Wednesday, August 31, 2016

ကမ္ဘာဦး( Ka Bar Oo ) အသားကင် နှင့် Thai Pot ဆိုင်တွင် Special menu အဖြစ် ''ဆိတ်သားထောင်း'' အား 1.9.2016 ရက်နေ့မှ စတင်၍စားသုံးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။

Leave a Comment

ကမ္ဘာဦး( Ka Bar Oo ) အသားကင် နှင့် Thai Pot ဆိုင်တွင်
Special menu အဖြစ် ''ဆိတ်သားထောင်း'' အား 1.9.2016 
ရက်နေ့မှ စတင်၍စားသုံးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး
အပ်ပါသည်။
အခြားစားသောက်ဖွယ်ရာများ -
၁/ ''တုံယမ်းကြက်တောင်ပံကင်''
၂/ ''ငါးဒုက္ခဟင်း နှင့် ရှမ်းထမင်း''
၃/ ''အသားကင် အစုံ နှင့် Thai Pot'' တို့အားလည်းသုံးဆောင်နိုင်
ပါပြီ။
ခင်မင်လေးစားစွာဖြင့်
*ကမ္ဘာဦး Thai Pot မိသားစု*
အမှတ် (၂၆၈/က) |ရွှေသမင်မျှော်ဘုရားလမ်း| ရိုးမဟိုတယ်အနောက်
ဘက်လမ်း ဆံတော်ရပ်ကွက်
Ph -09252011577





Read More...

ဖိတ်ကြားခြင်း

Leave a Comment

ဖိတ်ကြားခြင်း
လာမည့်စက်တင်ဘာလ ၃ ရက် နေ့တွင် ပြည်မြို့သားကဗျာဆရာ
မောင်ချောနွယ်ကွယ်လွန်ခြင်း ၁၄ နှစ်ပြည့် အမှတ်တရပွဲ ပြုလုပ်သွား
ပါမည်။ကဗျာချစ်မြတ်နိုးသူ မည်သူမဆိုလာရောက်ပူးပေါင်း အမှတ်
ရနိုင်ပါသည်။
အချိန် နံနက် ၉ မှ ၁၁ နာရီထိ
နေရာ ဒက္ခိဏာရုံကျောင်းတိုက်၊ ရွှေဆံတော်ဘုရားတောင်ဘက်မှဒ်၊
 ပြည်မြို့။





Read More...

ဒေါ်အောင်ဆန်းစုကြည်ကိုယုံသည် ၊ ကိုဖီအာနန်ကိုယုံသည် သရ၀ဏ်(ပြည်)

Leave a Comment

ဒေါ်အောင်ဆန်းစုကြည်ကိုယုံသည် ၊ ကိုဖီအာနန်ကိုယုံသည်
သရ၀ဏ်(ပြည်)
ကိစ္စတစ်ခု ၊ပြသနာတစ်ခုပေါ်ပေါက်လာသောအခါ ဖြေရှင်နည်းများစွာရှိသည် ။ ကလေးတစ်ယောက်သည် ကလေးတစ်ယာက်၏အမြင်နှင့်ဖြေရှင်းပေမည် ။ ရပ်ကွက်အဆင့်သည်ရပ်ကွက်အမြင်နှင့်ဖြေရှင်းမည် ။ မြို့၌နေသူသည်မြို့အမြင် ၊ တော၌နေသူသည်တောအမြင် ၊ခရိုနီအမြင်သည်ခရိုနီအမြင် ၊ စစ်ဗိုလ်ချုပ်အမြင်သည်စစ်ဗိုလ်ချုပ်အမြင်၊ မျက်ကန်းမျိုးချစ်အမြင်သည်မျက်ကန်းမျိုးချစ်အမြင်၊ နိုင်ငံတကာ၌ ၀င်ဆန့် သူသည် နိုင်ငံတကာအမြင် စသည်ဖြင့် ဖြေရှင်းနည်းအမျိုးမျိုးကွဲပြားကြပေမည် ။ ကြည့်ရုသောရှုထောင့်ကိုလိုက်၍ ဖြေရှင်းနည်းများကွဲပြားရခြင်းဖြစ်ပေသည် ။လူ့အခွင့်အရေးရုထောင့်ချည်းမှအမြဲကြည့်လို့မရသလို ၊လူမျိုးစွဲ အတ္တစွဲများဖြင့်ချည်းလည်းကြည့်၍မှန်မည်မဟုတ်ချေ ။ အသင့်တော်ဆုံးရှုထောင့်မှကြည့်ရမည် ။
ရခိုင်အရေးသည် အစိုးရအဆက်ဆက်အတွက် ဘေးကြပ်နံကြပ်အရေးကိစ္စဖြစ်သည် ။ ဖြေရှင်းရအတော်ခက်သောကိစ္စဖြစ်သည် ။ ရခိုင်အရေးကိစ္စဟုဆိုလျှင် ဒေသခံဌာနေ ဗုဒ္စဘာသာရခိုင်တိုင်းရင်းသားများရှိမည် ။ ကမန်ဟုခေါ်သောအစ္စလာမ်ဘာသာဝင် တိုင်းရင်းသားများရှိမည် ။ ဘင်္ဂလီများရှိမည် ။ ကမန်သည်ပြသနာမဟုတ် ။သို့ သော် ဘင်္ဂလီများသည်ပြသနာဖြစ်လာနေသည် ။ လူဦးရေအလွန်ထူထပ်သော မြန်မာ့အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ ကြောင့် မြန်မာ့မြေအတွင်းသို့ နယ်စပ်ကိုဖြတ်ကျော်လျက် တစိမ့်စိမ့်ဝင်ရောက်နေသည်မှာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ပေပြီ ။ ထိုဘင်္ဂလီများသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်လာပြီးသောအခါ လူ့ သဘာဝအရ ရောက်ရှိနေသောနေရာသည်အဆင်ပြေသဖြင့် ပြန်မထွက်ချင်တော့ ။ ထိုနေရာတွင် အပိုင်နေရရန်အကြံထုတ်လာကြသည်။ ထိုအခါ ခိုးဝင်ဘင်္ဂလီများသည် သူတို့ ကိုယ်သူတို့ မြန်မာနိုင်ငံတွင်ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့သော လူမျိုးတစ်မျိုးအဖြစ်ဖန်တီးပုံဖော်လိုက်ကြတော့သည် ။ သူတို့ ကိုယ်သူတို့  ရိုဟင်ဂျာ လူမျိုးဟုဘင်္ဂလီတို့ ကအမည်တတ်သည် ။ ရိုဟင်ဂျာဆိုသောလူမျိုးသည် မြန်မာတိုင်းရင်းသားလူမျိုးမဟုတ်ပဲဘင်္ဂလီတို့ အကြံအဖန်လုပ်ထားသောလူမျိုး ဖြစ်မှန်း မြန်မာတမျိုးသားလုံးသိကြသည် ။ ပြည်တွင်းမှာတော့လိမ်၍မရ ။ ဒါပေသည့် ဒါကအဓိကမကျ ။ ဘင်္ဂလီများသည် ၀ါဒဖြန့်ချီရေးတွင် အလွန်လျှင်မြန်သည် ။ ယခင်အစိုးရအဆက်ဆက် နှေးနှေးကွေးကွေးနှင့်ရခိုင်အရေးကိုတုန့် ပြန်နေသည့်အခိုက်တွင် ဘင်္ဂလီများ၏ မုသာဝါဒက ကမ္ဘာကိုလွှမ်းခြုံမိသွားသည် ။ ကမ္ဘာတွင်ရိုဟင်ဂျာဆိုသောလူမျိုးတစ်မျိုးကို အားလုံးသိသွားအောင်လုပ်နိုင်ခဲ့သည် ။ ဘယ်ကလာလို့ ဘယ်ကိုသွားသည်ဖြစ်စေ ပင်လယ်ထဲတွင် ပေါလောမျောပါနေသော ကုလားဟူသမျှ ရိုဟင်ဂျာဖြစ်အောင် တဖွဲ့ တနွဲ့ နှင့် ဇာတ်နာအောင်လုပ်နိုင်စွမ်းရှိလာကြသည် ။ ဘင်္ဂလီတို့ ၏၀ါဒဖြန့်လက်တံကရှည်လာသည် ။ဘင်္ဂလီသက်သက်သည် ထိုသို့ ထိထိရောက်ရောက် ငွေကုန်ကြေးကျခံကာ ကမ္ဘာသို့ ပေါက်အောင်ဝါဒဖြန့် ချိမှု ကိုမလုပ်နိုင် ။ ဘင်္ဂလီများသည် အစ္စလာမ်ဘာသာဝင်များဖြစ်သဖြင့် ကမ္ဘာ့အစ္စလာမ်နိုင်ငံများ ၊ OIC လိုအဖွဲ့ အစည်းမျိုး၏ ဘာသာတူချင်း အလုံးအရင်းနှင့်ငွေပုံပေး၍ ပံ့ပိုးကူညီမှုမလွဲမသွေရှိနိုင်သည် ။ ကမ္ဘာ့မီဒီယာများသို့  လက်တံရှည်ရှည်နှင့်ထိုးဖောက်ဝင်ရောက်သည် ။ ဘာအလုပ်မှမယ်မယ်ရရမရှိသော်လည်း ။လန်ဒန် ၊ပဲရစ် ၊ ၀ါရှင်တန် ၊ မြူးနစ် ၊ ကိုပင်ဟေဂင် ၊နယူးယောက်၊ ဘန်ကောက်စသောမြို့ ကြီးများတွင် ရိုဟင်ဂျာအရေးဆွေးနွေးပွဲမှန်သမျှ ၊သတင်းစာရှင်းလင်းပွဲမှန်သမျှ ။ဝါဒဖြန့်ချိပွဲမှန်သမျှ ။ ဆန္ဒပြပွဲမှန်သမျှ သံတမန်များအဆင့်အတန်းမျိုးနှင့် သံသမန်လောကနှင့် မီဒီယာလောကသို့ ဝင်ထွက်သွားလာ စားသောက် ပွဲတက်နေသော ရိုဟင်ဂျာလော်ဘီ (ဘင်္ဂလီ) များတကမ္ဘာလုံးတွင်ခြေချင်းလိမ်နေသည် ။ ထိုလူတွေ၏လစာနှင့်အသုံးစားရိတ်များ ၊ ပံ့ပိုးငွေများဘယ်ကရသနည်း ဘယ်သူမှမသိ ။ သေချာသည်ကား ပံ့ပိုးပေးနေသည့်အဖွဲ့ ရှိနေသလို ၊ ပံ့ပိုးမှုကိုလက်ခံကာတွင်ကျယ်နေသော ရိုဟင်ဂျာလော်ဘီများလည်း ကမ္ဘာမှာ ပျံ့ နှံ့ နေသည် ။ မျိုးချစ်စိတ်ဖြင့်တိုက်နေသော ရခိုင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ၏အသံသည် ကမ္ဘာတွင် လော်ကယ်ရထားလို ချိနဲ့နဲ့နှင့် မနည်းခရီးနှင်နေရချိန်တွင် ဘင်္ဂလီလော်ဘီတို့ ၏အသံသည် ကာတာလေကြောင်းလိုင်းလို ၊ အမ်းမရိတ်လေကြောင်းလိုင်းလို အလွန်လျှင်မြန်စွာ ကမ္ဘာအနှံ့ ခရီးဆန့်နေသည် ။ အဆက်သွယ် မီဒီယာကွန်ယက်တွေကောင်းနေသည် ။ငွေကြေးအထောက်အပံ့တွေကောင်းနေသည် ။ထိုအခါ ကုလသမဂ္ဂမှာလည်း ရိုဟင်ဂျာ ၊ အီးယူမှာလည်းရိုဟင်ဂျာ ၊ OIC မှာလည်းရိုဟင်ဂျာ ၊လူ့ အခွင့်အရေးကော်မရှင်မှာလည်းရိုဟင်ဂျာ ၊ အာဆီယံမှာပင် ရိုဟင်ဂျာ ဆိုတာတွေဖြစ်နေလေသည် ။
ဒီအချိန်တွင်ကျွန်တော်တို့ ပြည်တွင်းဝယ်ဘာတွေလုပ်နေသနည်း ။ဦးဝီရသူသည် ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီးကို လူပုံအလည်တွင်ကလော်တုတ်လိုက်၏ ။ ကုသမဂ္ဂအလိုမရှိကြောင်းရခိုင်တွင်ဆန္ဒပြကြ၏ ။ မြန်မာနိုင်ငံတွင်ရိုဟင်ဂျာမရှိကြောင်းဆန္ဒပြကြ၏ ။ ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များဟု ဘင်္ဂလီများကိုခေါ်ခြင်းအားဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြ၏ ။ ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီ စစ်ဆေးရန် ဘင်္ဂလီများကို ခေါ်ယူစစ်ဆေးခြင်းကို ဆန့်ကျင်ကန့်ကွက်ကြ၏ ။ စစ်ဆေးခံမည့်သူများကို သက်သေခံလက်မှတ် ထုတ်ပေးခြင်းကို ဘင်္ဂလီများအားနိုင်ငံသားပြုခွင့်ကတ်များထုတ်ပေးနေပါပြီဟု အစိုးရကိုဆန္ဒပြကြ၏ ။ ဘင်္ဂလီအရေး ၊ရခိုင်အရေးသည် ပြည်တွင်းရေးသက်သက်သာဖြစ်သည်ဟုပြောကြ၏ ။ ထိုသို့ ပြောနေအော်နေသည့်တချိန်တည်းမှာပင် ဘင်္ဂလီတို့ ၏အသံမှာ ကမ္ဘာ့မီဒီယာကိုအုပ်စီးမိကာတွင်ကျယ်နေပြီဖြစ်သည် ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ရခိုင်အရေးသည် ပြည်တွင်းရေးဖြစ်သည်ဟုအော်နေရုံနှင့် တန်ပြန်တိုက်စစ်မဆင်နိုင်တော့တာသေချာသည် ။ ထိုအချိန်တွင်နိုင်ငံတော်၏အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ရခိုင်အရေးနှင့်ပါတ်သက်၍လေ့လာဆန်းစစ်ရေးကော်မရှင်တစ်ရပ်ဖွဲ့ စည်းကြောင်းထုတ်ပြန်ကြေငြာလိုက်တော့ဝေဖန်သံတွေသောသောညံကြပြန်သည် ။ အဓိကထောက်ပြကြသည်က ကော်မရှင်တွင် နိုင်ငံခြားသားဖြစ်သော ကိုဖီအာနန်ဆိုသည့်လူကြီးက ဦးဆောင်နေလို့ တဲ့  ။ပြည်တွင်းရေးပြသနာကိုနိုင်ငံတကာပြသနာဖြစ်လာအောင် လုပ်သလိုဖြစ်နေလို့ တဲ့ စသည်ဖြင့် ဆိုကြပြန်၏ ။ အထူးအားဖြင့် NLD ကိုအမြဲကန့်လန့်တိုက်နေသော ပါတီတစ်ခုကစအော်သည် ။ထို့ နောက် ရွေးကောက်ပွဲတွင်အခြေမလှခဲ့သောပါတီနှစ်ခုကလည်း အကွက်ပေါ်ပြီဆိုပြီး NLD နှင့်ဒေါ်အောင်ဆန်းစုကြည်ကိုကြုံတုန်းဝင်တွယ်ကြသည် ။ သူတို့ ပြောသမျှအကျဉ်းချုပ်လိုက်လျှင် နိုင်ငံခြားသားပါဝင်လာမှုနှင့် နိုင်ငံတကာပြသနာဖြစ်အောင်လုပ်နေမှုဟူသော စွပ်စွဲချက်နှစ်ချက်ကိုတွေ့ ရမည်ဖြစ်သည် ။ ထိုနှစ်ချက်လုံးသည် အမြင်တိမ်တိမ်ဖြင့်ကြည့်၍ စွပ်စွဲနေခြင်းဖြစ်ကြောင်းပြောလိုသည် ။
နိုင်ငံခြားသားပါဝင်နေမှုဆိုရာ၌ ဤအရေးကိစ္စသည် မြန်မာပြည်ကွက်ကွက်မှာတင်ဖြစ်နေသောကိစ္စမဟုတ် ။ မြန်မာ့နယ်နိမိတ်ပြင်ပတွင်ပါ ဘင်္ဂလီများဖမ်းမိတိုင်း ရိုဟင်ဂျာဟု ၀ိုင်းဝန်းသမုတ်နေကြသောပြသနာရှိသည် ။ ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံမှမဟုတ်ပါပဲ ဟုတ်သယောင်လိမ်လည်ပြောကြားသဖြင့် နိုင်ငံတကာကအထင်မှားအမြင်မှာဖြစ်နေကြသောကိစ္စများစွာရှိသည် ။ နိုင်ငံတကာအဖွဲ့ အစည်းများနားသို့ ပေါက်အောင်ပြောရ၊ဆိုရ၊ဆောင်ရွက်ရတော့မည်ဖြစ်သည် ။ပွင့်ပွင့်လင်းလင်းပြောရလျှင် မြန်မာနိုင်ငံတွင် နိုင်ငံတကာသို့ လည်းပေါက်ပေါက်ရောက်ရောက်၇ှိကာ နိုင်ငံတကာမှလည်းလေးစားလက်ခံသောပုဂ္ဂိုလ်ဘယ်နှစ်ယောက်ရှိသနည်း ။ ဒေါ်အောင်ဆန်းစုကြည်မှတပါးတယောက်မှမရှိဆိုတာ ရိုးရိုးသားသားပြောရတော့မည် ။ ဒါဆို ဒီကော်မရှင်ကိုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လိုက်ပါလားဟုမေးလာပါက ဒေါ်အောင်ဆန်းစုကြည်ကော်မရှင်ဥက္ကဌ လုပ်လိုက်လျှင်ဘင်္ဂလီလော်ဘီတွေက မျှတမှုမရှိ ၊ ဒေါ်အောင်စုကြည်သည် ဗုဒ္စဘာသာဝင်ဖြစ်သဖြင့် ရခိုင်တွေဘက်လိုက်လိမ့်မည်ဟုထအော်လာနိုင်သည် ။ထို့ ကြောင့်ကမ္ဘာကလေးစားလက်ခံသောလူတစ်ဦးအဖြစ်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ၊ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ၊ ကိုဖီအာနန်ဖောင်ဒေးရှင်းတည်ထောင်သူ မစ္စတာ ကိုဖီအာနန်ကို စုံစမ်းရေးကော်မရှင်ဥက္ကအဖြစ် ရခိုင်အရေးလေ့လာခိုင်းခြင်း ၊ အချက်အလက်များအကြံပေးတင်ပြခိုင်းခြင်းသည်တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ဘင်္ဂလီတွေကိုရော တကမ္ဘာလုံးကိုရော မဟုတ်တန်းတရားတွေဆက်လက်မစွပ်စွဲနိုင်အောင်ကြိုကာလိုက်ခြင်းဖြစ်သည် ။ကိုဖီအာနန်လိုပုဂ္ဂိုလ်မျိုးကို ဤအရှုပ်တော်ပုံတွင်ကိုယ့်ထမင်းကိုယ်စား လာလုပ်ပေးအောင်ပြောနိုင်တာပဲလွန်လှပြီဖြစ်သည် ။ ကိုဖီအာနန်သည်ဘက်လိုက်မည့်သူမဟုတ် ။ပြီးတော့သူသည် အစ္စလာမ်ဘာသာဝင်မဟုတ် ။ပရိုတက်စတင့် ခရစ်ယာန်တစ်ယောက်ဖြစ်သည် ။ကိုဖီအာနန်၏အခန်းကသည်အကြံပေးခြင်းသာပြုနိုင်ကြောင်း ကျန်သည့်ကိစ္စများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၊ ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှပြောကြားခဲ့ပြီးလည်းဖြစ်သည် ။ကိုဖီအာနန်တစ်ယောက်တည်းမဟုတ်ပဲ မြန်မာနိုင်င့အကြောင်းကျွမ်းကျင်သူ မြန်မာနိုင်ငံသားများလဲထိုကော်မရှင်ထဲမှာပါပါသည် ။ ဆိုလိုသည်မှာ စုံစမ်းရေးကော်မရှင်သည်အကြံပေးရုံသာပေးနိုင်ပြီးဆုံးဖြတ်ချက်ကိုအစိုးရနှင့်လွှတ်တော်ကချမှတ်မည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကမ္ဘာ့အမြင်နှင့်လုပ်ဆောင်နေခြင်းကို ရပ်ကွက်အမြင်လောက်ဖြင့်ကြည့်ပြီးမဆုံးဖြတ်ကြပါနှင့်ဟုပြောချင်ပါသည် ။ ။ခိုးဝင်ဘင်္ဂလီကိုကျွန်တော်တို့လည်းမနှစ်မြို့ ၊ ရိုဟင်ဂျာဆိုတာလည်းနာမည်ပင်မကြားချင် ။သို့ သော်ဒီအတိုင်းထိုင်ဆဲနေရုံနှင့်ပြသနာကပြေလည်မည်မဟုတ် ။ ပေါက်ပေါက်ရောက်ရောက်ရှိသူတစ်ယောက်ကိုခေါ်ပြီး ကမ္ဘာကိုသက်သေပြရမည် ။
ဒုတိယစွပ်စွဲချက်ဖြစ်သော ရခိုင်အရေး၊ဘင်္ဂလီကိစ္စသည်ပြည်တွင်းရေးပြသနာသာဖြစ်၍ ကိုဖီအာနန်ပါဝင်လာလျှင် ကမ္ဘာ့ပြသနာလိုလိုဖြစ်သွားမှာစိုးသည်ဆိုခြင်းမှာလည်းမဟုတ်မမှန်ချေ ။ နေမကောင်းလျှင် ဆေးရုံဆေးခန်းသို့ သွားပြရမည် ။ ကိုယ့်အိမ်မှာပဲကြိတ်ခံနေလိုက်မည် ။ဤကိစ္စသည်ဆေးခန်းနှင့်ဆိုင်သောပြသနာမဟုတ်ဟုကြိတ်ကုနေလျှင် ရောဂါမှာ လုံးပါးပါးပြီး အခြေအနေဆိုးကာသေကာနီးမှဆေးရုံပို့ ကာအသက်မမီသလိုဖြစ်လိမ့်မည် ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဘင်္ဂလီကိစ္စ ( ကမ္ဘာကအခေါ်ရိုဟင်ဂျာကိစ္စ) သည် ကျွန်တော်တို့ လက်ခံသည်ဖြစ်စေ ၊ငြင်းဆန်သည်ဖြစ်စေ မြန်မာ့နယ်နိမိတ်ကိုကျော်လွန်၍ ကမ္ဘာကပြောနေဆိုနေ ၊ အစည်းအဝေးတွေလုပ်နေ ၊ ဆုံးဖြတ်ချက်တွေချနေရသော ကိစ္စတစ်ခုဖြစ်နေတာသေချာပါသည် ။ဒေါ်အောင်ဆန်းစုကြည်လုပ်၍ ကမ္ဘာ့ပြသနာဖြစ်သွားခြင်းမဟုတ် ၊ ကမ္ဘာ့ပြသနာဖြစ်လာနေသဖြင့် ဒေါ်အောင်ဆန်းစုကြည်က၀င်ရှင်းပေးနေခြင်းဖြစ်ကြောင်း နားလည်စေချင်ပါသည် ။ ကျွန်တော်တို့ ကတော့ ရခိုင်အရေးအတွက်ကော်မရှင်ဖွဲ့ပေးသော ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မရှင်ဥက္ကဌအဖြစ်ဆောင်ရွက်မည့် ဂါနာနိုင်ငံသားUN ခေါင်းဆောင်ဟောင်း မစ္စတာကိုဖီအာနန်ကို အပြည့်အ၀ယုံကြည်မှုရှိပါသည်။
သရ၀ဏ်(ပြည်)


Read More...

Tuesday, August 30, 2016

ဆရာဦးကျော်ဆန်းအင်္ဂလိပ်စာဘာသာစကားသင်တန်းမှတန်းခွဲအသစ်ကို(5.9.20 16)ရက်နေ့ တနင်္လာနေ့ တွင်းကထပ်မံဖွင့် လှစ်သွားပါမည်။

Leave a Comment

ဆရာဦးကျော်ဆန်းအင်္ဂလိပ်စာဘာသာစကားသင်တန်းမှတန်းခွဲအသစ်ကို(5.9.20
16)ရက်နေ့ တနင်္လာနေ့ တွင်းကထပ်မံဖွင့်
လှစ်သွားပါမည်။

မြန်မာနိုင်ငံ၌အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု လိုအပ်ချက်ကြီးမားနေပါသည်။ကျောင်းသားများအနေနှင့်Speaking
နှင့် Listening Skills တွေသာမက Reading နှင့် Writing Skills
တွေကိုပါ ပိုင်နိုင်ထားရန်လိုပါသည်။

***September လ(5)ရက်နေ့တွင်တန်းခွဲသစ်ကိုထပ်မံဖွင့်လှစ်
သင်ကြားပေးမည်ဖြစ်သဖြင့် ကျောင်းသားသစ်များစတင်
လက်ခံနေပါပြီ***
Time --- (5)ရက်နေ့ (5း00pm-63း0)Pm Mon to thurday
အင်္ဂလိပ်စာ အရေး ၊အဖတ်၊အပြော၊အကြား ကျွမ်းကျင်လိုသူများ
ဆရာဦးကျော်ဆန်းအင်္ဂလိပ်စာဘာသာစကားသင်တန်းကျောင်း
တွင်စာရင်းပေးသွင်းနိုင်ပါပြီ......... နိုင်ငံကျော်အင်္ဂလိပ်ဆရာကြီး
များဖြစ်ကျသော ဦးခင်မောင်လတ် ဆရာကြီး ဦးသိန်းမောင်(ထင်
လင်း)တို့၏တပည့် ဆရာကြီး ဦးမြကြိုင် ထံတွင်(၉)နှစ်တိုင်တိုင်
ပညာနို့ရည်သောက်ခဲ့သူ ဦးကျော်ဆန်း B.A (Psy),TKT(UK),
Dip.In English(YUFL)မှENGLISH PROFICIENCY CLASSES
READING WRITING LISTENING SPEAKING FOUR SKILLS
လုံးသင်ကြားပေးနေပါသည်။ Basic ,Intermediate,Advanced
Level Basic Level (၃) လ Intermediate Level (၃) လ တစ်
တန်းအတွက်လစဉ် လခ(၇၀၀၀)ကျပ် ပေးရုံဖြင့်ကျန်အတန်းများ
ကို အခမဲ့တက်ရောက်ခွင့်ရှိသည်။ကျောင်းသားများ အချိန်မရွေး
ဆက်သွယ်နိုင် ရန် သင်ခန်းစာများကို ပတ်လည်စနစ်ဖြင့်စီစဉ်
ထားပါသည်။သီးသန့်ဝိုင်းများ ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါ
သည်။
သင်တန်းအားတက်ရောက်လိုပါက Monday to Thursday
Reading (1)7:00 to 8:00 am Basic Leveel (2)8:00
to 9:30 am (3)3:00 to 4:30 pm (4)5;00 to6;30 pm (5)
6;30 to8;00 pm Intermediate Level(1)9;30 to11;00 am
General English(1)12;30 to1;30 pm Senior Reading (1)
1;30 to2;30 pm Saturday to Sunday Basic Leveel (1)
8;00 to9;30 am (2)9;30 to11;00 am (3)4;30 to6;00
pm Intermediate Leveel(1)2;30 to4;00 pm Advanced
Level(1)12;30 to1;30 pm Senior Reading(1)1;30 to2;30 pm ဖြစ်ပြီးသင်တန်းတည်နေရာမှ..................
အမှတ်(၁၂/၈၃)၊ရတနာလမ်း /(၄)လမ်း၊န၀င်းကွက်သစ်၊ပြည်မြို့၊
ပဲခူးတိုင်းဒေသကြီး
ဆက်သွယ်ရန် ဖုန်းနံပါတ် 09 43131 214 /09 973626165







Read More...

Saturday, August 27, 2016

ပြည်တောင်တန်းတောရကျောင်းဆန်လှူ အသင်းနှင့်ပရဟိတအဖွဲ့အသီးသီးတွေ့ဆုံကျင်းပ ပြည့်သဲမောင်

Leave a Comment

ပြည်တောင်တန်းတောရကျောင်းဆန်လှူ
အသင်းနှင့်ပရဟိတအဖွဲ့အသီးသီးတွေ့ဆုံကျင်းပ

ပြည် သတင်းတို သြဂုတ်(၂၈)ရက်နေ့
ပြည်မြို့ ပြည်တောင်တန်းတောရကျောင်း
များဆန်လှူအသင်းနှင့်ပြည်မြို့ပေါ်ရှိပရဟိ
တအဖွဲ့များNGO အဖွဲ့များနှင့်သြဂုတ်လ
(၂၈)နံနက်(၉)နာရီတွင် ပြည်မြို့သာသနာ့
ဗိမာန်၌တွေ့ဆုံခဲ့ကျသည်။

အဆိုပါပြည်တောင်တန်းတောရကျောင်း
များဆန်လှူအသင်းမှနှစ်စဉ်ကျင်းပသော
ဆန်လှူအသင်း(၃၅)နှစ်မြောက်တောရေ
ကျာင်းများဆန်လှူဒါန်းရန် ပရဟိတအဖွဲ့
များမှတတ်နိုင်သ၍ပါဝင်လှူဒါန်းနိုင်ရန်အ
စည်းအဝေးကျင်းပပြုခဲ့ကြောင်း ကနဦးသ
တင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

ပြည်မြို့မဈေးကြီးသို့ဝန်ကြီးချုပ် ဦးဝင်းသိန်း လာရောက်စစ်ဆေး ပြည့်သဲမောင်(ပြည်)09-423671883

Leave a Comment

ပည်မြို့မဈေးကြီးသို့ဝန်ကြီးချုပ် ဦးဝင်းသိန်း
လာရောက်စစ်ဆေး

ပြည် သြဂုတ်(၂၈)ရက်နေ့
ပဲခူးတိုင်ဒေသကြီး ပြည်ခရိုင် ပြည်မြို့ ပြည်မြို့မ
ဈေးကြီးတွင် ဝမ်းရောဂါမဖြစ်စေရေးအတွက် ဈေး
သူဈေးသားများ သောက်သုံးရေသန့်ရှင်းရေး ရော
ဂါကင်းဝေးရေး သန့်ရှင်းသာယာလှပရေးနှင့်မီးေ
ဘးအန္တရာယ်ကင်းဝေးစေရန်သြဂုတ်(၂၈)ရကနေ့
နံနက်(၈)နာရီ(၂၀)အချိခန့် လာရောက်စစ်ဆေးခဲ့
ကြောင်းကနဦးသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

အထက်နိဗ္ဗိန္ဒကျောင်းသွားသည့် လမ်းဘေးတွင် အမျိုးသမီးသတ်သည့်ပြစ်မှုကျုးလွန်သူအားဖမ်း ဆီးရမိပြီဖြစ်ကြောင်းသိရ

Leave a Comment

အထက်နိဗ္ဗိန္ဒကျောင်းသွားသည့် လမ်းဘေးတွင် အမျိုးသမီးသတ်သည့်ပြစ်မှုကျုးလွန်သူအားဖမ်း
ဆီးရမိပြီဖြစ်ကြောင်းသိရ


ပြည် သြဂုတ်(၂၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ပြည်မြို့၊နဝဒေး
ရပ်ကွက်ရှိ အထက်နိဗ္ဗိန္ဒကျောင်းသွားသည့်လမ်း
ဘေး လမင်းရောင် စက်သုံးဆီဆိုင် အနောက် သြ
ဂုတ်လ(၂၆)ရက်နေ့ည(၈)နာရီအချိန်ခန့်တွင်ဖြစ်ပွား
ခဲ့သော ပြည်မြို့မရဲစခန်း(ပ)၁၆၃၄ /၂၀၁၆ရာ
ဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ မှ လူသတ်မှုမှပြစ်မှု
ကျုးလွန်သူ မောင်ဖိုးသားထူး(ခ)မျိုးညွန့်အား သြ
ဂုတ်(၂၇)ရက်နေ့ ည(၈)နာရီ(၃၀)အချိန်ဖမ်းဆီးရ
မိကြောင်းသိရပြီးနောက်ဆက်တွဲသတင်းအပြည့်
အစုံအား ဆက်လက်ဖော်ပြပေးမည်။

ရဲ ပြန်ကြား(တကယ့်ဖြစ်ရပ်မှုခင်းသတင်း)

မှုခင်းသတင်းပြည်ခရိုင်တာဝန်ခံ



Read More...

ကားနှစ်စီးရှောင်တိမ်းရာမှခြံစည်းရိုးဝင်တိုက် ပြည့်သဲမောင်(ပြည်)09-423671883

Leave a Comment

ကားနှစ်စီးရှောင်တိမ်းရာမှခြံစည်းရိုးဝင်တိုက်

ပြည် သတင်းတို သြဂုတ်(၂၇)ရက်နေ့
27•8•2016  ညနေ(၃)နာရီ (၃၀)ခန့်တွင်ပြည်မြို့
ပုထိုးကြီးလမ်းနှင့်တီကျစ်ဆုံလမ်းထောင်၌ ကားနှ
စ်စီးရှောင်တိမ်းရာအရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးရှိ
သစ်တောရုံးခြံစည်းရိုးဝင်ရောက်တိုက်မိခဲ့ရာယာဉ်
မောင်းတွင်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း
ကနဦးသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Friday, August 26, 2016

ပြည်မြို့ အထက်နိဗ္ဗိန္ဒကျောင်းသွားသည့် လမ်းဘေးတွင် အမျိုးသမီး သတ်သည့်ပြစ်မှုကျုးလွန်သူအား ပြည်မြို့မရဲစခန်းမှစုံစမ်းဖမ်းဆီးလျှက် ရှိကြောင်းသိရ

Leave a Comment

ပြည်မြို့ အထက်နိဗ္ဗိန္ဒကျောင်းသွားသည့် လမ်းဘေးတွင် အမျိုးသမီး
သတ်သည့်ပြစ်မှုကျုးလွန်သူအား ပြည်မြို့မရဲစခန်းမှစုံစမ်းဖမ်းဆီးလျှက်
ရှိကြောင်းသိရ

ပြည် သြဂုတ်(၂၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့၊နဝဒေးရပ်ကွက်ရှိ အထက်နိဗ္ဗိန္ဒကျောင်း
သွားသည့် လမ်းဘေး လမင်းရောင် စက်သုံးဆီဆိုင် အနောက် သြဂုတ်လ(၂၆)
ရက်နေ့ ည(၈)နာရီအချိန်ခန့်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှပြစ်မှုကျုးလွန်သူအား
ပြည်ခရိုင်ရဲတပ်ဖွဲ့နှင့်ပြည်မြို့မရဲစခန်းတို့ ပူးပေါင်း၍ လိုက်လံစုံစမ်းဖမ်းဆီးလျှက်ရှိ
ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြည်မြို့ ၊နဝဒေးရပ်ကွက် ၊ အထက်နိဗ္ဗိန္ဒကျောင်းသွားသည့် လမ်းဘေး
လမင်းရောင် စက်သုံးဆီဆိုင် အနောက်တွင် အမျိုးသမီးတစ်ဦး ဓါးဖြင့် ခုတ်ခံရ၍
ယာဘက်လက်မောင်ရင်းပြတ်ရှဒဏ်ရာ(၃)ချက်၊ဝဲလက်ဖျံအတွင်းဘက် ပြတ်ရှဒ
ဏ်ရာ(၂)ချက်၊ယာလက်ဖဝါးပြတ်ရှဒဏ်ရာ(၁)ချက်၊ယာနံဘေးထိုးသွင်းဒဏ်ရာ(၁)
ချက်ရရှိသဖြင့် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ်သေဆုံးခဲ့သည့်အမှုနှင့်ပတ်သက်
၍ မောင်ဖြစ်သူ ဇော်မင်းလတ်မှ တရားခံအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ပြ
ည်မြို့မရဲစခန်းသို့ တိုင်းတန်းသဖြင့် ပြည်မြို့မရဲစခန်း(ပ)၁၆၃၄/၂၀၁၆ ၊ရာဇသတ်ကြီး
ပုဒ်မ-၃၀၂ အရမှုဖွင့်စစ်ဆေးခဲ့ကြောင်း ကနဦးသိရသည်။

ထို့ကြောင့် တရားခံဖော်ထုတ်ဖမ်းဆီးရေးအတွက် ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး
ကြီး မြင့်ကြည်၊ပြည်မြို့နယ် ရဲမှူးမောင်မောင်စိုးတို့သည် အမှုစစ် ပြည်မြို့မရဲစခန်းမှူး
ဒုရဲမှူးမျိုးမြင့်နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး အဖွဲ့များခွဲ၍ စုံစ
မ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူ မကေကေ(ခ)မအေလာဝင်းသည် ခင်ပွန်းဖြစ်သူ ဖိုးသား
ထူး(ခ)မျိုးညွန့်နှင့်အတူ ခင်ပွန်းသည်၏ မိဘများနေအိမ်ဖြစ်သော ပြည်မြို့၊ခေတ္တရာမြို့
သစ်ရပ်ကွက် အောင်သီရိရပ်ကွက်တွင် အတူနေထိုင်ကြောင်း၊သြဂုတ်လ(၂၆)ရက်နေ့
နေ့လည်(၃)နာရီ(၃၀)အချိနခန့်တွင် ခင်ပွန်းဖြစ်သူနှင့်စကားများရန်ဖြစ်ခဲ့ပြီး ၄င်း၏ညီမ
အရင်းဖြစ်သူ မဇင်ဖြူပြုံး နေထိုင်ရာ ပြည်မြို့၊ဆင်စုရပ်ကွက်၊ကမ်းနားလမ်းရှိနေအိမ်သို့
အဝတ်အစားအိတ်များယူဆောင်၍ သွားရောက်နေထိုင်ခဲ့ကြောင်း၊ညနေ(၆)နာရီ(၃၀)
အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူ ဖိုးသားထူး(ခ)မျိုးညွန့် မှအဆိုပါနေအိမ်သို့ဆိုင်ကယ်ဖြင့်
ရောက်လာကာ ဇနီးဖြစ်သူ မအေလာဝင်းအား ပြန်လည်ခေါ်ဆောင်သွားကြောင်း၊ဖိုး
သားထူး(ခ)မျိုးညွန့်သည် လာရောက်ခေါ်ဆောင်စဉ်က ရှပ်အကျီင်္အဖြူရောင်နှင့်ဂျင်း
ဘောင်းဘီအပြာရောင်အား ဝတ်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်ဟုဆို၏။

ထို့နောက်အခင်းဖြစ်နေရာရှိ လမင်းရောင်စက်သုံးဆီဆိုင် ရောင်းဝယ်ရေးမှ အလုပ်သ
မား သက်ဇင်ထွန်း ၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေသူမှအခင်းဖြစ်ပွားစဉ်က သေဆုံးသူ၏
“ကယ်ကြပါအုံး ….ကယ်ကြပါအုံး…”ဟုအော်ဟစ်သံကြားရ၍ သွားရောက်ကြည့်ရှု့စဉ်
ပြစ်မှုကျုးလွန်သူသည် ဆိုင်ကယ်နှင့်မောင်းနှင်ထွက်ပြေးသွားပြီားဘောင်ဘီအရှည်နှင့်
ရှပ်အကျီင်္အဖြူရောင်ဝတ်ဆင်ထားသည်ကိုတွေ့မြင်လိုက်ရကြောင်း ပြောပြချက်အရ ဖိုး
သားထူးဝတ်ဆင်ထားသည့် အဝတ်အစားများနှင့်တူညီနေကြောင်း တွေ့ရှိရသဖြင့် စစ်
ဆေးမေးမြန်းရန် ဖိုးသားထူး(ခ)မျိုးညွန့်အား လိုက်လံရှာဖွေသော်လည်းတွေ့ရှိရခြင်းမရှိ
ဘဲ တိမ်းရှောင်နေကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

သို့ပါသောကြောင့် အမှုနှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူသည် မအေလာဝင်း၏ ခင်ပွန်း
ဖိုးသားထူး(ခ)မျိုးညွန့် ဖြစ်နိုင်ဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပြီး ဖိုးသားထူး(ခ)မျိုးညွန့်
အား နယ်ထိန်းတပ်ဖွဲ့များ ၊ တကယ့်ဖြစ်ရပ်မှုခင်းသတင်းတာဝန်ခံနှင့်သတင်းထောက်များ
၊ မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းအဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊
အမာခံသတင်းပေးများနှင့် ပူးပေါင်းရှာဖွေဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

သိရှိပါက အကြောင်းကြားပေးပါရန်

Leave a Comment


သိရှိပါက အကြောင်းကြားပေးပါရန်

အထက်ဖော်ပြပါ သေဆုံးသူဓါတ်ပုံ
ပိုင်ရှင်သည်။ပြည်မြို့အထက်နိဗ္ဗိန္ဒ
တောင်တက်လမ်း လမင်းရောင်ဆီ
ဆိုင်အနောက်တွင် အဆိုပါအမျိုးသ
မီးသည်အမျိုးသားတစ်ဦးနှင့်အတူ
ဆိုင်ကယ်ဖြင့်လာသည်ဟုယူဆရ
ပြီးအမျိုးသမီးအမည်နှင့်နေရပ်လိပ်
စာအားသိသူများ အကြောင်းကြား
ပေးကျပါရန်။

ရဲ ပြန်ကြား(တကယ့်ဖြစ်ရပ်မှုခင်း)
မှုခင်းသတင်းပြည်ခရိုင်တာဝန်ခံ


Read More...

ပြည်မြို့မင်းကြီးတောင်တွင်ဆေးကြောင်သူမှဓါးနှင့်ထိုး၍ ထွက်ပြေသွားသည့်သတင်းမှာကောလဟာလဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆို ပြည့်သဲမောင်'(ပြည်)09-4236 71883

Leave a Comment

ပည်မြို့မင်းကြီးတောင်တွင်ဆေးကြောင်သူမှဓါးနှင့်ထိုး၍
ထွက်ပြေသွားသည့်သတင်းမှာကောလဟာလဖြစ်ကြောင်း 
ရဲတပ်ဖွဲ့ကဆို

ပြည် သြဂုတ်(၂၆)ရက်နေ့
ပြည်မြို့ ဆင်စုနယ်မြေ မင်းကြီးတောင်ပေါ်တွင်သြဂုတ်လ
(၂၆)ရက်နေ့ နေ့လည်ပိုင်းအချိန်ဆေးကြောင်နေသူမှဓါးဖြင့်
ထိုး၍ တောင်ပေါ်မှထွက်ပြေးသွားကြောင်း ပြပည်မြို့၌ပျံ့နှံ့
နေသောသတင်းမှာကောလဟာလသတင်းသာ ဖြစ်ကြောင်း
ပြည်မြို့မရဲစခန်းမှတာဝန်ရှိသူက ပြောသည်။

အဆိုပါသတင်းများကြားသဖြင့် ပြည်မြို့မရဲစခန်းမှတာဝန်ရှိ
သူအားမေးမြန်းရာ ``ကျွန်တော်တို့လဲ သတင်းကြားတာနဲ့ချ
က်ချင်း နယ်ထိန်းတပ်ဖွဲ့တွေကို သွားရောက်စုံစမ်းခိုင်းတယ်
ဘာသတင်းအစအနမှမရဘူး ဆေးရုံကိုတာဝန်မှူးသွားမေး
တော့လဲအမှတ်(၃)စခန်းက ယာဉ်တိုက်မှုလူနာဘဲရောက်
လာတယ်ပြောတယ် အခုအချိန်အထိလဲ ပြစ်မှုကျုးလွန်ခံရ
သူက လာရောက်တိုင်တန်းတာ အမှုဖွင့်တာမရှိသေးတဲ့အ
တွက် ဒီသတင်းကကောလဟာလသာ ဖြစ်ပါတယ်´´ဟုပြည်
မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်က ပြည်သတင်းသို့ပြောသည်။

အကယ်၍များ ကြားထားတဲ့သတင်းအတိုင်းတိတိကျကျ သိ
ရင်ဖြစ်စေ ပြစ်မှုကျုးလွန်သူကိုတွေ့ရှိသူဖြစ်စေ ပြစ်မှုအကျုး
လွန်ခံရသူကိုတွေ့သည်ဖြစ်စေ ရဲစခန်းသို့အချိန်မရွေးလာရေ
ာက်တိုင်ကြားနိုင်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

အဆိုပါသတင်းသည် လူမှုကွန်ယက်ပေါ်မှပြန့်နှံ့ခဲ့ပြီး ဓါးနှင့်အထိုး
ခံရသည်ဟုဆိုသောလူနာသော်လည်းကောင်း ပြစ်မှုကျုးလွန်သူ
ကိုသ်ာလည်း မျက်မြင်သက်သေကိသော်လည်း တိတိကျကျတစ်
စုံတစ်ရာ သတင်းရောက်ပေးသူမရှိသဖြင့် လည်းကောင်းသတင်း
သည်ကောလဟာလသတင်းသာ ဖြစ်ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

ဆေးကြောင်သူမှဓါးနှင့်ထိုး၍ထွက်ပြေသွား ကြောင်းကနဦးကြားသိရ ပြည့်သဲမောင်(ပြည်)09-423671883

Leave a Comment

ဆေးကြောင်သူမှဓါးနှင့်ထိုး၍ထွက်ပြေသွား
ကြောင်းကနဦးကြားသိရ

ပြည် သတင်းတို သြဂုတ်(၂၆)ရက်နေ့
ပြည်မြို့ ဆင်စုနယ်မြေ မင်းကြီးတောင်ပေါ်တွင်
သြဂုတ်လ(၂၆)ရက်နေ့ နေ့လည်ပိုင်းအချိန်ဆေး
ကြောင်ကြောင်နေသူမှဓါးဖြင့်ထိုး၍တောင်ပေါ်မှ
ထွက်ပြေးသွားကြောင်းကနဦးသတင်းရရှိပြီးဓါး
ဖြင့်ထိုးခံရသူမှာဒဏ်ရာများကြောင်းကြားသိရပြီး
ပြစ်မှုကျုးလွန်သူအား ရဲတပ်ဖွဲ့မှလိုက်လံစုံစမ်းေ
ဖ်ာထုတ်ဖမ်းဆီးလျှက်ရှိကြောင်း သတင်းရရှိသ
ည်။နောက်ဆက်တွဲသတင်း ဆက်လက်ဖော်ပြ
ပေးပါမည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Wednesday, August 24, 2016

စေတနာသင်တန်းကျောင်း မှ ပညာဒါန လျှပ်စစ်သင်တန်း ဖွင့်လှစ်မည်

Leave a Comment

စေတနာသင်တန်းကျောင်း မှ ပညာဒါန လျှပ်စစ်သင်တန်း ဖွင့်လှစ်မည်

Electrical Wiring and Electrical Installation - သင်တန်း Electrical 
Control _ သင်တန်း သီအိုရီနှင့်  လက်တွေ့အတက်သင်ပေးမည်။ လုပ်
ငန်းခွင်ဝင်ရောက်နိုင်သည်အထိ သင်ကြားပို့ချပေးမည် ဖြစ်ပြီး မိမိအသ
က်မွေးဝမ်းကြောင်း ပညာရပ်တစ်အခုအဖြစ်ရပ်တည်နိုင်ပြီး အစိုရလုပ်
ငန်းတွင်ဖြစ်စေ၊နိုင်ငံခြားသို့ ဖြစ်စေ၊ မိမိ မြို့ နယ်တွင်ဖြစ်စေ၊ လုပ်ကိုင်
စားသောက်၍ ရရှိစေရန် သင်တန်း ဆင်းထောက် ခံစာကိုလည်းပေးမ
ည်ဖြစ်ပါသည်။

သင်တန်းကာလမှာ(၃)လဖြစ်ပြီး တစ်ပါတ်လျှင် (၃)  ရက်  ညနေပိုင်း 
သင်ကြားပေးမည်ဖြစ်ပါသည်။ သင်တန်းသားဦးရေကို ကန့်သတ်ထား
သဖြင့် ကြိုတင်စာရင်းပးသွင်း နိုင်ပါပြီ။သင်တန်းတက်ရောက်လိုသူများ
သည် ပညာအရည်ချင်း (၁၀)တန်း (GTC)(GTI) ကျောင်းသားကျောင်း
သူများတက်ရောက်နိုင်ပါသည်။

သင်တန်းတက်ရောက်လိုပါကစေတနာသင်တန်းကျောင်း အမှတ်(၄)
ပြည်ရတနာလမ်း၊ ရွာဘဲနယ်မြေ၊ပြည်မြို့ ။
ဖုန်း- ၀၅၃-၂၄၃၂၉ /၀၉-၅၃၁၂၁၇၉ သို့  ဆက်သွယ်မေးမြန်းနိုင်ပါ
သည်။သင်တန်းအား (၂၀၁၆ - စက်တင်ဘာလတွင်ဖွင့်လှစ်ပါမည်။





Read More...

ပြည်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ဖမ်းဆီးဖော်ထုတ်လိုက်တဲ့ လူနှစ်ယောက်နဲ့ဖုန်းများ

Leave a Comment
ပြည်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ဖမ်းဆီးဖော်ထုတ်လိုက်တဲ့ လူနှစ်ယောက်နဲ့ဖုန်းများ

ပြည် သြဂုတ် (၂၄)ရက်နေ့
ဇူလိုင်လ(၂၀) ရက်နေ့တွင် ပြည်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ် စိုးမင်း ၊ ဒုရဲအုပ် လှမင်း ဦးဆောင်သောအဖွဲ့တို့မှ ပြည်မြို့မရဲစခန်း(ပ) ၇၄၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/ ၅၄ အ
မှုဖြင့် ရီမန်ယူချုပ်နှောင်ထားလျှက်ရှိသော တိုးတက်(ခ)ဂေါက်သီး(၁၈)နှစ်၊ (ဘ)ဦးလှအေး၊ကျ
ဘမ်းလုပ်၊ (၄)လမ်း၊ ရွှေတံခါးရပ်ကွက်၊ ပြည်မြို့၊ သက်ထွေး(ခ)မျိုးမင်းဦး(၂၁)နှစ်၊ (ဘ)ဦးစန်း
လွင်၊ ကျဘမ်းလုပ်၊ နှင်းဆီလမ်းမင်္ဂလာဦးရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့၊ သက်ပိုင်ထွန်း(ခ)အေ
သးလေး(၁၉)နှစ်၊ (ဘ)ဦးဌေးမြင့် ၊ ကျဘမ်းလုပ်၊ မင်္ဂလာဦးရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူ
တို့(၃)ဦးအား အမှုဖြင့်စစ်ဆေးရာ အောက်ဖော်ပြပါ လက်ကိုင်ဟန်းဖုန်း(၂၀) လုံးနှင့်ကွန်ပျူတာ
(၁)လုံးတို့အား ရဲစခန်းရှေ့(၁)မိုင်၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ သားကြီး(ခ) ကောင်းမြတ်ဖုန်းဆိုင်
တွင်ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သိမ်းဆည်း ရမိခဲ့သဖြင့် ဖုန်းများနှင့် ကွန်ပျူတာ
တို့အား ၄င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုပြသနိုင်ခြင်းမရှိသည့်အပြင် အိမ်အ ဆောက်အဦးတစ်
နေရာရာမှ ခိုးယူလာသည်ဟု သင်္ကာမကင်းဖွယ်ရှိသဖြင့် အရေးယူပေးရန် ရဲအုပ်စိုးမင်း နှင့် ဒုရဲ
အုပ်လှမင်းတို့မှ တိုင်တန်းလာသဖြင့် အောက်ဖော်ပြပါအတိုင်း အမှုဖွင့်အရေးယူ ဆောင်ရွက်
ထားရှိကြောင်းသိရသည်။
(က) Cooplad 7232 အမျိုးအစားအနက်ရောင်လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချဈေး
နှုန်း (၄၅၀၀၀ိ/-) အား ၂၀၁၆ ဇူ ၂၀၂၂၅၀ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၇၇/၂၀၁၆၊ ရာဇသ
တ်ကြီးပုဒ်မ-၃၈၀/၅၄၊ တရားလို ဒုရဲအုပ်လှမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ) အသေးလေး၊ တိုး
တက်(ခ) ဂေါက်သီး
(ခ) Huawei G-610 အမျိုးအစားအဖြူရောင်လက်ကိုင် ဖုန်းဟန်းဆက်(၁)လုံးရောင်းချဈေးနှုန်း
(၄၁၀၀၀ိ/-) အား ၂၀၁၆ ဇူ ၂၀၂၂၅၅ အချိန်တွင် မြို့မရဲစခန်း(ပ)၇၇၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်
မ-၃၈၀/၅၄၊ တရားလို ဒုရဲအုပ်လှမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ) အသေးလေး၊ တိုးတက်(ခ)ေ
ဂါက်သီး
(ဂ) SYH Wp920 အမျိုးအစားအဖြူရောင် လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချ ဈေးနှုန်း(၃၅
၀၀၀ိ/-) အား ၂၀၁၆ ဇူ ၂၀၂၃၀၀ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၇၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈
ဝ/၅၄၊ တရားလို ဒုရဲအုပ်လှမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(ဃ) )OPPO အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း ဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း (၃၅၀၀၀ိ
/-) အား ၂၀၁၆ ဇူ ၂၀၂၃၀၅ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၈၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/၅၄၊ 
တရားလို ဒုရဲအုပ်လှမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး(င) MI 
3S အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း ဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း (၄၅၀၀၀ိ/-)အား 
၂၀၁၆ ဇူ ၂၀၂၃၁၀ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၈၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/၅၄၊ 
တရားလို ဒုရဲအုပ်လှမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(စ) Inet အမျိုးအစား အပြာနုရောင်ခလုတ်နှိပ်ခေါက်ဖုန်း ဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း ( ၁၀
၀၀၀ိ/) အား ၂၀၁၆ ဇူ ၂၀၂၃၁၅ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၈၂/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၀
/ ၅၄၊ တရားလို ဒုရဲအုပ် လှမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ) အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(ဆ) Huawei G-730 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း ဟန်းဆက်(၁)လုံး ရောင်းချ ဈေးနှုန်း
( ၄၅၀၀၀ိ/-) အား ၂၀၁၆ ဇူ ၂၀၂၃၂၀ အချိန်တွင် မြို့မရဲစခန်း (ပ) ၇၈၃ / ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ
- ၃၈၀ / ၅၄၊ တရားလို ဒုရဲအုပ် လှမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ) အသေးလေး၊ တိုးတက်(ခ) ဂေါက်
သီး
(ဇ) Huawei G-730 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း ဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း 
( ၄၅၀၀၀ိ/-)အား ၂၀၁၆ ဇူ၂၀၂၃၂၅ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၈၄ / ၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ-၃
၈၀ / ၅၄၊ တရားလို ရဲအုပ် မင်းစိုး၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ)ဂေါက်သီး
(ဈ) My Phone K-503 အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းဟန်းဆက် (၁)လုံးရောင်းချဈေးနှုန်း 
( ၂၅၀၀၀ိ/-)အား ၂၀၁၆ ဇူ ၂၀၂၃၃၀ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၈၅/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ
-၃၈၀/ ၅၄၊ တရားလို ဒုရဲအုပ် လှမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်
သီး
(ည) Huawei C-8818 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချ ဈေးနှုန်း 
( ၁၅၀၀၀ိ/- )အား ၂၀၁၆ ဇူ ၂၀၂၃၃၅ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၈၆ / ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈
ဝ / ၅၄၊ တရားလို ဒုရဲအုပ် လှမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(ဋ) ASUS Model Z99N အမျိုးအစားလက်တော့(ပ်)(၁)လုံး၊ (ပါဝါဖွင့်မရ) ရောင်းချ ဈေးနှုန်း ( ၁၅၀၀၀
ဝိ/-) အား ၂၀၁၆ ဇူ ၂၀၂၃၃၅ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၈၇/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ -၃၈၀/ ၅၄၊ တရား လို ရဲအုပ်စိုးမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ) အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(ဌ) Samsung GTT 9060 အမျိုးအစား ရွှေအိုရောင်လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း (၅၅၀၀၀ိ/-) အား ၂၀၁၆ ဇူ ၂၀၂၃၄၅ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၈၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈
ဝ/ ၅၄၊ တရားလို ရဲအုပ် စိုးမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(ဍ) Huawei G-510 အမျိုးအစား လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း ( ၂၀၀၀၀ိ/-) အား ၂၀၁၆ ဇူ ၂၀၂၃၅၀ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၈၉/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/ ၅၄၊ တရားလို ရဲအုပ်စိုးမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(ဎ) Huawei Y-521 အမျိုးအစား လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း ( ၁၅၀၀၀ိ/-)အား ၂၀၁၆ ဇူ ၂၀၂၃၅၅ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၉၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/ ၅၄ ၊ တရားလို ရဲအုပ် စိုးမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(ဏ) ACER 7200 အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း ( ၃၀၀၀
ဝ/-) အား ၂၀၁၆ ဇူ ၂၁၀၀၂၀ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၉၁/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/ ၅၄၊ တရား လို ဒုရဲအုပ် လှမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ) အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး၊ သက်ထွေး
( တ) Hello P-7 အမျိုးအစား ရွှေအိုရောင်လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း (၃၅၀၀၀ိ/
-) အား ၂၀၁၆ ဇူ ၂၁၀၀၂၅ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၉၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/ ၅၄၊ တ
ရားလို ရဲအုပ်စိုးမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(ထ) OPPO အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း ( ၃၀၀၀၀ိ/-)
အား ၂၀၁၆ ဇူ ၂၁၀၀၃၀ အချိန်တွင်မြို့မရဲစခန်း(ပ) ၇၉၃/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/ ၅၄၊ တရား
လို ရဲအုပ် စိုးမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(ဒ) Huawei Y-210 အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း ( ၁၅၀
၀၀ိ/-)အား ၂၀၁၆ ဇူ ၂၁၀၀၃၅ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၉၄/ ၅၄၊ တရားလို ရဲအုပ် စိုးမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ) အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(ဓ) E XUNE 600 အမျိုးအစား အနက်ရောင်လက်ကိုင်ခလုတ်ဖုန်းဟန်းဆက်(၁)လုံး ရောင်းခဈေးနှုန်း( ၁၀၀၀၀ိ/-)အား ၂၀၁၆ ဇူ ၂၁၀၀၄၀အချိန်တွင် မြို့မရဲစခန်း(ပ) ၇၉၅/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/ ၅၄၊ တရားလို ရဲအုပ်စိုးမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(န) JAS 5S အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း ( ၂၀၀၀၀ိ/-)
အား ၂၀၁၆ ဇူ ၂၁၀၀၄၅ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၉၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/ ၅၄၊ တရား
လို ရဲအုပ် စိုးမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ) အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
(ပ) Huawei G-8815 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်းဟန်းဆက်(၁)လုံး ရောင်းချဈေးနှုန်း (၂၅
၀၀၀ိ/-)အား ၂၀၁၆ ဇူ ၂၁၀၀၅၀ အချိန်တွင် မြို့မရဲစခန်း(ပ) ၇၉၆/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/ ၅၄၊ တရားလို ရဲအုပ် စိုးမင်း၊ တရားခံ သက်ပိုင်ထွန်း(ခ)အသေးလေး၊ တိုးတက်(ခ) ဂေါက်သီး
မြို့မရဲစခန်း(ပ) ၇၇၇/၂၀၁၆၊ (ပ)၇၇၈/ ၂၀၁၆၊ (ပ)၇၇၉/ ၂၀၁၆၊ (ပ)၇၈၀/ ၂၀၁၆၊ (ပ)၇၈၁/ ၂၀၁၆၊ တို့အား ရဲအုပ်သန်းထွန်းအောင်မှ လည်းကောင်း၊ (ပ) ၇၈၂/ ၂၀၁၆၊ (ပ)၇၈၃/ ၂၀၁၆၊ (ပ) ၇၈၄/ ၂၀
၁၆၊ (ပ) ၇၈၅/ ၂၀၁၆၊(ပ) ၇၈၆/ ၂၀၁၆၊ တို့အား ဒုရဲအုပ် ဇော်မင်းမှလည်းကောင်း၊ (ပ)၇၈၇/ ၂၀၁၆၊ (ပ)၇၈၈/ ၂၀၁၆၊ (ပ)၇၈၉/ ၂၀၁၆ ၊ (ပ)၇၉၀/ ၂၀၁၆၊ (ပ) ၇၉၁/ ၂၀၁၆ တို့အား ဒုရဲအုပ် လှိုင်မိုးဝေမှ
လည်းကောင်း၊ (ပ) ၇၉၂/ ၂၀၁၆၊ (ပ) ၇၉၃/ ၂၀၁၆၊ (ပ) ၇၉၄/ ၂၀၁၆၊ (ပ)၇၉၅/ ၂၀၁၆၊ (ပ) ၇၉၆/ ၂၀၁၆၊ (ပ) ၇၉၇/ ၂၀၁၆ တို့အား ဒုရဲအုပ် မြတ်သူစိုးမှ လည်းကောင်း လက်ခံစစ်ဆေး၍ ပစ္စည်းပိုင်
ရှင် များစုံစမ်းပြီး အမှုအမြန် တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါကြောင်းသတင်းရရှိသည်။

ရဲပြန်ကြား(တကယ့်ဖြစ်ရပ်မှုခင်း)

မှုခင်းသတင်းပြည်ခရိုင်တာဝန်ခံ

Read More...

ဖွင့်ထားသော အမှုမှမသင်္ကာတရားခံများ အားဖမ်းဆီးရမိရာမှနောက်ဆက်တွဲခိုးမှုပေါ် လာနိုင်

Leave a Comment

ဖွင့်ထားသော အမှုမှမသင်္ကာတရားခံများ
အားဖမ်းဆီးရမိရာမှနောက်ဆက်တွဲခိုးမှုပေါ်
လာနိုင်

ပြည် သြဂုတ်(၂၄)ရက်နေ့
အမှုမှာ သြဂုတ်လ (၃)ညနေ(၆)နာရီ(၃၀) အချိန်ပြည်မြို့ရဲစခန်း(ပ) ၅၂၅/ ၂၀၁၆၊
ရာဇသတ်ကြီးပုဒ်မ ၃၈၂ အမှုမှ မသင်္ကာတရားခံ ဂျိုးလေး(ခ) မျိုးလေး(ခ) မျိုးမြင့်ေ
အာင် (၂၄)နှစ်၊ (ဘ)ဦးလှအေး၊ သားသတ်လုပ်ငန်း၊ လမ်းသွယ်(၁)၊ အောင်ဆန်းပြ
ည်သာယာရပ်ကွက်၊ ပြည်မြို့နေသူနှင့် ရန်နိုင်ထွန်း(ခ)အရှည်ကြီး(၁၉)နှစ်၊ (ဘ)ဦး
ရဲထွန်း၊ ကုန်စိမ်းရောင်း၊ ရွှေဟင်္သာအရှေ့ပေါက်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူတို့
အား ရဲစခန်း၌ ဒုရဲအုပ် ဝေဇော်အောင်၊ တကကျော်စွာဝင်း၊ ဒုတကရှိုင်းလင်းဇော်၊ ဒု
တက၀င်းကျော်ထွန်း၊ ခရိုင်မှုခင်းနှိမ်နင်းရေး ဌာနစုမှ ဒုရဲအုပ်လှမင်း၊ တကအောင်ဆ
န်းဦး၊ သက်သေ ဆံတော်ရပ်ကွက်ရာအိမ်မှူး ဦးသိန်းဆွေ၊ ရွာဘဲရပ် ကွက်ဆယ်အိမ်
မှူး ဦးသိန်းစိုးတို့နှင့် စစ်ဆေးရာ စုံစမ်းရှာဖွေမှုများပြုလုပ်ခဲ့သည်ဆို၏။

ထိုနောက် မသင်္ကာတရားခံများသည် ရဲစခန်းအရှေ့(၁)မိုင်ခန့်၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊
ပြည်ရတနာလမ်း၌ ဖုန်းရောင်းဝယ်ရေးဆိုင်ဖွင့် လှစ်ထားသည့် ကိုဇေယျာထွန်း (၂၄)
နှစ်၊ (ဘ)ဦးဝင်းနိုင်၊ရောင်း/၀ယ်၊ ရွှေဟင်္သာအရှေ့ပေါက်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေ
သူထံလွန်ခဲ့သော (၆)လခန့်က မှန်အပြင်ယာဘက် အပေါ်ဒေါင့်ကွဲအက်ရာရှိသော
ဆင်းကဒ်မပါ Huawei C8813 အမျိုးအစားအဖြူရောင် ဟန်းဆက်(၁)လုံးအား ငွေ(၃
၂၀၀၀ိ/-) ဖြင့်ရောင်းချခဲ့ကြောင်းသတင်းရရှိ၍ဂျိုးလေး(ခ) မျိုးလေး (ခ) မျိုးမြင့်အောင်၊
ရန်နိုင်ထွန်း(ခ)အရှည်ကြီး၊ ကိုဇေယျာထွန်းတို့ထံမှ သက်သေများရှေ့တွင် ရှာဖွေပုံ
စံဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။

၎င်းသိမ်းဆည်းရမိသောပစ္စည်းအား ဂျိုးလေး(ခ)မျိုးလေး(ခ)မျိုးမြင့်အောင် နှင့် ရန်နိုင်
ထွန်း(ခ)အရှည်ကြီးတို့ မှ ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံစွာ ပြောဆို
ပြသနိုင် ခြင်းမရှိသည့်အပြင် Huawei C8813 အမျိုးအစားအဖြူရောင်ဟန်းဆက်(၁)လုံး
အားပြည်မြို့ပေါ်ရပ်ကွက် ရှိအိမ်တစ်အိမ်မှ ခိုးယူလာနိုင်ဖွယ်ရှိသည်ဟု သင်္ကာမကင်းသ
ဖြင့် ဂျိုးလေး(ခ)မျိုးလေး(ခ)မျိုးမြင့်အောင်နှင့် ရန်နိုင်ထွန်း(ခ)အရှည်ကြီးတို့ အပေါ်အေ
ရးယူပေးရန် ဒုရဲအုပ်ဝေဇော်အောင် မှ တိုင်ကြားစာပေးပို့တိုင် တန်းသဖြင့်ပြည်မြို့မရဲစ
ခန်း (ပ) ၁၁၂၃/ ၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၅၄ အရအမှုဖွင့် ဆောင်ရွက်ထား
ရှိကြောင်းသိရသည်။

ရဲပြန်ကြား(တကယ့်ဖြစ်ရပ်မှုခင်း)
မှုခင်းသတင်းပြည်ခရိုင်တာဝန်ခံ


Read More...

အပေါင်ဆိုင်များသို့ ရွေနားကပ်တစ်ရံလိုက်လံပေါင်နှံနေသော အမျိုး၏ နောက်ဆက်တွဲ

Leave a Comment

အပေါင်ဆိုင်များသို့ ရွေနားကပ်တစ်ရံလိုက်လံပေါင်နှံနေသော အမျိုး၏
နောက်ဆက်တွဲ

ပြည် သြဂုတ်(၂၄)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် ဇူလိုင်(၂၄)ရက်နေ့ နေ့လည်
(၁၂)နာရီ(၄၀)အချိန်ခန့် တွင်အမျိုးသမီးတစ်ဦးမှ အပေါင်ဆိုင်များတွင်ရွှေ
နားကပ်တစ်ရံအားလိုက်လံပေါင်နှံကြောင်းသတင်းအား ဆက်လက်စုံစမ်းေ
ဖ်ာထုတ်ရာမှနောက်ဆက်တွဲပစ္စည်းများထပ်မံရရှိကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြည်မြို.မရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်ဝေဇော်အောင်
နှင့်အဖွဲ.သည် ပြည်ခရိုင်ဒုစရိုက်နှိမ်နင်းရေးဌာနစုမှ ဒုရဲအုပ်လှမင်းအဖွဲ့နှင့်ပူး
ပေါင်း၍ သက်သေ ဆံတော်ရပ်ကွက် ရာအိမ်မှူး ဦးသိန်းဆွေ ၊ ဦးလှဖြိုး ၊ အ
မျိုးသမီးသက်သေ ဒေါ်သူဇာသက်တို.နှင့်အတူ နယ်မြေ အတွင်း  ခိုး/ ဆိုး /
နှိုက် /သတင်းစုံးစမ်းစဉ် အမျိုးသမီးတဦးမှ အပေါင်ဆိုင်များသို. ရွေနားကပ်
တစ်ရံအား လိုက်လံပေါင်နှံနေကြောင်း သတင်းရရှိခဲ့သည်ဆို၏။

ထိုကြောင့် အဆိုပါ ရွှေနားကပ်တစ်ရံအား လိုက်လံပေါင်နှံနေသူအား လိုက်လံ
ရှာဖွေစုံစမ်းရာ မြို့မရဲစခန်းတောင် (၃)မိုင်ခန်.၊ပြည်မြို.၊ဆင်စုရပ်ကွက် ၊ မိချောင်း
ရဲလမ်းပေါ်တွင် မပုံပုံ (ခ) အေးအေးခိုင် (ခ)မထွေးထွေး(၂၃)နှစ်၊(ဘ) ဦးမောင်ေ
မာင်၊ကျဘမ်း၊ကမ်းနားလမ်းဆံတော်ရပ်ကွက်၊ပြည်မြိ.နေသူအားတွေရှိရသဖြင့်၎င်း
ကောင်းဝတ်စဉ်ထားသော အိပ်ကပ်နှစ်ဘက်ပါ အညိုအစင်းကွက် ဆိတ်နိုနှစ်ရောင် ၊ အမျိုးသမီးအပေါ်ဝတ်အကျီ်လက်ရှည် ယာဘက်အိပ်ကပ်အတွင်းမှ အဖြူရောင်ကျော
က်ပွင့် (၇)ပွင့်စီပါ၊ အလေးချိန် (၇)ပဲ(၆)ရွေးခန်.ရှိ (၁၄)ပဲရည်ကျောက်ဖြူရွှေချယ်နား
ကပ်တစ်ရံအားတွေ့ရှိရသည် ဆို၏။

အဆိုပါ တွေ့ရှိရမိသည့် နားကပ်နှင့်ပတ်သက်၍မေးမြန်းရာ ၄င်းပိုင်ဆိုင်ကြောင်း အေ
ထာက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်း မရှိသည့်အပြင် နေအိမ်အဆောက်အဦးတစ်
နေရာရာအတွင်းမှ ခိုးယူလာနိုင်သည်ဟု သင်္ကာမကင်းသဖြင့် သက်သေများရှေ့ရှာဖွေ
ပုံစံဖြင့် ဒုရဲအုပ် ဝေဇော်အောင်မှ ရေးသွင်းသိမ်းဆည်းပြီးကြောင်းသိရသည်။
ထို့ကြောင့် အမှုနှင့်ပတ်သက်၍  မပုံ့ပုံ့(ခ)အေးအေးခိုင်(ခ)မထွေးထွေးအား ဥပဒေအရ
အရေးယူပေးရန် ဒုရဲအုပ် ဝေဇော်အောင်မှတိုင်ကြားစာဖြင့် တိုင်တန်းလာသဖြင့် ပြည်မြို့
မရဲစခန်း(ပ)၈၅၂/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၈၀ /၅၄အရ အမှုဖွင့်အရေးယူဆေ
ာင်ရွက်လျှက်ရှိပြီး အမှုအား ဒုရဲအုပ် မြတ်သူစိုးမှ လက်ခံစစ်ဆေး၍ တရားခံ မပုံ့ပုံ့(ခ)ေ
အးအေးခိုင်(ခ) မထွေးထွေးအား အမှုနှင့် ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ရဲပြန်ကြား(တကယ့်ဖြစ်ရပ်မှုခင်း)

မှုခင်းသတင်းပြည်ခရိုင်တာဝန်ခံ

Read More...

Tuesday, August 23, 2016

ပြည်သူတွေစည်းကမ်းရှိအောင် အခြားနည်းတွေမလုပ်တတ်တော့ ဘူးလား ပြည်သူတွေဆီက ပိုက်ဆံတောင်းဒဏ်ရိုက်မှလား……….ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

ပြည်သူတွေစည်းကမ်းရှိအောင် အခြားနည်းတွေမလုပ်တတ်တော့
ဘူးလား ပြည်သူတွေဆီက ပိုက်ဆံတောင်းဒဏ်ရိုက်မှလား……….

ပြည့်သဲမောင်(ပြည်)09-4236 71883
“တွီ….တွီတွီ…..တွီတွီ…”ဆိုတဲ့ခရာမှုတ်သံတွေလမ်းမပေါ်ရဲ
စခန်းရှေ့တွင်စူးစူးဝါးဝါးထွက်လာပြီး ဆိုင်ကယ်တစ်စီးအား
တားပြီး ဆိုင်ကယ်သော့ဖြုတ်သူကဖြုတ်နောက်ကပြေးလိုက်
သူကလိုက်၊ဆိုင်ကယ်လိုက်ကိုင်သူကကိုင်နဲ့ လမ်းမပေါ်မှာရှုပ်
ရှက်ခတ်နေတဲ့မြင်ကွင်းလေးငေးမောကြည့်နေချိန်။

“သွားပြီ မိသားပြီ”ဆိုတဲ့အသံကလဲနားထဲကို လေပူမှုတ်ထည့်
လိုက်သလို တိုးဝင်လာတယ်။ဘာဖြစ်တာလဲ ဘာလို့လဲဆိုတဲ့
စကားကိုမေးဖို့ သတိမရဘဲ ဖမ်းခံလိုက်ရတဲ့ဆိုင်ကယ်သမား
နောက်ကို ဝိညာဉ်အညှို့ခံရသူတစ်ယောက်လို ကောက်ကော
က်ပါအောင်လိုက်ကြည့်မိတယ်။“ဘာဖြစ်လို့လဲလို့ ”ဆိုင်ကယ်
မောင်းလာတဲ့သူကမေးတော့ “ဆိုင်ကယ်စီးဦးထုပ်မပါလို့” ပါ
တဲ့ ။ အော် ဒါဆိုရင်ကျွန်တော်က ဘယ်လိုလုပ်ရမလဲသူက
ထပ်မေးပြန်တယ်။ဒီမှာ အမှုဖွင့်မှာပါ ကိုယ်ရေးအချက်အလ
က်ဖြည့်ပြီး တရားရုံးမှာဒဏ်ငွေဆောင်ရမှာပါဆိုတော့ ဆိုင်
ကယ်သမားက အခု လားတဲ့လေ။“မဟုတ်ပါဘူး ဒီနေ့ကေ
သာကြာနေ့ဆိုတော့ ဆိုင်ကယ်ကယ်ကို စခန်းမှာထားခဲ့ပြီး
တနင်္လာနေ့တရားရုံးဖွင့်ရက်မှ တရားသူကြီးရှေ့မှာအမိန့်ခံ
ယူပြီးမှဒဏ်ငွေဆောင်ရမှာပါလို့ အသားဖြူဖြူ ပါးနီရဲရဲလေး
ပါးမို့မို့ရဲမေလေးကပြန်ဖြေလိုက်တော့ ဆိုင်ကယ်သမားခ
ဗျာ “ဟာသွားပါပြီ….”ဆိုတဲ့အာမေဋိတ်အသံလေးထွက်လာ
တယ်။ဘာလို့လဲဆိုတော့သူက ပြည်မြို့ကမဟုတ်ဘူးတဲ့လေ။
သဲကုန်းဘက်ကတဲ့ ဆေးရုံတက်နေတဲ့မိခင်က ဆန်ပြုတ်သော
က်ချင်လို့ လာဝယ်တာတဲ့လေ………။ကိုယ်ရေးအချက်အလက်
မေးနေတဲ့ မျက်လုံးဝိုင်းလေးက ပိုလို့ပြူးကျယ်သွားရပြီပေါ့ ….

အထက်ကပေးတဲ့ တာဝန်ကတစ်ဖက်မို့သာ ရင်ထဲမှာတော့မချင့်
မရဲပေါ့…..ရုံးဖွင့်ရက် တနင်္လာနေ့ အမှုပေါင်းစုံနဲ့အမှုလာရင်ဆိုင်
တဲ့သူတွေနဲ့ ဆိုင်ကယ်ဖမ်းခံရသူတွေနဲ့ရှုပ်ရှက်ခတ်နေတဲ့ ပြည်မြို့
တရားရုံးကြီးကို ရောင်လည်လည်နဲ့ရောက်သွားခဲ့တယ်။ဒါပေမဲ့စာ
ရေးသူခေါင်းမှာဆောင်းထားတဲ့ ဆိုင်ကယ်စီးဦးထုပ်ကြီးကိုတော့
လုံးဝ(လုံးဝ)မချွတ်ဘူး။ဒီအချိန်မှာ လာချွတ်တဲ့သူရှိရင်လဲရန်သူဘဲ
လေ..။

ဒီလိုနဲ့လက်ဖက်ရည်ဆိုင်ဝင်ထိုင်လိုက်တော့ကုန်ကြမ်းကရပြီပေါ့။
“သူငယ်ချင်း မင်းလဲဆိုင်ကယ် အဖမ်းခံရတာလား”တဲ့လေ။ပါးစပ်
ကဖွင့် မပြောဖြစ်ဘဲ ဆိုင်ကယ်ဦးထုပ်ကြီးသာ လက်နဲ့ခေါက်ပြလို
က်တော့ သူကထပ်ပြောသေးတယ်။“အမယ်မင်းကလဲ ဆိုင်ကယ်
စီးဦးထုပ်ဆောင်းထားပြီး ဆိုင်ကယ်ဘက်မှန် ဆိုင်ကယ်နံပါတ်ပြား
မပါရင်ဖမ်းခံရမှာဘဲတဲ့လေ။သူငယ်ချင်းကိုဘာမှ ဆက်မပြောဘဲ
သူထိုင်နေတဲ့ဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။ကော်ဖီသောက်ရင်း ဟို
ကြည့်ဒီကြည့်လုပ်နေရင်း အဲဒီမှာ ဘေးဝိုင်းကိုလာထိုင်တဲ့ဆိုင်ကယ်
ဖမ်းခံရတဲ့ ပြည်သူထဲက ပြည်သူက“ဒါသက်သက်မဲ့ စည်းပွားရှာနေ
တာပါကွာ”ဆိုတဲ့အသံက စာရေးသူကျွန်တော့အတွက်တော့ စိတ်ဝင်
စားစရာ ကိစ္စဖြစ်ပြီလေ….နဲနဲတော့ကြမ်းတယ် ဒါပေမဲ့လဲကောင်းတဲ့
အတွက် ဆက်ပြီးနားထောင်နေလိုက်တယ်။“ဒီလို ပိုက်ဆံတောင်းတာ
များကွာ ဖမ်းတဲ့နေရာမှာ တစ်ခါထဲဒဏ်ငွေဆောင်ခိုင်းရင်လဲရတာအ
ခုတော့ ဆိုင်ကယ်ကလဲချက်ချင်းမရ သွားရလာရတာကလဲ ခက်သေး
တယ်။ဟိုမှာတောင်းလဲတောင်းတာဘဲ ဒီမှာတောင်းလဲတောင်းတာပါ
ဘဲကွာ ဘာတွေများပိုထူးသွားလို့လဲ စည်းကမ်း ရှိဖို့အတွက် ပိုက်ဆံေ
တာင်းတာလား ဒဏ်ငွေဆောင်ရတာလားတစ်ခြားပြည်သူတွေကိုစည်း
ကမ်းရှိအောင်လုပ်တဲ့နည်းတွေ မလုပ်တတ်တော့ဘူးလား ပြည်သူတွေ
ဆီကပိုက်ဆံတောင်းမှလား”တဲ့ ဒါလဲမှန်ပါတာဘဲ ပြည်သူတွေအမှန်တ
ကယ် စည်းကမ်းမရှိတာကို ပြုပြင်စေချင်ရင် ပိုက်ဆံတောင်းပြီးတရားရုံး
ခေါ်ရမှ မဟုတ်ပါဘူး။ ယာဉ်စီးကမ်း လမ်းစည်းကမ်းမလိုက်နာလို့ ဖမ်း
မိတဲ့ပြည်သူတွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီးေ
လးဆယ့်ငါးမိနစ်ဖြစ်ဖြစ် နာရီဝက်ဖြစ်ဖြစ် ပလော်ဂျက်တာနဲ့ထိုးပြပြီး 
အသိပညာပေး အခြားမြို့တွေလိုဆိုင်ကယ်စီးဦးထုပ်ဝယ်လာပြီးမှ ဆိုင်
ကယ်ပြန်ပေးတဲ့ ပညာပေးလေးတွေကို ဥပမာယူပြီး ပြုလုပ်သင့်ပါတယ်။
အခုတော့ ဆိုင်ကယ်ထိမ်းသိမ်းရတဲ့ ရဲစခန်းလဲအလုပ်ရှုပ်သလို ပြည်သူ
တွေလဲအမြင်မမှားတော့ဘူးပေါ့တဲ့လေ.......

အခုလိုဖမ်းမိလို့ ရတဲ့ပိုက်ဆံတွေကို ဘယ်လိုနေရာမျိုးမှာသုံးမလဲ ဘယ်
လိုနေရာမျိုးမှာသုံးနေပြီလဲပြည်မြို့မှာမီးပွိုင့်လေးခုရှိတယ်။ရွှေဆံတော်
ဘုရားကြီးအနီးမှာတစ်ခု၊ကိုသောင်းဈေးအနီးမှာတစ်ခုသံလမ်းဂိတ်နား
မှာတစ်ခု၊ကားကြီးဝန်းနားမှာတစ်ခုရှိတာမှာ ရွှေဆံတော်ဘုရားအနီးက 
မီးပွိုင့်တစ်ခုဘဲကောင်းတယ်။ကျန်တဲ့ သုံးခုကပျက်နေတာ အတော်ကြာ
ခဲ့ပြီ။ဒါတွေကိုရောအခုဖမ်းလို့ရတဲ့ပိုက်ဆံတွေနဲ့ဘာလို့မပြင်တာလဲ၊ပြည်
သူတွေ စည်းကမ်းရှိဖို့ဖမ်းနေတာတော့ ကောင်းပါတယ်။ဒါပေမဲ့ပြည်သူ
တွေ ဒုက္ခရောက်အောင်လုပ်နေတာတော့ လုံးဝ(လုံးဝ)မဖြစ်သင့်ပါ…။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

Facebook Like Page