Saturday, April 8, 2017

သမီးအရင်းနှင့်ဖောက်ပြန်နေသည်ဟုဆိုကာ အမေဖြစ်သူက၄င်း၏ နောက်အိမ်ထောင်အား တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၃)နှင့်အမှုဖွင့်ထား

Leave a Comment

သမီးအရင်းနှင့်ဖောက်ပြန်နေသည်ဟုဆိုကာ အမေဖြစ်သူက၄င်း၏
နောက်အိမ်ထောင်အား တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ
ဥပဒေပုဒ်မ(၁၃)နှင့်အမှုဖွင့်ထား

ရွှေတောင် ဧပြီ (၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပြည်မြို့နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိတစ်ဦးအား ဇနီးဖြစ်
သူမှတစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၃)ဖြင့်
ရွှေတောင်ရဲစခန်း၌လာရောက် အမှုဖွင့်ထားကြောင်းသိရသည်။

ဖြစ်စဉ်မှာဧပြီလ(၆)ရက်နေ့ နေ့လည်(၁)နာရီ(၃၀)အချိန်ခန့် ရွှေ
တောင်မြို့၊သရက်တောရပ်ကွက်၊ အောင်မြေသာနယ်မြေ၊ ၀န်ထမ်း
အိမ်ယာခွဲမှူး အရာရှိ လိုင်ခန်းနေထိုင်သူ ဒေါ်မာလာရီ (၅၄)နှစ်၊(ဘ)
ဦးမောင်ဝင်း၊ချည်မျှင်နှင့်အထည်စက်ရုံဝန်ထမ်းလုပ်ကိုင်သူသည် ပ
ထမခင်ပွန်းဖြစ်သူ ဦးဝင်းသိန်း နှင့် ၂၀၁၀ခုနှစ်၊နိုဝင်ဘာ(၂)ရက်နေ့
တွင်တရားဝင်ကွာရှင်းပြီးနောက် ပြည်မြို့နယ် ရွေးကောက်ပွဲကော်မ
ရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်(၆၀)နှစ်၊(ဘ)ဦးခင်မောင်
နှင့် လွန်ခဲ့သော(၇)နှစ်ခန့်က တရားဝင်ပေါင်းသင်း နေထိုင်ခဲ့ပြီး ရွှေေ
တာင်မြို့ချည်မျှင်စက်ရုံ ၊အရာရှိ အိမ်ယာလိုင်းခန်းတွင် နေထိုင်ခဲ့ကာ
၎င်း၏ခင်ပွန်းဟောင်း ဦးဝင်းသိန်း နှင့် ရရှိခဲ့သော သမီးဖြစ်သူ မ.....
(၂၂)နှစ်၊ (ဘ)ဦးဝင်းသိန်း ၊ချည်မျှင်နှင့်အထည်စက်ရုံဝန်းတွင်း အောင်
မြေသာနယ်မြေခွဲမှူး အိမ်ယာလိုင်းခန်းနေသူနှင့် အဆိုပါနေအိမ်လိုင်း
ခန်းတွင် အတူတကွနေထိုင်ခဲ့ကြသည်ဆို၏။

ထိုသို့အတူတကွနေထိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဦးသန်းဆင့် နှင့်မ…...
ပထွေးနှင့် မယားပါသမီးတို့မှာ ဧပြီ(၆)ရက်နေ့(၆)ရက်နေ့ နေ့လည်
(၁)နာရီ(၃၀)အချိန်ခန့် အိမ်၏ အိပ်ခန်းထဲတွင် အ၀တ်အစားမရှိပဲ
အတူဖောက်ပြန်နေကြသည်ကို ကိုယ်တိုင်မြင်တွေ့ ခဲ့သဖြင့် ဧပြီ(၇)
ရက်နေ့ နေ့လည်(၂)နာရီ(၂၀)အချိန်ခန့် ရွှေတောင်မြို့မရဲစခန်းသို့လာ
ရောက်ကာ ဒေါ်မာလာရီ မှတရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း
ရဲတပ်ဖွဲ့မှသိရသည်။

“အမေလုပ်တဲ့သူက သမီးဖြစ်သူနဲ့ သူမ၏နောက်အိမ်ထောင်အမျိုးသား
တို့ ဖောက်ပြန်နေကြောင်း ဒါကြောင့်သူ၏ခင်ပွန်းဖြစ်သူ ဦးသန်းဆင့်
အား ဥပဒေအရအရေးယူပေးပါရန် ရဲစခန်းလာတိုင်လို့ ပုဒ်မ(၁၃)နဲ့အ
မှုဖွင့်ထားတာပါ။သမီးဖြစ်သူကို လက်ရှိမှာအမှုဖွင့်ထားတာမရှိသေးပါ
ဘူး”ဟု အမှုစစ် ဒုရဲအုပ် ဇော်သန်းထိုက်ကပြောသည်။

ထို့ကြောင့် ဒေါ်မာလာရီမှ တရားလိုပြုလုပ်တိုင်တန်းချက်အရ ပြည်မြို့
နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်
အား ရွှေတောင်မြို့မရဲစခန်း(ပ)၅၆၀/၁၇၊တစ်လင်တစ်မယားကျင့်သုံး
ခြင်းဆိုရာဥပဒေပုဒ်မ-၁၃ ဖြင့် အမှုဖွင့်ထားပြီး အမှုအားဒုရဲအုပ် ဇော်
သန်းထိုက် မှ စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Friday, April 7, 2017

ဆရာကာဠု - ကာတွန်း (ပြည်)

Leave a Comment

ဆရာကာဠု - ကာတွန်း (ပြည်)

Read More...

Thursday, April 6, 2017

ယာဉ်မောင်းနှင့်ယာဉ်မောင်းအကူ ဖော်ထုတ်လိုက်တဲ့ပြည်မြို့က လူသတ်မှု

Leave a Comment

ယာဉ်မောင်းနှင့်ယာဉ်မောင်းအကူ ဖော်ထုတ်လိုက်တဲ့ပြည်မြို့က လူသတ်မှု

ပြည် ဧပြီ (၆)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ရန်ကုန်မြို့
သို့ကားအော်ဒါငှားသူ အမျိုးသမီးတစ်ဦး၏ပစ္စည်းများမှ
မသင်္ကာဖွယ်ဖြစ်ကြောင်း ယာဉ်မောင်းမှကားရပ်၍လှည့်
ကင်းရဲအဖွဲ့အား သတင်းပေး ပို့တိုင်ကြားရာမှ လူသတ်မှု
တစ်ခုပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ဧပြီ(၅)ရက်နေ့ ည(၁၁)နာရီ(၃၀)အချိန်ခန့်
တွင်ဆည်မြောင်းတည်ဆောက်ရေး(၂)၊ရွှေတံခါးရပ်
ကွက်ပြည်မြို့မှရန်ကုန်မြို့သို့ ယာဉ်မောင်ကိုကျော်စိုး
ဦးနှင့်ယာဉ်မောင်းအကူ ကိုသန့်ဇင်ထွန်းတို့ကားအော်
ဒါလိုက်ခဲ့ကြကြောင်းသိရသည်။

“ကျွန်တော်က ကိုးသောင်းရောက်မှကားပေါ်တက်လာ
တာ ကားပေါ်မှာ ပါလာတဲ့ ကားငှားသူအမျိုးသမီးရဲ့ပစ္စ
ည်းတွေကို မသင်္ကာဘူးလို့ကိုကျော်စိုးဦးကဖုန်းဆက်ေ
ပြာလို့ကျွန်တော်က ကားနောက်ခန်းကလိုက်ခဲ့တာအ
သမီးကရှေ့ခန်းလာထိုင်အတင်းပြောခဲ့တာ။ဒါပေမဲ့ကျွ
န်တော်ကနောက်ခန်းကထိုင်ပြီးအထုပ်ကြီးကိုကိုင်ကြည်
့တော့ သိပ်ပြီးဘဝင်မကျဖြစ်တာနဲ့ကိုကျော်စိုးဦးကို SM
ILE MOTEL ရှေ့ရောက်တော့ကားကိုရပ်ခိုင်းပြီးကား
ပေါ်ပါလာတဲ့ပစ္စည်းတွေကဘာတွေလဲမေးတော့သူလဲ
မသိဘူး သူကားပေါ်မတင်ရဘူးလို့ပြောတယ်။ဒါနဲ့အမ
ကျွန်တော်တို့ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကဘာတွေ
လဲမေးတော့ အဲဒီအမျိုးသမီးက မဖြေဘူး အဲလိုမေးနေ
တုန်း ကျောက်ရုပ်ဘက်ကနေလှည့်ကင်းရဲကားလာ
တော့ တားပြီးတိုင်ခဲ့လို့ အခုလိုလူသတ်မှုပေါ်ပေါက်ခဲ့
တာ”ဟု ယာဉ်မောင်းအကူ ကိုသန့်ဇင်ထွန်းကပြော
သည်။

ထို့နောက် ရဲတပ်ဖွဲ့မှ အဆိုပါကားအား ငှားရမ်းလာ
သူအား၎င်းကားပေါ်တွင်ရှိသော ပစ္စည်းများနှင့်မေး
မြန်းခဲ့ရာ သေချာပြောပြဖြေကြားခြင်းမရှိသဖြင့် ရဲစ
ခန်းသို့ခေါ်ဆောင်လာကာထပ်မံစစ်ဆေးခဲ့ကြောင်း
ဆိုသည်။

“ကျွှန်တော်တို့လှည့်ကင်းအဖွဲ့ကကျောက်ရုပ်ဘက်က
နေ လှည့်ကင်းလှည့်လာတော့SMILE MOTEL ရှေ့မှာ
ကားအဖြူတစ်စီးကတားတော့ရပ်ပြီးဘာကူညီရမလဲေ
မးတယ်။ကားဆရာက သူ့ကားပေါ်ပါလာတဲ့ပစ္စည်းတွေ
ကိုမသင်္ကာလို့ စစ်ဆေးပေးဖို့ပြောလို့စခန်းခေါ်လာပြီး
စစ်ဆေးတော့အမျိုးသမီးအလောင်းကို တိပ်တွေနဲ့ ပတ်
ပြီး အိပ်ထဲထည့်လာတာကိုစစ်ဆေးတွေ့ရှိရတယ်အမျိုး
သမီးကတော့ အသက်မရှိတော့ဘူး”ဟုလှည့်ကင်းအဖွဲ့
ခေါင်းဆောင် ပြည်မြို့မရဲစခန်းမှ ဒုရဲအုပ်ကပြောသည်။

အဆိုပါကားငှားလာသူ အမျိုးသမီးမှာဒေါ်နေဝါစိုး(ခ)
ဒေါ်ဖြူခိုင်ဖြစ်ပြီးပဲခူးမြို့ အမှတ်(၁၅၈)၊ဗိုလ်မင်းသိမ်း
(၂)လမ်း၊ဟံသာဝတီရပ်ကွက်တွင်နေထိုင်သူဖြစ်ကြေ
ာင်းသိရပြီး လွန်ခဲ့သောတစ်နှစ်ခန့်က အိမ်ထောင်ကွဲနေ
သည့်ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းဦးဦးစီးအရာရှိ၊ဆည်ေ
မြာင်းတည်ဆောက်ရေး(၂)၊ရွှေတံခါးရပ်ကွက်၊ပြည်မြို့
ရှိ ဌာနပိုင်နေအိမ် ဦးထွန်းမင်းဦး၏ နောက်အိမ်ထောင်
မသိင်္ဂီဝင်း၊ပြည်နည်းပညာတက္ကသိုလ်မှ စက်မှုဘာသာ
ရပ်ပြကျောင်းဆရာမ တစ်ဦးတည်းရှိနေစဉ် ဧပြီ(၅)ရက်
နေ့ ည(၁၀)နာရီအချိန်ခန့်သွားရောက်စကားပြောရာမှ
ဧည့် ခန်းတွင်လုံးထွေးသတ်ပုတ်ရန် ဖြစ်ကြပြီးအသင့်ေ
တွ့ရှိသောအရိုး(၉)လက်မခန့်ရှိတစ်မတ်လုံးသံရိုးတပ်တူ
ဖြင့်ဦးခေါင်းနောက်စေ့ယာဘက်အား တစ်ချက်ထု
ခဲ့ကြောင်း ထို့နောက်အလောင်းအားအစိမ်းရောင်တိပ်
များဖြင့် ပတ်ကာထုတ်ပိုးပြီး ကားကိုရန်ကုန်သို့ငှားကာ
ပစ္စည်းနှင့်အလောင်းအားတင်၍ထွက်ခဲ့စဉ်လှည့်ကင်းနှင့်
တွေ့ခဲ့ကြောင်းသတင်းရရှိသည်။

ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်မြို့မရဲစခန်း
ဒုရဲမှူးစခန်းမှူးတင်ကိုမှ တရားလိုပြုလုပ်တိုင်တန်း
ချက်အရပြည်မြို့မရဲစခန်း(ပ)အမှတ် ၈၃၁/၂၀၁၇ ၊
ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁အရအမှုဖွင့်ဆောင်
ရွက်ထားရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Sunday, April 2, 2017

ရှင်လှိုဏ်ဂူ ဆုတောင်းပြည့်စေတီတော် မှာ သာသနာမြေအတွက် ဒီလိုတောင် လုပ်ထားရတယ်ဗျာ…… ထောက်ခံချက်

Leave a Comment
ရှင်လှိုဏ်ဂူ ဆုတောင်းပြည့်စေတီတော်
မှာ သာသနာမြေအတွက် ဒီလိုတောင်
လုပ်ထားရတယ်ဗျာ……

ထောက်ခံချက်

ပဲခူးတိုင်း(အနောက်ပိုင်း)၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊
နွားမယံအုပ်စု၊ဆင်မကြပ်ကျေးရွာ၏ အနောက်ဘက်
ဧရာဝတီမြစ်ကမ်းနှင့်မနီးမဝေးအရပ်တွင် အားကစား
နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူး
ဥာဏ်ထွန်းပိုင်ဆိုင်သည့်(၂၇.၀၀)ဧကအား၊သာသနာ
မြေအဖြစ်လှူဒါန်းထားပါသည်။

အထက်ပါမြေနေရာသည်(ပုဂ္ဂလိက)တစ်ဦးတည်းပိုင်
မြေနေရာဖြစ်ပါသည်။ယ္ခုအခါရွှေပြည်ငြိမ်းအေးဆရာ
တော် ဦးက္ကန္ဒသိရီအားလှူဒါန်းထားပါသည်။သာသ
နာမြေအဖြစ် လျှောက်ထားပြီးဖြစ်ပါ၍ သာသနာပိုင်
မြေ နေရာဖြစ်ကြောင်းထောက်ခံတင်ပြအပ်ပါသည်။
ဟုရေးသားပြီး ရွှေတောင်မြို့နယ်မြေစာရင်းဦးစီးဌာန
တံဆိပ်ရိုက်နှိပ် လက်မှတ်ရေးထိုးထားသော စာကို
ဖတ်လိုက်ရတော့……အော်………လူတွေများ သာ
သနာမြေတောင် အလွတ်မပေးပါလား သာသနာ့
မြေထိပါးလာမှာဆိုးလို့ ထောက်ခံချက်ကိုအများမြင်
အောင်ပြထားရပါလားလို့ သံဝေဃ ရမိတယ်ဗျာ…..

ပြည်သတင်း




Read More...

ဖန်တီးရှင် လယ်ယာသုံးစက်ပစ္စည်းတင်ဆောင်ထားသည့်(၁၀)ဘီးကား နေအိမ်ထဲဝင်

Leave a Comment

ဖန်တီးရှင် လယ်ယာသုံးစက်ပစ္စည်းတင်ဆောင်ထားသည့်(၁၀)ဘီးကား
နေအိမ်ထဲဝင်
 
ရွှေတောင် ဧပြီ (၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊နွားမယံအုပ်စု၊
ပုရပိုဒ်တန်းရွာအနီးတွင် ရပ်ထားသော(၁၀)ဘီးယာဉ်တစ်စီးဂီယာ
ပြုတ်၍ ဧပြီ(၁)ရက်နေ့ နေ့လည်(၁)နာရီ (၃၀)မိနစ်အချိန်ခန့်နေ
အိမ်ထဲသို့ဝင်သွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရွှေတောင်မြို့နယ်၊ရန်ကုန်-ပြည်ကားလမ်း၊မိုင်တိုင်
အမှတ်(၁၇၃/၄)နှင့်(၁၇၃/၅)အကြား၊နွားမယံအုပ်စု၊ပုရပိုဒ်တန်း
ရွာအနီးတွင် အောင်ကို(၂၄)နှစ်၊အင်းမကျေးရွာ၊ပန်းတနော်မြို့
နယ်နေသူမောင်းနှင်ပြီး ဝဏ္ဏ(၂၆)နှစ်၊ရွှေပြည်သာမြို့နယ်၊ရန်
ကုန်တိုင်းဒေသကြီးနေသူလိုက်ပါလာသော YGN 3B/………
နံပါတ်အနက်(ဖြူ/နီ)ရောင် (၁၀)ဘီးယာဉ်အား “ဖန်တီးရှင်”
လယ်ယာသုံစက်ပစ္စည်းတင်ဆောင်ပြီး ရန်ကုန်-ပြည်လမ်းမ
ကြီး အရှေ့ဘက်ခြမ်း ဖန်တီးရှင်(ယိုးဒယားလယ်ယာသုံးစက်
ပစ္စည်းအရောင်ဆိုင်ရှေ့တွင်ရပ်ထားခဲ့ပြီး ယာဉ်မောင်းနှင့်ယာ
ဉ်နောက်လိုက်တို့မှာ ဖန်တီးရှင်ဆိုင်ထဲသို့ဝင်ရောက်ကာ ကား
ခထုတ်ယူနေစဉ် ရပ်ထားသောကားမှာ ဂီယာပြုတ်၍ လမ်းအ
နောက်ဘက်ခြမ်းသို့ လိမ့်သွားပြီးလမ်းအနောက်ဘက်ခြမ်းရှိ
ဦးအောင်သောင်း ၊ပုရပိုဒ်တန်းကျေးရွာနေသူ၏ နေအိမ်ဈေး
ဆိုင်အားဝင်ရောက်တိုက်မိပြီး နေအိမ်ဈေးဆိုင် ပျက်ဆီးဆုံး
ရှုံးမှုတန်ဘိုး(၈) သိန်းခန့်နှင့်မော်တော်ယာဉ်မှာ(၅)သိန်းခန့်
ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အောင်ကိုအား
အရေးယူပေးပါရန် ဒုရဲအုပ် ဇော်သန်းထိုက်က တရားလိုပြုလုပ်
တိုင်တန်းခဲ့သဖြင့် ရွှေတောင်မြို့မရဲစခန်းယာဉ်(ပ)၂၃/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့်အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား
ဒုရဲအုပ် ဇော်သန်းထိုက်မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း သိရ
သည်။
ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

Facebook Like Page