူများကထောက်ပြဝေဖန်လာကာမှ ဤသို. စုံစမ်းစစ်ဆေးမည်ဟူသောအသံလေးမဖြစ်စလောက်ဖြစ်ပေါ်လာခြင်းဖြစ်သည် ။
ဤကိစ္စသည် ရွှေသမင်ဘယ်ကထွက်သည်ဟုရေဆုံးရေဖျား ခုံရုံးဖွဲ.ပြီးလိုက်ရမည်.ကိစ္စဖြစ်သည် ။ ထိုကိစ္စများအား သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ၊ စီးပွားကူးသန်းဝန်ကြီးဌာန၀န်ကြီး တို.တာဝန်ယူဖြေရှင်းရမည်ဖြစ်သည် ။မည်သူ.ကိုမည်မျှဖြင်.လုပ်ကွက်ပါမစ်ချထားပေးခဲ.သည် ။ ဘယ်လုပ်ကွက်သည် ဘယ်ကုမ္မဏီတွေပိုင်သည် ။ ဘယ်လောက်ထုတ်လုပ်၍ နိုင်ငံတော်သို.ဘယ်လောက်အခွန်ဆောင်သည် ။ နိုင်ငံခြားသားများပါဝင်ပါတ်သက်မှုမည်မျှရှိသည် ။ခွင်.ပြုပမာဏထက်ပိုလုပ်သည်မလုပ်သည် ။ စည်းကမ်းသတ်မှတ်ချက်များကိုမည်သို.ဖောက်ဖျက်သည် စသည်တို.ကို ပွင်.လင်းမြင်သာစွာထုတ်ပြန်ပေးရမည်ဖြစ်သည် ။ ကျောက်စိမ်းမှရသောအကျိုးအမြတ်ကို ရယူခံစားနေသူများတွင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ.များ ပါဝင်နေပါကလည်း ထင်ထင်ရှားရှားထုတ်ဖော်ဖြေရှင်းရမည်ဖြစ်သည် ။ လက်နက်ကိုင်တပ်ဖွဲ.၏ခေါင်းဆောင်အချို.သည် မိမိကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်သယံဇာတများလောင်မီးကျစေပြီးပြည်တွင်းစစ်ကိုရှည်ကြာစေမည်ဆိုပါက မဖြစ်သင်.သောကိစ္စဖြစ်သည် ။ နိုင်ငံတော်၏သယံဇာတများသည် လူတစ်စုအတွက်မဟုတ် မြန်မာနိုင်ငံသားအားလုံးနှင်.ဆိုင်သော ဘုံအကျိုးစီးပွားဖြစ်သည် ။မည်သူတွေသည် ထိုကျောက်စိမ်းလုပ်ငန်းမှ သဘာဝမကျသောဝင်ငွေများရသွားသည်ကို စုံစမ်းစစ်ဆေးရေးဝင်ရမည်ဖြစ်သည် ။
ယခုအခါမြန်မာနိုင်ငံဝယ် အချို.က ခရိုနီများ၏ဘေးအန္တရာယ်ကိုလူတွေကထောက်ပြဝေဖန်နေကြသည် ။ ခရိုနီများသည် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်အားဝင်ရောက် စည်းရုံးပူးပေါင်းနေသည်ဟုပြောကြသည် ။ လွှတ်တော်အမတ်စွမ်းရည်မြင်.သင်တန်းကိုနေပြည်တော်ရှို ဦးတေဇပိုင် ရွှေစံအိမ်ဟိုတယ်တွင် ပို.ချခဲ.တာလည်း ဝေဖန်မှုကရှိလာသည် ။ ကျွန်တော်.အမြင်ပြောရလျှင် ခရိုနီများသည် ကိုင်တွယ်တတ်လျှင်တိုင်းပြည်အတွက်ပြသနာမဟုတ်ပေ ။ မြန်မာနိုင်ငံတွင် ဒိတ်ဒိတ်ကျဲခရိုနီများမှာ ဆယ်ဦးပင်ရှိသည်မဟုတ် ။ သူတို.၏စီးပွားရေးလုပ်ငန်းများ ၊ ၀င်ငွေများ ၊ပိုင်ဆိုင်မှုမျာကိုအချိန်မရွေးစစ်ဆေးလို.ရသည် ။ ဥပဒေနှင်.အညီ ထိုက်သင်.သော ၀င်ငွေခွန် ၊ ကုန်သွယ်ခွန်များ ကောက်ခံ၍ ရသည် ။ထွက်ပြေးမည်.သူများမဟုတ် ။ စာရင်းပျောက်အင်းပျောက်မဟုတ် ။ ကိုယ်.ဘက်ကသာလာဘ်မစားပဲကိုင်တတ်တွယ်တတ်လျှင် ထိုသူများထံမှ နိုင်ငံတော်ဘဏ္ဍာထဲသို. အခွန်ငွေများရလာနိုင်စရာရှိသည် ။
ခရိုနီထက်ဆိုးသော သူများမှာ ၁၉၈၈ မှစကာ ယခု ၂၀၁၆ နှစ်ဆန်းချိန်အထိ ဌာနဆိုင်ရာများတွင် လစာဝင်ငွေနှင်.မမျှအောင်ချမ်းသာခဲ.ကြသော ၊လာဘ်စားခဲ.ကြသော ၊ နိုင်ငံဘဏ္ဍာကိုခိုးခဲ.ကြသော ၀န်ထမ်းများဖြစ်သည် ။ ၀န်ထမ်းများဟုဆိုရာတွင် ၀န်ကြီးအဆင်.မှစကာ အောက်ဖက် လက်ထောက် ၊ မန်နေဂျာ ၊စာရေးကြီး အထိ ၊တရားသူကြီးမှစကာ ရှေ.ဖတ်စာရေးအထိ ပါဝင်ပါသည် ။ အနားယူသွားသူ ၊ အလုပ်ထွက်သွားသူ များလည်းပါဝင်ပါသည် ။ ထိုသူများသည် နယ်ပါယ်အသီးသီးတွင် မတရားရှာဖွေစုဆောင်းထားသော ငွေမည်းများကို ယခုအခါ မြန်နှုန်းတင်၍ အမျိုးမျိုး ကဲ.ခြင်း ၊၀ှက်ခြင်း ၊အမည်ပြောင်းခြင်း ၊ မေတ္တာဖြင်.ပေးကမ်းသယောင်စာချုပ်ချုပ်ခြင်း ၊ ပြည်ပသို.ပို.ထားခြင်း ၊ အခြားသူနာမည်ဖြင်.လွှဲပြောင်းခြင်း ၊ စီးပွားရေးလုပ်ငန်းတိုမှမြတ်စွန်းသယောင်ပြုခြင်း တို.ကိုရေပက်မ၀င်အောင် ပြုလုပ်နေကြပြီဖြစ်သည် ။ ခရိုနီများကို ပြည်သူလူထုသည်မြင်နိုင်သေး၏ ။ ဒါကဦးတေဇပိုင်တဲ.ဟိုတယ် ၊ ဒါကဦးအောင်ကိုဝင်းပိုင်တဲ.ဘဏ် ၊ ဒါက ဦးဇော်ဇော်ပိုင်တဲ. ဆောက်လုပ်ရေး စသည်ဖြင်. မလွဲနိုင်အောင် ပြလို.ရ၏ ။ ထိုလုပ်ငန်းများကို ဥပဒေအတိုင်းအခွန်ကောက်လို.ရ၏ ။ နိုင်ငံအတွက်အကျိုးဖြစ်နိုင်သေး၏ ။ သို.သော်ခိုးထားသမျှကိုခြေရာဖျောက်ကာ လစ်တော.မည်. ဗျူရိုကရက်များ ၊ ၀န်ထမ်းဆိုးများ ၊အလီဘာဘာများကိုမူ မည်သည်.အရပ်သို.လိုက်၍ အခွန်ကောက်ကြမလဲ ။ မည်သည်. ခိုးဝှက်သူက မတရားယူထားကြောင်းဝန်ခံကာနိုင်ငံတော်သို.ပြန်အပ်မည်နည်း ။ မြင်ရသောခရိုနီကြီးတယောက်မြန်မာနိုင်ငံမှာရှိတိုင်း မမြင်နိုင်သော ဘီလျံနာပေါက်စ ၀န်ထမ်းလူထွက် သူခိုးသူဌေးလေးများ မရေနိုင်အောင်ရှိ၏ ။ထိုလူမျိုး အယောက်ငါးဆယ်ပေါင်းလိုက်လျှင် ခရိုနီဆိုသောဦးတေဇတစ်ယောက်လောက်ထက်ပိုမို ချမ်းသာနိုင်ပါ၏ ။ ထိုသူမျိုး အယောက်ငါးရာပေါင်းလျှင် မြန်မာပြည်မှ ခရိုနီအားလုံးထက်ချမ်းသာပေလိမ်.မည် ။မြန်မာပြည်၌ ထိုသို.သော ခေတ်ပျက်သူဌေးများ များစွာရှိ၏။ ထိုသူများသည် အရိပ်မထွက်သောသူများဖြစ်သည် ။လာဘ်စားခဲ.သည်များ ၊နိုင်ငံ.ဘဏ္ဍာများကို ကြိတ်၍ သိုဝှက်ထားသောသူများဖြစ်သည် ။ တိုင်းပြည်အတွက် ဘာအခွန်မှမဆောင်ခဲ.သူများဖြစ်သည် ။ အလွန်ကြောက်စရာကောင်းသောတိုင်းပြည်ကိုဖျက်ဆီးပစ်မည်.ခြများဖြစ်သည် ။
နောက်တက်လာမည်.အစိုးရသည် ထို သူများကိုထိရောက်သောဥပဒေလက်နက်ဖြင်. ပြင်းပြင်းထန်ထန်စုံစမ်းထောက်လှမ်းကာ၊မိုးအဆုံးမြေအဆုးံလိုက်စေချင်ပါ၏ ။ အချို.ကပြောကြသည်မှာ အမျိုးသားပြန်လည်သင်.မြတ်ရေးအတွက် ဒါတွေလုပ်နေလို.မဖြစ်ဘူးဟူသည်.သဘောမျိုးပြောကြပါသည် ။ ကျွန်တော်.သဘောကတော. အမျိုးသားရင်ကြားစေ.ရေးဟူသည်.စကားသည် ရာဇ၀တ်ကောင်များကိုလွှတ်ပေးဖို.မဟုတ်ပေ ။ ခိုးဝှက်ခြင်း ကိုယ်ကျိုးအလွဲသုံးစားခြင်းဆိုသည်မှာနိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ.ခြင်းမဟုတ်ပေ ။ မည်သည်.ခေါင်းစဉ်အောက်ကပဲကြည်.ကြည်. လက်သင်.ခံနိုင်စရာမရှိသော ရာဇ၀တ်မှုသာဖြစ်သည် ။အမျိုးသားရင်ကြားစေ.ရေးဟူသည်ကသပ်သပ် ၊ အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန်နှိမ်နှင်းတာကသပ်သပ်ဆိုတာ အစိုးရသစ်သည် နားလည်ကျင်.သုံးမည်ဟုမျှော်လင်.ပါသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၂၅.၁၂.၂၀၁၅ သောကြာ
Read More...

မနက်ဖြန် လိပ်ကျွန်းလူသတ်မှု မြန်မာနိုင်ငံသားနှစ်ဦးအား ထိုင်းတရားသူကြီးမှ သေဒဏ်ချမှတ်ခဲ့သည့်အပေါ် ဆန္ဒထုတ်ဖော်သွားမည်

Leave a Comment


မနက်ဖြန် လိပ်ကျွန်းလူသတ်မှု မြန်မာနိုင်ငံသားနှစ်ဦးအား ထိုင်းတရားသူကြီးမှ သေဒဏ်ချမှတ်ခဲ့သည့်အပေါ် ဆန္ဒထုတ်ဖော်သွားမည်

သတင်းတို


လိပ်ကျွန်းလူသတ်မှု ထိုင်းတရားသူကြီးမှ မြန်မာနိုင်ငံသား နှစ်ဦးအပေါ် သေဒဏ်မြစ်မှုချမှတ်သည့်အပေါ် တရားမျှတမှုမရှိ၍ မိုးမေတ္တာနာရေးကူညီမှုအသင်း ဦးဆောင်၍ ပြည်ခရိုင်အတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပြည်မြို့ဒေသခံများ နှင့် စိတ်ပါဝင်စားသူများ မနက်ဖြန် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁-နာရီချိန်ခန့်တွင် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှာ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

ပြည်မြို့နယ် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း အပျော်တမ်း ဓာတ်ပုံဆရာများ၏ ကားမှန်ကိုခွဲကာ ကျပ်သိန်းသုံးဆယ်ကျော်ဖိုး ခိုးယူခံရမှု ဖြစ်ပွား

Leave a Comment


ပြည်မြို့နယ် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း အပျော်တမ်း ဓာတ်ပုံဆရာများ၏ ကားမှန်ကိုခွဲကာ ကျပ်သိန်းသုံးဆယ်ကျော်ဖိုး ခိုးယူခံရမှု ဖြစ်ပွား



ပဲခူတိုင်း အနောက်ပိုင်း ဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာ ကျေးရွာအနီး၊ ကမ္ဘာ့အမွေနှစ် စာရင်းဝင် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း အပျော်တမ်း ဓာတ်ပုံဆရာများ၏ ကားမှန်အား ရိုက်ခွဲကာ သိန်းသုံးဆယ်ကျော် တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာ ၂၄ ရက် နေ့လယ်ခင်း အချိန်တွင် ရှေးဟောင်းဇုန် အတွင်းရှိ ပျူခေတ်လက်ရာ လေးမျက်နှာ ဂူဘုရားတွင် မြိုခံဓာတ်ပုံဆရာများ ဓာတ်ပုံရိုက်နေချိန်တွင် ဘုရားအနီး ရပ်ထားသည့် ကားဝဲဘက် မှန်အားခွဲကာ ကားပေါ်ရှိ လက်ဝတ် ရတနာများနှင့် ငွေသားနှင့် အခြားပစ္စည်းများ ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း နယ်မြေ တာဝန်ခံဖြစ်သည့် အမှတ် (၃) ရဲစခန်း မှတ်တမ်းများအရ သိရသည်။
“ဇုန်ထဲမှာ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးသေးဘူး။ အခုဟာက နေ့ခင်းကြောင်တောင်ကြီးဖြစ်တာ မသင်္ကာသူ နှစ်ဦးကိုတော့ ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်နေပါပြီ” ဟု သရေခေတ္တရာ ရှေးဟောင်း ဇုန်အတွင်းရှိ မှော်ဇာ ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအေးထွန်းက ပြောကြားသည်။
ကားအမျိုးအစားမှာ ဟာရီဟာ ပုံပြောင်း အဖြူရောင်ဖြစ်ပြီး ထိုသို့ ခိုးယူမှုကြောင့် စိန်နားကပ် တစ်ရံ၊ iPhone 6 Plus တစ်လုံး၊ Huawei (P8) တစ်လုံး၊ ငွေသားများ အပါအ၀င် အခြားပစ္စည်း စုစုပေါင်း ၃၆ သိန်းကျော်ဖိုးမှာ ခိုးယူရာတွင် ပါသွားကြောင်း အမှတ် (၃) ရဲစခန်းမှ သိရသည်။
“ဓာတ်ပုံ ရိုက်တဲ့နေရာနဲ့ ကားနဲ့က သိပ်မဝေးဘူး။ ရိုက်ပြီး ပြန်လာတော့ အခိုးခံရတာပဲ တွေ့တယ်။ ပစ္စည်း ဆုံးရှုံးမှုပေါ်မှာ သိပ်မပြောလိုပေမယ့် ဇုန်ထဲမှာက လုံခြုံရေး အားနည်းတယ်။ ပြီးတော့ ဒီနေရာက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်လည်း ဖြစ်တော့ ဒီလိုအမှုမျိုးကို မဖော်ထုတ်နိုင်ရင် ဇုန်ရဲ့ပုံရိပ်ကိုလည်း ထိခိုက်နိုင်တယ်” ဟု ပစ္စည်များ ခိုးယူခံရသူ ဓာတ်ပုံဆရာ ကိုရဲစွမ်းက ပြောကြားသည်။
အမှတ် (၃) နယ်မြေ ရဲစခန်းမှ (ပ) ၂၈၈/၂၀၁၅ ပြစ်မှုပုဒ်မ (၃၇၉) ဖြင့် အမှုမှန် ပေါ်ပေါက်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
သရေခေတ္တရာ ပျူမြို့ဟောင်း အပါအ၀င် ပျူမြို့သုံးမြို့အား ကုလသမဂ္ဂ ပညာရေးသိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်ဇွန် ၂၂ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြုလုပ်သော (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေနှစ် အစည်းဝေးတွင် သတ်မှတ်ခဲ့သည်။
ဝေလင်း (ပြည်)
Eleven Media Group မှ ကူးယူဖော်ပြသည်။
ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
Read More...

သရေခေတ္တရာမြို့ ဟောင်းမှ ဂုဏ်ယူစရာ အနုလက်ရာ

Leave a Comment


သရေခေတ္တရာမြို့ ဟောင်းမှ ဂုဏ်ယူစရာ အနုလက်ရာ
*********************************
ပျူ တို့သည် ရွှေ၊ငွေ၊ကျောက်မျ က်ရတနာနှင့် သတ္ထု ထည်များကို အသုံးအဆောင်လက်ဝတ်
တန်ဆာနှင့် အနုလက်ရာပစ္စည်းများအဖြစ် ကောင်းစွာဖန်တီး ထုတ်လုပ်ခဲ့သူများဖြစ်ကြောင်း
ပျူ မြို့ တော်များမှ ရရှိသော အထောက်အထားပစ္စည်းများက သက်သေပြလျှက်ရှိပါသည်။
သရေခေတ္တရာမြို့ ဟောင်းမှ တွေ့ရှိရသော ငွေလင်ဗန်းများတွင် ဆန်းကြယ်သော ကြာရိုး
ကြာနွယ် ကနုတ်ပန်းလက်ရာနှင့် လှပပြေပြစ်သည့် ကိန္နရီ ကိန္နရာ (ဒဏ္ဏာရီလာငှက်)၊
ဥဒေါင်းပုံ( ကျက်သရေမင်္ဂလာ အမှတ်လက္ခဏာ)၊ ခြင်္သေ့ (တော်ဝင်အမှတ်အသား )၊ရုပ်များကို
လက်ရာမြောက်စွာ ထုလုပ်ထားသည့်နည်းတူ ငွေသားမျက်နှာပြင်ပေါ်တွင် ရွှေရောင်
တောက်ပအောင် နည်းပညာကျွ မ်းကျ င်မှုဖြင့် ဖန်တီးထားမှုများ မှာ တမျိုးသားလုံးအတွက်
ဂုဏ်ယူစရာ အနုလက်ရာများပင်ဖြစ်ပါသည်။

Silver plates and trays from Sriksetra ancient city
***********************************
Many objects made in stone, iron, bronze and semi-precious stone were found
in the Pyu cities and sites. Furthermore, the Pyu were highly specialized in metallurgical production of silver and gold artifacts as shown in silver plates
and trays found at Sriksetra. These precious objects are decorated with lotus leaves or floral pattern, and Kinnari-Kinara (mythical birds), peacocks(good auspicious) and lions (symbol of royalty) coated in gold. So, we should proud of our precious objects and our heritage.
Heritage Trust Of PYU Cities မှ
ပြည်သတင်းလူငယ်(ပြည်သတင်း) ပြန်လည်ကူးယူဖော်ပြသည်။
09253311019

Read More...

Facebook Like Page