Wednesday, June 29, 2016

(၂၉.၆.၂၀၁၆)ရက်နေ့ နေ့လယ်(၁၁း၃၀)နာရီအချိန်ခန့် “ပြည်သား’’(အကောင့်)ဖြင့် ပြည်ဟစ်တိုင်(အထူး)တွင် တင်ထားသော Post ခေါင်းစဉ်နှင့်ပတ်သက်၍မောင်နှင့် နှမ သားနှင့်အမိ မကြားဝံ့မနာသာသော ရိုင်းပြစွာရေးသား ထားသောအသုံးအနှုန်းများကို ခေါင်းစဉ်တပ်ဖော်ပြခဲ့ခြင်း အား ပြည်မြို့ကျောင်းကြီးရပ်(မူလွန်)မှကျောင်းအုပ်ဆရာ ကြီးနှင့်ဆရာ/ဆရာမ(၂၀)ဦး အပြင်ကျောင်း အကျိုးတော် ဆောင်အဖွဲ့(၁၆)ဦးတို့မှကန့်ကွက် ရှုံ့ချကြောင်း လက်မှတ် ရေးထိုး၍ပြည်သူများ သိရှိစေရန်တင်ပြအပ်ပါသည်။ ကျောင်းကြီးရပ်(မူလွန်)ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ပြည်မြို့။

Leave a Comment



(၂၉.၆.၂၀၁၆)ရက်နေ့ နေ့လယ်(၁၁း၃၀)နာရီအချိန်ခန့်
“ပြည်သား’’(အကောင့်)ဖြင့် ပြည်ဟစ်တိုင်(အထူး)တွင်
တင်ထားသော Post ခေါင်းစဉ်နှင့်ပတ်သက်၍မောင်နှင့်
နှမ သားနှင့်အမိ မကြားဝံ့မနာသာသော ရိုင်းပြစွာရေးသား
ထားသောအသုံးအနှုန်းများကို ခေါင်းစဉ်တပ်ဖော်ပြခဲ့ခြင်း
အား ပြည်မြို့ကျောင်းကြီးရပ်(မူလွန်)မှကျောင်းအုပ်ဆရာ
ကြီးနှင့်ဆရာ/ဆရာမ(၂၀)ဦး အပြင်ကျောင်း အကျိုးတော်
ဆောင်အဖွဲ့(၁၆)ဦးတို့မှကန့်ကွက် ရှုံ့ချကြောင်း လက်မှတ်
ရေးထိုး၍ပြည်သူများ သိရှိစေရန်တင်ပြအပ်ပါသည်။

ကျောင်းကြီးရပ်(မူလွန်)ဆရာ/ဆရာမများနှင့်
ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ပြည်မြို့။






Read More...

ပြောင်းလဲချိန်တန်ပြီ ယကက - ပြည် …….

Leave a Comment


ပြောင်းလဲချိန်တန်ပြီ ယကက - ပြည် …….

ပြည် ဇွန် (၂၉)ရက်နေ့
ယနေ့ ခေတ်အစိုးရလက်ထပ်မှာ မြန်မာနိုင်ငံကြီး ပြောင်းလဲလာအောင်
အဖက်ဖက်မှဆောင်ရွက်နေချိန်ဖြစ်ပါသည်။ခေတ်အဆက်ဆက်ကသံ
ချေးတတ်လာသမျှ ဒီအစိုးရလက်ထပ်မှာမနဲခွာချနေရတာလဲ မိဘပြည်
သူများ အမြင်အသိအကြားတွေပင်ဖြစ်ပါသည်။ ဒါပေမဲ့အပေါ်အစိုးရဌာ
နဘယ်လိုပဲပြောင်းအောက်ချေမှာမပြောင်းတာတွေကိုလဲထည့်သွင်းစဉ်း
စားစရာတွေဖြစ်လာပါတယ်။

ဒီလိုဆိုရင် ပဲခူးတိုင်းဒေသကြီးအစိုးရ၏ ပုပ္ပလိကယာဉ်များ စနစ်တကျ
ပြေးဆွဲရေး ဥပဒေပုဒ်မ(၄၁)ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်
ခွင့်ကိုကျင့်သုံး၍နည်းဥပဒေ(၅)အရ ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်
မတီကို ခရိုင်/တိုင်းဒေသကြီးပို့ဆက်ရဲ့ဦးဆောင်ကြပ်မတ်မှူ့နဲ့ရွေးချယ်ဖွဲ့
စည်းခဲ့ပါတယ်။ထိုသို့ရွေးချယ်ဖွဲကစည်းရာတွင် နည်းဥပဒေ(၂)ပုဒ်မခွဲ(ဆ)
ပါကော်မတီကြီးကြပ်မှူ့အောက်ရှိပြေးဆွဲနေသောယာဉ်ပိုင်ဆိုင်ခွင့်ရှိသည့်
ယာဉ်ပိုင်ရှင်များပါဝင်ဆန္ဒပြုရွေးချယ်ခွင့်ရှိသည်။

ထိုအချိန်က ယာဉ်ပိုင်ရှင်မဟုတ်သူများဝင်ရောက်အရွေးခံသော်လည်းကော်
မတီဖွဲ့မည့်အင်အားပြည့်မှီစေရန်ပို့/ဆက်နှင့်နားလည်မှုယူပြီး လိုက်ပါလာ
သောလူအားလုံး ကော်မတီခဲ့ကြပါသည်။

နည်းဥပဒေ(၉)ပုဒ်မခွဲ(ခ)ပါပြဌာန်းချက်အရ ယာဉ်ပိုင်ရှင်မဟုတ်တော့ဘဲ
အချိန်ကာလ(၆)လ သက်တမ်းပြတ်သောအခါ တာဝန်မှရပ်စဲ၍ အစားထိုး
ရွေးချယ်ရမည်ဟုဖော်ပြပါရှိခဲ့သော်လည်း မြို့နယ် /ခရိုင်ယာဉ်ကြီးကြပ်ရေး
ကော်မတီအဖွဲ့လူကြီးကိုယ်တိုင်နည်းဥပဒေပြဌာန်းချက်များနှင့်မကိုက်ညီ
သောလုပ်ရပ်ဖြစ်တဲ့ ၄င်း၏ကား...............သည်ကော်မတီစတင်အရွေး
ခံစဉ်ကပင် အစားထိုးယာဉ်လိုင်းအဖြစ် အသင်းဝင်ယာဉ် စာရင်းပြပြီး ယ
နေ့အထိ နံပါတ်အနက်ဖြင့် ခရီးသည်တင်ဆောင်ပြေးဆွဲနေခြင်း၊နည်းဥ
ပဒေ(၂)အပုဒ်ခွဲ(ဆ)ပါ ပြဌာန်းချက်အရယာဉ်ပိုင်ရှင်မဟုတ်တော့ဘဲ(၆)
လမက သက်တမ်း(၃)နှစ်ကျော်ပြတ်တောက်နေခြင်း၊နိုင်ငံတော်သို့ပေး
သွင်းရန် အခွန်ရှောင်ရှားခြင်း၊လမ်းသစ်ဂိတ်တွင် တရားဝင်အခွန်ဆော
င်ပြေးဆွဲနေသော ကားရှေ့မှာပင်ဂိတ်ထိုး၍ပြောင်ပြောင်တင်းတင်း ခရီး
သည်များခေါ်ယူတင်ဆောင်ခြင်း၊လူကြီးကိုယ်တိုင်ကယာဉ်စည်းကြပ်ခမ
ပေးဆောင်သည့်အပြင် ၄င်းနှင့်ပတ်သက်တဲ့ယာဉ်များကိုလည်း ပေးေ
ဆာင်ခြင်းမပြုရန် တောင်းခံပါက သူ့အမည်ပြောသွားရန်မှာကြားထား
ခြင်းကို ခရိုင်/တိုင်းအဆင့်ဆင့်မှာရှိတဲ့လူကြီးတွေမသိတဲ့အတွက်လား
ဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။

အမှန်တကယ်လိုင်စင် အနက်နံပါတ်ပြားတတ်ထားတဲ့ယာဉ်တွေဟာ မိမိအိမ်တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ရန်သာဖြစ်ပြီး ခရီးသည်တင်ေ
ဆာင်ခွင့် လုပ်ငန်းလိုင်စင်ချပေးမထားပါဘူး။လိုင်စင်အနက်နှင့်ခရီး
သည်တင်ဆောင်သည့် ယာဉ်၏သက်မှတ်ကာလသည်(၆)လသာဖြစ်
ပြီး(၆)လကျော်လွန်လာပါက နိုင်ငံတော်အခွန်ဆောင်ပြီး လုပ်ငန်းလိုင်
စင်နံပါတ်ပြားအနီသို့ပြောင်းလဲရမည်ဟု ကော်မတီ၏ဥပဒေပြဌာန်းချက်
များလည်းရှိပါသည်။

သို့ပါသောကြောင့် “မပြောမပြီး မတီးမမြည်ဆိုတဲ့စကားအတိုင်း”ဆောင်
ရွက်ရမည် ကိစ္စရပ်များကို မီးမောင်းထိုးရမယ်ဆိုရင်ဖြင့် ပြည်မြို့က ယက
ကကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အားနည်းမှု မြို့နယ်ကော်မတီဥ
က္ကဌရဲ့နည်းလမ်းမမှန်မှုတွေကြောင့် ယခုဆိုရင်ပြည်မြို့တွင် လိုင်စင်အန
က်ဖြင့် ခရီးသည်တင်ပြေးဆွဲနေသော ယာဉ်များ၊ယာဉ်လိုင်စင်အနက်အား 
အနီအဖြစ်သို့ပြောင်းလဲ၍ ခရီးသည်တင်ယာဉ်အဖြစ်ပြေးဆွဲနေသည်ကိုေ
တွ့မြင်နေရပါသည်။နီနီနက်နက် ငါးရာတစ်ထောင်တောင်းနေရုံလောက်
နဲ့တော့ ယကကပြည်၏တာဝန်တွေကျေပြွန်နေတာမဟုတ်ပါဘူး။ပြည်မြို့
တွင်းလမ်းတွေမှာ ယာဉ်တွေစည်းကမ်းမဲ့ရပ်နားခဲ့သဖြင့် လမ်းပိတ်ဆို့မှုေ
တွဖြစ်နေပါတာတွေကိုလဲ လုပ်သင့်ပါတယ်။ အဖွဲ့တစ်ဖွဲ့ထဲဆောင်ရါက်မဲ့
အစား သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံစုပေါင်းအားနဲ့ ညီညီညွတ်ညွတ်
ဆိုင်ကယ်ဖမ်းတုန်းကသကဲ့သို့ ဆောင်ရွက်မယ်ဆိုရင် ယာဉ်မောင်းတွေလဲ
စည်းကမ်းရှိ လမ်းသွားလမ်းလာတွေအတွက်လဲ အဆင်ပြေမည်ဖြစ်ပါသည် ။အခြေခံလူတန်းစားစီးတဲ့ဆိုင်ကယ်ကိုမှ ဦးထုပ်မပါလို့၊ လိုင်စင်နံပါတ်ပြားမ
တတ်လို့ဆိုပြီး ဖမ်းခဲ့သလို ယခုလဲစည်းကမ်းမဲ့ယာဉ် ၊ အခွန် ရှောင်အခွန်မ
ဆောင်ခြင်သော ယာဉ်တွေကိုလဲ နိုင်ငံတော်အစိုးရရဲ့ရက်(၁၀၀)စီမံချက်နဲ့ 
တိတိ ကျကျမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်လေး“ပြောင်းလဲချိန်တန်ပြီယက
ကပြည်”ရေ……..

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Tuesday, June 28, 2016

ပြည်မြို့တွင် ပြည်လူရွှင်တော်အသင်းဖွဲ့စည်းပြီးစီးကြောင်းသိရ

Leave a Comment

ပြည်မြို့တွင် ပြည်လူရွှင်တော်အသင်းဖွဲ့စည်းပြီးစီးကြောင်းသိရ

ပြည် ဇွန်လ(၂၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် ပြည်လူရွှင်တော်အသင်းကို
ဇွန်လ(၁၅)ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်းသိရပြီးအဆိုပါပြည်လူရွှင်တော်
အသင်းကို ရည်ရွယ်ချက်(၅)ချက်ဖြင့်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အဆိုပါ ပြည်လူရွှင်တော်အသင်းသည် သက်ကြီးလူရွှင်တော်များ၏ သမား
စဉ်များနှင့်လူရွှင်တော်အတတ်ပညာများအား မျိုးဆက်သစ်လူရွှင်တော်များ
မှ ထိန်းသိမ်းစောင့်ရှောက်ရန် ၊ သက်ကြီးလူရွှင်တော်များအား ရိုသေကိုင်း
ရှိုင်းတတ်ပြီး လုပ်ကျွေးပြုစုစောင့်ရှောက်ရန် ၊ ဟာသလူရွှင်တော်အချင်း
ချင်း ရိုင်းပင်းကူညီစောင့်ရှောက်ရန် ၊ လူရွှင်တော်တို့၏ ပညာရပ်များကို 
တစ်ဦးနှင့်တစ်ဦးနှီးနှောဖလှယ်ရန် ၊ လူရွှင်တော်အသင်းသားများအချင်း
ချင်း ညီးရင်းအစ်ကိုပမာမိသားစုစိတ်ဓာတ်ထားရှိရန်စသည့်ရည်ရွယ်အ
ချက်(၅)ချက်ဖြင့်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ပြည်လူရွှင်တော်အသင်းမှဦးစွာပထမဇွန်လ(၂)ရက်နေ့တွင်လူရွှင်တော်ကြီး
ဦးသောကြာ ကျန်းမာရေးမကောင်းသဖြင့် ငွေ(၅)သောင်းထောက်ပံ့ပေးအပ်
ခဲ့ပြီး ပြည်လူရွှင်တော်အသင်း စတင်ဖွဲ့စည်းသည့်နေ့တွင် ရတနာမဉ္ဇရီပရဟိ
တဂေဟာ၌ စိတ်ဓာတ်မြှင့်တင်ရေးဂီတဖျော်ဖြေကိုလဲ ကလေးတွေအတွက်
ကျင်းပပြုလုပ်ပေးခဲ့သည်။ထို့အပြင် ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေ
တီမြတ်ကြီးတွင်ရင်ပြင်တော်သန့်ရှင်းရေးဆောင်ရွက်ကာ ဘုရားဂေါပကအဖွဲ့
သို့တံမြက်စီးအချောင်း(၂၀)လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဇွန်လ(၂၇)ရက် နေ့လည်(၁)နာရီတွင် ပြည်လူရွှင်တော်
အသင်းဖွဲ့စည်းပြီးစီးခြင်းနှင့်ရန်ကုန်လူရွှင်တော်အသင်းမှနာယကလူ
ကြီးမင်းများ အဖွဲ့ဝင်များ၏ဆုံမသြဝါဒခံယူပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေး
အပ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






Read More...

ကာတွန်း ဆရာတာတီးပြည်၏လက်ရာလေးပါ။

Leave a Comment

ကာတွန်း ဆရာတာတီးပြည်၏လက်ရာလေးပါ။


Read More...

Sunday, June 26, 2016

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ချို့တဲ့သည့် ကျောင်းသားကျောင်းသူများအား မျှဝေခြင်း-စီမံချက်အရ စာရေးကရိယာများပေးအပ်

Leave a Comment



နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ချို့တဲ့သည့် ကျောင်းသားကျောင်းသူများအား မျှဝေခြင်း-စီမံချက်အရ စာရေးကရိယာများပေးအပ်

 

ပြည်၊ဇွန်၊၂၆

 

 

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ချို့တဲ့သည့် ကျောင်းသားကျောင်းသူများအား မျှဝေခြင်း-စီမံချက်အရ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့ပေါ်ရှိ ဆံတော်ရပ်ကွက်အတွင်းမှာ ဇွန်-၂၆ ရက်နေ့တွင် ဆံတော်ရပ်ကွက်အတွင်းရှိ ဆင်းရဲသားကျောင်းသားကျောင်းသူများအား စာရေးကရိယာများ မျှဝေခြင်းအစီစဉ်အား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ဆံတော်ရပ်ကွက်အတွင်းရှိ ဆင်းရဲချို့တဲ့သည့် ကျောင်းသားကျောင်းသူတွေကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ မျှဝေခြင်း-စီမံချက်အရ ရပ်/ကျေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊စေတနာရှင်ပြည်သူများပှုးပေါင်းပြီး  စာရေးကရိယာများအား လှူဒါန်းပေးအပ်ခြင်းအခမ်းအနားအား ဇွန်-၂၆ ရက်နေ့ နံနက် ၈နာရီမှာစတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

“ခုလိုစာရေးကရိယာတွေအခမဲ့ရလို့ ၀မ်းသာပါတယ်။ကျေးဇူးလည်းတင်ပါတယ်။စာအုပ်ဝယ်ဖို့အခက်အခဲမရှိပေမယ့် အခုလို စာရေးကရိယာအစုံရတော့ပိုပြီးအဆင်ပြေတာပေါ့။နောက်နောင်များမှာဒီလိုစနစ်လေးတွေဆက်လုပ်ပေးမယ်ဆိုရင် ဆင်းရဲတဲ့ ကျွန်မတို့ပြည်သူတွေအတွက် တစ်ဘက်တစ်လှမ်းက ကူညီမှုရတော့ ပိုအဆင်ပြေတာပေါ့။”ဟု စာရေးကရိယာများ လာရောက်ထုတ်ယူသူ ကျောင်းသားမိဘ မစန်းစန်းဝင်း-ကပြောသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြို့နယ်ရုံးမှ ဆံတော်နယ်မြေအတွင်းမှာရှိသည့် ဆင်းရဲ ချို့တဲ့ကျောင်းသားများအတွက် ဗလာစာအုပ် ၁-အုပ်၊ဘောလ်ပင် ၁-ချောင်း၊ခဲတံ ၁-ချောင်းနှုန်းဖြင့် ကျောင်းသားဦးရည် ၂၀၀-ကျော် စာရင်းကောက်ယူထားပြီး ပြန်လည်မျှဝေသွားမှာဖြစ်သောကြောင့် ဆင်းရဲချို့တဲ့သည့် ကျောင်းသားပေါင်း သုံးရာခန့်အတွက်လုံလောက်မှုမရှိ၍ ရပ်/ကျေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စေတနာရှင်များဖြင့်ပှုးပေါင်းကာလှူဒါန်းခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

 

“မြို့နယ်ကချပေးတဲ့ စာရေးကရိယာကမလုံလောက်ဘူး။ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တိုင်ပင်ပြီး ဆံတော်ရပ်ကွက်အတွင်းက စေတနာရှင်တွေပေါင်းဖြည့်စွပ်ပြီးလှူဒါန်းမျှဝေပေးခဲ့တာ။အခုတစ်ခေါက်မှာမပါတဲ့သူတွေ နောက်တစ်ခေါက်ကြရင် ဦးစားပေးစနစ်နဲ့ထပ်မံမျှဝေပေးအပ်သွားအုံးမှာပါ။ ဆံတော်ရပ်ကွက်အတွင်းက စေတနာရှင်တစ်ချို့လှူဒါန်းထားတဲ့ စာအုပ်အဟောင်တွေနဲ့စာရေးကရိယာတစ်ချို့ကို မိဘမဲ့ကျောင်းတွေမှာထပ်မံလှူဒါန်းသွားမှာဖြစ်ပါတယ်။”ဟု ဆံတော်ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပွဲဖြစ်မြောက်ရေးစီစဉ်သူ ကိုမင်းမင်းထွန်း-ကပြောသည်။

 

အဆိုပါ အခမ်းအနားတွင် ဆံတော်ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့၊တို့မှဖြည့်စွပ်အလှူငွေများထည့်ဝင်ခဲ့၍စေတနာရှင်တွေဖြစ်သည့် ဦးဇင်ကို မိသားစုမှ ကွန်ပါဗူး-အလုံး ၆၀-၊ဦးကျော်ကိုကိုမိသားစုမှ အလှူငွေ ငါးသောင်းကျပ်၊ဦးအေးဝင်းထွန်း နှင့် ဦးထွန်းလင်းအောင် မိသားစုတို့မှ အလှူငွေ ငါးသောင်းကျပ်ဖြည့်စွပ်လှူဒါန်းခဲ့ပြီး ဆံတော်ရပ်ကွက်အတွင်းမှာရှိသည့် ဆင်းရဲချို့တဲ့ကျောင်းသားပေါင်း ၃၀၀-ကျော်အား ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် ၆-အုပ်၊ကွန်ပါဗူး ၁-ဗူး၊ကော်လက်ရှင်ဘယ် ၁-ဗူး၊ခဲတံ၊ပေတံ၊ခဲချွန်စက် နှင့် ဘောလ်ပင်များကို ပြန်လည်မျှဝေလှူဒါန်းခဲ့ကြောင်းသိရပြီး ယခုတစ်ကြိမ်တွင်မရှိသေးတဲ့ ကျောင်းသားတွေအတွက် နောက်တစ်ကြိမ်တွင် ထပ်မံ၍ ဦးစားပေးစနစ်ဖြင့် လှူဒါန်းရန်ရှိနေကြောင်းသိရသည်။

 

ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)

 

 




Read More...

Saturday, June 25, 2016

နေအိမ်ခြံဝန်းအတွင်းသို့ဝင်ရောက်ကာခွင့်ပြုချက် မတောင်းဘဲဓါတ်ပုံရိုက်သူနှင့်ရာအိမ်မှူးအားအမှု ဖွင့်တိုင်ကြားထားကြောင်းသိရ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

နေအိမ်ခြံဝန်းအတွင်းသို့ဝင်ရောက်ကာခွင့်ပြုချက်
မတောင်းဘဲဓါတ်ပုံရိုက်သူနှင့်ရာအိမ်မှူးအားအမှု
ဖွင့်တိုင်ကြားထားကြောင်းသိရ

ပြည် ဇွန်လ(၂၆)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့ ၊နဝဒေးရပ်ကွက်တွင်
နေအိမ်ခြံဝန်းအတွင်းသို့ဝင်ရောက်ကာခွင့်ပြုချက်မတောင်ဘဲ ဓါတ်ပုံရိုက်သူနှင့်ရာအိမ်မှူးအား နေအိမ်ပိုင်ရှင်မှ ရဲစခန်းသို့တိုင်
တန်းအမှုဖွင့်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊နဝဒေးရပ်ကွက်၊မြေပဒေသာရပ်နေ မတင်
တင်မူ(၃၉)နှစ်၊ဈေးရောင်းသူသည်ဇွန်လ(၂၃)ရက်နေ့နံနက်
(၁၁)နာရီခန့် ၄င်းနေအိမ်တွင်ရှိနေစဉ် ၄င်းထံတစ်စုံတစ်ရာ
ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ၄င်းနှင့်ခြံခြင်းကပ်နေ ဦးစိုးမြင့်
နှင့်နဝဒေးရပ်ကွက်၊သဇင်လှရပ်နေ ရာအိမ်မှူး ဦးကျော်သက်
တို့မှာ မတင်တင်မူတို့ အိမ်ခြံမြေအတွင်းသို့ဝင်ရောက်လာကြ
ကာ မတင်တင်မူ၏နေအိမ်အား ဓါတ်ပုံရိုက် ကြောင်း၊မတင်တင်
မူ၏အိမ်ခြံမြေမှာဝါးတိုင်စိုက်ပြီးဝါးတန်းဖြင့်ကာရံထားခြင်းဖြစ်ေ
ကြာင်းနှင့်လူဝင်ထွက်၍ ရကြောင်း၊မည်သည့်အတွက် အိမ်ခြံ မြေ
အတွင်းသို့ဝင်ရောက်ပြီး နေအိမ်အား ဓါတ်ပုံရိုက်သည်ကိုမသိရ
ကြောင်း သိရှိရသည်။

ထို့ကြေင့်ဖြစ်စဉ်နှင့်ပတ်သက်၍ မတင်တင်မူမှ ဦးစိုးမြင့်နှင့်ဦးကျော်
သက်တို့အား အရေးယူပေးပါရန် ဇွန်လ(၂၄)ရက်နေ့ ရဲစခန်းသို့လာ
ရောက်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း(ပ)၇၂၆/၂၀၁၆၊ရာဇသတ်
ကြီးပုဒ်မ-၄၄၇ အရ အမှုဖွင့်ဆောင်ရွက်ကာ အမှုအား ဒုရဲအုပ် လှိုင်မိုး
ဝေမှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

ပန်းတောင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာရှိအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင်ဆရာ/ဆရာမဦးရေနည်းပါးသဖြင့် ပညာသင်ကြားရေးအခက်အခဲရှိနေ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပန်းတောင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာရှိအခြေခံပညာ
အလယ်တန်းကျောင်းခွဲတွင်ဆရာ/ဆရာမဦးရေနည်းပါးသဖြင့်
ပညာသင်ကြားရေးအခက်အခဲရှိနေ

ပန်းတောင်းမြို့နယ် ဇွန်လ(၂၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပန်းတောင်မြို့နယ် ၊ဥသျှစ်ပင်မြို့ ၊
ညောင်ခြေထောက်ကျေးရွာရှိအခြေခံပညာအလယ်တန်းကျောင်းခွဲ
တွင် ဆရာ/ဆရာမဦးရေ နည်းပါးသဖြင့် ပညာသင်ကြားရေး အခက်
အခဲရှိနေကြောင်းသိရသည်။

“ကျောင်းဆရာ/ဆရာမက ကျောင်းအုပ်အပါဝင် (၁၁)ဦးပဲရှိတယ်။
သူငယ်တန်းမှာသင်ကြားမှုအတွက်လက်ရှိ(၂)ယောက်ပဲရှိတယ်။
တကယ်လိုအပ်တာက (၃)ယောက်လိုတာ။ထိုနည်းတူပဲ ပထမ
တန်းမှာ(၁)ယောက်ထဲသင်နေရတယ်။လိုတာကနှစ်ယောက်လို
နေတာပါ။ဒုတိယတန်းမှာဆို ကျောင်းသားကျောင်းသူက(၆၀)
ယောက်ရှိတယ်။သင်နေတဲ့ဆရာက (၁)ယောက်ထဲရှိတယ်”ဟု
ညောင်ခြေထောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ
ကျောင်းအုပ်ဆရာကြီး ဦးဝင်းကလေး ကပြောသည်။
အဆိုပါကျောင်းတွင် ဆရာ/ဆရာမလိုအပ်ချက်ကြောင့် ၂၀၁၅/
၂၀၁၆ ပညာသင်နှစ်တွင် မြို့နယ်ပညာရေးမှူးရုံးကို တင်ပြစာ
တင်တောင်ခံခဲ့သော်လည်းမရရှိခဲ့ကြောင်း ၊မူလတန်းမှာ (၃၆၃)
ယောက် အလယ်တန်းမှာ(၁၃၈)ယောက်ရှိပြီး ဆရာ/ဆရာမ
လိုအပ်ချက်ကြောင့် တတိယတန်းကလေးတွေကို သင်ပြရန်
ကျေးရွာထဲက စေတနာရှင်ဆရာတစ်ဦးကိုခေါ်ထားရကြောင်း
ကျောင်းအုပ်ဆရာကြီး ဦးဝင်းကလေး ကဆက်လက်ပြော
သည်။

“ရွာကလဲ ကျယ်ပြန့်လာတယ်။လုပ်ငန်းနဲ့ပြောင်းရွှေ့လာတဲ့သူတွေ
လဲများလာတော့ ကျောင်းသားဦးရေကလဲများ လာတယ်။ကျောင်း
သားဦးရေများလာတဲ့အတွက် စာသင်ဆောင်မလုံလောက်တာတွေ ၊
ဆရာ/ဆရာမ ဦး ရေမလုံ လောက်တာတွေရှိတယ်။ဒါကြောင့်သင်ကြား
ရတဲ့နေရာမှာ ဆရာ/ဆရာမတွေဘက်ကလဲ အခက်အခဲ ရှိသလိုသင်
ကြားခံရတဲ့ကျောင်းသား/ကျောင်းသူတွေဘက်ကလဲ စာသင်ကြားရာမှာ
ထိရောက်မှုနည်းတယ်။ ကျွန်တော်တို့ကျေးရွာအတွက် ဆရာ/ဆရာမဦး
ရေထပ်တိုးပေးဖို့လို အပ်တယ်”ဟုညောင်ခြေထောက် ကျေးရွာ အခြေခံ
ပညာအလယ်တန်းကျောင်းခွဲ မိဘဆရာအသင်း အတွင်းရေးမှူးက ပြော
သည်။

ဆရာ/ဆရာမဦးရေကနည်းတော့ ကလေးတွေရဲ့ပညာရေးသင်ကြားရာမှာ
ထိရောက်မှုနည်းတဲ့အတွက် (၄) တန်းအောင်တောင် ပညာရေးအဆင့်မမှီ
ကြောင်း ၊ ကျောင်းဆောင်တွေကလဲ ရွာကကိုယ်ထူကိုယ်ထနဲ့ဆောက် လုပ်
ထားရကြောင်း၊အရင်အစိုးရလက်မှာရော အခုအစိုးရလက်ထက်မှာရောအခု
အချိန်အထိဘာတစ်ခုမှမရသေး ကြောင်း၊ဒါပေမဲ့လဲ ကျေးရွာကဝိုင်းဝန်း
ဆောင်ရွက်နေကြောင်းနှင့်အလယ်တန်းကျောင်းခွဲအဆင့်အနေ အလယ်
တန်းကျောင်းအဆင့်ကိုတိုးမြှင့်ချထားပေးစေလိုကြောင်း ၄င်းကဆက်လက်
ပြောကြားခဲ့သည်။

ကျောင်းသားကျောင်းသူနည်းနည်းနဲ့ဆိုတော့ နိုင်နိုင်နင်းနင်းနဲ့ထိထိရောက်
မှုစွာသင်ကြားနိုင်မယ်။ပိုပြီးတော့လဲဂရုစိုက်နိုင်မယ်။တစ်ယောက်ချင်းရဲ့အ
ရည်အချင်းကိုလဲအကဲဖြတ်ပေးလို့ရမယ်။ကိုယ့်အသံကို အားလုံးကြားတဲ့
အတွက် သင်ကြားမှုလဲထိရောက်သလိုရှိမယ်။Kg မှာကျောင်းသားကျောင်း
သူ (၁၂၂)ယောက်ရှိတယ်။သင်တဲ့ဆရာက (၂)နှစ်ယောက်ပဲရှိတယ်။အမှန်
တကယ်လေးဆယ် လေးဆယ် ဆိုရင်(၃)ယောက်ရှိရမယ် အခုတော့(၂)
ယောက်ထဲနဲ့ပဲဖြစ်အောင်လုပ်နေရတယ်။ကလေးတွေက အပေါ့အပါး
သွားတာကအစ နောက်ကလိုက်ကြည့်နေရတော့ အခက်အခဲတော့ရှိတယ်
ဟုသူငယ်တန်းသင်ကြားနေသော ဆရာမဒေါ်နီနီအောင်က ပြောကြားခဲ့သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

Friday, June 24, 2016

ဥသျှစ်ပင်မြို့ရှိ“ဘရဏီ’’ စတိုးဆိုင်အတွင်းမှပစ္စည်းနှင့်ငွေများခိုးယူသူအား ဖမ်းဆီးနိုင်ခြင်းမရှိသေးဟုဆိုင်ပိုင်ရှင်ကဆို

Leave a Comment

ဥသျှစ်ပင်မြို့ရှိ“ဘရဏီ’’ စတိုးဆိုင်အတွင်းမှပစ္စည်းနှင့်ငွေများခိုးယူသူအား
ဖမ်းဆီးနိုင်ခြင်းမရှိသေးဟုဆိုင်ပိုင်ရှင်ကဆို

ဥသျှစ်ပင် ဇွန်(၂၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ဥသျှစ်ပင်မြို့ရှိ “ဘရဏီ”စတိုးဆိုင်အတွင်း
မှပစ္စည်းနှင့်ငွေများခိုးယူသွားသူအား ယနေ့ထိဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း တရားလိုဖြစ်သူဆိုင်ပိုင်ရှင်ကပြောသည်။

လွန်ခဲ့သော ဧပြီလ(၂၇)ရက်နေ့ ည (၁၁) နာရီအချိန်ခန့် ပန်းတောင်မြို့နယ်၊
ဥသျှစ်ပင်နယ်မြေရဲစခန်းအပိုင် ပြည်-တောင်ကုတ်ကားလမ်း မိုင်တိုင်အမှတ်
(၂၀/၀)နှင့်(၂၀/၁)အကြား ၊ဥသျှစ်ပင်မြို့ပြည်တော်သာရပ်ကွက်ရှိ“ဘရဏီ”
စတိုးဆိုင်ပိုင်ရှင် ဒေါ်စန်စန်း ဌေး(၄၂)နှစ်သည်ဆိုင်ပိတ်ထားခဲ့ပြီးနောက်တစ်
နေ့နံနက် (၅)နာရီ(၃၀)အချိန်ခန့် ဆိုင်ဝန်ထမ်းများဖြစ်သော မသီတာ၊မမိုးမိုး၊
မလေးမြတ်သူတို့နှင့်အတူ ဆိုင်ပြန်ဖွင့်စဉ် ကောင်တာအတွင်းထည့်ထားသော
MPT ငွေဖြည့်ကဒ်မျိုးစုံ(၁၂၀)ကဒ်တန်ဖိုး ၈၇၀၀၀၀ိ/ကျပ် ၊CDMA ငွေဖြည့်ကဒ်
(၃၂၅)ကဒ် တန်ဖိုး ၅၂၅၀၀၀ိ/ ကျပ်၊TELENOR ငွေဖြည့်ကဒ်(၆၆၀)ကဒ် တန်
ဖိုး ၈၄၀၀၀၀ိ/ကျပ် ၊GSM ဆင်းကဒ်(၂၀)ကဒ် တန်ဖိုး၃၀၀၀၀ိ/ကျပ်၊ငွေစက္ကူရော
ရာ ၁၀၀၀၀၀၀ိ/ကျပ်ခန့်၊စုစုပေါင်း၃၂၆၅၀၀၀ိ/ကျပ်ခန့် ပျောက်ဆုံးနေသဖြင့်ဈေး
ဆိုင်အတွင်းမှပစ္စည်းများနှင့်ငွေများခိုးယူသူအား စုံစမ်းဖေါ်ထုတ်ပေးရန် ဆိုင်ရှင်
ဒေါ်စန်းစန်းဌေးမှတရားလိုပြုလုပ်၍တိုင်ကြားထားကြောင်းသိရသည်။

ထိုသို့တိုင်ကြားခဲ့သဖြင့် ဥသျှစ်ပင်ရဲစခန်းမှ(ပ)၄၈/၂၀၁၆ ၊ ပြစ်မှုပုဒ်မ -၃၈၀ ဖြင့်
အမှုဖွင့်ကာ အမှုအားဒုရဲအုပ်အောင်ကျော်စိုးမှလက်ခံစစ်ဆေးသော်လည်းယနေ့
ထိပြစ်မှုကျုးလွန်သူအားဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းဆိုင်ရှင်ဖြစ်သူမစန်းစန်းေ
ဌးကပြောသည်။

“အမှုဖွင့်ထားတာနှစ်လရှိတော့မယ် ဒီနေ့အထိဘာမှမထူးခြားသေးဘူး တရားခံ
ပုံကိုလဲ CCTVကပုံကူးပေးထားတယ် ။သူနေတဲ့နေရာလဲ သိပါရဲ့နဲ့အခုအချိန်
ထိမိအောင်မဖမ်းနိုင်ဘူး။ခိုးတဲ့သူက ဒီလောက်တံခါးတွေစနစ်တကျပိတ်ထား
တာတောင် ကျမတို့ဆိုင်ထဲထိအောင်ဝင်ခိုးတာ သူခိုးနေတဲ့အချိန်မှာ ကျမ ဒါမှမ
ဟုတ် ကျမတို့မိသားစုထဲက တစ်ယောက်ယောက်ကို အန္တရာယ်ပြုရင်ဘယ်လို 
လုပ်မလဲ ၊ကျမတို့မြို့မှာဒီလောက်တောင် တရားဥပဒေစိုးမိုးမှုကင်းမဲ့နေပြီလား။
အမှုအကြောင်းအရာ သိချင်လို့ဖုန်းဆက်တော့လဲမကိုင် အကျိုးအကြောင်းဘာမှ
လဲမသိရဘူး။ ဒီလောက်ထိကြာစရာအကြောင်းမရှိဘူး”ဟု ဆိုင်ပိုင်ရှင်တရား
လိုဒေါ်စန်းစန်းဌေးကပြောသည်။

အဆိုပါ “ဘရဏီ”စတိုးဆိုင်သည် လွန်ခဲ့သော (၁၉၉၅)ခုနှစ်လောက်ကတစ်
ကြိမ်ခိုးခံရဘူးကြောင်း၊အကျီင်္အဝတ်အထည်၊နာရီစသည်တို့ခိုးခံရပြီး အဲဒီခေတ်
ကငွေတန်ဖိုး(၉)သိန်းဖိုးလောက်ဆုံး ရှုံးခဲ့ကြောင်း၊ ထို့ကြောင့်ဆိုင်တစ်ဆိုင်လုံး
နီးပါး လုံခြုံရေးကင်မရာများတက်ဆင်ထားကြောင်း၊အခြားမြို့တွေမှာဆို cctv ကင်မရာအထောက်အကူနဲ့တရားခံများမိခဲ့သော် ဥသျှစ်ပင်မြို့တွင်တော့ ရဲတပ်
ဖွဲ့လုပ်ဆောင်ချက်တွေအရမ်းအားနည်းကြောင်းနှင့်လိုအပ်လာပါ အထက်ဌာန 
များသို့ တိုင်စာများပေးပို့တိုင်ကြားသွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြော
ကြားသည်။

ထို့ကြောင့်အမှုနှင့်ပတ်သက်ပြီး ဥသျှစ်ပင်ရဲစခန်းမှအမှုစစ်နယ်ထိန်းခေါင်းေ
ဆာင် ကိုင်ဆောင်သောဖုန်း၀၉ ၃၁၆၅ ၃၈၆၅ အား အကြိမ်ကြိမ်ဆက်သွယ်ေ
မးမြန်းခဲ့သော်လည်း ဆက်ပိတ်ထားကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Facebook Like Page