Saturday, January 28, 2017
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တတိယအကြိမ်မြောက် အသက်(၆၀)ကျော် ဝန်ထမ်းမိဘများနှင့်အငြိမ်းစား(ပင်စင်စား) များအား ဂါရဝပြူအခမ်းအနား ကျင်းပ
Leave a Comment
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တတိယအကြိမ်မြောက်
အသက်(၆၀)ကျော် ဝန်ထမ်းမိဘများနှင့်အငြိမ်းစား(ပင်စင်စား)
များအား ဂါရဝပြူအခမ်းအနား ကျင်းပ
ပြည် ဇန်နဝါရီ(၂၈)ရက်နေ့
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်း ၊ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)
ပြည်မြို့၊တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးနှင့်ပြည်ခရိုင်ရုံးရှိဝန်ထမ်း
များမှအသက်(၆၀)ကျော် ဝန်ထမ်းမိဘများနှင့်အငြိမ်းစား(ပင်စင်စား) များ
အားဂါရဝပြူအခမ်းအနားကို ဇန်နဝါရီ(၂၈)ရက်နေ့ နံနက်(၉)နာရီအချိန်
တွင်တိုင်းအင်ဂျင်နီယာရုံး၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဝန်ထမ်းဟောင်းနှင့်တိုင်း/ခရိုင်/မြို့နယ်/လိုင်းရုံးရှိ
အသက်(၆၀)ပြည့် မိဘများအား ဂါရဝပြုကန်တော့ခြင်း၊ကွယ်လွန်ပြီး
သော ဝန်ထမ်းမိဘများ/ဝန်ထမ်းများ/အငြိမ်းစား/ပင်စင်စား ဝန်ထမ်း
များအား ဆုတောင်းခြင်းခေတ္တတိုင်းအင်ဂျင်နီယာနှင့်ဝန်ထမ်းများမှဂါ
ရဝပြုခြင်းအား နှစ်စဉ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် ကျင်းပနိုင်ရန်အမှာစကားပြောကြားခြင်း၊ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှ 
ဝန်ထမ်းဟောင်းများ ဂါရဝပြုခြင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်း
လင်းပြောကြားခြင်း၊တိုင်းလျှပ်စစ်ဝန်ထမ်းဟောင်းတစ်ဦးမှသြဝါဒဆုံး
မစကားပြောကြားခြင်းနှင့်အငြိမ်းစား/ဝန်ထမ်းဟောင်း ကူညီစောင့်ေ
ရှာက်ရေးအသင်းပုံစံများဖြင့်အသင်းဝင်ခြင်းကိစ္စများ ပြောကြားခြင်း
တို့ဆောင်ရွက်ခဲ့ကြပြီး ဂါရဝပြုလက်ဆောင်ပစ္စည်များပေးအပ်ခြင်း
တို့ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသည် (၃)ကြိမ်မြောက်ပြုလုပ်သည့် အခမ်းအ
နားဖြစ်ပြီးယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများသည် 
မိမိတို့၏ရှေ့ဆရာများဖြစ်သလို ၊ပင်စင်နားပြီးနောက်ပိုင်း လက်ရှိ
ဝန်ထမ်းများ၏ မလေးမစားဆက်ဆံခြင်းများ မပြုလုပ်ရန်နှင့်ရိုသေ
လေးစားမှုအမြဲရှိစေရန် တစ်ဦးနဲ့တစ်ဦးဖေးမကူညီပြီး စည်းစည်း
လုံးလုံးရှိစေရန် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်ခရိုင်လျှပ်
စစ်အင်ဂျင်နီယာကပြောသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
Friday, January 27, 2017
ပြည်သူ့အော်သံ
Leave a Comment
ခရိုင်ရဲတပ်ဖွဲ့မှူး
ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး
ပြည်မြို့
ရက်စွဲ ၊ ၂၀၁၇ ခုနှစ် ၊ ဇန်နဝါရီ(၂၆)ရက်နေ့
အကြောင်းအရာ။      ။အနှိပ်ခန်းဖွင့်လှစ်ထားသည့်နေအိမ်အား တိုင်ကြားခြင်း။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သတ်၍ အမှတ်(၂၃)၊
ဂေါက်ကွင်းလမ်းသွယ်၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ရတနာမာ
န်အောင်အဆင့်မြင့်အိမ်ယာ ပြည်မြို့တွင် ဖွင့်လှစ်ထားသော
အနှိပ်ခန်းဖွင့်လှစ်ထားသည့်နေအိမ်အား တိုင်ကြားရခြင်း
ဖြစ်ပါသည်။
ကျွန်တော်တို့ရပ်ကွက်သည် ဌာနဆိုင်ရာ အရာရှိအငြိမ်း
စားများ အေးအေးချမ်းချမ်း နေထိုင်ချင်သောမိသားစုများ
အများစုတည်ရှိသည့် လမ်းသွယ်ဖြစ်ပါသည်။ထိုနေရာမျိုး
တွင်မိမိတစ်ဦးတစ်ယောက်အကျိုးစီးပွားအလို့ငှာ နိုင်ငံေ
တ်ာပြဌာန်းဥပဒေကိုဆန့်ကျင်၍ ဥပဒေပြင်ပက ငွေရှာဖွေ
သည့်လုပ်ငန်း လုပ်ကိုင်နေသည့် ၄င်းအနှိပ်ခန်းအား လူ
ကြီးမင်းတို့အနေဖြင့် တည်ဆဲဥပဒေအရ ပိတ်သိမ်းပေး
ပါရန် ဦးစွာပထမတိုင်ကြားအပ်ပါသည်။
ထိုသို့ တိုင်ကြားရခြင်းမှာ အဆိုပါအနှိပ်ခန်းသို့လာရော
က်သည့် လူငယ်လူရွယ်၊ လူကြီးလူလတ်များသည် အရက်
သေစာ မူးယစ်သောက်စားလာကာ လာရောက်သည့်အ
တွက် ပတ်ဝန်းကျင်ရှိ နေအိမ်များ၏ လုံခြုံရေးအတွက်စိတ်
ပူပန်သည့်အခြေအနေသို့ ရောက်ရှိရပါသည်။ ဇန်န၀ါရီလ
(၂၅)ရက်နေ့ည (၁၁)နာရီအချိန်ခန့် ၄င်းအနှိပ်ခန်းသို့လာ
ရောက်သည့် ဧည့်သည်တစ်ဦး၏ကားမှ ပြန်ကွေ့ရန် နော
က်ဆုတ်စဉ် ကျွန်တော်၏နေအိမ် ၀န်းတံခါးကိုတိုက်၍ နေ
အိမ်အ၀င်းဝိုင်းထဲထိ ရောက်ရှိလာသည့် ဖြစ်စဉ်ကို ကြုံတွေ့
လာရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည့်အတွက် ယခု
ကဲ့သို့ ဒေသအာဏာပိုင် လူကြီးမင်းများထံ တိုင်ကြားရခြင်း
ဖြစ်ပါသည်။
ဒေါက်တာအေးကျော် (ဘ)  ဦးစိန်မြ
(၁၂/စခန (နိုင်) ၀၄၀၅၇၁)
မျက်စိမထူးကုဆရာဝန်ကြီး
အမှတ်(၂၅)၊ ဂေါက်ကွင်းလမ်းသွယ်၊
ခေတ္တရာမြို့သစ်၊ ပြည်မြို့။
မှတ်ချက်။    ။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်
ရေးမှူး ဦးဇော်လွင်ထံသို့လိမ်မှုပြီး တိုင်ကြားစာပေးပို့ခဲ့သည့်
အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ၄င်းအနှိပ်ခန်းလုပ်စားနေ
သည့်နေအိမ်အား ချက်ချင်းပိတ်ပေးရန်ပြောခဲ့သဖြင့် ယခုအ
နှိပ်ခန်းပိတ်ထားပါသည်။သို့ပါသော်လဲခဏတာပိတ်ပြီးပြန်လ
ည်ဖွင့်လှစ်မည်စိုးရိမ်သဖြင့်သက်ဆိုင်ရာအဆင့်ဆင့်ထံ ထပ်
မံတိုင်ကြားသွားမည်ဖြစ်ကြောင်း ဆရာကြီး ဦးကျော်အေးက
ပြောသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
Read More...
ကားရှေ့ဘီးပေါက်၍ဆိုင်ကယ်နှင့်မြို့ဝင်ဆိုင်းဘုတ်အားဝင်တိုက်
Leave a Comment
ကားရှေ့ဘီးပေါက်၍ဆိုင်ကယ်နှင့်မြို့ဝင်ဆိုင်းဘုတ်အားဝင်တိုက်
သတင်းတို ဇန်နဝါရီ(၂၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်နှင့်
ပေါင်းတည်မြို့နယ်အကြားတွင် ဇန်နဝါရီ(၂၇)ရက်
နေ့လည်(၃)နာရီအချိန်ခန့် ယာဉ်မတော်တဆမှုဖြစ်
ပွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့ဘက်မှ ပေါင်းတည်မြို့ဘက်သို့
ဆိုင်ကယ်များတင်ဆောင် မောင်းနှင်လာသည့်ကန်
ဒါအဖြူရောင်ယာဉ်သည် ရှေ့ဘီးပေါက်၍ အလား
တူအရပ်ဘက်ရှေ့မှမောင်းနှင်နေ သော ဆိုင်ကယ်
အား နောက်မှဝင်တိုက်ပြီး ထပ်မံကာ ပေါင်းတည်မြို့
ကြိုဆိုပါ၏ဆိုင်းဘုတ်အားဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့
ကြောင်း ကနဦးသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)094236 71883
ဓါတ်ပုံ အင်းမဦးလေးအဖွဲ့
Read More...
Monday, January 23, 2017
DATA Store
Leave a Comment
DATA Store 
@@Ebook နံမည်ကြီးစာရေးဆရာများ၏ သုတ ရသ ကဗျာ
ဆောင်းပါးများ နည်းပညာလေ့လာရန်စာပေများ ဘာသာရေး
စာပေများအား ရသစုံလင်စွာ အလွယ်တကူ ဖုန်းထဲသို့ ထည့် 
သွင်းဖတ်ရှုနိုင်ရန်ဆောင်ရွက်ပေးခြင်း
@@Mp3 သီချင်းအမျိုးအစားစုံလင်စွာ ဖုန်းထဲထည့်သွင်းနားထောင်
နိုင်ရန်ဆောင်ရွက်ပေးခြင်း
@@Movie မြန်မာစာတမ်းထိုး နိုင်ငံခြားဇတ်လမ်း အမျိုးပေါင်း ၁၅၀၀
ကျော်ရှိပြီး ကိုရီးယားဇတ်လမ်းလမ်းတွဲများနှင့်အနု အရွ အကြမ်းစသည့်
နောက်ဆုံးထွက် CD ရုပ်ရှင်များ ဖုန်းထဲတွင်အလွယ်တကူ ကြည့်ရှုနိုင်ရန်
ဆောင်ရွက်ပေးခြင်း
## မိတ်ဆွေတို့ဖုန်းထဲမှာ အလွယ်တကူအသုံးပြုချင်တယ်ဆိုလျှင် DATA
သို့အရောက်လာခဲ့ပါနော်%%%
&& အမှတ်(12)  သင်္ဘောဆိပ်လမ်း ဆင်စုရပ်ကွက် ပြည်မြို့
©© ဖုန်း 09-796303541
Read More...
Sunday, January 22, 2017
လူမှုကယ်ဆယ်ရေးအဖွဲ့သို့ လူနာတင်ယာဉ်နှင့်ဆေးပစ္စည်းများ လှူဒါန်း
Leave a Comment
လူမှုကယ်ဆယ်ရေးအဖွဲ့သို့ လူနာတင်ယာဉ်နှင့်ဆေးပစ္စည်းများ
လှူဒါန်း
ပြည် ဇန်နဝါရီ(၂၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် လူနာတင်ကားနှင့်ဆေးပစ္စည်းများ
လှူဒါန်းပေးအပ်ပွဲအခမ်းကို ဇန်နဝါရီ(၂၂)ရက်နေ့ ၊နံနက်(၉)နာရီအချိန်ခန့်က
ပြည်မြို့ ဆယ်ထပ်ကြီးဘုရားအနီး ၊ ဆင်တဲကျောင်းဓမ္မာရုံတွင်ကျင်းပခဲ့ကြောင်း
သိရသည်။
အဆိုပါ လူနာတင်ကားနှင့် ဆေးဝါးပစ္စည်းများအား ပြည်မြို့၊နဂါးလိန်လမ်းရှိ
ပရဟိတပရမီ(Rescue)လူမှုကယ်ဆယ်ရေးအဖွဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီးအ
လှူရှင်မိသားစုမှာ ဦးအေးကျော်+ဒေါ်သဲသဲ(ခ)ဒေါ်စံပယ်(သား)မောင်ရန်ေ
အးကျော် (ခ)ဖီးဖီး မိသားစုမှလှူဒါန်းခဲ့ခြင်းသည်။
ထိုသို့လှူဒါန်းရခြင်းမှာ ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာ(၂၅)ရက်နေ့ နံနက်(၅)
နာရီတွင် ကွယ်လွန်သွားသော သားလေးမောင်ဖီးဖီးသည် ယာဉ်မေ
တ်ာတဆမှုဖြစ်ချိန် ထိခိုက်ဒဏ်ရာရရှိသော သားဖြစ်သူ၏ အသက်
ကိုကယ်တင်ရန်ကြိုးစားခဲ့စဉ်က လိုအပ်ချက်ရှိခဲ့သောအထောက်အ
ကူပြုပစ္စည်းများနှင့်ဆေးပစ္စည်းများအားရေစက်သွန်းချ အမျှအတန်း
ပေး ဝေလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ ပရဟိတပါရမီ(Rescue)လူမှုကယ်ဆယ်ရေးအဖွဲ့သို့
Toyota AlphardAmbulance ကား(၁)စီး ၊ အောက်ဆီဂျင် အိုး(၃)လုံး ၊
Stretcher ခုံ (၁)ခု ၊လူနာတင်ကဒ်(၁)ခု ၊ကယ်ဆယ်ရေးသုံး ဖိုက်ဘာဦး
ထုပ်+ခေါင်းမီးအပါ(၅)လုံး ၊ကယ်ဆယ်ရေးသုံး ဝတ်စကုတ်(၈)စုံ ၊ခြေကျိုး
/လက်ကျိုး/ခါးကျိုး လူနာအတွက်အသုံးပြုသည့်ပစ္စည်း (၁)စုံ ၊Dvcဘောလုံး
(၂)လုံး ၊လည်ထောက် size အစုံ(၃)စုံ ၊သွေးခုန်နှုန်းတိုင်း ကိရိယာ (၁)ခု ၊
ဆေးအိပ်(၂)လုံး ၊မီးသတ်ဆေးဗူးသေး(၁)ဗူး ၊Battery Power Bank (၁)
လုံး ၊ဆေးပစ္စည်း အစုံ၊ပစ္စည်းအစုံထည့်ဖိုက်ဘာဗုံး(၃)ဗုံး ၊ ကားအတွက်ဂွင်း
ဂွ အစုံ ၊အရေးပေါ် အချက်ပြ မီးချောင်း(၂)ချောင်း စသည့်ပစ္စည်းများကိုလှူဒါန်း
ခဲ့ကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
Thursday, January 19, 2017
“ဝင်းမိဘမေတ္တာ” စိန်ရွှေရတနာဆိုင်နှင့် ရွှေပန်းတိမ်လုပ်ငန်းမှ တတိယအကြိမ်ကံ စမ်းမဲဖောက်ပေးမည်
Leave a Comment
“ဝင်းမိဘမေတ္တာ” စိန်ရွှေရတနာဆိုင်နှင့် ရွှေပန်းတိမ်လုပ်ငန်းမှ
တတိယအကြိမ်ကံ စမ်းမဲဖောက်ပေးမည်
“ဝင်းမိဘမေတ္တာ” စိန်ရွှေရတနာဆိုင်နှင့်
ရွှေပန်းတိမ်လုပ်ငန်းမှတတိယအကြိမ်ကံ
စမ်းမဲဖောက်ပေးမည်
ကျွန်တော် ကျွန်မတို့၏ “ဝင်းမိဘမေတ္တာ”
စိန်ရွှေရတနာဆိုင်မှ အရည်အသွေးပြည့်ဝပြီး
သေသပ်ခန့်ညားလှပသော စိန်ရွှေရတနာ ပစ္စည်းများ
ကို အလေးချိန် မှန်ကန် တိကျစွာ အလျော့တွက်အ
သက်သာဆုံးနှုန်းထားဖြင့် အစဉ်ထာဝရ ရောင်းချပေး
နေပြီဖြစ်ပြီး (7.10.2016)မှ(7.2.2017)အထိအား
ပေးသော မိတ်ဟောင်း၊မိတ်သစ်များအား ကျေးဇူး
တုန့်ပြန်သောအနေဖြင့် တတိယအကြိမ်းကံစမ်းမဲ
ကို (12.2.2017)ရက်နေ့ ပြည်ထောင်စုနေ့တွင်မဲ
နှိုက်ပေးမှာဖြစ်ပါတယ်။
မဲဖောက်ပေးမည့်ပစ္စည်းများကတော့ (လိုင်စင်ပါ)
Smash ပုံပြောင်း ၂၀၁၆ YUNDE (၁)စီး၊လျှပ်စစ်
ထမင်းပေါင်းအိုး (၁)လုံး၊တိုင်ကပ်နာရီ(၉)လုံး တို့
ကိုမေတ္တာလက်ဆောင်ချီးမြှင့်ပေးမည်ဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
“ဝင်းမိဘမေတ္တာ” စိန်ရွှေရတနာဆိုင်သစ်နှင့်ရွှေပန်း
တိမ်လုပ်ငန်း (2) အမှတ်(၈၃) ဗိုလ်ချုပ်လမ်း ၊ သရက်
တောပေါက် ၊ကားမှတ်တိုင်အနီး၊ပြည်မြို့။
Ph…053 -27969 / 09 – 531 2524 /
09 – 78531 2524
“ဝင်းမိဘမေတ္တာ” စိန်ရွှေရတနာဆိုင်သစ်နှင့်ရွှေပန်းတိမ်
လုပ်ငန်း (1)လေးမျက်နှာဘုရားရှေ့ ၊ ပြည်-တောင်ငူလမ်း၊
ပေါက်ခေါင်းမြို့။
Ph… 053 -45315 / 09 -5312524 / 09 – 78531 2524
Read More...
Wednesday, January 18, 2017
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Leave a Comment
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ရုံးသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
ပြည် ဇန်နဝါရီ (၁၈)ရက်နေ့
ပဲခူးတိုင်း၊ဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် ပြည်ခရိုင်
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး
သစ်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၁၈)ရက်နေ့ နံနက်
(၉)နာရီအချိန်ခန့် အမှတ်(၃၅၁)၊ဗိုလ်ချုပ်လမ်း၊မူယာ
ပင်ပန်းခြံရှေ့၊ရွာဘဲရပ်ကွက်၊ရုံးခန်းသစ်နေရာတွင် ကျင်း
ပပြုလုပ်ခဲ့သည်။
အခမ်းအနား အစီအစဉ်အရ  ပြည်ခရိုင်အုပ်ချုပ်ရေးမှူးမှ
အဖွင့်အမှာစကားပြောာကားခြင်း၊ပဲခူးတိုင်းဒေသကြီး အ
စားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါက်တာ
ဒေါ်နီနီအေးက အမှာစကားပြောကြားခြင်း၊ပြည်ခရိုင် အ
စားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတာဝန်ခံ
ဦးစီးအရာရှိ ဒေါက်တာ စိုးသက်နောင်က ကျေးဇူးတင်စက
ားပြောကြားခြင်း၊ပြည်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်
ကဲရေးဦးစီးဌာန ရုံသစ်အား ဖဲကြိုးဖြတ်ဖွင်ပလှစ်ခြင်းတို့ဆောင်
ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်ခရိုင်
အုပ်ချုပ်ရေးမှူး၊ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး၊ပြည်မြို့နယ် စည်ပင်
သာယာရေးဦးစီးမှူး၊ပြည်ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး၊ကျန်းမာရေးဝန်
ထမ်းများနှင့်သူနာပြုဆရာမများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့
ဝင်များ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ေ
ကြာင်းသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
မိုနာလီဇာ အမျိုးသမီးသီးသန့် ဆံထုံးမိတ်ကပ်အတွက် သင်တန်းဖွင့်လှစ်မည်
Leave a Comment
မိုနာလီဇာ အမျိုးသမီးသီးသန့် ဆံထုံးမိတ်ကပ်အတွက်
သင်တန်းဖွင့်လှစ်မည်
မိတ်ကပ် အောင်အောင်တောင်ကြီး၏တပည့် ဖွင့်လှစ်ထားသော
မိုနာလီဇာ ဆံပင်မိတ်ကပ် အလှပြုပြင်ရေးဆိုင်မှ ဘွဲ့ယူမည့်သူေ
လးများအတွက် လှပကျော့ရှင်းသော မျက်နှာလေးပိုင်ဆိုင်ရအောင်
ဆောင်ရွက်ပေးနေပါပြီ။ ဘွဲ့မယူခင် တစ်ရက်နှင့်ဘွဲ့ယူသည့်နေ့ရက်
နှစ်လုံးကို တာဝန်ယူကာ အလှပြုပြင်ပေးနေပါသည်။
ထို့အပြင် ဆံထုံးမိတ်ကပ် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ယူတတ်မြောက်
လိုပါက မိုနာလီဇာသို့ လာရောက်သင်ယူနိုင်ကြောင်းသတင်းကောင်း
ပါးအပ်ပါသည်။နယ်မှလာရောက် သင်တန်းတက်လိုသူများအတွက်ကို
နေရေး စားရေးစီစဉ်ပေးပြီး ဆ့ထုံးမိတ်ကပ် (ရက်တို)သင်တန်းကြေးမှာ
(၁၅၀၀၀၀ိ/)ကျပ်ဖြစ်ပါသည်။
ရက်တိုဆိုပေမဲ့ သင်တန်းသူများအား လိုအပ်ရင်လိုအပ်သလို လာရောက်
မေးမြန်းသင်ကြားနိုင်ပြီး မိမိလုပ်ငန်းခွဲလုပ်ကိုင်သည့်နေရာတွင် အခက်အ
ခဲရှိပါက အချိန်မရွေး သင်တန်းသို့ပြန်လာ၍ ပညာလေ့လာဆည်းပူးသင်ယူ
နိုင်ကြောင်းကိုလဲ ထပ်မံသင်းကောင်းပါးအပ်ပါတယ် ရှင်.....
မိုနာလီဇာ အလှပြုပြင်ရေးဆိုင်
တိုက်ခန်းအမှတ်(၃) မြို့သစ်ကာားကီးဝန်းအနီး
မြို့သစ်(၁)လမ်းနှင့်(၂)လမ်းအကြား၊ဘုရင့်နောင်လမ်းမပေါ်
ph...09455978939
Read More...
Tuesday, January 17, 2017
စစ်ကားတစ်စီး တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိ၍ ဆိုင်ကယ်အားတိုက်မိရာ တစ်ဦးသေ တစ်ဦးဒဏ်ရာရ
Leave a Comment
စစ်ကားတစ်စီး တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိ၍ ဆိုင်ကယ်အားတိုက်မိရာ
တစ်ဦးသေ တစ်ဦးဒဏ်ရာရ
ရွှေတောင် ဇန်နဝါရီ (၁၈)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင်
စစ်ကားတစ်စီးမှတစ်ဖက်ယာဉ်ကြောသို့ရောက်ရှိ၍ေ
မာင်းနှင်လာသောဆိုင်ကယ်အားနွားမယံအုပ်စု၊ရွာကု
တင်(၁၀၀)ဆေးရုံရှေ့တွင်ဇန်နဝါရီ(၁၆)ရက်နေ့နေ့လ
ည်(၁း၃၀)အချိန်ခန့်တွင်ဝင်ရောက်တိုက်မိခဲ့ကြောင်းသိ
ရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင်အမှတ် ၁၇၄/၂ နှင့်
၁၇၄/၃အကြားတွင် မျက်မြင်သက်သေ နွားမယံအုပ်စုစာရေး ဦး
သိန်းဇော်၏ပြောပြချက်အရ ပြည်ဘက်မှရန်ကုန်သို့ တသ သန်း
မြတ်စိုး (ခလရ-၈၀) အင်းမမြို့နေသူ မောင်းနှင်ပြီး ဘေးမှ ဗိုလ်
မှူးအောင်ဇော်ထိုက် ပါလာသောကြယ်…..(မ) GRAND TIGER
စစ်စိမ်းရောင်ယာဉ်မှာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ရန်
ကုန်ဘက်မှ ပြည်ဘက်သော မောင်းနှင်လာသော ဖြိုးကြီးပန်းရံလုပ်
၊ရွှေတောင်မြို့နယ်နေသူ မောင်းနှင်၍နောက်မှ ကိုဇော်မျိုးဦး(၄၀)
နှစ် (ဘ)ဦးလှရွှေ၊ပန်းရံလုပ်၊အင်းမမြို့ ၊ကူကြီးရပ်ကွက်နေသူတို့စီး
နင်းလိုက်ပါလာသော ၃-ယ………. KANBO အနက်/ပြာရောင်ဆို
င်ကယ်အား ၀င်ရောက်တိုက်မိခဲ့ကြောင်း ပြောပြသိရှိရ။
ထိုသို့ ကားဖြင့်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူ ဖြိုးကြီးမှာ
ယာမျက်ခုံးကွဲ၊ နှာခေါင်းသွေးထွက်၊ ပါးစပ်သွေးထွက်၊၀မ်းဗိုက်ပွန်း
ပြဲ၊ ၀ဲခြေထောက်ပွန်းပြဲဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်နောက်မှစီးနှင်း
လိုက်ပါလာသူ ကိုဇော်မျိုးဦးမှာ ၀ဲခြေထောက်ကျိုး၊သတိလစ်၊ ၀ဲမျက်
ခုံးခွံ ပွန်းပြဲဒဏ်ရာများရရှိ၍ ပြည်မြို့ အထွေထွေကုရောဂါကု ပို့ေ
ဆာင်ရာလမ်းတွင် ဖြိုးကြီးမှာ သေဆုံးသွားပြီး ဇော်မျိုးဦးမှာ ပြည်
မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေး
ကုသမှု ခံယူလျှက်ရှိကြောင်းသိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ၃ယ/…..KANBO အနက်/ပြာရောင်
ဆိုင်ကယ်မှာ ရှေ့ဘီးပြုတ်ထွက်၊ ရှေ့မဏ္ဍတိုင်ပြတ်ရှေ့/နောက်မီး
အုံပြုတ်ထွက်၊ ၀ဲ/ယာဒူးကာကြေမွ၊ ဖင်ထိုင်ခုံ ပြုတ်ထွက် ဆုံးရှုံးမှုတ
န်ဖိုးငွေ တစ်သိန်းခွဲခန့်၊ ယာဉ်/ယာဉ်မောင်းကြယ်………-မ KANB
O စစ်စိမ်းရောင်ယာဉ်မှာ ရှေ့မှန်ကွဲ၊ ဘန်ဘာပိန်ချိုင့် ၊ဘယ်ဘက်ေ
ရှ့ဘီးပေါက် ဆုံးရှုံးမှုတန်ဖိုးငွေ တစ်သိန်းခွဲခန့် အသီးသီးဆုံးရှုံးမှုဖြစ်
ပွားခဲ့သည်။
ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဒုရဲအုပ်နေဇော်မှ တစ်ဖက်ယဉ်
ကြာသို့ရောက်ရှိပြီး ဆိုင်ကယ်အားဝင်ရောက်တိုက်မိကာ လူသေ
ဆုံးသွားသဖြင့်ယာဉ်မောင်းနှင်သူတပ်သားသန်းမြတ်စိုးအား ဥပ
ဒေအရအရေးယူ ပေးပါရန်တိုင်စာပေးပို့တိုင်တန်းသဖြင့် ရွှေတော
င်မြို့မရဲစခန်းယာဉ် (ပ)၂/၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄-က/၃၃၈
ဖြင့် အမှုဖွင့်၍ အမှုအား ဒုရဲအုပ်နေဇော်မှစစ်ဆေးလျှက်ရှိပြီး စစ်
ကားမောင်းနှင်သူသန်းမြတ်စိုးမှာ စစ်သည်ဖြစ်၍ စစ်ဆေးနိုင်ရေး
သက်ဆိုင်ရာတပ်သို့ ဆက်သွယ်အကြောင်းကြား ဆောင်ရွက်လျှက်
ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
ဓါတ်ပုံ .....ရွှေတောင် ပရဟိတနာရေးကူညီမှုအသင်း
Read More...
Monday, January 16, 2017
အိမ်ရောင်းမည်
Leave a Comment
အိမ်ရောင်းမည်
*နေထိုင်စီးပွားရေးလုပ်ရန်နေရာကောင်း
*အဝေးပြေးကားဂိတ်၊ကျောင်း၊ဈေးအနီး
*ပေ(၃၀)×ပေ(၄၀) RC+BN ၃-ထပ်
*ရေ၊မီး၊**အိမ်ဂရံနှင့်ပိုင်ဆိုင်မှုအထောက်အထားအပြည့်အစုံရှိ
&&& PRICE 2300 LKS &&&
%% ဆက်သွယ်စုံစမ်းရန်......%%
##အိမ်အမှတ်-၂၈၃၃၊ဘုရင့်နောင်လမ်းမကြီး နှင့် ခေတ္တရာမြို့သစ်
(၃)လမ်းထောင့်၊ပြည်မြို့။
!!Ph;09-252209943-သို့ဆက်သွယ်နိုင်ပါသည်။
Read More...
Wednesday, January 11, 2017
ဆရာနေမင်း ဦးစီးသော စေတနာ နှင့် ဝါသနာကို အဓိကအရင်းခံသည့် ```နေမင်းစကြ်ာ ရာထူးဝင်သင်တန်းကြီး´´´
Leave a Comment
ဆရာနေမင်း ဦးစီးသော
စေတနာ နှင့် ဝါသနာကို အဓိကအရင်းခံသည့်
```နေမင်းစကြ်ာ ရာထူးဝင်သင်တန်းကြီး´´´
*PPTT ၀င်ခွင့်သင်တန်း*
- ရန်ကုန်မှ လာရောက်ဖွင့်လှစ်သည်။
- မှတ်စုများ၊မေးခွန်းဟောင်းများ ပြည့်စုံစေရမည်။
- သင့်ထံမှ ကြိုးစားမှုယူလာခဲ့ပါ။
- ဘာသာရပ်အလိုက် ဆရာများသင်ကြားပေးပါမည်။
သင်တန်းအား 17.1.2017 ရက်နေ့ နံနက်{ ၉း၀၀ }
နာရီတွင် သင်တန်းစတင်ဖွင့်လှစ်ပါမည်။
```သင်တန်းနေရာ´´´
(၄/၈)လမ်း၊ခေတ္တရာမြို့သစ်၊ပြည်မြို့။
```ဆက်သွယ်ရန်´´´
နေမင်းစကြ်ာမိတ္တူ ဆိုင်၊အုန်းတောလမ်း၊ပြည်မြို့။
09.791177858
09.452373785 သို့ဆက်သွယ်နိုင်ပါသည်။
*မှတ်စု မှတ်တမ်းတွင် အားလုံးထက် ပိုမိုပြည့်စုံစေရမည်ဟု အာမခံသည်*
Read More...
Tuesday, January 10, 2017
“ခေတ် ….. အဲဒါ …… ဒီခေတ် ……’’
Leave a Comment
“ခေတ် …..  အဲဒါ …… ဒီခေတ် ……’’
“ငါ့ မိန်းမက အိမ်ထောင်သည်ပါကွာဆိုပြီး……
စိတ်ချထားလို့မရတဲ့ ခေတ်……. အဲဒါ……. ဒီခေတ်…..”
“ငါ့ သမီးကအရွယ်မရောက်သေးပါဘူး ငယ်ပါသေးတယ်ဆိုပြီး….
စိတ်ချထားလို့မရတဲ့ ခေတ်…… အဲဒါ……. ဒီခေတ်…..”
“ငါ့ သမီးကစွံ့အနားမကြား မသန်စွမ်းလေးပါဆိုပြီး……
စိတ်ချထားလို့မရတဲ့ ခေတ်…… အဲဒါ……… ဒီခေတ်…..”
“သန်သန်မာမာ ယောကျာ်းချင်းတောင်……
မတော်မတရား ကြံစည်တဲ့ ခေတ်……… အဲဒါ…..   ဒီခေတ်…..”
“ညဘက် ဗိုက်ဆာလို့မှ…..
လမ်းပေါ်တက် ဈေးဝယ်မထွက်ရဲတဲ့  ခေတ်….. အဲဒါ…..   ဒီခေတ်…..”
“လမ်းပေါ်က စိတ်ဝေဒနာခံစားနေရတဲ့ အရှုးမတောင်…..
ချမ်းသာမပေးတဲ့ ခေတ်…..  အဲဒါ……  ဒီခေတ်….”
“စိတ်ပုတီးလည်မှာဆွဲ ဘုရားစဉ်ရှေ့မှာ သံကုန်ခဲနေသူက…..
မတော်မတရားကြံတဲ့ ခေတ်……. အဲဒါ……  ဒီခေတ်……. ”
“သက်ငယ်မုဒိမ်းကို အဖက်ဆည်ကာ …..
ထိန်းပေးတဲ့ ခေတ်…..  အဲဒါ…… ဒီခေတ်……”
“အော်……  ခေတ်………   ခေတ်…….  ခေတ်……”
မှတ်ချက်။          ။ရေးတတ်သလိုရေးသားထားပါသဖြင့် အမှားပါရင်
ခွင့်လွတ်စေချင်ပါတယ်ခင်ဗျ……..။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
Friday, January 6, 2017
''မင်္ဂလာပါ'' "မင်ကြိုက်"အမှတ်တရပစ္စည်းဆိုင်ရဲ့(9-1-2017) ရက်နေ့မှာပြုလုပ်မဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်အ ခမ်းအနားမှာ ပါဝင်ဆင်နွဲရင်း ဈေးဝယ်ယူနိုင်ဖို့မိတ် ဟောင်းမိတ်သစ်များ အားလုံးကိုရင်းနှီးလှိုက်လဲစွာ ဖိတ်မန္တကပြုပါရစေ။
Leave a Comment
''မင်္ဂလာပါ''
"မင်ကြိုက်"အမှတ်တရပစ္စည်းဆိုင်ရဲ့(9-1-2017)
ရက်နေ့မှာပြုလုပ်မဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်အ
ခမ်းအနားမှာ ပါဝင်ဆင်နွဲရင်း ဈေးဝယ်ယူနိုင်ဖို့မိတ်
ဟောင်းမိတ်သစ်များ အားလုံးကိုရင်းနှီးလှိုက်လဲစွာ
ဖိတ်မန္တကပြုပါရစေ။
"မင်းကြိုက်"ဆိုတဲ့အမည်တစ်ခုနဲ့ ရပ်တည်နိုင်အောင်
အစဉ်အမြဲအားပေးခဲ့ကြတဲ့ မိတ်ဆွေများကို ကျေးဇူး
တုံ့ပြန်လိုသော ဆန္ဒမွန်ဖြင့်လည်းကောင်း"မင်းကြိုက်"
ရဲ့မိတ်ဆွေသစ်များတိုးပွားများပြားလိုသော ဆန္ဒမွန်ဖြင့်
လည်းကောင်း "မင်ကြိုက်"အမှတ်တရပစ္စည်းဆိုင်မှရောင်း
ချပေးသော ပစ္စည်းများအားလုံး(All items)ကို 20% Disc
ont ဖြင့် စေတနာတွေပါထည့်ပေါင်းပြီး ရောင်ချပေးမှာဖြစ်
ပါတယ်။
မိတ်ဆွေတို့ ရဲ့ အားပေးဝယ်ယူမှုတွေ့နဲ့ " မင်းကြိုက် "
ဆိုင်ရဲ့ နွေးထွေးတဲ့ ဆက်ဆံမှု အကောင်းဆုးံသောဝန်
ဆောင်မှု စစ်မှန်တဲ့စေတနာတွေပေါင်းပြီး တစ်နှစ်ပြည့်
နှစ်ပတ်လည်မှသည်နောင်နှစ်ပေါင်းများစွာဆက်လက်
ချီတက်သွားမှာပါ။
မိတ်ဆွေတို့ ရေ (9-1-2017)ရက်နေ့ "မင်းကြိုက်"ရဲ့
"Happy Anniver sary"မှာပျော်ရွှင်ချမ်းမြေးစွာဈေး
ဝယ်ယူနိုင်ကြဖို့  မျော်လင့်ရင့်း
Big Sale All Items (20%)Discount(9-1-2017)
တစ်ရက်တည်းနော့်
                                                "မင်းကြိုက်"
အခန်း(13)မီးရထားတိုက်တန်း တစ်လမ်းမောင်းကွေ့
တပ်လမ်း ဆံတော်ရပ်ကွက်ပြည်မြို့။
Read More...
Facebook Like Page