Thursday, March 31, 2016

သမ္မတသစ် နှင့် အစိုးရသစ်အား ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဂုဏ်ပြုကြိုဆိုထောက်ခံပွဲကျင်းပပြုလုပ်ခဲ့

Leave a Comment


  
 
သမ္မတသစ် နှင့် အစိုးရသစ်အား ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဂုဏ်ပြုကြိုဆိုထောက်ခံပွဲကျင်းပပြုလုပ်ခဲ့

ပြည်၊မတ်၊၃၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS) မိသားစုဝင်များမှ မတ်လ ၃၀-ရက်နေ့မှာ အာဏာလွဲပြောင်းခြင်းခံရသည့် သမ္မတသစ် နှင့် အစိုးရသစ်အဖွဲ့အား လှိုက်လဲကြိုဆိုထောက်ခံပွဲအား မတ်လ ၃၁-ရက်နေ့ နံနက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် နှင့် အစိုးရအသစ်တို့အားကြိုဆိုဂုဏ်ပြုထောက်ခံပွဲအား ပြည်ခရိုင်နိုင်ငံရေးအကျဉ်းစားဟောင်းများအဖွဲ့၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊စိတ်ပါဝင်စားသူ ပြည်သူများမှ ၄င်းထောက်ခံကြိုဆိုဂုဏ်ပြုပွဲသို့တက်ရောက်ခဲ့ကြောင်းသိရသည်။


“ပြည်သူတွေ ရွေးချယ်ခဲ့လို့ အခုလို သမ္မတစနစ်မျိုးက ၁၉၆၂ ခုနှစ်ကတည်းက ဆိတ်သုဉ်းသွားခဲ့ရတာ။ကျွန်တော်တို့အိမ်မက်တွေ တစ်ရေးနိုးအိမ်မက်ဖြစ်လာပါပြီ။မိုးလင်းအိမ်မက်ကတော့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကိုသွားနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ပါတယ်။အဲဒိအတွက်ကြောင့်လည်း ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေက ကျရာနေရာက ပါဝင်သွားမှာပါ။” ဟု ပြည်ခရိုင် နိုင်ငံရးအကျဉ်းသားဟောင်း ဦးကျော်ဆန်း ကပြောသည်။

အဆိုပါ နိုင်ငံတော်သမ္မတသစ် နှင့် အစိုးရသစ်ကြိုဆိုထောက်ခံဂုဏ်ပြုပွဲအား ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးတင်မြင့် ၏နေအိမ်ရှေ့တွင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။


“ပြည်သူရဲ့အာဏာ လက်ဝယ်ရပြီဆိုတဲ့အနေနဲ့ အခုသမ္မတသစ်ကိုလည်း ကြိုဆိုတယ်။အစိုးရသစ်ကိုလည်းကြိုဆိုတယ်။ပြည်သူဆန္ဒနဲ့တစ်ထပ်တည်းကျနေတဲ့ နိုင်ငံတော်သစ်ရဲ့ ပထမဆုံးခြေလှမ်းလည်း ဖြစ်တဲ့အတွက်ကြိုဆိုထောက်ခံတာပါ။” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ လူ့ဘောင်သစ်ပါတီ မှ ဦးဝဏ္ဏ ကပြောသည်။

အဆိုပါအခမ်းအနားတွင် ခေတ်အဆက်ဆက်မှ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီတိုက်ပွဲဝင်ရင် အသက်ပေးလှူသွားရသည့် ရဟန်းရှင်လူကျောင်းသားပြည်သူမျာအား ဦးညွှတ်အလေးပြုခြင်းများပါကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှီ ခရီးသွားပြည်သူများ နှင့် လမ်းသွားလမ်းလာများအား အအေးဒါနအလှူများပြုလုပ်ခဲ့ကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

နှင့် 

 ပြည်သတင်းလူငယ်(ပြည်သတင်း) 09253311019



 
Read More...

Wednesday, March 30, 2016

ရေကြီးနစ်မြှပ်မှုများကြုံတွေ့ခဲ့ရစဉ်က အိမ်ခြေ ၁၇-လုံးရေထဲပါသွားသည့်ကျေးရွာတွင် တာတမံများအကာအရံလုပ်ပေးစေလိုဟုဆို

Leave a Comment


ရေကြီးနစ်မြှပ်မှုများကြုံတွေ့ခဲ့ရစဉ်က အိမ်ခြေ ၁၇-လုံးရေထဲပါသွားသည့်ကျေးရွာတွင် တာတမံများအကာအရံလုပ်ပေးစေလိုဟုဆို
မိုးညို၊မတ်၊၃၀
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်အတွင်းမှာရှိသည့် ငါးကြီးကျေးရွာရှိ တာတမံမှာ အကာအရံမရှိသောကြောင့် နှစ်စဉ်ရေကြီးနစ်မြှပ်မှုများဖြစ်ပေါ်လျှက်ရှိနေသောကြောင့် ငါးကြီးကျေးရွာဒေသခံများမှ နှစ်စဉ်ရေကြီးနစ်မြှပ်မှုမရှိစေရန် တာတမံအား အကာအရံများပြုလုပ်ပေးစေလိုကြောင်းဒေသခံများထံမှ သိရသည်။
အဆိုပါ မိုးညိုမြို့နယ်အတွင်းမှာရှိသည့် ငါးကြီးကျေးရွာတွင် အိမ်ခြေ ၂၅၀-ကျော်ရှိနေပြီး နှစ်စဉ် မြစ်မခမြစ်မှစီးဆင်းလာသည့်မြစ်ရေများ နှင့် တောင်ကျရေများကြောင့် ရေကြီးနစ်မြှပ်မှုများဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရေကြီးရေလျှံရေနစ်မြှပ်မှုများဖြစ်ပေါ်ခဲ့စဉ်က ငါးကြီးကျေးရွာမှာလည်း နေအိမ်များရေထဲမျှောပါသွားသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
“တာရိုးဖြတ်တဲ့နေရာ ၁၄-ခုရှိတယ်။ပထမအစိုးရတုန်းကဘာမှလုပ်မပေးခဲ့ဘူး။တစ်နိုင်ငံလုံးရေကြီးခဲ့တဲ့အချိန်တုန်းက ဒီရွာမှာ နေအိမ် ၁၇-လုံးရေထဲမျှောပါသွားရတယ်။သက်ကြီးရွယ်အိုတွေနဲ့ ကျောင်းသားကလေးငယ်တွေအရမ်းဒုက္ခစုံအောင်ရောက်ခဲ့ကြရတယ်။သက်ဆိုင်ရာဌာနပေါင်းစုံတင်ပြထားတယ်အခုထိတော့ဘယ်သူမှဘာမှလာလုပ်မပေးသေးဘူး။စိုက်ပျိုးရမဲ့ သီးနှံတွေ မစိုက်ရဲလို့ ဒီတိုင်းငြိမ်ထိုင်နေရတယ်။စိုက်ပျိုးပြီးရေကြီးလာရင် အကုန်ဆုံးရှုံးရမှာ။နောက်တက်မဲ့အစိုးရအနေနဲ့ ဒီရွာက ဒီတာတမံလေးကို အမြန်ဆုံးလုပ်ပေးပါ။” ဟု မိုးညိုမြို့နယ် ငါးကြီးကျေးရွာ နေထိုင်သူ ဦးထွန်းလင်း ကပြောသည်။
ပြီးခဲ့သည့် တစ်နိုင်ငံလုံးရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာတွင် ၄င်းငါးကြီးကျေးရွာမှ နေအိမ် တစ်ဆယ့်ခုနှစ်လုံးရေထဲမျှောပါသွားမှုများဖြစ်ပေါ်ခဲ့ရပြီး ယခုနှစ်တွင် စိုက်ပျိုးမည့် နှမ်း၊ပဲ နှင့် လယ်ယာကိစ္စများအား ဒေသခံ ငါးကြီးရွာသားများမှ ရပ်တန့်ထားရပြီး စိုက်ပျိုးပြီးချိန် ရေကြီးရေလျှံမှုများထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်စိုက်ပျိုးမှုများရပ်တန့်နေခဲ့ရတာဖြစ်ကြောင်းဒေသခံများထံမှသိရသည်။
“ကျွန်တော်တို့ဆီကို ဆည်မြောင်းဝန်ကြီးလာတုန်းက ဒီကိစ္စအားလုံးကို တင်ပြထားခဲ့ပါတယ်။ဒီငါးကြီးရွာလေးက မြစ်မခမြစ်အထဲမှာတည်ဆောက်ထားသလိုဖြစ်နေတော့ ဒါကိုလုပ်ပေးလိုက်ရင် တခြားနေရာတွေမှာ ရေသွားကြီးနိုင်တယ်။ သေချာလေ့လာမှရမယ်လို့ လူကြီးတွေကပြောသွားတယ်။အထက်ကိုတင်ပြထားလိုက်ပါ့မယ်။” ဟု ကြို့ပင်ကောက်မြို့နယ် ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ကပြောသည်။
အဆိုပါ မြစ်မခမြစ်သည် ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း သာယာဝတီခရိုင်အတွင်းရှိ ကြို့ပင်ကောက်၊နတ်တလင်း၊မိုးညိုစသည့်မြို့များမှဖြတ်ကျော်လျှက်ရှိနေပြီး မြစ်မခမြစ်အား ကာရံထားသည့် မြစ်မခတာရိုးဘေးများတွင် ကျေးရွာပေါင်း ခုနှစ်ဆယ်ကျော် နှင့် စိုက်ပျိုးလယ်ယာမြေ ဧကပေါင်း ရှစ်ထောင်ကျော်ရှိနေပြီး မြစ်မခတာရိုးအဆုံးအစွန်မှာရှိသည့် ငါးကြီးကျေးရွာဘက်မှာ တာတမံအကာအရံမရှိသောကြောင့် နှစ်စဉ်ရေကြီးရေနစ်မြှပ်မှုများဖြစ်ပေါ်လျှက်ရှိနေကြောင်းဒေသခံများထံမှသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
နှင့်
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
Read More...

စီးကရက်ဈေးနူန်းများမြင့်တက်လာချိန်မှာ စီးကရက်ဖြတ်ရန်လွယ်ကူသည်ဟု ပြည်သူတစ်ချို့ဝေဖန်ပြောကြား

Leave a Comment


စီးကရက်ဈေးနူန်းများမြင့်တက်လာချိန်မှာ စီးကရက်ဖြတ်ရန်လွယ်ကူသည်ဟု ပြည်သူတစ်ချို့ဝေဖန်ပြောကြား


ပြည်၊မတ်၊၂၈


ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် စီးကရက်များ ဈေးနူန်းမြင့်မာလာမှုကြောင့် ၀ယ်ယူသောက်သုံးသူ ရှားပါးလာခဲ့ကြောင့်သိရသည်။


အဆိုပါစီးကရက်ဈေးနူန်းများသည် ပြီးခဲ့သည့် လေးငါးရက်ခန့်မှစတင်ကာ မှုလဈေးထက်မြင့်မားလာမှုကြောင့် ရပ်ကွက်ဈေးဆိုင်များတွင် ရောင်း/၀ယ်ခြင်းများလျော့ကျလာသလို ယခုလိုစီးကရက်ဈေးနူန်းများတက်လာသည့်အချိန်ကို အခွင့်ကောင်းယူ၍ စီးကရက်သုံးစွဲမှုဖြတ်စေရန်အင်မတန်လွယ်ကူကြောင်း ပြည်သူတစ်ချို့ကဝေဖန်ထောက်ပြခဲ့သည်။


“ကျွန်တော်က Red Ruby သောက်လာတာ စပေါ်ကတည်းကပါ။အနံ့အရသာအားလုံးကြိုက်တယ်။ခါတိုင်း Red Ruby ရပ်ကွက်ဆိုင်မှာဝယ်တာ ၆၀၀ိ-ကျပ်ကပဲပေးရတယ်။ သုံးလလောက်အကြာမှာ ၆၅၀-အဲဒိကတဆင့် ၇၀၀-ပေးရတယ်။လွန်ခဲ့တဲ့ ဆယ်ရက်လောက်က၀ယ်တာတောင် ၇၀၀-ကျပ်ပဲ။အခုမနက်ဆေးလိပ်ကုန်လို့ သွားဝယ်တာ ၉၀၀-ဖြစ်နေပြီ။ဈေးတွေအရမ်းတက်သွားတယ်။တစ်နေ့ကို ဆေးလိပ်တစ်ဗူးကုန်တယ်။ထွက်ငွေက တနေ့ကို ၉၀၀-ရှိနေပြီ။တစ်လကို ဆေးလိပ်ဖိုးက ၂၇၀၀၀ိကုန်ကျနေတယ်။ဆေးလိပ်ဖြတ်ဖို့အချိန်ရောက်ပြီလို့ထင်တယ်။ဈေးလည်းကြီးလာတယ်။ကျန်းမာရေးလည်းထိခိုက်တယ်လေ။” ဟု ဆေးလိပ်သုံးစွဲသူ ပြည်မြို့ဒေသခံ ကိုဝင်းမြင့် ကပြောသည်။


အဆိုပါစီးကရက်ဈေးနူန်းများ မြင့်တက်လာမှုရှိနေသော်လည်း စီးကရက်စွဲလန်းသူတစ်ချို့ကတော့ စီးကရက်ဖိုးရှာကြံ၍ ဆက်လက်ဝယ်ယူသုံးစွဲနေခဲ့သော်လည်း အခြေခံလူတန်းစားများအဖို့ တစ်နေ့တာ လုပ်အားခ၀င်ငွေ ၃၀၀၀-ကျပ်ခန့်သာဝင်ငွေရှိနေမှုများကြောင့် စီးကရက်ဗှုးလိုက်ဝယ်သောက်ရန်ခက်ခဲမှုများရှိနေပြီး စီးကရက်မဖြတ်သေးသူများကတော့ တစ်နေ့ကို ၂၀၀-ကျပ်ဖိုးခန့်သာ ဈေးဆိုင်များမှဝယ်ယူသောာက်သုံးနေရကြောင်းသိရသည်။


“အရင်က ကုပ္ပဏီကတိုက်ရိုက်လာေ၇ာင်းတယ်။တိုက်ရိုက်လာရောင်းတော့ဝယ်ရတဲ့ဈေးနူန်းက လျော့တာပေါ့။ပထမ တိုက်ရိုက်လာရောင်းတုန်းက Red Ruby တစ်ဗှုးကို ၅၅၀-ကျပ်နဲ့ခန့်နဲ့ရောင်းတော့ ကျွန်တော်တို့ပြန်ရောင်းတဲ့အခါ ၆၀၀-ကျပ်နဲ့ရောင်းခဲ့တယ်။အဲဒိကနေ တဆင့်တဆင့်တက်လာတာ Red Ruby တစ်ဗှုးကို ၈၀၀-ခန့်အထိ ကုပ္ပဏီကနေတိုက်ရိုက်ပြန်ဝယ်လာခဲ့တာ။ အခုကုပ္ပဏီကနေ တိုက်ရိုက်လာရောင်းတာ ရှားနေတယ်။ဆိုင်ကိုမရောက်တာလားတော့သေချာမသိဘူး။ စီးကရက်ပါကင်ကလည်းကုန်တော့မယ်။ဆေးလိပ်မျိုးစုံဈေးတက်လာတာပါ။အခုစီးကရက်သောက်သူလျော့လာပြီး တစ်ချို့ပိုက်ဆံမတတ်နိုင်သူတွေက ကျားပျံဆေးပေါ့လိပ်တို့ ပစ်တိုင်းထောင်ဆေးပေါ့လိပ်တို့ ရွှေစွန်ဆေးပေါ့လိပ်တို့ ပြန်ပြောင်းသောက်နေကြပြီ။စီးကရက်ထက်စာရင် ဆေးပေါ့လိပ်က ကျန်းမာရေးထိခိုက်မှုနည်းတယ်။ စီးကရက်ကပိုဆိုးတယ်။” ဆံတော်ရပ်ကွက်အတွင်း ကုန်မျိုးစုံ ဈေးဆိုင်ဖွင့်လှစ်ရောင်းချနေသူ ဦးပေါက်စ ကပြောသည်။


အဆိုပါ မြန်မာနိုင်ငံအတွင်း လူကြိုက်အများဆုံးဖြစ်သည့် စီးကရက်များယ ယနေ့ရပ်ကွက်ဈေးဆိုင်များအတွင်း Red Ruby စီကရက်တစ်ဗှုးလျှင် ၉၀၀-ကျပ်၊Premium Gold စီးကရက်တစ်ဗှုးလျှင် ၇၀၀-ကျပ်၊Lan Dan(လန်ဒန်)စီးကရက်တစ်ဗှုးလျှင် ၅၀၀-ကျပ်ခန့်ရှိနေပြီး ဆက်လက်မြှိင့်တက်ရန်ရှိနေသေးကြောင်းသိရသည်။ စီးကရက်ဈေးနူန်းများမြင့်တက်လာမှုကြောင့် စီးကရက်သုံးစွဲသူတစ်ချို့ စီးကရက်ဖြတ်သူများရှိလာခဲ့ပြီး စီးကရက်မဖြတ်နိုင်သူများကတော့ ဈေးနူန်းနည်း၍ စီးကရက်ထက် ကျန်းမာရေးထိခိုက်မှုနည်းသော ဆေးပေါ့လိပ်များသား ပြောင်းလဲသုံးစွဲလျှက်ရှိကြောင်းသိရပြီး စီးကရက်သုံးစွဲမှုကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ဦးနှောက်အမှေးပါးရောင်ခြင်း၊အသည်းခြောက်ရောဂါ၊ အာရုံကြောထိခိုက်ခြင်း၊အမောမခံနိုင်ခြင်းစသည့် ကျန်းမာရေးထိခိုက်စရာများ ဖြစ်ပေါ်လျှက်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

နှင့်

ပြည်သတင်းလူငယ်(ပြည်သတင်း)

09253311019
Read More...

ဗိုလ်ချုပ်အောင်ဆန်းကျွန်းရုပ်ထုအား ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အနေဖြင့် တော်လှန်ရေးကြေငြာခဲ့သည့် ကျေးရွာတွင်ဖွင့်လှစ်သွားမည်

Leave a Comment


ဗိုလ်ချုပ်အောင်ဆန်းကျွန်းရုပ်ထုအား ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အနေဖြင့် တော်လှန်ရေးကြေငြာခဲ့သည့် ကျေးရွာတွင်ဖွင့်လှစ်သွားမည်


သရက်မြို့၊မတ်၊၂၆


မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊သရက်မြို့နယ်၊ပုဏ္ဏားကျေးရွာတွင် (၇၁)-နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့မှာ အမြင့် ၆-ပေခွဲရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ကျွန်းရုပ်ထုတစ်ခုအား မတ်လ-၂၇-ရက်နေ့ နံနက်မှာ ဖွင့်လှစ်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


“၁၉၄၅-ခုနှစ် မတ်လ ၂၇-ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖက်ဆစ်ဂျပန်ကိုတော်လှန်ရန် စတင်ကြေငြာခဲ့တဲ့နေရာပါ။နှစ်ပေါင်း ၇၀-လုံးလုံး စစ်ဌာနချုပ်မှာဒီလိုပွဲတွေမလုပ်ခဲ့ပါဘူး။ကျွန်တော်တို့လည်း ပြီးခဲ့တဲ့ ၇၀-နှစ်ပြည့်မှာတစ်ကြိမ်၊အခု ၇၁-နှစ်ပြည့်မှာတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာလုပ်ဆောင်ခဲ့ရပါတယ်။နောက်လည်းဆက်လုပ်သွားမှာပါ။ဖက်စစ်တော်လှန်ရေးရဲ့ မှုလစစ်ကြေငြာတဲ့နေရာတိမ်မြှပ်နေမှုကိုဖော်ထုတ်ချင်တာပါ။ဖက်စစ်ပဲဖြစ်ဖြစ်၊အင်္ဂလိပ်ပဲဖြစ်ဖြစ်၊စစ်အာဏာရှင်ပဲဖြစ်ဖြစ် တော်လှန်ရေးနေ့တိုင်း ဆက်လုပ်သွားမှာပါ။တခြားအခက်အခဲဘာမှမရှိပါဘူး။အောင်မြင်စွာ ပခုက္ကူကနေ သရက်မြို့ ပုဏ္ဏားကျေးရွာအထိသယ်ဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုထားရှိနိုင်ခဲ့ပါတယ်။ဒီရွာမှာ ပြတိုက်လေးတွေတည်ဆောက်ပြီး ပြည်တွင်း ပြည်ပခရီးသွားပြည်သူတွေ ဖက်ဆစ်တော်လှန်ရေးဆိုတာကိုသိရှိရအောင် လက်ဆင့်ကမ်းသမိုင်းမှတ်တမ်းတွေထားရှိသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။” ဟု ပွဲဖြစ်မြောက်ရေးကော်မတီ နာယက ဦးသိုက်စံထွန်း ကပြောသည်။



အဆိုပါ ၇၁-နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖက်ဆစ်တို့အားတော်လှန်ရန် ၄င်းပုဏ္ဏားကျေးရွာမှာ ၁၉၄၅-ခုနှစ် မတ်လ ၂၇-ရက်နေ့မှာ အောင်မြေနင်း၍ စစ်ထွက်မိန့်ခွန်းကြေငြာခဲ့သည့်ဒေသဖြစ်ကြောင်းသိရသည်။


“ပထမ ဒီဗိုလ်ချုပ်အောင်ဆန်းပုံကို နှစ်တစ်ရာပြည့်မှာလှူဖို့လုပ်ခဲ့တာ။အကြောင်းအမျိုးမျိုးကြောင့် မလှူဖြစ်ခဲ့ဘူး။နောက်ပိုင်း ပုဏ္ဏားကျေးရွာဗိုလ်ချုပ်အောင်ဆန်းသမိုင်းအထောက်အထာိးုင်လုံတာနဲ့လာကြည့်မိတယ်။အဲဒိရွာမှာက ကျောက်တိုင်လေးပဲစိုက်ထားတာတွေ့တယ်။အဲဒါ့ကြောင့် ဒီပုံကို ဒီရွာမှာလှူခဲ့တာပါ။ဗိုလ်ချုပ်ပုံကို ဒီရွာမှာလှူဖို့ သုံးကြိမ်လောက်လာရောက်လေ့လာခဲ့တယ်။သက်ဆိုင်ရာအဆင့်ဆင့်ကိုလည်းတင်ပြတယ်။အားလုံးအဆင်ပြေတယ်။အများသိနေတဲ့ ၁၉၄၅-ခုနှစ် မတ်လ ၁၇-ရက်နေ့မှာ ရန်ကုန် ဂန္တ၀င်ပန်းခြံကထွက်တယ်ဆိုတာ အင်္ဂလိပ်ကိုတော်လှန်တဲ့ တော်လှန်ရေးနေ့လို့ကျွန်တော်သိထားတယ်။ဖက်ဆစ်တော်လှန်ရေးနေ့က ၁၉၄၅-ခုနှစ် မတ်လ ၂၇-ရက်နေ့မှာကျရောက်တာဖြစ်တယ်။ တရားဝင်သမိုင်းကြောင်းအရက ဒီရွာမှာပါ။ဒါကိုသိစေချင်တာ။ဒီသမိုင်းကိုသိစေချင်တာပါ။ပခုက္ကူမြို့က ပန်းပုပညာရှင် ဦးညီညီထုဆစ်ပေးတာပါ။” ဟု သမိုင်း ပါမောက္ခ အငြိမ်းစား ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုလှူဒါန်းသူ ဦးခင်မောင်ဆွေ ကပြောသည်။

အဆိုပါ ၇၁-နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အမှတ်တရအနေဖြင့် ထားရှိရန် ဗိုလ်ချုပ်အောင်ဆန်း ကျွန်းရုပ်ထုအား လွန်ခဲ့သည့် သုံးလခန့်မှစတင်ကာ ထုဆစ်၍ အဆိုပါ ၇၁-နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့တွင် ဖွင့်လှစ်ထားရှိခဲ့ကြောင်းသိရသည်။


“ဒီပုဏ္ဏားကျေးရွာမှာ ဗိုလ်ချုပ်ကိုယ်တိုင်နေထိုင်ခဲ့ပြီး စစ်သားတွေကို စစ်ထွက်မိန့်ခွန်းပြောခဲ့တယ်နေရာ တစ်နည်းအားဖြင့် ဗိုလ်ချုပ်ကိုယ်တိုင်ဖက်ဆစ်တော်လှန်ရန်အတွက် မိန့်ခွန်းပြောသွားတဲ့နေရာပါ။ဒီသမိုင်းကပျောက်ကွယ်နေသလိုဖြစ်နေလို့ အခုလိုပြန်လည်ဖော်ထုတ်လိုက်တာပါ။ဒီရွာမှာ ဗိုလ်ချုပ်နေခဲ့တဲ့အိမ်၊နေရာ၊စစ်ထွက်မိန့်ခွန်းကြေငြာတဲ့နေရာတွေအများကြီးရှိနေတယ်။လမ်းပန်းဆက်သွယ်ရေးက အခုနှစ်မှအနည်းငယ်ကောင်းလာတာ။ဗိုလ်ချုပ်ရဲ့ သမိုင်းဝင်နေရာတစ်ခုအဖြစ်ဖော်ထုတ်ပေးစေချင်ပါတယ်။” ဟု ပုဏ္ဏားအုပ်စု/ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်အောင်မြင့် ကပြောသည်။


အဆိုပါ ပုဏ္ဏားကျေးရွာတွင်ထားရှိရန် ဗိုလ်ချုပ်အောင်ဆန်းကျွန်းရုပ်ထုအား ပခုက္ကူမြို့မှ မတ်လ ၂၅-ရက်နေ့မမှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်းကျွန်းရုပ်ထုအားသယ်ဆောင်လာခဲ့ပြီး ကားလမ်း၊ရေလမ်းများဖြတ်ကျော်ကာ မတ်လ ၂၆-ရက်နေ့တွင် သရက်မြို့နယ်အတွင်းလှည့်လည်ခဲ့ပြီး ထိုမှတဆင့် ပုဏ္ဏားကျေးရွာသို့ ပို့ဆောင်သွားမှာဖြစ်ပြီး မတ်လ ၂၇-ရက်နေ့ နံနက်တွင် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကျွန်းရုပ်ထုအား ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆက်တွဲသတင်းအနေဖြင့်

၇၁-နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားအား မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပုဏ္ဏားကျေးရွာတွင် မတ်လ ၂၇-ရက်နေ့နံနက် ၉-နာရီတွင် အခမ်းအနားအစီစဉ် ၈-ခုဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းကျွန်းရုပ်တုဖွင့်ဖွဲအားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


၎င်းအခမ်းအနားကျင်းပပြုလုပ်ရာတွင် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းးဆောင်ကြီးများအားအလေးပြုခြင်းများကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားတွင် ကြွရောက်လာသည့် ဌာနဆိုင်ရာတစ်ခုမှ အကြီးအကဲဖြစ်သူတစ်ဦးက ဦးစွာအမှာာစကားပြောကြားခဲ့ပြီး၊ဗိုလ်ချုပ်အောင်ဆန်းကျွန်းရုပ်ထုလှူဒါန်းသူ သမိုင်း ပါမောက္ခ အငြိမ်းစား ဦးခင်မောင်ဆွေ မှ ၀မ်းမြောက်အမှာစကားပြောကြားခြင်း၊ ၄င်းပွဲဖြစ်မြောက်ရေးကော်မတီ နာယက ဦးသိုက်စံထွန်းမှ အမှတ်တရစကားပြောကြားခြင်း၊ဗိုလ်ချုပ်အောင်ဆန်းကျွန်းရုပ်တုလက်ခံရယူသူ ပုဏ္ဏားအုပ်စု/ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်အောင်မြင့်မှ ကျေးဇူးတင်စကားပြောကြားခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

နှင့်

ပြည်သတင်းလူငယ်(ပြည်သတင်း)

09253311019
Read More...

မြစ်မခတာရိုးကျိုးပေါက်ခဲ့မှုကြောင့် လယ်မြေဧကခုနှစ်ထောင်ကျော်ပျက်စီးခဲ့ရပြီး ယခုနှစ်ထပ်မံမဖြစ်ပေါ်စေရန်မိုးမကျမှီ ပြန်လည်ပြုပြင်ပေးရန် ဒေသခံများလိုလားနေ

Leave a Comment


မြစ်မခတာရိုးကျိုးပေါက်ခဲ့မှုကြောင့် လယ်မြေဧကခုနှစ်ထောင်ကျော်ပျက်စီးခဲ့ရပြီး ယခုနှစ်ထပ်မံမဖြစ်ပေါ်စေရန်မိုးမကျမှီ ပြန်လည်ပြုပြင်ပေးရန် ဒေသခံများလိုလားနေ



မိုးညို၊ မတ်၊၂၆


ပဲခူးတိုင်းဒေသကြီး၊
သာယာဝတီခရိုင်၊အတွင်း ဧကခုနှစ်ထောင်ကျော်ရေနစ်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် မိုးညိုမြို့နယ်၊
မြစ်မခမြစ်တာရိုးကျိုးပေါက်ရာနေရာ ဆယ့်လေးနေရာအား
မိုးမကျခင်အချိန်မီဆယ်ဖို့ပေးရန်ဒေသခံများတောင်းဆိုထားပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များမှ
အရေးကြီးအဆိုအဖြစ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်းမည်ဖြစ်ကြောင်းသိရသည်။



အဆိုပါ သာယာဝတီခရိုင် မိုးညိုမြို့နယ်အတွင်းမှာ ပြီးခဲ့သည့်မိုးကာလအတွင်းရေကြီးရေလျှံမှုများကြောင့် မြစ်မခတာရိုး ကျိုးပေါက်ခဲ့သောကြောင့် ၄င်းမြို့နယ်အတွင်းရှိ ထန်းပင်ကုန်း၊ရွာသာယာ၊မြောက်လွတ်ကုန်း၊ကျောက်ဝ စသည့်ကျေးရွာ အုပ်စုများအပြင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဗိုလ်ရုံ၊ရှားပင်ထကျေးရွာအုပ်စု စသည့်ဒေသများမှ စုစုပေါင်း လယ်မြေဧက ခုနှစ်ထောင်ကျော် ရေနစ်၍ ပကျစီးဆုံးရှုံးခဲ့ရပြီး ၄င်းကျေးရွာအုပ်စုများရှိ လူနေအိမ်များ ရေကြီးနစ်မြှပ်ပျက်စီးခဲ့သောကြောင့် ယခုလာမည့် မိုးရာသီတွင် ယင်းကဲ့သို့ထပ်မံမဖြစ်စေရန်အတွက် ၄င်းမြစ်မခတာရိုးကျိုးပေါက်နေသည့်နေရာအား မိုးမကျမှီ အချိန်မှီပြုပြင်ပေးရန်အတွက် အရေးကြီးလိုအပ်ကြောင်း ဒေသခံများထံမှသိရသည်။


“ ပြီးခဲ့တဲနှစ်ကတာကျိုးလို့ စပါး၊ နှမ်းနဲ့ နေအိမ်တွေရေနစ်မြှပ်ကုန်တယ်
အဲဒီမြစ်မခကမိုးရာသီဆို တအားရေစီးသန်တယ် တာရိုးကျိုးပေါက်သွာတော့
ရေအလုံးအရင်းနဲ့ဝင်လာပြီးလူအတော်များများ မြင့်ရာနေရာကို
အမြန်ပြောင်းရတယ် စိုက်ခင်းတွေကတော့အကုန်နစ်ကုန်တာပေါ့
အခုနောက်တစ်လလောက်ဆို
မိုးကျတော့မယ်ဒါဆိုရေကျလာရင်အရင်လိုရေနစ်ကုန်မှာစိုလို့
စိုက်ပျိုးရေးမလုပ်နိုင်သေးဘူး အချိန်မီမလုပ်နိုင်ဘူးဆိုရင်
လာမဲ့နှစ်မိုးရာသီမှာတောင်သူ တွေဒုက္ခတွေ့မယ်” ဟု အင်းပွားကြီးကျေးရွာရှိ
ဦးအောင်မြင့်ကပြောသည်။



အဆိုပါ မြစ်မခတာရိုးအား ၂၀၁၃-၂၀၁၄ ခုနှစ်ဘတ်ဂျတ်ဖြင့်
ကြို့ပင်ကောက်မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး
အရှည်ပေနှစ်မိုင်ကျော်ရှိကြောင်းသိရသည်။ ၄င်းမြစ်မခတာရိုး
ကျိုးပေါက်ခဲ့သည့်နေရာများတွင် တာရိုးဧရိယာ အရှည်ပေတစ်ရာကျော်၊
အမြင့်ပေငါးပေခန့်၊ထုရှစ်ပေခန့် အထိရှိနေပြီး ဒေသခံများမှ ကိုယ်ထူကိုယ်ထ
အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ဒေသခံများထံမှသိရသည်။


“တာရိုးမချိုးခင်ကတည်းကမြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုပြောလို့
လာကြည့်တယ်ကျိုးလည်းကျိုး ရောလာမကြည့်တော့ဘူး
စားဝတ်နေရေးထားလို့ဘေးလွတ်ရာကိုပြောရတယ် ဒုက္ခတွေရောက်လိုက်တာ
အခုချိန်ထိဘယ်လိုလုပ်ရမယ်ဆိုတာမသိသေးဘူး
တာကိုပြန်မဖို့ပေးဘူးဆိုရင်ဒီနယ်သားတွေ အကုန်ဒုက္ခရောက်ကုန်မယ်” ဟု
မြောက်လွတ်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစန်းဝေကပြောသည်။


အဆိုပါ မြစ်မခတာရိုးကိစ္စများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးသည့်
ပဲခူးတိုင်းဒေသကြီး
စိုက်ပျိုးရေးမွေးမြူရေးတောင်သူလယ်သမားနှင့်မြေယာကိစ္စရပ်များရေးရာကော်မတီ
အတွင်းရေးမှူး မိုးညိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းကိုက
လာမည့်လွှတ်တော်အစည်းအဝေးများတွင် ယခုကိစ္စများအားလုံးကို အရေးကြီးအဆိုဖြစ်တင်သွင်းသွားရန်
စီစဉ်ထားရှိပြီး အချိန်ကာလအားဖြင့်လည်း နီးကပ်နေပြီဖြစ်ကြောင်း
ပြောဆိုခဲ့သည်။ ၄င်းကိစ္စများနှင့်ပတ်သက်ပြီး ကြို့ပင်ကောက်မြို့နယ်
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
မိုးတွင်းကာလမှာပင် ပြင်ဆင်ရန် သက်ဆိုင်ရာဌာနသို့တင်ပြထားပြီး
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ညွှန်ကြား မှုရရှိမှသာ
မိမိတို့အနေဖြင့်ပြင်ဆင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ နှင့် ပြည်သတင်းလူငယ်(ပြည်သတင်း) 09253311019
Read More...

ပြည်ခရိုင်အတွင်းကျေးရွာတစ်ချို့ သောက်သုံးရေရှားပါးမှုများကြုံတွေ့နေရ

Leave a Comment


ပြည်ခရိုင်အတွင်းကျေးရွာတစ်ချို့ သောက်သုံးရေရှားပါးမှုများကြုံတွေ့နေရ


ပြည်၊မတ်၊၂၄


ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဆင်မြီးဆွဲတိုက်နယ်အတွင်းရှိ သန္ဓေပင်အုပ်စု နှင့် နွယ်ကောက်အုပ်စုအတွင်းမှာ သောက်သုံးရေရှားပါးမှုများကြုံတွေ့နေရကြောင်းသိရသည်။


အဆိုပါ သန္ဓေပင်အုပ်စု နှင့် နွယ်ကောက်အုပ်စုအတွင်းမှ သောင်းမဲလေးရွာ၊ကြူတောရွာ၊ပေါက်တောကုန်း စသည့်ကျေးရွာများမှာသောက်သုံးရေရှားပါးမှုပြဿနာပိုမိုဆိုးရွားစွာဖြစ်ပေါ်လျှက်ရှိနေကြောင်းဒေသခံများထံမှသိရသည်။


“ပြီးခဲ့တဲ့နှစ်တွေက ရွာကကန်ကြီးတွေကို ရေသွင်းထားတာ။ဆည်ရေတွေလည်းသွင်းပြီး သုံးစွဲခဲ့တယ်။ဒီနှစ် တောင်န၀င်းဆည် နဲ့ မြောက်န၀င်းဆည်က ပြုပြင်မှုတွေလုပ်မယ်ဆိုပြီး ဆည်ရေလွှတ်မပေးဘူး။ နွေစပါးစိုက်ပျိုးမှု နဲ့ သောက်သုံးရေရှားပါးမှုတွေစတင်ကြုံနေရတယ်။အခုရေရှားတာက သောင်းမဲလေးရွာ၊ကြူတောရွာ၊ပေါက်တောကုန်းရွာ ပိုဆိုးတယ်။ တစ်ရွာကို အိမ်ခြေ ၃၀-ခန့်ရှိတယ်။စုစုပေါင်း အိမ်ခြေ၉၀-လောက်သောက်သုံးရေရှားပါးနေပါတယ်။” ဟု သောင်းမဲလေးကျေးရွာနေထိုင်သူ ဦးမောင်ပု ကပြောသည်။


အဆိုပါကျေးရွာများအတွင်းသို့ ၂၀၁၅-ခုနှစ်အတွင်းမှာ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ စက်ရေတွင်း ၅-တွင်းတူးဖော်ပေးခဲ့သော်လည်း မြေအောက်သို့ ၁၂၀-ခန့်တူးပြီးမှသာ ၁-တွင်းသာအောင်မြင်ခဲ့၍ သောက်သုံးရေအခက်အခဲအခက်များဆက်လက်ဖြစ်ပေါ်နေခဲ့သည်။


“ဒီဘက်ကရွာတွေက စက်ရေတွင်းတူးတိုင်းလည်း ရေမအောင်ဘူး။ ရွာမှာစက်ရေတွင်းတွေကို ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန နဲ့ မိုးမေတ္တာ ပရဟိတအဖွဲ့တွေ စက်ရေတွင်းလာတူးတယ်။ မအောင်မြင်ဘူး။အခုစက်ရေတွင်းလေးတစ်တွင်းက အောင်မြင်နေပေမယ့် ရေထွက်ဖို့ဆီထည့်ရတယ်။ဆီနဲ့ရေနဲ့လဲသုံးနေသလိုဖြစ်နေတယ်။ရေက လုံလောက်မှုမရှိဘူး။နှစ်တိုင်းရေပြဿနာကြုံတယ်။ဒီနှစ်ကပိုဆိုးတယ်။ တောင်န၀င်းဆည်နဲ့မြောက်န၀င်းဆည်ပြုပြင်မယ်ဆိုပြီးရေမလွတ်လို့ နွေစပါးစိုက်ခွင့်မရဘူး။ နွေစပါးစိုက်ခွင့်မရတော့ စိုက်ပျိုးစရိတ်ချေးငွေပြဿနာပါထပ်ကြုံနေရတယ်။ ရေပြဿနာကလည်းရှိနေပါတယ်။အခုထိတော့ရေအလှူရှင်တွေလာတာမရှိသေးပါဘူး။” ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။


၎င်းကျေးရွာအုပ်စုများအတွင်း ဘိုးဘွားစဉ်ဆက်မှ သောက်သုံးရေသိုလှောင်ကန်ကြီး သုံးကန်ရှိနေခဲ့သော်လည်း ရာသီဥတုဒဏ်အမျိုးမျိုးကြောင့် ယခုနှစ်တွင် ရေသိုလှောင်နိုင်မှုမရရှိတော့ပဲ သောက်သုံးရေအတွက် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တူးဖော်ပေးခဲ့သည့် စက်ရေတွင်းတစ်တွင်းကိုသာ အားကိုးအားထားသုံးစွဲနေရပြီး ရေနှင့်ဆီလဲလှယ်သုံးနေရသကဲ့သို့ဖြစ်ပေါ်နေပြီး အမှန်တကယ်သောက်သုံးရေလုံလောက်မှုမရှိတော့သဖြင့် ၄င်းကျေးရွာများနှင့် ၃-မိုင်ခန့်ဝေးသော နေရာများတွင် သောက်သုံးရေသွားရောက်သယ်ယူသုံးစွဲနေရကြောင်းသိရသည်။


ပြည်သတင်းလူငယ်(ပြည်သတင်း) နှင့် K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ 09253311019
Read More...

ဧရာဝတီမြစ်ကမ်းပါးပြိုကျလာမှုကြောင့်နေအိမ်လေးလုံးဖျက်သိမ်းစုပုံထားခဲ့ရပြီး ကျန်ရှိနေသည့် အိမ်ခြေ ၄၀-ခန့်ပြောင်းရွေ့ရန်အခက်ခဲများဖြစ်ပေါ်

Leave a Comment


ဧရာဝတီမြစ်ကမ်းပါးပြိုကျလာမှုကြောင့်နေအိမ်လေးလုံးဖျက်သိမ်းစုပုံထားခဲ့ရပြီး ကျန်ရှိနေသည့် အိမ်ခြေ ၄၀-ခန့်ပြောင်းရွေ့ရန်အခက်ခဲများဖြစ်ပေါ်


ပန်းတောင်း၊မတ်


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအုပ်စု၊စမ်းပေါက်ချောင်းကျေးရွာ နှင့် ဆင်တဲတိုးချဲ့ကွက်သစ် စသည့်ရွာများမှ ဧရာဝတီမြစ်ကမ်းပါးဘေးတွင်နေထိုင်လျှက်ရှိသည့် နေအိမ်ပေါင်း ၄၀-ခန့်တို့သည် ဧရာဝတီမြစ်ကမ်းပါးများပြိုကျလာမှုကြောင့် ပြောင်းရွေ့ရန်ပြင်ဆင်လျှက်ရှိနေပြီး ကမ်းပါးပြိုကျနေမှုကြောင့် နေအိမ်လေးလုံးကို အမြန်ဆုံးဖျက်သိမ်းခဲ့ရကြောင်းသိရသည်။

အဆိုပါဧရာဝတီမြစ်ကမ်းပါးပြိုကျလာမှုသည် ပြီးခဲ့သည့် ၃၁-၇-၂၀၁၅ ရက်နေ့ ဧရာဝတီမြစ်ရေကြီးမြှင့်လာခြင်း နှင့် ရေလျှံမှုတို့ကြောင့် ရေတိုက်စားမှုများဖြစ်ပေါ်လာခဲ့ရာမှစတင်ကာ ဧရာဝတီမြစ်ရေပြန်ကျသွားပြီးနောက်ပိုင်း စတင်၍ မြစ်ကမ်းပါးများပြိုကျလာခဲ့ပြီး ယခုရက်ပိုင်းအတွင်းပိုမိုဆိုးရွားစွာပြိုကျလာမှုကြောင့် စမ်းပေါက်ချောင်းကျေးရွာတွင် နေအိမ်လေးလုံးစတင်ဖျက်သိမ်းလိုက်ရကြောင်းသိရသည်။

“နေအိမ်လေးလုံးဖျက်ပစ်လိုက်ရတယ်။မဖြစ်မနေထပ်ဖျက်ရမှာက စမ်းပေါက်ချောင်းရွာမှာ အိမ်ခြေနှစ်ဆယ်လောက်ရှိနေတယ်။ရပ်ရွာအုပ်ချုပ်ရေးမှူးကဘာမှတင်ပြမပေးဘူး။တကယ်ဖျက်ရမယ့်ဆို စုပေါင်းအိမ်ခြေ ၄၀-ကျော်မယ်။သက်ဆိုင်ရာဌာနကလူကြီးတွေတစ်ယောက်မှလာမကြည့်ကြသေးဘူး။လွှတ်တော်ကိုယ်စားလှယ်တွေကို ဓာတ်ပုံနဲ့တင်ပြထားတာတွေလည်းလုပ်ပြီးပါပြီ။အိမ်သုံးလုံးကို ခုရက်အတွင်း ညတွင်းချင်းဖျက်သိမ်းပစ်လိုက်ရတယ်။အိပ်ပျော်နေတုန်းဝုန်းဆိုတဲ့အသံကြားတာမြေတွေပြိုကျနေလို့ ရပ်ရွာကလူကြီးတွေနဲ့ အမြန်ဆုံးဖျက်သိမ်းခဲ့ရတာ။နောက်ကိုဆုတ်ဆောက်စရာမြေမရှိတော့ဘူး။ရှေ့မှာကမ်းပါးပြိုနေတဲ့ မြစ်နဲ့ နောက်မှာ မြေနေရာမရှိတဲ့ချောင်းတစ်ခုပဲရှိတယ်။ရှေ့တိုးမရနောက်ဆုတ်လည်းမရဖြစ်နေတယ်။” ဟု အိမ်ဖျက်ရန်ပြင်ဆင်နေသူ ဦးကျော်ထူး (စမ်းပေါက်ချောင်းကျေးရွာ) ကပြောသည်။

အဆိုပါ ဧရာဝတီမြစ်ကမ်းပါးများပြိုကျလာမှုကြောင့် စမ်းပေါက်ချောင်းကျေးရွာတွင် ထပ်မံဖျက်သိမ်းရန် အိမ်ခြေနှစ်ဆယ်ခန့်ရှိနေပြီး ဆင်တဲတိုးချဲ့ကွက်သစ်နေထိုင်လျှက်ရှိသည့် အိမ်ထောင်စုပေါင်း ၄၉-စု လူဦးရည် ၁၉၀-ခန့်တို့အထဲမှ အိမ်ခြေ နှစ်ဆယ်ခန့်မှာလည်း ကမ်းပါးပြိုကျမှုထဲပါမသွားစေရန် ရွေ့ပြောင်းရန်ပြင်ဆင်လျှက်ရှိနေပြီး သက်ဆိုင်ရာအာဏာပိုင်တွေက ယနေ့အထိလာရောက်ကြည့်ရှုကူညီစစ်ဆေးပေးမှုများမရှိ၍ အခက်ခဲများဖြစ်ပေါ်လျှက်ရှိနေကြောင်းသိရသည်။

“မြေပြိုမှုတွေကို ရပ်ရွာကလူအချင်းချင်စွန့်လွှတ်လိုက်တာတို့ လတ်တစ်လောနေထိုင်ရန်ကူညီပေးတာတို့တွေတော့ရှိပါတယ်။ဒီကမ်းပါးကြီးပြိုတော့မှာမို့ မြေနေရာပေးပါဆိုတာကတော့ ကူညီဖို့မလွယ်ဘူး။ဆက်ပြီးပြိုလာနိုင်စရာရှိတယ်ဆိုရင်တော့ ကားလမ်းဘေးမှာသူတို့ပိုင်တဲ့လယ်မြေတစ်ချို့ရှိနေတယ် အဲဒီလယ်ထဲလာဆောက်နေကြပေါ့။လတ်တစ်လောအနေနဲ့ကူညီပေးရမယ့်အဆင့်မဟုတ်ဘူး။ခုနေကရေတက်တဲ့အခြေအနေမဟုတ်တော့ ကိုယ်နေရမယ့်အခြေအနေကိုယ်ပိုသိကြပါတယ်။ဒီမြေပြိုလို့ မြေနေရာပေးပါဆိုတော့ ကျွန်တော်တို့မှာလည်းမြေရှိနေမှပေးလို့အဆင်ပြေမှာပါ။ကျွန်တော်တို့ပိုင်တဲ့မြေလည်းမရှိပါဘူး။”ဟု ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေး ကပြောသည်။



အဆိုပါ မြစ်ကမ်းပါးများသည် ဆင်တဲတိုးချဲ့ကွက်သစ် နှင့် စမ်းပေါက်ချောာင်းကျေးရွာ နှစ်မှာဖြစ်ပေါ်လျှက်ရှိနေသော်လည်း စမ်းပေါက်ချောင်းကျေးရွာမှာ ဘက်တွင် ပိုမိုဆိုးရွားစွာဖြစ်ပေါ်လျှက်ရှိနေပြီး ဧရာဝတီမြစ်ကမ်းပါးရေတိုက်စားမှုကြောင့် မြေကြီးများနိမ့်ကျခြင်း၊ပြိုကျခြင်းများဆက်လက်ဖြစ်ပေါ်လျှက်ရှိနေပြီး စမ်းပေါက်ချောင်းကျေးရွာတွင် နေအိမ်လေးလုံးအား ဖျက်သိမ်းစုပုံထားခဲ့ရသည်။၎င်းကမ်းပါးအနီးနေထိုင်ကြသည့် သက်ကြီးရွယ်အိုများနှင့် ကျောင်းသားကျောင်းသူ ၃၂-ဦးခန့်ရှိနေပြီး နေ့စားအလုပ်သမားများသာ အများဆုံးနေထိုင်လျှက်ရှိနေသောကြောင့် ကမ်းပါးပြိုကျရာတွင်ပါဝင်သွားသည့် မြေယာများဆုံးရှုံးလျှက်ရှိနေပြီး ထက်မံ၍ ပြောင်းရွေ့ရန်မြေနေရာအခက်ခဲများဖြစ်ပေါ်နေမှုတို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များအား အမြန်ဆုံးလာရောက်ကူညီပေးစေလိုကြောင်းဒေသခံများထံမှသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်
09253311019
Read More...

ပြည်မြို့ န၀င်းတာရိုးဘေးရှိ ကျူးကျော် အိမ်၊မြေ အဆောက်အဦးပေါင်း ၇၄-လုံးရှိနေပြီး တာရိုးနယ်နမိတ်အား တိုင်းတာမှုများစတင်ပြုလုပ်လာ၍ ဒေသခံများစိုးရိမ်လျှက်ရှိနေ

Leave a Comment


ပြည်မြို့ န၀င်းတာရိုးဘေးရှိ ကျူးကျော် အိမ်၊မြေ အဆောက်အဦးပေါင်း ၇၄-လုံးရှိနေပြီး တာရိုးနယ်နမိတ်အား တိုင်းတာမှုများစတင်ပြုလုပ်လာ၍ ဒေသခံများစိုးရိမ်လျှက်ရှိနေ



ပြည်၊မတ်၊၂၀



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ န၀င်းတာရိုးဘောင်ပေါ်တွင် မြို့ပတ်လမ်းတည်ဆောက်ရန် တာရိုးနယ်နိမိတ်အား သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံတိုင်းတာနေမှုကြောင့် န၀င်းတာရိုးများပေါ် နှင့် န၀င်းတာရိုးဘေးများတွင်နေထိုင်လျှက်ရှိနေသူများမှ ဖယ်ပေးရမည်ကိုစိုးရိမ်လျှက်ရှိနေကြောင်းသိရသည်။

“အမေကြီးမှာလုံးဝနေစရာမရှိပါဘူး၊အမေကြီးမှာရောဂါလဲရှိပါတယ်၊ဒီနေရာလေးကိုဖယ်ပါဆိုရင်နေစရာလေးတော့ပေးပါ၊အိမ်မှာမြေးမကလေးကလဲကျောင်းတက်နေတာ၊ဖယ်လိုက်ရရင်ဘယ်မှာသွားနေရမလည်း။” ဟု ဒေါ်ခင်ရီ (န၀င်းတာရိုးဘေးနေထိုင်သူ) ကပြောသည်။

အဆိုပါန၀င်းတာရိုးတစ်လျောက် တာရိုးမှနေ ပေ-၂၀-အတွင်းရှိနေသည့် လူနေအိမ်တွေ၊အဆောက်အဦးတွေ၊ခြံမြေတွေကို ဖျက်သိမ်းပေးရမှာဖြစ်ပြီး ၄င်းန၀င်းတာရိုးတစ်လျောက်ဖျက်သိမ်းရန် လိုက်လံတိုင်းတာချက်စာရင်းအရ အိမ်ခြေ၊မြေနေရာ၊အဆောက်အဦးပေါင်း ၇၄-လုံးဖျက်သိမ်းပေးရမှာဖြစ်ကြောင်း လိုက်လံတိုင်းတာသည့်အဖွဲ့ထဲတွင်ပါဝင်သူ န၀င်းရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှသိရသည်။

“ကျွန်တော်ကစစ်တပ်ကထွက်ပြီးကထဲက၊စုထားတဲ့ငွေလေးနဲ့ဒီနေလေးကို ရပ်ကွက်ရုံးမှာ စာချုပ် ချုပ်ဆိုဝယ်ပြီးနေတာ၊အခုလိုဖယ်ပေးရမယ်ဆိုရင်ဘယ်ဝယ်မလဲ၊အခုဖယ်ရမယ်ဆိုရင်အိမ်မှာကျောင်းသား ၂-ယောက်ကလဲရှိသေးတယ်၊ဒုက္ခတွေတန်းစီရောက်ကုန်ပြီ။” ဟု ကိုဇော်ဦး(န၀င်းတာရိုးဘေးနေထိုင်သူ) ကပြောသည်။

အဆိုပါ န၀င်းတာရိုးသည် ပြည်မြို့အရှေ့ဘက်အရပ်သို့းအလျားလိုက်တည်ရှိနေပြီး ဧရာဝတီမြစ်ရေး ပြည်မြို့ထဲသို့ဝင်ရောက်မှုမရှိစေရန် တားဆီးထားသည့် တာရိုးတစ်ခုဖြစ်ပြီး ၄င်းတာရိုးဘောင်ပေါ်မှ မြို့ပတ်လမ်းအနေဖြင့် ကားလမ်းဖောက်လုက်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မတ်လ ၁၉-ရက်နေ့တွင်စတင်၍ နယ်နမိတ်တိုင်းတာခြင်းများပြုလုပ်ခဲ့သောကြောင့် ၄င်းတိုင်းတာမှုအနီးတွင်ရှိသည့် ဂရံရှိသူများ၊ဘိုးဘွားပိုင်နေရာစ်ချို့ နှင့် ကျူးကျော်နေထိုင်သူတွေဟာ မြေနေရာဖယ်ပေးရမည်ကို စိုးရိမ်ပှုပန်လျှက်ရှိနေကြောင်းဒေသခံများထံမှသိရသည်။


“ကျွန်တော်တို့နေရာကဘိုးဘွားပိုင်ပါ၊ကျွန်တော်တို့ငယ်ငယ်ကထဲကနေလာတာ၊ဒီမှာစည်ပင်မြောင်းလဲရှိပါတယ်၊တကယ်ကဒီတာရိုးကရေမကြိုးဘူးသေးဘူး၊တာပေါ်လဲရေမကျော်ဘူးသေးဘူး၊တာရိုးအောက်ကနေပဲဆိမ့်ပြီးရေ၀င်ခဲ့တာ။ တကယ်လို့ပြင်ချင်တယ်ဆိုရင်တာရိုးရဲ့ ဟိုဘက်ကိုပြင်ရမှာ။အဲဒိမှာ နေရာ တွေကလဲအများကြီးပဲကျွန်တော်တို့မှာမရှိလို့မှဒီနေရာလေးမှာလုပ်ကိုင်စားနေရတာ။” ဟု န၀င်းရပ်ကွက် လမ်းရှည်လမ်းနေထိုင်သူ ဦးကျော်ကျော်ဦး ကပြောသည်။

“ အခုက ဆည်မြောင်းနဲ့၊ခရက ကလုပ်ခိုင်းတာပါ၊ဘယ်နေရာတွေက နိုင်ငံတော်မြေထဲကိုကျူးကျော်နေသလဲဆိုတာကိုလိုက်ပြီးတိုင်းနေတာ၊မီးရေးထင်းရေးအတွက်၊မြို့ထဲကိုအလွယ်တကူဝင်ရောက်နိုင်ဖို့အတွက်ပေ(၂၀)ပတ်လမ်းဖေါက်မလို့၊ကျူးနေတဲ့အိမ်တွေကိုလိုက်ပြီးတိုင်းနေတာပါ။၁၉၇၄-ခုနှစ်ပြည်တစ်မြို့လုံး ရေကြီးစဉ်က ဒီတာရိုးရဲ့ ဘေးနှစ်စုစုပေါင်းကို ပေ ၅၀-နေရာသတ်မှတ်ထားခဲ့တာပါ။သတ်မှတ်ပြီးချိန်မှာလည်း ကျူးကျော်တဲတွေကိုမြေနေရာသတ်မှတ်ပေးထားခဲ့ပါတယ်။တစ်ချို့ကပြန်ရောင်းစားတယ်။တစ်ချို့ကလည်းနေထိုင်ြ့သေးတယ်။အဲဒိနောက်ပိုင်း ဒီသတ်မှတ်ထားတဲ့တာရိုးဘေးတွေကို ကျူးကျော်နေထိုင်လာခဲ့ကြပြန်တယ်။မြစ်ရေကြီးမှုနဲ့မီးဘေးကာကွယ်နိုင်ရန်အတွက် အခုလိုမြေနေရာတွေလိုက်လံတိုင်းတာနေရတာပါ။” ဟု န၀င်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေလင်း ကပြောသည်။


အဆိုပါန၀င်းတာရိုးဘေးရှိ ပေ-၂၀ ၀န်းကျင်ခန့်မှာရှိသည့် နေအိမ် အဆောက်ဦး ခြံမြေများဖျက်သိမ်းပြီးပါက မြို့ပတ်လမ်းအနေဖြင့်ရော ပြည်မြို့ထဲသို့ရေ၀င်မှုကို ယခင်ထက်ပိုမိုကာကွယ်စေရန် နှင့် မီးလောင်မှုဖြစ်ပွားခဲ့ပါကလည်း မီးသတ်ကားများ အလွယ်တစ်ကူဝင်ထွက်နိုင်စေရန်အဓိကထားရည်ရွယ်လုပ်ဆောင်သွားမည်ဆိုပေမည့်လည်း ၄င်းန၀င်းတာရိုးအနီးဝန်းကျင်တွင်နေထိုင်သူများကတော့ နေရာဖယ်ရှားပေးရန် မြေနေရာအခက်ခဲများရှိနေကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
09253311019
Read More...

ပန်းတောင်းမြို့နယ်၊ ဆင်တဲ အခြေခံပညာအထက်တန်းကျောင်းဆောင် အကြီးစားပြင်ဆင်ခြင်းခန့်မှန်းတွက်ချက် မှုစာရင်းပါအတိုင်း ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များပြောကြား

Leave a Comment


ပန်းတောင်းမြို့နယ်၊ ဆင်တဲ အခြေခံပညာအထက်တန်းကျောင်းဆောင် အကြီးစားပြင်ဆင်ခြင်းခန့်မှန်းတွက်ချက် မှုစာရင်းပါအတိုင်း ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များပြောကြား



ပန်းတောင်း၊ မတ်လ



ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စုအခြေခံပညာအထက်တန်းကျောင်း အင်းဝဆောင် အား အကြီးစားပြင်ဆင်ရန်အတွက် ခန့်မှန်းတွက်ချက်မှုစာရင်းပါအတိုင်း ဆောင်ရွက်ပေးခြင်းမရှိကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များထံမှသိရသည်။

အဆိုပါ ၁၃၀x၃၀ ပေရှိသည့် နှစ်ထပ်ဆောင်အကြီးစားပြင်ဆင်ရန်အတွက် အခြေခံပညာဦစီးဌာန၊ နေပြည်တော်မှ (၂၀၁၅/၁၆) ရုံးချုပ်အရံ ရန်ပုံငွေမှ (၅၅.၀၂၀) သန်းအား ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ(၁၁) ရက်နေ့က ချထားပေးခဲ့ပြီး ခန့်မှန်းတွက်ချက်မှုစာရင်း(BQ) ပါအတိုင်းပြင်ဆင်ဆောက်လုပ် ခွင့်ကို စိန်လင်းလက်ကုမ္ပဏီက ရရှိခဲ့ကာ လုပ်ငန်းများဆောင်ရွက်ရာတွင် BQ ပါအတိုင်း လုပ်ဆောင်ခြင်းပေးခြင်းမရှိဘဲ မှုလအဟောင်းများကိုပြင်ဆင်ထားမှုအချို့ကိုတွေ့ရကြောင်း ကျောင်းအကျိုးတောင်ဆောင်အဖွဲ့ဝင်များက သုံးသပ်ပြောဆိုလိုက်သည်။

“ အင်းဝကျောင်းဆောင်အတွက် သိန်းငါးရာ့ငါးဆယ်နဲ့ကျောင်းဆောက်ဖို့ရတယ်။ အမိုးတွေကလည်းတွန့်လိမ်နေအောင်ဖြတ်တောက်ထားတာသေသပ်မှုမရှိဘူး။အမိုးကိစ္စကတော့အဲလောက်အရေးမကြီးတော့ပါဘူးပြီးလုနီးပါးဖြစ်နေတဲ့အတွက်။ ကျောင်းဆောင်ကြမ်းခင်းကို လျှာထိုးခင်းရမှာ အခုခင်းထားတာတွေက နဘေခြောက်တစ်တွေနဲ့ခင်းထားတယ်။ BQမှာပါတာက လျှာထိုးကြမ်းခင်းပါ။အခုက နဘေခြောက်တစ်တွေနဲ့ခင်းထားတဲ့ကိစ္စကို ကျောင်းကကော်မတီတွေနဲ့ ကုမ္ပဏီကလူတွေညှိနိုင်းတာကို ကုမ္ပဏီကလူတွေကလက်မခံဘူးဖြစ်နေတယ်။ သုံးကြိမ်မကတော့ဘူးညှိနိုင်းနေတာ။လုံးဝကိုလက်မခံတာ။ ကုမ္ပဏီက သူတို့လုပ်ပေးနိုင်သလောက်ပဲလုပ်ပေးနိုင်မယ်လို့ပြောတယ်။ကော်မတီတွေနဲ့လည်းမဆိုင်ဘူးတဲ့ပြန်ပြောတယ်။ အဓိကပိုဆိုးတာက BQမှာပါတဲ့အတိုင်းလုပ်မပေးတာပိုဆိုးပါတယ်။”ဟု ကျောင်းအကျိုးတော်ဆောင် ဆင်တဲကျေးရွာမှဦးအောင်ကျော်မြင့် ကပြောသည်။

အဆိုပါ ဆင်တဲ အခြေခံပညာအထက်တန်းကျောင်းရှိ အင်းဝဆောင် ပြန်လည်ပြင်ဆင်မှုများတွင် ကျောင်းဆောင်အမိုးမိုးရာတွင်လည်း (0.36 mm) မိုးရန်သဘောတူထားသော်လည်း (0.2 mm) သာမိုးပေးထားမှု နှင့် ကြမ်းခင်းများခင်းရာတွင်လည်း လျှာထိုးအစား ရိုးရိုးပျဉ်များကိုသာ ခင်းထားကြောင်း အခြားပြင်ဆင်မှုများပြုလုပ်ရာတွင်လည်း စိတ်တိုင်းမကျမှုများရှိနေကြောင်း ကန့်ကွက်မှုများပြုလုပ် နေသော်လည်း တာဝန်ယူပေးမှုမရှိကြောင်းကျောင်းအကျိုးတော်ဆောင်များထံကသိရသည်။

“လျှာထိုးကသူတို့အခက်ခဲရှိလို့နဲ့တူပါတယ် ဒါကိုသူတို့နဘေနင်းပြီး လုပ်မယ်လို့ ရှေ့ရက်တွေကအစည်းအဝေးလုပ်တုန်းကသိရတယ် အောက်ခြမှာကတော့မြေပြင်မှာရှိတဲ့ ကျောင်းနဲ့ကုမ္ပဏီနဲ့အဓိကပေါ့ ကျွန်တော်တို့ကတော့ BQ အတိုင်းဖြစ်ရမယ်အချို့ကိစ္စကတော့ အပိုတောင်းရတာ ရှိတာပေါ့ မီးမပါဘူးအထက်တန်းကျောင်းဖြစ်လို့မီးလုပ်ပေးဖို့ လှေကားဆိုတာမျိုး အချုပ်ကတော့ သဘောတူညီမှုအတိုင်းပေါ့ ဒီကျောင်းကညှိုနိုင်းလိုက်လို့ ပိုပဲရရဘယ်လိုဖြစ်ဖြစ်ပေါ့ မြို့နယ်အဖွဲ့ကတော့စာချုပ်ပါအတိုင်းရလား ဒါကိုကြည့်ရမယ်မရရင်ကျွန်တော်တို့လက်မခံဘူး အချို့ဈေးနှုန်းတွေကတော့ ဒေသပေါက်ဈေးများအရ စာရင်းစစ်တွေလည်းလာမှာပါ တစ်ချို့သွပ်ကိစ္စတွေကတော့ ဒီကကျောင်းနဲ့ပဲလုပ်ရမယ် စာအုပ်ကိုင်ထားမယ်ရရမဲ့ဟာကိုကြည့်မယ် ညှိုနိုင်းကြပေါ့” ဟု ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းဇော်ထွေး ကပြောသည်။

အဆိုပါ ဆင်တဲ့ အခြေခံပညာအထက်တန်းကျောင်းရှိ အင်းဝဆောင်ပြင်ဆင်မှုများတွင် ကျောင်းတာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ကုမ္ပဏီတို့ကိုညှိုနိုင်း ဆောင်ရွက်ရန်နှင့် သဘောတူညီမှုများပါအတိုင်းလုပ်ဆောင်ရန် ဆွေးနွေးပြောဆိုထားပြီးဖြစ်ကြောင်း ပန်းတောင်းမြို့နယ် ပညာရေးမှူးက ၄င်းကျောင်းအတွင်းမီဒီယာမျာနှင့်တွေ့ဆုံစဉ်က ပြောဆိုခဲ့ပြီး ကျောင်းဆောင်ဆောက်လုပ်နေသည့်လုပ်ငန်းတာဝန်ခံနှင့် သွားရောက်တွေ့ဆုံခွင့် တောင်းဆိုခဲ့သော်လည်း တွေ့ဆုံခြင်းမရရှိခဲ့ကြပါ။၎င်းကျောင်းဆောင်နှင့်ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင်များ နှင့် စိန်လင်းလက်ကုမ္ပဏီအကြား အဆင်မပြေမှုများယယနေ့အထိဆက်လက်ဖြစ်ပေါ်လျှက်ရှိနေကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
09253311019
Read More...

၁၂-နှစ်အရွယ် ၇-တန်းကျောင်းသူလေးသားမယားပြုကျင့်ခံရသည့်အမှုအား မိဘများမှ ခရိုင်တရားရုံးတွင်စစ်ဆေးပေးစေလို

Leave a Comment


၁၂-နှစ်အရွယ် ၇-တန်းကျောင်းသူလေးသားမယားပြုကျင့်ခံရသည့်အမှုအား မိဘများမှ ခရိုင်တရားရုံးတွင်စစ်ဆေးပေးစေလို



နတ်တလင်း၊မတ်လ




ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ကုလားတက်ထွန်းအုပ်စု ကွမ်းခြံကုန်းကျေးရွာမှာ အသက် ၁၂-နှစ်ခန့်ရှိသည့် ၇-တန်းကျောင်းသူ ကလေးငယ်လေးအား သားမယားအဖြစ်ပြုကျင့်ခဲ့ရာမှ ကလေးငယ်လေးမှာ ကိုယ်ဝန်ရရှိကာ ကလေးမွေးရသည်အထိဖြစ်ပေါ်လာခဲ့ပြီး မိခင်ဖြစ်သူမှ ၄င်းကိစ္စများနှင့်ပတ်သက်၍ သားမယားပြုကျင့်သူဟု အမှုဖွင့်လှစ်ထား၍ တရားရင်ဆိုင်နေရသူ တစ်ရွာတည်းနေထိုင်သူ မိုးကျော်ဆိုသူအား နတ်တလင်းမြို့နယ် တရားရုံးမှ သာယာဝတီခရိုင်တရားရုံးသို့ ပြောင်းရွေ့စစ်ဆေးပေးလိုကြောင်း သိရသည်။

အဆိုပါ အသက် ၁၂-နှစ်ခန့်ရှိသည့် ၇-တန်းကျောင်းသူလေးသည် ၂၀-၉-၂၀၁၅ ရက်နေ့တွင် ခြေလက်များဖောရောင်လာသဖြင့် မိဘများမှ ဆေးခန်းသွားပြရာ ကိုယ်ဝန် ၆-လကျော်ရှိနေကြောင်းသိခဲ့ရပြီး ကလေးငယ်အား မိဘများမှမေးမြန်းကြည့်ရာ တစ်ရွာတည်းနေထိုင်သူ မိုးကျော် မှ သားမယားအဖြစ် ၂-ကြိမ် ၃-ကြိမ်ခန့် ပြုကျင့်ခဲ့ကြောင်း လူကြီးများကို ပြန်ပြောလျှင်သတ်မည်ဖြစ်ကြောင်း ကလေးငယ်မှ ပြန်လည်ပြောကြားခဲ့မှုကြောင့် မိဘများမှ ရပ်ရွာအုပ်ချုပ်ရေးမှူးထံ သွားရောက်အကြောင်းကြားခဲ့ကြောင်းသိရသည်။


“ကလေးကခြေခုံလေးတွေ လက်ခုံလေးတွေရောင်လာလို့ဆေးခန်းသွားပြကာမှ ဆရာဝန်က ကိုယ်ဝန်ခြောက်လရှိနေပြီပြောလို့သိခဲ့ရတာ။ကလေးကို လူကြီးတွေနဲ့တိုင်ပြောရင်သတ်ပစ်မယ်ဆိုလို့ကလေးကမပြောရဲတာလို့ကျွန်မတို့ကိုပြန်ဖြေတယ်။အမှုကလည်အရမ်းကြာတယ်။တစ်ဘက်ရှေ့နေက အန်ထရာစောင်းရိုက်ဖို့တောင်းဆိုနေတယ်။မြန်မာနိုင်ငံမှာအန်ထရာစောင်းရိုက်လို့မရဘူးအမှုကိုကျန့်ကြာအောင်လုပ်နေတာ။သမီးလေးက ပညာရေးလည်းဆုံးရှုံးလိုက်ရတယ်။အရှက်လည်းကွဲခဲ့ရတယ်။ပတ်ဝန်းကျင်မှာလည်းအရမ်းရှက်ဖို့ကောင်းတယ်။သားမယားပြုကျင့်တဲ့ မိုးကျော်ကို မြို့နယ်တရားရုံးမှာထောင်ချမယ်ဆိုတောင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၇-နှစ်ထက်ပိုချလို့မရဘူး။ကျွန်မတို့ကို မိုးကျော်က သူ့မိန်းမနဲ့ကွာရှင်းပြီး သမီးလေးကိုယူမယ်ပြောတယ်။သိန်းတစ်ရာလည်းပေးမယ်လို့လာညှိတယ်။ကျွန်မတို့လက်မခံနိုင်ဘူး။မကြေနပ်ဘူး။သမီးလေးက စာတော်တယ် ကျောင်းမှာဆို အမြဲတန်းအဆင့် ၅-အောက်မှာရှိတယ်။ပညာရေးလည်းဆုံးရှုံးတယ်။” ဟု ကလေး၏မိခင် ကုလားထွန်းအုပ်စု ကွမ်းခြံကုန်းရွာနေထိုင်သူ မခင်ဆွေ ကပြောသည်။

အဆိုပါ သားမယားအဖြစ်ပြုကျင့်ခံရသည့် အသက် ၁၂-နှစ်အရွယ် ၇-တန်းကျောင်းသူလေးက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂-ရက်နေ့တွင် ပြည်မြို့ပြည်သူ့ဆေးရုံးကြီးတွင် မိန်းကလေးတစ်ဦးအား အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး မွေးဖွားလာသည့် ကလေးငယ်အား အသိသက်နှင့်စာချုပ်စာတမ်းပြုလုပ်ကာ အမွေစားအမွေခံအဖြစ် လက်မှတ်ရေးထိုး၍ တခြားမိသားစုတစ်စုအား မွေးစားရန်ပေးအပ်ခဲ့ကြောင်း ပေးအပ်ခဲ့ရသည့်အကြောင်းကလည်း ကလေး၏ ရှေ့ရေးအတွက်ပေးခဲ့ရတာဖြစ်ကြောင်း ကလေးငယ်၏ မိဘများထံကသိရသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂၉-၉-၂၀၁၅ ရက်နေ့တွင် နတ်တလင်းရဲစခန်း တွင် မိခင်ဖြစ်သူမှ အမှုဖွင့်တိုင်ကြားခဲ့ရာ ဒုရဲမှူး လှသန်းနိုင် မှ၎င်းအမှုအားလက်ခံစစ်ဆေးကာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆-ဖြင့်အမှုဖွင့်ပေးခဲ့ပြီးနောက်ပိုင်း နတ်တလင်းမြို့တရားရုံးမှာ ယနေ့အထိ ရုံးချိန်းပေါင်း ၈-ချိန်းခန့်ရှိနေပြီး လာမည့် မတ်လ ၁၈-ရက်နေ့ ၂၀၁၆ ရက်နေ့တွင် နတ်တလင်းတရားရုံးမှာ ၉-ချိန်းမြောက်ရုံးချိန်းအနေဖြင့် ၄င်းအမှုအားတရားရင်ဆိုင်ဖြေရှင်းနေရမည်ဖြစ်ကြောင်းသိရသည်။

“ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆-ရဲ့ပြစ်ဒဏ်က ၁၀-နှစ်အထိ၊တစ်သက်တစ်ကျွန်းအထိပေးလို့ရတယ်လို့သိထားပါတယ်။မြို့နယ်တရားရုံးမှာ အမြင့်ဆုံးပြစ်ဒဏ် ၇-နှစ်ပဲချလို့ရတယ်။ဒီသက်ငယ်မဒိန်းကိုမြို့နယ်တရားရုံးမှာမစစ်ဆေးသင့်ဘူး။တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတင်တဲ့အမှုမှာ ဥပဒေရုံးတွေက ဘယ်ရုံးကိုတင်ရမယ်ဆိုတာမညွှန်ကြားလို့ တင်တာလား။သက်ဆိုင်ရာ အမှုတင်တဲ့ရဲတပ်ဖွဲ့ရဲ့ သဘောအရ တင်သွင်းတာကို တရားရုံးကလက်ခံရသလားဆိုတာ ဒီနေ့အထိရှင်းလို့မရသေးပါဘူး။သက်ငယ်မဒိန်းအပါဝင် ကျန်တဲ့မဒိန်းအားလုံးကို မြို့နယ်တရားရုံးမှာတင်ရင်တင် သို့မဟုတ် ခရိုင်တရားရုံးမှာတင်ရမယ်လို့ပြတ်သားတဲ့ ပြဌန်းချက် မရှိလို့ခုလိုဖြစ်နေတာပါ။ဒီအမှုကို ခရိုင်မှာစစ်သင့်တယ်။” ဟု မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း တွဲဘက်ပြန်ကြားရေး တရားလွှတ်တော်ရှေ့နေ ဦးခင်ထွန်း ကပြောသည်။


၎င်းနတ်တလင်းမြို့နယ်တရားရုံးမှ အဆိုပါအသက် ၁၂-နှစ်အရွယ် ၇-တန်းကျောင်သူကလေးငယ်အမှုကိစ္စ စစ်ဆေးနေမှုအပေါ် ကလေးငယ်၏ မိဘများမှ အားရကြေနပ်မှုမရှိသဖြင့် ၁၂-၁၁-၂၀၁၅ ရက်နေ့တွင် တိုင်းတရားရုံး နှင့် ခရိုင်တရားရုံးများတွင် ၄င်းအမှုကိစ္စအား စစ်ဆေးပေးစေရန်အတွက် တရားရုံးချုပ်တရားသူကြီး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ် ထံသို့ အသနားခံစာတင်ပြခဲ့ကြောင်းသိရပြီး ၄င်းတင်ပြသည့် အသနားခံစာကိစ္စနှင့်ပတ်သက်၍ မြို့နယ်တရားရုံးတွင် ၄င်းအမှုအားဆက်လက်စစ်ဆေးပါရန် အကြောင်းကြားပြန်စာပြန်လည်ပေးပို့ခဲ့ကြောင်းသိရ၍ ကလေး၏မိဘများမှ ၄င်းအမှုအား ခရိုင်နှင့်တိုင်းအဆင့်တွေမှာသာစစ်ဆေးပေးစေလိုကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
09253311019
Read More...

ဘူးရိုးချောင်းကမ်းပါးပြိုမှုကြောင့်နေအိမ်သုံးလုံးပြောင်းရွေ့ထားပြီး သက်ဆိုင်ရာဌာနများအမြန်ဆုံးလာရောက်ဖြေရှင်းပေးစေလို

Leave a Comment
ဘူးရိုးချောင်းကမ်းပါးပြိုမှုကြောင့်နေအိမ်သုံးလုံးပြောင်းရွေ့ထားပြီး သက်ဆိုင်ရာဌာနများအမြန်ဆုံးလာရောက်ဖြေရှင်းပေးစေလို



ပန်းတောင်း၊မတ်



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ တလုပ္ပင်အုပ်စု ခြံစုရွာ၊ကျွဲရဲရွာ၊ရှားဖြူကွင်းရွာ နှင့် တလုပ္ပင်ကျေးရွာရှိ ဘူးရိုးချောင်းကမ်းပါးပြိုကျမှုကြောင့် လယ် နှင့် ယာမြေ ဧကတစ်ရာကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီး တလုပ္ပင်ကျေးရွာ ချောင်းကမ်းပါးဘေးနေထိုင်သည့် အိမ်ခြေသုံးလုံး ချောင်းကမ်းပါးပြိုကျမှုထဲသို့ ပါဝင်မသွားစေရန် အမြန်ဆုံးပြောင်းရွေ့ထားခဲ့ရကြောင်းသိရသည်။

အဆိုပါ ဘူးရိုးချောင်းကမ်းပါးပြိုကျနေမှုသည် ၂၀၁၅-ခုနှစ် ၈-လပိုင်းခန့်ကတည်းက စတင်၍တအိအိပြိုကျနေခဲ့တာဖြစ်ပြီး တလုပ္ပင်ကျေးရွာချောင်းကမ်းပါးဘေးနေထိုင်သည့် နေအိမ်သုံးလုံးအမြန်ဆုံးပြောင်းရွေ့ခဲ့ရပြီး ၄င်းကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၅-ခုနှစ် ၈-လပိုင်းခန့်မှာ ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ ဒေသခံရွာသားများမှ တင်ပြခဲ့ပြီး ၂၀၁၆-ခုနှစ် ၁-လပိုင်းတွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာတာဝန်ရှိသူများလာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယနေ့အချိန်ထိ ဘူးရိုးချောင်းကမ်းပါးပြိုကျနေမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ညှိနိုင်းဆွေးနွေးဆောင်ရွက်ပေးမှုမရှိကြောင်း ဒေသခံများထံမှသိရသည်။

“အခုကျွန်တော့အိမ်ကရွေ့းထားရတယ်။ရပ်ရွာကလူတွေကူညီပြီးဝိုင်းရွေ့ပေးထားတာပါ။ချောင်းကမ်းပါးတွေကထပ်ပြိုနေတုန်းပဲ။ဒီတစ်ခါထပ်ရွေ့လို့မရတော့ဘူး။လမ်းကခံနေပြီ။ဘယ်ဌာနဆိုင်ရာကမှလာရောက်ကူညီပေးတာမရှိသေးဘူး။အခုကမ်းပါးပြိုတာပိုဆိုးလာတယ်။ဒီတစ်ခါထပ်ရွေ့ဖို့မဖြစ်နိုင်တော့ဘူး။ရေကာတာဖြစ်ဖြစ် ရေလမ်းကြောင်းလွဲပေးတာဖြစ်ဖြစ်လုပ်ပေးစေချင်ပါတယ်။အဲဒါမှပိုအဆင်ပြေပါလိမ့်မယ်။” ဟု တလုပ္ပင်အုပ်စု တလုပ္ပင်ကျေးရွာနေထိုင်သူ (အိမ်ပြောင်းရွေ့ထားရသူ) ဦးကြည်သန်း ကပြောသည်။

အဆိုပါ ဘူးရိုးချောင်းကမ်းပါးပြိုနေမှုနှင့်ပတ်သက်ပြီး အခုလက်ရှိအခြေအနေဆိုးရွာလာမှုကြောင်း ဒေသခံများမှ အဆိုပါ ဘူးရိုးချောင်းအား ရေကာတာများဆောက်လုပ်ပေးခြင်း၊ရေလမ်းကြောင်းလွဲပေးခြင်းများပြုလုပ်ပေးရန်ဆန္ဒရှိနေကြောင်းသိရသည်။

“၂၀၁၅-ခုနှစ် ၈-လပိုင်းမှာ ချောင်းကမ်းပါးပြိုကျနေမှုကြောင့်နေအိမ်သုံးလုံးပြောင်းရွေ့ထားရတယ်။ဒီနေ့အထိ ဘာမှဒေသခံတွေအပေါ်ဆောင်ရွက်မပေးလို့ ပန်းတောင်းမြို့နယ်ထွေအုပ်ကို ကျွန်မသွားပြီး ပြောင်းရွေ့ထားတဲ့နေအိမ်သုံးလုံး မြေနေရာပေးဖို့ အစီစဉ်မရှိဘူးလို့ပြောပါတယ်။ ဘူးရိုးချောင်းကမ်းပါးပြိုကျနေမှုကို ၂၀၁၆/၂၀၁၇ Budget မှာပါလာမလားဆိုတာကြည့်ရအုံးမယ်။မပါဘူးဆိုလွှတ်တော်မှာတင်ပြသွားမယ်။ပါလာမယ်ဆိုရင် သက်ဆိုင်ရာဌာနတွေနဲ့တိုင်ပင်ညှိနိုင်းပြီးဆောင်ရွက်သွားမယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပန်းတောင်းမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက် ကပြောသည်။

၎င်းဘူးရိုးချောင်းကမ်းပါးပြိုကျနေမှုကြောင့် နေအိမ်သုံးလုံးကိစ္စမပါဝင် ချောင်းကမ်းပါးပြိုကျနေမှုကိစ္စများအား ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဒီမိုကရေစီတူဒေးသတင်းစာ မှ သတင်းထောက်မှ မြို့နယ်အုပ်ချုပ်ရေးမှူးထံ သွားရောက်တွေ့ဆုံခဲ့သော်လည်း အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့ရပြီး အစည်းအဝေးရှိ၍ဟုဆိုကာ ကားမောင်းတိမ်းရှောင်သွားခဲ့သည်။၎င်းကိစ္စနှင့်ပတ်သက်ပြီး ကျန်ရှိနေသည့် တာဝန်ရှိသူများမှလည်း ၄င်းတို့မသိကြောင်း ဖြေဆိုရန်မရှိကြောင်း ရုံးစာရေးတစ်ဦးမှ ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါဘူးရိုးချောင်းသည် ဧရာဝတီမြစ်ထဲသို့စီးဝင်လျှက်ရှိသည့်ချောင်းတစ်ခုဖြစ်ပြီး အဆိုပါဘူးရိုးချောင်းဘေးရှိ တလုပ္ပင်ရွာ၊ကျွဲရဲရွာ၊ခြံစုရွာ နှင့် ရှားဖြူ တို့တွင် အိမ်ခြေပေါင်း ၆၀၀-ကျော် တည်ရှိနေပြီး ဘူးရိုးချောင်းကမ်းပါးများတွင်နေထိုင်လျှက်ရှိသည့်အိမ်များထဲမှ နေအိမ်သုံးလုံးပြောင်းရွေ့ထားခဲ့ရပြီး ချောင်းကမ်းပါးများ ဆက်လက်ပြိုကျနေမှုကြောင့် နေအိမ်တစ်ချို့လည်းထပ်မံပြောင်းရွေ့ရန်စီစဉ်နေရကြောင်းဒေသခံများထံမှသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
09253311019
Read More...

ဓမ္မဝိဇ္ဇာ အောင်မင်းခေါင်ကြီး၏ သွေးဆက် သားဆက် ပဌာန်းဆက်ရှိကြသော ၇-ရက်သားသမီးအပေါင်းတို့အား အသိပေး နှိုးဆော်ဖိတ်ကြားလွှာ

Leave a Comment

ဓမ္မဝိဇ္ဇာ အောင်မင်းခေါင်ကြီး၏ သွေးဆက် သားဆက် ပဌာန်းဆက်ရှိကြသော ၇-ရက်သားသမီးအပေါင်းတို့အား အသိပေး နှိုးဆော်ဖိတ်ကြားလွှာ

Read More...

Tuesday, March 29, 2016

ပြည်သူ့အော်သံ………

Leave a Comment

ပြည်သူ့အော်သံ………

ရက်စွဲ ၊၂၀၁၆ ခုနှစ် ၊မတ်လ(၂၉)ရက်
အကြောင်းအရာ။          ။လူနေရပ်ကွက်ထဲတွင် မီးလောင်လွယ်သည့်ပစ္စည်းများ
                               ကိုသိုလှောင်၍စနစ်တကျထိန်းသိမ်းခြင်းမရှိသည့်အတွက်
                               ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်စိုးရိမ်ရသဖြင့်
                              အခြားနေရာသို့ရွှေ့ပြောင်းပေးပါရန်တင်ပြတိုင်ကြားခြင်း။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ရွာဘဲနယ်မြေ၊
ကနောင်မင်းသားကြီးလမ်းနှင့်ဦးမြတ်လမ်းဒေါင့်ရှိ အိမ်ရှင် ဦးသိန်းဝင်း ငှားရမ်းထား
သော ပလပ်စတစ်ပစ္စည်းများ၊ပလပ်စတစ်စများ သိုလှောင်ခြင်း၊အရည်ကျိုခြင်း၊လုပ်
ငန်းများလုပ်ဆောင်နေသည့် အိမ်ငှားများသည် မိမိတို့ပြုလုပ်သော အဆိုပါ ပလပ်စ
တစ်ပစ္စည်းများဖြစ်သော ပလပ်စတစ်စများ၊ကော်ဗုံးအစုတ်အပျက်များ၊ပလပ်စတစ်
ပိုက်အစုတ်အပျက်များ၊ရေသန့်ဗူးခွံအဟောင်းများ စသည့်မီးလောင်လွယ်ကူနိုင်သော
လောင်စာပစ္စည်းများကို စနစ်တကျထိန်းသိမ်းခြင်းမရှိသည့်အတွက် ရပ်ကွက်နေပြည်
သူများ မီးဘေးအန္တရာယ်စိုးရိမ်နေရပါသည်။

ကျွန်တော်၊ကျွန်မတို့သည် သူတစ်ပါး၏ စီးပွါးရေးကို ပျက်ရာပျက်ကြောင်း တိုင်ကြားရ
ခြင်းမဟုတ်ပါ။(၂၃.၃.၂၀၁၆)ရက်နေ့ည(၂း၀၀)နာရီအချိန်ခန့်တွင် အဆိုပါ ပလပ်စတစ်
စများ မီးလောင်နေသဖြင့် လှည့်ကင်းရဲတပ်ဖွဲ့များနှင့်လမ်ူသွားလမ်းလာများက ရပ်ကွက်
နေ အိမ်များကိုနှိုး၍ မီးလောင်နေကြောင်းပြောသဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရသည်ကို ရပ်
ကွက်နေပြည်သူများအသိပင်ဖြစ်ပါသည်။

၎င်းအိမ်ရှိ အိမ်ငှားနေထိုင်သောသူများသည် ရန်ကုန်မြို့မှ လာရောက်ငှားရမ်းနေထိုင်သူ
များဖြစ်ပြီး အကယ်၍များ မီးဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်ခဲ့ပါက နစ်နာရမည်မှာ
ရွာဘဲရပ်ကွက်၊စက်မူကွက်သစ်ရှိ ရပ်ကွက်နေပြည်သူများပင် ဖြစ်ပါသည်။သို့ပါသောကြောင့်
အဆိုပါလုပ်ငန်းသည်ရပ်ကွက် လူနေအိမ်များကြားထဲတွင် အဆင်မပြေသည့်အတွက် အခြား
နေရာသို့ ပြောင်ရွှေ့ပေးပါရန် လူကြီးမင်းများထံ တင်ပြလျှောက်ထားအပ်ပါသည်။

မှတ်ချက် ။       ။အဆိုပါတိုင်စာအား သက်ဆိုင်သောဌါနဆိုင်ရာများသို့ပေးပို့ ထားခြင်းဖြစ်
ကြောင်းလဲသိရပြီး အကယ်၍များ ပြည်မြို့ရှိသက်ဆိုင်ရာအဖွဲ့အစီး ၊ဌါနကဆောင်ရွက်ပေး
ခြင်းမရှိပါက တိုင်းဒေသကြီး၊နေပြည်တော်များသို့ ထပ်မံတိုင်ကြားသွားမည်ဖြစ်ကြောင်းသိ
ရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ














Read More...

Facebook Like Page